Green Cross Help & Rescue-Mandalay new

Green Cross Help & Rescue-Mandalay new ကယ်ဆယ် ကူညီ ပြုစု ပျိုးထောင် ဝေမျှ Green

တ_ရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ Norovirus outbreak နဲ့ပတ်သက်ပြီး အဓိကအချက်တွေကို ပြောပြပါမယ်:၁။ အခုလက်ရှိ outbreak က ၂၀၂၄...
13/12/2024

တ_ရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ Norovirus outbreak နဲ့ပတ်သက်ပြီး အဓိကအချက်တွေကို ပြောပြပါမယ်:

၁။ အခုလက်ရှိ outbreak က ၂၀၂၄ခုနှစ် အောက်တိုဘာကတည်းက စတင်ဖြစ်ပွားခဲ့ပါတယ်

၂။ ထိခိုက်မှုအများဆုံးက ကျောင်းသားများဖြစ်ပြီး:

Zhejiang Road Primary School မှာ အတန်း ၃တန်းမှာ ပိုးတွေ့လို့ online သင်ကြားခဲ့ရ
ကျောင်းသား ၁၈ယောက် ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရ
Xi'an မြို့က မူကြိုကျောင်းက ကလေး ၄၈ယောက်လည်း ပိုးတွေ့ရှိခဲ့

၃။ အရေးကြီးသတိပြုရမှာက ဒီဗိုင်းရပ်စ်က အရက်ပျံနဲ့ ပိုးသတ်လို့မရပါဘူး။

၄။ Norovirus က အထူးသဖြင့် အောက်ပါအုပ်စုတွေမှာ အသက်အန္တရာယ်ရှိနိုင်ပါတယ်:
ငါးနှစ်အောက် ကလေးငယ်များ
သက်ကြီးရွယ်အိုများ
ကိုယ်ခံအားနည်းသူများ
ဖွံ့ဖြိုးဆဲနိုင်ငံများမှ အာဟာရချို့တဲ့သူများ
အဓိက သေဆုံးရတဲ့အကြောင်းရင်းက ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ အန်ခြင်း၊ ဝမ်းလျှောခြင်းတွေကနေ ခန္ဓာကိုယ်ထဲက ရေဓာတ်ဆုံးရှုံးလွန်းပြီး dehydration ဖြစ်လို့ပါ။

ဒါကြောင့် အထက်ပါအုပ်စုတွေအနေနဲ့ ရောဂါလက္ခဏာတွေ့ရင် ဆေးကုသမှုချက်ချင်းခံယူသင့်ပါတယ်။

အထက်ပါလူအုပ်စုတွေအနေနဲ့ သတိထားပြီး ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာဖို့ လိုအပ်ပါတယ်။

-----------------------

ကာကွယ်ဖို့ နည်းလမ်းတွေက:

လက်ကို ဆပ်ပြာနဲ့ စက္ကန့် ၂၀ကြာအောင် သေချာဆေးရမယ်
အစားအသောက်တွေကို သေချာချက်ပြုတ်စားရမယ်
Chlorine-based ပိုးသတ်ဆေးတွေကိုသုံးပြီး သန့်ရှင်းရေးလုပ်ရမယ်


#

🛑ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ( Cholera)🛑🔺ဝမ်းပျက်ဝမ်းလျှောဖြစ်စေတဲ့အကြောင်းအရင်းတွေ အများကြီးရှိသလို ဝမ်းလျှောတဲ့ လက္...
30/10/2024

🛑ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ( Cholera)🛑

🔺ဝမ်းပျက်ဝမ်းလျှောဖြစ်စေတဲ့အကြောင်းအရင်းတွေ အများကြီးရှိသလို ဝမ်းလျှောတဲ့ လက္ခဏာပုံစံတွေ အမျိုးမျိုးရှိကြပါတယ်

🔺ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ( ကာလဝမ်းရောဂါ)ဆ်ိုတာ က vibrio cholerae လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့်ဖြစ်တာပါ

🔺ကာလဝမ်းရောဂါ ကပြင်းထန်ဝမ်းလျှောခြင်းနဲ့ ရေဓာတ်ခန်းခြောက်ခြင်းကို နာရီပိုင်းအတွင်းဖြစ်စေတတ်တယ်

🔺မကုသဘဲထားပါက ယခင်က ကျန်းမာသောလူများတွင်ပင် နာရီပိုင်းအတွင်း သေဆုံးနိုင်ပါတယ်

⚠️ဘယ်လိုကူးစက်ပြန့်ပွားလဲ ⚠️

🔺ရောဂါပိုးပါသောရေကိုသောက်သုံးခြင်း

🔺ရောဂါပိုးပါသော အစာကိုစားသုံးခြင်း

🔺လူနာရဲ့မစင် အန်ဖက်နဲ့ထိုအရာတွေမှာ ပေနေသောအရာဝတ္ထုများကို ကိုင်တွယ်မိခြင်း

🔺အဆိုပါရောဂါဖြင့်သေဆုံးသူကိုထိတွေ့မိခြင်းတို့ကြောင့် ကူးစက်ပြန့်ပွားနိုင်ပါတယ်

📛ရောဂါလက္ခဏာများ 📛

🔺ပြင်းထန်စွာဝမ်းလျှောခြင်း

▪️ဝမ်းအရောင်က ဆန်ဆေးရေ အရောင်လိုဖြစ်နေမယ်
▪️အညှီနံ့ ရှိနေနိုင်တယ်
▪️ဝမ်းလျှောတဲ့ ပမာဏများတဲ့အတွက်အချိန်အနည်းငယ်အတွင်းမှာ ခန္ဓာကိုယ်ထဲက ရေဓာတ်များစွာဆုံးရှုံးနိုင်ပါတယ်

🔺ပျို့ခြင်း / အန်ခြင်း

▪️တခါတရံ ဝမ်းပျက်ဝမ်းလျှောမဖြစ်ခင် အရင်ဆုံး အန်တာနဲ့စလာတတ်ပါတယ်

🔺ကြွက်တက်ခြင်း

▪️ဝမ်းအရည်နဲ့အတူ ခန္ဓာကိုယ်ထဲကနေ ဆိုဒီယမ် ပိုတက်ဆီယမ် ကလိုရိုက်စတဲ့ ဓာတ်တွေအလျင်အမြန်ဆုံးရှုံးသွားတဲ့အခါ ဖြစ်တတ်ပါတယ်

🔺ရေဓာတ်ခမ်းခြောက်ခြင်း

▪️နာရီပိုင်းအတွင်းဖြစ်နိုင်တဲ့အတွက် သတိထားရပါမယ်
▪️အားအင်ကုန်ခမ်းသလိုဖြစ်နေမယ်
▪️ကလေးငယ်လေးတွေမှာ တချိန်လုံးဂျီကျနေတာမျိုး
▪️ရေအလွန်အမင်းဆာနေတာ မျက်ရည်မထွက်တာ
▪️မျက်တွင်းချိုင့်ဝင် ငယ်ထိပ်ချိုင့်ဝင်
▪️ဆီးပေါက်နည်းသွားတာမျိုး သွေးပေါင်ကျလာတာမျိုးရှိနေနိုင်ပါတယ်

‼️ဒါမျိုးလက္ခဏာရှိလာရင် နီးစပ်ရာကျန်းမာရေးငှာနကိုချက်ချင်းသွားပါ‼️

✅ဘယ်လိုကုသမလဲ✅

ဓာတ်ဆား

▪️အသက်ကယ်ဆေးက ဓာတ်ဆားပါ
ဝမ်းလျှောခြင်းမှာ အဓိက အန္တရယ်က ရေဓာတ်ဆားဓာတ်ဆုံးရှုံးမှု ဖြစ်တဲ့အတွက် အချိုးကျဖျော်စပ်ထားတဲ့ WHO ဖော်မြူလာအတိုင်းထုတ်ထားတဲ့ ဓာတ်ဆားကိုသာသုံးရပါမယ်

▪️ဖျော်ပုံဖျော်နည်းမှန်ကန်ဖို့လည်းလိုပါတယ် ( တလီတာအတွက် အထုပ် နဲ့ ရေ 200 ml အတွက်အထုပ်ဆိုပြီးလည်းရှိပါတယ်)

▪️ဓာတ်ဆားထုပ် အဆင်အသင့်မရှိလျှင်အရေးပေါ်အိမ်တွင်းဓာတ်ဆားဖျော်နည်းအတိုင်း ဖျော်ပြီးတိုက်ပါ
ဒီ link မှာဝင်ကြည့်လို့ရပါတယ်

https://m.facebook.com/story.php?story_fbid=125452237253085&id=100093649274709

▪️ရေဓာတ်အလွန်အကျွံဆုံးရှုံးမှုမဖြစ်စေရန်
၂ နှစ်အောက်ကလေး - ဝမ်းတကြိမ်သွားပြီးတိုင်းဓာတ်ဆား ၅၀ - ၁၀၀ မီလီလီတာ
၂ နှစ်အထက် - ၁၀၀ - ၂၀၀ မီလီလီတာ ကို ဝင်နိုင်သလောက်တိုက်တိုက်ပေးပါ

▪️ကလေးက အန်နေလျှင် ၁၀ မိနစ်ခန့်စောင့်ပြီး နည်းနည်းစီပြန်တိုက်ကြည့်ပါ

▪️လူကြီးတယောက် ကာလဝမ်းရောဂါဖြစ်တဲ့အခြေအနေမှာ ရေဓာတ်ခန်းခြောက်တဲ့လက္ခဏာရှိနေရင် တရက်ကို ဓာတ်ဆား ၆ ထုပ်(၆ လီတာ)ခန့် လိုနိုင်ပါတယ်

▪️ရေဓာတ် အလွန်အမင်းဆုံးရှုံးလာရင်တော့ သွေးကြောထဲ ဓာတ်ဆားရည်သွင်းဖို့လိုနိုင်ပါတယ်

▪️ဝမ်းလျှောခြင်းနဲ့ပက်သက်တဲ့အယူအဆအမှားတွေလည်း ရှောင်ကြဉ်ပါ
ဒီ link မှာ ဖတ်လို့ရပါတယ်

https://m.facebook.com/story.php?story_fbid=124420690689573&id=100093649274709

✅ Zinc ( ဇင့် ဆေး အရည် / ဆေးပြား ) ✅

▪️ဝမ်းပျက်ဝမ်းလျှောဖြစ်နေတဲ့ အသက် ၅ နှစ်အောက်ကလေးတွေမှာ Zinc တိုက်ကျွေးခြင်းဟာ ဝမ်း
သွားတဲ့အကြိမ်ကို လျော့နည်းစေနိုင်သလို နောက်ထပ်
ဝမ်းလျှောခြင်းကိုပါကာကွယ်ပေးနိုင်ပါတယ်

၆ လအောက်ကလေး - တနေ့လျှင် Zinc 10 mg
၆ လအထက်ကလေး - တနေ့လျှင် Zinc 20 mg

🔶 ပိုးသတ်ဆေး 🔶

▪️အလွန်အကျွံမသုံးပါနဲ့
သင့်တော်သောဆေးကိုကျွမ်းကျင် ဆရာဝန် ဆရာမ နှင့်တိုင်ပင်ပြီးမှသာသောက်ပါ

✅ အစားအသောက်နှင့်အာဟာရ ✅

- မိခင်နို့တိုက်နေတဲ့ကလေးဝမ်းလျှောနေရင် မိခင်နို့ကိုဆက်တိုက်ပါ

- သန့်ရှင်းစွာပြင်ဆင်ထားသောအစားအသောက် များ စားသုံးလို့ရပါတယ်

- ဆန်ပြုတ် စွပ်ပြုတ် လိုကြေလွယ်တဲ့အစာများ ထမင်းရည်၊ အုန်းရည် များ တိုက်ပေးလို့ရပါတယ်

♻️ကာကွယ်ခြင်း ♻️

✅ သန့်ရှင်းသောရေကိုသောက်သုံးပါ
ရေသန့်မရနိုင်လျှင် ရေကိုကျိုချက်ပြီးမှသောက်ပါ
အိမ်သုံးရေကို ကလိုရင်းဆေးပြားခတ်ပြီးမှသုံးပါ

✅ ယင်လုံအိမ်သာအသုံးပြုပါ
ယင်လုံအိမ်သာမရှိသောနေရာတွင် ရောဂါပိုးရှိသော မစင်ကနေတဆင့် ထပ်ပြန့်ပွားဖို့မဖြစ်ရအောင် မစင်ကိုစနစ်တကျစွန့်ပစ်ပါ
သောက်သုံးရေအရင်းအမြစ်မှ ပေ ၁၀၀ ခန့်အကွာမှာ ကျင်းတူးပြီး စွန့်ပစ်ပါ
အရေးပေါ်အခြေအနေမှာ ယာယီအိမ်သာကျင်း ကို ရေရှိသောနေရာနှင့် ပေ ၁၀၀ အကွာမှာ၁ ပေခွဲ အနက်ခန့်တူးပြီး စွန့်ပစ်ပါ

✅ သန့်ရှင်းလတ်ဆတ်သော အစားအသောက်များစားသုံးပါ

ယင်နားစာများ မစားပါနဲ့

အသားငါးအသီးအရွက်များ ကျက်အောင်ချက်ပြုတ်ပြီးမှစားသုံးပါ

✅ လက်ကိုဆပ်ပြာဖြင့် သေချာသန့်စင်အောင်ဆေးပါ

စားသောက်တဲ့ကလေးရဲ့လက်နဲ့ ကျွေးမွေးပြုစုတဲ့လူကြီးရဲ့လက် ၊ ဝမ်းသွေးပြီးတိုင်း သန့်ရှင်းရေးလုပ်ပေးတဲ့ လက်ကို ဆပ်ပြာနှင့်သေချာဆေးပါ

အစားမစားခင် နဲ့ ဝမ်းသွားပြီးတိုင်းလက်ကိုသေချာစွာဆေးပါ

✅ မီးဖိုချောင်သုံးပစ္စည်းများနှင့် အစားအစာများကို ချက်ပြုတ်သည့်နေရာများကို သန့်ရှင်းပြီး ပိုးသတ်ပါလုံးဝခြောက်သွေ့အောင်ထားပါ

သောက်သုံးရေအရင်းအမြစ်များမှ မီတာ ၃၀ (ပေ ၁၀၀) အကွာအဝေးခန့်တွင် အဝတ် သို့မဟုတ် အနှီးများကို လျှော်ပါ

ညစ်ညမ်းနေသော အိမ်သာများနှင့် မျက်နှာပြင်များကို သန့်ရှင်းပြီး ပိုးသတ်ပါ

သန့်ရှင်းရေး ပြီးသောအခါ၊ ဆပ်ပြာရည်နှင့် ပိုးသတ်ဆေးရည်များကို ရေမြောင်း၊ အိမ်သာ သို့မဟုတ် အိမ်သာထဲသို့ လောင်းထည့်ခြင်းဖြင့် ဘေးကင်းစွာ စွန့်ပစ်ပါသန့်စင်ပြီး ပိုးသတ်ပြီးနောက် လက်ကို ဆပ်ပြာနှင့်ရေဖြင့် ထပ်မံဆေးကြောပါ

အထက်ပါနည်းလမ်းများဖြင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကူးစက်ပြန့်ပွားခြင်းကိုအလျင်အမြန်ကာကွယ်နိုင်မှာဖြစ်ပါတယ်။

Credit to original post.

01/10/2024
ယနေ့ အင်းလေးဒေသရှိ ရေတက်/ ရေဘေးသင့်ရွာများသို့ အဝတ်အထည်များအသုံးအဆောင်များစောင်/ခြင်ထောင်/ခေါင်းအုံးများရိက္ခာများဆေးဝါး...
30/09/2024

ယနေ့ အင်းလေးဒေသရှိ ရေတက်/ ရေဘေးသင့်ရွာများသို့
အဝတ်အထည်များ
အသုံးအဆောင်များ
စောင်/ခြင်ထောင်/ခေါင်းအုံးများ
ရိက္ခာများ
ဆေးဝါးများ
ရေသန့်များအား
အလှူရှင်များကိုယ်စား
အားမာန်လူငယ်ပရဟိတကယ်ဆယ်ရေးအသင်းနှင့်အတူ
Green Cross Help & Rescue-Mandalay new
မှ အင်အားဖြည့်ကာ သွားရောက် ကူညီလှူဒါန်းနေပါကြောင်း။

သွားရောက်လှူဒါန်းလိုသည့် အသင်းအဖွဲ့ဖြစ်စေ တဦးချင်းဖြစ်စေ
တကယ်လိုအပ်ပြီး ထိရောက်သောနေရာများသို့ လှူဒါန်းမိနိုင်စေရန်လည်း ချိတ်ဆက်ပေးပါမည် ⛑️⛑️⛑️

ရေဘေးသင့်ပြည်သူများအတွက်Dr.Yunn Wadi Maw မှဆေးပစ္စည်းများလှူဒါန်းထားပါတယ်ဗျ🙏
20/09/2024

ရေဘေးသင့်ပြည်သူများအတွက်
Dr.Yunn Wadi Maw မှ
ဆေးပစ္စည်းများလှူဒါန်းထားပါတယ်ဗျ🙏

Dr Kyaw Min Thet နှင့်သူငယ်ချင်းများမှMPF ဓာတ်ဆား -400 ထုပ်ပါရာစီတမော -10လုံးပါ ၊ 1000ကဒ်ထွန်းရွှေဝါလိမ်းဆေး-120ဗူးရေစို...
20/09/2024

Dr Kyaw Min Thet နှင့်သူငယ်ချင်းများမှ

MPF ဓာတ်ဆား -400 ထုပ်
ပါရာစီတမော -10လုံးပါ ၊ 1000ကဒ်
ထွန်းရွှေဝါလိမ်းဆေး-120ဗူး
ရေစိုခံပလာစတာ -500 ခု
Zioflor -100 ထုပ်
Daiven ၀မ်းပိတ်ဆေး -10လုံးပါ ၊100ကဒ်
အမျိုးသမီးလစဉ်သုံး-100ထုပ်

Ko Shane Pharmacy မှ
Electric ဓာတ်ဆား -2000 ထုပ်

ရေဘေးသင့်ပြည်သူများသို့ လှူဒါန်းပေးခဲ့ပါသည်။

ကိုနန္ဒာ+မဝေဝေလွင်   60000ကိုမျိုးမင်းသန့်+မသက်မွန်ဦး  60000+အထည်ကိုအေးမင်းထွန်း+မဇာဇာထွန်း ရှူးရှဲ(၁)ဖာကိုမျိုးမင်းဦး(M...
20/09/2024

ကိုနန္ဒာ+မဝေဝေလွင် 60000
ကိုမျိုးမင်းသန့်+မသက်မွန်ဦး 60000+အထည်
ကိုအေးမင်းထွန်း+မဇာဇာထွန်း ရှူးရှဲ(၁)ဖာ
ကိုမျိုးမင်းဦး(Myo Myanmar) ရေသန့်(၂၅)ကတ်+အထည်
လုံးခင်း စေတနာရှင် 30000
ဦးတင်မောင်ဆွေ+ဒေါ်တင်တင်သွယ် 20000
ကိုဇော်နိုင်ဝင်း+မမေကြည်ဖြူခင် 20000+အထည်

လက်ခံရရှိပါတယ်ဗျ၊ ငွေသားများကိုဆေးဝါးများဖြည့်တင်းရန်အသုံးပြုပါမည်။

ကုန်ခြောက်နဲ့ အ၀တ်အထည်များလှူဒါန်းပေးပါသောကိုကျော်ကြီး မိသားစုကို ကျေးဇူးအထူးတင်ပါတယ်ဗျ
20/09/2024

ကုန်ခြောက်နဲ့ အ၀တ်အထည်များလှူဒါန်းပေးပါသော
ကိုကျော်ကြီး မိသားစုကို
ကျေးဇူးအထူးတင်ပါတယ်ဗျ

အချို့က နက်ဖြန်ခါ ဘာတွေလုပ်ကြမယ် တိုင်ပင်ကြရင်းမနက်ဖြန်ဆိုတာကို ကျောခိုင်းခဲ့ကြတယ်....အချို့က နက်ဖြန်ခါ ဘာတွေလုပ်ကြမယ် စ...
19/09/2024

အချို့က နက်ဖြန်ခါ ဘာတွေလုပ်ကြမယ် တိုင်ပင်ကြရင်း
မနက်ဖြန်ဆိုတာကို ကျောခိုင်းခဲ့ကြတယ်....

အချို့က နက်ဖြန်ခါ ဘာတွေလုပ်ကြမယ် စီစဉ်ရင်း နက်ဖြန်အတွက် နေစရာအိမ်မရှိ....

အချို့က မနက်ဖြန်အတွက် မှီရာတွယ်ရာ အရဆုပ် အသက်ဆက်ခဲ့တယ်....

အချို့က မနက်ဖြန်မှာ အဖေခေါ်စရာမရှိ
အမေခေါ်စရာ နတ္ထိ....

အဲ့ဒိလို မရှိခြင်း အစိုးမရခြင်းတွေ သိသော်ငြားလည်း အဲ့ဒါတွေကြားမှာ ကိုယ်ချင်းစာတရားလက်ကိုင်ထားပြီး နိုင်ရာကနေ ကယ်ဆယ် ကူညီ ဝေမျှ စောင့်ရှောက် ဘက်ပေါင်းစုံရောက်အောင် Green Cross Help & Rescue-Mandalay new က ညီနောင် အသင်းကြီးတွေနဲ့ လက်တွဲကာ မရှိ ရှိတာနဲ့ ပြည်သူတွေမျက်ရည်စက် ကူညီသုတ်ပေးလျှက်ရှိပါကြောင်း ⛑️⛑️⛑️
စေတနာ ဝါသနာ ဂရုဏာ အနစ်နာ သည် Green Cross ရဲ့ လက်ကိုင်ဆောင်ပုဒ် ဖြစ်ပါသည်။

မြစ်သားမြို့နယ်၊ မြနဒီရွာနေ ကိုဖိုးလုံး၊ ကိုချမ်းမြေ့ တို့မှအလှူငွေ ၂၀၀၀၀၀ ကျပ်မန္တလေးမြို့နေ မရွှေဝတ်ရည်မှ အလှူငွေ ၅၀၀၀...
19/09/2024

မြစ်သားမြို့နယ်၊ မြနဒီရွာနေ ကိုဖိုးလုံး၊ ကိုချမ်းမြေ့ တို့မှ
အလှူငွေ ၂၀၀၀၀၀ ကျပ်
မန္တလေးမြို့နေ မရွှေဝတ်ရည်မှ
အလှူငွေ ၅၀၀၀၀ ကျပ်တို့အား
Green Cross Help & Rescue-Mandalay new
၏ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများရှိ Medical Cover လုပ်ငန်းစဉ်များတွင် ဆေးဝါးများ ဖြည့်တင်းဝယ်ယူရန်အတွက် လှူဒါန်းမှုအား သာဓုခေါ်ဆိုအပ်ပါသည်ခင်ဗျ 🙏🙏🙏

ယနေ့ မြစ်သားမြို့နယ်အတွင်းရှိသွားလာရခက်ခဲသော အလှူရှင်နည်းပါးသောနွားကူးလေး အရှေ့ရွာအနောက်ရွာတောင်ရွာရွှေကြာအင်းထနှောင်းကု...
18/09/2024

ယနေ့ မြစ်သားမြို့နယ်အတွင်းရှိ
သွားလာရခက်ခဲသော
အလှူရှင်နည်းပါးသော
နွားကူးလေး အရှေ့ရွာ
အနောက်ရွာ
တောင်ရွာ
ရွှေကြာအင်း
ထနှောင်းကုန်း
စစ်ကုန်း
နှင့်
ကုံးရွာစသည့် ရွာများအား
နယ်ခံများ အကူအညီဖြင့်
အလှူရှင်များကိုယ်စား ဒါနပြု ⛑️⛑️⛑️🙏🙏🙏
လမ်းကြမ်းတော့
ကားနွံနစ်
ဘီးပေါက်
မိုးကရွာ
အခက်အခဲတွေကြားက ဝေမျှမှုလေးတွေပါ။

Green Cross Help & Rescue အနေဖြင့် လတ်တလော ဖြစ်ပေါ်နေသော ရေဘေးသင့်ဒေသများရှိ နေရာအချို့တွင် ကယ်ဆယ်ရေး ၊ ထောက်ပံ့ရေးနှင့်...
16/09/2024

Green Cross Help & Rescue အနေဖြင့် လတ်တလော ဖြစ်ပေါ်နေသော ရေဘေးသင့်ဒေသများရှိ နေရာအချို့တွင် ကယ်ဆယ်ရေး ၊ ထောက်ပံ့ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အပိုင်းများကို မန္တလေးတိုင်းဒေသကြီး လူမှုကူညီကယ်ဆယ်ရေး ဦးဆောင်ကော်မတီရှိ ညီနောင်အသင်းများနှင့်အတူ ကျရာတာဝန်များကို ဆောင်ရွက်လျှက်ရှိပါသည်။
ယခုအခါ ကယ်ဆယ်ရေးလုပ်ငန်းများပြီးဆုံးခါနီးသည့်အားလျှော်စွာ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းနှင့် ပြန်လည်ထူထောင်ရေးအပိုင်းများအား မကြာမီကာလအတွင်း ကျရောက်လာတော့မည်ဖြစ်ရာ
ပြန်လည်ထူထောင်ရေးတွင် အမှန်တကယ် လိုအပ်သည့် စားသောက်ကုန်၊ လူသုံးကုန်များ ကြိုတင်လှူဒါန်းနိုင်ပါကြောင်းနှင့်
ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းတွင်လည်း ဆေးဝါးများ လှူဒါန်နိုင်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်ခင်ဗျ ⛑️⛑️⛑️⛑️
ထို့အတူ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းတွင် ( လတ်တလောကာလ)ပါဝင်ကူညီပေးနိုင်သော ဆရာဝန်/ သူနာပြု ဆရာ/ဆရာမ များအားလည်း ဖိတ်ခေါ်ပါသည်ခင်ဗျ။ 🙏🙏🙏⛑️⛑️⛑️

Green Cross Help & Rescue - New ( Mandalay)

09402122119
09983281090
09766540266

ကိုယ်တွေ့ လိုအပ်ချက်တခု⛑️⛑️⛑️⛑️⛑️⛑️⛑️⛑️ယနေ့ ရေဘေးသင့်ဒေသရှိ ကယ်ဆယ်ရေးစခန်းတခုသို့ Medical Cover သွားရာတွင် ကျွန်တော်ကြုံ...
15/09/2024

ကိုယ်တွေ့ လိုအပ်ချက်တခု
⛑️⛑️⛑️⛑️⛑️⛑️⛑️⛑️

ယနေ့ ရေဘေးသင့်ဒေသရှိ ကယ်ဆယ်ရေးစခန်းတခုသို့ Medical Cover သွားရာတွင် ကျွန်တော်ကြုံခဲ့သောဖြစ်စဉ်များအရ 🙏🙏🙏
ရေဘေးသင့်ဒေသများသို့ သွားရောက်ကာ ကယ်ဆယ်ရေး/ Medical Cover လုပ်ဆောင်ကြသော အသင်းအဖွဲ့များအနေဖြင့် လိုအပ်သော ဆေးဝါးများ သယ်ဆောင်ရာတွင် လူကြီးဆေးများအတွက် သတိထားမိကြသော်လည်း ကလေးငယ်များအတွက် ဆေးဝါးများကို မေ့နေတတ်ကြပါသည်။ ထို့အတူ ကလေးငယ်အများစုသည်လည်း ဖျားနာ/ ဝမ်းလျောဖြစ်ကြတာ များပါသည်။ လူကြီးဆေးဖြင့် မရပါ။ ထိုအထဲတွင် ၂ နှစ်အောက် ကလေးများ ပါဝင်နိုင်သဖြင့် ကလေးသောက် ဓါတ်ဆားများ၊ နှာစေး၊ ချောင်းဆိုး၊ ဖျားနာဆေးများ၊ Probiotics များဖြစ်သော Bioflor လိုမျိုးဆေးဝါးများ၊ Zinc ပါဝင်သော အားဆေးများပါ လိုအပ်သည်ကို သတိပြုကာ ကြိုတင်ယူဆောင်သွားစေနိုင်ရန် အကြံပြု တင်ပြပါသည်ခင်ဗျ။ ( ကလေးငယ်များအတွက်ဆေးများသည် ယခုလို ဖြစ်ပေါ်နေသော ဒေသများတွင် ပြင်ပ၌ ရှာဖွေရ မလွယ်ကူပါ)။ ။

Green Cross Help & Rescue-Mandalay new

Green Cross Help & Rescue - Mandalay သည်ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများကို အလှူရှင်များ၏ လှူဒါန်းမှုနှင့်အတူ -ကယ်ဆယ်ရေးလုပ်ငန...
15/09/2024

Green Cross Help & Rescue - Mandalay သည်
ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများကို အလှူရှင်များ၏ လှူဒါန်းမှုနှင့်အတူ -ကယ်ဆယ်ရေးလုပ်ငန်းများ
-ကူညီဝေမျှရေးလုပ်ငန်းများ
-Medical Cover လုပ်ဆောင်မှုများကို
တာဝန်ယူ ကုသိုလ်ပြု ဆောင်ရွက်လျှက်ရှိကြောင်း ⛑️⛑️⛑️
အများပြည်သူနှင့် အလှူရှင်များထံ တင်ပြအပ်ပါသည်။

ပြန်လည်ထူထောင်ရေးအတွက် လိုအပ်သည်များကို ကြိုတင်လှူဒါန်းလိုပါက

09402122119
09983281090
09766540266

သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်⛑️⛑️⛑️

ယနေ့ နေ့လည်ပိုင်းတွင် စိုးရိမ်ရေမှတ် ရောက်ရန် (၁ ပေ) ခန့်အလို  #မန်းလေး ကမ်းနားလမ်း ဝန်းကျင် အမရပူရ အနိမ့်ပိုင်းများ သတိ...
08/07/2024

ယနေ့ နေ့လည်ပိုင်းတွင် စိုးရိမ်ရေမှတ် ရောက်ရန်
(၁ ပေ) ခန့်အလို

#မန်းလေး ကမ်းနားလမ်း ဝန်းကျင် အမရပူရ အနိမ့်ပိုင်းများ သတိပြုပါရန်
#မန်းလေး_မြစ်ရေကြီးမှုအခြေအနေ
Green Cross Help & Rescue-Mandalay new
မန္တလေးအခြေပြု သွေးလှူရှင်များ

ယနေ့ည သန်းခေါင်ယံ မှစကာ ယခု ရက်ပိုင်းအတွင်း မန်းလေး ကမ်းနားလမ်း ဝန်းကျင် အမရပူရ အနိမ့်ပိုင်းများ သတိပြုပါရန် #မန်းလေး_မြ...
07/07/2024

ယနေ့ည သန်းခေါင်ယံ မှစကာ ယခု ရက်ပိုင်းအတွင်း မန်းလေး ကမ်းနားလမ်း ဝန်းကျင် အမရပူရ အနိမ့်ပိုင်းများ သတိပြုပါရန်
#မန်းလေး_မြစ်ရေကြီးမှုအခြေအနေ

ကျွန်တော်များ Emergency Rescue Bike Mandalay ( အရေးပေါ်ကယ်ဆယ်ရေး ရှေ့ပြေးမော်တော်ဆိုင်ကယ်) တွင် လိုအပ်လျှက်ရှိသော အရေးပေ...
04/06/2024

ကျွန်တော်များ Emergency Rescue Bike Mandalay ( အရေးပေါ်ကယ်ဆယ်ရေး ရှေ့ပြေးမော်တော်ဆိုင်ကယ်) တွင် လိုအပ်လျှက်ရှိသော အရေးပေါ်အသက်ကယ်ပစ္စည်းတခုဖြစ်တဲ့ Ambu bag အား လှူဒါန်းပေးပါသော မျိုးဆက်သစ်လူငယ်လူမှုကယ်ဆယ်ရေးအသင်းနှင့်တကွ အသင်းဥက္ကဌအား အထူးပင်ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်ခင်ဗျ။

Emergency Rescue Bike ( Mandalay)
အရေးပေါ် ကယ်ဆယ်ရေး ရှေ့ပြေးမော်တော်ဆိုင်ကယ်
( မန္တလေးမြို့)

🚨⛑️သင့်ဖုန်း 1 call ဖြင့် အသက်ကယ်ပါ⛑️🚨
09402122119

အရေးပေါ်ကယ်ဆယ်ရေးတွင်လိုအပ်သော ဆေးဝါးနှင့် အသုံးအဆောင် ဆက်စပ်ပစ္စည်းများ လှူဒါန်းလိုပါက လက်ခံပါသည်။)

အပူချိန်များ ထပ်မံတိုးလာနိုင်ပါသဖြင့် အပူဒဏ်ကာကွယ်နိုင်ကြပါစေရန် ကြိုတင်သတိပေးအပ်ပါသည်ခင်ဗျ။ဧပြီလ ၂၇ ရက်နှင့် ၂၈ ရက် လာမ...
22/04/2024

အပူချိန်များ ထပ်မံတိုးလာနိုင်ပါသဖြင့် အပူဒဏ်ကာကွယ်နိုင်ကြပါစေရန် ကြိုတင်သတိပေးအပ်ပါသည်ခင်ဗျ။

ဧပြီလ ၂၇ ရက်နှင့် ၂၈ ရက် လာမည့် စနေ+တနင်္ဂနွေနေ့တွင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်များ၌ နေ့အပူချိန်များ ထပ်မံတိုးလာနိုင်ပါသည်။

(BASED ON 22nd APR 1230 METEOBLUE ICON MODEL RESULTS)

Address

Mandalay
Mandalay

Website

Alerts

Be the first to know and let us send you an email when Green Cross Help & Rescue-Mandalay new posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Green Cross Help & Rescue-Mandalay new:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram