Medical Family Mandalay - MFM

Medical Family Mandalay - MFM A collective demonstration against military coup (Spring Revolution 2021)
(1)

ကျေးဇူးတင်လွှာ၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် (၁၀) ရက်၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်
14/12/2025

ကျေးဇူးတင်လွှာ

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် (၁၀) ရက်
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်

အကြမ်းဖက်စစ်အုပ်စုက မြောက်ဦးပြည်သူ့ဆေးရုံအား လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အပေါ် ပြင်းထန်စွာ ရှုတ်ချခြင်း၂၀၂၅ ခုနှ...
11/12/2025

အကြမ်းဖက်စစ်အုပ်စုက မြောက်ဦးပြည်သူ့ဆေးရုံအား လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အပေါ် ပြင်းထန်စွာ ရှုတ်ချခြင်း

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်

၁။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့၊ ည (၉) နာရီကျော်အချိန်တွင် အကြမ်းဖက်စစ်အုပ်စုသည် ရက္ခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့ရှိ မြောက်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးအား ဂျက်ဖိုက်တာတစ်စီးပေါ်မှ ဖျက်အားပြင်း ပေါင် (၅၀၀) ဗုံး (၂) လုံးဖြင့် ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

၂။ ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ ဆေးရုံပင်မဆောင်ကြီး၊ ခွဲစိတ်ဆောင်၊ အရိုးဆောင်၊ အဓိကခွဲစိတ်ခန်းမ အပါအဝင် ဆေးရုံဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာ အစရှိသော မြောက်ဦးပြည်သူ့ဆေးရုံကြီး တစ်ခုလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ရပြီး ဆေးရုံပတ်ဝန်းကျင်ရှိ လူနေအိမ် အဆောက်အအုံအချို့ပါ ထိခိုက်ပျက်စီးခဲ့သည်။

၃။ ဆေးရုံအတွင်း ဆေးကုသခံယူနေကြသော အပြစ်မဲ့အရပ်သားပြည်သူများ၊ (၃) လသားအရွယ် မိန်းကလေးတစ်ဦးအပါအ၀င် ကျား (၁၆) ဦး၊ မ (၁၇) ဦး၊ စုစုပေါင်း (၃၃) ဦး ပွဲချင်းပြီး သေဆုံးခဲ့ရပြီး အခြားသော ဆေးကုသမှုခံယူနေကြသည့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ (၇၆) ဦးတို့မှာ ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြသည်။ ထိုသို့ ထိခိုက်ဒဏ်ရာရရှိခဲ့သူများထဲတွင် အာရက္ခ ပြည်သူ့ကျန်းမာရေးဝန်ထမ်းအချို့လည်း ပါဝင်ခဲ့သည်။

၄။ ကျန်းမာရေးမိသားစု - မန္တလေး (MFM) အနေဖြင့် ထိခိုက်ကျဆုံးခဲ့ရသည့် အရပ်သားပြည်သူများ၏ မိသားစုများနှင့်ထပ်တူ အထူးကြေကွဲဝမ်းနည်းရပြီး အကြမ်းဖက်စစ်အုပ်စု၏ အောက်တန်းကျ၊ လူမဆန်သော စစ်ရာဇဝတ်မှုနှင့် အကြမ်းဖက်လုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချလိုက်သည်။

၅။ ကျန်းမာရေးမိသားစု - မန္တလေး (MFM) သည် တော်လှန်ရေးအင်အားစုများ၊ CDM ကျန်းမာရေးဝန်ထမ်း များနှင့်လက်တွဲ၍ မြန်မာ့မြေပေါ်တွင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျရှုံးသည်အထိ အားသွန်ခွန်စိုက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုအပ်ပါသည်။

ကျန်းမာရေးမိသားစု - မန္တလေး (MFM)
Mandalay, Myanmar

09/12/2025
09/12/2025

❝ တိတ်ဆိတ်ခြင်းဟာ အကျယ်လောင်ဆုံးသော ဟစ်ကြွေးသံ ❞

မနက်ဖြန် ဒီဇင်ဘာလ (၁၀) ရက်နေ့မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်မယ့် "အပြင်မထွက် အသံတိတ်" သပိတ် (Silent Strike) မှာ ပါကြဖို့ ပြည်သူလူထုတရပ်လုံးကို အလေးအနက် တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။ ငါတို့ မြို့ ငါတို့ ပိုင်တယ်။ ငါတို့ ငြိမ်ချင် ငြိမ်မယ်၊ ငါတို့ လှုပ်ချင် လှုပ်မယ်။


#အသံတိတ်သပိတ်

Ta’ang Land Health Council (T.H.C)College of Nursing and Health Science (Ta'ang Land)တအာင်းပြည် သူနာပြုနှင့် ကျန်းမာရေးသ...
08/12/2025

Ta’ang Land Health Council (T.H.C)
College of Nursing and Health Science (Ta'ang Land)
တအာင်းပြည် သူနာပြုနှင့် ကျန်းမာရေးသိပ္ပံ ကောလိပ်

ရက်စွဲ ။ ။ ၈ - ၁၂ - ၂ဝ၂၅

အကြောင်းအရာ။ ။ ၅ - ၁ - ၂ဝ၂၆ ရက်နေ့တွင် ကျင်းပမည့် Associate Degree in Nursing (ADN) Program (Batch – 2) ဝင်ခွင့်ရေးဖြေစာမေးပွဲ ဖြေဆိုခွင့်ရသူများစာရင်း ကြေညာခြင်း။

တအာင်းပြည် သူနာပြုနှင့် ကျန်းမာရေးသိပ္ပံကောလိပ်၊ ADN Program (Batch – 2) ဝင်ခွင့်ရေးဖြေ စာမေးပွဲ ဖြေဆိုခွင့်ရ ကျောင်းသူ၊ ကျောင်းသားများစာရင်းကို စိစစ်ထုတ်ပြန် ကြေညာရာတွင် "တအာင်းသူနာပြုနှင့် ကျန်းမာရေးသိပ္ပံကောလိပ်" page မှ ၂၈.၁ဝ.၂ဝ၂၅ ၌ ကြေညာခဲ့သည့် "ADN Program လျှောက်ထားသူများ ပြည့်မီရမည့် လိုအပ် သော အရည်အချင်း" ပါ အချက်အလက်များအတိုင်း ကောလိပ်ကော်မတီမှ ဆုံးဖြတ်ခဲ့ပါ သည်။

ကောလိပ် ကော်မတီ နှင့် ဘုတ်အဖွဲ့ဝင်များ

30/11/2025

GIBBON HNIN (သို့) နိုက်တင်ဂန်း

MDY PDF မှာ ကိုယ်တိုင်စစ်ပညာ သင်တန်းတက်ရောက်ခဲ့ပြီး ချိန်ကစလို့ အခြေခံ စစ်ပညာသင်တန်းကွင်း ဆေးတာဝန်ခံစတင် တာဝန်ယူခဲ့သူ ၊ မိခင်အဖွဲ့အစည်းဖြစ်တဲ့ Medical Family Mandalay အတူ လက်တွဲပြီး MDY PDF ဆေးတပ်ဖွဲ့ စတင်ထူထောင်ချိန်မှာပဲ ပါဝင်ထမ်းဆောင်ခဲ့သူ။

ဒီလိုအမျိုးသမီးတစ်ယောက်ရဲ့ ခွန်အား တစိတ်တပိုင်း ကို အခု မှတ်တမ်းရုပ်ရှင် မှာ ကြည့်ရှုခံစားနိုင်ပါတယ်။




ဝမ်းနည်းကြောင်း သဝဏ်လွှာ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်၁။ (၁၈-၁၁-၂၀၂၅) ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ (အကြမ်းဖက်စစ်ကော်မ...
28/11/2025

ဝမ်းနည်းကြောင်း သဝဏ်လွှာ

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်

၁။ (၁၈-၁၁-၂၀၂၅) ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ (အကြမ်းဖက်စစ်ကော်မရှင်) က စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်အတွင်းရှိ ဆေးရုံတစ်ခုကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော စေတနာ့ဝန်ထမ်း ကျန်းမာရေးဝန်ထမ်း (၂) ဦး ဖြစ်သည့် ကိုဇင်မင်းနိုင် (ခ) ကိုနိုင် (ကနန်းမြေ)၊ အသက် (၂၄) နှစ်နှင့် မဇင်နွယ်စိုး (ခ) သစ္စာ၊ အသက် (၂၄) နှစ်တို့ ကျဆုံးခဲ့ရပြီး အခြား စေတနာ့ဝန်ထမ်း ကျန်းမာရေးဝန်ထမ်း (၁) ဦးနှင့် ဆေးကုသမှုခံယူနေသော ပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။

၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် ကျဆုံးခဲ့သော ကျန်းမာရေးဝန်ထမ်း (၂) ဦးကို အာဇာနည်သူရဲကောင်းများအဖြစ် အသိအမှတ်ပြုအပ်ပြီး မိသားစုများနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပါသည်။

၃။ ဝန်ကြီးဌာနသည် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်း၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းသည်အထိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် လက်တွဲ၍ ဆတက်ထမ်းပိုး ကြိုးပမ်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းကို စစ်အာဏာရှင်စနစ် ဖြုတ်ချရေးအတွက် အသက်‌၊ ခန္ဓာနှင့် ဘဝများပုံအပ်၍ ခေတ်အဆက်ဆက် တိုက်ပွဲဝင်ခဲ့ကြသည့်၊ တိုက်ပွဲဝင်လျက်ရှိကြသည့် အာဇာနည်သူရဲကောင်းများအား တိုင်တည်၍ ကတိသစ္စာပြုအပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

28/10/2025

"ခဝါသည်ကရေစီ ရွေးကောက်ပွဲ" by Lynn Lynn

Composed and music arranged by Lynn Lynn

"Based on the people. Came from the people. Feel the truth."









၂၀၂၆ ပညာသင်နှစ်အတွက် Associate Degree in Nursing (ADN) Program (Batch – 2) သင်တန်း ဝင်ခွင့်လျှောက်လွှာများ ခေါ်ယူခြင်း။၂...
12/09/2025

၂၀၂၆ ပညာသင်နှစ်အတွက် Associate Degree in Nursing (ADN) Program (Batch – 2) သင်တန်း ဝင်ခွင့်လျှောက်လွှာများ ခေါ်ယူခြင်း။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်

တအာင်းပြည် သူနာပြုနှင့် ကျန်းမာရေးသိပ္ပံကောလိပ်မှ Enrolled Nurse ဖြစ်လိုသူ ကျောင်းသား၊ ကျောင်းသူများအတွက် ရည်ရွယ်ဖွင့်လှစ်သည့် ADN Program (Batch – 2) သင်တန်းအတွက် သင်တန်းလျှောက်လွှာများကို (၈-၉-၂၀၂၅) ရက်နေ့မှစတင်၍ (၂၇-၁ဝ-၂၀၂၅) ရက်နေ့ထိ လက်ခံသွားမည် ဖြစ်ပါသည်။

တအာင်း သူနာပြုကောလိပ်တွင် သင်ကြားပေးသွားမည့် ဘာသာရပ်များ
- English
- Applied Chemistry for Nursing
- Applied Physics for Nursing
- Introduction to Nursing Profession and
Nursing Concept
- Communication Skills
- Anatomy and Physiology
- Microbiology
- Pharmacology for Nursing
- Psychology
- Fundamental of Nursing
- Health Assessment
- Medical and Surgical Nursing
- Maternal and Child Health Nursing
- Paediatric Nursing
- Community Health Nursing

ADN Program (Batch – 2) ကို တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများသည်
Year 1, Semester 1 (၆ လ)
Year 1, Semester 2 (၆ လ)
Year 2, Semester 1 (၆ လ)
Year 2, Semester 2 (၆ လ) ဖြင့် စုစုပေါင်း သင်တန်းကာလ ၂ နှစ် အထိ တက်ရောက်ကြရမည် ဖြစ်သည်။

ယခု သင်တန်းအား အသက် ၁၇ နှစ်အထက်ရှိပြီး ဇီဝဗေဒဘာသာတွဲဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်သူများ (သို့မဟုတ်) ဇီဝဗေဒဘာသာတွဲဖြင့် Grade 12 အောင်မြင်သူများ လျှောက်ထားနိုင်ပါသည်။

သင်တန်းလျှောက်လွှာပုံစံများကို
နမ့်ဆန်ပြည်သူ့ဆေးရုံ၊
နမ့်ခမ်းပြည်သူ့ဆေးရုံ၊
နမ္မတူပြည်သူ့ဆေးရုံ၊
မန်တုံပြည်သူ့ဆေးရုံ၊
ကွတ်ခိုင်ပြည်သူ့ဆေးရုံ၊
မိုင်းလုံပြည်သူ့ဆေးရုံတို့တွင် အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ရုံးဖွင့်ချိန် နံနက် (၉း၀၀) နာရီမှ ညနေ (၄း၀၀) နာရီအတွင်း ထုတ်ယူနိုင်ပါသည်။

လျှောက်ထားသူများသိထားရမည့် နေ့ရက်များ
🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶

လျှောက်လွှာစတင်ရယူနိုင်သည့်ရက်
👉 ၈ ၊ ၉ ၊ ၂၀၂၅

လျှောက်လွှာ နောက်ဆုံးထား ပေးပို့ရမည့်ရက်
👉 ၂၇ ၊ ၁၀ ၊ ၂၀၂၅

ဝင်ခွင့်ရေးဖြေ စာမေးပွဲ ဖြေဆိုခွင့်ရရှိသူများအား ကြေညာမည့်နေ့ရက်
👉 ၈ ၊ ၁၁ ၊ ၂၀၂၅

ဝင်ခွင့်ရေးဖြေ စာမေးပွဲ ဖြေဆိုမည့်ရက်
👉 ၁ ၊ ၁၂၊ ၂၀၂၅

ဝင်ခွင့်ရေးဖြေ စာမေးပွဲအောင်စာရင်း ကြေညာမည့်ရက်
👉 ၁၅ ၊ ၁၂ ၊ ၂၀၂၅

လူတွေ့နှုတ်ဖြေ စာမေးပွဲ ဖြေဆိုမည့်ရက်
👉 ၂၉ ၊ ၁၂ ၊ ၂၀၂၅

လူတွေ့နှုတ်ဖြေ စာမေးပွဲ အောင်စာရင်း ကြေညာမည့် နေ့ရက်
👉 ၅ ၊ ၁ ၊ ၂၀၂၆

တက်ရောက်နိုင်ခြင်း ရှိ/မရှိ နောက်ဆုံးထား အကြောင်းကြားရမည့် နေ့ရက်
👉 ၁၂ ၊ ၁ ၊ ၂၀၂၆

သင်တန်းကျောင်းသို့ နောက်ဆုံးထား ရောက်ရှိရမည့် နေ့ရက်
👉 ၁၇ ၊ ၁ ၊ ၂၀၂၆

ကျောင်းစတင် ဖွင့်လှစ်မည့် နေ့ရက်
👉 ၁၉ ၊ ၁ ၊ ၂၀၂၆

ဝင်ခွင့်လျှောက်လွှာနှင့် အတူပူးတွဲပေးပို့ ရမည့် အချက်အလက်များ
1. ပညာရေးနှင့် ပတ်သက်နိုင်သော စာရွက်စာတမ်းများ(အခြေခံပညာ အထက်တန်း အောင်မြင်ကြောင်း လက်မှတ်၊ သင်တန်းဆင်းလက်မှတ်များ၊ ဘွဲ့လက်မှတ်များ)
2. နိုင်ငံသားမှတ်ပုံတင် မိတ္တူတစ်စုံ (သို့) အခြားတူညီသော အထောက်အထား မိတ္တူတစ်စုံ
3. ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံချက် (သက်ဆိုင်ရာ ကျန်းမာရေးဌာန)
4. ကိုယ်ကျင့်တရား ကောင်းမွန်ကြောင်း ထောက်ခံချက် (သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး)

မှတ်ချက်။ ။ ဝင်ခွင့်လျှောက်လွှာနှင့်အတူ အထက်ပါ စာရွက်စာတမ်းများ အားလုံးကို ၂ဝ၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် နောက်ဆုံးထားပြီး ပေးပို့ရမည် ဖြစ်သည်။

သတ်မှတ်ရက်ထက် နောက်ကျ၍ ပေးပို့လာသော လျှောက်လွှာများအား ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။

Program (Batch – 2) သင်တန်း (၂ နှစ် သင်တန်း)
#တအာင်းပြည် သူနာပြုနှင့် ကျန်းမာရေးသိပ္ပံကောလိပ်

၂၀၂၆ ပညာသင်နှစ်အတွက် Associate Degree in Nursing (ADN) Program (Batch – 2) သင်တန်း ဝင်ခွင့်လျှောက်လွှာများ ခေါ်ယူခြင်း။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်

တအာင်းပြည် သူနာပြုနှင့် ကျန်းမာရေးသိပ္ပံကောလိပ်မှ Enrolled Nurse ဖြစ်လိုသူ ကျောင်းသား၊ ကျောင်းသူများအတွက် ရည်ရွယ်ဖွင့်လှစ်သည့် ADN Program (Batch – 2) သင်တန်းအတွက် သင်တန်းလျှောက်လွှာများကို (၈-၉-၂၀၂၅) ရက်နေ့မှစတင်၍ (၂၇-၁ဝ-၂၀၂၅) ရက်နေ့ထိ လက်ခံသွားမည် ဖြစ်ပါသည်။

တအာင်း သူနာပြုကောလိပ်တွင် သင်ကြားပေးသွားမည့် ဘာသာရပ်များ
- English
- Applied Chemistry for Nursing
- Applied Physics for Nursing
- Introduction to Nursing Profession and
Nursing Concept
- Communication Skills
- Anatomy and Physiology
- Microbiology
- Pharmacology for Nursing
- Psychology
- Fundamental of Nursing
- Health Assessment
- Medical and Surgical Nursing
- Maternal and Child Health Nursing
- Paediatric Nursing
- Community Health Nursing

ADN Program (Batch – 2) ကို တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများသည်
Year 1, Semester 1 (၆ လ)
Year 1, Semester 2 (၆ လ)
Year 2, Semester 1 (၆ လ)
Year 2, Semester 2 (၆ လ) ဖြင့် စုစုပေါင်း သင်တန်းကာလ ၂ နှစ် အထိ တက်ရောက်ကြရမည် ဖြစ်သည်။

ယခု သင်တန်းအား အသက် ၁၇ နှစ်အထက်ရှိပြီး ဇီဝဗေဒဘာသာတွဲဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်သူများ (သို့မဟုတ်) ဇီဝဗေဒဘာသာတွဲဖြင့် Grade 12 အောင်မြင်သူများ လျှောက်ထားနိုင်ပါသည်။

သင်တန်းလျှောက်လွှာပုံစံများကို
နမ့်ဆန်ပြည်သူ့ဆေးရုံ၊
နမ့်ခမ်းပြည်သူ့ဆေးရုံ၊
နမ္မတူပြည်သူ့ဆေးရုံ၊
မန်တုံပြည်သူ့ဆေးရုံ၊
ကွတ်ခိုင်ပြည်သူ့ဆေးရုံ၊
မိုင်းလုံပြည်သူ့ဆေးရုံတို့တွင် အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ရုံးဖွင့်ချိန် နံနက် (၉း၀၀) နာရီမှ ညနေ (၄း၀၀) နာရီအတွင်း ထုတ်ယူနိုင်ပါသည်။

လျှောက်ထားသူများသိထားရမည့် နေ့ရက်များ
🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶

လျှောက်လွှာစတင်ရယူနိုင်သည့်ရက်
👉 ၈ ၊ ၉ ၊ ၂၀၂၅

လျှောက်လွှာ နောက်ဆုံးထား ပေးပို့ရမည့်ရက်
👉 ၂၇ ၊ ၁၀ ၊ ၂၀၂၅

ဝင်ခွင့်ရေးဖြေ စာမေးပွဲ ဖြေဆိုခွင့်ရရှိသူများအား ကြေညာမည့်နေ့ရက်
👉 ၈ ၊ ၁၁ ၊ ၂၀၂၅

ဝင်ခွင့်ရေးဖြေ စာမေးပွဲ ဖြေဆိုမည့်ရက်
👉 ၁ ၊ ၁၂၊ ၂၀၂၅

ဝင်ခွင့်ရေးဖြေ စာမေးပွဲအောင်စာရင်း ကြေညာမည့်ရက်
👉 ၁၅ ၊ ၁၂ ၊ ၂၀၂၅

လူတွေ့နှုတ်ဖြေ စာမေးပွဲ ဖြေဆိုမည့်ရက်
👉 ၂၉ ၊ ၁၂ ၊ ၂၀၂၅

လူတွေ့နှုတ်ဖြေ စာမေးပွဲ အောင်စာရင်း ကြေညာမည့် နေ့ရက်
👉 ၅ ၊ ၁ ၊ ၂၀၂၆

တက်ရောက်နိုင်ခြင်း ရှိ/မရှိ နောက်ဆုံးထား အကြောင်းကြားရမည့် နေ့ရက်
👉 ၁၂ ၊ ၁ ၊ ၂၀၂၆

သင်တန်းကျောင်းသို့ နောက်ဆုံးထား ရောက်ရှိရမည့် နေ့ရက်
👉 ၁၇ ၊ ၁ ၊ ၂၀၂၆

ကျောင်းစတင် ဖွင့်လှစ်မည့် နေ့ရက်
👉 ၁၉ ၊ ၁ ၊ ၂၀၂၆

ဝင်ခွင့်လျှောက်လွှာနှင့် အတူပူးတွဲပေးပို့ ရမည့် အချက်အလက်များ
1. ပညာရေးနှင့် ပတ်သက်နိုင်သော စာရွက်စာတမ်းများ(အခြေခံပညာ အထက်တန်း အောင်မြင်ကြောင်း လက်မှတ်၊ သင်တန်းဆင်းလက်မှတ်များ၊ ဘွဲ့လက်မှတ်များ)
2. နိုင်ငံသားမှတ်ပုံတင် မိတ္တူတစ်စုံ (သို့) အခြားတူညီသော အထောက်အထား မိတ္တူတစ်စုံ
3. ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံချက် (သက်ဆိုင်ရာ ကျန်းမာရေးဌာန)
4. ကိုယ်ကျင့်တရား ကောင်းမွန်ကြောင်း ထောက်ခံချက် (သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး)

မှတ်ချက်။ ။ ဝင်ခွင့်လျှောက်လွှာနှင့်အတူ အထက်ပါ စာရွက်စာတမ်းများ အားလုံးကို ၂ဝ၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် နောက်ဆုံးထားပြီး ပေးပို့ရမည် ဖြစ်သည်။

သတ်မှတ်ရက်ထက် နောက်ကျ၍ ပေးပို့လာသော လျှောက်လွှာများအား ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။

ဝင်ခွင့်လျှောက်လွှာဖောင် ရယူရန် Link 👇
https://drive.google.com/file/d/1X-qvv-3RLY4tN9JzHC_bYQV3nbOQ6PeK/view?usp=sharing

ဝင်ခွင့်ဖြေဆိုရမည့် ဘာသာရပ်များ လေ့လာရန် ရယူရမည့် Link 👇
https://drive.google.com/file/d/18v-GlyWSlywlG892mP1NV_C8cueMT4K9/view?usp=sharing

Program (Batch – 2) သင်တန်း (၂ နှစ် သင်တန်း)
#တအာင်းပြည် သူနာပြုနှင့် ကျန်းမာရေးသိပ္ပံကောလိပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ကြေညာချက်အမှတ် (၆/၂၀၂၅)၂၀၂၅ ခု...
06/08/2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့
ကျန်းမာရေးဝန်ကြီးဌာန
ထုတ်ပြန်ကြေညာချက်အမှတ် (၆/၂၀၂၅)
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၆) ရက်

၁။ (၂၉-၇-၂၀၂၅) ရက်နေ့၊ ည (၁၀:၃၀) နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ချာဂျင် (Charging) ပြည်သူ့ဆေးရုံအား အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် (၂) ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံတက်ရောက်ကုသနေသော ကလေးငယ် (၁) ဦး၊ သက်ကြီးရွယ်အို (၁) ဦး၊ အမျိုးသမီး (၂) ဦးအပါအဝင် စုစုပေါင်း အပြစ်မဲ့ပြည်သူ (၅) ဦး သေဆုံးခဲ့ရပြီး (၃) ဦးမှာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပါသည်။ လူနာဆောင်၊ ခွဲစိတ်ခန်း၊ ဓာတ်မှန်ခန်း၊ ဆေးဝါးနှင့် ဆေးရုံသုံးပစ္စည်းများ၊ ဝန်ထမ်းနားနေဆောင်အပါအဝင် ဆေးရုံအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရပါသည်။

၂။ အကြမ်းဖက်စစ်ကောင်စီသည် ဆေးရုံဆေးခန်းများအပေါ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု များကို ယခင်နှစ်များထက် ၂၀၂၅ ခုနှစ်အတွင်း အကြိမ်ရေများစွာ တိုးမြှင့်၍ ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်တိုက်ခိုက်လျက်ရှိပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် (၂၈-၃-၂၀၂၅) ရက်နေ့က လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီးကြောင့် ပြည်သူတို့၏ အသက်အိုးအိမ်များစွာ ထိခိုက်ဆုံးရှုံးခဲ့ရပြီး နောက်ပိုင်းကာလများတွင် အကြမ်းဖက်စစ်ကောင်စီက ဆေးရုံဆေးခန်းများအပေါ် လေကြောင်းတိုက်ခိုက်မှုများကို အရှိန်တိုးမြှင့် အကြမ်းဖက်တိုက်ခိုက်ခဲ့ကြောင်းကို အောက်ပါအတိုင်း တွေ့ရှိရပါသည်။

၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း

- စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ သစ်ဆိမ့်ကျေးရွာရှိ ဆေးခန်း
- စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်းရှိ ဆေးရုံ
- စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းကျေးရွာရှိ ဆေးရုံ
- စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ဂျုံးဂျုံးကျကျေးရွာရှိ ကျေးလက်ဆေး‌ပေးခန်း
- စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ဆေးခန်း
- စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ပိန္နဲကုန်းကျေးရွာရှိ ဆေးခန်း
- မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အိုင့်ဒိုင်ကျေးရွာတွင် ငလျင်ဒဏ်သင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော ရွေ့လျားဆေးခန်း
- စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ လင်းယဉ်ကျေးရွာရှိ ဆေးခန်း
- ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်းရှိ ချန်ဂင်တို့စခန်း ဆေးရုံ
- မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းရှိ ဆေးရုံဆေးခန်းများ
- စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ လေသာကျေးရွာရှိ ဆေးရုံ
- မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ဆေးရုံ

၂၀၂၅ ခုနှစ်၊ မေလအတွင်း

- စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဆေးရုံ
- စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့၊ တောင်ကုန်းကျေးရွာရှိ ဆေးရုံ
- စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ချောင်းနားကျေးရွာရှိ ဆေးရုံ
- ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင်၊ တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ၊ ဖားအံမြို့နယ်၊ ဖလံတောင်ကျေးရွာရှိ ဆေးရုံ
- တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်းရှိ ဆေးရုံ
- မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့၊ ဂျိုးပျံရပ်ကွက်ရှိ ဆေးခန်း
- မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ဆေးရုံ
- မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ ဆေးခန်း
- မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်းရှိ ဆေးရုံ (လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ)

၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း

- စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ မတောင့်တကျေးရွာ၊ တိုက်နယ်ဆေးရုံ (စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ)
- တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ဆေးခန်း
- မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ခံစပ်ကုန်းကျေးရွာရှိ ကျေးလက်ဆေးခန်း
- မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်နှင့် မတ္တရာမြို့နယ်အစပ်ရှိ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ၏ မေတ္တာနန္ဒဆေးရုံ (ယက္ကန်းစင်ဆေးရုံ)
- မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာရှိ ဆေးရုံ

၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်း

- ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ရှိ ဆေးရုံ
- ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ဆေးခန်း
- မကွေးတိုင်း၊ ပေါက်မြို့နယ်၊ စံဖဲကျေးရွာရှိ ကျေးလက်ဆေးပေးခန်း
- စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ချာဂျင် (Charging) ဆေးရုံ

အဆိုပါဖြစ်စဉ်များတွင် ကျန်းမာရေးဝန်ထမ်းများနှင့် မိသားစုဝင်များ၊ လူနာများ၊ လူနာစောင့်များ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အမျိုးသမီးများ၊ ကိုယ်ဝန်ဆောင်များနှင့် သက်ကြီးရွယ်အိုများ အပါအဝင် အပြစ်မဲ့ပြည်သူများစွာ ထိခိုက်ဒဏ်ရာရခြင်း၊ အသက်သေဆုံးခြင်းတို့ ရှိခဲ့ပြီး ဆေးရုံဆေးခန်း အဆောက်အအုံများ၊ ဆေးနှင့် ဆေးပစ္စည်းများ၊ ကျန်းမာရေးဝန်ထမ်းနေအိမ်များ၊ ဘာသာရေးအဆောက်အအုံများ၊ စာသင်ကျောင်းများနှင့် ပြည်သူတို့၏ နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ရပါသည်။

၃။ အကြမ်းဖက်စစ်ကောင်စီသည် လူ့ဘီလူးဝါဒ ကိုင်စွဲထားသည့် စစ်အာဏာရှင်ပီပီ (၄) နှစ်ကျော်ကာလအတွင်း ဆေးရုံဆေးခန်းများနှင့် ကျန်းမာရေးကဏ္ဍအပေါ် တမင်ပစ်မှတ်ထား၍ တိုက်ခိုက်မှုများသည် ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) ၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်များ၊ လူသာချင်းစာနာထောက်ထားရေးနှင့် လူအခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်သည်။

၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် ကျဆုံးသွားသော ကျန်းမာရေးဝန်ထမ်းများ၊ လူနာများ၊ ပြည်သူများ၊ တော်လှန်ရေးရဲဘော်များ၏ မိသားစုများနှင့်ထပ်တူ အထူးကြေကွဲဝမ်းနည်းရပါသည်။ ဝန်ကြီးဌာနအနေဖြင့် မိမိတို့၏ အသက်ကိုပင် ပဓာနမထားဘဲ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို သက်စွန့်ကြိုးပမ်းဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့်အတူ ခိုင်မာစွာ လက်တွဲရပ်တည်လျက်ရှိပြီး အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချလိုက်သည်။

၅။ ဝန်ကြီးဌာနသည် သေဆုံးထိခိုက်ခဲ့ရသည့် ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူများအတွက် တရားမျှတမှုကို ဆောင်ကျဉ်းသွားမည်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့၏ လက်ပါးစေကြံရာပါများကို တရားဥပဒေအရ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်သည်။ လူစိတ်ပျောက်နေသော အကြမ်းဖက်စစ်ကောင်စီနှင့် လက်တွဲဆောင်ရွက်နေသူများ၊ ထောက်ခံအားပေးနေသူများအနေဖြင့် မိမိတို့၏ လုပ်ရပ်များကို ရပ်တန်းက ရပ်ကြရန် အလေးအနက် တိုက်တွန်းသည်။

၆။ မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍနှင့် အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို နိုင်ငံတကာအနေဖြင့် လစ်လျူရှုမထားဘဲ ဖြစ်နိုင်သမျှ နည်းလမ်းများ အသုံးပြု၍ မြန်ဆန်ထိရောက်စွာ တားဆီးအရေးယူပြီး ထိခိုက်ခံစားနေရသည့် မြန်မာပြည်သူတို့ဘက်၌ စာနာရပ်တည်ပေးရန် အထူးလိုအပ်နေပါသည်။

၇။ ဝန်ကြီးဌာနသည် အခက်အခဲနှင့် စိန်ခေါ်မှုများစွာရှိသည့်တိုင် သူရဲကောင်းကျန်းမာရေး ဝန်ထမ်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ဒေသခံအဖွဲ့အစည်းများ၊ ပြည်သူများနှင့်လက်တွဲ၍ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အစွမ်းကုန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်း၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းသည်အထိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် လက်တွဲ၍ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုအပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
https://moh. nugmyanmar. org/

"ဘေးကင်းဆေးရုံများ တည်ဆောက်နိုင်ရေး Safe Hospital, Safe Healthcare ကမ်ပိန်း" တွင် ပါဝင်လှူဒါန်းကြသူများကို ကျေးဇူးတင် ဂု...
11/07/2025

"ဘေးကင်းဆေးရုံများ တည်ဆောက်နိုင်ရေး Safe Hospital, Safe Healthcare ကမ်ပိန်း" တွင် ပါဝင်လှူဒါန်းကြသူများကို ကျေးဇူးတင် ဂုဏ်ပြုခြင်း

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် "ဘေးကင်းဆေးရုံများ တည်ဆောက်နိုင်ရေး Safe Hospital, Safe Healthcare ကမ်ပိန်း" ကို ၂၀၂၅ ခုနှစ်၊ မေလ ၂၄ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ပြုလုပ်ဆောင်ရွက်ခဲ့ရာ ပြည်တွင်း၊ ပြည်ပမှ အလှူရှင်များက အင်တိုက်အားတိုက် ပါဝင်လှူဒါန်းခဲ့ကြပါသည်။

ရည်မှန်းချက် (Target) အဖြစ် အမေရိကန်ဒေါ်လာ (၄) သိန်း ရရှိရန် သတ်မှတ်ထားခဲ့သော်လည်း ကမ်ပိန်းအပြီးတွင် ‌အ‌
မေရိကန်ဒေါ်လာ (၆) သိန်း (၉) သောင်းကျော်အထိ ရရှိခဲ့ပါသည်။ ရာခိုင်နှုန်းအားဖြင့် (၁၇၂) ရာခိုင်နှုန်းအထိ ရရှိခဲ့ခြင်းလည်း ဖြစ်ပါသည်။ သတ်မှတ်ရည်မှန်းချက်ထက် များစွာ ကျော်လွန်အောင် ပါဝင်လှူဒါန်းခဲ့ကြသည့် တစ်ဦးချင်း၊ တစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ရှိပါသည်။

မြန်မာနိုင်ငံတွင် ဘေးကင်းသော ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေး၊ ကျန်းမာရေးလုပ်သားများနှင့် လူနာများ ဘေးကင်းရေးတို့အတွက် ဘေးကင်းသော ဆေးရုံများ တည်ဆောက်နိုင်ရန် အထူးလိုအပ်နေသည်ကို သိရှိကြသည့်အလျောက် ယခုကဲ့သို့ အားတက်သရော ပါဝင်လှူဒါန်းခဲ့ကြသူတိုင်းကို ဝန်ကြီးဌာနအနေဖြင့် အထူးဂုဏ်ယူလေးစားစွာ မှတ်တမ်းတင်၊ ဂုဏ်ပြုအပ်ပါသည်။

ဝန်ကြီးဌာနသည် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်း၍ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းသည်အထိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် လက်တွဲ၍ ဆတက်ထမ်းပိုး ကြိုးပမ်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း ထပ်လောင်း ကတိသစ္စာပြုအပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

"ဘေးကင်းဆေးရုံများ တည်ဆောက်နိုင်ရေး Safe Hospital, Safe Healthcare ကမ်ပိန်း" တွင် ပါဝင်လှူဒါန်းကြသူများကို ကျေးဇူးတင် ဂုဏ်ပြုခြင်း

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် "ဘေးကင်းဆေးရုံများ တည်ဆောက်နိုင်ရေး Safe Hospital, Safe Healthcare ကမ်ပိန်း" ကို ၂၀၂၅ ခုနှစ်၊ မေလ ၂၄ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ပြုလုပ်ဆောင်ရွက်ခဲ့ရာ ပြည်တွင်း၊ ပြည်ပမှ အလှူရှင်များက အင်တိုက်အားတိုက် ပါဝင်လှူဒါန်းခဲ့ကြပါသည်။

ရည်မှန်းချက် (Target) အဖြစ် အမေရိကန်ဒေါ်လာ (၄) သိန်း ရရှိရန် သတ်မှတ်ထားခဲ့သော်လည်း ကမ်ပိန်းအပြီးတွင် ‌အ‌မေရိကန်ဒေါ်လာ (၆) သိန်း (၉) သောင်းကျော်အထိ ရရှိခဲ့ပါသည်။ ရာခိုင်နှုန်းအားဖြင့် (၁၇၂) ရာခိုင်နှုန်းအထိ ရရှိခဲ့ခြင်းလည်း ဖြစ်ပါသည်။ သတ်မှတ်ရည်မှန်းချက်ထက် များစွာ ကျော်လွန်အောင် ပါဝင်လှူဒါန်းခဲ့ကြသည့် တစ်ဦးချင်း၊ တစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ရှိပါသည်။

မြန်မာနိုင်ငံတွင် ဘေးကင်းသော ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေး၊ ကျန်းမာရေးလုပ်သားများနှင့် လူနာများ ဘေးကင်းရေးတို့အတွက် ဘေးကင်းသော ဆေးရုံများ တည်ဆောက်နိုင်ရန် အထူးလိုအပ်နေသည်ကို သိရှိကြသည့်အလျောက် ယခုကဲ့သို့ အားတက်သရော ပါဝင်လှူဒါန်းခဲ့ကြသူတိုင်းကို ဝန်ကြီးဌာနအနေဖြင့် အထူးဂုဏ်ယူလေးစားစွာ မှတ်တမ်းတင်၊ ဂုဏ်ပြုအပ်ပါသည်။

ဝန်ကြီးဌာနသည် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်း၍ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းသည်အထိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် လက်တွဲ၍ ဆတက်ထမ်းပိုး ကြိုးပမ်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း ထပ်လောင်း ကတိသစ္စာပြုအပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ (၄) နှစ်တာ ကာလအတွင်း ဆောင်ရွက်ချက်များ (ဧပြီလ၊ ၂၀၂၁ မှ ဧပြီလ၊ ၂၀၂၅ အထိ)M...
03/07/2025

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ (၄) နှစ်တာ ကာလအတွင်း ဆောင်ရွက်ချက်များ (ဧပြီလ၊ ၂၀၂၁ မှ ဧပြီလ၊ ၂၀၂၅ အထိ)

Myanmar Version PDF File (17.8 MB) Download Link:

https://moh.nugmyanmar.org/4-year-nug-moh/

English Version PDF File – Coming Soon…

Address

30th Street
Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Medical Family Mandalay - MFM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Medical Family Mandalay - MFM:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram