နဝရတ်သစ္စာ တိုင်းရင်းဆေးခန်းနှင့်ဆေးဆိုင်

  • Home
  • Myanmar
  • Mandalay
  • နဝရတ်သစ္စာ တိုင်းရင်းဆေးခန်းနှင့်ဆေးဆိုင်

နဝရတ်သစ္စာ တိုင်းရင်းဆေးခန်းနှင့်ဆေးဆိုင် ကျန်းမာခြင်းသည် လာဘ်တပါး

အမိတက္ကသိုလ်ကြီး
29/03/2025

အမိတက္ကသိုလ်ကြီး

24/03/2025

ကျီးပေါင်းဆေးဆိုတာ ရှိလား။

အချို့လူနာတွေ ရောဂါအခံမေးရင် ကျီးပေါင်းရှိတယ်။ ကျီးပေါင်းဆေးတွေ သောက်နေရတယ်ဆရာဆိုပြီး
ဆေးအထုပ်လိုက်ကြီးတွေ လာပြတာ ဆရာဝန်မိတ်ဆွေတွေ ကြုံဖူးမယ်ထင်တယ်ဗျ။
ဆရာဝန်မဟုတ်တဲ့ မိတ်ဆွေတွေထဲမှာလည်း ကျီးပေါင်းဆေးဆိုပြီး ဆေးအများကြီး သောက်နေရတဲ့သူတွေ၊ ဆေးဖိုးတွေ မနည်းမနောကုန်နေသူတွေရှိမယ်ထင်တယ်ဗျ။

အဲ့ဒီတော့ စဉ်းစားစရာက ကျီးပေါင်းဆေးဆိုတာ တကယ်ရှိသလား။

စွဲသောက်စရာရော လိုသလား

တကယ်တော့ ကျီးပေါင်းဆိုတာ လူကြီးနာပါ။ အသက်ကြီးလာရင် လူတိုင်းဖြစ်မှာပဲဗျ။ မဖြစ်ချင်လည်း ဖြစ်မှာပဲ။

အသက်ကြီးတာကို ဟန့်တားတဲ့ဆေးမှ မပေါ်သေးတာ။ ကြီးတဲ့အသက်ကို ပြန်ငယ်စေတဲ့ဆေးလည်း မရှိသေးဘူးဗျ။
အဲ့ဒါကြောင့် ကျီးပေါင်းဆိုတာ မပျောက်နိုင်ဘူး။ ကျီးပေါင်းပျောက်ဆေးလည်း လူ့လောကမှာ မရှိဘူး။ အဲ့ဒီအမှန်တရားကို နှလုံးသားထဲက လက်ခံဖို့လိုတယ်။ မဟုတ်ရင် ဂျင်းအတောင့်လိုက်မိလိမ့်မယ်။

တကယ်တော့ ကျီးပေါင်းကို ဆရာဝန်တွေ ဆေးပေးတယ်ဆိုတာ ကျီးပေါင်းရဲ့ ရောဂါလက္ခဏာတွေကို သက်သာအောင်ပေးတာပါ။

နာကျင်ကိုက်ခဲရင် အကိုက်အခဲပျောက်ဆေးတွေပေးတယ်။
ထုံကျဉ်ရင် ထုံကျဉ်တာကို ဆေးပေးတယ်။ အကြောတက်ရင် အကြောပြေဆေးပေးတယ်။ ဒါပဲဗျ။
ဒီဆေးတွေကိုလည်း မဖြစ်မနေ နှစ်ရှည်လများ စွဲသောက်စရာမလိုဘူး။ ဝေဒနာခံစားရချိန်ပဲ သောက်ဖို့လိုပါတယ်။ အကိုက်အခဲပျောက်ဆေးတွေဆို စွဲသောက်ရင် ကျောက်ကပ်ထိတာ၊ လေဖြတ်နိုင်ချေမြင့်တက်တာ၊ အစာအိမ်ထိတာတောင် ဖြစ်နိုင်
တယ်ဗျ။

အချို့ glucosamine တွေ၊ chondritin sulphate တွေ အကြာကြီးသောက်နေကြတာတွေ့ရတယ်။ ဒီဆေးတွေက ကျီးပေါင်းကို မဟန့်တားနိုင်ပါဘူး။ အကျိုးမရှိတာ များပါတယ်ဗျ။ ( Glucosamine and chondritin products are not helpful in treating cervical spondylosis.)

ဗမာဆေးထဲမှာလည်း ကျီးပေါင်းဆေး ဆိုပြီး ရောင်းတာတွေရှိတယ်။ သောက်ရင် သက်သာတယ်။ သက်သာမှာပေါ့ဗျ။အများစုက အင်္ဂလိပ်ဆေးတွေ ကြိတ်ပြီးဖော်ထားတာကိုး။ တိုင်းရင်ဆေးစစ်စစ်မှ မဟုတ်တာ။ ပြီးရင် ဆေးဒဏ်တွေ စုခံရရော။

ဒီလောက်ဆို ကျီးပေါင်းဆေးအကြောင်းရှင်းလောက်ပါပြီ။

အားလုံးအဆင်ပြေကြပါစေဗျာ။
Crd #

Salt and Sugar ဆား နဲ့ သကြားဆေးသုတေသနအသစ်တခုအရ သွေးတိုးရောဂါမှာ ဆားထက် သကြားပိုစားရင် ပိုဆိုးတာကိုတွေ့ရပါတယ်။ သကြားဆိုတာ...
11/11/2023

Salt and Sugar ဆား နဲ့ သကြား
ဆေးသုတေသနအသစ်တခုအရ သွေးတိုးရောဂါမှာ ဆားထက် သကြားပိုစားရင် ပိုဆိုးတာကိုတွေ့ရပါတယ်။ သကြားဆိုတာ Monosaccharide fructose ကိုပြောတာဖြစ်ပါတယ်။ နှလုံး-သွေးကြောရောဂါတွေဟာ ဖွံ့ဖြိုးတဲ့ တိုင်းပြည်တွေမှာ အသက်တိုစေနေပါတယ်။
သွေးတိုးရောဂါကြောင့် အမေရိကမှာ ၂၀၀၉ ခုနှစ်တုန်းက လူပေါင်း ၃၄၈၀၀၀ ယောက် သေဆုံးခဲ့ပါတယ်။ ငွေကြေးအနေနဲ့ ဒေါ်လာ ၅၀ ဘီလီယန်ကုန်ကျပါတယ်။ သွေးတိုးရောဂါ ထိန်းချုပ်နိုင်ရေးကို ပြည်သူ့ကျန်းမာရေးမှာ ဦးစားပေးထားပါတယ်။ အစာအာဟာရနည်းနဲ့ ဆာလျှော့စားအောင် ချဉ်းကပ်နည်းလဲပါတယ်။ ဒီလမ်းညွှန်တွေရဲ့ထိရောက်မှုကို အမြဲ ဆန်းစစ်နေပါတယ်။ ဆားလျှော့လို့ သွေးတိုးကျတာ နည်းပါးတာတွေ့လာရပါတယ်။
လတ်တလော ဆန်းစစ်မှုတခုကို လူပေါင်း တသိန်းကိုလုပ်ခဲ့ပါတယ်။ ဆားတနေ့မှာ 3-6 g/day သာ စားစေသူတွေမှာ နှလုံး-သွေးကြောရောဂါနဲ့ သေဆုံးရနှုန်းဟာ ဒိထက် (ဆိုဒီယမ်) ဆား ပိုစားသူတွေထက် နည်းတာသိရပါတယ်။ ဒါပေမဲ့ တနေ့မှာ ဆား 3 g/day ထက်နည်းရင်လဲ မကောင်းပါ။ Processed foods ပြုပြင်ထားတဲ့အစားအစာတွေကနေ ဆားပိုရနေကြတယ်။ အလားတူပဲ ပြုပြင်ထားတဲ့ (ကာဗွန်ဟိုက်ဒရိတ်) ကနေလဲ မသင့်တာတွေ့ရပါသေးတယ်။
သကြားအမျိုးမျိုးမှာ (၁) စားပွဲသကြားဖြစ်တဲ့ Sucrose (ဆူးခရို့စ်) သကြား၊ Glucose (ဂလူးကို့စ်) နဲ့ Fructose (ဖရပ်တို့စ်) တွေဖြစ်တယ်။ ပြုပြင်ထားတဲ့အစားအစာတွေထဲမှာ (ဆူးခရို့စ်) သကြားပါတယ်။ (ဖရပ်တို့စ်) နဲ့ (ဂလူးကို့စ်) အညီအမျှ ပါတယ်။ High-fructose corn syrup (HFCS) အချိုရည်ထဲမှာ (ဖရပ်တို့စ်) ၅၅% နဲ့ (ဂလူးကို့စ်) ၄၅% ပါတယ်။
အချိုရည် ဥပမာ ဆိုဒါ ၂၄ အောင်စသောက်ရင် ပျမ်းမျှ သွေးဖိအား 15/9 mm Hg တိုးပြီး၊ နှလုံးခုန်နှုန်း 9 bpm ပိုမြန်တယ်။ ဒီအချက်ကိုကြည့်ရင် အချို (သကြား) ဟာ ဆား (ဆိုဒီယမ်) ထက် သွေးတိုးကို ပိုဆိုးစေတာတွေ့ရပါတယ်။ ၈ ပါတ်ကြာလေ့လာမှုအရ သကြားများပြီး စားသောက်သူတွေမှာ သွေးဖိအား အပေါ်ဂဏန်း 6.9 mm Hg နဲ့ အောက်ဂဏန်း 5.6 mm Hg တိုးလာစေတာတွေ့ရတယ်။ သကြား စက်မှုလုပ်ငန်းကနေ ထုတ်ပြန်ခဲ့တာကတော့ 7.6/6.1 mm Hg တက်တယ်လို့ဖြစ်ပါတယ်။
(ကယ်လိုရီ) ၂၅% ဒါမှမဟုတ် ဒိထက်ပိုစားသုံးသူတွေမှာ နှလုံး-သွေးတိုးကြောင့်သေဆုံးမှု (၃) ဆ များတယ်။ လက်ရှိ အမေရိကန် နှလုံးရောဂါအသင်းနဲ့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ကနေ သတ်မှတ်ပေးထားတာထက် လူတွေက (၂) ဆ ကနေ (၈) ဆပိုစားနေကြတယ်။ လူငယ်တွေမှာဆို (၁၆) ဆ များနေပါတယ်။
ဒါကြောင့် သကြားလျှော့စားသောက်ပါ။ ပြုပြင်ထားတဲ့အချိုစာတွေ လျှော့စားသုံးပါ။ ကိုယ်ရောင်နေသူတွေအတွက်တော့ ဆားကပိုဆိုးစေပါတယ်။
ဒေါက်တာတင့်ဆွေ

ကုသိုလ်ပိုရတဲ့နည်း      တဝါတွင်းလုံး မြတ်စွာဘုရားရှင်အား ဝါဆိုသက်န်းနှစ်တိုင်းကပ်လှူနေကျမို့ ဝေမျှကုသိုလ်ပါရှင်🙏🏻     "ဝ...
30/07/2023

ကုသိုလ်ပိုရတဲ့နည်း

တဝါတွင်းလုံး မြတ်စွာဘုရားရှင်အား ဝါဆိုသက်န်း
နှစ်တိုင်းကပ်လှူနေကျမို့ ဝေမျှကုသိုလ်ပါရှင်🙏🏻

"ဝါဆိုသင်္ကန်း"
"ကထိန်သင်္ကန်း"
ဖြစ်ပေါ်လာအောင်

ခွင့်ပြု ပေးတဲ့
မြတ်စွာဘုရားရှင်ကို
ဝါဆိုသင်္ကန်း ၊ ကထိန်သင်္ကန်း မကပ်ဖူးသေးရင်
ကပ်လှူပူဇော်ပါ။

ကိုယ့်အိမ်ကဘုရားကို
ဝါဆိုသင်္ကန်း ကပ်မယ်ဆိုရင်...

(၁*၈*၂၀၂၃)ဝါဆိုလပြည့်နေ့ နံနက်အာရုံတက်ချိန်

ဘုရားရှေ့မှာ
ကိလေသာအပူအားလုံး ကင်းဝေးစင်ကြယ်တော်မူသော မြတ်စွာဘုရား။
စိတ်ကွယ်ရာအရပ်၌ပင် မကောင်းမူ့ကို မပြုမကျင့်တော်မူသော မြတ်စွာဘုရား။
လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းတို့၏ပူဇော်အထူးကိုခံယူတော်မူထိုက်သော မြတ်စွာဘုရား။
တပည့်တော်တို့ ဤဝါဆိုသင်္ကန်းကို
ဆက်ကပ်လှူဒါန်းပါတယ်ဘုရား🙏🏻🙏🏻🙏🏻
ဆိုပြီး ဝါဆိုသင်္ကန်းကပ်လှူပါ

မြတ်စွာဘုရားရှင်ကို
ကပ်လှူထားတဲ့
ဝါဆိုသင်္ကန်းကို တစ်ဝါတွင်းလုံး
ဘုရားစင်မှာ ကပ်လှူထားပါ,..
"သီတင်းကျွတ်" လပြည့်နေ့မှ စွန့်ပါ

စွန့်ပြီး အဲ့ဒီသင်္ကန်းကို
သံဃာတစ္ပါးပါး
အားစွန့်ပြီး ပြန်လှူလိုက်ပါ..

" ဘုရားလှူရတဲ့ ကုသိုလ်ရယ် "

" သံဃာလှူရတဲ့ ကုသိုလ်ရယ် "

ကုသိုလ်ပိုရပါတယ်။

သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့ကစပြီး
သင်္ကန်းတစ်စုံ ထပ်ဝယ်ပြီး
ဘုရားကို ကထိန်သင်္ကန်းကပ်လှူပါ
ဘုရားခွင့်ပြု တော်မူတဲ့လ,
သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့ကနေ
တန်ဆောင်မုန်းလပြည့်ထိ

တစ်လတာအတွင်း, ကထိန်သင်္ကန်း လှူလို့ရတယ်..

အဲ့ဒါ ဘုရားမှာ
တပတ်လှူ , (၅)ရက်လှူ , (၃)ရက်လှူ
လှူပြီးတာနဲ့ စွန့်ပြီး
အိမ်နားက ကျောင်းမှာ ကထိန်ခင်းတာရှိမယ်
အဲ့ဒါ သွားလှူလိုက်ပါ။

အဲ့တော့ ဘုရားလည်း
"ကထိန်သင်္ကန်း"ကပ်ရတယ်။
ကျောင်းမှာလည်း သံဃာတော်တွေအတွက်
"ကထိန်သင်္ကန်း လှူရပါတယ်။

ဘုရားရှင်ကို
" ဝါဆိုသင်္ကန်း "
" ကထိန်သင်္ကန်း "
မကပ်ဖူးသေးတဲ့ သူတွေ
ဒီနည်းအတိုင်းလုပ်လို့ရပါတယ်...

ကုသိုလ်တွေ ပို၍ရအောင် လှူနိူင်ကြပါစေ။
ကုသိုလ်အထူးလည်းရကြပါစေ။ #ဝေမျှကုသိုလ်ပါရှင်

မှတ်ချက်။ ။ဘုရားဟောနဲ့ညီမညီတော့မသိပါ အများသူငှာကုသိုလ်ရစေရန်copyယူလာတာပါ။

"                                                                            "   ဘာဆေးတွေအစုံစားစား - ဒါလေးတော့ငုံထား   ...
18/07/2023

" "
ဘာဆေးတွေအစုံစားစား - ဒါလေးတော့ငုံထား

လေးညှင်းပွင့် ( Clove - flower )

သင် မနက်အိပ်ယာထ မျက်နှာသစ်သွားတိုက်ပြီးတာနဲ့ ရေအေးတစ်ခွက်သောက်ပြီး နောက် လေးညှင်းပွင့်တစ်ပွင့်ကိုယူပြီး ခံတွင်းမှာငုံထားလိုက်ပါ။ သို့မဟုတ် ပါးစောင်မှာငုံထားလိုက်ပါ။

ရရှိမဲ့အကျိုးကျေးဇူးကတော့ - သင်ဟာခါတိုင်း မနက်ထဝမ်းမသွားဘူး ဝမ်းချုပ်တတ်သူဆိုရင် မကြာခင် ဝမ်းသွားချင်လာပါလိမ့်မယ်။

သင်ဟာခံတွင်းပျက်ပြီး စားချင်သောက်ချင်စိတ်မရှိသူဖြစ်နေရင်တောင် လေးညင်းပွင့်ငုံထားပြီး မကြာခင်မှာ စားချင်သောက်ချင်စိတ်တွေပေါ်လာပါလိမ့်မယ်။

သင်ဟာ ခံတွင်းအနံ့ဆိုးသူဆိုရင် လေးညှင်းပွင့်က သင့်ကို စကားပြောတဲ့အခါ အာပုတ်နံ့ထွက်ခြင်းမှကာကွယ်ပေးနိုင်ပါတယ်။

သွားမှာအခေါင်းရှိသူတွေ၊ သွားခြေမှာရောင်ရမ်းမှုရှ်သူတွေ၊ သွားကိုက်တတ်သူတွေအတွက် လေးညှင်းပွင့်က သွားဆရာဝန်ပါ။

အအေးပတ် နှာစေး၊ နှာရည်ကျသူအတွက်ကုဆေးကတော့ လေးညှင်းပွင့်ပြုတ်ရည်ပူပူလေးကို မှုတ်သောက်ပေးပြီး လေးညှင်းပွင့်ကို တစ်ပွင့်ပြီးတစ်ပွင့် အာနီသင်ကုန်သွားရင် အသစ်လဲပြီး ပါးစပ်ထဲမှာငုံထားပေးရင် သုံးရက်အတွင်း နှာစေးရောဂါပျောက်ပါတယ်။

ခေါင်းကိုက်သူများ လေးညှင်းပွင့်ကို ငုံထားခြင်းဖြင့် တဖြည်းဖြည်းသက်သာလာတာကိုတွေ့ရပါတယ်။

ဆီးချိုရောဂါရှိသူများဟာ ထမင်းစားပြီးတိုင်း လေးညှင်းပွင့် (၃)ပွင့် ငုံထားပြီး တဖြည်းဖြည်း ဝါးပြီးအရည်ကိုမျိုချကြည့်ပါ။ ဆီးချိုမတက်တာတွေ့ရပါလိမ့်မယ်။

သွေးတိုးရှိသူများဟာ မနက်ထမျက်နှာသစ်ပြီးသွားတိုက်ပြီးတာနဲ့ လေးညှင်းပွင့်နှစ်ပွင့် ငုံပေးထားရင် သွေးတိုးခြင်းမှကာကွယ်ပေးနိုင်ပါတယ်။

ညအိပ်မပျော်သူများဟာ မအိပ်မီ တစ်နာရီခန့်ကြိုတင်ပြီးလေးညှင်းပွင့်ငုံထားပေးခြင်းဖြင့်အိပ်ပျော်စေနိုင်ပါတယ်။

ကြည်လွင်မြင့်(မုဒြာ)

 #ရေသောက်ပါ“ ညအိပ်ခါနီးမှာ ရေသောက်ရင် အိပ်ရေးပျက်မယ်။                        ညသန်းခေါင်ကျော် အချိန်ကြီးမှာ ဆီးထသွားရမယ်။...
14/07/2023

#ရေသောက်ပါ

“ ညအိပ်ခါနီးမှာ ရေသောက်ရင် အိပ်ရေးပျက်မယ်။ ညသန်းခေါင်ကျော် အချိန်ကြီးမှာ ဆီးထသွားရမယ်။ ဒါကြောင့် အိပ်ခါနီးရင် ရေမသောက်ကြနှင့်”

လူတိုင်း ဒီလိုပဲ ထင်ပြီး ဒီလိုပဲ ပြောဆိုလေ့ ရှိကြပါတယ်။
မမှန်ဘူးခင်ဗျား… ။

နှလုံးနာတဲ့ ဝေဒနာ… အဲ… (Heart Attack) နှင့် ရေဆိုတာ ဒွန်တွဲနေပါတယ်။

“ လူတွေ ညဘက်မှာ နေ့ဘက်အချိန်တွေထက် ဘာကြောင့် ဆီးပိုသွားတတ်သလဲ”
“ နေ့ဘက်မှာ လူတွေက မတ်တပ်ရပ်နေကြတယ်။ ကမ္ဘာ့ဆွဲအား(gravity)ကြောင့် ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ရေတွေက ပေါင်နဲ့ခြေထောက်မှာ သွားစုနေတယ်။ ၀ပ်နေတယ်။

ညဘက်ရောက်တော့ ဒီလိုမဟုတ်တော့ဘူး။
လှဲနေ… အိပ်နေကြတဲ့အတွက် ခန္ဓာကိုယ်က ဆန့်နေတယ်။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရေတွေက ကျောက်ကပ် (Kidney)နှင့် တပြေးတည်း ရှိနေတယ်။ ဒီတော့ ခန္ဓာကိုယ် အောက်ပိုင်းမှာ ရှိတဲ့ ရေတွေက ကျောက်ကပ်ထဲကို စီး၀င်ဖို့ ပိုလွယ်ကူသွားတာပေါ့ ခင်ဗျား။”

ကျောက်ကပ်နှင့် ရေက ဘယ်လို ဆက်စပ်နေကြလဲ။ ခန္ဓာကိုယ်အထဲမှာ ရှိတဲ့ အဆိပ်တွေကို ဆီးအဖြစ် ခန္ဓာကိုယ် အပြင်ကို ရောက်ရှိအောင် ပြုလုပ်ပေးတာပေါ့ ခင်ဗျား။
မှန်ပါတယ်။

အဲ… ဒါပေမယ့်… ။ နှလုံးရောဂါကု ပညာရှင်တွေရဲ့ အဆိုအရ ရေကို ပိုသောက်ပေးသင့်တဲ့ အချိန်တွေကို သတ်မှတ်ပေးထားပါတယ်။

ဘယ်လို သတ်မှတ်ထားသလဲ။

မနက် အိပ်ရာနိုးနိုးချင်း ရေ(၂)ခွက် သောက်ပါ။
သင့်ခန္ဓာကိုယ်အတွင်းမှ ကလီစာတွေ ပိုပြီး အလုပ်လုပ်ကြ ပါလိမ့်မည်။
နံနက်စာ မစားခင် မိနစ်(၃၀)အလိုမှာ ရေ (၁)ခွက် သောက်ပါ။
အစာကြေ လွယ်တာကို ခံစားရပါမယ်။
ရေမချိုးခင် ရေ (၁)ခွက် သောက်ပါ။
သွေးတိုး (blood pressure) ကျစေပါလိမ့်မည်။
အိပ်ရာမ၀င်ခင် ရေ (၁)ခွက် သောက်ပါ။
လေဖြတ်ရောဂါနှင့် နှလုံးနာရောဂါမှ ကင်းဝေးပါလိမ့်မယ်။
အဲ… ပြောရအုံးမယ်။

အိပ်ရာမ၀င်ခင် ရေ (၁)ခွက် သောက်ခြင်းဟာ အထက်ပါရောဂါ (၂)မျိုးမှသာ ကင်းဝေးစေတာ မဟုတ်ပါဘူး။
ညဘက် ခြေထောက် ကြွက်တက်တဲ့ ဒုက္ခ … Leg Cramp မှလည်း ကင်းဝေးစေပါတယ်။

ဘာကြောင့်လဲ။
ညဘက် ခြေထောက်ကြွက်သားတွေ တင်းလာတယ်ဆိုတာ ရေငတ်လာကြတဲ့အတွက်ပါ။
ဒီအကြောင်းတွေကို အကျယ်သိချင်လျှင်… (၂၉.၇.၂၀၀၉) ခုနှစ်ထုတ် (The Journal of American College of Cardiology)မှာ ဖတ်ကြည့်ပါ။

နှလုံးနာတဲ့ရောဂါ… heart attack ဆိုတာဟာ နေ့ဘက်မှာပဲ ဖြစ်လေ့ ပိုရှိပါတယ်။
နံနက် (၆)နာရီနှင့် မွန်းတည့်အချိန် အတွင်းမှာဖြစ်တတ်ပါတယ်။
ညဘက် မဖြစ်ဘူးလား။ အဖြစ် နည်းပါတယ်။

နှလုံးရောဂါသည်တွေကို လေဖြတ်မှာ စိုးရိမ်တဲ့အတွက် (baby asipirin) ဆေးပြားကို တနေ့(၁)ပြား သောက်ခိုင်းပါတယ်။
ညအိပ်ရာ မ၀င်ခင် သောက်ပါ။
ဘာကြောင့်လဲ နေ့ဘက်မှ ပိုပြီး ဆေးစွမ်းပြစေချင်တဲ့ အတွက်ပါ။ (baby aspirin) တပြားဟာ (၂၄)နာရီ အာနိသင် ရှိပါတယ်။
လေဖြတ်နိုင်တဲ့ အခွင့်အလမ်း အများဆုံး က မနက် စောစောပိုင်း အချိန်တွေပါ။
(အက်စပလင်) ဆေးပြားတွေက အချိန်ကြာကြာ သိမ်းထားရင် ရှာလကာရည် (Vineger) အနံ့ထွက်လာလေ့ ရှိပါတယ်။ ဒီ(အက်စပလင်)ကို အသက်ကယ်ဆေးတမျိုးလို့လဲ မှတ်ယူနိုင်ပါတယ်။
မှန်ပါတယ်။ လေဖြတ်ပြီး ဘ၀ပျက်ရမဲ့ ဒုက္ခကို ဒီဆေးပြားက ကယ်နိုင်တယ် မဟုတ်လား။
ဒါကြောင့် ဒီဆေးပြားကို မိမိ အိပ်ရာနှင့် မလှမ်းမကမ်းမှာ အမြဲ ဆောင်ထားသင့်ပါတယ်။ မိမိ လျှာ အပေါ် တင်လိုက်တာနှင့် သွေးကြောထဲ အလွယ်တကူ ပျော်၀င်သွားနိုင်တဲ့ (အက်စပလင်)အမျိုးအစားကို ရှာဖွေပြီး သုံးသင့်ပါတယ်။
Heart attack… အဲ… နှလုံးနာရောဂါ ဖြစ်တော့မယ် ဆိုတာနှင့် ကြိုတင်သတိပေးတဲ့ ရောဂါလက္ခဏာတွေ အများကြီး ရှိပါတယ်။
ဘယ်လက်မောင်းရင်းမှာ ကိုက်လာမယ်။
မေးစေ့အောက်မှာ မခံမရပ်နိုင်အောင် နာလာမယ်။ မူးမယ်။ ချွေးစေးတွေ ရုတ်တရက် ခန္ဓာကိုယ်မှာ ထွက်လာမယ်။
အဲ… ဒါပေမဲ့ တခါတရံ နှလုံးနာဝေဒနာ စဖြစ်နေပြီ ဖြစ်ပေမဲ့ ဒီလက္ခဏာတွေ မပေါ်တာလဲ ရှိတတ်ပါတယ်။
နှလုံးရှိတဲ့ ရင်ဘတ်နေရာမှာတောင် မနာဘူး။ မကိုက်ဘူးတဲ့ ခင်ဗျား။
မှန်ပါတယ်။
အိပ်ပျော်နေတဲ့ ဝေဒနာသည် ၆၀(ခြောက်ဆယ်) ရာခိုင်နှုန်းက နှလုံးနာဝေဒနာ စတင် ဖိစီးနေကြပေမဲ့ သူတို့ အိပ်ပျော်နေကြရာမှတောင် မနိုးဘူးတဲ့။

မြန်မာတွေ ပြောလေ့ရှိတဲ့ “အိပ်ပျော်နေရင်းနှင့် အသက်ထွက်သွားတယ်ဗျာ” ဆိုတာ ဒီလို သေတာမျိုးတွေပေါ့ ခင်ဗျား။

ဒါပေမဲ့ နိုးသွားကြတဲ့ လူတွေက များပါတယ်။
အဲ… အိပ်ရာက နိုးနိုးချင်း ဘာလုပ်သင့်ပါသလဲ။
(အက်စပလင်) ဆေး (၂)ပြားကို ပါးစပ်ထဲ ပစ်ထည့်ပြီး ရေသောက်ချလိုက်ပေါ့ ခင်ဗျား။

အဲ… ဒီမှာ ရေက အရေးကြီးလာပြီ။
ရေကို မိမိ အိပ်ရာဘေးတွင် အဆင့်သင့် မဆောင်ထားလျှင် ဒုက္ခမရောက်ပေဘူးလား။ ဒါကြောင့် လူတိုင်းဟာ မိမိတို့ အိပ်ရာဘေးရှိ စားပွဲပေါ်တွင် ရေပုလင်း… အဲ… ရေဗူးကို အမြဲ အဆင်သင့် ဆောင်ထားပြီး အိပ်သင့်ကြပါတယ်။
နောက်… ဘာဆက်လုပ်သင့်ပါသလဲ။
အိပ်ရာပေါ်တွင် ဆက်ပြီး လှဲမနေသင့်ပါဘူး။

အိပ်ရာမှ ဖြည်းဖြည်း ထထိုင်ပြီး အနီးဆုံး ကုလားထိုင် တလုံးပေါ်မှာ သက်သက်သာသာ ငြိမ်ပြီး ထိုင်နေပါ။
အနီးပတ်၀န်းကျင်မှ လူတွေကို နှိုးပြီး အကူအညီ တောင်းပါ။ ဆေးရုံကို အမြန်ဆုံး ရောက်အောင် ပို့ခိုင်းပါ။
အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားတဲ့ (Heart attack and water)ဆိုတဲ့ ဆောင်းပါးက ဒီလောက်ပါပဲ။
တိုတိုလေးပါ။
ဒါပေမဲ့ ဆောင်းပါးရှင်က ပြောထားပါတယ်။
ဒီဆောင်းပါးကို သင် လူ (၁၀)ယောက်ထံကို မျှဝေပို့ပေးပါ။
လူတယောက်ရဲ့ အသက်ကို သင်ကယ်ကောင်း ကယ်နိုင်ပါလိမ့်မယ်။
မှန်ပါတယ်။
ကျွန်တော်လည်း ဒီအတိုင်းပင် ယုံကြည်ပါတယ်။
စာရှုသူ… ။
ဒီနေ့ ကမ္ဘာကြီးမှာ နှစ်စဉ် နှလုံးရောဂါဖြင့် သေသူ လူဦးရေ ဘယ်လောက် ရှိတယ်လို့ သင် ထင်ပါသလဲ။
(၂၀၁၇) ခုနှစ်မှာ (၁၇)ဒဿမ (၃)သန်း ရှိပါတယ်။
(၂၀၃၀)ခုနှစ်မှာ (၂၃)ဒဿမ (၆)သန်းအထိ တိုးလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
(၂၀၀၈)ခုနှစ်အတွင်း ကမ္ဘာပေါ်မှာ သေတဲ့လူ ၃၀ (သုံးဆယ်) ရာခိုင်နှုန်းက နှလုံးရောဂါဖြင့် သေကြပါတယ်။ ဒီသေတဲ့ လူတွေအထဲက (၈၀)ရာခိုင်နှုန်း ဦးရေက ဆင်းရဲတဲ့ တိုင်းပြည်က သေကြတဲ့ လူတွေပါ။
အမေရိကန်ပြည်ထောင်စု တခုထဲမှာ ဒီရောဂါဖြင့် သေတဲ့ဦးရေက ၈ (ရှစ်)သိန်းနီးပါး ရှိပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ တရက်ကို နှလုံးရောဂါဖြင့် သေတဲ့ ပျှမ်းမျှ ဦးရေက ၂၁၅၀ (နှစ်ထောင့် တစ်ရာ့ငါးဆယ်) ရှိပါတယ်။
စက္ကန့် (၄၀)မှာ (၁)ယောက်နှုန်း သေနေကြတယ်ပေါ့ ခင်ဗျား။
(ကင်ဆာ) ရောဂါကို ဒီနေ့ လူတိုင်း အလွန်ကြောက်လန့်ကြပါတယ်။ အဲ… ဒါပေမဲ့ ဒီကင်ဆာရောဂါ ကြောင့် ဒီနေ့ သေနေတဲ့ ဦးရေက နှလုံးရောဂါကြောင့် သေကြရတဲ့ ဦးရေလောက် မများပါဘူး။
အမေရိကန်ပြည်ထောင်စုမှာ နှလုံးနှင့် နွယ်တဲ့ ရောဂါတမျိုးမျိုးကို ခံစားနေကြတဲ့ လူဦးရေက ၈၅ ဒဿမ ၆သန်းကျော် ရှိပါတယ်။
မှန်ပါတယ်။
ဒါကြောင့်လည်း ဒီနှလုံးရောဂါသည်တွေအတွက် အသုံးပြုနေရတဲ့ ဆေးကုသစရိတ်က အမေရိကန် ဒေါ်လာ (ဗေလီယံ)ပေါင်း ၃၂၀ (သုံးရာ့နှစ်ဆယ်) ကျော် ရှိပါတယ်။


ဦးလှ၀င်း (လေသူရဲတစ်ဦး)
၁၂. ၄. ၂၀၁၈


❣️အာရုံကြောအားနည်း နေတဲ့ လက္ခဏာ (၇) မျိုး။1. ထုံကျဉ်တာခြေတွေ၊ လက်တွေ ထုံကျဉ်တာ ဖြစ်ဖူးတယ်မလား။ ရာသီဥတုအေးလို့လည်း မဟုတ်ပ...
12/07/2023

❣️အာရုံကြောအားနည်း နေတဲ့ လက္ခဏာ (၇) မျိုး။

1. ထုံကျဉ်တာ

ခြေတွေ၊ လက်တွေ ထုံကျဉ်တာ ဖြစ်ဖူးတယ်မလား။ ရာသီဥတုအေးလို့လည်း မဟုတ်ပါဘဲ မကြာခဏ ထုံကျဉ်တာ နေရခက်ပါတယ်။ ဗီတာမင် B12 အားနည်းခြင်းက အာရုံကြောတွေကိုဖုံးအုပ်ပေးထားတဲ့ အကာအကွယ်အလွှာကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ Crohn’s ရောဂါ သို့မဟုတ် တခြား အူလမ်းကြောင်းရောဂါတွေကြောင့်လည်း ဗီတာမင်စုပ်ယူနိုင်စွမ်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

2. ပိုချမ်းတတ်တာ

အရင်ကဆို မှုလောက်မှာမဟုတ်တဲ့ အအေးဓာတ်လောက်ကို အခုမှ အရမ်းချမ်းတတ်နေတာမျိုး။ နည်းနည်းအေးတာနဲ့ ကိုယ်က ခိုက်ခိုက်တုန်နေတာမျိုး ခံစားရတယ်ဆို သွေးအားနည်းနေတာဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းထဲမှာ B12 ဓာတ်မလုံလောက်လို့ သွေးနီဥတွေ နည်းတာ ဖြစ်စေနိုင်ပါတယ်။ ဒါဆို ခြေဖျား၊ လက်ဖျားတွေ အေးစက်ပြီး တဆတ်ဆတ်တုန်ပြီး ချမ်းတတ်တာပေါ့။

3. ဦးနှောက်လုပ်ဆောင်ချက်တွေကမောက်ကမ
ဖြစ်တာ

စိတ်ဓာတ်ကျတာ၊ အာရုံရှုပ်ထွေးတာ ၊မေ့တတ်လာတာ၊ အာရုံစူးစိုက်မရတာတွေက B12 အားနည်းရာကနေ ဖြစ်လာတဲ့လက္ခဏာတွေပါ။

4. အားနည်းတာ

လူကအားနည်းသလိုဖြစ်နေတယ်၊ ကြွက်သားတွေအားမရှိဘူး၊ ပင်ပန်းနုံးချိနေမယ်၊ ခေါင်းမူးတယ်ဆိုရင် အာရုံကြောအားနည်း တာဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေ ပိုဆိုးလာတယ်၊ ကြာလာတယ်ဆိုရင် ဆရာဝန်ပြပြီး အားဆေးသောက်သင့်သောက်ရပါမယ်။

5. နှလုံးခုန်မြန်တာ

နှလုံးခုန်မြန်တာကလည်း အာရုံကြောအားနည်း တဲ့ လက္ခဏာထဲမှာ ပါဝင်ပါတယ်။ ကြက်သား၊ ကြက်ဥ၊ ငါး တို့ကနေ ဗီတာမင်B12 ရရှိနိုင်ပါတယ်။ B12 ချို့တဲ့တယ်ဆိုရင် သွေးအားနည်းခြင်း၊ စိတ်အတက်အကျမြန်ခြင်း၊ အာရုံကြောထိခိုက်ခြင်းနဲ့ တခြားပြင်းထန်တဲ့ ရောဂါတွေ ဖြစ်လာစေနိုင်ပါတယ်။

6. ပါးစပ်အနာ

သွားဖုံး သို့မဟုတ် လျှာမှာ အနာလေးတွေ ဖြစ်လာတယ်ဆိုရင် B12 အားနည်းတာ၊ သွေးအားနည်းခြင်း
သို့မဟုတ် တခြားရောဂါ အကြောင်းရင်းတစ်ခုခုကြောင့် ဖြစ်နေနိုင်ပါတယ်။

7. ဗိုက်ပြဿနာ

ခံတွင်းပျက်တာ၊ အရမ်းပိန်သွားတာ၊ ဝမ်းချုပ်တာ စတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ်ထဲမှာ B12 ပမာဏချို့တဲ့လွန်းရင် ဆရာဝန်ပြပြီး အားဆေးထိုးသင့် ထိုးရပါမယ်။
Crd:

💝အာရုံကြောအားကောင်းစေတဲ့အစားအစာများ။

❣️အာရုံကြော အားနည်းလာပြီးလာဆိုရင် အာရုံကြောတွေ ပျက်စီးခြင်းတွေနဲ့ အခြားသော ခန္ဓာကိုယ်တွင် လက္ခဏာအမျိုးမျိုး ဖြစ်ပေါ်တတ်ပါတယ်။

❣️ဒါကြောင့် အာရုံကြော စနစ် အားကောင်းလာစေဖို့အတွက် အစားအစာကနေ ပြုလုပ်လိုရပါတယ်။ ကဲ ဘယ်လိုအရာတွေက အာရုံကြောစနစ်ကို အားကောင်းစေလလဲ ကြည့်လိုက်ရအောင်ရှင်

❣️အာရုံကြောစနစ် ကျန်းမာဖို့အတွက် ဒီဓါတ်တွေလိုအပ်ပါတယ်ရှင်

💓ဗီတာမင် B1 (သီရာမင်း)

ခြေထိပ်လက်ထိပ်လေးတွေမှာ အာရုံခံစားမိစေဖို့ လုပ်ဆောင်ပေးပါတယ်။

💓ဗီတာမင် B6

အာရုံခံစားမှုတွေကို သိရှိခံစားနိုင်စေဖို့ အရေးပါတဲ့ ဓါတ်တစ်ခုပါ။

💓ဗီတာမင် B12

ခြေလက်တွေ ထုံကျဉ်တာမျိုး မဖြစ်အောင်ကာကွယ်ပေးပါတယ်။

💓ကော့ပါး

သိမြင်မှုစွမ်းရည်ကိုကောင်းမွန်စေပြီး အာရုံကြောကို ကျန်းမာစေနိုင်ပါတယ်။

💝အာရုံကြောကျန်းမာစေဖို့ ဘာတွေစားမလဲ

💓ဟင်းနုနွယ်

အာဟာရနဲ့ဗီတာမင်တွေကြွယ်ဝစေတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓါကိုယ် ကျန်းမာစေနိုင်သလို ဦးနှောက်နဲ့အာရုံကြောကိုလည်း ကျန်းမာစေနိုင်ပါတယ်။

💓ဆန်လုံးညို

ဗီတာမင် B6 ကြွယ်ဝစွာပါဝင်တာကြောင့် စိတ်ပိုင်းဆိုင်ရာကျန်းမာစေနိုင်ပါတယ်။ အန္တရာယ်ရှိတဲ့homocysteines ပမာဏမြင့်တက်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ပါဝင်တာကြောင့် အာရုံကြောစနစ်ကို ကျန်းမာစေနိုင်ပါတယ်။

💓ကိုကိုး

ဓါတ်တိုးဆန့်ကျင် အာနိသင်တွေကြွယ်ဝတာကြောင့်oxidative stressတွေကြောင့်ဖြစ်လာမယ့် အာရုံကြောထိခိုက်မှုပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

💓ငါး

အထူးသဖြင့်ကတော့ ပင်လယ်ငါးပါ။ Omega- 3 fatty acids ကြွယ်ဝစွာပါဝင်တာကြောင့် ဦးနှောက်နဲ့အာရုံကြောစနစ်တွေကို ကျန်းမာစေနိုင်ပါတယ်။

💓ငှက်ပျောသီး

ပိုတက်ဆီယမ်ကြွယ်ဝတဲ့ ငှက်ပျောသီးလေးက ဦးနှောက်နဲ့အာရုံကြောစနစ်ကိုရေဓါတ်ပြည့်အောင်ဖြည့်ပေးပြီး အာရုံကြောစနစ် ကျန်းမာအောင်လုပ်ဆောင်ပေးပါတယ်။

💓ကြက်သွန်ဖြူ

ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်တာကြောင့် ဦးနှောက်နဲ့အာရုံကြောစနစ်ကို ကျန်းမာစေနိုင်ပါတယ်။
ဦးနှောက်နဲ့အာရုံကြောစနစ် ကျန်းမာစေဖို့အတွက် အခုပြောခဲ့တဲ့ အစားအသောက်လေးတွေကိုနေ့စဉ်တစ်ခု နှစ်ခုလောက်ပါဝင်အောင်စားသုံးပေးပြီး အာရုံကြောကျန်းမာအောင်စောင့်ရှောက်လိုက်ပါရှင်။

to original uploader

09/07/2023
ဒါတွေဖြစ်ရင် ဒီလိုလုပ်
14/06/2023

ဒါတွေဖြစ်ရင် ဒီလိုလုပ်

ထမင်းစားပြီး ချက်ချင်းရေမချိုးသင့်တဲ့အကြောင်းအရင်းအလုပ်များတဲ့နေ့ရက်တွေကို ဖြတ်သန်းရတာများလာတာနဲ့ ကျွန်တော်တို့တွေက ကျန်...
03/04/2023

ထမင်းစားပြီး ချက်ချင်းရေမချိုးသင့်တဲ့အကြောင်းအရင်း

အလုပ်များတဲ့နေ့ရက်တွေကို ဖြတ်သန်းရတာများလာတာနဲ့ ကျွန်တော်တို့တွေက ကျန်းမာရေးနဲ့ညီညွှတ်တဲ့အလေ့အကျင့်တွေရှိဖို့ ခဲယဉ်းလာကြပါတယ်။ ကျွန်တော်တို့တွေ အလုပ်များလို့ ပင်ပန်းနေရင်တောင် ကျွန်တော်တို့ရဲ့ဘဝနေထိုင်မှုပုံစံနဲ့ပတ်သက်ပြီး အာရုံစိုက်ဖို့တော့ အရေးကြီးပါတယ်။ တစ်နေ့တာအလေ့အထတွေထဲမှာ တစ်ခုကတော ရေချိုးချိန်မှန်ဖို့ပါပဲ။ “ထမင်းစားပြီး ချက်ချင်းရေမချိုးနဲ့နော်” လို့ လူကြီးတွေပြောကြမှာပါ။ အဲဒီလိုဘာလို့ ပြောကြတာလဲဆိုတာ တကယ်တော့အကြောင်းအရင်းရှိပါတယ်။ ကဲ…စာဖတ်ပရိသတ်တွေလည်း ဆက်လက်ဖတ်ရှုကြည့်ပါနော်..။

ထမင်းစားပြီး ချက်ချင်းရေချိုးတာက ကျန်းမာရေးအတွက်ဘာလို့မကောင်းတာလဲ

ထမင်းစားပြီး ချက်ချင်းရေချိုးလိုက်မယ်ဆိုရင် သင့်ကျန်းမာရေးအတွက် မကောင်းနိုင်ပါဘူးနော်။ ရေချိုးပြီးတဲ့နောက်မှာ ကျွန်တော်တို့ခန္ဓာကိုယ်အပူချိန်ကလျော့နည်းသွားပါတယ်။ ခန္ဓာကိုယ်အေးသွားတာနဲ့ အစာခြေဖျက်ဖို့အတွက် သတ်မှတ်ထားတဲ့အပူချိန်ကို ထိန်းဖို့ခက်ခဲသွားပါတယ်။ ရလဒ်အနေနဲ့ အစာခြေတာကို အကူညီပေးတဲ့ သွေးက အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေကို စီးဆင်းနေတဲ့အတွက် အစာခြေဖျက်တဲ့ဖြစ်စဉ်က နှေးသွားပါတယ်။ နေလို့ထိုင်လို့မကောင်းတာ၊ အစာအိမ်အချဉ်ပေါက်တာတွေလည်း ဖြစ်စေနိုင်ပါတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။ ထမင်းစားပြီး ရေချိုးမယ်ဆိုရင် အနည်းဆုံး (၂-၃) နာရီကြာမှ ရေချိုးသင့်ပါတယ်။

Ref: The REAL reason why you should never take a bath after eating

crd #

📚 #ပုန်းမကြီးရှင်မ ရိုးရာပွဲ (အညာဓလေ့)... 📚      🪴🌾🌿🪴🌾🌿🪴🌾🌿🪴🌾🌿အညာဒေသမှာ ကောက်ကြီးသိမ်းပြီးတဲ့အချိန် တပေါင်းလမှာ ပုန်းမကြည...
22/02/2023

📚 #ပုန်းမကြီးရှင်မ ရိုးရာပွဲ (အညာဓလေ့)... 📚
🪴🌾🌿🪴🌾🌿🪴🌾🌿🪴🌾🌿

အညာဒေသမှာ
ကောက်ကြီးသိမ်းပြီးတဲ့အချိန်
တပေါင်းလမှာ ပုန်းမကြည်တင်တဲ့ပွဲ ရှိပါတယ်
တပေါင်းလဆန်း (၃)ရက်နေ့မှာ
ပုန်းမကြည်(ပုဗ္ဗကြယ်) နတ်ကို တောင်သူလယ်သမား၊
ကိုင်း၊ကျွန်းလုပ်တဲ့ လူတွေတိုင်း
ပူဇော်တင်မြှောက် ပသကြတဲ့နေ့ပါပဲ
အိမ်တိုင်း အိမ်တိုင်း ဆန်မှုန့်နဲ့
တောင်သူသုံးပစ္စည်း၊အိမ်သုံးပစ္စည်းတွေ ဖြစ်တဲ့
နွား၊ ထွန်၊ ထယ်၊ လှည်း၊ ကျောက်ပျဉ်၊
လက်ကောက် အစရှိတဲ့တာတွေကို‌ကြော်၊
နောက်ပြီး မုန့်ဆီကြော်ကိုကြော်၊
ငါးကြော် လ္ဘက်နဲ့ ပုန်းမကြည်ရှင်မကို
ပူဇော်ပသတဲ့နေ့ ဖြစ်ပါတယ်။

ပုန်းမကြည်ရှင်မက
စပါး၊ပဲ၊နှမ်း၊ဝါ စတဲ့အပင်တွေကို
များများရအောင် ကူညီစောင့်ရှောက်တဲ့
နတ်လို့လည်း ယူဆကြပါတယ်“

တစ်ရွာ တစ်ပုဒ်ဆန်း၊
တစ်ကျောင်း တစ်ဂါထာ”ဆိုသလိုပါပဲ
နယ်မြေဒေသကိုလိုက်ပြီး ကွဲပြားမှုတွေလည်း
ရှိကောင်း ရှိမှာပါ။

လဆန်း(၁)ရက်နေ့ လေတိုက်ရင်
မိုးဦးကောင်းမယ်။

လဆန်း(၂)ရက်နေ့ လေတိုက်ရင်
မိုးလယ်ကောင်းမယ်။

လဆန်း(၃)ရက်နေ့ လေတိုက်ရင်
မိုးနှောင်းကောင်းမယ် ဆိုပြီး
တောသူ၊ တောင်သားတွေက
မိုးလေ၀သကိုလည်း ခန့်မှန်းကြပါတယ်။

ကောက်ရိတ်ချိန်နဲ့
ပုန်းမကြည်ဆက် စပ်ပုံကိုလည်း
နည်းနည်းလောက် ပြောအုံးမယ်နော်

လယ်တစ်ခင်းရိတ်လို့
အဲဒီလယ်ခင်းထဲက စပါးပင်မှာ
အရုပ်(ပုန်းမကြည်ရုပ်)နဲ့တူတဲ့၊
အဲဒီအရုပ်လေးပါတဲ့ စပါးပင်ကို
ရိတ်မိတဲ့သူကို လယ်ရိတ်ခအပြင်
စပါးတစ်ခွဲ(၈)ပြည် ပေးရပါတယ် ။

အဲဒီအရုပ်လေးကို
စပါးကြည်ထဲမှာ ထည့်ထားရင်
စီးပွားလာဘ်လာဘ ကောင်းတယ်၊
ဆန်ရေစပါးပေါများတယ်ဆိုတဲ့ အယူအဆကြောင့်ပါ။

ပုန်းမကြည်နတ် တင်တဲ့အခါမှာတော့
တင်တဲ့သူတွေက“ဆန်မုန့်နဲ့ပြုလုပ်ထားတဲ့ဟာတွေကို

တင်ပါတယ်၊ မြှောက်ပါတယ်..
မုန့်ဆီကြော်လည်း ပါပါတယ်၊
လ္ဘက်ဆီဆမ်းလည်းပါပါတယ် ဝါးပါ၊ စားပါ၊

ပြီးရင်လည်း မိုးသုံးချက်၊
လေသုံးချက်နဲ့ညီပြီး စိုက်တဲ့သီးနှံတိုင်း
အောင်မြင် ဖြစ်ထွန်းအောင် မ,စပါ
ပုန်းမကြည် အရှင်သခင်မ” ဆိုပြီး
ဆုတွေတောင်းပါတော့တယ်။
နတ်တင်ပြီး ချလာတဲ့မုန့်တွေကို
အ၀ အပြဲစားရလို့ပေါ့ မုန့်ဖြူကို
ထန်းလျက်ရည်နဲ့ တို့စားပါတယ်
မုန့်ဆီကြော်ကိုတော့ ဒီတိုင်းစားတာပေါ့။

ပုန်းမကြည်နတ်
ဘယ်ကစပေါ်လာတယ် ဆိုတာကို
နည်းနည်းလောက် သိအောင်ပြောပြရရင်

ပုန်းမကြည်နတ်လို့ ပြောတာထက်
ပုန်းမကြည် ဘီလူးမလို့ပြောလျှင် ပိုမှန်ပါလိမ့်မယ်
ထိုပုန်းမကြည် ဘီလူးမသည်
လူသူမရှိသော ဆိတ်ငြိမ်သောအရပ်တွင်
ပုန်းအောင်းနေရမှ စိတ်ကြည်လင်သည့်အတွက်
ပုန်းမကြည်မလို့ ခေါ်တွင်သည်။

ပုန်းမကြည်မအကြောင်း
ပြောရမည်ဆိုလျှင်မြတ်စွာဘုရား
ဟောကြားခဲ့သော

“ကာဠိယက္ခိနီဘီလူးမ၀တ္ထု”
အကြောင်းကို ပြောပြရပေမည်
မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်တုန်းက
ပုဏ္ဏားသူကြွယ် လုလင်တစ်ယောက်သည်
မယားတစ်ယောက် ရှိလေသည်
အဲဒီမယားကြီးမှာ ကံအကြောင်း မလှ၍
သားသမီးမရနိုင် ဖြစ်ခဲ့လေတော့
ပုဏ္ဏားသူကြွယ် လုလင်လေးမှာ
နေ့စဉ်နှင့်အမျှ စိတ်မကောင်းဖြစ်နေရတာ ပေါ့
အဲဒီလိုဖြစ်နေတာကို မယားလုပ်တဲ့သူက
မျိုးဆက်မပြတ်ရေး နောက်မိန်းမယူဖို့
ယောက်ျားကို ပြောလိုက်တော့
ယောက်ျားလည်း နောက်မိန်းမယူလိုက်တာပေါ့
နောက်မိန်းမယူပြီး မကြာခင်မှာပဲ
မယားငယ်လေးက
ကိုယ်လေးလက်၀င် ရှိသွားတော့
မယားကြီးက စိတ်ပြောင်းသွားပြီး
မယားငယ်ကိုယ်၀န်ပျက်ဖို့
အမျိုးမျိုး ကြံတော့တာပါပဲ။

ကိုယ်ဝန်ရလာလိုက်
မယားကြီးက ဆေးတိုက်ပြီး ဖျက်ချလိုက်နဲ့
(၃)ဗိုက်မြောက်မှာတော့ အသက်ဆုံးရှုံးရပါတယ်
အသက် မဆုံးရှုံးခင် မယားငယ်က
ကျိန်စာဆိုသွားပါတယ်
ဖြစ်လေရာ ဘ၀မှာ
မယားကြီးနဲ့ မယားကြီးကမွေးတဲ့
ကလေးတွေကို စားရပါလို၏လို့
ကျိန်စာဆိုပြီးမှ သေသွားတာပါ
မယားငယ် သေသွားတဲ့အကြောင်းကို
ယောက်ျားသိတော့ မယားကြီးကို
ရိုက်နှပ်ဆုံးမပါတယ်

အဲဒီ ဒါဏ်ကြောင့်ပဲ
မယားကြီးလည်း သေသွားပါတယ်
မယားငယ်က
အဲဒီအိမ်မှာ ကြောင်မသွားဖြစ်ပါတယ်
မယားကြီးကတော့
ကြက်မ သွားဖြစ်ပါတယ်
သူတို့ရဲ့ ဆုတောင်းတွေကြောင့်
ကြက်မမွေးတိုင်း ကြောင်မက စားပါတယ်။

နောက်ပိုင်း ကြက်မကလည်း
ဆုတောင်းပြန်ပါတယ်
နောင်ဘ၀မှာ ကြောင်မမှမွေးသော
သားသမီးတိုင်းကို စားရပါလို၏လို့
ဆုတောင်းလိုက်ပါတယ်
အဲဒီ ဆုတောင်းကြောင့်
နောက်ဘ၀မှာ ကြောင်မက
သမင်မ သွားဖြစ်ပါတယ်
ကြက်မက ကျားသစ်မ ဖြစ်ပါတယ်
သမင်မမွေးတဲ့ ကလေးတွေကို
ကျားသစ်မက အမြဲစားပါတယ်
အဲလိုနဲ့ သမင်မ သေတော့
နောက်ဘ၀မှာ ကျားသစ်မကို နိုင်တဲ့သူ
ဖြစ်ပါစေဆိုပြီး ဆုတောင်းပြန်ပါတယ်။

သေတော့...နောက်ဘ၀မှာ
သမင်မက ဘီလူးမဖြစ်သွားပါတယ်
ကျားသစ်မကတော့
သာ၀တ္ထိပြည်မှာ မိန်းမသွားဖြစ်ပါတယ်
အဲဒီမိန်းကလေး အရွယ်ရောက်တော့
အိမ်ထောင်ကျပြီး
မိန်းကလေး မီးဖွားတဲ့အချိန်မှာ
ဘီလူးမက လူယောင်ဆောင်ပြီး
ကလေးကို စားပါတယ်
နှစ်ခါမြောက် မွေးတဲ့အခါမှာလည်း
အဲလိုပါပဲ သုံးကြိမ်မြောက်တော့
မိန်းမပျိုက ဘီလူးမကို မြင်တာနဲ့
မြတ်စွာဘုရား သတင်းသုံးတော်မူတဲ့
ဇေတ၀န်ကျောင်းတော်ထဲသို့ သားလေးကိုပိုက်ပြီး
အတင်း၀င်ပြေးလေသည်
မြတ်စွာဘုရားရဲ့ခြေထောက်ပေါ်ကိုတင်ပြီး

“သားငယ်အား လှူဒါန်းပါ၏၊
သားငယ်အား အသက်ရှင်ခြင်းကို
ပေးသနားတော်မူပါဘုရား”ဟု လျှောက်တင်လေ၏

ဘီလူးမကို“အဘယ်ကြောင့်
ဤသို့ပြုရပါသနည်း”ဟုမေးပြီး
နဟိ ဝရေနေ ဝရောနိ၊ သမ်မန်တီဓ ကုဒါစနံ
အဝေရေနစ သမ္မန္တိ၊ ဧသဓမ္မော သနန္တနော။
ဂါထာကိုဟော ကြားတော်မူပါသည်

အဓိပ္ပါယ်ကတော့“
ရန်ကိုရန်ချင်း မတုန့်နှင်းနဲ့” လို့
ဟောပြီးတဲ့ နောက်မှတော့
ဘီလူးမဟာ သောတာပန် တည်ပါတယ်
ဘီလူးမလည်း ကလေးကို
နမ်းလိုက် ငိုလိုက် လုပ်နေတာကို
မြတ်စွာဘုရားက သိသွားတော့
ဘီလူးမ သင် အဘယ့်ကြောင့်
ငိုကြွေးနေရပါသလဲ မှန်လှပါဘုရား
တပည့်တော်မ အရင်တုန်းက
သူများရဲ့အသက်ကိုသာ သတ်ပြီးစားဖူးပါသည်
အခု ဘာကိုစားရပါမလဲ မသိလို့
ငိုကြွေးမိကြောင်းပါဘုရား။

အဲဒီတော့မှမြတ်စွာဘုရားက“
ဘီလူးမ အသင်မစိုးရိမ်လင့်”ဟုပြောပြီး
မိန်းမပျိုလေးကို ထမင်းဦး၊
ယာဂုစတဲ့ အစားအသောက်တွေကို
လုပ်ကျွေးလော့ဟု မိန့်တော်မူပါသည်
ဘီလူးမကို တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာတစ်ခုမှာထားပြီး
အမြဲတမ်း ယာဂု၊ထမင်းဦး စသည်တို့ကို
သွားသွားပို့လေသည် အဲလိုပို့ပါများလာတော့
“တစ်ဦးက စေတနာ ၊ တစ်ဦးမေတ္တာ”ဆိုသလိုပါပဲ
ဘီလူးမက မိန်းမပျိုအား“
ဒီနှစ်မိုးကောင်းမယ် ကုန်းအရပ်ပါ စပါးစိုက်ပျိုး၊
ဒီနှစ် မိုးခေါင်မယ် ချိုင့်ဝှမ်းတွေမှာ
စိုက်ပျိုးဖို့”ပြောပြောပေးတော့
မိန်းမပျိုတို့ မိသားစုက
တစ်နေ့တစ်ခြား ကြီးပွားတိုးတက်လာပါတယ်။

သာ၀တ္ထိမြို့သူ၊ မြို့သားတို့သည်လည်း
အဲဒီအချိန်က စပြီး ”အစားအသောက်တို့ကို
ဘီလူးမဆီကို သွားသွားပို့လေသည်
ဘီလူးမသည်လည်း
အားလုံးကို ကြည့်ရှု့မစ စောင့်ရှောက်ခဲ့သောကြောင့်
တစ်မြို့လုံး စည်ပင်သာယာ ဝပြောလေတော့သည်
အဲဒီ အယူအဆကနေပြီး
ပုန်းမကြည်ကို တင်မြှောက်ပူဇော် ပသတဲ့ ဓလေ့ဖြစ်လာတာပါ တဲ့၊
"ပုန်းမကြည်"လို့ နောက်တစ်နည်း ခေါ်တာကတော့
ဘီလူးမက အင်မတန် ရုပ်ဆိုးအကျည်းတန်ပြီး
မျက်နှာက ကြောက်မက်ဖွယ် ဖြစ်နေတော့
လူတွေက သူ့ဆီ စားဦးစားဖျား လာတင်တဲ့အခါ
ရှက်လွန်းလို့ ပုန်းပုန်းနေသတဲ့ အဲ့ဒီလို ခဏခဏပုန်းနေတော့
လူအများကသူ့ကို "ပုန်းမကြီး"လို့ခေါ်သတဲ့
ကာလ ရွေ့လျောလာရာကနေ
"ပုန်းမကြီး"မှ
"ပုန်းမကြည်"ဖြစ်လာကြောင်းလည်း ဆိုကြပါတယ်။

(မှတ်) ဘုရား တရား သံဃာ
ရတနာမြတ်သုံးပါးမှတစ်ပါး အခြားကိုးကွယ်စရာ မရှိပါ
ရိုးရာဓလေ့ အကြောင်းများ သိရှိစေရန်အတွက်သာ
ထပ်မံ၍ ဖော်ပြပေးရခြင်းဖြစ်ပါသည်။

🌷🙏မူရင်းရေးသားသူ ဆရာတော်👇
https://www.facebook.com/100011280376634/posts/1047829908936345/

ကြာနီဆရာတော် ဟောကြားထားသည့်
ငိုပြီးမှ ရယ်ကြပါစို့ (ကာဠိယက္ခိနီဘီလူးမ အကြောင်း)
https://www.facebook.com/100023626905208/videos/848375355960020/

အရှင်ဝိသုတ (ရေစကြို)

"သီတင်းကျွတ်လပြည့်နေ(သို့) အဘိဓမ္မာအခါတော်နေ့ သမိုင်း"******************************************************************...
09/10/2022

"သီတင်းကျွတ်လပြည့်နေ(သို့) အဘိဓမ္မာအခါတော်နေ့ သမိုင်း"
******************************************************************
သီတင်းကျွတ်လပြည့်နေ့ကို နေ့ထူးနေ့မြတ်အဖြစ် အဘိဓမ္မာအခါတော်နေ့ဟု သတ်မှတ်ကြသည်။ ထိုနေ့တွင် နယ်တိုင်း မြို့တိုင်း၌ ဆီမီးများ ထွန်းညှိကာ မြတ်စွာဘုရားရှင်အား ပူဇော်ကြ၏။

ထိုအစဉ်အလာကား မြတ်စွာဘုရားရှင် တာဝတိ`ံသာနတ်ပြည်မှ မယ်တော်နတ်သားအား ကျေးဇူးဆပ်သော အားဖြင့် အဘိဓမ္မာမြတ်ဒေသနာတော်ကို ဟောကြားတော်မူပြီး သင်္ကဿနဂိုရ်ပြည်တောင်တံခါးသို့ ဆင်းသက်တော်မူရာအခါ၌ နတ်ဗြဟ္မာအပေါင်းမှ ကြိုဆိုခဲ့သည့် အစဉ်အလာကို ဆက်လက်ထိန်းသိမ်းကာဖြင့် ယနေ့အခါတွင် ဆီမီးများ ထွန်းညှိခြင်းဖြင့် ပူဇော်ခြင်းဖြစ်၏။

ဘိုးဘွားမိဘဆရာသမားများအား ကာယကံ ဝစီကံ မနောကံများဖြင့် ပြစ်မှားမိခဲ့သည်ရှိသော် အပြစ်ခပ်သိမ်း ပပျောက်ငြိမ်းဖို့ ကန်တော့ကြသည့် မိဘဆရာပူဇော်ပွဲများ၊ ဝါတွင်းသုံးလ ဝါဆိုဝါကပ်တော်မူကြသည့် သံဃာတော်များ ဝါကျွတ်သည့်အခါ အပြစ်ရှိက အချင်းချင်း တောင်းပန်ပြောကြား ကြသော ပဝါရဏာနေ့ အခမ်းအနားများ၊ မီးထွန်းပွဲအခမ်းအနား စသည်ဖြင့် ကြည်ညိုဖွယ်ရာများစွာ ပြည့်နှက်နေ့သည့် နေထူးနေ့မြတ်ပင်ဖြစ်သည်။

မဟာသက္ကရာဇ်(၁၀၉)ခုနှစ်၊ ဝါဆိုလပြည့် သာဝတ္ထိပြည် ကောသလမင်းကြီး၏ ကဏ္ဍ ဥယျာဉ်မှူး မြတ်စွာဘုရားရှင်၏ ညွှန်ကြားချက်အတိုင်း စိုက်ပျိုးအပ်သော ကဏ္ဍမ္ဗသရက်ဖြူပင်အနီးမှာ တိတ္ထိတို့ကို နှိမ်နှင်းတော်မူရန် ရေမီးအစုံစုံ တန်ခိုးပြာဋိဟာကို ပြတော်မူသည်။

ဤသို့ ယမိုက်(ရေးမီးအစုံ) ပြာဋိဟာကို ပြတော်မူပြီး၍ ဝါဆိုလပြည့် ညနေဆည်းဆာချိန်တွင် ရှေးမြတ်စွာဘုရားရှင်တို့နည်းတူ တာဝတိ`ံသာ နတ်ပြည်၌ ဝါကပ်တော်မူ၍ မယ်တော်မိနတ်သားအား အဘိဓမ္မာတရားဟောကြားတော်မူရန် တာဝတိ`ံသာနတ်ပြည်သို့ ခြေနှစ်လှမ်း(သုံးဖဝါး)ဖြင့် ကြွသွားတော်မူ၏။

မြတ်စွာဘုရားရှင်သည် တာဝတိ`ံသာ နတ်ပြည်၌ ဝါတွင်းသုံးလပတ်လုံး ဝါကပ်သီတင်းသုံးရန် ပယ်လယ်ကသစ်ပင်ရင်းရှိ သိကြားမင်း၏ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာကြီးပေါ်၌ သီတင်းသုံးတော်မူ၏။

ဤသို့ တာဝတိ`ံသာ နတ်ပြည်သို့ မြတ်စွာဘုရားရှင် ကြွတော်မူလျှင် လူပြည်၌ တန်ခိုးပြာဋိဟာကိုပြပွဲသို့ စုဝေးရောက်ရှိကြ ကုန်သော လူအပေါင်းတို့က ကောင်းကင်သို့ မျှော်ကြည့်၍ ဘုရားရှင် အဘယ်သို့ ကြွတော်မူပါသနည်းဟု မေးလျှောက်သဖြင့် ဒိဗ္ဗစက္ခုဧတဒဂ်ရ အရှင်အနုရုဒ္ဓါမထေရ်က ဘုရားရှင်သည် တာဝတိ`ံသာနတ်ပြည်ဝယ် သိကြားမင်း၏ ပဏ္ဍုကမ္ဗလာ ကျောက်ဖျာထက်၌ ဝါကပ်တော်မူလျှင် မယ်တော်မိနတ်သားအမှူးပြုသော နတ်ဗြဟ္မာအပေါင်းအား အဘိဓမ္မာတရားကို ဟောကြားရန် တာဝတိ`ံသာ နတ်ပြည်သို့ ကြွတော်မူ၏ဟု ဖြေကြား၏။

လူတို့သည် မြတ်စွာဘုရားရှင်ကို မဖူးမြင်ရသမျှ ဤအရပ်မှ မပြန်အံ့ဟု ကြံပြီးလျှင် သာဝတ္ထိပြည်အနီးဝယ် အသီးသီး သစ်ခက်တဲမဏ္ဍပ်ကို ပြု၍ နေကြကုန်၏။

မြတ်စွာဘုရားရှင်သည် ရှေးဦးကပင်လျှင် အရှင်မောဂ္ဂလန်အား သင်ချစ်သားသည် ဤပရိတ်သတ်အား တရားဟောရစ်ရမည်ဟု မိန့်တော်မူခဲ့ပြီး ဖြစ်၏။

မြတ်စွာဘုရားရှင်သည် ပဏ္ဍုကမ္ဗလာမြကျောက်ဖျာပေါ်၌ ၇-ဝါမြောက်ဝါကပ်တော်မူ၍ ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော်မူခဲ့၏။

တစ်ဖန် အရှင်သာရိပုတ္တရာအား အဘိဓမ္မာတရား အကျဉ်းဟောတော်မူ၏။ အရှင်သာရိပုတ္တရာမှလည်း မိမိ၏ တပည့် ရဟန်းငါးရာအား မြတ်စွာဘုရားရှင် ဟောကြားတော်မူသော အဘိဓမ္မာအကျဉ်းကို မိမိဥာဏ်ဖြင့် ချဲ့ကာ မကျဉ်းမကျယ် အလယ်အလတ်အားဖြင့် ပြန်လည်ဟောကြားတော်မူပါတယ်။

မြတ်စွာဘုရားရှင် တာဝတိ`ံသာ၌ အဘိဓမ္မာတရား ဟောကြားခြင်းပြီးဆုံးသည်နှင့် တပြိုက်နက် အရှင်သာရိပုတ္တရာက တပည့် ရဟန်းငါးရာကို အဘိဓမ္မာတရား သင်ပြပို့ချပေးမှုလည်း ပြီးဆုံးလေတော့၏။ ထိုနေ့ကား သီတင်းကျွတ်လပြည့်နေ့တည်း။

အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော်မူပြီးသော် သိကြားမင်းအား မြတ်စွာဘုရားရှင်က သင်သိကြားမင်း၏ နတ်ပြည်၌ ငါ့ဘုရားပြုဘွယ်ကိစ္စကို ပြုပြီးပြီ။

လူပြည်ရှိ သင်္ကဿ နဂိုရ်ပြည်သို့ ငါဘုရားဆင်းသက်တော်မူအံ့ဟု မိန့်တော်မူ၏။ သီတင်းကျွတ်လဆန်း၈ရက်နေ့တွင် အရှင်မောဂ္ဂလန်မှ တာဝတိ`ံသာနတ်ပြည်သို့ တက်တော်မူပြီး မြတ်စွာဘုရားရှင် အဘယ်အရပ်၌ ဆင်းသက်မည်နည်းဟု မေးလျှောက်သဖြင့် မြတ်စွာဘုရားရှင်က ချစ်သား သင်၏ နောင်တော်ကြီး သာရိပုတ္တရာ ဝါကပ်ရာ သင်္ကဿနဂိုရ်ပြည် တောင်တံခါး၌ သီတင်းကျွတ်လပြည့်နေ့ ပဝါရဏာနေ့တွင် ဆင်းသက်တော်မူမည်ဟု မိန့်တော်မူပါတယ်။

လူအပေါင်းတို့အား ထိုအကြောင်းကို အရှင်မောဂ္ဂလန်မှတဆင့် ကြားသိရဖြင့် သီတင်းကျွတ်လဆန်း ၉ရက်နေ့၌ပင် သင်္ကဿနဂိုရ်ပြည် တောင်တံခါးသို့ ရှေးရှုသွားကြကုန်၏။

သီတင်းကျွတ်လပြည့်နေ့ရောက်သော် သိကြားမင်းသည် တာဝတိ`ံသာနတ်ပြည် သုဒဿ နမြို့မှသည် သင်္ကဿ နဂိုရ်ပြည်တောင်တံခါးဝထိ ရွှေ့စောင်းတန်း၊ ပတ္တမြားစောင်းတန်း၊ ငွေစောင်းတန်းဟူသော စောင်းတန်းလှေကားသုံးသွယ်ကို တင့်တယ်စွာ စီရင်၏။

မြတ်စွာဘုရားရှင်သည် ရောင်ခြည်တော် ခြောက်သွယ် တပြိုင်နက် ထွန်းလင်းစေလျက် အတုမရှိသော အသရေတော်ကို ပြတော်မူ၍ ပတ္ထမြားစောင်းတန်းဖြင့် ဆင်းသက်ကြွတော်မူ၏။

ဗြဟ္မာကြီးတို့က ဘုရားရှင်အား ရွှေထီး ငွေထီး၊ သန္တာထီးတို့ဖြင့် အသီးသီးမိုးလျှက် လက်ျာဘက်ရှိ ရွှေစောင်းတန်းဖြင့်၊ သိကြားမင်းအမှူးရှိသော နတ်အပေါင်းတို့မှ ရွှေတံခွန်၊ ငွေတံခွန်၊ ပုလဲတံခွန်တို့ကို ကိုင်လျှက် မြတ်စွာဘုရားရှင်အား ပူဇော်ကာ လက်ဝဲဘက်ရှိ ငွေစောင်းတန်းဖြင့် ဆင်းသက်လာကုန်၏။

ဤသို့အတုမရှိသော မြတ်စွာဘုရားရှင်၏ အသရေတော်ကို ဖူးမြင်ရသော လူပရိတ်သတ်အပေါင်းတို့သည် အားရဝမ်းသာဖြစ်၍ ဘုရားအဖြစ်ကို မတောင်းတသူ တစ်ဦးမျှပင်မရှိပေ။

အရှင်သာရိပုတ္တရာက တပည့်ရဟန်းငါးရာနှင့်တကွ မြတ်စွာဘုရားရှင်၏ ခြေတော်စုံ၌ ဦးခိုက်ရှိခိုးကြ၏။ အရှင်သာရိပုတ္တရာ မြတ်စွာဘုရား ယနေ့ ခပ်သိမ်းသော လူနတ်ဗြဟ္မာတို့သည် အတုမရှိသော မြတ်စွာဘုရားရှင်၏ အသရေတော်ကို ဖူးမြင်ကြရ၍ လွန်စွာ မြတ်နိုးကြကုန်လျက် ဘုရားဆုကို တောင့်တကြကုန်၏။

မြတ်စွာဘုရားရှင်က အရှင်သာရိပုတ္တရာအား ချစ်သား ကိလေသာမီးတို့၏ ငြိမ်းရာ အေးမြသည့် နိဗ္ဗာန်ချမ်းသာ၌ မွေ့လျော်ကြကုန်သော သဗ္ဗညုတဘုရားရှင်တို့အား ဗြဟ္မာနတ်လူအပေါင်းတို့က ဤသို့ ချစ်မြတ်နိုးကြကုန်သည်သာတည်းဟု မေးကာ ဖြေကာဖြင့် တရားတော်ကို ဟောကြားတော်မူခဲ့ပါတယ်။ ထိုတရားကိုနာကြားကြရ၍ အရှင်သာရိပုတ္တရာ၏ တပည့်ငါးရာသည် ရဟန္တာအဖြစ်သို့ ရောက်တော်မူခဲ့ပါတယ်။ ထိုနေ့သည်ကား သီတင်းကျွတ်လပြည့်ပေတည်း။

အချုပ်အားဖြင့် သီတင်းကျွတ်လပြည့်နေ့ကို မြတ်စွာဘုရားရှင် တာဝတိ`ံသာနတ်ပြည်၌ မယ်တော် သန္တုဿိတနတ်သားအမှူးရှိသော နတ်ဗြဟ္မာအပေါင်းအား အဘိဓမ္မာတရားဟောကြားတော်မူပြီးခဲ့နေ့၊ အရှင်သာရိပုတ္တရာအား အဘိဓမ္မတရားအကျဉ်းဟောတော်မူပြီးခဲ့သည့်နေ့၊ အရှင်သာရိပုတ္တရာမှ တပည့်ရဟန်းငါးရာအား မကျဉ်းမကျယ် အဘိဓမ္မာတရားကို ဟောတော်မူပြီးခဲ့သည့်နေ့၊ အဘိဓမ္မာဒေသနာတော် ဟောတော်မူပြီးနောက် တာဝတိ`ံသာ နတ်ပြည်မှ သင်္ကဿ နဂိုရ်ပြည်သို့ ဆင်းသက်တော်မူခဲ့သည့်နေ့၊ ဝါဆိုဝါကပ်တော်မူကြသော သံဃာတော်များ အပြစ်ရှိက အချင်းချင်း ပြောကြားကြရသော ပဝါရဏာနေ့၊ မြတ်စွာဘုရားရှင် သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူရာအခါ၌ ကြိုဆိုပူဇော်ကြသော နတ်ဗြဟ္မာနှင့်လူအပေါင်းတို့ ဘုရားဆုပန်ကြသောနေ့ များသည် သီတင်းကျွတ်လပြည့်နေ့ဖြစ်ခြင်း စသည်ဖြင့် နေ့ထူး နေ့မြတ်ပေါင်းများစွာမှ ရှေးဘုရားရှင်တို့၏ ထုံးအတိုင်း မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားအား ကျေးဇူးဆပ်သောအားဖြင့် အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော်မူပြီးသည့်နေ့ကို အဘိဓမ္မာအခါတော်နေ့ဟု မှတ်တမ်းတင်တော်မူခဲ့ခြင်း ဖြစ်လေသည်။

ဒေါက်တာအရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

Address

Mandalay

Telephone

+959967387240

Website

Alerts

Be the first to know and let us send you an email when နဝရတ်သစ္စာ တိုင်းရင်းဆေးခန်းနှင့်ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram