PRO Rehab Center

PRO Rehab Center Rehabilitation Center

23/07/2025

ကျန်းမာ ကြံ့ခိုင် ပြန်လည် သန်စွမ်းဖို့
PRO မှာ လာရောက် လေ့ကျင့်ကြပါစို့
💪💖💪









 #သူ့အတွက်UnicefPRO Rehab Center မှ Disable ကလေးများအတွက် မိတ်ဖက်အဖွဲ့စည်းများနှင့်တွဲဖက်၍ ပါဝင် ကူညီခဲ့သော အမှတ်တရ ပုံရ...
03/07/2025

#သူ့အတွက်Unicef
PRO Rehab Center မှ Disable ကလေးများအတွက် မိတ်ဖက်အဖွဲ့စည်းများနှင့်တွဲဖက်၍ ပါဝင် ကူညီခဲ့သော အမှတ်တရ ပုံရိပ်လေးများ







20/06/2025

တုပ်ကွေးရာသီရောက်ပြီဆိုတော့ နှစ်တိုင်း သတိပေးနေကျစကားတွေ ပြန်သတိပေးရပါဦးမယ်။

✅ ကလေးတွေ ခုချိန်မှာ ဖျားရတဲ့ အဓိက အကြောင်းရင်းက ရာသီတုပ်ကွေး (Seasonal Flu) ကြောင့်ပါ။

✅ ဒီရက်ပိုင်း ကလေးတွေမှာ ဖျားတဲ့တုပ်ကွေးဖျားပုံစံက - ဖျားပြီဆိုရင် တစ်ရက်ခွဲ (၃၆ နာရီအတွင်း) အဖျား တက်လိုက်ကျလိုက် ဖြစ်နေတတ်ပါတယ်။ ပထမဆုံးဖျားတဲ့ည အဖျားကြီးတတ်ပါတယ်။ ( ဖျားရင် တက်တတ်တဲ့ ကလေးတွေအတွက် ကြိုတင်ကာကွယ်ဖို့)
ဒါကြောင့် တစ်ရက်မပြည့်ခင် အဖျားမကျတာတစ်ခုထဲနဲ့ အရမ်းစိတ်ပူ စိုးရိမ်စရာမလိုပါ။ ကလေးလန်းတယ်၊ အစားလဲဝင်တယ် ထွေထွေထူးထူးမရှိရင် ဆေးတိုက်ရင်းစောင့်ကြည့်ပါ။

✅ တချို့ဒေသတွေ မြို့နယ်တွေမှာ အစာအဆိပ်သင့်လို့ အန်တာနဲ့အရင်စ၊ ပြီးတော့ အဖျားနဲ့ ဝမ်းလျှောတာ လိုက်လာတာမျိုး ဖြစ်နေတာတွေ့ရပါတယ်။ ( ဆရာရေးပြီးသားတွေပြန်ဖတ်ပါ)

✅ ကိုယ့်သဘောနဲ့ကိုယ် ပိုးသတ်ဆေး မတိုက်ပါနဲ့။ မလိုဘဲတိုက်နေသူတွေအများကြီးတွေ့နေရပါတယ်။ ပြောကောင်းသောသူများ ၊ ပြောမကောင်းသောသူများ ထည့်ထည့်တိုက်နေကြတာတွေ့ရတာ တော်တော်ခက်ပါတယ်။

✅ ကလေးမှိန်းရင်၊ အဖျားအရမ်းကြီးရင်၊ အန်ရင် ၊ ရောဂါလက္ခဏာ က တစ်ခု မက ရင် ( ဖျား + ဝမ်းလျှော + အန် စသဖြင့်) ဆေးခန်းပြပါ။ တက်သွားရင် ဆေးခန်း/ဆေးရုံ မဖြစ်မနေပြပါ။

✅ အဖျား ၄၈ နာရီကျော်ရင် သွေးလွန်တုပ်ကွေးသတိရှိပါ။ သွေးလွန်တုပ်ကွေးတွေ စ တွေ့နေရပါပြီ။

✅ မအန်ဘူး အစားဝင်တယ်ဆိုရင် အစား မဖြတ်ပါနဲ့။ အဖျားကြီးရင် အရည်ဆန်ဆန်ပျော့ပျော့ ဝင်လွယ်တာကျွေးပါ။ နည်းနည်း နဲ့ ခဏခဏကျွေးပါ။ ရေ၊ အရည် များများတိုက်ပါ။

✅ အမေအဖေက ကလေးရဲ့ တစ်နေ့တာနဲ့ ကလေးလှုပ်ရှားဟန် အကြောင်း အသိဆုံးပါ။ စိတ်ထဲ တစ်ခုခုမဟုတ်သေးဘူးထင်ရင် နားလည်တတ်ကျွမ်းသူနဲ့ ပြသကုသပါ။

ကျန်းမာသတိနဲ့ ကျန်းမာရွှင်လန်းကြပါစေ။

Credit :
Dr. စိုင်းမြတ်သူ

29/05/2025

ဒူးနာ၊ခါးနာ စတဲ့ အကြောအဆစ်ဆိုင်ရာ ဝေဒနာ များ နာကျင်ခံစားနေရပြီဆိုရင် Pro Rehab Center ကိုသာ သတိရလိုက်ပါရှင့်

လောလောဆယ် PRO မိသားစု တွေ ကလော၊ရွာငံ၊ မေမြို့ ခရီးထွက်ခဲ့တဲ့ ပျော်ရွင်စရာ အမှတ်တရ ပုံလေးတွေ မျှဝေပါရစေရှင့်။ Happy Weeke...
24/05/2025

လောလောဆယ်

PRO မိသားစု တွေ ကလော၊ရွာငံ၊ မေမြို့ ခရီးထွက်ခဲ့တဲ့ ပျော်ရွင်စရာ အမှတ်တရ ပုံလေးတွေ မျှဝေပါရစေရှင့်။ Happy Weekend ပါ။

20/05/2025

"တတိယလှိုင်း ဗီဇပြောင်း ကိုဗစ်19 ရောဂါ

လက္ခဏာများ"

ကူးစက်ခံရပြီး ၁ ရက်မှ ၃ ရက်

၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။
၂။ လည်ချောင်းအနည်းငယ်နာသည်။
၃။ ဖျားနာကို-က်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရှိ။
၄။ ပုံမှန်အတိုင်း အစားအသောက်မပျက်။

၄ ရက်မြောက်နေ့

၁။ အာသီးအနည်းငယ်ယောင်သည်။
၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။
၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5C ဖြစ်သည်။ သို့သော် အစားသောက်မြိုချရာတွင် အခက်အခဲရှိသည်။ခေါင်းအနည်းငယ်ကို-က်မည်။
၄။ light belly အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့အနည်းငယ် မူးဝေနေမည်။

၅ ရက်မြောက်နေ့

၁။ လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။
၂။ ကိုယ်အပူချိန် 36.5-36.7C တွင်ရှိမည်
၃။ အဆစ်အမြစ် ကို-က်ခဲနာကျင်မည်။

၆ ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 37 C+ အထက်ရောက်လာသည်။
၂။ သလိပ်မထွက်သည့် ချောင်းခြော-က်ဆို:သည်။
၃။ စကားပြောတိုင်း အစာစားတိုင်း လည်ချောင်း
နာကျင်နေမည်။
၄။ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။
၅။ ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။
၆။ inches feel pain ခြေချောင်းများ နာကျင်လာမည်။
၇။ ဝမ်းလျှော၍ အော့အန်မည်။

၇ ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 37.4-37.8C ရှိလာသည်။
၂။ ချောင်းအဆက်မပြ-တ်ဆို:ပြီး သလိပ်ပျစ်ပျစ်များ
ထွက်နေမည်။
၃။ ခေါင်းကို-က်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကို-က်ခဲနာကျင်နေ
မည်။
၄။ အပြင်းအထန် ဝမ်းလျှောမည်။
၅။ အော့အန်မည်။

၈ ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 38C +++ အထက်ထိရောက်လာပြီး
အပြင်းအထန်ဖျားလာမည်။
၂။ အသ-က်ရှူရန် အခက်အခဲဖြစ်လာသည်။
၃။ ချောင်းအဆက်မပြ=တ်ဆို.:မည်။
၄။ ခေါင်းကို-က်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများ
နာကျင်မည်။
၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး
ကို-က်ခဲနာကျင်မည်။

၉ ရက်မြောက်နေ့

၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။
၂။ အပြင်းအထန် အဖျားတက်လာမည်။
၃။ အချို့ရောဂါလက္ခဏာများ သက်သာလာမည်။
၄။ သို့သော် အသက်ရှူရန်အတွက် အပြင်းအထန်
ကြိုးစားလာရမည်ဖြစ်သည်။ ထိုအနေအထားသို့
ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန် လိုအပ်လာပြီဖြစ်သည်။

ထိုင်းနိုင်ငံ ချူလာလောင်ကောင် ဆေးရုံမှ ထုတ်ပြန်သည်။

အကြံပြုချက်များ
***************
၁။ မတ်(စ်)တပ်ပါ
၂။ လက်ကို ဆပ်ပြာဖြင့် စက္ကန့် (၂၀) ဆေးပါ
၃။ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာနေပါ
၄။ ထိတွေ့ပြီးတိုင်း ပို:သ-က်ဆေးဖြင့် ဖြန်းပါ
၅။ လက်ဆွဲနှုတ်ဆက်ခြင်းမှ ရှောင်ကြင်ပါ
၆။ အပြင်သွားလျှင် လက်အိတ်ဝတ်ပါ ___________________________________
CrD

24. 4. 25PRO Rehab မိသားစုဝင်များနှင့် Center လာ လူနာမိသားစု များအတွက်ငလျင် ရဲ့နောက်ဆက်တွဲကြောင့် စိတ်ဒဏ်ရာတွေ လျော့ပါးဖ...
02/05/2025

24. 4. 25

PRO Rehab မိသားစုဝင်များနှင့် Center လာ လူနာမိသားစု များအတွက်
ငလျင် ရဲ့နောက်ဆက်တွဲကြောင့် စိတ်ဒဏ်ရာတွေ လျော့ပါးဖြေလျော့ နိုင်ဖို့၊
စနစ်တကျ ထိရောက်စွာ ကူညီ ပံပိုး ဝေမျှနိုင်ဖို့
Psychosocial Support Rehabilitation Team နှင့် workshop လေးပြုလုပ်ပီး သင်တန်းလေးတက်ရောက်ခဲ့ပါသည်

အားလုံးပဲ စိတ်ပိုင်းဆိုင်ရာ အမြန်ဆုံးပြန်လည် ကျန်းမာ ကြပါစေ

နှစ်သစ်ကူး Center ပိတ်ရက် ကြေငြာခြင်း❗
13/04/2025

နှစ်သစ်ကူး Center ပိတ်ရက် ကြေငြာခြင်း❗

01/04/2025

Center ခေတ္တ ပိတ်ထားခြင်း ကြေငြာခြင်း

ယခုလတ်တလော ဖြစ်ပေါ်ခဲ့သော ငလျင် အန္တရာယ်ကြောင့် Pro Rehab Center မှ ဆရာ/ဆရာမ များနှင့် လာရောက်ကုသကြသော လူနာအများ ဘေးကင်းလုံခြုံရေးကို ဦးစားပေးလိုသည်က တကြောင်း၊
ထပ်မံဖြစ်ပေါ်နိုင်သည့် ငလျင်ကို စောင့်ကြည့်လိုခြင်းများကြောင့် Center အား ခေတ္တ ပိတ်ထားမည် ဖြစ်ပါသည်။
လူနာ အများ ဘေးအန္တရာယ် အပေါင်းမှ လွတ်ကင်းနိုင်ကြပါစေရှင့်။

15/11/2024

PRO က ဆရာမ တွေ ဘယ်လောက် ကဲနေကြလဲ ထိန်းကူကြပါအုံးရှင်🤣

တန်ဆောင်တိုင်ပျော်ပွဲရွှင်ပွဲလေး အရမ်းပျော်ခဲ့ရပါတယ်❤️

ချစ်ရတဲ့ လူနာတွေလဲ အပျော်တွေကူးစက်ပါစေ🥰🥰





14/11/2024

15.11.2014 တန်ဆောင်မုန်းလပြည့်နေ့ မှာ

PRO Rehab Center (၁)ရက် ပိတ်ပါတယ်ရှင့်❤️❤️

ပျော်စရာ တန်ဆောင်တိုင်လေး ဖြစ်ကြပါစေရှင့်🙏🙏🙏



10/11/2024

ကဲကဲကဲ‼️

ကျွန်တော်/ကျွန်မ က အားကောင်ကောင်း သန်သန်မာမာ
စိတ်ရှည် သဘောကောင်း တဲ့ ယောကျ်ားလေး ဆရာနဲ့
လေ့ကျင့်ချင်တယ် ဆိုတဲ့ လူနာများအတွက်
PRO မှာ ဆရာကောင်း နဲ့ လေ့ကျင့်လို့ရပါပြီ



#အကြောအဆစ်
#လေ့ကျင့်ခန်း
#ကာယ

Address

Mandalay

Opening Hours

09:00 - 17:00

Telephone

+959760342280

Website

Alerts

Be the first to know and let us send you an email when PRO Rehab Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share