05/04/2026
☘️☘️ဗိုက်အောင့်ဗိုက်နာ အစာမကြေဖြစ်တိုင်း အစာအိမ်ရောဂါမဟုတ်ပါဘူးရှင့် ထွေးရဲ့ မိတ်ဆွေတွေထဲမှာကို အစာအိမ်ရောဂါနဲ့ မှားယွင်းကုသပြီး မှ ကျောက်ရှိမှန်းသိခဲ့ကြရတယ် မသိသေးတဲ့ မိတ်ဆွေတွေလဲ သတိထားမိအောင်ပြန်တင်ပေးတာပါရှင့်
☘️☘️သည်းခြေရည်ပျစ်ရင်လဲ လေပွပြီးတော့ လက်ပျဉ်တဖက်လုံး တောက်လျှောက် က်ိုက်တတ်ပါတယ် အကြောညှပ်သလိုဖြစ်တာပါရှင့်
☘️☘️သည်းခြေကျောက်
သည်းခြေကျောက်ကရှိနေပေမဲ့ သတိမထားမိကျပါဘူး မခံမရပ်န်ုင်အောင် နာကျင်လာမှ ဆေးရုံရောက်ပြီး ခွဲစိပ်မှုခံယူကြရပါတယ် အစာအိမ်ရောဂါနဲ့ ဖြစ်တာဆင်တူတဲ့အတွက် အစာမကြေလေပွတာထင်ပြီး အစာကြေဆေး စားပြီး မအီမသာနဲ့ နေကြတယ် အစာအိမ်ရောဂါနဲ့ အမှတ်မှားတတ်တယ်
အစားအများကြီးစားမိရင် ဗိုက်ထဲတင်းကျပ် မအီမလည်ဖြစ်မယ်
☘️လေပွမယ် လေအန်မယ် အစာမကြေသလိုဖြစ်မယ် ရင်ခေါင်းနေရာ နာမယ်
☘️ရင်ခေါင်းတင်းနေမယ် နောက်ကျောတက်မယ် (ညာဘက်)ခါးနာမယ် တင်ပဆုံအကြောညှပ်သလိုဖြစ်မယ် (ညာဘက်)
☘️သည်းခြေကျောက်ရှိရင် အဆီများတာရှောင်မယ် ဆီကြော်စာတွေရှောင်မယ်(ကြက်ကြော် အာလူးကြော် ....)အချိုလဲရှောင်ရပါမယ် အဆီများ တဲ့ အစာအသောက်နဲ့ မတည့်ပါဘူးရှင့် အစာမကြေစာလဲ ရှောင်ရပါမယ် သံလွင်ဆီ ကမပြည့်ဝဆီဖြစ်လို့ ရပါတယ်
နာနတ်သီး ကီဝီသီး ဂရိတ်ဖု တွေလို ဗီတာမင်စီကြွယ်ဝတဲ့ အသီးအနှံ ဟင်းသီးဟင်းရွက်စားသုံးပေးသင့်ပါတယ်
D3 supplements ကလဲ အဓိကသောက်သုံးသင့်တဲ့အထဲပါတယ် magnesium / vitamin e /vitamin c / omega 3 supplements တွေကိုလဲသောက်သုံးသင့်ပါတယ် ရေများများသောက်ပေးပါ ဝမ်းမချုပ်အောင်နေထိုင်ပါ
magnesium ပုံမှန်သောက်ရင် ကျောက်ဖြစ်နိုင်ခြေ လျှော့ကျ ပြီး နာကျင်နေတဲ့အချိန် magnesium ပိုသောက်ပေးရင်ကျောက်ကြောင့်နာကျင်တာသက်သာပါတယ်
OXbile ကို နေ့လည်ထမင်းမစားခင် ရယ် ညစာ မစားခင် ၁၅ မိနစ်အလိုလောက် သောက်ပေးပါ
ကျောက်သေးပြီး နေလို့မအီမသာဖြစ်တာနဲရင် ထမင်းစားတာများတဲ့ အချိန် တကြိမ် တလုံးသောက်ရင်လုံလောက်ပါတယ်
ထွေး ကတော့ ကျောက်က နဲနဲကြီးတဲ့အတွက် တနေ့နှစ်ကြိမ်သောက်ပါတယ် အဆီပါတဲ့ အစားအသောက်စားမိရင် ရင်ပြည့်တတ်ပါတယ်
Oxbile က သည်းခြေကျောက်ရှိတဲ့သူတွေပဲသောက်လို့ရတာမဟုတ်ပါဘူး ကျောက်မရှိပေမဲ့လဲ ကိုလက်စရောများပြီးသည်းခြေရည်ပျစ်လာရင်လဲ လေပွ ပြီးအစာမကြေသလိုဖြစ်တတ်ပါတယ် ရင်ပူ ဗိုက်ကယ် တဲ့ သူတိုင်းသောက်လို့ရပါတယ် OXbile က အရမ်းကောင်းတဲ့ supplement ပါ
ကိုယ်တွေ့ကို ရေးပြထားလို့ လိုအပ်ချက်ရှိရင် ဖြည့်တွေးကြပါရှင့်
🌟Oxbile နှင့်သည်းခြေ ရောဂါ အကြောင်း
သိကောင်း စရာ---
သည်းခြေ ရောဂါ အလွန် များ လာ တာ ကို သတိ ပြု မိ ပါ တယ်။
ပြန်စဉ်စား ကြည့် မယ် ဆို ရင် အံ့သြစရာ တော့ မရှိ ပါ။
ဘာကြောင့် လဲ ဆို တော့ အခုခေတ် အခါ မှာ undiagnosed hypothyroidism အလွန် များ နေ လို့ ဖြစ် ပါ တယ်။
Thyroid ဟော်မုန်းဓာတ် နည်း နေ ခြင်း ဟာ သည်းခြေ ရောဂါ နဲ့ လက်တွဲ သွား နေ လို့ ဖြစ် ပါ တယ်။
ဒီ ဟော်မုန်းဓာတ် နည်း လာ ရင် အစာစား တဲ့ အခါ အဆီ ကို ချေ ဖို့ သည်းခြေ က နေ bile လို့ ခေါ် တဲ့ အစာချေ ရည် ကို ကောင်းစွာ ညှစ် အား မရှိ ပါ။
ရေလှောက်ကန် သ ဖွယ် ဖြစ် တဲ့ သည်းခြေ အိပ် ဟာ ကောင်း ကောင်း သည်းခြေရည် တွေ ကို ညှစ်
မ ထုတ် နိုင် တာ ကြောင့် ကြာ လာ တဲ့ အခါ အနည် တွေ ထိုင် လာ ပြီး ကျောက် တည် တတ် ပါ တယ်။
ကျောက် တည် တဲ့ သူ တွေ မှာ အစာ စား တိုင်း အထူး သ ဖြင့် အဆီ စား တဲ့ အခါ သည်းခြေ က သည်းခြေရည် ကို ညွှစ် ထုတ် ဖို့ ကြိုးစား ပါ တယ်။ ညွှစ် ခြင်း ဖြင့် အထဲ မှာ ရှိ နေ တဲ့ ကျောက် က ထွက် လာ ပြီး ဗိုက် နာ တော့ တာ ပါ ပဲ။
ကျောက် က သည်း ခြေ ရည် ထွက် တဲ့ လမ်း ကြောင်း မှာ သွားဆို့ နေ မယ် ဆို ရင် နာ လွန်း လို့ အရေး ပေါ် အနေ နဲ့ ဆေး ရုံ ကို ရောက် တတ် ပါ တယ်။
ပိုးပါ ဝင် သွား ရင် အဖျား တက် ပြီး ချမ်း တုန် လာ တတ် ပါ တယ်။ ဆေး ရုံ မှာ ပိုး သတ် ဆေး တွေ ပေး ပြီး အ ခွဲ ခံ ရ တတ် ကြ ပါ တယ်။
အချို့ တွေ ကြ တော့ လဲ ကျောက် မရှိ ပါ။ သို့ ပါ သော် လည်း သည်း ခြေ ရည် ကို ကောင်း စွာ မညွှစ် ထုတ် ပေး နိုင် တာ ကြောင့် အစာ မ ကျေ ခြင်း၊ လေ ခံ ခြင်း၊ လေ တက် ခြင်း၊ ရင် ပြည့် ခြင်း တို့ ဖြစ် တတ် ပါ တယ်။
များ သော အား ဖြင့် ဆရာဝန် ကို သွား ပြ ပြန် ရင် လည်း အထူး သ ဖြင့် ကျောက် မ တည် တဲ့ သူ ဆို ရင် ဆရာဝန် က အစာအိမ် ရောဂါ ဆို ပြီး အက်စစ် မ ထွက် အောင် ဆေး မျိုးစုံ ကို ပေး လေ့ ရှိ တာ ကို တွေ့ ရ တတ် ပါ တယ်။
အနာတခြား၊ဆေး တခြား ဖြစ် နေ တာ မို့။ ရောဂါ မသက် သာ ဘဲ၊ အက်စစ်ဓာတ် မ ထွက် အောင် ပေး တဲ့ ဆေး တွေ ရဲ့ ဘေးတွက် ဆိုး ကျိုး တွေ ကို ခံ ရ တော့ တာ ပါ ပဲ။
အကောင်း ဆုံး က တော့ သည်း ခြေ ရောဂါ ရှိ တဲ့ လူ တွေ ၊ အထူးသ ဖြင့် ကျောက် တည် သူ များ က
လို အပ် နေ တဲ့ ဓာတ် ကို ဖြည့် ပေး လိုက် မယ် ဆို ရင် အစာမကြေ ခြင်း၊ လေပွ ခြင်း၊ ရင်ခံ ခြင်း၊ လေ တက် ခြင်း တို့ မဖြစ် တော့ ပါ။
Ox bile 500mg ကို အစာစား တိုင်း သောက် မယ် ဆို ရင် သိသိသာသာ ကြီး ကောင်း လာ တာ ကို တွေ့ မြင် ရ ပါ လိမ့် မယ်။
အရေး ပေါ် ဆေး ရုံ တက် စရာ လဲ မ လို သ လို၊ မလိုအပ် ဘဲ ခွဲခံ ရ ခြင်း မှ လဲ ရှောင် နိုင် မှာ ဖြစ် ပါ တယ်။
သည်းခြေ ထုတ် သွား ပြီး လဲ ပြဿနာ က ရှိ သေး တာ ပါ ပဲ။
သည်း ခြေ ထုတ် ပြီး တော့ သည်းခြေရည် ကို
သို လှောင် ထား စရာ အိမ် မရှိ တော့ တာ ကြောင့် နည်း နည်း ခြင်း တစိမ့် စိမ့်အူ ထဲ ကို ကျ နေ တဲ့ သည်း ခြေ ရည် ဟာ အစာများများစား တဲ့ အခါ အဆီ ကို ခြေ ဖို့ မ လုံ လောက် တာ မို့ ကြာ လာ တဲ့ အခါ အဆီ ဓာတ် နည်း သွား တတ် ပါ တယ်။
ဝမ်းသွား တဲ့ အခါ ဝမ်း မှာ အဆီ တွေ ပါ လာ တာ ကို သတိ ပြု မိ ပါ လိမ့် မယ်။
Fat soluble vitamin များ ဖြစ် ကြ တဲ့ Vitamin A D E K ဓာတ် တွေ လဲ နည်း ပါး လာ တာ နဲ့ အမျှ ခန္ဓာ ကိုယ် အ တွက် မ ကောင်း ပါ။
သည်းခြေ ခွဲ ထုတ် ပြီး ပြီ ဖြစ် ရင် အဆီ စား တဲ့ အခါ အစာ မ ကြေ တာ ကို သတိ ပြု မိ ကြ ပါ လိမ့် မယ်။
သည်း ခြေ ရည် ဟာ အူ ထဲ ကို အမြဲ တစိမ့်စိမ့် ကျ နေ တဲ့ အ တွက် အူ ကို တစ် ချိန် လုံး လှုံ့ ဆော် နေ သ လို ဖြစ် နေ ပြီး အစာစား တဲ့ အခါ ဝမ်း ကို ထိန်းမရ လောက် အောင် သွား ချင် တတ် လာ ပါ တယ်။
အချို့ သူ များ ဆို အိမ် ပြင် တောင် မ ထွက် ရဲ ကြ ပါ။ အိမ်သာ ပြေး မ မှီိ မှာ စိုး သော ကြောင့် ဖြစ် ပါ တယ်။
လူ တွေ က ဒါ ကို လက်ခံ ကြ ပြီး ဘယ်သူ့ ကို မှ မ ပြော တတ် ကြ ပါ။
ဒီ လို ဖြစ် လာ ရင် Ox Bile 500mg ကို အစာ စား တိုင်း သောက် ပါ က အဆီ ကို ချေ ပေး နိုင် မှာ ဖြစ် ပါ တယ်။
မိတ်ဆွေ များ အား လုံး ကျန်းမာ ချမ်းသာ ကြ ပါ စေ။