White Rays - Divination

White Rays   -   Divination A Healer, Reader & Medium 🍀✨

20/02/2026

🍀 20.feb.2026 to 28.feb.2026 အတွင်း ပညာရေးကံဇာတာ အဟော 🍀

🍃 တနင်္ဂနွေသားသမီးများ ပညာရေးမှာ စိတ်အားထက်သန်မှု အလွန်ကောင်းမယ့် ကာလပါ။ ဒါပေမဲ့ စိတ်တိုလွယ်တာ၊ စိတ်မရှည်တာမျိုးတွေကြောင့် အမှားအယွင်းလေးတွေ ရှိနိုင်တယ်။ စာမေးပွဲဖြေဆိုဖို့ရှိရင် အောင်ဖို့ ရာခိုင်နှုန်းများပါတယ်။ ဂုဏ်ထူးအတွက်ကတော့ မိမိရဲ့ တိကျပြတ်သားမှု၊ အားစိုက်မှုအပေါ်မှာပဲမူတည်ပါတယ်။ ဒီအပတ်ထဲ သူငယ်ချင်းတွေကြောင့် စာကျက်ချိန် လျော့နည်းသွားတတ်တယ်။ ပေါင်းသင်းဆက်ဆံရေးကို ခဏလျှော့ထားပါ 🍃

🌹 တနင်္လာသားသမီးတွေက ဒီအပတ်မှာ ဝေခွဲမရဖြစ်တာ၊ စိတ်ကူးယဉ်တာတွေ များနေတတ်တယ်။ စာလုပ်ရင် အာရုံစူးစိုက်မှု နည်းနေတတ်တယ်။
စာမေးပွဲကံကတော့ အလယ်အလတ်ရှိတယ်။ ဂုဏ်ထူးရဖို့ဆိုရင်တော့ ပုံမှန်ထက် နှစ်ဆပိုကြိုးစားမှ စိတ်ချရပါမယ်။ ဒီကာလထဲမှာ အိမ်တွင်းရေး ကိစ္စတွေကြောင့် စာမလုပ်နိုင်ဘဲ ဖြစ်တတ်တယ်။ စိတ်ကို တည်ငြိမ်အောင်ထိန်းဖို့ လိုပါလိမ့်မယ် 💫

🍁 အင်္ဂါသားသမီးများကတော့ ပညာရေးမှာ ထူးထူးခြားခြား တိုးတက်မှုတွေ ကြုံရပါလိမ့်မယ်။ ခက်ခဲတဲ့ ဘာသာရပ်တွေကိုတောင် အလွယ်တကူ နားလည်သွားနိုင်တယ်။ စာမေးပွဲမှာအောင်မြင်မှုရဖို့ ဂုဏ်ထူးပါဖို့ သေချာသလောက် ရှိပါတယ်။ Qualified ဂုဏ်ထူးတန်းဝင်ဖို့ အခွင့်အလမ်း အလွန်ကံတက်နေပါတယ်။ကျန်းမာရေး အနည်းငယ် ချို့ယွင်းတတ်တာကြောင့် အအိပ်အစား မှန်ဖို့တော့ ဂရုစိုက်ပါ 🪐✨

🌱 ဗုဒ္ဓဟူး/ရာဟုသားသမီး‌တွေကတော့ အထောက်အပံ့ကောင်းတွေ ရမယ့်အပတ်ပါ။ ဆရာသမားတွေ၊ သူငယ်ချင်းကောင်းတွေဆီကနေ အကူအညီကောင်းတွေ ရပါလိမ့်မယ်။ စာမေးပွဲဖြေဆိုရင် မိမိထင်ထားတာထက် ပိုကောင်းတဲ့ ရလဒ် ထွက်လာပါလိမ့်မယ်။ ဂုဏ်ထူးပါဖို့ အလားအလာ အလွန်ကောင်းပါတယ်။ Electronic ပစ္စည်းတွေ ဖုန်း၊ ကွန်ပျူတာတွေကြောင့် အချိန်ကုန်တတ်တာကို သတိထားပါ 🌟

🌵 ကြာသပတေးသားသမီးများ ဦးနှောက်ကြည်လင်ပြီး မှတ်ဉာဏ် အလွန်ကောင်းမယ့် အချိန်ပါ။ဘာသာစကားနဲ့ နည်းပညာပိုင်း လေ့လာနေသူတွေ ပိုထူးခြားပါလိမ့်မယ်။ အောင်စာရင်းထွက်ဖို့ ရှိရင် ဝမ်းသာစရာ သတင်းစကား ကြားရပါမယ်။ ဂုဏ်ထူးများစွာ ပါနိုင်တဲ့ ကံဇာတာ ရှိပါတယ်။ အနှောက်အယှက် သိပ်မရှိပေမဲ့ မိမိကိုယ်မိမိ ယုံကြည်မှုလွန်ကဲပြီး ပေါ့ဆမိတတ်တာကိုတော့ ဆင်ခြင်ပါ 🌈✨

🪴 သောကြာသားသမီးတွေက စိတ်လေနေတတ်တဲ့ အပတ်ပါ။ စာအုပ်ရှေ့ရောက်ရင် တခြားအကြောင်းတွေ တွေးမိနေတတ်တယ်။ Exam luck အသင့်အတင့်ရှိပါတယ်။ စာမေးပွဲနီးနေရင် အပျော်အပါးကို လုံးဝဖြတ်ထားမှ အဆင်ချောပါလိမ့်မယ်။ အချစ်ရေး အရှုပ်အထွေးတွေကြောင့် ပညာရေးမှာ ထိခိုက်မှု ရှိနိုင်ပါတယ် 🔥⚡️

🌿 စနေသားသမီးများ ဇွဲ၊ လုံ့လ အားကောင်းနေပါတယ်။ အခက်အခဲတွေကို ကျော်ဖြတ်ပြီး ပညာရေးမှာ ထိပ်ဆုံးရောက်နိုင်တဲ့ အချိန်ပါ။ ပညာရေးအောင်မြင်မှုက ကိုယ့်လက်ထဲမှာပါ။ ကြိုးစားသလောက် ထိုက်ထိုက်တန်တန် ရလဒ်ကောင်းတွေ၊ ဂုဏ်ထူးတွေ ရပါလိမ့်မယ်။ ဒီအပတ်ထဲ ခေါင်းကိုက်တာ၊ မျက်စိညောင်းတာမျိုးတွေ ဖြစ်တတ်တယ်။ သေချာ အနားယူချိန် ပေးပါ 🫧✨

🤍✨ သေးသေးလေးတွေကို ဂရုစိုက်မိရင်လည်း ကိစ္စအဝဝ အောင်မြင်နိုင်ပါတယ်🍀 ကောင်းစေချင်လို့ ညွှန်တဲ့ စကားလည်း နား‌ထောင်ရင် အတိုင...
16/02/2026

🤍✨ သေးသေးလေးတွေကို ဂရုစိုက်မိရင်လည်း ကိစ္စအဝဝ အောင်မြင်နိုင်ပါတယ်

🍀 ကောင်းစေချင်လို့ ညွှန်တဲ့ စကားလည်း နား‌ထောင်ရင် အတိုင်းထက်အလွန်ပဲပေါ့ရှင်

✨ Review from my dearest 💖

🦀✨ cancer တွေက အချစ်ကြီးသလောက် သူတို့ရဲ့ စိတ်အလှုပ်ရှားဆုံးအချိန်တွေကို တဖက်လူက သေချာလေး အကဲခတ်ကြည့်မှ သိသာတာမျိုးပါ။ 🦀 ...
13/02/2026

🦀✨ cancer တွေက အချစ်ကြီးသလောက် သူတို့ရဲ့ စိတ်အလှုပ်ရှားဆုံးအချိန်တွေကို တဖက်လူက သေချာလေး အကဲခတ်ကြည့်မှ သိသာတာမျိုးပါ။

🦀 Cancer တစ်ယောက်က ကိုယ့်ကို Crush နေပြီဆိုရင်တော့ ကိုယ့်အနားကို တခြားကိုယ့်ကို ကြိုက်နေသူတွေ ကပ်မလာအောင် သိမ်သိမ်မွေ့မွေ့လေးနဲ့ သူက နေရာဦးထားတတ်တယ်။

🦀 ကိုယ့်ဘက်က နောက်‌တခေါက် ထပ်မပြောဘဲနဲ့ ကိုယ့်အကြိုက်တွေကို မှတ်မိနေတတ်တယ်။

🦀 ဘေးလူ မမြင်အောင် ဖုံးဖိထားပေမယ့် ကိုယ့်နား တခြားသူကပ်ရင် မနာလိုဖြစ်တဲ့ အရိပ်အယောင်လေးတွေ ပြတတ်တယ်။ သူတို့က သဝန်တိုတတ်ပေမယ့် မသိသာအောင်တော့ အတတ်နိုင်ဆုံး ထိန်းထားတတ်ကြသူတွေပါ။

🦀 နောက်ပြီး စကားပြောရင်းဖြစ်ဖြစ်၊ ဘေးချင်းယှဉ်လျှောက်ရင်းဖြစ်ဖြစ် Physical Touch လေးတွေနဲ့ သူတို့ စိတ်ဝင်စားနေ‌ကြောင်း အရိပ်အယောင်ပြတတ်ပါတယ်။

🦀 သူတို့ပိုင်တဲ့ ပစ္စည်းလေးတွေကို ကိုယ့်ကိုပဲ သုံးခွင့်ပေးတာမျိုး၊ ဒါမှမဟုတ် ပစ္စည်းလေးတွေအပေါ် အရင်ကထက် ပိုတွန့်တိုပြတာမျိုး ဖြစ်တတ်ပါတယ်။

🦀 Cancer တွေအတွက် မိသားစု အထူးသဖြင့် အမေက အရမ်းအရေးကြီးတာမို့လို့၊ ကိုယ့်ကို အိမ်နဲ့မိတ်ဆက်ပေးဖို့ တွေးလိုက်တာနဲ့တင် သူတို့ ကိုယ့်ကိုချစ်တာ တုန်နေပြီသာမှတ်တော့။

🦀 နောက်ပြီး လူတွေအများကြီးကြားထဲမှာတောင် ကိုယ့်ကိုပဲ သီးသန့် အာရုံစိုက်ပြီး အထူးတလည် ဂရုစိုက်ပေးတတ်တာ သူတို့ချစ်ရင် ပြုမူတတ်တဲ့ စတိုင်ပါ။

🦀 ဒီအချက်တွေထဲက ၃/၄ ချက်လောက် တိုက်ဆိုင်နေပြီဆိုရင်တော့.. ကိုယ့်ကို သူတို့ရဲ့ နှလုံးသားအိမ်လေးထဲ ပေးဝင်ဖို့ ပြင်နေပြီသာ မှတ်နော် 😉🦀

ဗေဒင်ပညာရပ် ဒါမှမဟုတ် Astrology ကို စိတ်ဝင်စားတဲ့ မောင်လေး၊ ညီမလေးတို့အတွက် ကိုယ်တို့ရဲ့ ဇာတာခွင် birth chart ထဲမှာပါတဲ့...
10/02/2026

ဗေဒင်ပညာရပ် ဒါမှမဟုတ် Astrology ကို စိတ်ဝင်စားတဲ့ မောင်လေး၊ ညီမလေးတို့အတွက် ကိုယ်တို့ရဲ့ ဇာတာခွင် birth chart ထဲမှာပါတဲ့ ဂြိုဟ်တစ်ခုချင်းစီက ဘာကို ဆိုလိုတာလဲဆိုတာကို သိသလောက် ရှင်းပြပေးမယ်နော်။

ကိုယ့်ရဲ့ မွေးသက္ကရာဇ်၊ အချိန်နဲ့ နေရာအတိအကျကို သိရင် ကိုယ့်မှာ ဘာ Sign တွေ ရှိနေလဲဆိုတာ စစ်ကြည့်လို့ရတယ်။ အဲ့ဒီအခါကျရင် အခု မမပြောပြတဲ့အချက်လေးတွေနဲ့ တိုက်ကြည့်ရုံပဲ။

✨ Sun ☀️ – ဒါကတော့ ကိုယ့်ရဲ့ ပင်ကိုယ်စရိုက် အစစ်အမှန်ပါ။ (ဥပမာ- ငါက ဘယ်လိုလူမျိုးလဲ ဆိုတာမျိုးပေါ့)။

🌙 Moon – ဒါကတော့ ကိုယ့်ရဲ့ စိတ်ခံစားချက်ပိုင်းပါ။ ဘယ်လိုအရာတွေက ကိုယ့်ကို စိတ်သက်သာရာရစေလဲ၊ ကိုယ်တကယ် ဘယ်လိုခံစားရလဲ ဆိုတာကို ပြပါတယ်။

Rising/Ascendant 🌅 – သူများတွေ ကိုယ့်ကို စမြင်မြင်ချင်း မြင်ရတဲ့ အပြင်ပန်းပုံစံ ဖြစ်ပါတယ်။

Mercury 💬 – ကိုယ့်ရဲ့ အတွေးအခေါ်နဲ့ စကားပြောဆိုပုံ။ ကိုယ်က ဘယ်လို ဆက်သွယ်ပြောဆိုတတ်လဲဆိုတာပြပါတယ်။

Venus ❤️ – အချစ်ရေးနဲ့ ပတ်သက်လာရင် ကိုယ်က ဘယ်လိုချစ်တတ်လဲ၊ ဘာတွေကို လှပတယ်လို့ ခံစားရလဲဆိုတာပြတယ်။

Mars 🔥 – ကိုယ့်ရဲ့ တက်ကြွမှု၊ ဒေါသနဲ့ ပြဿနာတွေကို ရင်ဆိုင်ပုံ ဖြစ်ပါတယ်။

Jupiter ✨ – ကိုယ့်ရဲ့ ကံကောင်းမှုနဲ့ အောင်မြင်မှုတွေကို ပြပါတယ်။

Saturn 🪐 – ကိုယ့်ရဲ့ တာဝန်ယူမှု၊ စည်းကမ်းနဲ့ ကံကြမ္မာ (Karma) အပိုင်းတွေပေါ့။

Uranus⚡ – ကိုယ်က တခြားသူတွေနဲ့မတူဘဲ ဘယ်လိုနေရာမှာ ထူးခြားနေသလဲ ဆိုတာပါ။

Neptune 🌊 – ကိုယ့်ရဲ့ စိတ်ကူးယဉ်မှုနဲ့ အနုပညာ ဆန်တဲ့အပိုင်းတွေ။

Pluto 🌑 – ကိုယ့်ဘဝရဲ့ ပြောင်းလဲမှု (Transformation) နဲ့ ရင့်ကျက်လာပုံတွေ။

Chiron 🩹 – ကိုယ်က ဘယ်လိုအရာတွေမှာ စိတ်ဒဏ်ရာရတတ်ပြီး အဲ့ဒါကို ဘယ်လိုကုစားမလဲ ဆိုတဲ့အချက်ပါ။

North Node 🧭 – ကိုယ့်အနေနဲ့ ရှေ့ဆက်ပြီး ဘယ်လို ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားသင့်သလဲဆိုတာပါ။

Midheaven (MC) 💼 – ကိုယ့်ရဲ့ အလုပ်အကိုင်၊ ဂုဏ်သိက္ခာ နဲ့ ပတ်ဝန်းကျင်က ကိုယ့်ကို ဘယ်လိုမြင်လဲဆိုတဲ့ အပိုင်းပါ။

Lilith 🐈‍⬛ – ကိုယ့်ရဲ့ စိတ်ထဲမှာ ဖုံးကွယ်ထားတဲ့ နက်ရှိုင်းတဲ့ စိတ်ခံစားချက်တွေ ဖြစ်ပါတယ်။

✨ ဒါလေးတွေကတော့ အခြေခံအချက်လေးတွေပေါ့။ ကိုယ့်ရဲ့ မွေးသက္ကရာဇ်နဲ့ Birth Chart ကို စစ်ကြည့်ပြီး ကိုယ့်မှာ ဘယ်ဂြိုဟ်က ဘယ်ရာသီခွင်ထဲ ရောက်နေလဲဆိုတာ ကြည့်လိုက်ရင် ကိုယ့်အကြောင်းကို ပိုသိလာပါလိမ့်မယ်။

💕 Crush ဆီက မကြာခင် ကြားရမယ့် သတင်းစကား✨ General Reading ဖြစ်တာမလို့ Energy မကိုက်တာမျိုးလည်း ရှိတတ်ပါတယ်ရှင် 🍀ကိုယ့်ရဲ့...
09/02/2026

💕 Crush ဆီက မကြာခင် ကြားရမယ့် သတင်းစကား

✨ General Reading ဖြစ်တာမလို့ Energy မကိုက်တာမျိုးလည်း ရှိတတ်ပါတယ်ရှင် 🍀

ကိုယ့်ရဲ့ crushကို အတွေးထဲမှာရှင်းနေအောင် ပုံဖော်ပြီး ကဒ်ရွေးပါ 💝

Reviews from my lovelies ✨🍀
08/02/2026

Reviews from my lovelies ✨🍀

ကိုကိုနဲ့ တားရော့ဆရာမနဲ့ယှဉ်လာရင် ဆရာမပဲ နောက်မှာကျန်ခဲ့တယ် 🙄🙄
06/02/2026

ကိုကိုနဲ့ တားရော့ဆရာမနဲ့ယှဉ်လာရင် ဆရာမပဲ နောက်မှာကျန်ခဲ့တယ် 🙄🙄

🔥 "I can buy myself flowers" ဆိုပြီး ဘယ်သူ့အကူအညီမှ လက်မခံဘဲ ဇွတ်လုပ်တယ်။ ပြီးရင်တော့ ဘယ်သူမှ မကူညီကြဘူးဆိုပြီး ဒေါသထွက်...
05/02/2026

🔥 "I can buy myself flowers" ဆိုပြီး ဘယ်သူ့အကူအညီမှ လက်မခံဘဲ ဇွတ်လုပ်တယ်။ ပြီးရင်တော့ ဘယ်သူမှ မကူညီကြဘူးဆိုပြီး ဒေါသထွက်နေတတ်တာ Aries

🌱 Ta**us တွေရဲ့ toxicity က သူတို့ စိတ်နာသွားပြီဆိုရင် မင်းရဲ့စိတ်ကိုပါ အနည်းဆုံးတော့ အညိုအမည်းစွဲသွားအောင် ပြန်လုပ်မယ့်သူတွေ။

💨 Gemini အရွဲ့အ‌စောင်းမှာ ပါရမီသိပ်ပါတာ။ မင်း သူတို့ကို မကြည်ဘူးဆိုတာ သိလိုက်ရရင် ပိုပြီးတော့တောင် မကြည်အောင် တမင်သက်သက် ရွဲ့လုပ်ပြတတ်ကြတယ်။

🌊 Cancer တွေက "တစ်ယောက်တည်းနေချင်တယ် တစ်ယောက်တည်းပေးနေပါ" လို့ ဒရာမာတွေခင်းနေပေမဲ့ တကယ်တမ်း စိတ်ထဲမှာတော့ လူတွေရဲ့ ဂရုစိုက်မှုကို တမ်းတနေတတ်တဲ့သူတွေ။

🔥 Leo ရဲ့ toxic ကအကူအညီတောင်းဖို့ ဝန်လေးတတ်တာ။ အဲ့တာကြောင့် သူတို့ အဆင်မပြေဖြစ်တဲ့အခါ လူမြင်ကွင်းကနေ အကြာကြီး ပျောက်သွားတတ်တယ်။

🌱 Virgo တွေက အမှန်တရားကို သူတို့ သိပြီးသား။ ဒါပေမဲ့ မင်း ဘယ်လောက်တောင် လိမ်မလဲဆိုတာ သိချင်လို့ တမင်သက်သက် ထပ်မေးနေတာမျိုး။

💨 Libra ကလူတိုင်းမှာ Common Sense ရှိတယ်လို့ အမြဲယူဆထားတာ။ တကယ်တမ်း လူတွေက မသိနားမလည်တဲ့အခါကျရင် သူတို့က ဒေါသထွက်ရော။

🌊 Scorpio တွေ စိတ်ခုပြီဆို toxic ဆန်တာ လူမသိရဘူး။အေးအေးဆေးဆေးပဲလို့ ဟန်ဆောင်ထားပေမဲ့ တကယ်တမ်း သူတို့ရဲ့ အစီအစဉ်က မင်းကို အစအနတောင် မကျန်အောင် ဆွဲစုတ်ပစ်မှာ။

🔥 Sagittarius တွေက သူများကို စကားပြောရင် ဘာ Filter မှမပါဘူး။ တခါတလေ သူတို့ပြောလိုက်တဲ့ စကားတွေက ဘယ်လောက်တောင် ရက်စက်သွားလဲဆိုတာ သူတို့ကိုယ်တိုင်တောင် မသိလိုက်ဘူး။

🌱 Capricorn တွေက သူတို့ကို စိတ်ထိခိုက်အောင် နာကျင်အောင် လုပ်တဲ့ တစ်ယောက်ယောက်ကို သူတို့ဘဝထဲက ဖြတ်ထုတ်ဖို့ အမြဲအသင့်ပဲ။ တစ်ခါဖြတ်ပြီးရင် နောက်ဘယ်တော့မှ စကားပြန်မပြောတော့တဲ့သူတွေ။

💨 Aquarius ‌တွေ toxic တာကျ သူတို့စိတ်တိုသွားပြီဆိုရင် တံတိုင်းကြီး တစ်ခုခြားလိုက်သလိုပဲ။ "နောက် ၃ ရက်၊ ၅ ရက်လောက်မှ ပြန်လာခဲ့" ဆိုတဲ့ Vibes မျိုး။

🌊 Pisces တွေ toxic တာကျ တမျိုးလေး။ အချိန်မီတော့ နိုးသားပဲ။ ဒါပေမဲ့ နောက်ကျမှ ဖြစ်မယ်ဆိုပြီး အိပ်ရာထဲမှာ လှိမ့်နေရင်း တကယ်ကြီး နောက်ကျသွားတတ်တဲ့သူတွေ။

🌱✨ ဒီလထဲမှာ ကိုယ့်ဆီရောက်လာမယ့် အချစ်သစ်က ဘယ်လိုလူမျိုးဖြစ်မလဲ ❓General Reading ဖြစ်တာမလို့ Energy မကိုက်တာမျိုး ဖြစ်တတ်...
04/02/2026

🌱✨ ဒီလထဲမှာ ကိုယ့်ဆီရောက်လာမယ့် အချစ်သစ်က ဘယ်လိုလူမျိုးဖြစ်မလဲ ❓

General Reading ဖြစ်တာမလို့ Energy မကိုက်တာမျိုး ဖြစ်တတ်ပါတယ်ရှင် 🍀

အသက်ကို ပြင်းပြင်းရှူပြီး အာရုံစိုက်ရွေးချယ်ပါ 💕

Feedback from my lovelies 💓💓
02/02/2026

Feedback from my lovelies 💓💓

🌀 တားရော့ဟောရင်းနဲ့ သတိထားမိတာတစ်ခုက ကျမတို့ရဲ့ ရည်ရွယ်ချက် (Intention) တွေကို စကြဝဠာထဲ ဘယ်လိုနည်းလမ်းနဲ့ ပို့လွှတ်ရမလဲဆ...
30/01/2026

🌀 တားရော့ဟောရင်းနဲ့ သတိထားမိတာတစ်ခုက ကျမတို့ရဲ့ ရည်ရွယ်ချက် (Intention) တွေကို စကြဝဠာထဲ ဘယ်လိုနည်းလမ်းနဲ့ ပို့လွှတ်ရမလဲဆိုတာပဲ 🪐✨

🔥💨 Witchcraft သဘောမှာ ဓာတ်ကြီးလေးပါးက ကိုယ့်ရဲ့ဆန္ဒတွေ တကယ်ဖြစ်လာဖို့ အခြေခံပါပဲ 🌊🌱

🔥 ကိုယ့်အတွက် အသုံးမဝင်တော့တဲ့ အရာတွေ၊ အကျင့်ဆိုးတွေ ဒါမှမဟုတ် စိတ်ညစ်စရာတွေကို ဖယ်ရှားပစ်ချင်တယ်ဆိုရင် "မီး" ကို အသုံးချပါ။ မီးက အဟောင်းတွေကို လောင်ကျွမ်းစေပြီး ပုံစံသစ်တစ်ခုအဖြစ် ပြောင်းလဲပေးနိုင်စွမ်း ရှိပါတယ်။ ကိုယ်စိတ် အဆင်မပြေတာတွေကို စာရွက်ပေါ်ချရေးပြီး မီးရှို့လိုက်တာမျိုးပါ။

💨ကိုယ့်ရဲ့ ရည်ရွယ်ချက်တွေကို Universe ဆီ ပို့လွှတ်ချင်တာလား၊ ဒါမှမဟုတ် အမှန်တရားကို ဖွင့်ဟချင်တာလား? ဒါဆိုရင်တော့ လေ ထဲကို ကိုယ့်စကားတွေ/စာတွေ လွှတ်တင်ကြည့်ပါ။ ကိုယ့်ရဲ့ အသက်ရှူသံ၊ ထွက်လာတဲ့ စကားလုံး ဒါမှမဟုတ် အသံတွေကတစ်ဆင့် မင်းရဲ့ လိုအင်ဆန္ဒတွေကို ရအောင် လုပ်နိုင်တယ်။ Affirmations တွေရွတ်/နားထောင်ပြီး Manifest လုပ်တာမျိုးပါ။

🌊 စိတ်ဒဏ်ရာတွေကို ကုစားချင်တာ၊ စိတ်အေးချမ်းချင်တာ ဒါမှမဟုတ် ပျောက်ဆုံးနေတဲ့ balance ကို ပြန်ရှာချင်တာဆိုရင်တော့ရေရဲ့ စီးဆင်းမှုနဲ့ ကိုယ့်ခံစားချက်တွေကို အလိုက်သင့် လွှတ်ထားပေးကြည့်ပါ။ ကိုယ့်ရဲ့ စိတ်ဝိညာဉ်ကို ပြန်ပြီးလန်းဆန်းစေပါလိမ့်မယ်။

🌱 ကိုယ်က တစ်ခုခုကို ခိုင်ခိုင်မာမာ တည်ဆောက်ချင်တာ၊ အောင်မြင်မှုကို အမြစ်တွယ်စေချင်တာ ဒါမှမဟုတ် တစ်စုံတစ်ခုကို စောင့်ရှောက်ချင်တယ်ဆိုရင် မြေကြီးမှာ မြှုပ်နှံရပါတယ်။ မြေကြီးထဲမှာ အမြစ်တွယ်ပြီး ကြီးထွားလာတဲ့ အပင်လေးတွေလိုပဲ ကိုယ့်ရဲ့ ဆန္ဒတွေကလည်း တဖြည်းဖြည်းနဲ့ အကောင်အထည်ပေါ်လာမယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးပါ

🍀✨ ၂၀၂၆ မှာ ဘယ် Zodiac Signs တွေအတွက် ဘယ်လိုထူးခြားမှု‌တွေ၊ အခွင့်အလမ်းတွေရှိလာမလဲ ❓🔥 Aries : အပေါ်ယံမဟုတ်ဘဲ တကယ်နားလည်မ...
29/01/2026

🍀✨ ၂၀၂၆ မှာ ဘယ် Zodiac Signs တွေအတွက် ဘယ်လိုထူးခြားမှု‌တွေ၊ အခွင့်အလမ်းတွေရှိလာမလဲ ❓

🔥 Aries : အပေါ်ယံမဟုတ်ဘဲ တကယ်နားလည်မှုရှိတဲ့ လက်တွဲဖော်မျိုးနဲ့ ဆုံရမယ်။

🌱 Ta**us : ဘဝကို တစ်ဆစ်ချိုး ပြောင်းလဲပစ်မယ့် အခွင့်အရေးကောင်းတွေ ရလာမယ်။

💨 Gemini : အပေါ်ယံထက် ပိုနက်ရှိုင်းတဲ့ လူမှုဆက်ဆံရေးတွေ တည်ဆောက်နိုင်မယ်။

🌊 Cancer : ငယ်ဘဝက ရခဲ့တဲ့ စိတ်ဒဏ်ရာတွေကို အောင်အောင်မြင်မြင် ကုစားနိုင်မယ့်နှစ်ပါ။

🔥 Leo : ကိုယ့်ကို တကယ်ကျေနပ်မှုပေးမယ့် အလုပ်အကိုင် လမ်းကြောင်းသစ် ပွင့်လာမယ်။

🌱Virgo : ကိုယ့်ကိုယ်ကိုယ် အရှိကိုအရှိအတိုင်း လက်ခံနိုင်တဲ့ စိတ်ချမ်းသာမှုမျိုး ရလာမယ်။

💨 Libra : ကိုယ့်အတွက် မကောင်းတဲ့ ပတ်ဝန်းကျင်ကနေ ရဲရဲဝံ့ဝံ့ လှည့်ထွက်နိုင်တဲ့ သတ္တိမျိုး ရှိလာမယ်။

🌊 Scorpio : တကယ့်ကို ယုံကြည်ရတဲ့ သူငယ်ချင်းစစ်၊ မိတ်ဆွေစစ်တွေ ရလာမယ်။

🔥 Sagittarius: စိတ်ရောကိုယ်ပါ အနားယူလို့ရမယ့် အိမ် လို့ ခံစားရတဲ့ နေရာတစ်ခုကို ပိုင်ဆိုင်ရမယ်။

🌱 Capricorn : အလုပ်နဲ့ ဘဝကို မျှမျှတတ ဖြတ်သန်းနိုင်မယ့် Balance တစ်ခုကို ရှာတွေ့မယ်။

💨 Aquarius : ကိုယ့်ရဲ့ ဖြစ်တည်မှုကို အပြည့်အဝ နားလည်လက်ခံပေးမယ့် အသိုင်းအဝိုင်းထဲ ရောက်မယ်။

🌊 Pisces : စိတ်ကူးယဉ်သက်သက် မဟုတ်ဘဲ လက်တွေ့ကျကျ ခိုင်မြဲတဲ့ အချစ်မျိုးနဲ့ ဆုံရမယ်။

Address

Mandalay
X3CF+C3QMANDALAY

Alerts

Be the first to know and let us send you an email when White Rays - Divination posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to White Rays - Divination:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram