14/05/2022
သွေးစုတ်ဖုတ်ကောင်ဖြစ်ပါသလာ?
ကမ္ဘာ့ရှေးအကျဆုံးနဲ့ အထူးဆန်းဆုံး သတ္တဝါတစ်ဖြစ်လဲ Vampire တွေဟာ ဘယ်လောက်တောင် ရှေးကျလဲဆို သူတို့ရဲ့ဖြစ်တည်မှုဟာ ဟိုးရှေးဂရိခေတ် နတ်ဘုရားတွေနဲ့ပါ ပက်သက်နေခဲ့တာပါ။ ဒီအကြောင်းတွေကို ကျနော် Vampires : The Dark Ages အပိုင်း ၃ ပိုင်းမှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ သူတို့ရဲ့ ဖြစ်တည်မှုဟာ Werewolf တွေရဲ့ဖြစ်တည်မှုထက် များစွာ ဆန်းကြယ်နေတာကြောင့်လည်း လူအများက Vampire အဖြစ်ပြောင်းလဲလို့ ရမလားဆိုတဲ့ အရာကိုပိုမို စိတ်ဝင်စားလာ ကြပါတယ်။
# ကျနော်တို့ Vampire Spells တွေ Ritual တွေများစွာရှိတဲ့အနက် ဘယ်ဟာကို ယုံကြည်ရမလဲ?
# ဒီအတိုင်းထိုင် ရွတ်နေယုံနဲ့ကော အဆင်ပြေပါ့မလား?
# ဘာ အစီအရင်တွေ ပြုလုပ်ရမလဲ? ဆိုတာတွေက ဝိဝါဒတွေ ကွဲပြားနေကြတာပါ။
အလွန်ရှေးကျတဲ့ မျိုးနွယ်စုတစ်ခု ဖြစ်တာနဲ့အညီ ကျနော်တို့ဟာ သူတို့ရဲ့ ရာဇဝင်ကို 'Scriptures of Delphi' မတွေ့ရခင်အချိန် နှစ်ပေါင်းအတော်ကြာအထိ မသိရှိခဲ့ရပဲ အမှောင်ထဲမှာ လမ်းပျောက်နေခဲ့ ရတာပါ။ Delphi ကျမ်းစာထွက်ပေါ်လာ ချိန်မှာတော့ ကျနော်တို့ဟာ Vampire တွေရဲ့ သမိုင်းဇစ်မြစ်ကို တိတိကျကျ ပုံဖော်နိူင် ခဲ့ကြပါတယ်။ Delphi ကျမ်းစာဟာ 'The Vampire Bible' လို့လူအများ သိကြပြီး Vampire တွေရဲ့ မူလဇစ်မြစ်နဲ့ ရာဇဝင် သမိုင်းတွေကို တိတိကျကျ ရေးသားဖော်ပြထားတဲ့ ကျမ်းစာတစ်ခုပါ။ ကျမ်းစာရဲ့ အဆိုအရတော့ Vampire တစ်ကောင်ဖြစ်ဖို့ အခြား Vampire တစ်ကောင်က ပြုလုပ်ပေးရတယ်ဆိုပြီး ဖော်ပြထားတာမို့ ကျနော်တို့ စဉ်းစားစရာ တစ်ခုဖြစ်လာ ခဲ့ရပါတယ်။
Vampire Bible ထဲက အဆိုအရ လူတစ်ယောက် Vampire အဖြစ်အသွင်ပြောင်းလည်းမယ်ဆို တစ်နည်းပဲရှိပါတယ်။ အဲ့ဒါကတော့ Vampire တစ်ကောင်ဟာ မိမိကို အရင်ကိုက်ရပါမယ်။ မိမိသွေးနဲ့ အဲ့ဒီ Vampire သွေးနှောသွားပြီဆို ထိုသူဟာ ထို မိမိအားကိုက်သော Vampire လက်ကောက်ဝတ်မှ မိမိကိုယ်တိုင်နှင့် ထို Vampire သွေးနှောကို စိတ်ပါလက်ပါ ပြန်လည် စုပ်ယူ သောက်သုံးမှသာလျင် Vampire အသစ်တစ်ကောင် အဖြစ် ပြန်လည်မွေးဖွားလာ နိူင်မှာပါ။့ Vampire Bible လို့ လူသိများတဲ့ Scriptures of Delphi ထဲက ဖြစ်နိူင်ခြေအရှိဆုံးနဲ့ ဖြစ်တန်စွမ်းအရှိဆုံး အစီအရင်ကို ဖော်ပြပေးမှာပါ။
အမှန်ဆို Vampire Bible ထဲမှာ Ambrogio ကနေ သူ့ချစ်သူ Selene ကို သူတို့ခွဲခွာနေရတုန်း ရေးသားပေးခဲ့တဲ့ အချစ်ကဗျာတွေ များစွာပါဝင်နေတာပါ။ ဒီအချစ်ကဗျာတွေ ကြားမှာမှ လေ့လာသူတွေဟာ စိတ်ဝင်စားစရာ ကဗျာတစ်ပုဒ်ကို တွေ့ရှိခဲ့ရပါတယ်။ ထိုကဗျာမှာတော့ အချစ်အကြောင်းမဟုတ်ပဲ စာဖတ်သူ တစ်ယောက်က မိမိ Vampire ဖြစ်ရန်အလို့ငှာ Vampire အစစ်တစ်ကောင်ကို မိမိထံစေလွှတ်ပေးရန်နှင့် မိမိမှာလည်း ထိုသူကို ညီအကိုဟု သတ်မှတ်ပြီး Vampire တစ်ကောင်အဖြစ် ပြန်လည်မွေးဖွားလိုကြောင်း Selene ကို တိုင်တည်ဆုတောင်းထားတဲ့ Latin ကဗျာတစ်ပုဒ် ဖြစ်နေတာကို ထူးထူးခြားခြားတွေ့ခဲ့ ရတာပါ။
ဒါကြောင့် ထိုကျမ်းစာထဲမှ ကဗျာအရ Vampires အားလုံးရဲ့ မိခင်လို့ယူဆရမယ့် လရောင်နတ်သမီး Selene ကို ကျနော်တို့ ဘာအစီအရင်တွေ လုပ်ပြီး တိုင်တည်ရမလဲဆိုတာကို ဆက်လက်ဖော်ပြပေး ပါမယ်။
(သတိ။ ။ အောက်တွင်ဆက်လက် ဖော်ပြမည့် ကဗျာစာသားကို အသံထွက်၍ မဖတ်ရှုရန် အရေးကြီးပါသည်။ အထူးသဖြင့် လပြည့်ညများတွင် ထိုကဗျာစာသားကို အသံထွက်ဖတ်ရှုပါက အန္တရာယ်ရှိနိူင်သောကြောင့် လုံးဝ လုံးဝ အသံထွက်ဖတ်ရှုခြင်း မပြုရန် တားမြစ်လိုက်ရပါသည်။)
အောက်တွင်ဖော်ပြမည့် အစီအရင်နှင့် ဆုတောင်းကဗျာတို့ကို မစမ်းသပ်ရန် တားမြစ်လိုက်ရပါသည်။ အကယ်၍ စမ်းသပ် ရွတ်ဖတ်ခဲ့ပါက မိမိတို့၏ တာဝန်သာ ဖြစ်ပါကြောင်း...
ကစားမည့် သူဦးရေ
- တစ်ယောက်
လိုအပ်ချက်များ
- စာရွက်တစ်ရွက်
- ဘောပင်အနီ တစ်ချောင်း
- ဖယောင်းတိုင် အနီတစ်ချောင်း
- မီးခြစ်ဆံတစ်ဗူး
- ဓါးတစ်ချောင်း
ညွှန်ကြားချက်များ
၁။ လပြည့်ညတွင် ကစားနည်းကို လုပ်ဆောင်ရပါမည်။(ထိုညသည် သောကြာ (သို့) ၁၃ ရက်နေ့ဖြစ်လျင် ကစညးနည်း အသက်ဝင်ရန် အခွင့်အလမ်း ပိုကောင်းပါသည်။ Friday 13 ဆိုလျင်မူ အကောင်းဆုံး ဖြစ်ကြောင်း သတိပြုပါ။)
၂။ လပြည့်ည ၁၂ နာရီမထိုးခင် ၁၅ မိနစ်ခန့်အလိုတွင် စတင်ပြုလုပ်ရမည်။
၃။ အသင့်ဆောင်ထားသော စက္ကူပေါ်တွင် စက်ဝိုင်းတစ်ခု ခပ်ကြီးကြီး တစ်ခုဝိုင်းပါ။
၄။ ထို့နောက် ထိုစက်ဝိုင်းထဲတွင် ရေပြင်ညီမျည်း ၃ ကြောင်းဆွဲကာ စက်ဝိုင်းကို ၄ ပိုင်းဖြစ်ပါစေ။
၅။ ထိုစက်ဝိုင်းအတွင်းရှိ အပိုင်းတစ်ခုစီတွင်-
"O dea tenebris
puer tuus fac me sicut renascentur
me duce tenebris sunt
i ita erit renatus"
ဟု ရေးသားပါ။
၆။ ပြီးနောက်အသင့်ဆောင်ထားသော ဓါးဖြင့် သင့်လက်ညှိုးကို အနည်းငယ်ပြတ်ရှစေကာ ထိုလက်ညှိုးမှ သွေးစက် ၁၃ စက်တိတိကို စက်ဝိုင်းအတွင်း မည့်သည့်နေရာတွင်မဆို ကျရောက်ပါစေ။
၇။ ဖယောင်းတိုင် အနီကိုမီးငြိ၍ စက်ဝိုင်းအလည်ဗဟိုခန့်တွင် စိုက်ထူပါလေ။
၈။ နောက်ဆုံးအဆင့် အနေဖြင့် လပြည့်ဝန်းကို တတ်နိူင်သလောက် မျက်တောင်မခတ်ပဲ စူးစိုက်ကြည့်၍ -
"O dea tenebris
mater immortalibus
puer tuus fac me sicut renascentur
mea lux vestra absorbere
liceat mihi locus ad tenebras
sicut ex utero immortales
filios tuos in ulnis
quibus invocaverit te frater
O lunae lumen
puer tuus fac me sicut renascentur
me duce tenebris sunt
i ita erit renatus"
(English Definition : "Oh goddess of the darkness
mother to the immortal
let me be reborn as your child
let your light absorb my own
Allow me passage to the darkness
as from your immortal womb
into the arms of your children
to whom I will call brother
Oh moonlight
let me be reborn as your child
guide the dark ones to me
so I shall be born again")
ဟု ၁၃ ခါတိတိ ကျယ်လောင်စွာ ရွတ်ဖတ်ပေးရမည်။ (Latin စာသားကိုသာရွတ်ဆိုရန်)
၉။ ထိုသို့ ရွတ်ဖတ်နေစဉ်အတွင်း ဖယောင်းတိုင်မီး မငြိမ်းစေရန်နှင့် လုပ်ငန်းစဉ်အားလုံး ၁၅ မိနစ်အတွင်း နောက်တစ်နေ့မကူးခင် ပြီးမြောက်ရန် အလွန်အရေး ကြီးပါသည်။
၁၀။ ပြီးဆုံးပါက ထိုအစီအရင်ပြုသော စာရွက်ကို ၁၃ ခေါက်တိတိရအောင် ခေါက်၍ နောက်နေ့မွန်းတည့်ချိန်များတွင် ထိုစာရွက်ကို နေသာသောနေရာများတွင် ထားရှိပြီး ညနေဘက်များတွင်မူ မိမိနှင့် ထပ်ကြပ်မခွာ ဆောင်ထားရပါမည်။
၁၁။ ထိုသို့ နေပြခြင်း လုပ်ငန်းစဉ်ကို နောက်တစ်ကြိမ် လပြည့်သည်အထိ လုပ်ဆောင်ပေးရပါမည်။
၁၂။ လုပ်ဆောင်ချက်များ အားလုံးမှန်ကန် ပြည့်စုံခဲ့ပါက ထိုလပြည့်ကျော် ၁ ရက်နေ့မှစပြီး ၁ လအတွင်း
- သင့်အနားသို့ ညဘက်များတွင် တစ်စုံတစ်ယောက်က နောက်ယောင်ခံ လိုက်နေသည်ဟု ခံစားရခြင်း။
- မထင်မှတ်ပဲ အတင်းလာရောက် မိတ်ဖွဲ့သူများနှင့် ကြုံတွေ့ခြင်း
- မိမိနေထိုင်ရာသို့ မိမိနှင့် အရင်ကမသိသူများ လာရောက်ရှာဖွေခြင်း
- ညဘက်အိပ်နေချိန်များတွင် မိမိအား တစ်ယောက်ယောက်က လာရောက်ကြည့်နေသည်ဟု ခံစားရခြင်း
များရှိပါက မိမိ၏ ကစားနည်း အသက်ဝင်နေပြီဖြစ်ကြောင်း သတိပြုရမည်ဖြစ်သည်။
ထိုအချိန်အတော အတွင်း မိမိသည် နေလောင်ဒဏ် သိပ်မခံနိူင်တော့ခြင်း, စိတ်ဓာတ်ကျလွယ်ခြင်း, ပုံမှန်ထက် သန်မာလာခြင်း, ခန္ဓာကိုယ် တစ်ခုလုံး နာကျင်နေခြင်း, ရေသောက်သော်လည်း ရေငတ်မပြေခြင်း စသည့် ထူးခြားချက်မျာကို ရှေ့ပြေးအနေနှင့် ကြုံတွေ့ခံစားရမည် ဖြစ်ပါသည်။
၁၃။ မိမိနှင့် ထိုသတ္တဝါဆန်းကြား ဆက်လက်ဖြစ်ပေါ်မည့် အရာများမှာမူကား ကစားသူတို့ နဖူးတွေ့ဒူးတွေ့ ကြုံတွေ့ရမည့် အရာများဖြစ်၍ ဆက်လက်ဖော်ပြနိူင်စွမ်း မရှိတော့ပြီ ဖြစ်ပါကြောင်း......
Good Luck!
အန္တရာယ်ကင်းကင်းနဲ့ Vampire တစ်ကောင်အဖြစ် ပြောင်းလဲ နိူင်ကြပါစေ။
Soucre from internet
ADS
လူကြီးမင်းတို့၏စီးပွာရေး/လူမူးရေး/အချစ်ရေးတို့အားမေးချင်ပါကကျွန်တော်page messengerသို့လာရောက်၍သောလည်ကောင်း
m.me/tarotbyyeyinthtet
Viber-09774438151သို့လာရောက်၍သောလည်းကောင်မေးနိုင်ပါသည်
1 question -3000ကျပ်( ယတြာပါလျှင် 4000)
3 question -6000ကျပ် (ယတြာပါလျှင် 8000ကျပ်)
မိနစ်30ကို မေးလိုရာမေး15000ကျပ်
တစ်နာရီမေးလိုရာမေး 20000ကျပ်
(ယတြာပါလျှင်ပိုပေးရမည်)
သုံးပွင့်ဆိုင်ဆို15000ကျပ်ပါ
Exပြန်လာမလာ
15000