26/01/2025
{ရေမေတ္တာပို့နည်း}
လက်တွေ့ နည်းကောင်းတခုမျှဝေပေးမည်
အကယ်၍ စိတ်အာရုံညွတ်ပြီး မေတ္တာပို့ပေးနေရုံ
သက်သက်ဖြင့် ထိုသူ၏ ရန်မူနေခြင်းကိစ္စ အမြန် ပြေ
အေးသွားမည် မထင်ရလျှင် ရေမေတ္တာပို့ယူပါ၊ နည်းမှာ
မိမိအလိုရှိသူကို ရည်မှတ်၍ သန့်ရှင်းသော
ရေဖန်ခွက်တစ်ခုတွင် ကျောက်ခဲကလေး
တစ်ခုဖြစ်စေ၊ တုတ်ချောင်းကလေး တစ်ခုဖြစ်စေစိမ်ထားပါ
သူ၏စိတ်နှလုံး ရေကဲ့သို့ အေးချမ်းသွားပါစေ
ဟူ၍ လှိုက်လှဲစွာ မေတ္တာပို့လွှတ်နေပါ။
-“သူ့စိတ် ပူဆာနေခြင်း အေးချမ်းသွားဖို့ ငါ
ရေစိမ်ထားလိုက်ပြီ” ဟူ၍ မိမိစိတ်ကိုလည်း
ရှင်းရှင်းထားနေပါ၊
ပူပန်သောကဝင်၍ လှုပ်ရှား နေ၍ မရပါ။
သူ့ကို ငါ ဒုက္ခမရောက်စေလိုပါ၊ ငါလည်း
စိတ်ချမ်းသာ၊ သူလည်း စိတ်ချမ်းသာ နေမြဲတိုင်း
ဖြစ်စေရန် သူ့ကို ရေခွက်ထဲ ချစိမ်ထားလိုက်ပြီ။
ယုံကြည်စွာ သူ စိတ်အေးသွားပြီ၊ သူ စိတ်ကြည်
လင်သွားပြီ၊သူငါ့ကိုရန်မူချင်စိတ် ပျောက်
လွင့် သွားပြီ”-ဟု မိမိစိတ်က သိနေပါ။
တကယ် ချမ်းသာ စေလိုသော စိတ်ရင်း
စေတနာ ထား၍ ပေးနေပါ။
ထိုသူ၏ စိတ်သည် ထိုအချိန်ပိုင်းတွင်
မူပြောင်း လာပုံ တွေ့ရမည်။
သူ၏စိတ်ထဲတွင် မိမိက ပို့လွှတ်ပေးနေသော
စိတ်တန်ခိုးကြောင့် ပူဆာဆူပွက်နေခဲ့ပြီးသော သူ၏
ဒေါသစိတ်များ တဖြည်းဖြည်း ပြေအေးသွားလိမ့်မည်။
တစ်ဆက်တည်းမှာပင် မိမိအပေါ် သနားစိတ်ဝင်
လာမည်။ ဆက်လက်၍ ချစ်ခင်စိတ် ပြောင်းဝင်လာလိမ့်
မည်။ ချစ်ခင်စိတ်ရောက်ခဲ့လျှင် မိမိကို မြတ်နိုးဖွယ်ရာ
အဖြစ် ကြည်နူးဝမ်းသာ စိတ်ဝင်စားခြင်း ဖြစ်ပေါ်နေ
တောင်းပန်လာလိမ့်မည်။
ထိုနောက် သူ ပြောမှား, ဆိုမှားရှိသမျှ ဝန်ချ
အကယ်၍ လူကိုယ်တိုင် လာရောက် ဝန်ချ
တောင်းပန်ခြင်း မပြုသော်လည်း မိမိအပေါ်
ဆက်လက် ၍ ရန်မူနေခြင်း ပြုတော့မည်မဟုတ်ပါ။
မီးကို ရေနှင့် လုံလောက်အောင် ပက်ဖျန်းထား
လိုက်သကဲ့သို့ ကိစ္စပြီး အေးငြိမ်းသွားလိမ့်မည်။
တစ်နည်းအားဖြင့် ထိုသူ အခြားသို့ ရှောင်ထွက်
သွားပုံကို တွေ့မြင်ရလိမ့်မည်။
ဤဖော်ပြပါတို့သည် လူ့လောက၌ တွေ့ကြုံလေ့ရှိခြင်း
များတတ်သောကြောင့် ပြည့်စုံအောင် ညွှန်ကြားပေးရ၏
လုပ်ငန်းကိစ္စ တစ်ခုခု၌ တွေ့ကြုံရသော အဆင်
မပြေမှု, နှောင့်ယှက်မှု အကြောင်းခံသော နှောင့်ယှက်သူ
ကိုဖြစ်စေ၊ နေထိုင်ရေး၊ စားသောက်ရေး စသောကိစ္စ
မျိုး၌ တွေ့ကြုံလာရသော နှောင့်ယှက်သူကိုဖြစ်စေ
ဘယ်နေရာမဆို တွေ့ကြုံလေသမျှ ဤညွှန်ကြားချက်
နည်းအတိုင်းသာလိုက်နာကျင့်သုံးပါ၊ လုပ်ဆောင်ပါ။
မိမိ မေတ္တာစိတ်ဓာတ် ခိုင်မြဲသောတန်ခိုးကြောင့်
အံ့သြဖွယ်ရာ ကြည်လင် အေးမြခြင်းအဖြစ်ကို တွေ့မြင်လာရမည်။
မေတ္တာစိတ် လက်ကိုင်ထားသူသည် နောက်ဆုံး၌
အောင်နိုင်မှု ရယူမည်ဖြစ်ကြောင်း ညွှန်ကြားပါသည်။
အိမ်မှ စိတ်ကောက်ပြီးထွက်သွားသူကိုလည်း ဤ
နည်းအတိုင်းလုပ်ဆောင်ပါ၊ ပြန်ရောက်လာပါလိမ့်မည်။
ရဟန်း စသော သူတော်ကောင်းပုဂ္ဂိုလ်တို့မည်သည်
မေတ္တာတရားကို စိတ်နှလုံးသား၌ အမြဲ ကိန်းအောင်းနေစေရ၏
တစ်ခါတစ်ရံ၌ လောကဓံ တစ်စုံတစ်ခု ကြုံတွေ့ရလျှင်
ငါသည် လူယုတ်မာမဟုတ်၊တရားနှင့် ပျော်မွေ့ နေသူတည်း၊
ဘာအကြောင်းဖြစ်စေ လူ့လောကတစ်ခွင်
ကျင်လည်နေရခိုက်အခါမှာ တွေ့ကြုံရသော ပြဿနာ
ဟူသမျှကို မေတ္တာစက်ဖြင့် ဖြေရှင်းသွားမည်၊ မေတ္တာ
တရားသာ လက်ကိုင်ထားသွားမည်ဟူ၍ ခိုင်မြဲစွာ နှလုံး
ပိုက်ထားရာ၏။
မေတ္တာကို အဖော်ပြု၍ မေတ္တာတရား ရင်ဝယ်
ပိုက်ထားလျှင် စိတ်မချမ်းသာစရာ တွေ့ကြုံရသော်လည်း
စိတ်ချမ်းမြေ့ဖွယ်ရာ အမြင်မှန်ရလာပါမည်။
မကြာခင် မေတ္တာထားသူဘက်က သူ၏ဆန္ဒ
ပြည့်ဝ၍ အောင်နိုင်သူအဖြစ် ရောက်သွားရမြဲသာတည်း။
အမြတ်တောင် ထွက်သွားကြရမြဲဖြစ်၏။
တရားသဘော၏ ဤသို့ ဖြစ်တတ်ပုံကိုလည်း
ယုံကြည်မှု ထားနေရာ၏။ ခိုင်မြဲသော သဘာဝတည်း။
မေတ္တာတရား လက်ကိုင်မထားဘဲ မခံချင်စိတ်၊
သည်းမခံနိုင်စိတ်၊ ဒေါသ, မာန စသော အခြားနည်းဆိုး
လက်ကိုင်ထားလျှင် မှားသွားလေပြီဟူ၍သာ မှတ်ပါ။
ထို့ကြောင့် မေတ္တာတရားကို လက်ကိုင်ထားခြင်းထက်
ကောင်းသောအရာ မှန်သော အလုပ် လူ့လောက
တစ်ခွင်မှာ ဘာမှမရှိပါဘူးဟု ဤဆောင်းပါးအစပိုင်း၌
ဆိုခဲ့ခြင်းဖြစ်သည်။
မေတ္တာတရား၏ ကောင်းကျိုးကား ဤမျှသာ
မကပါ၊ နိဗ္ဗာန်ရောက်ကြောင်းကိုပါ ကောင်းကျိုးပေး၏။
နိဗ္ဗာန်မရသေးခင်စပ်ကြား သံသရာတစ်ခွင်ဝယ်
ဘဝကြီး, ဘဝငယ်တွေ ကျင်လည်၍နေရသေးသမျှ
ကာလပတ်လုံး မေတ္တာတရားကို မြဲမြံစွာ ရင်ဝယ်ပိုက်
ထားသူမှာ သေရေးအတွက်ကိုလည်းကောင်း၊ နေရေး
အတွက်ကို လည်းကောင်း ပူပန်ကြောင့်ကြမှ တွေးကြောက်
နေရန် မရှိပါ။
ဤဘဝ၊ နောင်ဘဝ ကြည်လင် ချမ်းမြေ့စွာသာ
ကျင်လည် သွားနေရမည်သာတည်း၊ မကောင်းသော
ဘဝမျိုးသို့ ရောက်လိမ့်မည်မဟုတ်ပါ၊ သန့်ရှင်းသော
ကြည်လင်ဖွယ်ရာရှိသော ကောင်းမြတ်သော လူ့ဘုံ၊
နတ်ဘုံ သုဂတိဘဝတို့၌သာ ကျင်လည်သွားလာနေရမည်မှာ
အမှန်တည်း
ဤသဘောသွား ဧကန်မလွဲ ဖြစ်ကြောင်းကိုလည်း
ယုံကြည်ထားရ၏။ ထို့ကြောင့် မေတ္တာတရားကိုသာ
စွဲစွဲမြဲမြဲ လက်ကိုင် ထားနေကြပါဟူ၍ တိုက်တွန်းခြင်း ဖြစ်သတည်း။
စိတ်ထားဖြောင့်တော့ အလုပ်ဖြောင့်၏။
အလုပ်ဖြောင့်တော့ အကျိုးဖြောင့်၏။
(တောင်တန်းသာသနာပြုဆရာတော်
ရေမေတ္တာပွားနည်းမှ Mini Monk မျှဝေတင်ဆက်ပါသည်။
မေတ္တာနှလုံးကိုယ်စီသုံး ကျင့်သုံးနိူင်ကြပါစေ)
Credit...ထပ်ဆင့်ပူဇော်မျှဝေအပ်ပါသည်ဘုရား
#ကောင်းမှုတစ်ခုနေ့စဉ်ပြု