အောင်သာယာ အဆင့်မြင့်ရောဂါရှာဖွေရေး နှင့် အထူးကုဆေးခန်း

  • Home
  • အောင်သာယာ အဆင့်မြင့်ရောဂါရှာဖွေရေး နှင့် အထူးကုဆေးခန်း

အောင်သာယာ အဆင့်မြင့်ရောဂါရှာဖွေရေး နှင့် အထူးကုဆေးခန်း အောင်သာယာ အဆင့်မြင်ရောဂါရှာဖွေရေးနှင့် အထူးကုဆေးခန်း

သားဆက်ခြားတဲ့ကိစ္စမှာ အမျိုးသားတွေ ဘယ်လိုပါဝင်ကြမလဲ နှင့် ( Family Planning) သန္ဓေတား ကာကွယ်ခြင်း အခမဲ့ အစီအစဉ် သားဆက်ခြ...
31/08/2025

သားဆက်ခြားတဲ့ကိစ္စမှာ အမျိုးသားတွေ ဘယ်လိုပါဝင်ကြမလဲ နှင့် ( Family Planning) သန္ဓေတား ကာကွယ်ခြင်း အခမဲ့ အစီအစဉ်

သားဆက်ခြားတဲ့ကိစ္စမှာ အမျိုးသားတွေ ဘယ်လိုပါဝင်ကြမလဲ …… ရုတ်တရက်ကြည့်လိုက်ရင် သားဆက်ခြားတဲ့ကိစ္စဟာ အမျိုးသမီးတွေနဲ့ပဲ သက်ဆိုင်တယ်လို့ ထင်ချင်စရာပါ။ တကယ်တမ်း ကြည့်လိုက်ရင်လည်း အင်မတန် စိတ်ချရတဲ့ သားဆက်ခြားနည်း အများစုက အမျိုးသမီးတွေပဲ အသုံးပြုရတာဖြစ်သလို၊ ကိုယ်ဝန်ဆောင်၊ ကလေးမွေးရတာကလည်း အမျိုးသမီးတွေပါပဲ။ ဒါပေမယ့် အမျိုးသားတွေအနေနဲ့လည်း ဒီကိစ္စမှာ ပါဝင်ပေးဖို့ သိပ်ကိုလိုအပ်တဲ့အကြောင်း ပြောပြလိုပါတယ်။

သားဆက်ခြားတဲ့ကိစ္စမှာ အမျိုးသားတွေ ဘယ်လိုပါဝင်ကြမလဲ ဆိုတော့
၁။ အမျိုးသား ပါဝင်ပေးရမယ့် သားဆက်ခြားနည်းတွေ

သားဆက်ခြားနည်း အများစုက အမျိုးသမီးတွေပဲ သုံးလို့ရတာ ဆိုပေမယ့် အမျိုးသားဘက်က သုံးလို့ရတဲ့ သားဆက်ခြားနည်းတချို့လည်း ရှိပါတယ်။ အထူးသဖြင့် ဟော်မုန်းပါတဲ့ သားဆက်ခြားနည်းတွေဆို အသားအရေ ပြောင်းသွားမှာ၊ ကိုယ်အလေးချိန် တက်မှာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိတတ်တော့ တချို့ သတို့သမီးလောင်းတွေက မသုံးချင်ကြဘူး။ အလှအပပျက်မယ်ပေါ့လေ။ ဒီလိုအခါမှာ အမျိုးသားတွေအနေနဲ့ အသုံးပြုလို့ရတဲ့ သားဆက်ခြားနည်းတွေ ရှိပါတယ်။ အမျိုးသမီးသုံး နည်းတွေလောက်တော့ ထိရောက်မှု မကောင်းပေမယ့် ထည့်စဉ်းစားလို့တော့ ရပါတယ်။
ကွန်ဒုံးဆိုရင် အမျိုးသားသုံး၊ အမျိုးသမီးသုံးရယ်လို့ ရှိပေမယ့် လွယ်လွယ်ကူကူ ဝယ်လို့ရနေတာက အမျိုးသားသုံး ကွန်ဒုံးတွေပါ။ ဒီနည်းလမ်းက ကိုယ်ဝန်မရအောင် တားဆီးပေးသလို၊ လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါပိုးတွေ ကူးစက်မခံရအောင်လည်း ကာကွယ်ပေးပါတယ်။ ဘေးထွက်ဆိုးကျိုးလည်း မရှိတာကြောင့် အသုံးပြုသင့်တဲ့ ခေတ်ပေါ် သားဆက်ခြားနည်း တစ်ခု ဖြစ်ပါတယ်။ တကယ်လို့ အမျိုးသမီးတစ်ယောက်ဟာ ဒီနည်းလမ်းကို အသုံးပြုချင်တယ်ဆိုရင်တော့ အမျိုးသားရဲ့ ပူးပေါင်းပါဝင်မှု လိုအပ်ပါတယ်။ သုက်ရည် အပြင်စွန့်ထုတ်တဲ့နည်းလမ်းလို၊ ရက်ရှောင်နည်းလိုမျိုးတွေမှာလည်း အမျိုးသားတွေက အရေးပါတဲ့နေရာကနေ ပါဝင်ပါတယ်။
၂။ အမျိုးသမီးအပေါ် လေးစားမှုပေးဖို့
အမျိုးသမီးတွေပဲ အသုံးပြုဖို့လိုတဲ့ နည်းလမ်းတွေနဲ့ပတ်သက်လာရင်လည်း အမျိုးသားတွေရဲ့ အခန်းကဏ္ဍဟာ အရေးပါတာပါပဲ။ ဟိုတစ်လောကဆို အမျိုးသမီးတစ်ယောက် လာတိုင်ပင်တယ်။ ကလေးပျက်ကျသွားတာ ၂လပဲ ရှိသေးတာကို ကိုယ်ဝန်ထပ်ယူနေတာ မရသေးလို့တဲ့။ ကျွန်တော့်မှာ အသည်းအသန် ပြောရတယ်။ ကလေးပျက်ကျပြီးရင် အနည်းဆုံး ၆ လကတော့ ကိုယ်ဝန်မဖြစ်မနေ တားရတယ်။ မဟုတ်ရင် ကလေးအတွက်ရော မိခင်အတွက်ပါ အန္တရာယ်များတယ် ဆိုတော့ သူက ပြန်ဖြေတယ်။ ကျွန်မယောကျာ်းက အတင်းပြောနေလို့ ဆရာရေ တဲ့။

အမျိုးသားကို အမျိုးသမီးထက်စာရင် တန်ဖိုးပိုထားတတ်တဲ့ မြန်မာ့အသိုင်းအဝိုင်းမှာ ဒါဟာ သိပ်အရေးကြီးပါတယ်။ ဘယ်တော့ကလေးယူမယ်၊ ဘယ်လိုသားဆက်ခြားနည်းကို ရွေးချယ်မယ် ဆိုတဲ့ အမျိုးသမီးရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို အမျိုးသားဘက်က လေးစားပေးဖို့ လိုပါမယ်။ မိန်းကလေး မပါသေးလို့၊ ယောကျာ်းလေး မပါသေးလို့ဆိုပြီး မပါမချင်း မွေးခိုင်းနေတာမျိုးတွေ၊ ကိုယ့်မိန်းမကို ကလေးမွေးတဲ့စက်လို သဘောထားနေတာမျိုးတွေ မလုပ်သင့်ပါဘူး။ တစ်နည်းအားဖြင့် ပြောရရင် ဒါဟာ ကိုယ့်အမျိုးသမီးကို ပါရမီဖြည့်ပေးခြင်းတစ်မျိုးပါပဲ။

၃။ အမျိုးသမီးကို အားပေးနှစ်သိမ့်ဖို့
သားဆက်ခြားနည်းတွေ သုံးတဲ့အခါ ဘေးထွက်ဆိုးကျိုး ခံစားရတာမျိုးတွေ အနည်းအပါး ရှိတတ်ပါတယ်။ ဒီအခါမှာ အမျိုးသားရဲ့ အားပေးစကားတွေ၊ နှစ်သိမ့်မှုတွေဟာ ဆရာဝန်၊ ဆရာမတွေရဲ့ ဆွေးနွေးမှုနဲ့ထပ်တူပဲ ခံစားနေရသူ အမျိုးသမီးကို စိတ်ပိုင်းဆိုင်ရာအရ လုံခြုံမှုရှိစေပါတယ်။ ဒီအတွက် (ဆေးခန်းသွားရင် အမျိုးသမီးနဲ့အတူ လိုက်သွားပြီး) သားဆက်ခြားနည်းလမ်းတစ်ခုချင်းစီရဲ့ ဘေးထွက်ဆိုးကျိုးတွေအကြောင်းကို လေ့လာထားတာ၊ မေးမြန်းထားတာ၊ ကိုယ့်အမျိုးသမီးနဲ့ဆို ဘယ်နည်းလမ်းက အသင့်တော်ဆုံးဖြစ်မယ်လို့ ဝိုင်းဝန်းအကြံပေးတာမျိုးတွေ လုပ်ပေးလို့ ရပါတယ်။
ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး ဆေးခန်းကို လိုက်မလာ၊ ဒီအကြောင်းတွေကို မလေ့လာထားတဲ့အခါ ဘာဆိုဘာမှမသိဘူး။ ဒီတော့ အမျိုးသမီးက နည်းနည်းလေး ဘေးထွက်ဆိုးကျိုး ခံစားလိုက်ရတာနဲ့ မင်း ဒါတွေမသုံးနဲ့တော့၊ ရောဂါဖြစ်မယ်ဆိုပြီး ပြောရော။ အဲဒီတော့ အမျိုးသမီးအနေနဲ့လည်း ဒါတွေကို ဆက်သုံးဖို့ မဝံ့ရဲတော့ဘူး။ ဒီအခါ မလိုချင်ဘဲ ကိုယ်ဝန်တွေရရရော။ ဒါကြောင့်မို့ အမျိုးသားရဲ့ ပူးပေါင်းပါဝင်ပေးမှု သိပ်အရေးကြီးတယ် ပြောရတာပါ။
၄။ မိသားစုစီမံကိန်းအတွက် ကူညီပါဝင်ပေးဖို့

အမျိုးသမီး ရွေးချယ်ထားတဲ့ သားဆက်ခြားနည်းလမ်းကို မှန်မှန်ကန်ကန်နဲ့ အသုံးပြုနိုင်အောင်လို့လည်း အမျိုးသားတစ်ယောက်အနေနဲ့ ကူညီပေးလို့ရပါတယ်။ နေ့စဉ်သောက်ဆေးကဒ် သောက်နေတယ်ဆို ဆေးသောက်ဖို့ မမေ့အောင် သတိပေးတာမျိုး၊ (ညအိပ်ခါနီးတိုင်း ဖန်ခွက်လေးနဲ့ ရေထည့်လာမယ်၊ ဆေးကဒ်လေးလည်း ယူလာမယ်၊ ပြီးရင် ကိုယ်တိုင်ကိုယ်ကျ အမျိုးသမီးကို ဆေးတိုက်မယ်၊ ဒါမျိုး ရိုမန်တစ်ဆန်ဆန်လေးတွေလည်း လုပ်နိုင်ပါတယ်)၊ (၃)လတစ်ကြိမ် ဆေးထိုးနေတယ်ဆိုလည်း (၃)လပြည့်တဲ့နေ့မှာ ဆေးခန်းသွားဖို့ သတိပေးတာ၊ ကလေးကျောင်းကြိုကျောင်းပို့ ကိစ္စတွေနဲ့ တိုက်နေရင်လည်း ဝိုင်းကူပေးတာမျိုး၊ နောက်ပြီး သားအိမ်ထဲပစ္စည်း ထည့်တယ်ဆိုရင် ပုံမှန်ဆို ဒီပစ္စည်းက အတူနေတဲ့အခါမှာ အနှောင့်အယှက် မဖြစ်စေပါဘူး။ ဒါပေမယ့် ထည့်ပြီးနောက်ပိုင်း ကာလတစ်ခုကြာလာတဲ့အခါ ဒီပစ္စည်းကို အတူနေတိုင်း ခံစားမိနေတယ်ဆိုရင် နေရာမကျတော့လို့လား၊ ထွက်ကျလာတာလား စသဖြင့် ပြောပြပြီး ဆေးခန်းပြဖို့ အကြံပေးတာမျိုးတွေ လုပ်လို့ရနိုင်ပါတယ်။
တကယ်တော့ မိသားစုတစ်စုရဲ့ ယောကျာ်းနဲ့ မိန်းမဆိုတာ တောင်ပံတစ်စုံနဲ့ တူပါတယ်။ တစ်ဖက်က ဘယ်လောက်ပဲ သန်စွမ်းနေပါစေ၊ တစ်ဖက်က ကျိုးနေတယ်ဆိုရင် ဘယ်လိုခရီးကိုမှ နှင်နိုင်မယ် မဟုတ်ပါဘူး။ ဒါကြောင့် တောင်ပံနှစ်ဖက် တစ်ဖက်ကိုတစ်ဖက် အပြန်အလှန်လေးစားရင်း ပါရမီဖြည့်ပေးရင်းနဲ့ ဘဝခရီးကို အတူဖြတ်သန်းနိုင်ကြဖို့ လိုပါတယ်။
အောင်မြင်တဲ့ ယောကျာ်းတစ်ယောက်ရဲ့ နောက်ကွယ်မှာ သိပ်တော်တဲ့ မိန်းမတစ်ယောက် ရှိနေတတ်တယ် ဆိုတဲ့စကားလိုပါပဲ၊ အောင်မြင်တဲ့ မိန်းမတစ်ယောက်ရဲ့ နောက်ကွယ်မှာလည်း သိပ်တော်တဲ့ ယောကျာ်းတစ်ယောက် ရှိနေတတ်ပါတယ်။ ဒါကြောင့်မို့ အမျိုးသားတွေအနေနဲ့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝကို တည်ဆောက်ဖို့အတွက် တကယ့်ကို အခြေခံအကျဆုံးလို့ ပြောလိုရတဲ့ မိသားစုစီမံကိန်း ကိစ္စမှာ တက်တက်ကြွကြွ ပါဝင်ပြီး ကိုယ့်လက်တွဲဖော်ကို အကောင်းဆုံး ပါရမီဖြည့်ပေးလိုက်ပါ။
Credit

သန္ဓေတား ကာကွယ်ခြင်း အခမဲ့ အစီအစဉ်

၁။ လက်မောင်းတွင်း သန္ဓေတားပစ္စည်းထည့်ခြင်း
၂။ ၃ လခံသန္ဓေတားဆေးထိုးပေးခြင်း
၃။ သန္ဓေတားဆေး သောက်ဆေးပေးခြင်းအစီအစဉ်ကို ၂၀၂၅ ခုနှစ် ၊ ဩဂုတ်လမှ
စတင်၍
၂၀၂၅ ဒီဇင်ဘာလ ထိ
မန္တလေးမြို့ အောင်သာယာ ဆေးခန်းတွင် (၄) လ အခမဲ့ စီစဉ် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်ရှင် ။
ဤ အစီအစဉ် ကို DKT Myanmar မှ Lydia Implants, Contraceptive injection, Contraceptive pills များ ကူညီပံ့ပိုးပေးမှာ ဖြစ်ပါတယ်ရှင်။

-သန္ဓေတားပစ္စည်း/ဆေး
-လိုအပ်သောဆေးဝါး
-ကျွမ်းကျင်ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်ဆောင်ရွက်ခြင်း များအပါအဝင် အလုံးစုံ အခမဲ့ စီစဉ်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်ရှင် ။

လစဉ် သတ်မှတ် လူဦးရေ အကန့်အသတ်ရှိပါသောကြောင့် ဆေးခန်းသို့ ကြိုတင် ဆက်သွယ်မေးမြန်း၍ နာမည်စာရင်းပေးထားရန်လိုအပ်ပါတယ်ရှင် ။

ယခု အစီအစဉ်နှင့်ပက်သက်၍ အသေးစိတ်သိရှိလိုပါက
အောင်သာယာဆေးခန်း Page မှဖြစ်စေ ဆေးခန်း ဖုန်း / Viber မှတဆင့်ဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်

စာရင်းပေးသွင်းရန် -
09256588022
09255520326

ချစ်ရတဲ့ အမျိုးသမီးများ အချိန်မှီ စာရင်းပေးသွင်းနိူင်အောင် share ပေးခြင်းဖြင့် ကုသိုလ်ယူနိုင်ပါတယ်ရှင့်

🏥 အောင်သာယာ အထူးကုဆေးခန်း နှင့် အဆင့်မြင့်ရောဂါရှာဖွေရေး
🌐 မနော်ဟရီ (၁၁၀) လမ်း၊ ၅၂/၅၃ လမ်းကြား မန္တလေးမြို့။

☎️ 09944967300 / 09944967500 / 09944967400
09255520326/09255520328






#အောင်သာယာအထွေထွေရောဂါကုဆေးခန်း
🏥 အောင်သာယာအထွေထွေရောဂါကုဆေးခန်း
🌐 မနော်ဟရီ (၁၁၀) လမ်း၊ ၄၆ လမ်းဒေါင့်မန္တလေးမြို့။

☎️ 09256588022/ 09944967700/09944967800







#အောင်သာယာအထူးကုဆေးခန်း နှင့် အဆင့်မြင့်ရောဂါရှာဖွေရေးစင်တာ











-ray

World Contraception Day, 26 September 2025၂၀၂၅ ခုနှစ် ကမ္ဘာ့သားဆက်ခြားခြင်းဆိုင်ရာအထိမ်းအမှတ်နေ့ သားဆက်ခြားနည်းလမ်းများန...
30/08/2025

World Contraception Day, 26 September 2025
၂၀၂၅ ခုနှစ် ကမ္ဘာ့သားဆက်ခြားခြင်းဆိုင်ရာအထိမ်းအမှတ်နေ့

သားဆက်ခြားနည်းလမ်းများနှင့်ပတ်သက်သော သတင်းအချက်အလက်နှင့် ဝန်ဆောင်မှုများကို ရယူခွင့်ရှိခြင်းသည် လူငယ်များနှင့် လက်မထပ်ရသေးသောသူများအပါအဝင် အားလုံး၏ အခွင့်အရေးဖြစ်ပါသည်။

အမျိူးသမီးများအတွက် သားဆက်ခြားနည်းလမ်းများအား လက်လှမ်းမီရယူနိုင်ခွင့်၊ ရွေးချယ်နိုင်ခွင့်နှင့် မိမိ၏ မိသားစုအနာဂတ်ကို ကိုယ်ပိုင်ဆုံးဖြတ်နိုင်ခွင့်သည် ဆယ်ကျော်သက် ကလေးမွေးဖွားနှုန်းနှင့် မိခင်သေဆုံးနှုန်းကို လျှော့ချပေးနိုင်ပါသည်။

သင်ကော သင့်အတွက် အသင့်တော်ဆုံး သားဆက်ခြားနည်းလမ်းကို သိပါသလား ...
သိလိုပါက မေးခွန်းမေးပါ။ သင့်ကျန်းမာရေးဝန်ထမ်းက အဖြေပေးနိုင်ပါသည်။
သိလိုသော သားဆက်ခြားနည်းလမ်းအမျိုးမျိုးအား အောက်ပါပုံတစ်ခုချင်းတွင် လေ့လာနိုင်ရန် ဝေမျှလိုက်ပါသည်။






သန္ဓေတား ကာကွယ်ခြင်း အခမဲ့ အစီအစဉ်

၁။ လက်မောင်းတွင်း သန္ဓေတားပစ္စည်းထည့်ခြင်း
၂။ ၃ လခံသန္ဓေတားဆေးထိုးပေးခြင်း
၃။ သန္ဓေတားဆေး သောက်ဆေးပေးခြင်းအစီအစဉ်ကို ၂၀၂၅ ခုနှစ် ၊ ဩဂုတ်လမှ
စတင်၍
၂၀၂၅ ဒီဇင်ဘာလ ထိ
မန္တလေးမြို့ အောင်သာယာ ဆေးခန်းတွင် (၄) လ အခမဲ့ စီစဉ် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်ရှင် ။

-သန္ဓေတားပစ္စည်း/ဆေး
-လိုအပ်သောဆေးဝါး
-ကျွမ်းကျင်ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်ဆောင်ရွက်ခြင်း များအပါအဝင် အလုံးစုံ အခမဲ့ စီစဉ်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်ရှင် ။

လစဉ် သတ်မှတ် လူဦးရေ အကန့်အသတ်ရှိပါသောကြောင့် ဆေးခန်းသို့ ကြိုတင် ဆက်သွယ်မေးမြန်း၍ နာမည်စာရင်းပေးထားရန်လိုအပ်ပါတယ်ရှင် ။

ယခု အစီအစဉ်နှင့်ပက်သက်၍ အသေးစိတ်သိရှိလိုပါက
အောင်သာယာဆေးခန်း Page မှဖြစ်စေ ဆေးခန်း ဖုန်း / Viber မှတဆင့်ဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်

စာရင်းပေးသွင်းရန် -
09256588022
09255520326

ချစ်ရတဲ့ အမျိုးသမီးများ အချိန်မှီ စာရင်းပေးသွင်းနိူင်အောင် share ပေးခြင်းဖြင့် ကုသိုလ်ယူနိုင်ပါတယ်ရှင့်

🏥 အောင်သာယာ အထူးကုဆေးခန်း နှင့် အဆင့်မြင့်ရောဂါရှာဖွေရေး
🌐 မနော်ဟရီ (၁၁၀) လမ်း၊ ၅၂/၅၃ လမ်းကြား မန္တလေးမြို့။

☎️ 09944967300 / 09944967500 / 09944967400
09255520326/09255520328






#အောင်သာယာအထွေထွေရောဂါကုဆေးခန်း
🏥 အောင်သာယာအထွေထွေရောဂါကုဆေးခန်း
🌐 မနော်ဟရီ (၁၁၀) လမ်း၊ ၄၆ လမ်းဒေါင့်မန္တလေးမြို့။

☎️ 09256588022/ 09944967700/09944967800







#အောင်သာယာအထူးကုဆေးခန်း နှင့် အဆင့်မြင့်ရောဂါရှာဖွေရေးစင်တာ











-ray

လိင်ကိစ္စနဲ့ပတ်သက်လို့ သင်သိထားသင့်တဲ့အချက် ၁၄ ချက်လိင်မှုကိစ္စဆိုတာ လူရယ်လို့ဖြစ်လာရင် အရွယ်ရောက်လာသူတိုင်း သိထားသင့်တဲ...
30/08/2025

လိင်ကိစ္စနဲ့ပတ်သက်လို့ သင်သိထားသင့်တဲ့အချက် ၁၄ ချက်

လိင်မှုကိစ္စဆိုတာ လူရယ်လို့ဖြစ်လာရင် အရွယ်ရောက်လာသူတိုင်း သိထားသင့်တဲ့သဘာဝတစ်ခုပါ။ ဒါ့ကြောင့် လူ့ဘဝမှာ အရေးပါတဲ့တစ်စိတ်တစ်ပိုင်းဖြစ်နေတဲ့ လိင်မှုရေးရာကိစ္စတွေကို လိင်ပညာပေးအဖြစ်နဲ့လေ့လာသိရှိထားဖို့ ရှက်ရွံ့နေစရာမလိုပါဘူး။ လိင်ကိစ္စနဲ့ပတ်သက်လို့ သိသင့်သိထိုက်တာတွေကို သိနားလည်ထားခြင်းက ကောင်းမွန်တဲ့ ဗဟုသုတကို ပိုင်ဆိုင်ထားခြင်းသာဖြစ်ပါတယ်။

လိင်မှုကိစ္စမှာဗဟုသုတရှိမထားတဲ့ မိန်းကလေးတွေဟာ မတော်တဆကိုယ်ဝန်ရသွားတာလိုမျိုး လိင်ကိစ္စကြောင့်မလိုလားအပ်တဲ့နောက်ဆက်တွဲတွေ ကြုံရတတ်တဲ့ အတွက် ပိုပြီး သိထားသင့်ပါတယ်။

လိင်ဆက်ဆံမှုနဲ့ လိင်ကျန်းမာရေးအကြောင်းအရာတွေကို သိထားမှ ကိုယ့်ဘဝအတွက်ဆုံးဖြတ်ချက်မှန်ကန်ပြီး ပိုအဆင်ပြေ၊ပိုဘေးကင်းတဲ့ လိင်မှုဘဝကိုရရှိပိုင်ဆိုင်နိုင်မှာဖြစ်လို့ အရွယ်ရောက်ပြီးသူတိုင်း အတွက် အရေးကြီးပါတယ်။ လူတိုင်းသိထားသင့်တဲ့ လိင်မှုရေးရာအချက် ၁၄ ချက်ကိုဖော်ပြလိုက်ပါတယ်။

လိင်ကိစ္စနဲ့ပတ်သက်လို့ သိထားသင့်တာလေးတွေကတော့
၁ ။ လိင်ဆက်ဆံမှုမှာ နှစ်ဦးနှစ်ဘက် စိတ်ပျော်ရွှင်မှုတူညီတယ်

ယောက်ျားတွေက မိန်းမတွေထက် လိင်ကိစ္စမှာပိုစိတ်ပါတယ်ဆိုတဲ့ယူဆချက်ကို သိပ္ပံနည်းကျအထောက်အထားရှိမနေပါဘူး။ လူ့အဖွဲ့အစည်းရဲ့စောင့်ထိန်းရမယ့်ဓလေ့ထုံးစံတွေနဲ့ ပုံသေအတွေးအခေါ်တွေကြောင့်ပဲ မိန်းကလေးတွေဟာ သဘာဝအရလိင်ကိစ္စမှာသာယာပျော်ရွှင်တဲ့ စိတ်ခံစားချက်တွေကိုရှက်ရွံ့စိတ်နဲ့ဖုံးကွယ်ထားကြပုံပါပဲ။ ဒါပေမယ့် မိန်းကလေးတွေဟာယောကျာ်းလေးတွေလောက် လိင်ကိစ္စကိုစိတ်မပါဘူးဆိုတာကတော့ မှားပါတယ်။

၂။ ပထမဆုံးအကြိမ် အတူနေရုံနဲ့ ကိုယ်ဝန်ရနိုင်ပါတယ်
မိန်းကလေးတစ်ယောက်က ပထမဆုံးအကြိမ် ချစ်တင်းနှောရုံနဲ့ ကိုယ်ဝန်မရနိုင်ဘူးလို့ ကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်။ အမှန်ကတော့ ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် အကာအကွယ်မသုံးရင်တော့ ပထမဆုံးအကြိမ်မှာတင် ကိုယ်ဝန်ရနိုင်ပါတယ်။
ယောက်ျားလေးက မိန်းကလေးတစ်ယောက်နဲ့ ပထမအကြိမ် အတူနေရုံနဲ့ ကိုယ်ဝန်ရစေနိုင်ပါတယ်။ မိန်းကလေးအတွက်က ပထမအကြိမ် ဓမ္မတာလာပြီးတဲ့အချိန်ကစပြီး ကိုယ်ဝန်ဆောင်နိုင်နေပြီဖြစ်ပါတယ်။ ငယ်လွန်းတဲ့အရွယ်ပဲဖြစ်ဖြစ်၊ အရွယ်ရောက်ပြီးသူပဲဖြစ်ဖြစ် မလိုချင်တဲ့ကိုယ်ဝန်ရရှိခြင်းကို မဖြစ်ရစေဖို့ အရေးပေါ်သားဆက်ခြားသောက်ဆေးသောက်လို့ရပါတယ်။ ဒီဆေးကို ပုံမှန်သားဆက်ခြားသောက်ဆေး သောက်ဖို့မေ့တာ၊ လိင်ဆက်ဆံစဉ် ကွန်ဒုံးပေါက်ပြဲသွားတာ ၊လိင်အကြမ်းဖက်ခံရတာ စသဖြင့် ကိုယ်ဝန်ရရှိသွားစေနိုင်တဲ့ အခြေအနေတွေမှာအရေးပေါ်သောက်သုံးနိုင်ပါတယ်။ အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး ၇၂နာရီအတွင်း သောက်သုံးပါက ၈၉% အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။

အိမ်ထောင်သည်တွေအနေနဲ့ ကလေးမလိုချင်သေးတဲ့အချိန်မှာ သန္ဓေတားဆေးသုံးခြင်းက ကိုယ်ဝန်မရနိုင်အောင်တားဆီးပေးနိုင်ပါတယ်။ကွန်ဒုံး ကို အသုံးပြုမယ်ဆိုရင်တော့ လိင်ကြောင့်ကူးစက်တတ်တဲ့ရောဂါ တွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ အတူမနေခင်မှာ သင့်အဖော်နဲ့ ဘယ်လိုအကာအကွယ်သုံးမလဲဆိုတာ တိုင်ပင်ပြီး သေချာအသုံးပြုသင့်ပါတယ်။
၃။သုက်မလွှတ်ခင် လိင်တံအပြင်ထုတ်ခြင်းက ကိုယ်ဝန်တားဖို့ စိတ်ချရတဲ့နည်းလမ်းမဟုတ်ပါဘူး။
ဆက်ဆံဖော် အမျိုးသားက သုက်မလွှတ်ခင် လိင်တံ အပြင်ထုတ်ခြင်းဖြင့်လဲ ကိုယ်ဝန်ရရှိနိုင်ခြင်းကို မတားဆီးနိုင်ပါဘူး။ အမျိုးသားတွေ သုက်မလွှတ်ခင် လိင်စိတ်လှုပ်ရှားမှုကြောင့်သုက်မလွှတ်ခင် ထွက်တဲ့ အရည်ကြည် ထဲမှာ သုက်ကောင်တွေ ပါရှိတတ်ပါတယ်။ အမျိုးသမီးတစ်ဦး ကိုယ်ဝန်ရဖို့ သုက်ကောင် တစ်ကောင်သာ လိုအပ်တာပါ။ ဒါ့အပြင် ထိုအရည်ကြည်ထဲမှာ လိင်ကြောင့် ကူးစက်တတ်တဲ့ ရောဂါပိုးမွှားတွေပါဝင်တာကြောင့် သုက်မလွှတ်ခင် အပြင်ထုတ်ခြင်းဟာလည်း လိင်ကြောင့်ကူးစက်တတ်တဲ့ ရောဂါတွေ (STIs) ကိုလည်း မကာကွယ်နိုင်ပါဘူး။
တကယ်လို့ သင့်ဆက်ဆံဖော်အမျိုးသားက သုက်မလွှတ်ခင် အပြင်ထုတ်ပေးမယ်လို့ ပြောရင် မယုံပါနဲ့။ ဘယ်သူမှ အဲ့ဒီစိတ်ကို မထိန်းနိုင်ပါဘူး။ ဒါကြောင့် ကွန်ဒုံးကို အသုံးပြုပါ။ ကွန်ဒုံးက လိင်ဆက်ဆံခြင်းမှ တစ်ဆင့်ကူးစက်ရောဂါ ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ဝန်မလိုချင်ပါက တခြား သားဆက်ခြား နည်းလမ်းများကိုလည်း အသုံးပြုနိုင်ပါတယ်။
၄။ရာသီလာစဉ် ချစ်တင်းနှောလျှင်လည်း ကိုယ်ဝန်ရနိုင်ပါတယ်
ရာသီလာစဉ် အတူနေရင် ကိုယ်ဝန်မရနိုင်ဘူးဆိုတဲ့ ကောလာဟလကို ကြားဖူးမှာပါ။ အမှန်က အမျိုးသမီးတစ်ဦးက ဘယ်အချိန်မှာမဆို အကာအကွယ်မသုံးဘဲ အတူနေရင် ကိုယ်ဝန်ရနိုင်ပါတယ်။ သုက်ကောင်တွေက သင့်ကိုယ်တွင်းမှာ ရက်အတန်ကြာ အသက်ရှင်နိုင်တာကြောင့် ရာသီလာစဉ် အတူနေသော်လည်း အချိန်အတန်ကြာ အသက်ရှင်နိုင်တဲ့ သုက်ကောင်တွေက သင့်ကို ကိုယ်ဝန်ရသွားစေနိုင်ပါတယ်။
ဒါ့ကြောင့် သန္ဓေတားဖို့ စိတ်ချချင်ရင် ၃ လခံ သားဆက်ခြားထိုးဆေးကိုရွေးနိုင်ပါတယ်။ တစ်ခါထိုးပြီးရင် ၃လသန္ဓေတားနိုင်စွမ်းရှိပြီး သားဆက်ပုံမှန်ခြားလိုပါက ၃လပြည့်တိုင်း နောက်တစ်ခါထပ်ထိုးပေးရမှာဖြစ်ပါတယ်။ ကိုယ်ဝန်မလိုချင်ဘူးဆိုရင် တားဆေး တစ်မျိုးမျိုး၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါများ ကာကွယ်ရန်အတွက် ကွန်ဒုံးတို့ကို သုံးသင့်ပါတယ်။
၅။အိပ်မပျော်ခြင်းကို ကုသနိုင်တယ်
လိင်ကိစ္စအထွတ်အထိပ်ရောက်တဲ့အခါoxytocinဟော်မုန်းထွက်လာတာကကောင်းကျိုးတစ်ခုပါ။ အမျိုးသားရော အမျိုးသမီးပါ လိင်စိတ်ပြင်းထန်လာချိန်မှာ ဒီဟော်မုန်းထွက်လာတတ်ပါတယ်။oxytocin က အနားယူပြေလျော့ခြင်းနဲ့ အိပ်ချင်စိတ်ကို ပိုဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့်ပဲ ချစ်တင်းနှောပြီး ချက်ချင်းဆိုသလို အိပ်ပျော်သွားတတ်ကြတာဖြစ်ပါတယ်။

၆။ကွန်ဒုံးတွေမှာ သက်တမ်းကုန်ဆုံးရက်ပါရှိပါတယ်
တခြားကုန်ပစ္စည်းတွေလိုပဲ ကွန်ဒုံးတွေမှာလည်း သက်တမ်းကုန်ဆုံးရက်ပါရှိပြီးဖြစ်ပါတယ်။ ကွန်ဒုံးတစ်ခုကို ၃ နှစ်ကနေ ၅ နှစ်အတွင်း အသုံးပြုလို့ရပါတယ်။ အကောင်းဆုံးကတော့ ကာကွယ်မှုအပြည့်အဝရစေဖို့ ကွန်ဒုံးကိုအသုံးမပြုခင် သက်တမ်းကုန်ဆုံးရက်ကို ကြည့်ပါ။
၇။ချစ်တင်းနှောတဲ့ ပုံစံတွေကလည်း ကိုယ်ဝန်ရခြင်းကို မတားဆီးနိုင်ပါဘူး။

ထိုင်ထလုပ်တာတွေ၊ မတ်တပ်ရပ်ချစ်တင်းနှောတာ၊ ထိုင်လျက်ချစ်တင်းနှောတာတွေက ကိုယ်ဝန်မရစေနိုင်ဘူးဆိုတဲ့ စကားအမှားတွေကိုလဲ မယုံသင့်ပါဘူး။ ကိုယ်ဝန်မရအောင် အတူနေလို့ရတဲ့ ပုံစံ၊ နေရာဆိုတာ မရှိပါဘူး။ အကာအကွယ်တစ်မျိုးမျိုး၊ ကွန်ဒုံးသုံးမှသာ တားဆီးနိုင်မှာပါ။ ဘယ်လိုပုံစံ ဘယ်လိုနေရာမှာ အတူနေပါစေ၊ သုက်ကောင်နဲ့ မျိုးဥ ပေါင်းမိတာနဲ့ ကိုယ်ဝန်ရရှိမှာပါ။
၈။ တစ်ကိုယ်ရည်အာသာဖြေတဲ့အခါ အမျိုးသမီးတွေကလည်း အမျိုးသားတွေနဲ့ ကြာချိန်အတူတူပါပဲ။ လေးမိနစ်လောက်ကြာတတ်ပါတယ်။
၉ ။ ဒါပေမယ့် လိင်စိတ်အထွတ်အထိပ်ရောက်တဲ့အကြိမ်ရေကတော့ ကွာခြားပါတယ်။
အမျိုးသားရဲ့လိင်စိတ်အထွတ်အထိပ်ရောက်တဲ့အကြိမ်ရေက ၃ ကြိမ်မှာ အမျိုးသမီးဘက်က တစ်ကြိမ်သာရှိပါတယ်။ အမျိုးသမီးတွေရဲ့ စိတ်သာယာမှုအကြောင်းကို ထုတ်ပြောကြလေ့မရှိတာကြောင့်လည်းဖြစ်နိုင်ပါတယ်။
၁၀။ ကိုယ့်အဖော်နဲ့ ပွင့်လင်းတဲ့ပြောဆိုဆက်ဆံမှုရှိတာကလည်း လိင်ဆက်ဆံစဉ်အတွင်း လိင်စိတ်အထွတ်အထိပ်ရောက်နိုင်ဖို့ အခွင့်အလမ်းပိုများစေပါတယ်။
၁၁ ။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရင် ပိုစိတ်ပါစေတယ်
ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးခြင်းက အမျိုးသမီးတွေရဲ့လိင်စိတ်နိုးကြွမှုကိုမြှင့်တင်ပေးနိုင်ပြီး အမောခံနိုင်စွမ်း၊ခွန်အားနဲ့ ယုံကြည်မှုကိုပိုရှိစေပါတယ်။

၁၂။ချစ်တင်းနှောတာက ကယ်လိုရီလောင်ကျွမ်းစေပါတယ်
အိပ်ရာပေါ်မှာ တစ်နာရီလောက် အလုပ်ရှုပ်နေရတဲ့ ချစ်တင်းနှောခြင်းအမှုက အပြေးအားကစား မိနစ် ၃၀ စာနဲ့ ညီမျှတဲ့ ကယ်လိုရီလောင်ကျွမ်းမှုရှိစေနိုင်တယ်လို့University of Quebec ရဲ့သုတေသနမှာဖော်ပြထားပါတယ်။ လိင်မှုကိစ္စအတွင်းမှာ အမျိုးသားတွေက တစ်မိနစ်ကို ၄.၂ ကယ်လိုရီလောင်ကျွမ်းပြီး အမျိုးသမီးတွေက တစ်မိနစ်ကို ၃.၁ ကယ်လိုရီလောင်ကျွမ်းတယ်လို့ ဆိုပါတယ်။ တစ်ကြိမ်ချစ်တင်းနှောရင် အမျိုးသားကစုစုပေါင်း ၁၀၁ ကယ်လိုရီနဲ့ အမျိုးသမီးက ၆၉ ကယ်လိုရီလောင်ကျွမ်းပါတယ်။
၁၃။ လိင်ဆက်ဆံတဲ့အကြိမ်ရေများလေ၊ ပိုပြီးဖြစ်ချင် လိုချင်လေပါပဲ။ ဆန့်ကျင်ဘက်ပြောရရင်လည်း ဒီအတိုင်းပဲ။ လိင်မဆက်ဆံဘဲနေတာ ကြာလွန်းရင်လည်း လိင်ကိစ္စမှာဘယ်လောက်သာယာခံစားခဲ့လဲဆိုတာမေ့သွားလောက်ပါတယ်။
၁၄။ ကျီဂဲလ်လေ့ကျင့်ခန်းတွေက တင်ပါးဆုံကြွက်သားတွေကိုသန်မာစေတယ်
ဒီကြွက်သားတွေက အမျိုးသမီးတွေအတွက် လိင်ဆက်ဆံချိန်အတွင်း ထိန်းချုပ်မှုပိုရစေသလို ခံစားချက်ကို ပိုပြင်းထန်စေပါတယ်။ နည်းကတော့ ဆီးကိုအောင့်ထားသလိုမျိုး ကြွက်သားကို ညှစ်ထားပြီးမှပြန်ဖြေလျော့ပေးရတာဖြစ်ပါတယ်။
ဆေးပညာအကြံပြုချက်များသာ ဖြစ်ပါတယ်။

သတို့သမီးလောင်းတွေ ရွေးချယ်လို့ရတဲ့ သားဆက်ခြားနည်းများ နှင့် သန္ဓေတား ကာကွယ်ခြင်း အခမဲ့ အစီအစဉ်တစ်သက်မှာ တစ်မင်္ဂလာ ဆိုတ...
30/08/2025

သတို့သမီးလောင်းတွေ ရွေးချယ်လို့ရတဲ့ သားဆက်ခြားနည်းများ နှင့် သန္ဓေတား ကာကွယ်ခြင်း အခမဲ့ အစီအစဉ်

တစ်သက်မှာ တစ်မင်္ဂလာ ဆိုတဲ့အတိုင်းပဲ ကျွန်တော်တို့ မြန်မာ့ယဉ်ကျေးမှုမှာတော့ အိမ်ထောင်ရေးဆိုတာကို သိပ်တန်ဖိုးထားကြတယ်။ လွယ်လွယ်မတည်ဆောက်တတ်ကြသလို၊ လွယ်လွယ်နဲ့လည်း အိမ်ထောင်တစ်ခုကို အဆုံးသတ်လေ့ မရှိပါဘူး။ ဒါကြောင့် ချစ်သူနှစ်ဦး ဘဝတစ်ခုကို အတူဖြတ်သန်းဖို့ ဆုံးဖြတ်ပြီးပြီဆိုရင် အဲဒီလက်ထပ်မင်္ဂလာပွဲလေးကို တစ်သက်လုံးအမှတ်တရ ဖြစ်နေအောင် စီစဉ်ကြတယ်။ Pre-wedding photo ကို စိတ်ကူးဆန်းဆန်းနဲ့ လှလှလေးတွေ ရိုက်မယ်၊ မင်္ဂလာဧည့်ခံပွဲကို ခမ်းခမ်းနားနား လုပ်မယ်၊ လက်မှတ်ထိုးတဲ့ အခမ်းအနားကို ဘယ်လိုအစီအစဉ်နဲ့ ဘယ်နေရာမှာ လုပ်မယ်၊ ဒီလိုမျိုး စိတ်ကူးကောင်းရင် ကောင်းသလို၊ တတ်နိုင်ရင် တတ်နိုင်သလို အမှတ်တရလေးတွေ ဖန်တီးကြတယ်။

အဲဒီလိုတွေ လက်ထပ်ပွဲနဲ့ပတ်သက်ပြီး စီစဉ်နေကြတဲ့တစ်ပြိုင်တည်းမှာ နောင်တစ်ချိန်ရလာမယ့် မိသားစုလေးအတွက်လည်း စီမံကိန်းချထားဖို့ လိုတယ်။ လက်ထပ်ပြီး ဘယ်နှနှစ်နေရင် ကလေးယူမယ်၊ ဘယ်နှယောက်ယူမယ်၊ ဘယ်လိုပြုစုပျိုးထောင်မယ် စသဖြင့်ပေါ့။

ဒီဘက်ခေတ်မှာ မိန်းကလေးတွေဟာ အိမ်ထောင်ကျပြီးရင် အလုပ်ထွက်၊ အိမ်မှုကိစ္စလုပ်၊ ကလေးမွေး ဆိုတဲ့ပုံစံက သိပ်ရှားသွားပြီ။ အလုပ်တွေလုပ်ကြမယ်၊ ကျောင်းတွေဆက်တက်မယ်၊ ပညာတွေသင်မယ်၊ ဒီလိုဖြစ်လာပြီ။ အဲဒီအခါ ကိုယ်မလိုချင်သေးတဲ့အချိန်မှာ၊ ကလေးယူဖို့ အဆင်သင့်မဖြစ်သေးတဲ့အချိန်မှာ ကိုယ်ဝန်ရသွားရင် အခက်အခဲဖြစ်နိုင်တယ်။
ကျောင်းဆက်တက်ရဦးမယ်၊ အလုပ်တွေလုပ်ရဦးမယ်၊ စီးပွားရှာရဦးမယ်၊ ဒီလိုအချိန်မှာ မလိုချင်သေးဘဲနဲ့ ကိုယ်ဝန်မရအောင် ဘယ်လိုတားထားကြမလဲ၊ ဘယ်လိုနည်းလမ်းတွေ ရှိသလဲ၊ သူတို့ရဲ့ အားသာချက်၊ အားနည်းချက်တွေက ဘာတွေလဲ ပြောပြပေးသွားပါမယ်။
အဲ့ဒီလို သတို့သမီးလောင်းတစ်ယောက် အသုံးပြုလို့ရတဲ့ သားဆက်ခြားနည်း (၅)မျိုး ရှိပါတယ်။ ကွန်ဒုံး၊ နေ့စဉ်သောက်ဆေးကဒ်၊ ထိုးဆေး၊ လက်မောင်းတွင်းထည့်ပစ္စည်းနဲ့ သားအိမ်တွင်းထည့်ပစ္စည်းတွေပါ၊၊
အရင်တုန်းကတော့ သားအိမ်တွင်းထည့်ပစ္စည်းကို ကလေးတစ်ခါမှ မမွေးဖူးသေးရင် သုံးဖို့ အဆင်မပြေဘူးလို့ဆိုကြပါတယ်။ ကလေးမမွေးဖူးသေးတော့ သားအိမ်ခေါင်းက ကျဉ်းနေတတ်တာမို့ ထည့်ရခက်တတ်တယ်ပေါ့။ ဒါပေမယ့် နောက်ပိုင်းပေါ်လာတဲ့ ပစ္စည်းတွေက တော်တော်လေးကိုမှ အရွယ်အစားသေးတယ်။ ထည့်ရလွယ်တယ်။ ကလေးမွေးဖူးထားစရာ မလိုတော့ဘူး။ ထည့်ရင်းနဲ့ ပိုးဝင်တယ်ဆိုတာကလည်း စိတ်ချရတဲ့ ဆေးရုံဆေးခန်းတွေမှာဆို မဖြစ်ဘူး။ ဒါကြောင့် ဒီနည်းကိုလည်း သုံးမယ်ဆို သုံးလို့ရတယ်ဆိုတာလေး သိစေချင်ပါတယ်။
ဒါပေမယ့် လက်ထပ်ပြီးစမှာ ဒီပစ္စည်းသုံးတဲ့သူက အင်မတန်နည်းတာမို့ ဒီဆောင်းပါးမှာတော့ ခဏချန်ထားလိုက်မယ်။ အဲဒီလိုပဲ သုတ်ရည်အပြင်ထုတ်တဲ့နည်း၊ ရက်ရှောင်တဲ့နည်းတို့လို သဘာဝနည်းလမ်းတွေကလည်း ဘေးထွက်ဆိုးကျိုးမရှိဘူး ဆိုပေမယ့် အမှားအယွင်းများတယ်၊ မှားလို့ရှိရင် ကိုယ်ဝန်ရသွားနိုင်တယ်။ ဒါကြောင့် အသုံးအများဆုံး (၄)နည်းကိုပဲ ရေးလိုက်ပါမယ်။

၁။ ကွန်ဒုံး
အားသာချက်
• ဟော်မုန်းကြောင့်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ (ဥပမာ ခေါင်းမူးတာ၊ ဇက်ကြောတက်တာ၊ ခန္ဓာကိုယ်အလေးချိန်ပြောင်းတာ) မခံစားရဘူး။
• ဘယ်သူမဆို အသုံးပြုလို့ ရတယ်၊ မတည့်တဲ့သူဆိုတာ မရှိဘူး။ (ရှားရှားပါးပါး Latex allergy ရှိသူကလွဲရင်)

• ဝယ်ရတာလည်း အရမ်းလွယ်တယ်။
• ဆရာဝန်၊ ဆရာမအပေါ် မှီခိုနေစရာ မလိုဘူး၊ ကိုယ့်ဟာကိုယ် သုံးနေရုံပဲ။
• သူ့ရဲ့ အဓိကအားသာချက်ကတော့ ကိုယ်ဝန်အပြင် လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ မရအောင်ပါ ကာကွယ်ပေးတယ်။
အားနည်းချက်
• အတူနေတိုင်းမှာ အသုံးပြုရမယ်၊ အသုံးပြုနည်းမှန်ရမယ်၊ အမျိုးသားရဲ့ ပူးပေါင်းပါဝင်မှု လိုတယ်၊ သူသုံးမှရမယ်။ (အမျိုးသားအများစုက အိမ်ထောင်ကျစ မင်္ဂလာဦးညမှာ ဒါကိုသုံးဖို့အတွက် စိတ်အားထက်သန်မှု မရှိလှတာကိုတော့ သတိထားမိတယ်)
• နောက်ပြီး ဆက်ပြောမယ့်သားဆက်ခြားနည်းတွေနဲ့ယှဉ်ရင် သူက ထိရောက်မှုနည်းတယ်။ ဘာလို့ဆိုတော့ အသုံးပြုသူအပေါ် မူတည်တယ်၊ မှန်မှန်ကန်ကန်နဲ့ သုံးတတ်ဖို့ လိုတယ်။
၂။ နေ့စဉ်သောက်ဆေးကတ်
အားသာချက်
• ဒီဆေးသောက်ဖို့အတွက် ပထမဆုံးအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ဖို့တော့ လိုပါမယ်၊၊ ဘေးထွက်ဆိုးကျိုးတွေအကြောင်း၊ သောက်ပုံသောက်နည်း၊ ကိုယ်နဲ့သင့်တော်မှုရှိမရှိ မေးမြန်းပြီး ဆရာဝန်က သောက်ဖို့သင့်တယ်ဆိုမှ ရွေးချယ်အသုံးပြုသင့်လို့ပါ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဆရာဝန်၊ ဆရာမအပေါ် မှီခိုနေစရာ မလိုဘူး။ ကိုယ့်ဟာကိုယ် ဝယ်ပြီး သောက်နေရုံပဲ၊ ကိုယ်အိမ်ထောင်သည်မှန်း လူမသိစေချင်ဘူး၊ ဆေးခန်းသွားပြီး ဆရာဝန်နဲ့ ပြရ၊ ပြောရတာမျိုး မလုပ်ချင်ဘူးဆို ဒီနည်းလမ်းက အဆင်ပြေတယ်။
• တစ်လတစ်ခါလည်း သွေးပေါ်မယ်။

• သွေးပေါ်ရင်လည်း ပုံမှန်ထက်စာရင် ပမာဏနည်းတာမို့ သွေးအားနည်းတာကိုလည်း သက်သာစေတယ်။
• ကလေးလိုချင်ပြီဆိုလည်း ဆေးသောက်ရပ်လိုက်တာနဲ့ ကိုယ်ဝန်ရနိုင်တယ်။
အားနည်းချက်
• နေ့စဉ်သောက်ဆေးကတ် ဖြစ်တဲ့အတွက် တစ်နေ့တစ်လုံး မှန်မှန်သောက်ဖို့ လိုတာပဲ။ မနက် ည သောက်ချင်သလို သောက်လို့လည်း မရဘူး။ အတိအကျကြီး မဟုတ်တောင် ပုံမှန်လေးဖြစ်ဖို့တော့ လိုတယ်။ ဒီတော့ ဒီနည်းလမ်းကို ရွေးမယ်ဆို ဆေးကို နေ့တိုင်းမှန်မှန်သောက်နိုင်ဖို့ လိုတယ်၊ မေ့ခဲ့ရင်ရော ဘယ်လိုလုပ်ရမလဲဆိုတာကိုလည်း သိထားဖို့ လိုတယ်။

၃။ သုံးလခံထိုးဆေး
အားသာချက်
• သူ့ရဲ့ အားသာချက်ကတော့ သုံးလမှတစ်ခါ ထိုးရတာ ဖြစ်တဲ့အတွက် အလုပ်ရှုပ်သက်သာတယ်။
• နောက်ပြီး ဆေးထိုးပြီးရင် များသောအားဖြင့် သွေးမပေါ်တတ်တော့ သွေးပေါ်တာကို အလုပ်ရှုပ်တယ်လို့ ခံစားရတဲ့ အမျိုးသမီးတွေအတွက် ပိုအဆင်ပြေတယ်။
အားနည်းချက်
• ဆေးထိုးပေးမယ့် ဆရာဝန်အပေါ် မှီခိုနေရတယ်၊၊ တစ်နေရာရာများ အလုပ်သွားလုပ်မယ်ဆို ဆေးထိုးပေးမယ့် ဆရာဝန်ကို အရင်ရှာရမယ်။
• ရာသီမပေါ်တတ်တာကလည်း ရာသီပေါ်မှကြိုက်တယ် ဆိုတဲ့ အမျိုးသမီးတွေအတွက်ကျ အဆင်မပြေပြန်ဘူး။
• အဓိကအရေးကြီးဆုံး သိထားရမယ့် အားနည်းချက်တော့ သူက ဆေးထိုးရပ်ရပ်ချင်း ကိုယ်ဝန်ပြန်မရနိုင်တာပဲ။ လအနည်းငယ်လောက် စောင့်ရတတ်တယ်။ ဒါကြောင့် ကလေးယူမယ်ဆို မြန်မြန်ရမှ ဆိုတဲ့ စုံတွဲမျိုး (ဥပမာ နိုင်ငံခြားသွား အလုပ်လုပ်တော့မယ့်သူတွေ) ဆိုရင်တော့ ဒီနည်းလမ်းကို သတိထားသုံးစွဲသင့်တယ်။

၄။ လက်မောင်းတွင်းထည့်ပစ္စည်း
အားသာချက်
• သူက သုံးလခံဆေးနဲ့ ယေဘုယျအားဖြင့် ဆင်တူတယ်ဆိုပေမယ့် ကွာခြားချက်(၃)ခုရှိတယ်။ သွေးတိုးရှိလည်း ထည့်လို့ရတယ် (သုံးလခံထိုးဆေးက သွေးပေါင် ၁၆၀-၁၁၀ အထက်ဆို သုံးလို့ မရပါ)။ နှစ်ရှည်ခံသွားတယ်၊ ၃နှစ်ခံ၊ ၄နှစ်ခံ၊ ၅နှစ်ခံထိ ရှိတယ်၊ ဒီတော့ ပိုပြီးအလုပ်ရှုပ်သက်သာတယ်။ နောက်ဆုံးတစ်ခုကတော့ ကလေးလိုချင်ပြီဆို ပစ္စည်းပြန်ထုတ်လိုက်တာနဲ့ ချက်ချင်းပြန်ရနိုင်တယ်။ ဒါကြောင့် လက်ထပ်ပြီး ၃ ၊၄ ၊၅နှစ်နေမှ ကလေးယူမယ့်သူတွေဆို အသုံးပြုလို့ သင့်တော်တယ်။
အားနည်းချက်
• နောက်ဆုံးပေါ်နည်းပညာလိုဖြစ်နေတာ့ ထည့်ပေး၊ ပြန်ထုတ်ပေးမယ့် ဆရာဝန်လိုတယ်၊ အဲဒီလိုလုပ်ပေးနိုင်တဲ့ ဆေးခန်းတစ်ခုကို သွားရလိမ့်မယ်။ ခုဆိုရင်တော့ အစိုးရဆေးရုံတွေမှာလည်း ထည့်လို့ရနေပြီ။ ကုန်ကျစရိတ်ကတော့ ဆရာဝန်နဲ့ ဆေးရုံဆေးခန်းအနေအထားပေါ် မူတည်ပြီး သောင်းဂဏန်းကနေ သိန်းဂဏန်းအထိ ပေးရနိုင်တယ်။ ထုံဆေးပေးပြီး ပစ္စည်းကို လက်မောင်းအရေပြားအောက် ထည့်လိုက်တာပါပဲ။ ခွဲစိတ်မှုကြီး လုပ်တာမျိုး မဟုတ်တဲ့အတွက် ကြောက်စရာတော့ မလိုပါဘူး။
ဒါတွေကတော့ ရွေးချယ်လို့ရတဲ့ နည်းလမ်းတွေရဲ့ အားသာချက်၊ အားနည်းချက်တွေကို စဉ်းစားရလွယ်အောင် ယှဉ်ပြောပြပေးလိုက်တာပါ။ တစ်ယောက်နဲ့တစ်ယောက် ကလေးယူဖို့ စီစဉ်ထားတာတွေ၊ ကိုယ့်ဘဝနဲ့ပတ်သက်ပြီး ရည်မှန်းထားတာတွေ မတူကြသလို၊ ခန္ဓာကိုယ်ဖွဲ့စည်းပုံချင်းလည်း မတူကြတာမို့ သူ ဒါနဲ့အဆင်ပြေလို့ ကိုယ်လည်း လိုက်သုံးမယ် လုပ်စရာ မလိုပါဘူး။ ဘယ်နည်းလမ်းမှလည်း စင်းလုံးချော မဟုတ်ဘူး၊ အားသာချက်၊ အားနည်းချက်ကိုယ်စီနဲ့ပါပဲ။ ဒါကြောင့် ကိုယ်နဲ့အသင့်တော်ဆုံးဖြစ်မယ့် နည်းလမ်းကို ကိုယ်တိုင်စဉ်းစားရွေးချယ်ပြီး အသုံးပြုကြဖို့ တိုက်တွန်းလိုပါတယ်။

သန္ဓေတား ကာကွယ်ခြင်း အခမဲ့ အစီအစဉ်

၁။ လက်မောင်းတွင်း သန္ဓေတားပစ္စည်းထည့်ခြင်း
၂။ ၃ လခံသန္ဓေတားဆေးထိုးပေးခြင်း
၃။ သန္ဓေတားဆေး သောက်ဆေးပေးခြင်းအစီအစဉ်ကို ၂၀၂၅ ခုနှစ် ၊ ဩဂုတ်လမှ
စတင်၍
၂၀၂၅ ဒီဇင်ဘာလ ထိ
မန္တလေးမြို့ အောင်သာယာ ဆေးခန်းတွင် (၄) လ အခမဲ့ စီစဉ် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်ရှင် ။
ဤ အစီအစဉ် ကို DKT Myanmar မှ Lydia Implants, Contraceptive injection, Contraceptive pills များ ကူညီပံ့ပိုးပေးမှာ ဖြစ်ပါတယ်ရှင်။

-သန္ဓေတားပစ္စည်း/ဆေး
-လိုအပ်သောဆေးဝါး
-ကျွမ်းကျင်ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်ဆောင်ရွက်ခြင်း များအပါအဝင် အလုံးစုံ အခမဲ့ စီစဉ်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်ရှင် ။

လစဉ် သတ်မှတ် လူဦးရေ အကန့်အသတ်ရှိပါသောကြောင့် ဆေးခန်းသို့ ကြိုတင် ဆက်သွယ်မေးမြန်း၍ နာမည်စာရင်းပေးထားရန်လိုအပ်ပါတယ်ရှင် ။

ယခု အစီအစဉ်နှင့်ပက်သက်၍ အသေးစိတ်သိရှိလိုပါက
အောင်သာယာဆေးခန်း Page မှဖြစ်စေ ဆေးခန်း ဖုန်း / Viber မှတဆင့်ဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်

စာရင်းပေးသွင်းရန် -
09256588022
09255520326

ချစ်ရတဲ့ အမျိုးသမီးများ အချိန်မှီ စာရင်းပေးသွင်းနိူင်အောင် share ပေးခြင်းဖြင့် ကုသိုလ်ယူနိုင်ပါတယ်ရှင့်

🏥 အောင်သာယာ အထူးကုဆေးခန်း နှင့် အဆင့်မြင့်ရောဂါရှာဖွေရေး
🌐 မနော်ဟရီ (၁၁၀) လမ်း၊ ၅၂/၅၃ လမ်းကြား မန္တလေးမြို့။

☎️ 09944967300 / 09944967500 / 09944967400
09255520326/09255520328






#အောင်သာယာအထွေထွေရောဂါကုဆေးခန်း
🏥 အောင်သာယာအထွေထွေရောဂါကုဆေးခန်း
🌐 မနော်ဟရီ (၁၁၀) လမ်း၊ ၄၆ လမ်းဒေါင့်မန္တလေးမြို့။

☎️ 09256588022/ 09944967700/09944967800







#အောင်သာယာအထူးကုဆေးခန်း နှင့် အဆင့်မြင့်ရောဂါရှာဖွေရေးစင်တာ











-ray

မိုးရာသီဝင်ချိန်တွင် ဖြစ်ပွားတတ်သည့် ရောဂါများကို ဘယ်လိုကာကွယ်ကြမလဲရာသီအကူးအပြောင်းမှာ ဖြစ်တတ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့်...
30/08/2025

မိုးရာသီဝင်ချိန်တွင် ဖြစ်ပွားတတ်သည့် ရောဂါများကို ဘယ်လိုကာကွယ်ကြမလဲ

ရာသီအကူးအပြောင်းမှာ ဖြစ်တတ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ ဖျားနာရောဂါပဲ ဖြစ်ပါတယ်။ ဒါတွေအပြင် အဖြစ်များတဲ့ တခြားရောဂါတွေကတော့ ငှက်ဖျားရောဂါ၊ လည်ချောင်းနာတာ၊ အအေးမိတုပ်ကွေးနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတို့ ဖြစ်ကြပါတယ်။

မိုးရာသီဝင်ချိန်တွင် ဖြစ်ပွားတတ်သည့် ရောဂါများကို အခုလို ကာကွယ်နိုင်ပါတယ်။
(၁) သောက်သုံးရေကို သန့်ရှင်းအောင် ဂရုစိုက်ပါ၊၊
မိုးရာသီမှာ ရေအရင်းအမြစ်တွေက ညစ်ညမ်းလွယ်ပြီး မသန့်ရှင်းသော ရေကတဆင့် အသည်းရောင်အသားဝါရောဂါ၊ အထက်လှန်အောက်လျှောရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါတို့ ဖြစ်ပွားနိုင်ပါတယ်၊၊ ရေကနေတဆင့် ရောဂါတွေ မကူးစေဖို့ ရေကို ကျိုချက်သောက်တာ၊ သောက်ရေသန့်သောက်တာ၊ ရေသန့်ဆေးပြားထည့်ပြီး သန့်စင်တာတွေ လုပ်နိုင်ပါတယ်၊၊

(၂) လက်သုတ်ပုဝါကို မိမိတစ်ဦးတည်း အသုံးပြုပါ၊၊
ဘက်တီးရီးယားပိုးရောဂါများမှ ကင်းဝေးရန် လက်သုတ်ပုဝါကို သီးသန့်အသုံးပြုပါ။ တတ်နိုင်လျှင် တစ်ခါသုံးတစ်ရှူးကို သုံးပြီး စနစ်တကျ စွန့်ပစ်ပါ၊၊
(၃) လက်ကိုင်ပုဝါဆောင်ပါ၊၊
နှာစေးချောင်းဆိုးရင် လက်ကိုင်ပုဝါနဲ့ နှာခေါင်း၊ ပါးစပ်တို့ကို အုပ်ပေးပါ။ ဒီလိုလုပ်တာက မိမိကနေ သူများကို ရောဂါမကူးအောင် ကာကွယ်ပြီးသား ဖြစ်စေပါတယ်၊၊

(၄) ခြင်မကိုက်အောင်နေပါ
ငှက်ဖျားရောဂါပိုး သယ်ဆောင်လာသော ခြင်သည် ညနေဘက်တွင် ကိုက်လေ့ရှိပါတယ်၊၊ သွေးလွန်တုပ်ကွေးဖြစ်စေတဲ့ ခြင်ကတော့ နေ့အလင်းရောင် ကောင်းကောင်းရချိန်မှာ ကိုက်တတ်ပါတယ်၊၊ ဒါကြောင့် ခြင်ကိုက်မခံရအောင် ဘယ်အချိန်မှာ အိပ်အိပ် ခြင်ထောင်ထောင်ပါ၊၊ ခြင်အောင်းနိုင်တဲ့ နေရာတွေကို ရှင်းပါ၊၊ ခြင်နိုင်ဆေး လိမ်းထားပါ၊၊
(၅) ရောဂါဖြစ်ပါက စောစီးစွာကုသမှုခံယူပါ
မိုးရာသီမှာ ဖျားနာတာ၊ ကိုယ်လက်ကိုက်တာ၊ နှာစေးချောင်းဆိုးတာတွေအတွက် ဆေးဆိုင်ကနေ အလွယ်တကူရနိုင်တဲ့ ဆေးတွေနဲ့ မသက်သာပါက နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ မဖြစ်အောင် ဆရာဝန်နှင့် ပြသပါ။
(၆) ကျန်းမာရေးနဲ့ ညီညွတ်အောင် ရွေးချယ်စားသုံးပါ
သန်ရှင်းလတ်ဆတ်စွာ ပြင်ဆင်ထားတဲ့ အစားအစာတွေက ကျန်းမာရေးအတွက် စိတ်ချရပါတယ်၊၊ မိုးတွင်းမှာ အပြင်စာ၊ လမ်းဘေးစာတွေထက် အိမ်မှာပဲ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်စားသောက်တာက ကျန်းမာရေးအတွက် ပိုသင့်တော်ပါတယ်၊၊
(၇) လူထူထပ်တဲ့ နေရာတွေကို ရှောင်ပါ
လူထူထပ်တဲ့ နေရာတွေက ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှု ပိုမိုလွယ်ကူတဲ့အတွက် ပွဲလမ်းသဘင်တွေကို တတ်နိုင်သမျှ ရှောင်ပါ၊၊ မဖြစ်မနေသွားရမယ်ဆို နှာခေါင်းစည်းတက်သွားပါ၊၊

(၈) လက်သန့်ဆေးရည် အသုံးပြုပါ
ရေနဲ့ ဆပ်ပြာကို သုံးပြီး မကြာခဏ လက်ဆေးပါ၊၊ ဒါမှမဟုတ် ရေမလို လက်သန့်ဆေးရည်ကို သုံးပါ၊၊
သင့်တွင် ရင်သွေးငယ်များရှိပါက သင့်ကလေးငယ် အတွက် အောက်ပါတို့ကို လိုက်နာပါ။

(၉)လက်သည်းညှပ်ပါ
လက်သည်းရှည်တွေက အညစ်အကြေးနဲ့ ရောဂါပိုးတွေ ခိုအောင်းရာနေရာ ဖြစ်တဲ့အတွက် ကလေးငယ်များကို လက်သည်းပုံမှန် ညှပ်ပေးပါ။
(၁၀)တစ်ကိုယ်ရေ သန့်ရှင်းရေး ပြုလုပ်ပေးပါ
ကလေးငယ်တွေက လက်ဆေးရတာကို မကြိုက်ကြပါဘူး၊၊။ မိဘတွေအနေနဲ့ လက်ဆေးခြင်းကို သေချာပြသပေးပြီး လက်ဆေးတတ်တဲ့ အကျင့်ပါအောင် ပျိုးထောင်ပေးပါ။

မိုးရွာနေချိန်မှာ ကလေးငယ်တွေကို အိမ်တွင်းမှာသာထားပါ
မိုးရေထဲမှာ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးများ ပါဝင်တတ်ပါတယ်။ အထူးသဖြင့် မိုးဦးလေဦးတွင် ရွာသော မိုးမစိုမိစေရန် ကလေးငယ်ကို ဂရုစိုက်ပေးပါ။
ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ရောဂါတွေက အရွယ်ရောက်ပြီး သူတွေအတွက် ကြီးမားတဲ့ ပြဿနာပေမယ့် ကလေးငယ်တွေအတွက် ကြီးမားတဲ့ ကျန်းမာရေးပြဿနာဖြစ်စေနိုင်တာကြောင့် အထူးဂရုစိုက် စောင့်ရှောက်ရန်လိုအပ်ပါတယ်။

ကာကွယ်ခြင်းသည် ကုသခြင်းထက် ပို၍ကောင်း၏။

သွေးလွန်တုပ်ကွေးဖြစ်နေချိန်မှာ ဘာတွေရှောင်ကြမလဲ ရှောင်ရမယ့် အစားအသောက်တွေကတော့🥃🍩🍷အညိုရောင် အမည်းရောင် အစားအစာတွေဒါက အားလ...
30/08/2025

သွေးလွန်တုပ်ကွေးဖြစ်နေချိန်မှာ ဘာတွေရှောင်ကြမလဲ

ရှောင်ရမယ့် အစားအသောက်တွေကတော့
🥃🍩🍷အညိုရောင် အမည်းရောင် အစားအစာတွေ
ဒါက အားလုံးလည်း သိထားပြီးသားပါ။ သွေးလွန်တုပ်ကွေးလူနာတွေက သွေးယိုစိမ့်မှုကြောင့် အမည်းရောင် အန်တာ၊ ဝမ်းမည်းမည်းသွားတာတွေ ဖြစ်တတ်ပါတယ်။ အညိုရောင်၊ အမည်းရောင် အစားအစာတွေကို စားထားရင် မှားနိုင်တာကြောင့် ရှောင်ခိုင်းတာ ဖြစ်ပါတယ်။
🥃☕ကဖင်းပါတဲ့ သောက်စရာတွေ
ရေနဲ့ ဓာတ်ဆား လိုအပ်နေချိန်မှာ ကဖင်းသောက်တာက ပိုဆိုးစေနိုင်တဲ့အတွက် ကဖင်းပါတဲ့ သောက်စရာမှန်သမျှကို ရှောင်သင့်ပါတယ်။ ကော်ဖီ၊ လက်ဖက်ရည်၊ အားဖြည့်အချိုရည်၊ ချောကလက် စတာတွေက ကဖင်းပါတာကြောင့် ရှောင်ထားပါ။

🍹🍸အားဖြည့်အချိုရည်တွေက ထင်သလောက် အားပြည့်တာမျိုး မဟုတ်ဘဲ ကဖင်းကြောင့် ရင်တုန်တာ၊ အိပ်မပျော်တာကြောင့် အနားမရတာ၊ ရေဓာတ်ဆုံးရှုံးစေတာကြောင့် ရှောင်သင့်ပါတယ်။
🌶️🌶️အပူအစပ်တွေ
နဂိုတည်းက အစာအိမ် သွေးယိုချင်နေတဲ့ လူနာတွေမှာ အစပ်စားတာက ပိုဆိုးစေနိုင်တာကြောင့် ဒါကိုလည်း ရှောင်ရပါမယ်။
🍟အဆီများတာတွေ
အဆီအစိမ့်တွေက အစာခြေစနစ်ကို ဝန်ပိစေတာကြောင့် ရှောင်ကြဉ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ ကြေညက်လွယ်တာတွေကိုပဲ စားသင့်ပါတယ်။
သွေးလွန်တုပ်ကွေးက သေချာဂရုမစိုက်ရင် ရှော့ဖြစ်ပြီး အသက်အန္တရာယ်ထိခိုက်နိုင်ပါတယ်။ တစ်ဖက်ကလည်း စနစ်တကျ ဆေးကုသဖို့ လိုသလို တစ်ဖက်ကလည်း လိုအပ်တဲ့ အာဟာရကို ဖြည့်ပေးနေမှ မြန်မြန်သက်သာလာမှာ ဖြစ်ပါတယ်။

🏥 အောင်သာယာ အထူးကုဆေးခန်း နှင့် အဆင့်မြင့်ရောဂါရှာဖွေရေး
🌐 မနော်ဟရီ (၁၁၀) လမ်း၊ ၅၂/၅၃ လမ်းကြား မန္တလေးမြို့။

☎️ 09944967300 / 09944967500 / 09944967400
09255520326/09255520328






#အောင်သာယာအထွေထွေရောဂါကုဆေးခန်း
🏥 အောင်သာယာအထွေထွေရောဂါကုဆေးခန်း
🌐 မနော်ဟရီ (၁၁၀) လမ်း၊ ၄၆ လမ်းဒေါင့်မန္တလေးမြို့။

☎️ 09256588022/ 09944967700/09944967800







#အောင်သာယာအထူးကုဆေးခန်း နှင့် အဆင့်မြင့်ရောဂါရှာဖွေရေးစင်တာ











-ray

သွေးလွန်တုပ်ကွေးဖြစ်နေပြီဆိုလျှင် ဘာတွေစားေပးရမလဲသွေးလွန်တုပ်ကွေးက ကလေးတွေမှာ အဖြစ်များတယ်ဆိုပေမယ့် လူကြီးတွေလည်း မလွတ်ပ...
30/08/2025

သွေးလွန်တုပ်ကွေးဖြစ်နေပြီဆိုလျှင် ဘာတွေစားေပးရမလဲ

သွေးလွန်တုပ်ကွေးက ကလေးတွေမှာ အဖြစ်များတယ်ဆိုပေမယ့် လူကြီးတွေလည်း မလွတ်ပါဘူး။ သွေးလွန်တုပ်ကွေးက ရှော့ဖြစ်တတ်ပြီး အသက်အန္တရာယ်ဖြစ်စေနိုင်တာကြောင့် ဖျားနာပြီး သွေးလွန်တုပ်ကွေး လက္ခဏာတွေရှိတယ်ဆိုရင် ဘယ်အရွယ်ပဲဖြစ်ဖြစ် သွေးလွန်တုပ်ကွေး စစ်ဆေးသင့်ပါတယ်။ သွေးလွန်တုပ်ကွေးအတွက် တစ်ဖက်က ဆေးကုသဖို့လည်း လိုအပ်သလို တစ်ဖက်ကနေလည်း အာဟာရဖြည့်တင်းဖို့ လိုပါတယ်။ ဒါကြောင့် သွေးလွန်တုပ်ကွေးဖြစ်နေချိန်မှာ ဘာတွေစား ပြီး ဘာတွေရှောင်ရမလဲ ဆိုတာ သိထားဖို့ လိုပါတယ်

သွေးလွန်တုပ်ကွေးနဲ့ အာဟာရ
သွေးလွန်တုပ်ကွေးဖြစ်ချိန်မှာ လူနာက ပါးစပ်ပျက်တာကြောင့် အစားမဝင်ဘဲ အားနည်းနိုင်သလို အဖျားကြီးတာ၊ ချွေးထွက်များတာကြောင့် ရေနဲ့ ဓာတ်ဆား ဆုံးရှုံးနိုင်ပါတယ်။ ဒါ့ပြင် သွေးလွန်တုပ်ကွေးကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်က သွေးကြောတွေကို တိုက်ခိုက်တာကြောင့် ကိုယ်တွင်းအရည်စိမ့်တာ၊ သွေးဥမွှားတွေကို တိုက်ခိုက်တာကြောင့် ခန္ဓာကိုယ် သွေးယိုတာ စတာတွေကြောင့် ရေဓာတ်ဆုံးရှုံးသလို ဖြစ်ပြီး ရှော့ရတတ်ပါတယ်။

ဥပမာ ကိုယ်တွင်းအရည်တွေ အများကြီး ဆုံးရှုံးနေတယ်ဆိုရင် ဆေးရုံမှာ ပုလင်းကြီးတွေ ချိတ်ပြီး စောင့်ကြည့်သလို သိပ်မဆိုးတဲ့ အခြေအနေဆိုရင်လည်း အိမ်မှာ ဓာတ်ဆားဝင်အောင် သောက်စေပြီး ဆေးခန်းကို ပုံမှန်ခေါ်ကြည့်ရပါတယ်။
ဒါကြောင့် သွေးလွန်တုပ်ကွေး လူနာတွေမှာ ရေနဲ့ ဓာတ်ဆားဓာတ် ပြည့်ဝဖို့၊ အာဟာရပြည့်ဝဖို့က အရေးကြီးပါတယ်။
သွေးလွန်တုပ်ကွေးဖြစ်နေချိန်မှာ ဘာတွေစား ကြမလဲ

စားသင့်တဲ့ အစားအစာတွေကတော့

🍊🍍ဗီတာမင်စီ ကြွယ်ဝတဲ့ အစားအစာတွေ
ဗီတာမင်စီက ကိုယ်ခံအားကို တက်စေတာကြောင့် ဗိုင်းရပ်စ်ကို တိုက်ထုတ်တဲ့နေရာမှာ အထောက်အကူ ဖြစ်စေပါတယ်။ သွေးကြောတွေကို ကျန်းမာစေတာကြောင့် ကိုယ်တွင်းအရည်စိမ့်တာကို အထိုက်အလျောက် သက်သာစေပါတယ်။
လိမ္မောသီး၊ နာနတ်သီး၊ သင်္ဘောသီး စတာတွေက ဗီတာမင်စီ ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်ပါတယ်။

🥩သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ
သွေးလွန်တုပ်ကွေးဖြစ်တဲ့အခါ ခန္ဓာကိုယ်မှာ အနီစက်ထွက်တာ၊ နှာ‌ခေါင်းသွေးလျှံတာ၊ သွားဖုံးသွေးယိုတာတွေက သွေးဥမွှားနည်းသွားလို့ပါ။ ဒီလို သွေးထွက်တဲ့ ကိစ္စရပ်တွေက သွေးအားနည်းတာကို ဖြစ်စေနိုင်တာကြောင့် သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးသင့်ပါတယ်။
အစိမ်းရောင်အရွက်၊ အသည်း၊ အနီ‌ရောင်အသား စတာတွေက သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။
🥦ဗီတာမင်ကေ
ဗီတာမင်ကေကလည်း သွေးတိတ်စေတဲ့ ဗီတာမင်ဖြစ်တာကြောင့် သွေးလွန်တုပ်ကွေးလူနာတွေ စားပေးသင့်တဲ့ ဗီတာမင် ဖြစ်ပါတယ်။
အစိမ်းရောင်အရွက်တွေ၊ အညွန့်တွေ၊ ပန်းပွင့်စိမ်းစတာတွေက ဗီတာမင်ကေ ပါဝင်မှုများတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။
🍚🥛ကယ်လိုရီ များတဲ့ အစားအစာ

ဖျားနာနေချိန်မှာ ခံတွင်းပျက်နေပြီး အစားဝင်တာ နည်းတာကြောင့် နည်းနည်းစားရုံနဲ့ များများအာဟာရဖြစ်စေတဲ့ ကယ်လိုရီများတဲ့ အစားအစာတွေဖြစ်တဲ့ ထမင်း၊ အာလူး၊ နို့ စတာတွေ စားပေးသင့်ပါတယ်။
🧃 🥥 ဓာတ်ဆားအားဖြည့်အချိုရည်

သွေးလွန်တုပ်ကွေးဖြစ်တဲ့အခါ ကိုယ်တွင်းအရည်စိမ့်တာရော၊ ဖျားပြီး ချွေးထွက်တာကြောင့်ရော ရေနဲ့ ဓာတ်ဆားဆုံးရှုံးနေတတ်ပါတယ်။ ဒါက အခန့်မသင့်ရင် သွေးလွန်တုပ်ကွေး ရှော့အထိ ဖြစ်သွားနိုင်တာကြောင့် ဓာတ်ဆားဓာတ် ပါဝင်တဲ့ ဓာတ်ဆားအားဖြည့်အချိုရည်၊ အုန်းရည် စတာတွေကို များများသောက်ပေးသင့်ပါတယ်။

စိုးရိမ်ရတဲ့ အခြေအနေ ရှိရင်လည်း ကျွမ်းကျင်ဆရာဝန်များ နှင့် တိုင်ပင်ပြီး ကုသမှု ခံယူဖို့ လိုအပ်ပါတယ်ရှင့်

🏥 အောင်သာယာ အထူးကုဆေးခန်း နှင့် အဆင့်မြင့်ရောဂါရှာဖွေရေး
🌐 မနော်ဟရီ (၁၁၀) လမ်း၊ ၅၂/၅၃ လမ်းကြား မန္တလေးမြို့။

☎️ 09944967300 / 09944967500 / 09944967400
09255520326/09255520328






#အောင်သာယာအထွေထွေရောဂါကုဆေးခန်း
🏥 အောင်သာယာအထွေထွေရောဂါကုဆေးခန်း
🌐 မနော်ဟရီ (၁၁၀) လမ်း၊ ၄၆ လမ်းဒေါင့်မန္တလေးမြို့။

☎️ 09256588022/ 09944967700/09944967800







#အောင်သာယာအထူးကုဆေးခန်း နှင့် အဆင့်မြင့်ရောဂါရှာဖွေရေးစင်တာ











-ray

Address

52/53, 110

05041

Alerts

Be the first to know and let us send you an email when အောင်သာယာ အဆင့်မြင့်ရောဂါရှာဖွေရေး နှင့် အထူးကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to အောင်သာယာ အဆင့်မြင့်ရောဂါရှာဖွေရေး နှင့် အထူးကုဆေးခန်း:

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram