Amara Specialist Clinic & Diagnostic Centre

Amara Specialist Clinic & Diagnostic Centre Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Amara Specialist Clinic & Diagnostic Centre, Hospital, Corner of 56th Street & 109A Street, Chan Mya Thar Si Township, Mandalay.

Amara specialistic clinic provides one stop health care services including medical consultation and laboratory services, pharmacy, teleconsultation, home healthcare services as well as medication delivery services.

🚨 ကိုယ်ဝန်ဆောင် မိခင်များ နှင့် မီးယပ် ရောဂါ အမျိုးမျိုး ကို  အထူးကုနှင့် စိတ်တိုင်းကျ ဆွေးနွေး ကုသလိုသူများအတွက် နေ့စဉ်...
01/08/2022

🚨 ကိုယ်ဝန်ဆောင် မိခင်များ နှင့် မီးယပ် ရောဂါ အမျိုးမျိုး ကို အထူးကုနှင့် စိတ်တိုင်းကျ ဆွေးနွေး ကုသလိုသူများအတွက် နေ့စဉ်ဆွေးနွေးတိုင်ပင်နိုင်ပါပြီ🚨

အမရာ အထူးကု ဆေးခန်းနှင့် ရောဂါရှာဖွေရေးဆေးခန်းတွင်
နေ့စဉ် နေ့လည်3-7 နာရီ အတွင်း
သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး နှင့် ပြသဆွေးနွေး နိုင်ပါပြီရှင့်

လူကြီး မင်းတို့ပိုမို အဆင်ပြေ စိတ်ချရစေရန်
Counter phone ☎️ 09889803801/09950980303 သို့ ဆက်သွယ်ပြီး booking ရယူနိုင်ပါပြီရှင့်

ဆက်သွယ်ရန်

ဆေး ခန်းလိပ်စာ - ၅၆ လမ်း နှင့် ၁၀၉ A လမ်းထောင့် ၊ ချမ်းမြသာစည်မြို့နယ် ၊ မန္တလေးမြို့ ။
ဖုန်း - 09-889803801, 09- 958818301

“ဝေဒနာကင်းကွာ စိတ် ခန္ဓာ ကျန်းမာရေးအတွက် အမရာ “

အမရာ အထူးကု ဆေးခန်းနှင့် ရောဂါရှာဖွေရေးဆေးခန်းတွင် နေ့စဉ်  နေ့လည် 2-4 နာရီ အတွင်း နှား၊နှာခေါင်း၊လည်ချောင်း အထူးကုဆရာဝန်...
30/07/2022

အမရာ အထူးကု ဆေးခန်းနှင့် ရောဂါရှာဖွေရေးဆေးခန်းတွင်
နေ့စဉ် နေ့လည် 2-4 နာရီ အတွင်း
နှား၊နှာခေါင်း၊လည်ချောင်း အထူးကုဆရာဝန်ကြီး နှင့် ပြသဆွေးနွေး နိုင်ပါပြီရှင့်
လူကြီး မင်းတို့ပိုမို အဆင်ပြေ စိတ်ချရစေရန်
Counter phone ☎️ 09889803801/09950980303 သို့ ဆက်သွယ်ပြီး booking ရယူနိုင်ပါပြီရှင့်

ဆက်သွယ်ရန်

ဆေး ခန်းလိပ်စာ - ၅၆ လမ်း နှင့် ၁၀၉ A လမ်းထောင့် ၊ ချမ်းမြသာစည်မြို့နယ် ၊ မန္တလေးမြို့ ။
ဖုန်း - 09-889803801, 09- 958818301

“ဝေဒနာကင်းကွာ စိတ် ခန္ဓာ ကျန်းမာရေးအတွက် အမရာ “

နူးညံ့လှတဲ့ မျက်လုံးလေးတွေကို အစဉ်တစိုက် ဂရုစိုက်ပေးဖို့ အရေးကြီးပါတယ်နော်👁👁မျက်စိအထူးကုဆရာဝန်ကြီးများနှင့် ဆွေးနွေးကုသရ...
16/07/2022

နူးညံ့လှတဲ့ မျက်လုံးလေးတွေကို အစဉ်တစိုက် ဂရုစိုက်ပေးဖို့ အရေးကြီးပါတယ်နော်👁👁
မျက်စိအထူးကုဆရာဝန်ကြီးများနှင့် ဆွေးနွေးကုသရန်အတွက် “အမရာ ဆေးခန်း “ ကို ဆက်သွယ်လိုက်ပါ

ဆေးခန်းလိပ်စာ - ၅၆ လမ်း နှင့် ၁၀၉ A လမ်းထောင့် ၊ ချမ်းမြသာစည်မြို့နယ် ၊ မန္တလေးမြို့ ။
ဖုန်း - 09-889803801, 09- 958818301

“ဝေဒနာကင်းကွာ စိတ် ခန္ဓာ ကျန်းမာရေးအတွက် အမရာ “




Free .. free … free 📣📣✨15.7.2022 မှ စတင်ပြီး ဇူလိုင် ၁ လ လုံး online မှ တစ်ဆင့် ကျန်းမာရေး ဆွေးနွေးမှု အခမဲ့ ရယူနိုင်ပါပ...
14/07/2022

Free .. free … free 📣📣
✨15.7.2022 မှ စတင်ပြီး ဇူလိုင် ၁ လ လုံး online မှ တစ်ဆင့် ကျန်းမာရေး ဆွေးနွေးမှု အခမဲ့ ရယူနိုင်ပါပြီ

✨နေ့စဉ် မနက် (၉) နာရီ မှ ညနေ (၆) နာရီ အတွင်း အတွေ့အကြုံရင့် ဆရာဝန်ကြီးများမှ လူနာများအား ကျန်းမာရေး ဆွေးနွေးမှု ပေးမှာ ဖြစ်ပါတယ်

✨သင်အပါအဝင် သင့်ပတ်ဝန်းကျင်ရှိ ကျန်းမာရေး ဆွေးနွေးမှု လိုအပ်နေသော ရပ်နီးရပ်ဝေး မိတ်ဆွေများအား အကြောင်းကြားလိုက်ပါဦးနော်

ဆက်သွယ်ရန် ဖုန်း -
09-889803801, 09-958818301




အမရာဆေးခန်းတွင်Covid certificate - electronic version Covid certificate- English version / notry Covid clearance letter ...
11/07/2022

အမရာဆေးခန်းတွင်

Covid certificate - electronic version
Covid certificate- English version / notry
Covid clearance letter များအား လူကြီးမင်းတို့ အဆင်ပြေအောင် ဆောင်ရွက်ပေးနေပါပြီ

ပြည်တွင်း/ ပြည်ပ ခရီးသွားဖို့ဖြစ်စေ၊ တခြားအကြောင်းကြောင့်ဖြစ်စေ covid ကာကွယ်ဆေး ထိုးထားပြီးကြောင်း အဂ်လိပ် ဘာသာပြန် လက်မှတ် ၊ covid ရောဂါ ကင်းရှင်းကြောင်း လက်မှတ်များ ရယူလိုပါက “ အမရာ ဆေးခန်း” သို့ အမြန်ဆုံး ဆက်သွယ်လိုက်ပါ။

You are only one call away…. from getting better📲အချိန်မရွေး နေရာဒေသမရွေး ကျန်းမာရေး စောင့်ရှောက်မှု ရရှိဖို့ teleconsul...
10/07/2022

You are only one call away…. from getting better📲
အချိန်မရွေး နေရာဒေသမရွေး ကျန်းမာရေး စောင့်ရှောက်မှု ရရှိဖို့ teleconsultation လုပ်ကြစို့👨‍⚕️👨‍⚕️




မိသားစုလို ကုသစောင့်ရှောက်မှု ရယူဖို့အတွက် မိသားစုဆရာဝန်နဲ့ တိုင်ပင်လိုက်ပါ 👨‍⚕️နေ့စဉ် ၁၂-၄ နာရီ အတွင်း အမရာ ဆေးခန်းတွင်...
08/07/2022

မိသားစုလို ကုသစောင့်ရှောက်မှု ရယူဖို့အတွက် မိသားစုဆရာဝန်နဲ့ တိုင်ပင်လိုက်ပါ 👨‍⚕️

နေ့စဉ် ၁၂-၄ နာရီ အတွင်း အမရာ ဆေးခန်းတွင် မိသားစု ကျန်းမာရေး ဆရာဝန်ကြီးမှ လူနာများအား ကြည့်ရှုကုသပေးမှာ ဖြစ်ပါတယ်
စောင့်ဆိုင်းချိန် အနည်းဆုံးဖြစ်ဖို့အတွက် လူနာများအနေဖြင့် ကြိုတင်စာရင်းပေးပြီး လာရောက်ပြသနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့်☘️



လက်မလွတ်သင့်တဲ့ အခွင့်အရေးမို့ ‘အမရာ’ သို့ အချိန်မှီ လှမ်းလာခဲ့လိုက်ပါ👋☘️မိမိကိုယ်တိုင် ကျန်းမာရေး စစ်ဆေးချင်တာဘဲဖြစ်ဖြစ...
26/06/2022

လက်မလွတ်သင့်တဲ့ အခွင့်အရေးမို့ ‘အမရာ’ သို့ အချိန်မှီ လှမ်းလာခဲ့လိုက်ပါ👋
☘️မိမိကိုယ်တိုင် ကျန်းမာရေး စစ်ဆေးချင်တာဘဲဖြစ်ဖြစ်
☘️လူကြီးမိဘများအတွက် ကျန်းမာရေး လက်ဆောင် ကန်တော့ချင်တာဘဲ ဖြစ်ဖြစ်
☘️မိမိအိမ်ထဲမှာဘဲ နေပြီး ကျန်းမာရေး သွေးစစ် ခံယူမှု ရယူလိုတာဘဲ ဖြစ်ဖြစ်
အမရာ ဆေးခန်းမှာ လူကြီးမင်းတို့ အဆင်ပြေအောင် အသက်သာဆုံးနှုန်းထားများနှင့် စစ်ဆေးပေးနေပါပြီ
☘️ခေတ်မှီ စက်ကြီးများနှင့် ကျွမ်းကျင်ဝန်ထမ်းများမှ သေချာ တာဝန်ယူ စစ်ဆေးပေးတာဖြစ်လို့ ယုံကြည်စိတ်ချစွာနှင့် စစ်ဆေးကုသမှု ခံယူနိုင်ပါပြီရှင်

အားလုံးဘဲ ရောဂါဘယ ကင်းဝေးပြီး ကျန်းမာကြပါစေ🙏🏻

ဆက်သွယ်ရန်
ဆေးတခန်းလိပ်စာ - ၅၆ လမ်း နှင့် ၁၀၉ A လမ်းထောင့် ၊ ချမ်းမြသာစည်မြို့နယ် ၊ မန္တလေးမြို့ ။
ဖုန်း - 09-889803801, 09- 958818301

“ဝေဒနာကင်းကွာ စိတ် ခန္ဓာ ကျန်းမာရေးအတွက် အမရာ “

အမရာ အထူးကု ဆေးခန်းတွင် ကလေးရောဂါများအတွက် သက်ဆိုင်ရာ ကျွမ်းကျင် ဆရာဝန်ကြီးများနှင့် ပြသနိုင်ပါတယ် ရှင့်👩‍👦👨‍👧☘️ဆေးခန်း၌...
13/06/2022

အမရာ အထူးကု ဆေးခန်းတွင် ကလေးရောဂါများအတွက် သက်ဆိုင်ရာ ကျွမ်းကျင် ဆရာဝန်ကြီးများနှင့် ပြသနိုင်ပါတယ် ရှင့်👩‍👦👨‍👧

☘️ဆေးခန်း၌ လာရောက်ဆွေးနွေးကုသမှုခံယူခြင်း
☘️အိမ်အရောက် ကလေး ကျန်းမာရေး ဝန်ဆောင်မှု ရယူခြင်း
☘️ဆရာဝန်ကြီးများနှင့် ဖုန်းဖြင့် ဆွေးနွေးတိုင်ပင်ခြင်း
☘️အိမ်အရောက် သွေးဖောက်စစ်ပေးခြင်း / ကာကွယ်ဆေး ထိုးပေးခြင်း
☘️ အိမ်အရောက် ဆေးပို့ဆောင်ပေးခြင်း စသည့် ဝန်ဆောင်မှုများ ရယူရန်အတွက်

ဆေးခန်းလိပ်စာ - ၅၆ လမ်း နှင့် ၁၀၉ A လမ်းထောင့် ၊ ချမ်းမြသာစည်မြို့နယ် ၊ မန္တလေးမြို့ ။
ဖုန်း - 09-889803801, 09- 958818301
သို့ ဆက်သွယ်နိုင်ပါတယ်ရှင့်

“ဝေဒနာကင်းကွာ စိတ် ခန္ဓာ ကျန်းမာရေးအတွက် အမရာ “




နား၊ နှာခေါင်း၊ လည်ချောင်း ဆိုင်ရာ ပြသနာများအတွက် “ အမရာ အထူးကု ဆေးခန်း” ကို သတိရလိုက်ပါနော် ။ပိတ်ရက်မရှိ နေ့စဉ် မနက် ၇ ...
08/06/2022

နား၊ နှာခေါင်း၊ လည်ချောင်း ဆိုင်ရာ ပြသနာများအတွက် “ အမရာ အထူးကု ဆေးခန်း” ကို သတိရလိုက်ပါနော် ။

ပိတ်ရက်မရှိ နေ့စဉ် မနက် ၇ နာရီမှ ည ၇ နာရီ ထိ ဆရာဝန်ကြီးများနှင့် တိုင်ပင်ကုသနိုင်နေပြပြီ။

ဆက်သွယ်ရန်
ဆေးခန်းလိပ်စာ - ၅၆ လမ်း နှင့် ၁၀၉ A လမ်းထောင့် ၊ ချမ်းမြသာစည်မြို့နယ် ၊ မန္တလေးမြို့ ။
ဖုန်း - 09-889803801, 09- 958818301

“ဝေဒနာကင်းကွာ စိတ် ခန္ဓာ ကျန်းမာရေးအတွက် အမရာ “




Juneလမှာ သားသားမီးမီးလေးတို့ ကျောင်းစတက်ပြီဆိုတော့ ပိုပြီး ကျန်းမာဖို့ လိုအပ်တယ်နော်။ ရာသီတုပ်ကွေး ရောဂါပိုးကူးစက်မှု နှ...
07/06/2022

Juneလမှာ သားသားမီးမီးလေးတို့ ကျောင်းစတက်ပြီဆိုတော့ ပိုပြီး ကျန်းမာဖို့ လိုအပ်တယ်နော်။
ရာသီတုပ်ကွေး ရောဂါပိုးကူးစက်မှု နှုန်းလျှော့ချဖို့အတွက် သင့်ကလေးကို တုပ်ကွေး ကာကွယ်ဆေး ထိုးပေးဖို့ မမေ့နဲ့နော်။
☘️တစ်ဉီးတစ်ယောက်ချင်း လာရောက်ထိုးနံလိုသည်ဖြစ်စေ
☘️အိမ်အရောက် ၀န်ဆောင်မှု ရယူလိုသည် ဖြစ်စေ
ကျောင်း / ကုမ္ပဏီ / လုပ်ငန်းများအနေဖြင့်
☘️အသင်းအဖွဲ့အလိုက် ကာကွယ်ဆေး ထိုးနှံလိုသည် ဖြစ်စေ....’အမရာ ဆေးခန်း’ တွင် စုံစမ်းနိုင်ပါည်

ဆက်သွယ်ရန်
ဆေးခန်းလိပ်စာ - ၅၆ လမ်း နှင့် ၁၀၉ A လမ်းထောင့် ၊ ချမ်းမြသာစည်မြို့နယ် ၊ မန္တလေးမြို့ ။
ဖုန်း - 09-889803801, 09- 958818301

“ဝေဒနာကင်းကွာ စိတ် ခန္ဓာ ကျန်းမာရေးအတွက် အမရာ “




စိတ်ကျန်းမာရေးဆိုင်ရာ ဆွေးနွေးတိုင်ပင်ခြင်းအပြောင်းအလဲ ၊ အတက်အကျ အရမ်းမြန်တဲ့ အခုလိုအချိန်ကာလမှာ အကြောင်းအမျိုးမျိုးကြော...
04/06/2022

စိတ်ကျန်းမာရေးဆိုင်ရာ ဆွေးနွေးတိုင်ပင်ခြင်း

အပြောင်းအလဲ ၊ အတက်အကျ အရမ်းမြန်တဲ့ အခုလိုအချိန်ကာလမှာ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးမှု အရမ်းများနေပြီလား / စိတ်ပင်ပန်းနေပြီလား …
သင် တစ်ယောက်တည်းမဟုတ်ဘူးဆိုတာ သတိရပေးပါနော် …
သင်၏ စိတ်ပိုင်းဆိုင်ရာ ပြသနာများကို ကူညီ ဖြေရှင်းပေးဖို့အတွက် စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်ဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်လို့ ရပါတယ်

လူကိုယ်တိုင် လာရောက် ဆွေးနွေးလိုသည်ဖြစ်စေ
ပြည်တွင်း/ပြည်ပ/ ရပ်ဝေး မှ online မှ တစ်ဆင့် ဆွေးနွေးလိုသည်ဖြစ်စေ ကြိုတင်စာရင်းပေးပြီး အမရာဆေးခန်းတွင်လည်း ဆွေးနွေးနိုင်ပါတယ်

ဆက်သွယ်ရန်
ဆေးခန်းလိပ်စာ - ၅၆ လမ်း နှင့် ၁၀၉ A လမ်းထောင့် ၊ ချမ်းမြသာစည်မြို့နယ် ၊ မန္တလေးမြို့ ။
ဖုန်း - 09-889803801, 09- 958818301

“ဝေဒနာကင်းကွာ စိတ် ခန္ဓာကျန်းမာရေးအတွက်အမရာ “



Monkeypox မျောက်ကျောက်ရောဂါမျောက်ကျောက်ရောဂါ သည် Monkeypox virus ကြောင့် ဖြစ်သော ရောဂါတစ်မျိုးဖြစ်ပြီး ၁၉၅၈ ခုနှစ်တွင် အ...
03/06/2022

Monkeypox မျောက်ကျောက်ရောဂါ

မျောက်ကျောက်ရောဂါ သည် Monkeypox virus ကြောင့် ဖြစ်သော ရောဂါတစ်မျိုးဖြစ်ပြီး ၁၉၅၈ ခုနှစ်တွင် အာဖရိကနိုင်ငံများတွင် စတင်တွေ့ရှိခဲ့သည်

ကူးစက်နိုင်သော နည်းလမ်းများ
-ရောဂါပိုးရှိသည့် တိရစ္ဆာန်များနှင့် အကာကွယ်မရှိ ထိတွေ့ခြင်း ( ကိုက်ခံရခြင်း ၊ ကုတ်ခြစ်ခံရခြင်း)
-ရောဂါပိုးရှိသည့် လူများနှင့် အကာကွယ်မရှိ ထိတွေ့ခြင်း
-တခြား ရောဂါပိုးနှင့် ထိတွေ့ထားသော သွေး ၊ ပစ္စည်းများနှင့် အထိအတွေ့ရှိခြင်း
-မိခင်မှတစ်ဆင့် သန္ဓေသားလောင်းသို့ ကူးစက်ခြင်း
-တောရိုင်းတိရစ္ဆာန်များကို အကာကွယ်မဲ့ ထိတွေ့ခြင်း စသည်တို့မှ ကူးစက်နိုင်ပါတယ်

ရောဂါပိုးဝင်ပြီး ၇-၁၄ ရက်အတွင်း ရောဂါလက္ခဏာ ပြတတ်ပါတယ်
-ဖျားခြင်း
-ခေါင်းကိုက်ခြင်း
-ကြွက်သားများ နာကျင်ကိုက်ခဲခြင်း
-ခါးနာခြင်း
-ပြန်ရည်ကျိတ်များ ယောင်ယမ်းခြင်း
-မောပန်းခြင်း
-ချမ်းတုန်ခြင်း
-ဖျားပြီး ၁-၃ ရက်နောက်ပိုင်း မျက်နှာမှ စတင်ပြီး ကိုယ်ခန္ဓာပေါ်တွင် အရည်ကျည်ဖုများ ပေါက်ခြင်း တို့ ဖြစ်တတ်ပါတယ်

ရောဂါဖြစ်သူအများစုကတော့ အလိုအလျောက်ပျောက်သွားကြတာ များပါတယ် ။ နာတာရှည် ရောဂါအခံရှိသူ၊ ကလေးငယ်များ ၊ ကိုယ်ဝန်ဆောင်မိခင်များ အနေနဲ့ မျောက်ကျောက်ရောဂါဖြစ်ပါက ဆေးကုသမှု လိုအပ်သည့် အဆင့်ထိ ဖြစ်နိုင်ပါတယ်

ရောဂါမဖြစ်ခင် ကာကွယ်ရန် နည်းလမ်းများကတော့
-လက်မကြာခနဆေးခြင်း
-ရောဂါ ခံစားနေရသူများနှင့် တိုက်ရိုက်ထိတွေ့မှု မရှိစေဘဲ ခပ်ဝေးဝေး နေခြင်း
-နေမကောင်းဖြစ်နေသည့် တိရစ္ဆာန်များနှင့် အကာကွယ်မဲ့ မထိတွေ့ခြင်း
-သေဆုံးတိရစ္ဆာန်များ၏ အသားများ ၊ သွေးနှင့် အခြားပစ္စည်းများကို တိတွေ့ခြင်းမှ ရှောင်ကြဉ်ခြင်း
-ရောဂါပိုးကူးစက်ခံရသူများအား ကုသရာတွင် စနစ်တကျ အကာကွယ်ပစ္စည်း ( PPE) သုံး၍ ကုသမှုပေးခြင်း

အခုအချိန်မှာ အာဖရိကအပြင် အခြား နိုင်ငံဒေသတွေမှာလည်း မျောက်ကျောက်ရောဂါ တွေ့ရှိနေရပြီး ခရီးသွားခြင်း ၊ သားငါးတိရစ္ဆာန်များ တင်သွင်းခြင်းတို့မှ တစ်ဆင့် ပျံ့နှံ့နိုင်ကြောင်း သိရှိရပါတယ်

မြန်မာနိုင်ငံမှာ ယခုလက်ရှိအချိန်ထိ ဓာတ်ခွဲအတည်ပြု လူနာ မတွေ့ရသေးသော်လည်း ကူးလာနိုင်ခြေ ရှိသောကြောင့် ကြိုတင်သတိထားဆင်ခြင်ဖို့ မျှဝေပေးလိုက်တယ်

မျောက်ကျောက်ရောဂါနဲ့ ပတ်သက်ပြီး အခြား သိချင်တာလေးတွေ ရှိရင်လည်း comment box မှာ မေးထားလို့ ရပါတယ်ရှင့်

Source: https://www.cdc.gov/poxvirus/monkeypox/about.html

ဝေဒနာကင်းကွာ စိတ် ခန္ဓာ ကျန်းမာရေးအတွက် အမရာ

သရက်သီး နှင့် ဆီးချိုရောဂါ🥭🥭🥭အခုလို နွေရာသီမှာ သရက်သီးတွေကလည်းပေါ .. ကြိုက်ကလည်းကြိုက် .. စားကလည်း စားချင်…ဆီးချိုတက်မှာ...
01/06/2022

သရက်သီး နှင့် ဆီးချိုရောဂါ🥭🥭🥭

အခုလို နွေရာသီမှာ သရက်သီးတွေကလည်းပေါ .. ကြိုက်ကလည်းကြိုက် .. စားကလည်း စားချင်…ဆီးချိုတက်မှာလည်းကြောက်သူများအတွက်🤔🤔🤔

သရက်သီးတုံးပြီး ထည့်ထားတဲ့ ပန်းကန်လုံးသေး ၁ လုံးမှာ ကယ်လိုရီ ၉၉ kcal ခန့် ပါဝင်ပြီး ၉၀ % လောက်သော ကယ်လိုရီတွေဟာ သရက်သီးမှာ ပါဝင်တဲ့ သကြားဓာတ်ကနေ ရပါတယ်

သရက်သီးမှာ ကစီဓာတ် /သကြားဓာတ် အပြင် ဗီတာမင် ( C, A, E) ၊ အမျှင်ဓာတ် ၊ ဓာတ်တိုးဆန့်ကျင်တဲ့ ဓာတ်တွေလည်း ပါဝင်လို့ ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်
- အသားရည် ပိုမိုစိုပြေစေတယ်
-အစာအိမ်နဲ့ အူလမ်းကြောင်းအတွက် အထောက်အကူပြုတယ်
-ကိုယ်ခံအားကောင်းစေတယ်
-ကင်ဆာရောဂါ အချို့ကို ကာကွယ်နိုင်တယ် လို့ဆိုပါတယ်

ဆီးချိုလူနာများအနေနဲ့ သရက်သီး လုံးဝ မစားရတာမျိုး မဟုတ်ပေမယ့် ချင့်ချိန်စားသင့်ပါတယ်
- တရက်ကို ပန်းကန်လုံးသေး ၁ လုံး (သို့) သရက်သီး တခြမ်း ဘဲ စားသင့်ပါတယ်
- သွေးတွင်းသကြားဓာတ်ပမာဏတိုင်းနိုင်လျှင် ပိုကောင်းပါတယ်
- သွေးတွင်းကစီဓာတ်များနေချိန် ( ဉပမာ- ထမင်းစားပြီးခါစ) တွေမှာ သရက်သီး မစားသင့်ပါ
- ညနေ ၅ နာရီကျော်လျှင် မစားသင့်ပါ

ဒါ့အပြင်
အသားဓာတ် နဲ့ တွဲစားပေးခြင်းကလည်း သွေးတိုးသကြားဓာတ်ရုတ်တရက်စောင့်တက်တာကို ကာကွယ်ပေးနိုင်လို့ ကြက်ဥပြုတ် ၊ အစေ့အဆံ စတဲ့ အသားဓာတ်ကြွယ်တဲ့ အစားအသောက်တွေနဲ့ တွဲစားပေးရင် ကောင်းပါတယ်

အားလုံးဘဲ သတိရှိရှိနဲ့ ဆင်ခြင် စားသောက်ခြင်းဖြင့် မလိုလားအပ်တဲ့ ရောဂါဘယမှ ကင်းဝေးကြပါစေ

Credit.





အမရာ ဆေးခန်းတွင် သားဖွားမီးယပ်ဆိုင်ရာ ကျန်းမာရေး အဖြာဖြာ ဆွေးနွေးတိုင်ပင်လို့ ရပါပြီ-ကိုယ်ဝန်ဆောင်ကာလ ကျန်းမာရေး ဆွေးနွေ...
16/05/2022

အမရာ ဆေးခန်းတွင် သားဖွားမီးယပ်ဆိုင်ရာ ကျန်းမာရေး အဖြာဖြာ ဆွေးနွေးတိုင်ပင်လို့ ရပါပြီ

-ကိုယ်ဝန်ဆောင်ကာလ ကျန်းမာရေး ဆွေးနွေးခြင်း / လိုအပ်သော သွေး/ဆီး စစ်ဆေးခြင်း
-အမျိုးသမီး မီးယပ်ရောဂါနှင့် ပတ်သက်ပြီး တိုင်ပင်ကုသခြင်း
-ဆရာဝန်ကြီးများနှင့်တိုင်ပင်ပြီး သားအိမ်ခေါင်း ကင်ဆာ စစ်ဆေးခြင်း / ကာကွယ်ဆေး ထိုးခြင်း အစရှိသည်များကို ပိတ်ရက်မရှိ ဆောင်ရွက်ပေးနေပါပြီ

ဆက်သွယ်ရန်
Page messenger (သို့)
ဖုန်း - 09-889803801, 09- 958818301

ဆေးခန်းလိပ်စာ - ၅၆ လမ်း နှင့် ၁၀၉ A လမ်းထောင့် ၊ ချမ်းမြသာစည်မြို့နယ် ၊ မန္တလေးမြို့ ။





*ရာသီဥတုက အရမ်းပူလိုက် မိုးရွာလိုက်နဲ့ဆိုတော့ ဒီလိုရာသီ အကူးအပြောင်းမှာ ဖျားနာတတ်ကြပါတယ်*သတိထားစရာကတော့ ဒီအချိန်ဖျားရင် ...
12/05/2022

*ရာသီဥတုက အရမ်းပူလိုက် မိုးရွာလိုက်နဲ့ဆိုတော့ ဒီလိုရာသီ အကူးအပြောင်းမှာ ဖျားနာတတ်ကြပါတယ်
*သတိထားစရာကတော့ ဒီအချိန်ဖျားရင် သာမန် အအေးမိ နှာစေး ချောင်းဆိုးဖြစ်နိုင်သလို ရာသီတုပ်ကွေးရောဂါ ၊ သွေးလွန်တုပ်ကွေးရောဂါများကြောင့်လည်း ဖြစ်နိုင်ပါတယ်
*ဒီရောဂါတွေဟာ လူကြီး/ကလေးမရွေး ဖြစ်တတ်တာမို့လို့ သတိထားရအောင် ဖြစ်တတ်တဲ့ လက္ခဏာလေးတွေကို ယှဉ်ပြပေးထားပါတယ်
*ပိုပြီးစိတ်ချရအောင် ကြိုတင်ကာကွယ်လို့ရတဲ့ရောဂါမျိုး (ဥပမာ - ရာသီတုပ်ကွေး) ဆိုလျှင် ရောဂါအဖြစ်နည်းအောင် ကာကွယ်ဆေး ထိုးထားလို့ ရပါတယ်

- ဆေးထိုးပီး 2-3 ပတ်နေမှ ဆေးအာနိသင် စရမှာဆိုတော့ June လ မတိုင်ခင် ထိုးထားသင့်ပါသည်

-ကာကွယ်ပေးမှု့က 6လ မှ 1 နှစ်ကြားဆိုတော့
ဆောင်းတွင်းအတွက် ထပ်ထိုးချင်တဲ့သူတွေဆို
6 လ အကြာမှာ ထပ်ထိုးလို့ရပါတယ်

-အသက် 6 လ မှ စပီး ထိုးလို့ရပါတယ်

-အသက် 9 နှစ်အောက် ခုမှ ပထမဆုံးအကြိမ် ထိုးတာဆို လျှင် တစ်လအကြာမှာ ဒုတိယတစ်ခါ ထပ်ထိုးရပါမယ်

-အသက် 9 နှစ်အထက် ကတော့ ပုံမှန်ဆို
တစ်နှစ်-တစ်ကြိမ်ထိုးရပါမယ်

“အမရာ” ဆေးခန်း မှာ လူကြီးမင်းတို့ကိုယ်တိုင် လာရောက်ထိုးနှံလို့ ရသလို အိမ်အရောက် ကာကွယ်ဆေးထိုးပေးခြင်း ဝန်ဆောင်မှုလည်း ရှိပါတယ်
မိသားစုလိုက်ဖြစ်စေ/ကုမ္ပဏီအသင်းအဖွဲ့လိုက်ဖြစ်စေ ၅ ယောက်နှင့်အထက်ထိုးမည်ဆိုပါက အထူးစျေးနှုန်းနဲ့ အိမ်အရောက် ဝန်ဆောင်မှုပေးနေပါတယ်ဗျာ…

ဆက်သွယ်ရန်
Page messenger (သို့)
ဖုန်း - 09-889803801, 09- 958818301

ဆေးခန်းလိပ်စာ - ၅၆ လမ်း နှင့် ၁၀၉ A လမ်းထောင့် ၊ ချမ်းမြသာစည်မြို့နယ် ၊ မန္တလေးမြို့ ။


Hello ladies … “အမရာ ဆေးခန်း” မှာ လေဒီယာနေ့လေးကို ပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ အချိန်အားဖြင့် မနက် ၉ နာရီမှစတင်ပြီး  မိ...
11/05/2022

Hello ladies …
“အမရာ ဆေးခန်း” မှာ လေဒီယာနေ့လေးကို ပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ အချိန်အားဖြင့် မနက် ၉ နာရီမှစတင်ပြီး မိသားစုစီမံကိန်းနှင့်သားဆက်ခြားခြင်းဆိုင်ရာ အကြောင်းအရာများကို အခမဲ့ဆွေးနွေးပေးသွားမှာဖြစ်သလို
၁။ Lydia Implanex II - လက်မောင်းတွင်းထည့် သားဆက်ခြားခြင်း ၅ ဦး
၂။ Lydia IUD - သားအိမ်တွင်းထည့် သားဆက်ခြားနည်း ၁၀ဦး
၃။ Andalan သုံးလခံထိုးဆေး ၃၅ လုံးတို့အားသက်ဆိုင်ရာဆရာဝန်ကြီးဖြင့် ဆွေးနွေးတိုင်ပင်ပြီး လေဒီလေးတို့နှင့် သင့်တော်တဲ့နည်းလမ်းကို အခမဲ့ထည့်သွင်း ပေးသွားမှာဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

လူဦးရေကန့်သတ်ထားတာကြောင့် အမြန်ဆုံးသွားရောက်ဖို့တော့လိုတယ်နော်။

⏱️အချိန် - မနက် ၉ နာရီ
🗓️ ရက်စွဲ - ၁၄.၅.၂၀၂၂
🏩 နေရာ - ၅၆ လမ်း နှင့် ၁၀၉ A လမ်းထောင့် ၊ ချမ်းမ်သာစည်မြို့နယ် ၊ မန္တလေး။





  #အပူလျှပ်ခြင်းမူရင်းရေးသားသူအား credit ပေးပါတယ်🙏🏻အားလုံး အပူလျှပ်ခြင်း အန္တရာယ်မှ ကင်းဝေးဖို့ ပြန်လည်မျှဝေခြင်း ဖြစ်ပါ...
29/04/2022


#အပူလျှပ်ခြင်း

မူရင်းရေးသားသူအား credit ပေးပါတယ်🙏🏻
အားလုံး အပူလျှပ်ခြင်း အန္တရာယ်မှ ကင်းဝေးဖို့ ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်

အပူလျှပ်တယ် ဆိုရင် မြန်မာနိုင်ငံမှာ
လူအများစုက
နေပူထဲက ပြန်လာပြီး
ရုတ်တရက် ရေချိုးလိုက်တာတို့ ၊
‎ မျက်နှာသစ်လိုက်တာတို့ကြောင့် လို့
ထင်နေကြတယ်။

ရုတ်တရက် သတိလစ်
အသက်ရှူရပ်သွားတယ်ပေါ့။

တကယ်တမ်းတော့ အဲ့ဒါဟာ
အပူလျှပ်တယ် ဆိုတဲ့အထဲက အလွန်ရှားပါးသော ဖြစ်ရပ်သာဖြစ်တယ်။

ပူရာကနေ ရုတ်တရက် အေးသွားတာကြောင့်
အရေပြားရှိသွေးကြောတွေရဲ့ တုန့်ပြန်မှု ကမောက်ကမဖြစ်သွားလို့ နှလုံးခုန်ရပ်သွားတာသာ ဖြစ်တယ်။ မကြာဘူး စက္ကန့် ပိုင်းအတွင်း သေနိုင်ပါတယ်။
သိနားလည်သူရှိလို့ အသက်ကယ်မယ်ဆိုရင်
ချက်ချင်း မြန်မြန် နှလုံးခုန်အောင် ပြန်လုပ်နိုင်ရင် အသက်ရှင်မှာပါပဲ။
အင်္ဂလိပ်လို Vagal Inhibition လို့ ခေါ်ပါတယ်။

တကယ့် Heat stroke အပူလျှပ်ခြင်း အစစ်ကတော့
ဒီလို မသက်သာပါဘူး။
ဆေးရုံမှာ အကြာကြီးခံရပြီးမှ သေဆုံးရတတ်တာမျိုးဖြစ်ပါတယ်။
အပူလျှပ်ခြင်း အစစ်ကတော့
ရေဓာတ်နဲ့ ဓာတ်ဆားဓာတ် ( အဖန်ဓာတ် ၊ အငံဓာတ်) တွေ ဆုံးရှုံးပြီး မမျှတလို့ ဖြစ်ရတာပါ။

နွေရာသီလို ပူတဲ့အခါ
ပူတဲ့ လုပ်ငန်းလုပ်ရတဲ့အခါ

🔹ချွေးတွေအရမ်းထွက်ပါတယ်
🔹ဆားတွေပါ ပါသွားပါတယ်။
🔹ဆားတွေများများပါသွားလေလေ
🔹ရေက မငတ်တော့လေလေ ပါပဲ။
🔹ရေက မသောက်မိဘူး။
ပိုပို ဆိုးလာတော့တာပေါ့။

အစပိုင်းမှာ ခန္ဓာကိုယ်က ပြန်ထိန်းပေးပါတယ်။

ဘယ်လိုထိန်းသလဲဆိုတော့
🔴ဆီးသိပ်မသွားဘူး
ဆီးအနေနဲ့ထွက်ရမယ့် ရေဓာတ်ကို ပြန်သိမ်းတယ်။
🔴ဒီတော့ ဆီးအရောင် ရင့်လာပါတယ်။

ဒါ့ကြောင့် ပူတဲ့အခါ ရေဆာဆာ မဆာဆာ
ဆီးအရောင်ရင့်နေရင် ရေများများသောက်ရမယ်လို့ ပညာရှင်တွေက လမ်းညွှန်ပါတယ်။

ဒီလိုနဲ့ ရေက မသောက်မိတော့
ချွေးတွေ အလွန်ထွက်ပြီး
‎ရေနဲ့ဆားတွေ ဆုံးရှုံးရတော့
‎လူဟာ အရမ်းနွမ်းနယ်လာပါတော့တယ်။
‎အခုထိ ချွေးကတော့ ထွက်မြဲပါပဲ။
‎ဒါကို Heat Exhaustion လို့ ခေါ်ပါတယ်။
‎အပူလွန်၍ပင်ပန်းခြင်း ပေါ့။

ဒီအချိန်မှာမှ ရေနဲ့ဆား ပြန်ဖြည့်တဲ့
ဓာတ်ဆားရည်သောက်တာမျိုး၊ ဓာတ်ဆားဓာတ်ပြည့်စေတဲ့ အချိုရည်တွေ သောက်တာမျိုး မလုပ်ဘူးဆိုရင်တော့
ခန္ဓာကိုယ်က ချွေးတောင် မထွက်နိုင်တော့ပါဘူး။

သူ့ ကြည့်လိုက်ရင်
ခြောက်ခြောက်ကပ်ကပ် ပင်ပင်ပန်းပန်းနဲ့
အသားကို ကိုင်ကြည့်ရင် မီးခဲလို ပူတယ်
ချွေးက နည်းနည်း မှ မရှိဘူး။
ဒါဆိုရင်တော့ Heat stroke အပူလျှပ်သွားပါပြီး
ဆေးရုံ မြန်မြန်ပြေးပါ။
( တချို့ကတော့ Heat exhaustion အဆင့်မှာကတည်းက ဆေးရုံ သွားပြခိုင်းတယ်)

🔴ဆေးရုံနဲ့ဝေးရင် ၊ ဒါမှမဟုတ် ဆေးရုံမရောက်ခင်
ဘာလုပ်ရမှာလဲ ဆိုတော့

🟢အပူကျအောင် လုပ်ရပါမယ်။
အဓိကမှတ်ထားရမှာပါက အဖျားကျတဲ့ Paracetamol လို ဆေးမျိုး ပေးဖို့မသင့်ပါဘူး။
Organ Failure အတွင်းအင်္ဂါပျက်စီးမှု ပိုဆိုးစေလို့လို့ ဆိုပါတယ်။

🟢ရေနဲ့ဆား အရင်ဖြည့်ဖို့ ဓာတ်ဆားရည် အများကြီးတိုက်ရပါမယ်
သီးစုံဓာတ်ဆား မတိုက်သင့်ပါ။
Shark၊ကျွဲရိုင်း၊ ကော်ဖီ၊အရက်၊ burn၊ speed ၊ M150၊ Lippo အစရှိတဲ့ လူကို လန်းဆန်းစေတဲ့ Stimulating Fluid တွေ လုံးဝ မသောက်သင့်ပါဘူး
အပူလျှပ်ခြင်းကို ပိုမိုလွယ်ကူစေလို့ပါ။

🟢လူနာက သတိမကောင်းတော့ဘူးဆိုရင်တော့
ရေခဲသေတ္တာထဲ အအေးခံထားတဲ့
အငံ ပုလင်း NS ကို သွေးကြောကနေ မြန်မြန်ချိတ်သွင်းရပါမယ်။ Rapid Cool NS infusion ။

🟢အရင်ဆုံး အဝတ်တွေ အကုန်ချွတ်သင့်ပါတယ်။
Air con ခန်းထဲခေါ်ရပါမယ်
Air con ကို Dehumifying mode or Dry mode မှာ ထားပြီး ဖွင့်ရင် ပိုကောင်းပါတယ်။

🟢ရေအေးအေးနဲ့ လောင်းချ ပေးရပါမယ်။
ရေနွေးနွေးလေး ကို ရေအေးငါးခါလောင်းပြီးတိုင်း
တစ်ခါလောင်းပေးရပါမယ်။
သွေးကြောတွေ ပွင့်ကျယ်လာအောင်ဖြစ်ပါတယ်။

တစ်ခု ထူးခြားတာက
အပူလျှပ်ခြင်း ဖြစ်သွားရင်တော့
ဆေးရုံမှာ ကုသပေမယ့်လည်း
၁၀၀မှာ ၂၀ယောက်လောက်က သေတာပါပဲတဲ့။

ဒီတော့ ကြိုတင်ကာကွယ်ခြင်းဟာ မရှိမဖြစ်လိုအပ်တယ်။
ကာကွယ်တာလည်း မခက်ဘူး
ဓာတ်ဆားရည် ကို ကိုယ့်အလုပ်ပေါ်မူတည်ပြီး သောက်ပေးနေရုံပါပဲ။
သွေးတိုးသမားတွေကတော့ ရေပဲ အဓိကသောက်ရုံ။
အဝတ်ကို ချောင်ချောင်ပါးပါးဝတ်ရမှာဖြစ်ပါတယ်။
အရမ်းလည်း အပင်ပန်းမခံဖို့လိုပါသေးတယ်။

ဒီလိုဆိုရင် အပူလျှပ်ဖို့ မကြောက်ရတော့ပါဘူး။

Heat stroke
အပူလျှပ်ခြင်း အကြောင်း သိကောင်းစရာ

ကျောင်းသားဘဝတုန်းက Short Noteအတွက်
ပြင်ဆင် ထားတဲ့ စာတွေ ကို ပြန်လည်ကောက်နုတ်ဖော်ပြတာပါ

🟥အရေးကြီးသည့်အချက်
ယခုလို နွေကာလ အပူကြီးချိန်တွင်
ဖျားတဲ့သူတွေကို စောင်မခြုံဖို့ အနွေးထည်အထူမဝတ်ဖို့ နဲ့ ရေဖတ်ခဏခဏတိုက်ပေးဖို့ (နဖူးအပြင် ပိုအရေးပါသည့် ဂုတ်၊ပေါင်ခြံ၊ဒူးခေါက်ကွေး၊ချိုင်းကြားတို့၌ တိုက်ရန်၊ လေသလပ်ဖို့ ယက်ခပ်ရန်) အထူးလိုအပ်ပါတယ်🟥

Address

Corner Of 56th Street & 109A Street, Chan Mya Thar Si Township
Mandalay

Telephone

+959889803801

Website

Alerts

Be the first to know and let us send you an email when Amara Specialist Clinic & Diagnostic Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Amara Specialist Clinic & Diagnostic Centre:

Share

Category