Medical Family Mandalay - MFM

Medical Family Mandalay - MFM A collective demonstration against military coup (Spring Revolution 2021)
(1)

FYI
03/04/2026

FYI

ကျောင်းသားကျောင်းသူများအား အကြောင်းကြားခြင်း

၁။ ၂၀၂၆ ခုနှစ် ဧပြီလ (၁/ ၂/ ၃) ရက်နေ့တို့တွင် တအာင်းဒေသအတွင်းရှိ ကျောင်းသားကျောင်းသူ များအတွက် စာမေးပွဲမတိုင်မီ ဖြေဆိုရမည့်နေရာကို အရောက်လာရမည်ဖြစ်ပြီး ရောက်ရှိကြောင်းကို အကြောင်းကြားရမည်ဖြစ်သည်။ ကျောင်းသားကျောင်းသူများ၏ Email ထဲတွင် ဖြေဆိုရမည့်နေရာကို ပေးပို့ထားပြီဖြစ်သည်။

၂။ တအာင်းဒေသပြင်ပကျောင်းသားများအနေဖြင့် Online မှ ဖြေဆိုရမည်ဖြစ်သောကြောင့် စာမေးပွဲ မတိုင်မီရက်တွင် သက်ဆိုင်ရာ ကျောင်းသား/ကျောင်းသူ၏ Email တွင် အသုံးပြုမည့် Zoom Link ကို ပို့ပေးထားမည်ဖြစ်သည်။

Online ဖြေဆိုရမည့် သူများအတွက် စည်းကမ်းချက်
ဝင်ခွင့်စာမေးပွဲဖြေဆိုမည့် ကျောင်းသားများ ကြိုတင်ပြင်ဆင်နိုင်ပါရန်
⚠️ ဝင်ခွင့် စာမေးပွဲ ဖြေဆိုမည့် ကျောင်းသားများ စာမေးပွဲခန်း Zoom အတွင်း သို့ စတင် ရောက်ရှိရမည့် အချိန်မှာ 6.4.2026 နံနက် 8:30 ဖြစ်ပါသည်။
⚠️ ရေးဖြေ စာမေးပွဲအတွက် ကင်မရာ နှင့် mic များကို zoom join သည်မှစ၍ စာမေးပွဲပြီးသည် အထိ ဖွင့်ထားရမည် ဖြစ်ပါသည်။

ဝင်ခွင့် စာမေးပွဲ မဖြေခင် ကြိုတင်ပြင်ဆင်ထားရန်
👉ကျောင်းသား တစ်ယောက်ကို camera 2 ခု (အရှေ့ တည့်တည့်မှ တစ်ခု နှင့် ဘေးမှ တခု) ဖွင့်ရန် (သို့မဟုတ်) ကျောင်းသား၏ နောက်တည့်တည့်တွင် မှန် တစ်ချက် ထောင်ထားရန် လိုအပ်ပါသည်။
👉 ကျောင်းသား စာရေးနေသည် နှင့် computer/ phone screen ကို စာစစ်သူမှ ရှင်းရှင်းလင်းလင်း မြင်ရရန် စီစဉ်ပေးထားရန် လိုအပ်ပါသည်။
👉 Mic ကို စမ်းကြည့်ထားရန် လိုအပ်ပါသည်။
👉 စာမေးပွဲဖြေနေစဉ် အတွင်း စာအုပ်ဖွင့်ကြည့်ခြင်း နှင့် online မှ စာရှာခြင်း တို့အား တင်းကျပ်စွာ တားမြစ်ပါသည်။
👉 စာမေးပွဲဖြေဆိုအပြီးတွင် အဖြေလွှာကို ဓါတ်ပုံရိုက်ပြီး ၃ မိနစ် အတွင်း zoom channel ထဲသို့ ပို့ပေးရမည် ဖြစ်ပါသည်။
👉 အထက်ဖော်ပြပါ online စာမေးပွဲ လိုအပ်ချက်များ အတွက် စာမေးပွဲခန်းသို့ မဝင်မှီ ၁ ရက် တည်းက ကြိုတင်ပြင်ဆင်ထားနိုင်ရန် တိုက်တွန်းပါသည်။

It's happening!Our photo exhibition and solidarity event is officially starting at Landin Cafe in Chiang Mai.We invite y...
28/03/2026

It's happening!

Our photo exhibition and solidarity event is officially starting at Landin Cafe in Chiang Mai.

We invite you to come join us! Come experience powerful stories through photos and stand together in solidarity!

ချင်းမိုင်မြို့က Landin Cafe မှာ ကျွန်တော်တို့ရဲ့ ဓာတ်ပုံပြပွဲနဲ့ ရန်ပုံငွေရှာဖွေပွဲ အခမ်းအနားကို စတင်လိုက်ပါပြီ။

ဒီပွဲလေးကို လာရောက်ဆင်နွှဲဖို့ လူကြီးမင်းတို့အားလုံးကို ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ ဓာတ်ပုံတွေကတစ်ဆင့် သက်ဝင်လှုပ်ရှားနေတဲ့ ပုံပြင်တွေကို ခံစားကြည့်ရှုရင်း အားလုံးနဲ့အတူ တစ်သားတည်း ရပ်တည်ပေးဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

၅ နှစ်ပြည့် သတိရ လွမ်းဆွတ်ခြင်းကျတော်တို့နှလုံးသားထဲမှာ ထာဝရရှင်သန်နေမယ့် ကျန်းမာရေးအာဇာနည်များကို အလေးနီပြုအပ်ပါသည် 🫡🫡🫡
28/03/2026

၅ နှစ်ပြည့် သတိရ လွမ်းဆွတ်ခြင်း
ကျတော်တို့နှလုံးသားထဲမှာ ထာဝရရှင်သန်နေမယ့် ကျန်းမာရေးအာဇာနည်များကို အလေးနီပြုအပ်ပါသည် 🫡🫡🫡

(၂) နှစ်ပြည့် သတိရတမ်းတ ဝမ်းနည်းကြောင်း သဝဏ်လွှာ

၁။ ကျန်းမာရေး မိသားစု - မန္တလေး (Medical Family Mandalay - MFM) သပိတ်စစ်ကြောင်းများ၏ Defense Team တွင် ရှေ့တန်းမှ တက်ကြွစွာ ပါဝင်ခဲ့သော ပြင်ဦးလွင်ဆေးရုံမှ ဒေါက်တာ သီဟတင်ထွန်း သည် မန္တလေးမြို့၊ လမ်းမထက်၌ ငြိမ်းချမ်းစွာ ဆန္ဒပြနေစဉ်အကြမ်းဖက် စစ်ကောင်စီ၏ ရက်ရက်စက်စက် ပစ်ခတ်ခံခဲ့ရသည့်အပြင် စစ်သား၊ ရဲသားမျာ၏ လူမြင်ကွင်း၌ပင် နှိပ်စက်ညှင်းပန်းသတ်ဖြတ်ခဲ့မှုကြောင့် ကျဆုံးခဲ့သည်မှာ (၂၇.၃.၂၀၂၃) တွင် (၂) နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါသည်။

၂။ ဝမ်းတွင်းမြို့၊ ရေဆုံးလမ်းထိပ်တွင် ဖက်ဆစ်စစ်တပ်၏ လူမဆန်စွာ ရက်စက်မှုကြောင့် Alumni of University of Medicine, Mandalay, 2005 Batch မှ ဒေါက်တာ ဖြိုးသန့်ဝေ သည် လည်ပင်းကျည်ဆန်ထိမှန် ကျဆုံးခဲ့သည်မှာလည်း (၂၇.၃.၂၀၂၃) တွင် (၂) နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါသည်။

၃။ မုံရွာမြို့ရတနာပုံရပ်ကွက်တွင် အကြမ်းဖက်စစ်တပ်၏ ရက်စက်ယုတ်မာလူမဆန်စွာ ပစ်ခတ်သတ်ဖြတ်ခံနေရသည့် အပြစ်မဲ့ပြည်သူများအား ကယ်ဆယ်ကာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော မုံရွာမြို့ ဆေးအကူအဖွဲ့ဝင် သူနာပြုသင်တန်း ဒုတိယနှစ်ကျောင်းသူ မသဉ္ဇာဟိန်း သည် ဦးခေါင်းကို ကျည်ထိမှန် ကျဆုံးခဲ့သည်မှာလည်း (၂၈.၃.၂၀၂၃) တွင် (၂) နှစ်ပြည့်မည် ဖြစ်ပါသည်။

ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးကာ လူ့အသက်များအား ကယ်ဆယ်လျက် ရှိသည့် ဆရာ၊ ဆရာမများသည် စစ်အာဏာရှင်၏ လူမဆန်စွာ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည့်အတွက် ကျွန်ုပ်တို့ ကျန်းမာရေးမိသားစု-မန္တလေးအနေဖြင့် မိသားစုများနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။

အဓမ္မကို တော်လှန်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့ရသည့် ကျန်းမာရေးမိသားစု ဆရာ၊ ဆရာမ (၃) ဦးအား ကျွန်ုပ်တို့ ကျန်းမာရေးမိသားစု - မန္တလေးက လေးစား ဂုဏ်ပြု ဦးညွတ်လိုက်ပါသည်။

နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသွားခဲ့ရသော ပြည်သူ့သူရဲကောင်းများနှင့် ဖမ်းဆီးခံထားရသည့် ရဲဘော်ရဲဘက်များအတွက် ကျွန်ုပ်တို့ ကျန်းမာရေးမိသားစု - မန္တလေးအနေဖြင့် သွေးကြွေးကို ပြန်လည်ရယူသွားမည် ဖြစ်ကြောင်း နှင့် စစ်အာဏာရှင်ကို ဖြုတ်ချပြီး တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုတစ်ရပ်လုံးက လိုလားတောင့်တလျက်ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ထောင်နိုင်ရေးအတွက် တတ်စွမ်းသမျှ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုအပ်ပါသည်။

ဓမ္မအတွက် အသက်ကိုပေးကာ တော်လှန်တိုက်ပွဲဝင်ရင်း မြင့်မြတ်စွာကျဆုံးခဲ့ရသည့်
*** နွေဦးတော်လှန်ရေးရဲဘော်များ မြင့်မြတ်ရာကောင်းကင်ဘုံတွင် အေးချမ်းပါစေသား***

ကျန်းမာရေးမိသားစု - မန္တလေး
Medical Family Mandalay - MFM

Tealand Medical Schoolတအာင်းပြည်အသိပေးကြေညာချက်စာအမှတ်။  ။ ၀၀၃/ ၂၀၂၆မတ်လ (၂၃) ရက်၊ ၂၀၂၆ ခုနှစ်၁။ Tealand Medical School ...
23/03/2026

Tealand Medical School
တအာင်းပြည်
အသိပေးကြေညာချက်
စာအမှတ်။ ။ ၀၀၃/ ၂၀၂၆
မတ်လ (၂၃) ရက်၊ ၂၀၂၆ ခုနှစ်

၁။ Tealand Medical School ၏ ဝင်ခွင့်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုခွင့်ရှိသည့် ကျောင်းသားကျောင်းသူ များစာရင်းကို TMS Student Code No. နှင့်တကွ ထုတ်ပြန် ကြေညာလိုက်သည်။
၂။ ကျောင်းသားကျောင်းသူများစာရင်းကို ကြေညာရာ၌ ကျောင်းသားကျောင်းသူတို့၏ လုံခြုံရေးအရ အမည်ကိုဖော်ပြခြင်းမပြုဘဲ အမည်အတိုကောက်(အင်္ဂလိပ်လို)နှင့် တက္ကသိုလ်ဝင်တန်း ခုံနံပါတ် (သို့) BECA ID No. များဖြင့်သာ ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။
၂။ ဝင်ခွင့်ဖြေဆိုခွင့်ရ ကျောင်းသားကျောင်းသူများ၏ လျှောက်လွှာတင်ချိန်တွင် ဖြည့်သွင်းထားသည့် Email ထဲသို့လည်း Student Code No. များကို ပေးပို့ထားပြီးဖြစ်သည်။ ထို့ကြောင့် ဝင်ခွင့်ဖြေဆိုခွင့်ရ ကျောင်းသားကျောင်းသူများအနေဖြင့် မိမိတို့ Email ထဲသို့ Tealand Medical School ၏ အကြောင်းကြားစာ ‌ရောက်/မရောက် ဝင်ရောက်စစ်ဆေးကြရမည်ဖြစ်သည်။
၃။ ကြေညာချက်ထဲတွင် မပါရှိသော ကျောင်းသားကျောင်းသူများသည် Tealand Medical School၏ ဝင်ခွင့်စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုရန် ရွေးချယ်ခံရခြင်း မရှိသောကြောင့်ဖြစ်သည်။
၄။ သိရှိလိုသည်များရှိပါက Tealand Medical School ၏ page, Telegram acc နှင့် Email သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ပညာရေးဘုတ်အဖွဲ့
Tealand Medical School (TMS)
Ta’angland Healt Council (THC)
တအာင်းပြည်

"1-Year Earthquake Commemoration Photo    Exhibition & Fundraising Event"March 28, 2026 | Lan Din Cafe, Chiang MaiIt has...
21/03/2026

"1-Year Earthquake Commemoration Photo Exhibition & Fundraising Event"

March 28, 2026 | Lan Din Cafe, Chiang Mai

It has nearly been one full year since the devastating 7.7 magnitude earthquake struck Central Myanmar near the Mandalay and Sagaing regions on March 28, 2025. This disaster claimed over 5,000 lives, injured more than 11,000 people, and left countless families with destroyed homes and livelihoods.
In the months following the quake, families have struggled desperately to rebuild their lives. Compounding this tragedy, the ongoing nationwide conflict has forced over 200,000 additional people to flee their homes, seeking safety as internally displaced persons (IDPs). The people of Central Myanmar are currently bearing the double burden of natural disaster and civil war.
One year later, many survivors still lack adequate assistance. As daily clashes continue in Mandalay and Sagaing, the number of displaced persons grows, and the humanitarian crisis becomes even more dire. While an earthquake lasts only moments, the resulting humanitarian emergency continues to escalate. Yet, through these conflicts and hardships, the people remain resilient.
Emergency Management Committee (EMC) Mandalay is a humanitarian organization formed by local forces in the Mandalay region to respond to these crises. Established in 2023, EMC has been working on the ground to provide earthquake relief and support for those displaced by war.
On March 28, we will host a "Solidarity Event" and photo exhibition at Lan Din Cafe in Chiang Mai, Thailand. Through photographs and documentation, we aim to honor the year-long resilience of the people of Central Myanmar and raise funds for those still fighting to recover.
Event Highlights:
• Photo Exhibition: Reflecting the ground reality of Central Myanmar caught between earthquake and war.
• Panel Discussions: Insightful conversations on the current situation.
• Traditional Food & Crafts: Stalls featuring Myanmar cuisine and handmade goods.
• Fundraising Souvenirs: Exclusive items available for purchase.
• Special Lucky Draw: A chance to win memorabilia signed by a beloved Myanmar celebrity.
100% of all proceeds from this event will be used to support earthquake victims and displaced persons.
We invite you to stand with the people of Central Myanmar, to honor their resilience over this past year, and to contribute to their recovery.

Location: Lan Din Cafe
Date: March 28, 2026
Time: 2:00 PM – 6:00 PM

Location: Lan Din Cafe https://maps.app.goo.gl/4P7J5SEDoyAfqv1f7?g_st=ic
Date: March 28, 2026
Time: 2:00 PM – 6:00 PM

လက်ရှိဖြစ်ပွါးနေသော ညီနောင် ပဋိပက္ခ အား တွေ့ဆုံညှိနှိုင်း ဖြေရှင်းကြပါရန်  Medical Family Mandalay-MFM   CDM ကျန်းမာရေးအ...
15/03/2026

လက်ရှိဖြစ်ပွါးနေသော ညီနောင် ပဋိပက္ခ အား တွေ့ဆုံညှိနှိုင်း ဖြေရှင်းကြပါရန် Medical Family Mandalay-MFM CDM ကျန်းမာရေးအင်အားစု တအာင်းပြည် နှင့် အထူးဒေသ(၁) ကျန်းမာရေးအင်အားစုများ၏ မေတ္တာရပ်ခံ ပန်ကြားချက်
မတ်လ-၁၅ရက် ၂၀၂၆

ရက်စွဲ။  ။မတ်လ(၁၅)ရက်၊၂၀၂၆ခုနှစ်                 မေတ္တာရပ်ခံ ပန်ကြားချက်​၁။ စစ်အာဏာရှင် ကျရှုံး​ရေး အတွက်  တိုက်ပွဲ​ဖော်...
15/03/2026

ရက်စွဲ။ ။မတ်လ(၁၅)ရက်၊၂၀၂၆ခုနှစ်

မေတ္တာရပ်ခံ ပန်ကြားချက်

၁။ စစ်အာဏာရှင် ကျရှုံး​ရေး အတွက် တိုက်ပွဲ​ဖော်​ဆောင်ခဲ့​​ကြသော ​မြောက်ပိုင်းညီ​နောင်မဟာမိတ် ၃​ဖော် နှင့် အတူ ကျန်းမာ​ရေး ​စောင့်​ရှောက်မှု ​ပေးခဲ့ရသည့် အတွက် Medical Family Mandalay (MFM) မှ ဝမ်း​မြောက်ဂုဏ်ယူခဲ့ရပါသည်။ စစ်​အာဏာရှင် ကျရှုံး​ရေး အတွက် ဆက်လက်တိုက်ပွဲ​ဖော်​ဆောင်​ရေးတွင်လည်း ဆက်လက်၍ လက်တွဲလုပ်​ဆောင်ပြီး ဝမ်း​မြောက်ဂုဏ်ယူလိုပါသည်။

၂။ မြောက်ပိုင်း ညီနောင်မဟာမိတ် ၃​ဖော်ထဲမှ လက်ရှိပဋိပက္ခဖြစ်ပွါးနေသော
မြန်မာနိုင်ငံအမှန်တရားနှင့်တရားမျှတ​​သောအမျိုးသားပါတီ/မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မ​တော် (MNTJP/MNDAA)နှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး / တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) တို့အနေဖြင့်
- မြန်မာပြည်တော်လှန်ရေးတစ်စုံလုံး၏ အနေထား
- မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ တော်လှန်ရေး အောင်မြင်ရေး မျှော်မှန်းချက်
- နွေဦးတော်လှန်ရေးတွင် ပေးဆပ်ပြီး အသက်ပေးလှူသွားသော ရဲဘော်လူနာများနှင့်
- နှစ်ဖက်အဖွဲ့အစည်းတွင် တော်လှန်ရေးကိုရှေးရှု၍အလုပ်လုပ်ကိုင်နေကြသော CDMကျန်းမာရေးဝန်ထမ်းများ၏ မျက်နှာကိုထောက်ထား၍
တွေ့ဆုံညှိနှိုင်းခြင်းဖြင့် မိတ်ဖက်ပြဿနာကို ဖြေရှင်းပေးကြပါရန် Medical Family Mandalay(MFM)မှ
မေတ္တာရပ်ခံတောင်းဆိုပါသည်

လေးစားစွာဖြင့်
ကျန်းမာရေး မိသားစု -မန္တလေး
Medical Family Mandalay-MFM

Medical Family Mandalay (MFM)

Tealand Medical School လျှောက်ထားသူများ ကြိုတင်ပြင်ဆင်ထားရမည့် ဘာသာရပ်များနှင့် သိထားရမည့် ရက်စွဲများ
17/02/2026

Tealand Medical School လျှောက်ထားသူများ ကြိုတင်ပြင်ဆင်ထားရမည့် ဘာသာရပ်များနှင့် သိထားရမည့် ရက်စွဲများ

Tealand Medical School လျှောက်လိုသူများ စတင်လက်ခံနေပါပြီ
11/02/2026

Tealand Medical School လျှောက်လိုသူများ စတင်လက်ခံနေပါပြီ

Medical Family Mandalay တည်ထောင်ခြင်း (၅) နှစ်ပြည့်သို့ ဆေးတက္ကသိုလ်-မန္တလေး ကျောင်းသားများသမဂ္ဂ တော်လှန်ရေးတပ်ဦး (UMMSU...
10/02/2026

Medical Family Mandalay တည်ထောင်ခြင်း (၅) နှစ်ပြည့်သို့ ဆေးတက္ကသိုလ်-မန္တလေး ကျောင်းသားများသမဂ္ဂ တော်လှန်ရေးတပ်ဦး (UMMSURF) မှ ပေးပို့သော သဝဏ်လွှာ

Ta’ang Land Health Council (T.H.C)College of Nursing and Health Science (Ta'ang Land)တအာင်းပြည် သူနာပြုနှင့် ကျန်းမာရေးသ...
09/02/2026

Ta’ang Land Health Council (T.H.C)
College of Nursing and Health Science
(Ta'ang Land)
တအာင်းပြည် သူနာပြုနှင့် ကျန်းမာရေးသိပ္ပံ
ကောလိပ်

ရက်စွဲ ။ ။ ၉. ၂. ၂ဝ၂၆

အကြောင်းအရာ။ ။ ၂. ၂. ၂ဝ၂၆ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သည့် Associate Degree in Nursing (ADN) Program (ဒုတိယအသုတ်) ဝင်ခွင့်နှုတ်ဖြေ စာမေးပွဲ အောင်မြင်သူများစာရင်း ကြေညာခြင်း။

တအာင်းပြည် သူနာပြုနှင့် ကျန်းမာရေးသိပ္ပံ
ကောလိပ်၊ ADN Program ဝင်ခွင့်နှုတ်ဖြေ စာမေးပွဲ (ဒုတိယအသုတ်) အောင်မြင်ပြီး ကောလိပ်တက်ရောက်ခွင့်ရရှိသူ ကျောင်းသား၊ ကျောင်းသူများစာရင်းကို အောက်ပါ ပူးတွဲအောင်စာရင်းပါ အချက်အလက်များအတိုင်း ကောလိပ် ကော်မတီမှ ဆုံးဖြတ်ကြေညာလိုက်ပါသည်။

ကောလိပ် ကော်မတီ နှင့် ဘုတ်အဖွဲ့ဝင်များ

Address

30th Street
Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Medical Family Mandalay - MFM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Medical Family Mandalay - MFM:

Share