10/10/2025
ဘုရားရှိခိုးရသော
အကျိုး (၁၇)ပါး
___________________
၁။ သူတစ်ပါးတို့ ရှိခိုးခံထိုက်ခြင်း။
၂။ စိတ်၏ ရဲရင့်တည်ကြည်ခြင်း။
၃။ သေသည်၏အခြားမဲ့၌ သုဂတိဘဝကိုရခြင်း။
၄။နောင်ဘုရားနှင့်တွေ့သည့်အခါ
သစ္စာလေးပါးကိုသိလွယ်ခြင်း။
၅။ အမျိုးမြတ်ခြင်း။
၆။သူတစ်ပါးတို့အရိုအသေအပြုကို ခံရခြင်း။
၇။ ချီးမွမ်းထိုက်သော ကိုယ်အင်္ဂါနှင့် ပြည့်စုံခြင်း။
၈။အဆင်းလှခြင်း။
၉။ကိုယ်အနံ့ မွှေးခြင်း။
၁၀။ ခံတွင်းအနံ့မွှေးခြင်း။
၁၁။ ကြီးကျယ်သော ဥာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၂။နက်နဲသောဥာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၃။ထက်သော ဥာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၄။လျင်မြန်သော ဥာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၅။ရွှင်သော ဥာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၆။ဆန်းကြယ်သော ဥာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၇။စကားကောင်းကို ဆိုနိုင်ခြင်း၊ တို့ဖြစ်ပါသည်။
______________________________________________
ဘုရားရှိခိုးနည်း
***************
တစ်ကြိမ်ဘုရားရှိခိုးလို့ရှိရင်
လူတစ်သိန်းကျွေးရတာနဲ့ ညီမျှတဲ့
ကုသိုလ်ရတဲ့ ဘုရားရှိခိုးနည်းရှိတယ်။
ဘယ်လို ဘုရားရှိခိုးမလဲဆိုတော့….
မမြဲသော ဤခန္ဓာကိုယ်ကို
ကိလေသာ အပူခပ်သိမ်းမှ ကင်းငြိမ်းတော်မူပြီးသော
ဘုရား တရား သံဃာအား
လှူဒါန်းပါ၏ ဘုရား…
(တစ်ကြိမ် ရှိခိုးလိုက်)၊
ဆင်းရဲသော ဤခန္ဓာကိုယ်ကို
ကိလေသာ အပူခပ်သိမ်းမှ ကင်းငြိမ်းတော်မူပြီးသော
ဘုရား တရား သံဃာအား
လှူဒါန်းပါ၏ဘုရား…
(တစ်ကြိမ် ရှိခိုးလိုက်)၊
အစိုးမရသော ဤခန္ဓာကိုယ်ကို
ကိလေသာ အပူခပ်သိမ်းမှ ကင်းငြိမ်းတော်မူပြီးသော
ဘုရား တရား သံဃာအား
လှူဒါန်းပါ၏ဘုရား…
(တစ်ကြိမ် ရှိခိုးလိုက်)။
ဤသို့အားဖြင့် ရတနာသုံးပါးကို
သုံးကြိမ်သုံးခါ ရှိခိုးပူဇော်ပါ။
အင်မတန် အကျိုးများတဲ့
ဘုရားရှိခိုးနည်းပါ။
ဘာကြောင့်လဲဆိုတော့.......
မမြဲသော မိမိခန္ဓာကိုယ်ကြီးကို
မမြဲတဲ့အကြောင်း ပွားတာက ဝိပဿနာပါ။
(မမြဲခြင်း၊ဆင်းရဲခြင်း၊အစိုးမရခြင်း)
ကိလေသာမရှိတဲ့ ဘုရား ၊ ကိလေသာကင်းကြောင်းဖြစ်တဲ့ တရား ၊ ကိလေသာကင်းပြီးတဲ့ သံဃာတွေကို
အာရုံပြုတာက သမထပါ။
လှူဒါန်းပါ၏ ဆိုတာက ဒါနပါ။
ဒါနရော သမထရော ဝိပဿနာရော
ကုသိုလ် အကုန်ပါသွားတဲ့
ဘုရားရှိခိုးနည်းပါ။
(မဟာဗောဓိမြိုင်ဆရာတော်ကြီး)