26/11/2025
အာဟာရရှိတဲ့ အစားအသောက်တွေကလည်း ကင်ဆာဝေဒနာသည်တွေအတွက် အရေးကြီးတယ်ဆိုတာ သိပါသလား။?
ဓာတုကုထုံး ၊ ဓာတ်ရောင်ခြည်ကုထုံး ၊ ခွဲစိတ်မှု စတဲ့ကုသမှုတွေကြောင့် ကင်ဆာဝေဒနာသည်တွေမှာ ကိုယ်အလေးချိန်လျော့ကျခြင်းနဲ့ ကိုယ်ခံအားရုတ်လျော့တာတွေကို
ခံစားကြရလေ့ရှိပါတယ်။
ဒါကြောင့် ပုံမှန်ခန္ဓာကိုယ်အလေးချိန်မျိုးပိုင်ဆိုင်ရဖို့ ကယ်လိုရီနဲ့ ပရိုတိန်းဓာတ်ပါတဲ့ အစားအသောက်တွေကို များများစားသုံးပေးဖို့လိုအပ်ပါတယ်။💯
ကယ်လိုရီနဲ့ပရိုတိန်းဓာတ်လုံလောက်စွာ စားသုံးတဲ့ ဝေဒနာသည်တွေဟာ
ကင်ဆာကုထုံးတွေကို ပိုမိုခံနိုင်ရည်ရှိကြောင်းလည်း စစ်တမ်းတွေမှာ တွေ့ရှိရပါတယ်ရှင်။✔️
ဒါကြောင့် ကင်ဆာဝေဒနာသည်တွေအတွက် အသင့်တော်ဆုံး Superfood တွေကို ပြောပြပေးလိုက်ပါတယ်နော်။👇👇
1) ဘယ်ရီသီးနဲ့အခြားသီးနှံများ
အသီးအနှံတွေဖြစ်လို့ အရည်ရွှမ်းပြီး ရေဓာတ်မြင့်မားတဲ့အတွက် စိတ်လန်းဆန်းစေမှာပါ။ ဒါ့အပြင် ခန္ဓာကိုယ်အတွက် ရေဓာတ်ဖြည့်တင်းပေးတာကြောင့် ဘယ်ရီသီး ၊ ငှက်ပျောသီး ၊ နာနတ်သီးနဲ့ သခွားမွှေး စတာတွေကို အဓိက စားသုံးပေးနိုင်ပါတယ်။
2) အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်များ
ကိုက်လန်နဲ့ဟင်းနုနွယ်ရွက်စတာတွေကတော့ ကင်ဆာကို တိုက်ဖျက်ပေးနိုင်စွမ်းရှိတဲ့ ဟင်းသီးဟင်းရွက်တွေထဲ ပါဝင်ပါတယ်။ ဒီအစိမ်းရောင်အရွက်တွေမှာ ပါဝင်တဲ့ အမျှင်ဓာတ်နဲ့ ဖောလိတ်ဓာတ်တွေဟာ ဆဲလ်အသစ်တွေထုတ်လုပ်ဖို့ ကူညီပေးပြီး DNA ပြုပြင်ပေးဖို့လည်း အထောက်အကူဖြစ်စေပါတယ်ရှင်။
3) မုန်လာဥနီများ
မုန်လာဥနီမှာ beta-carotene ခေါ်တဲ့ Anti-oxidant နဲ့ ဗီတာမင်စတဲ့ ကင်ဆာကို ကာကွယ်ပေးနိုင်တဲ့ ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါ့အပြင် မုန်လာဥနီမှာပါတဲ့ 'Facarinol' ဓာတ်က ရောင်ရမ်းမှုတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်ရှင်။
4) Whole Grains (အစေ့အဆန်များ)
အစေ့အဆန်တွေမှာ အမျှင်ဓာတ် ၊ ကာဗိုဟိုက်ဒရိတ် ၊ ဗီတာမင်နဲ့ အခြားသောသတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်လို့ အစာချေဖျက်မှုကို အထောက်အကူပေးပါတယ်။ ဒါ့အပြင်
အစေ့အဆန်တွေက ကင်ဆာဆဲလ်ပွားများမှုကို ဟန့်တားနိုင်ပြီး ကင်ဆာကို တိုက်ဖျက်ပေးနိုင်တဲ့ 'Saponins' ဓာတ်လည်း ပါဝင်လို့ ကင်ဆာဝေဒနာသည်တွေအတွက်
အထူးသင့်တော်ပါတယ်။
5) အသားငါးများ
ကင်ဆာဖြစ်နိုင်ချေလျှော့ချနိုင်ဖို့ အမဲသား ၊ သိုးသား ၊ ဝက်သားစတဲ့ အနီရောင်အသားတွေကို တစ်ပတ်မှာ ၂ ကြိမ်ကနေ ၃ ကြိမ် သို့မဟုတ် တစ်နေ့တစ်ကြိမ်ထက်မပိုစေဘဲ စားသုံးဖို့
အကြံပြုကြပါတယ်။ဒါပေမဲ့ အစိမ်းစားတာမျိုးထက် မှန်ကန်စွာ ချက်ပြုတ်ထားတဲ့ အသားငါးနဲ့ ကြက်ဥ စတာတွေကိုသာ စားသုံးပေးသင့်ပါတယ်။ပြုပြင်ထားတဲ့ စည်သွပ်အသားဗူးတွေ ၊ ကြပ်တိုက်ထားတဲ့ အသားတွေကိုတော့ လုံးဝရှောင်သင့်ပါတယ်။ အာဟာရရဖို့ အသားစားသုံးသင့်ပေမဲ့ ကင်ဆာဝေဒနာသည်တွေအနေနဲ့တော့ အနီရောင်အသားစားသုံးမှုကို တတ်နိုင်သမျှတော့ လျှော့ချဖို့ လိုပါတယ်။
6) ဟင်းသီးဟင်းရွက်များ
brocoli ပန်းဂေါ်ဖီစိမ်း ၊ ပန်းဂေါ်ဖီနဲ့ ဂေါ်ဖီထုပ်တွေမှာ 'Glucosinolates' ဆိုတဲ့ အင်ဇိုင်းဓာတ်တွေပါဝင်ပါတယ်။ ဒီဟင်းသီးဟင်းရွက်တွေက ကင်ဆာဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ကြောင်း စစ်တမ်းတွေထဲမှာလည်း
တွေ့ရှိရပါတယ်။
7) ဒိန်ချဉ်
အချိုမပါတဲ့ ဒိန်ချဉ်တွေက ကျန်းမာရေးနဲ့ညီညွတ်ပြီး အစာချေဖျက်စနစ်ကို အားပေးပါတယ်။ ပရိုတင်းဓာတ်လည်းကြွယ်ဝပြီး အရသာအတွက် သစ်ကြံပိုးခေါက် ၊ ဘယ်ရီသီး စတာတွေထည့်ပြီးလည်း စားသုံးနိုင်ပါတယ်။
8) ပဲပိစပ်
ပဲပိစပ်မှာ ပါဝင်တဲ့ 'Isoflavones' ဆိုတဲ့ ကင်ဆာဆန့်ကျင်နိုင်တဲ့ဂုဏ်သတ္တိတွေပါဝင်ပါတယ်။ ပဲနို့ ၊ တို့ဟူးစတာတွေနဲ့ ပဲပိစပ်ပမာဏအနည်းငယ်ကို စားသုံးပေးနိုင်ပါတယ်။
မျှတတဲ့ အစာအာဟာရတွေကလည်း ကင်ဆာဝေဒနာသက်သာစေနိုင်ပါတယ်။ ကျန်းမာသော အစားအစာတွေနဲ့ ကင်ဆာဝေဒနာကို ဖြတ်ကျော်နိုင်ကြပါစေ။
🏥 **Shwe International Healthcare Center**
📍 **လိပ်စာ**
အမှတ် (57), 32 လမ်းနှင့် 71 x 72 ကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
📞 **Call Us:**
☎️ 09 76 73 65 65 8
☎️ 09 958 70 70 30
☎️ 09 977 866 860
☎️ 09 440 450 451
🌐 **Website:** https://shwehealthcare.com
**"We Care, You Can Trust"** ❤️🩺