Health Plus USA Products

Health Plus USA Products USAမှတိုက်ရိုက်တင်သွင်းသော vitamin supplement များ

09/01/2026

နားမထောင်ရသေးသော မိတ်ဆွေများအတွက် နားထောင်လေ အကျိုးရှိလေ ပါ

အရမ်းလေးစားယုံကြည်ရတဲ့ ဆရာမကြီး video file လေးကို ထွေး ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင့်


ဆရာမကြီးကို credit ပေးပါတယ်ရှင့်

Htwe Htwe -09954291444

Centrum Men / Women 50+ မေးထားတဲ့ မိတ်ဆွေများ နဲနဲ ထပ်ရောက်ထားပါတယ်ရှင့် messenger ကဆက်သွယ်လို့မရရင်         Viber (သို့...
09/01/2026

Centrum Men / Women 50+ မေးထားတဲ့ မိတ်ဆွေများ နဲနဲ ထပ်ရောက်ထားပါတယ်ရှင့် messenger ကဆက်သွယ်လို့မရရင်
Viber (သို့) ဖုန်းဆက်လိုက်ပါရှင့်

Htwe Htwe - 📲-၀၉၉၅၄၂၉၁၄၄၄ ( Viber)

Vitamin C 900 mg ပါတဘူးရပါမယ် Exp : (6.2026) တဘူး -60000/- ( အလုံး 200) လျှော့စျေးပါ Htwe Htwe -09954291444
09/01/2026

Vitamin C 900 mg ပါတဘူးရပါမယ်
Exp : (6.2026)
တဘူး -60000/- ( အလုံး 200) လျှော့စျေးပါ
Htwe Htwe -09954291444

08/01/2026

☘️☘️Autoimmune ရောဂါတွေအကြောင်း ပိုမိုနားလည်သဘောပေါက်သွားစေရန် ——

Autoimmune ရောဂါကို ဖြစ်နေတဲ့နေရာအလျောက် ကြည့်ကြရအောင်။
Autoimmune ရောဂါဖြစ်နေသူများ သေသေချာချာ မှတ်သားထားစေချင်ပါတယ်။
အထူးသဖြင့် ကိုယ်နဲ့သက်ဆိုင်နေတဲ့အပိုင်းရောက်ရင် ဂရုစိုက်ပြီးဖတ်စေချင်ပါတယ်။

☘️အပိုင်း၁.
အစာလမ်းကြောင်း/ သက်ဆိုင်ရာ ခန္ဓာကိုယ်အစိတ်အပိုင်းများနဲ့စကြပါမယ်။

၁.ပါးစပ်/ ခံတွင်း မှာလဲ Autoimmune ရောဂါတွေ ဖြစ်ပါတယ်။

(က)Oral lichen planus ဆိုတာ ခံတွင်း ရဲ့အပေါ်ဆုံးလွှာ mucous membranes အလွှာဟာ နာတာရှည် အမြဲရောင်ကိုင်းနေတာဖြစ်တယ်။
ခံတွင်း သွားဖုံးတို့မှာ အဖြူရောင်အကွက်/ နီပြီးရောင်နေခြင်း/ အနာတွေ
တွေ့ရတတ်ပါတယ်။
ပူပြီးစပ်နေတတ်တယ်။ နာနေတတ်တယ်။
အစပ်လုံးဝမစားနိုင်တော့၊ ဖြစ်တတ်ပါတယ်။
( အရင်က အစပ်စားနိုင်ပြီး နောက်ပိုင်းအစပ် လုံးဝမစားနိုင်တော့သူများရှိတယ်နော်)

(ခ)Sjogren’s Syndrome
အရင်က အလွန်ရှားပါတဲ့ ရောဂါ ဖြစ်ပါသော်လည်း ယခုခေတ်မှာ အတော်လေးများလာနေပါတယ်။ ခန္ဓာကိုယ်ခုခံအားတွေ ဖျက်စီးလိုက်တဲ့အပိုင်းတွေကတော့
အစိုဓာတ်ထုတ်တဲ့အကြိတ်တွေ moisture gland တွေ ဖြစ်တယ်။
အစိုဓာတ် မထွက်တော့ဘူးဆိုရင် မျက်စိတွေ ခြောက်နေမယ်၊ အသားတွေ
ခြောက်မယ်၊
ခံတွင်း လဲ ခြောက်ပြီပေါ့။
အင်မတန် နေလို့ထိုင်လို့ခက်တဲ့ အခြေအနေတစ်ရပ်ပါ။
မျက်စိခြောက်ရင် မျက်စဉ်းတွေခပ်ကြရပါတယ်။
(မပျောက်ပါဘူး၊ ခေတ္တသက်သာရုံဘဲရှိပါတယ်)
ပါးစပ်ခြောက်နေရင်လဲ နေရတာခက်တဲ့အပြင် အစာစားလဲအဆင်မပြေတော့ပါ။
တံတွေးထဲမှာလဲ အစာချေ ပေးတဲ့ဓာတ်ပါနေပြန်တယ်။
ကဆီဓာတ် ကို စတင်ချေပေးမဲ့ Amylase enzyme နဲ့ အဆီကိုစတင်ချေပေးမဲ့
lipase enzymeပါ။
အသားခြောက်ရင်လဲ နေရခက်တဲ့အပြင် ဘာ lotion/ cream လိမ်းလိမ်း ခဏဘဲရပါတယ်။
ယားယံ နေတတ်ပါတယ်။

(ဂ)Behcet's disease, also called Behcet's syndrome
သွေးကြောတွေ ရောင်ကိုင်းခြင်းဖြစ်တယ်။
ခံတွင်းထဲမှာ အနာတွေ၌အများကြီးရှိနေတတ်တယ်။
မျက်လုံးနီပြီး ရောင်နေတတ်တယ်။
မျက်လုံးအဖြူပိုင်း နီရဲပြီး သွေးကြောပေါက်နေသကဲ့သို့ အနီပြင်ကြီး ဖြစ်နေတာ
ဖြစ်တယ်။
Autoimmune process ကြောင့်သွေးကြောရောင်ပြီးပေါက်တာဖြစ်တယ်။
အရင်က မစဉ်းစားမိခဲ့ပါ။
အရေပြားလဲ အဖုအပိန့်ထွက်တတ်တယ်။
မ/ ကျား အင်္ဂါတွေမှာလဲ အနာတွေရှိနေတတ်တယ်။

2. အစာမျိုလမ်းကြောင်း esophagus မှာဖြစ်ရင် Achalasia လို့ခေါ်ပါတယ်။
အစာမျိုလမ်းကြောင်းနံရံမှာ ရှိတဲ့ အစာမျိုချဖို့ အချက်ပေး နပ်ကလာပ်စည်းတွေ
ပျက်စီးကုန်တာဖြစ်တယ်။ အစာမမြိုနိုင်သူတွေ ရှိတယ်နော်။

ရောဂါလက္ခဏာတွေကတော့ ——
အစာသီးတတ်တယ်။
ရင်ဘတ်နာတယ် အထူးသဖြင့် အစာစားပြီး၊ ခါးနာ၊ ဂုတ်နဲ့ လက်မောင်း နာတတ်
ပါတယ်။
ချောင်းဆိုးတယ်
အဖတ်/အရည် မြိုချရခက်တယ်
ရင်ပူတယ်
ကိုယ်အလေးချိန်ကျနေတတ်တယ်။

မျက်လုံးတစ်ခုလုံးသွေးတွေနဲ့ နီရဲနေသူတွေ မကြာခဏ တွေ့နေရတယ်နော်။
Autoimmune - မှတ်ထားကြနော်။ သွေးကြောတွေရောင်ပြီး basement membrane အခြေမခိုင်တာကြောင့် ပေါက်ကုန်တာ ဖြစ်တယ်။
အောက်ခြေလွှာခိုင်ခန့်ရအောင်ဘာလုပ်ရမယ်ဆိုတာပြောပြပြီးပြီနော်။

☘️☘️Autoimmune ရောဂါတွေ ရှိနေရင် —-

၁.အစားအသောက်ကို ရွေးချယ်ပြီးစားပါ။
ဗဟုသုတတော့ ရှိဖို့လိုပါတယ်။

၂,အစာကြေရအောင် အစာအိမ်ထဲမှာ အက်စစ်ဓာတ် လုံလုံလောက်လောက် ရှိပါစေ။
မကြေ့တကြေ ပရိုတင်းဓာတ်တွေဟာ ပြဿနာ တက်တတ်ပါတယ်။

၃.အူနံရံယိုစိမ့်မှုကို တတ်အားသ၍ ပြင်ပါ။
ပထဝီဓာတ်အင်အား မြှင့်တင်ပေးလိုက်ပါ။

၄.ခုခံအားစစ်တပ် ကစဉ့်ကလျားဖြစ်နေတာကို ပြန်ပြီးထိန်းညှိပေးပါ။

၅.ခန္ဓာကိုယ် ရောင်ကိုင်းနေတာကို သင့်တော်သည့် antioxidants များဖြင့် အရောင်ကျလာအောင် ကြိုးစားပါ။

ခန္ဓာကိုယ်ကြီး - အထူးသဖြင့် အစာလမ်းကြောင်း ဟန်ချက်ပျက်တဲ့အခါ ခန္ဓာကိုယ်ကြီး က ဆန္ဒ ပြပါတယ်။
အဖုအပိန့်တွေထွက်မယ်၊ ယားမယ်၊ ရင်ကြပ်မယ်၊ ချောင်းဆိုးမယ်၊ ဗိုက်နာမယ် ၊ ဝမ်းမမှန်ဖြစ်မယ်၊ ဝမ်းလျောမယ်၊ သွေးဝမ်းသွားမယ် စသည်ဖြင့် ပါဘဲ။

ဒီလက္ခဏာတွေကိုဘဲ ရောဂါရယ်လို့ နာမည် မျိုးစုံနဲ့ သတ်မှတ်လာကြပါတယ်။

ဒီလက္ခဏာတွေ တွေ့နေရပြီဆိုရင် အကြောင်းကို ပြင်လိုက်ပါ။
အူလမ်းကြောင်း ကျန်းမာရေးကောင်းအောင် အကျိုးပြုပိုးတွေ နဲ့ ဖြည့်လိုက်ပါ။ မတည့်တဲ့အစားအသောက်တွေ ကို ရှောင်ပါ

အကျိုးတရားတွေ ပြတ်သွားပါလိမ့်မယ်။

မြူရွက်lamb's quarters, melde, goosefoot, wild spinach and fat-hen,ကျွန်မတို့ မြန်မာလူမျိုးတွေ မြူရွက်ကို ရေနွေးဖျောပြီး...
07/01/2026

မြူရွက်
lamb's quarters, melde, goosefoot, wild spinach and fat-hen,

ကျွန်မတို့ မြန်မာလူမျိုးတွေ မြူရွက်ကို ရေနွေးဖျောပြီး သုပ်စားလေ့ ရှိကြပါတယ်။

မကြာသေးခင်က ရန်ကုန်မှ မိတ်ဆွေတစ်ဦး မြူရွက်
သုပ် ၂ ပုဂံစားပြီး နောက်နေ့မနက် ဇက်ခိုင်နေပြီး
လှုပ်လို့ မရပါလို့ ပြောသံကြားလိုက်မိပါတယ်။

Oxalates crystal တွေရဲ့ လက်ချက်ပါပဲ။
Oxalates content အတော်များသည့် အရွက် ဖြစ်နေလို့ပါ။

မြူရွက်ကို ရေနွေးဖျောပြီးသာ သုပ်စားလေ့ ရှိကြပါတယ်။
ချက်စားလေ့ သိပ်မရှိကြဘူးလို့ ထင်မိပါတယ်။
သတိထားဖို့ပါ။

တစ်ခါတလေ အနည်းအကျဉ်းစားတာ ပြဿနာ မရှိလှပေမဲ့ ကျောက်တည်တတ်သူများ အထူးသတိပြုရမည့် အချက် ဖြစ်ပါတယ်။

ဟင်းသီးဟင်းရွက်တွေကို ရွေးချယ်ပြီး စားတတ်ဖို့ လိုပါတယ်။

A high oxalate content, comparable to spinach,
with raw leaves containing around 1112 mg/100g dry matter.

07/01/2026

☘️☘️တန်ဆေး လွန်ဘေး ——-

ဆိုသည် မှာမြန်မာဆိုရိုးစကားဖြစ်သည်။
မြန်မာစကားပုံ တစ်ခုလည်း ဖြစ်သည်။

လောကမှာ ဘယ်အရာမဆို အစွန်းရောက်တာ မကောင်းပါ။
လောကီရေးရာသာမက တရားအားထုတ်သည့်အခါမှာ အစွန်းလမ်း၂ ပါးကို ရှောင်ခိုင်းပြီး အလယ်အလတ်လမ်းကနေ လျောက်ခိုင်းတယ် မဟုတ်ပါလား?

ကုန်ကုန်ပြောရရင် ရေကိုတောင် အလွန်အကျွံသောက်ရင် water intoxication နဲ့ hyponatremia နဲ့ ဒုက္ခ ဖြစ်နိုင်ပါသေးတယ်။

ဟင်းသီးဟင်းရွက်စားကြသည့်အခါမှာလည်း သတိပြုရမည့်အချက်တွေ ရှိနေပါတယ်။
ဟင်းသီးဟင်းရွက်ဟာ အာဟာရဓာတ်တွေ ရှိတယ်ဆိုတာလည်း မှန်ပါတယ်။
သို့ပါသော်လည်း ကိုယ့်မှာ ရောဂါအခံ ရှိနေရင် အချို့ဟင်းသီး ဟင်းရွက်တွေကို သတိပြုရမှာ ဖြစ်ပါတယ်။

ယခုခေတ်မှာ ကျောက်ကပ် ကျောက်တည်သူ အများအပြားရှိနေပါတယ်။
ကျောက်တည်ရာမှာ ကျောက်အမျိုးအစားအမျိုးစုံ ရှိနေသည့်အနက် အဖြစ်အများဆုံးကျောက်မျိုးကတော့ Oxalate stones တွေ ဖြစ်ပါတယ်။ ၈၀%

အချို့ဟင်းသီးဟင်းရွက်တွေဟာ Oxalate များများပါနေသည့် ဟင်းသီး ဟင်းရွက်များလည်း ရှိနေပါတယ်။
spinach.
beets.
Swiss chard.
ရုံးပတီသီး ( အစိမ်းလိုက် တို့စားသူများသတိ )
leeks.

Oxalate အနည်းအကျဉ်း/ မပါသော ဟင်းသီးဟင်းရွက်များ
ထောပတ်သီး
Brussel Sprouts.
ဂေါ်ဖီပန်း
ဂေါ်ဖီထုတ်
မှို
ကြက်သွန်နီ
ဗိုလ်စားပဲ

သတိပြုဖို့ နောက်တစ်ချက်
ဆနွင်း မှာလည်း Oxalate အတော်များပါတယ်။
သူ့ရဲ့ extract curcumin ကျတော့ Oxalate မပါတော့ပါ။
( consumerlab အရ )

သတိကပ်ပြီး ရွေးချယ်နိုင်အောက် တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။

☘️☘️ Oxalates တွေနော် ———-

အနောက်နိုင်ငံမှာ ခံစားနေရသည့်ရောဂါချင်း တူသည့်လူတွေဟာ ရောဂါအလိုက် အုပ်စုမျိုးစုံ ဖွဲ့ထားလေ့ရှိကြပြီး ရောဂါဆိုင်ရာဗဟုသုတတွေကို အချင်းချင်း ပြန်လည်ဝေမျှကြပါတယ်။

ကိုယ်တွေ့ အတွေ့အကြုံကလေးတွေကိုလည်း တင်ပြတတ်ကြပါတယ်။
ရောဂါဆိုင်ရာ သတင်းတွေလည်း ပါပါတယ်။
ရောဂါဆိုင်ရာ ဗဟုသုတပွါးနည်းတစ်မျိုးပါပဲ။
လေ့လာလိုက်စားတဲ့လူ အတော်များများဟာ ကိုယ့်ရောဂါအကြောင်းကို ပိုပြီး နားလည်လာနေကြတာကို တွေ့ရပါတယ်။

Information highway ခေတ်မှာ အလွယ်တကူရနိုင်တဲ့ ကျန်းမာရေးဗဟုသုတကို ရအောင် မယူဘူးဆိုရင် နစ်နာတာပေါ့။
အချိန်ကုန်ခံရမည့်အတူ ကိုယ့်အတွက်အကျိုးရှိမည့် ဗဟုသုတကိုယူတာ အကောင်းဆုံးအချိန်ကုန်ခံနည်းပါပဲ။

အမျိုးသားတစ်ယောက် ရေးတင်ထားတာကို ဖတ်မိပါတယ်။
သူကတော့ အသက်အားဖြင့် လူကြီးပိုင်းကပါ။
သူခံစားနေရတဲ့ရောဂါက Autoimmune Psoriasis ပါ။

သူ့ရောဂါက နွားနို့နဲ့ အဆင်မပြေတာမို Almond milkကိုပဲ သောက်နေတာ နှစ်အတော်ကြာခဲ့ပါပြီတဲ့။
ရောဂါကလဲ ရှင်းရှင်းမပျောက်ပါ။
သက်သာလိုက် ပြန်ဆိုးလာလိုက်နဲ့ ရောဂါသံသရာမှာ ချာချာလယ်နေပါတယ်တဲ့။

တစ်နေ့ကျတော့ ဆီးသွားသည့် ပြဿနာစလာပြီ ဖြစ်ပါတယ်။
ဆီးခဏခဏသွားချင်နေတယ်။ frequency
ဆီသွားရင် မအောင့်နိုင် / ချက်ချင်းကို သွားရမှ urgency
ဆီးပူ dysuria
ချက်ချင်းမသွားရင် ဆီးမထိန်းနိုင် urgency incontinence.

အမျိုးသားလဲ ဖြစ်နေသည့်အပြင် အသက်အရွယ်အားဖြင့်လဲ သက်ကြီးပိုင်းမှာ ပါနေတော့ ပထမတော့ Prostateကြောင့်လို့ ထင်မိတာပေါ့တဲ့။

သို့ပါသော်လည်း စာဖတ်ပြီး ဗဟုသုတကြွယ်ဝသူ ဖြစ်နေတော့ ပြန်စဉ်းစားမိပါတယ်။

သူအမြဲသောက်နေတဲ့ Almond milk တွေဟာ Oxalates ဓာတ်တွေ အလွန်ကြွယ်ဝနေတယ်ဆိုတာ သတိပြုမိပါတယ်။
စာဖတ်ပြီး သိလာတဲ့အသိက Oxalates မှန်ကျောက် or Oxalates crystals တွေဟာ ဆီးအိမ်အပေါ် အခုလို သက်ရောက်တတ်တယ်ဆိုတဲ့အချက်ပါ။

ဖြစ်နိုင်ချေရှိနေတာမို့ Almond milkကို လုံးဝဖြတ်ပစ်လိုက်တာ ၅ ရက်လောက်အကြာမှာ ဆီးပြဿနာ လုံးဝပျောက်ကင်းသွားပြီး သက်သာသွားပါသတဲ့။

ပိုစိတ်ဝင်စားဖို့ကောင်းတာက ၈ပတ်လောက်အကြာမှာ သူနှစ်ရှည်လများ ခံစားနေရတဲ့ Psoriasis လုံးဝကောင်းသွားပါသတဲ့။

သူက ဘယ်လို ကောက်ချက်ချသလဲဆိုတော့ Oxalates တွေရဲ့ ခန္ဓာကိုယ်အပါ် သက်ရောက်မှုကို ကိုယ်တွေ့ဖြစ်နေတာမို့ အကြွင်းမဲ့ယုံကြည်သွားပါပြီတဲ့။

နောက်ဆုံးမတော့ ရောဂါမျိုးစုံဟာ အစားအသောက်ကနေ လာနေတယ်ဆိုတာပါပဲ။
တစ်ယောက်နဲ့တစ်ယောက်ကလဲ တုန့်ပြန်မှုတွေက မတူကြပါ။

Oxalates တွေကြောင့် “အချို့လူတွေ” မှာ ဖြစ်တတ်သော ပြဿနာများ

၁။ အရိုး/ သွား / ကြွက်သားတို့အပေါ် သက်ရောက်မှုတွေ ဖြစ်လာနိုင်ပါတယ်။
၂။ ကျောက်ကပ် ကျောက်တည်ခြင်းကိစ္စ ဖြစ်လာနိုင်ပါတယ်။
၃။ ဆီးအိမ်နံရံဟာ ရောင်ကိုင်း နေတတ်ပါတယ်။
ဆီးသွားချင်သလို ခံစားနေရတတ်တယ်။ Interstitial cystitis ဆီးအိမ်ဟာ ပူနေတတ်တယ်။ ဆီးသွားရင် နာကျင်ပြီး ပူနေတတ်တယ်။ ဆီးစစ်ကြည့်ရင် ပိုးလဲ မတွေ့တတ်။ ဆီးသွားသည့်လမ်းကြောင်း urethra ဟာလည်း ပူစပ်နေတတ်တယ်။
၄။ အစာလမ်းကြောင်းအတွင်း အူနံရံ ယိုစိမ့်မှု တွေ ဖြစ်နိုင်ပါတယ်။ leaky gut, Autoimmune သမားတွေ သတိပြုသင့်ပါတယ်။
၅။ အဆစ်တွေ နာကျင်ကိုက်ခဲ ရောင်ကိုင်းခြင်း
၆။ ကြွက်သားတွေ နာကျင်ကိုက်ခဲခြင်း/ ကြွက်တက်ခြင်း
၇။ အရွတ်တွေ နာကျင်ကိုက်ခဲခြင်း
၈။ အကြောတက်ခြင်း
၉။ သွေးလွှတ်ကြောနံရံ၌ ကျောက်တည်ခြင်း
၁၀။ ဗိုက်နာခြင်း
၁၁။ ခါးနာခြင်း
၁၂။ အာရုံမစိုက်နိုင်ခြင်း
၁၃။ အရိုးပါးလာခြင်း
၁၄။ သွားတွေ ယိုင်လာခြင်း
၁၅။ တစ်ကိုယ်လုံး ယားယံနေတတ်ခြင်း
၁၆။ Oxalate crystal တွေ နာပ်ကြောကလာပ်စည်းမှာ စုမိသည့်အခါ ထုံကျင်နေတတ်တယ် / ခြေဖဝါးတွေ အကြောင်းမရှိဘဲ ပူနေတတ်တယ်။ Burning feet.
၁၇။ မိန်းမကိုယ် နာကျင်ကိုက်ခဲနေတတ်တယ်။ Vulvodynia
၁၈။ အမျိုးသားတွေမှာ ဆီးကြိတ်ပါ ရောင်ကိုင်းနေတတ်တယ်။ Prostatitis

Oxalate တွေ များနေခြင်းဟာ soft tissue pain တွေ / ရောင်ကိုင်းခြင်းတွေ ဖြစ်တတ်တယ်ဆိုတဲ့အကြောင်းတစ်ခုအနေနဲ့ သတိ ရှိနေကြပါစေ။

Oxalate များသည့် ဟင်းသီးဟင်းရွက်များ
1. Spinach ဟင်းနုနွယ် အမျိုးအစား
2. Swiss chards မြန်မာလိုမသိ
3. Beets မြန်မာလို မသိ
4. Potatoes အာလူး
5. Sweet potatoes ကန်စွန်းဥ
6. Dark chocolate ချော့ကလက်
7. Almonds / peanuts မြေပဲ
8. Sesame နှမ်း
9. ပဲ especially navy beans
10.Oats/ Barley/ wheat ကွေကာအုတ်/ဘာလီ/ဂျုံ
11. Brown rice ဆန်အညို
12. Figs / Kiwi/ Blackberries ကီဝီသီး
13. Turmeric ဆနွင်း
14. Black pepper ငရုပ်ကောင်းအမဲ
15. Cumin ဇီယာ

Oxalate နည်းသည့် အစားအသောက်များ
1. Arugula မြန်မာလို မသိပါ။
2. Avocado ထောပတ်သီး
3. Bok choy တရုတ်မုန်ညင်း
4. Cabbage ဂေါ်ဖီထုတ်
5. Cauliflower ပန်းဂေါ်ဖီ
6. Cilantro နံနံပင်
7. Cucumber သခွါးသီး
8. Lettuce ဆလတ်ရွက်
9. Mustard greens ကျန်မဆိုင် အချဉ်တည်သည့်အရွက်
10. Mushrooms မှို
11. Water cress
12. Onion ကြက်သွန်နီ
13. Garlic ကြက်သွန်ဖြူ
14. Bell pepper မစပ်သည့် ငရုပ်ပွ
15. Green peas ပဲသီးစိမ်း
16. Kohlrabi။ နိုကိုဥ
17. Beef အမဲသား
18. Chicken ကြက်သား
19. Fish ငါး
20. Dairy နွားနို့ ထောပတ် ဒိန်ခဲ
21 Eggs ကြက် ဥ

❤️ခေါင်းတခြမ်းကိုက်ရောဂါ magnesium /D3/Coq10 သောက်ရင်းသက်သာသွားတယ်တဲ့🥰🥰❤️     ☘️☘️ Magnesium အကြောင်း သိကောင်းစရာ Magnes...
06/01/2026

❤️ခေါင်းတခြမ်းကိုက်ရောဂါ magnesium /D3/Coq10 သောက်ရင်းသက်သာသွားတယ်တဲ့🥰🥰❤️

☘️☘️ Magnesium အကြောင်း သိကောင်းစရာ

Magnesium သတ္တုဓာတ် နည်းနေရင် တွေ့ရလေ့ရှိသည့် လက္ခဏာများ

၁.ခြေသလုံး ကြွက်တက်/ ကြွက်သားတွေ တောင့်တင်းနေခြင်း
၂ နွမ်းလျပြီး ခွန်အားတွေ ဆုတ်ယုတ်နေခြင်း
၃.အရိုးတွေ ချိနဲ့နေခြင်း
၄.အိပ်ပျော်ဖို့ ခက်ခဲခြင်း
၅.ဝမ်းချုပ်ခြင်း
၆.ခေါင်းကိုက်ခြင်း
၇မျက်ခွန် လှုပ်ခြင်း
၈.စိတ်ပူ စိတ်စော စိတ်ဆတ်နေတတ်ခြင်း
၈.အချို့ဆေးများဟာလည်း Magnesium လျော့နည်းစေသည်။
ဥပမာအချို့ ——
Acid blockers/ Antacids
၉.နှလုံးခုန် မမှန်ခြင်း (Arrhythmias)
၁၀.ကိုယ်ဝန်ဆိပ်တက်ခြင်း/ လ မစေ့သေးဘဲ မွေးခြင်း နဲ့လဲ ဆက်စပ်နေတတ်ပါတယ်။

၁၁.အရေးကြီးနဲ့ နောက်တစ်ချက်ကတော့ Vitamin D3 မှန်မှန် သောက်ပြီး တွဲဖက် Magnesium ပါ မသောက်ရင် Magnesium ဓာတ် ချို့တဲ့နေတတ်ပါတယ်”
Vitamin D3 ဟာ အလုပ်လုပ်နိုင်ဖို့ Magnesiumကို အသုံးချရပါတယ်။ ပြန် ဖြည့်မပေးနိုင်ရင် Magnesiumဓာတ် လျော့နည်းလာတတ်ပါတယ်။

☘️☘️မဖတ်ရ သေး သူ များ အတွက်

Magnesium

Magnesium ဟာ Vitamin D ကဲ့သို့ နာတာရှည်ရောဂါ များ မဖြစ်ရန် အတွက် အလွန် အရေးကြီး သော သတ္တုဓာတ် ဖြစ် ပါ တယ်။

အရင် က သိ ထား တာ က တော့ Magnesium ဟာ

နှလုံးရောဂါမ ဖြစ် အောင် အကျိုး ပြု ပါ တယ်။
နှလုံးရောဂါ ကြောင့် ရုပ်တရက် သေဆုံး ခြင်း
လေဖြတ်ခြင်း
ဆီးချို ရောဂါ ( အသက်ကြီး မှ ဖြစ် သော ဆီး ချို )
ပန်းနာရင်ကြပ်
သွေးတိုး ရောဂါ
အရိုး ပွ ရောဂါ ( osteoporosis ) စ သည် ဖြင့် ဖြစ် ပါ တယ်။

☘️☘️အခု နောက် ပိုင်း သိ လာ ကြ တာ က တော့

Magnesium ကို မှန်မှန် သောက် သူ များ အထူး သ ဖြင့် လုံလုံ လောက်လောက် သောက် သူ များ ကင်ဆာရောဂါ ဖြစ် နိုင် တဲ့ အလားအလာ ကျ ဆင်း သွား ခြင်း ကို ပါ တွေ့ ရ ပါ တယ်။

အလွန် ထင်ရှား တဲ့ သုတေသန တစ်ခု မှာ တွေ့ တာ က တော့ အလွန် ဆိုး တဲ့ ကင်ဆာ ဖြစ် တဲ့ pancreatic cancer ရယ် အူမကြီး ကင်ဆာ ရယ် Magnesium ကို လုံလုံ လောက် လောက် သောက် သူ တွေ မှာ အလွန် အဖြစ် နည်း သွား တာ ကို တွေ့ ရ ပါ တယ် တဲ့။

Magnesium ဓာတ် ချို့ တဲ့ နေ သူ များ မှာ Pancreatic cancer risk က 76% တက် သွား ပါ သ တဲ့။

Magnesium ကို သဘာဝ အား ဖြင့် အစားအသောက် က နေ ရ ဖို့ အလွန် ခက် ပါ တယ်။ ရ သင့် သ လောက် မရ နိုင် တာ မို့ သောက် သင့် ပါ တယ်။

သွေး ဖောက်စစ် ပြီး တိုင်း ကြည့် မယ် ဆို ရင် လဲ အဖြေ မှန် မရ နိုင် ပါ။ ဘာ ဖြစ် လို့ လဲ ဆို တော့ 80-90% of magnesium ဟာ အသား ထဲ ၊ ကလာပ်စည်း ထဲ မှာ ရှိ နေ လို့ ပါ ပဲ။

ကျောက်ကပ် ကောင်းကောင်း အလုပ် လုပ် နေ ရင် သောက် ရ တာ ဘာ မှ ကြောက် စရာ မရှိ ပါ။

သောက် သင့် တဲ့ ပမာဏ က တော့ 400mg per day ဖြစ် ပါ တယ်။

အခု ခေတ် မှာ နှလုံးခုံ မ မှန် လို့ ဓာတုဆေး တွေ ကော၊ pacemaker တတ် ရ သူ တွေ ကော မ နည်း ပါ။

စျေး လဲ သိပ် မ ကြီး၊ ဝယ် လို့ လဲ ရ တဲ့ Magnesium ကို မှန်မှန် နဲ့ လို သ လောက် မှီဝဲ မယ် ဆို ရင် နာတာရှည် ရောဂါ အ တော်များများ က နေ ရှောင် ရှား နိုင် မှာ ဖြစ် ပါ တယ်။

☘️☘️Magnesium ဘာကြောင့် သောက်သင့် သလဲ

Magnesium သတ္တုဓာတ် အကြောင်း ပြော ကြည့် ကြ ရ အောင်။

လူ အများစု ဟာ Magnesium ဓာတ် အား နည်း နေ လေ့ ရှိ ကြ ပါ တယ်။

ကျွန်မ တို့ ခန္ဓာကိုယ် ကြီး ဟာ ဒီ သတ္တု ဓာတ် မရှိ လို့ မဖြစ် နိုင် ပါ။

ခန္ဓာကိုယ် ဇီဝ ဖြစ်စဉ် ( metabolic reactions ) ပေါင်း ၃၀၀ ကျော် လောက် မှာ ပါဝင် ဆင်နွှဲ နေ ရ
လို့ ဖြစ် ပါတယ်။

ကလာပ်စည်း တိုင်း ( every cell ) ၊ဇီဝ ကလာပ်စည်း အစု တိုင်း ( every tissue ) ၊အင်္ဂါ အစိတ်
အပိုင်း တိုင်း (every organ ) ဟာ စက္ကန့် တိုင်း မှာ Magnesium ဓာတ် လို နေ တာ ဖြစ် ပါ တယ်။

အစား အသောက် မှ ရ နိုင် သည့် အင်အား ဟာ နည်း လှ ပါ တယ်။
များသော အား ဖြင့် အရွက် စိမ်းစိမ်း နှင့် အစေ့ အဆံ များ မှာ ပါ ပါ တယ်။

ခေတ်ကြီး ဟာ ပြောင်း လဲ လာ တာ နှင့် အ မျှ ပြုပြင် ပြီး အစား အစာ တွေ ( processed foods )
ကို စား သောက် လာ ကြ တာ တစ်နေ့ တခြား များလာ ကြ ပါ တယ်။

ဒီ အစား အသောက် တွေ ဟာ ခန္ဓာကိုယ် ထဲ မှာ သကြားဓာတ် ကို များ လာ စေ တတ် ပါ တယ်။

ကျွန်မ တို့ တ တွေ သိ ထား သင့် သည့် အချက် က တော့ 1 molecule of glucose ကို ဇီဝဖြစ်စဉ်
အတွက် အနည်းဆုံး Magnesium 28 molecules လို တာ ဖြစ် ပါ တယ်။
ကြာလာ သည့် အခါ မှာ Magnesium ဓာတ် ချို့ တဲ့ ခြင်း စ ပြီ ဖြစ် ပါ တယ်။

Magnesium ဓာတ် ချို့ တဲ့ စေ သည့် နောက် အရေး ကြီး သော
အကြောင်း က တော့ man made chemicals လို့ ခေါ် သည့်
ဓာတု ဓာတ် တွေ ဖြစ် ပါ တယ်။

အပြင် မှ လာ သော အဆိပ် မျိုးစုံ ကို ခန္ဓာကိုယ် ကြီး က ပြန် ပြီး ဖြေ
နိုင် သည့် လမ်းကြောင်း များ လည်း ရှိ ပါ တယ်။
( detoxification pathways )

ဒီ အဆိပ် တွေ ဖြေ ပေး ရာ မှာ လည်း magnesium ဓာတ် ဟာ လို ပြန်
ပါ တယ်။

ပြင်ပ အဆိပ် တွေ များ လှ သည့် ခေတ် ကြီး မှာ လူ အတော် များများ
ဟာ Magnesium ဓာတ် ချို့ တဲ့ လာ တာ ဟာ အံ့သြ ဖွယ် မရှိ တော့ ပါ။

Magnesium ဓာတ် နည်း ပါး လာ သည့် ခန္ဓာကိုယ် ထဲ မှာ ဘာ တွေ ဖြစ်
နိုင် ပါ သ လဲ ?

၁. ကြွက်သား တွေ ကို ရှုံ့ စေ တာ က ( contraction ) calcium ဖြစ် ပြီး၊၊ ပြန် လျှော့ ပေး တာ (relaxation ) က တော့ Magnesium ဖြစ် ပါ တယ်။
Magnesium နည်း နေ မယ် ဆို ရင် ကြွက်သား တွေ ဟာ ပြန် လျှော့ အား ကျ ဆင်း သွား တတ် ပါ တယ်။
ခါး နာ မယ်။ ဂုတ် နာ မယ် ၊ ကြောရိုး တလျှောက် လုံး နာ မယ်။
ကြောရိုး တစ်ခုလုံး ကို ကြွက်သား များ နှင့် ထောက်ကူ ထား တာ ဖြစ် တာ မို့ ဒီ ကြွက် သား တွေ ဟာ
လျှော့ မ ပေး နိုင် ဖူး ဆို ရင် တင်း နေ ပြီး နာ နေ တော့ မှ မ လွဲ တော့ ပါ။

ကိုယ်ဝန် ဆောင် မိခင် တွေ မှာ ကြွက် တက် မယ်၊ ကိုယ်ဝန်ဆိပ် တက် မယ် စ သည့် ဖြင့် ဖြစ် ပါ တယ်။
Magnesium ဓာတ် လုံလုံ လောက် လောက် ရှိ ခြင်း ဖြင့် ကိုယ်ဝန် ဆောင် နေ စဉ် မှာ ခရီး က ဖြောင့် ဖြူး ဖို့ များ ပါ တယ်။

နှလုံးခုန် တာ လဲ မမှန် ဖြစ် တတ် ပါ တယ်။( arrythmias )

နှလုံး ရုတ်တရက် ရပ် ပြီး သေ တာ မျိုး လဲ ဖြစ် တတ် ပါ တယ်။ နှလုံး
သွေးကြော များ coronary spasm ရ သွား လို့ ဖြစ် ပါ တယ်။

ခန္ဓာကိုယ် တွင်း ရှိ ကြွက် သား မျိုးစုံ ဟာ spasm ရ တတ် ပါ တယ်။
ကြွက် တက် မယ်။
တက်တတ် ပါ တယ် seizures
Migraines ခေါင်း အလွန် ကိုက် ခြင်း
စ သည် ဖြင့် ဖြစ် ပါ တယ်။

၂. အားကစား သမား အချို့ ရုတ်တရက် သေတတ် ခြင်း sudden deaths in athletes
ချွေး အလွန် ထွက် သည့် အခါ magnesium ဓာတ် နည်း နေ လေ့ ရှိ တတ် ပါ တယ်။
အထူးသဖြင့် energy drinks လို့ ခေါ် သည့် အချို ရည် တွေ သောက် သည့် အခါ အခြေအနေ ပို ဆိုး သွား စေ တတ် ပါ တယ်။
အနောက် နိုင် ငံ မှာပို ပြီး တွေ့ ရ လေ့ ရှိ ပါ တယ်။

Basket Ball, Foot ball athlete တွေ ရုတ် တရက် သေ ကြ တာ
တွေ မကြ ခဏ ဆို သ လို ကြား နေ ရ တတ် ပါ တယ်။

magnesium ဓာတ် ချို့ တဲ့ ခြင်း ဟာ အရေးကြီး သော အကြောင်း တစ်ခု
ဖြစ် ပါ တယ်။

၃. ဥဏှောက် နှင့် အာရုံကြော လက္ခဏာ များ၊ စိတ် ရောဂါ ဆိုင် ရာ
လက္ခဏာ များ
စိတ် တက် ခြင်း၊စိတ်ကျ ခြင်း၊ စူးစိုက် မှု ချို့ ယွင်း ခြင်း၊ ချာချာ လည် ခြင်း vertigo
မှတ်ဉာဏ် အား နည်း ခြင်း၊ သတိ မေ့လျော့ ခြင်း စ သည် ဖြင့် ဖြစ် ပါ တယ်။

၄. Magnesium နည်း နေ ရင် ခန္ဓာကိုယ် ထဲ ရှိ mast cells တွေ မှ histamine ဓာတ် တွေ အထွက်
များ တတ် ပြီး hay fever, asthma, eczema တွေ လဲ ဖြစ် တတ်
ပါ သေး တယ်။

၅. Magnesium နည်း နေ သူ များ မှာ low potassium ကို ပြန် လည် တက် လာ စေ ဖို့ အတော် ခဲယဉ်း တတ် ပါ တယ်။

ဆီးဆေး၊ သွေးပေါင်ချဆေး စ သည် တို့ ကို မှန်မှန် သုံးစွဲ နေ သူ များ ဟာ များ သော အား ဖြင့် potassium နည်း နေ တတ် ပါ တယ်။

Magnesium ပါ နည်း နေ မယ် ဆို ရင် potassium သောက် နေ ပေ မဲ့ လို့ ပြန် ပြီး တက် လာ ဖို့ ဟာ ခက် ခဲ ပါ လိ့မ် မယ်။

၆. ဒီဓာတ် နည်း နေ မယ် ဆို ရင် သွေးကြော အတွင်း နံရံ ဟာ လည်း
ပျက်စီး တတ် ပြီး ချောမွေ့ စွာအလုပ် ကောင်းကောင်း မလုပ် နိုင် တာ
လဲ ဖြစ် နိုင် ပါ တယ်။

၇. Magnesium ဟာ သဘာဝ calcium channel blocker ဖြစ် တာ မို့၊ သွေး တိုး
ရောဂါ သည် များ အတွက် အလွန် သင့် တော် တာ ဖြစ် ပါ တယ်။

၈. Sedative effect လဲ ရှိ တာ မို့ ညဖက် သောက် ရင် ကောင်းကောင်း လဲ
အိပ်ပျော်ပါ တယ်။

Magnesium level ကို သွေး ဖောက် စစ် ကြည့် ပြန် ရင် လဲ ၊ အဖြေမှန် မရ နိုင် ပါ။

Magnesium ရဲ့ 85% လောက် ဟာ tissue ထဲ မှာ ရှိ နေ တာ ဖြစ် ပြီး ၊ 15% လောက်
သာ သွေး ထဲ မှာ ရှိ တာ ဖြစ် ပါ တယ်။

ခန္ဓာကိုယ် ထဲ မှာ ရှိ သည့် Magnesium ဟာ ဆီး ထဲ မှ စွန့် ထုတ် ပစ်
တာ ဖြစ် ပါ တယ်။

ဒါ ကြောင့် လဲ ကျောက်ကပ် ကောင်းကောင်း အလုပ် မလုပ် သူ များ
သတိ ထား ရ မည့် အချက် ဖြစ် ပါ တယ်။

Magnesium ဟာ ခန္ဓာကိုယ် အတွက် အလွန် အရေး ကြီး တာ မို့
ဒီ ဓာတ် နဲ့ ပြည့်စုံ နေ မယ် ဆို ရင် ရောဂါ အတော် များ များ မှ ခံ သာ
ပါ လိမ့် မယ်။

မိတ်ဆွေ အပေါင်း ကျန်းမာ ချမ်းသာ ကြ ပါ စေ။
ရောဂါ ဘေး မှ ကင်းဝေး ကြ ပါ စေ။

05/01/2026

☘️☘️Hashimoto Thyroiditis (သွိုင်းရွိုက်ယောင်ခြင်းရောဂါ)
(အော်တိုအင်မြူးရောဂါတမျိုး)

💥Anti Thyroglobulin (Anti Tg ⬆️⬆️ )
💥Anti TPO (⬆️⬆️)
💥ကိုယ်ခုခံအားက သွိုင်းရွိုက်ကို ပြန်တိုက်ခိုက်လို့ antibodies များလာတာ
💥Anti Thyroglobulin high ⬆️⬆️-Hashimoto Thyroiditis
💥Anti TPO high ⬆️⬆️ -Hashimoto Thyroiditis

☘️2 မျိူးစလုံး မြင့်နေရင် ဟာရှီမိုတိူသေချာပါပြီ

💥Anti TSHR high ⬆️⬆️ ဆိုရင် Free T4 ကိုကြည့်ပါ T4 high ⬆️⬆️ နေရင် -Grave’s disease
💥T4 normal (သို့) နည်းရင် -Hashimoto

☘️☘️Hashimoto Thyroiditis ဖြစ်တဲ့ လူနာဟာ ဟိုက်ပိုရော ဟိုက်ပါရော ဖြစ်နိူင်ပါတယ် ဟိုက်ပိုလက္ခဏာ လဲခံစားရနိင်သလို ဟိုက်ပါလက္ခဏာလဲ ခံစားရနိုင်ပါတယ် ပြောင်းလဲတတ်ပါတယ်

☘️☘️အဓိက အစာလမ်းကြောင်းကျန်းမာရေးပါ H pylori ပိုးရှိရင်လဲ antibodies ကျဖို့ခက်ပါတယ်
☘️ ဆောင်ရန် ရှောင်ရန်ကတော့ အော်တိုအင်မြူးရောဂါ ထဲက အတိုင်းပါ

💥💥သွိုင်းရွိုက်စစ်ရင်

free t3,free t4,TSH,Antibody 3 ခု AntiTPO,anti TSH, Anti thyroglobulin ကိုစစ်ပါ
(Vitamin D 3 ပါ ထည့်စစ်ရင် ပိုကောင်းပါတယ်)
Antibody တွေများနေရင် Hashimoto thyroiditis ဖြစ်နေပါတယ်

Hashimoto ပထမအဆင့်မှာ သွိုင်းရွိုက်ဖျက်စီးခံရလို့ သွိုင်းရွိုက်ဟိုမုန်းတွေက သွေးထဲကိုရောက်လို့ သွေးစစ်ရင် သွိုင်းရွိုက်ဟိုမုန်းများနေတတ်ပါတယ် သွိုင်းရွိုက်ဟိုမုန်းများရင် ရင်တုန်မယ် ညအိပ်မပျော်ဖြစ်မယ် မျက်လုံးပြူးမယ် အကျိတ် ထွက်မယ် metabolic , TNG မသောက်ရပါဘူး အူလမ်းကြောင်းကောင်းဖို့ betaine Hcl , digestive , oxbile,probiotic , တွေ ထည့်သောက်မယ်

Hashimoto ဒုတိယအဆင့်မှာဖျက်စီးခံရတဲ့ သွိုင်းရွိုက်ဂလင်း ပျက်စီးသွားလို့ ဟိုမုန်းမထုတ်မထုတ်နိုင်တော့ လို့ ဟိုမုန်းနဲသွားပါပြီ ဝိတ်တက်မယ် တချို့ပိန်ပါတယ် ချမ်းမယ် နှူံးမယ် TNG (Thyroid Natural Glandular) .Thyroid Support (သွိုင်းရွိုက်ဆေး)ထပ်ဖြည့်သောက်ပါ
💥💥Selenium နဲ့ NAC က အရေးကြီးပါတယ် 💥💥

ထွေး လေ့လာ နားလည်သမျှ ကို အကြမ်းဖျဉ်းရေးပေးထားတာပါရှင့် လိုအပ်တာများရှိရင် ဖြည့်ပေးကြပါရှင့်



2.1.2026 💪💪       မာယာများတဲ့ လိပ်ပြာ (သွိုင်းရွိုက်)        ပုံမှန်ဆိုတနှစ်တခါစစ်ဆေးခဲ့ပါတယ် ကုန်ဆုံးခဲ့တဲ့ 2025 တနှစ်တ...
04/01/2026

2.1.2026 💪💪
မာယာများတဲ့ လိပ်ပြာ (သွိုင်းရွိုက်)

ပုံမှန်ဆိုတနှစ်တခါစစ်ဆေးခဲ့ပါတယ် ကုန်ဆုံးခဲ့တဲ့ 2025 တနှစ်တော့ နှစ်စကတည်းက တခုပြီးတခု စိတ်ပင်ပန်းစရာတွေ စိတ်ရှုပ်ထွေးသောက ဖြစ်စရာတွေ ဆက်တိုက်ဖြစ်ခဲ့တော့ နှစ်ကုန်မှဆေးစစ်ဖြစ်ခဲ့တယ်
ကိုယ်တိုင်တော့ခံစားမိနေတယ် အစာမကြေတာတွေဖြစ်လာတယ် အလိုလိုနေရင်း အားငယ်စိတ်တွေ ဖြစ်နေတယ် စိတ်တွေမကြည်မလင်ဖြစ်နေတယ် ချွေးထွက်နည်းလာတယ် အသားအရေတွေခြောက်လာတယ် ဆံပင်တွေကျွတ်လာတယ် ဟိုက်ပိုသွိုင်းရွိုက်လက္ခဏာတွေပြန်ခံစားလာရတယ် စိတ်ထဲတော့ထင်နေတယ် သွိုင်းရွိုက်လုပ်ဆောင်ချက်က လွန်ခဲ့တဲ့ ၅ နှစ်အရင် စဖြစ်တဲ့ ခံစားချက်အတိုင်းဖြစ်လာတယ် အရေပြားပေါ်မှာလဲ vitiligo ခေါ်တဲ့ သမင်ဖြူအကွက်လေးတွေ ပြန်ထွက်လာတယ်

၇ လပိုင်းလောက်ကတည်းက သတိထားမိပေးမဲ့ မိသားစု အရေးကိစ္စတွေနဲ့ ဆရာဝန်ပြစစ်ဆေးဖို့ ကိုအချိန် မပေးနိုင်ခဲ့မိဘူး နှစ်ကုန်ခါနီးမှ သွားပြနိုင်ခဲ့တယ် ထင်နေတဲ့အတိုင်းပဲ Anti Tg တက်နေပြီ ဟာရှီမိုတိုသွိုင်းရွိုက်ပါ ကိုယ်ရဲ့အင်မြူးကိုရန်သူထင်ပြီးပြန်တိုက်တာပါ
ခနတော့ စိတ်လေသွားတယ်
အခုလိုနေပြန်ကောင်းပြီး ပုံမှန်ပြန်ဖြစ်ဖို့ အများကြီး ဂရုစိုက်ပြီး လုပ်ထားရတာ တနှစ်လောက် ဂရုမစိုက်မိတာ စိတ်ဖိစီးမှုတွေ ကြုံရတာ အစားအသောက်တွေ မှားခဲ့တာတွေ မတည့်တာတွေ စားခဲ့မိတယ်(သက်သာပြီဆိုပြီးပေါ့ခဲ့တာလဲပါတယ်)

နောက်တော့စိတ်ကိုပြန်ထိန်းလိုက်တယ် အနည်းဆုံး - ၃ လ အတွင်း antibodies ပြန်ကျအောင်လုပ်ရမယ် သေချာဂရုတစိုက်ပြန်နေရမယ် လို့ တွေးလိုက်တယ် ဒီ ကြားထဲ အရိုးပြုပ်ရည် တောက်လျှောက်သောက်နေလို့ တော်သေးတယ်

ထွေး ပြောပြချင်တာ သက်သာတယ်ဆိုပြီး မပေါ့ဖို့ပါ အခုလို ပြန်ဖြစ်တာ ဒီတခါနဲ့ဆို ၂ ခါရှိပြီ😁😁 အခုတခေါက် ကတော့ 2025 တနှစ်လုံး က ရှောင်လွှဲလို့ မရတဲ့ စိတ်သောကများစွာနဲ့ဆိုတော့ ပိုဆိုးသွားတာ 😔😔 တယောက်နဲ့တယောက်ရဲ့ ကံတရားတွေကလဲမတူဘူးပေါ့
တချို့တွေကလဲ လုံးဝ ပျောက်ကင်းသွားကြတယ်

တနှစ်တခါတော့ ပုံမှန်စစ်ဆေးကြပါ ဆရာဝန်ပြပြီးစစ်ဆေးကြပါ တချို့သွေးအဖြေတွေက ထွေး တို့ နားမလည်ဘူးလေ လိုအပ်တဲ့ဖြည့်စွက်ဆေးသောက်ပါ ပျောက်သွားပြီဆိုပြီးလဲ ပေါ့လို့မရတဲ့ ရောဂါပါ အရမ်း မာယာများတဲ့ရောဂါပါ ထိန်းချုပ်ရခက်တဲ့ရောဂါပါ သွိုင်းရွိုက်စစ်ရင် Free T3 /Free T4 အပြင် Thyroid Antibodies ပါ ထည့်စစ်ကြပါ အဲတာမှ အမှန်သိရတာပါ T3 T4 က ပုံမှန်ဖြစ်ပေမဲ့ antibodies တက်နေတတ်ပါတယ် antibodies တက်နေသရွေ့ သွိုင်းရွိုက် ထိန်းချုပ်ဖို့ ခက်ပါတယ် စိတ်ရှည်ရတယ် ပြန်ကျဖို့ ကြာပါတယ်

ဆရာမကြီး ဒေါ်ခင်နွယ်ဝင်းပြောသလို ဒေါက်တာမိမိ လုပ်ပြီး ကိုယ့်ကို ကိုယ် ပြန်ကု ပြန် ဂရုစိုက် လိုက်အုံးမယ်

2026 နှစ်စ မှာတော့ ကိုယ့်ကို ကိုယ် ပြန်အားပေးလိုက်မယ် ဖိုက်တင်း ပါ date ကိုတော့ မှတ်မိအောင် save ထားတယ်



01/01/2026

ခရီး က ပြန်ရောက်ပါပြီမန်းလေးကမိတ်ဆွေများအိမ်လာဝယ်လို့ရပါပြီရှင့်

🌟D3 plus အကြောင်းစိတ်ဝင်စား သူ များ အတွက် -Vitamin D3 သောက် ကြ တဲ့ အခါ ၊ ပို ပြီး အစွမ်း ထက် ရ အောင် သူ့ ရဲ့cofactors မျ...
28/12/2025

🌟D3 plus အကြောင်းစိတ်ဝင်စား သူ များ အတွက် -

Vitamin D3 သောက် ကြ တဲ့ အခါ ၊ ပို ပြီး အစွမ်း ထက် ရ အောင် သူ့ ရဲ့cofactors များ ဖြစ် ကြ သည့် Magnesium, K2, Zinc and Boron တွေ ပါ တွဲ ပြီး သောက် သင့် တယ် လို့ ဆို ပါ တယ်။

သပ်သပ် စီ သောက် ရင် အလုပ် ရှုပ် မှာ စိုး သူ များ အတွက် Bio Tech
မှ ထုတ် တဲ့ Vitamin D3 plus က အကုန် ပါ ပြီး သား မို့ ၊ အကယ် ၍သောက် ကြည့် ချင် တယ် ဆို ရင် ရွေး ချယ် နိုင် ရ အောင် တင် ပြ ပေးလိုက် တာ ဖြစ် ပါ တယ်။

အလုံး ၆၀ ၊ ၁၈၀ ဆို ပြီး လာ ပါ တယ်။

ကျွန်မ က တော့ သပ်သပ် စီ ပဲ သောက် ပါ တယ်။

ဘာ ဖြစ် လို့ လဲ ဆို တော့ Magnesium ရဲ့အခြား
အာနိ သင် တွေ လဲ လို ချင် သေး တယ်။
ပမာဏ ပို သောက် ရ တာ ပေါ့။

Zinc လည်း ထို နည်း လည်း ကောင်း ပါ ပဲ။

ဒါ က တော့ ကိုယ် နဲ့ အဆင် ပြေ ရာ လုပ် နိုင် ပါ တယ်။

ကျွန်မ လုပ် တိုင်း လိုက် လုပ် စရာ မလို ပါ။

အသက်ကြီး သူ တွေ၊ ဆေး များများ သောက် ရ မှာ ဝန် လေး သူ တွေအတွက် တော့
ပို အဆင် ပြေ မ လား လို့ ပါ။

D3 အပြင် သူလိုအပ်တဲ့ cofactors တွေပါ ပါပြီးသားပါ။
( D receptor problem ) ရှိနေသူများအတွက်လဲ ကောင်းသွားပြီပေါ့။

ဒါကိုလဲ အလှမ်းမမီနိုင်သေးဘူးဆိုရင် ဈေးချိုတဲ့ D3 တစ်မျိုးတည်း ပဲပေါ့။

ကျန်တာတွေကတော့ တတ်နိုင်ရင် အစားအသောက်နဲ့ ကြိုးစားပြီး ထိန်းပါ။
Time restricted eating ကိုပါ ထည့်သွင်းလိုက်နိုင်မယ်ဆိုရင် အတော်လေးကို ခရီးတွင် နိုင်ပါတယ်။

စောဒက တက်စရာလေးကတော့ ရှိတာကြောင့် ရှင်းပြပါဦးမယ်။
Vitamin D ဆိုတာ အဓိက အားဖြင့် နေရောင်ခြည်က ရတာဆိုတော့ သောက်စရာ လိုသလားဆိုတဲ့အချက်ပါပဲ။
မှန်ပါတယ်။ မြန်မာပြည်မှာ နေရောင်ခြည် ဟာ ကောင်းမွန်စွာ ရပါတယ်။
သို့ပါသော်လည်း
၁.Vitamin D ဖြစ်ဖို့ လိုအပ်တဲ့ UV ray B ဟာ အဝတ်အစားကို မဖောက်နိုင်ပါ။
မြန်မာနိုင်ငံမှာ ကလည်း အနောက်နိုင်ငံမှာလို အဝတ်အစားမပါဘဲ နေပူလှမ်းတယ်ဆိုတာ မရှိသလောက်ပါပဲ။

၂.အရေပြားမှာရှိနေတဲ့ cholesterol နဲ့ နေရောင်ခြည်ထိပြီး ပါသော်လည်း ခန္ဓာကိုယ်ထဲမှာ ဓာတုဖြစ်စဉ် အမျိုးမျိုးကို ထပ်မံ ဖြစ်ရပါသေးတယ်။
အသည်း ဟာအရေးကြီးတဲ့ အခန်းကနေ ပါဝင်နေပါတယ်။
မြန်မာပြည်မှာက အသည်းရောဂါ သည်တွေ ဘယ်လောက်များတယ်ဆိုတာ လူတိုင်းသိပါတယ်နော်။
အသည်းကောင်းကောင်းအလုပ်မလုပ်နိုင်ပြန်ရင်လည်း ကိုယ်လိုချင်တဲ့ result ကို မရနိုင်ပါ။

၃.အသည်း တစ်မျိုးတည်းနဲ့လဲ မပြီး ပြန်ပါ။
ကျောက်ကပ်ကိုလဲ အသုံးချရပြန်ပါတယ်။
မြန်မာပြည်မှာ ကျောက်ကပ် ရောဂါသည်/ ကျောက်ကပ် ကောင်းကောင်း အလုပ်မလုပ်နိုင်သူတွေကလည်း အများကြီးပါ။

၄.အကုန်လုံးကောင်းတယ်ထားပါဦး Receptor problem က ရှိနေတတ်ပါသေးတယ်။

ရှင်းပြနေခြင်း/ ထောက်ပြနေခြင်း/ဗဟုသုတပေးနေခြင်းသာဖြစ်ပါတယ်။
*လေးစားစွာဖြင့်-
To A Better Health(Dr.Daw Khin Nwe Win)

27/12/2025

အချို့တွေ က အကြောင်းအမျိုးမျိုးကြောင့် သဘာဝ Vitamin D ဓာတ်ကို ရယူလိုပါတယ်။

လုပ်နိုင်ရင်ကောင်းပါတယ်။
သိထားရမဲ့ အချက်တွေကတော့ ရှိတယ်။

နေရောင်ခြည်ဟာ အသားနဲ့တိုက်ရိုက်ထိရပါမယ်။ အဝတ်အစားကို မဖောက်နိုင်ပါ။

ပြုတင်းပေါက်ကနေတဆင့် UVB ray ဟာ မဝင်နိုင်ပါ။ ဆိုလိုချင်တာက ပြူတင်းပေါက်ကနေဝင်ခါတဲ့ နေရောင်ခြည်နဲ့ အလုပ်မဖြစ်ပါ။

အသည်းနဲ့ ကျောက်ကပ် မှာ active Vitamin D ကို ပြောင်းပေးနိုင်ဖို့ အသည်းရောဂါ/ ကျောက်ကပ်ရောဂါလဲ ရှိမနေရပါ။

နာရီဝက်လောက်တော့ နေပူခံရပါမယ်။ ခြေလက်လောက်နေပူထိရုံနဲ့ မလုံလောက်
နိုင်ပါ။ နေပူမခံသင့်ဘူးပြောနေတာမဟုတ်ပါ။ အချက်အလက်များကို ပြောပြနေ
ခြင်းသာဖြစ်ပါတယ်။

Vitamin D လုံလုံလောက်လောက်ရှိရင်တောင် သူနဲ့တွဲဖက်ပြီး အလုပ်လုပ်ကြမဲ့
Vitamin D cofactorsတွေ အရေးကြီးပုံကိုလည်းရေးပေးပြီးပါပြီ။

အဓိက ကုန်ကြမ်းဟာ Cholesterol ဖြစ်တာမို့ cholesterol level လဲ ကောင်းကောင်းရှိနေရပါမယ်။
Cholesterol ဟာ vitamin D ရဲ့ကုန်ကြမ်းဖြစ်နေသလို၊ အရေးပေါ်အချိန်မှာ ခန္ဓာ
ကိုယ်အတွက် အရေးကြီးတဲ့ အခြားဟော်မုန်း တွေရဲ့ ကုန်ကြမ်းလဲ ဖြစ်နေတယ်
ဆိုတာ ကို လဲ နားလည်ရပါမယ်။

ဆီးချိုထိန်းဖို့/ သွေးတိုးထိန်းဖို့/နှလုံးရောဂါထိန်းဖို့/Autoimmune ရောဂါထိန်းဖို့/ Vitamin D အကြောင်း ၊ ဖြည့်စွက်စာမျိုးစုံ အကြောင်းတွေကို အခက်အခဲမျိုးစုံကြားက ကျွန်မစာမျက်နှာမှာရော၊ လက်ကမ်းစာစောင်/ စာအုပ်တွေလဲ ထုတ်ပေးထားတယ် မဟုတ်ပါလား။

Address

No. 54. 23st. 82*83between
Mandalay
05024

Telephone

+959954291444

Website

Alerts

Be the first to know and let us send you an email when Health Plus USA Products posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Health Plus USA Products:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram