ဇမ္ဗူဖြိုး တိုင်းရင်းဆေးခန်း Zabuphyo Clinic

  • Home
  • Myanmar
  • Mandalay
  • ဇမ္ဗူဖြိုး တိုင်းရင်းဆေးခန်း Zabuphyo Clinic

ဇမ္ဗူဖြိုး တိုင်းရင်းဆေးခန်း Zabuphyo Clinic အကြော,အရိုး,အဆစ် နှင့်
အထွေထွေရောဂါကု
တိုင်းရင်းဆေးခန်း

ကျီးပေါင်း ခါးနာ ဒူးနာ ဒဏ်နာ တွေအတွက် ဆေးခန်းလာဖို့ အချိန်မအားဘူးလား hello ပဲလုပ်လိုက်ပါ ဆရာ နဲ့ပြသလို သက်သာသွားမဲ့ ဆေးက...
28/01/2024

ကျီးပေါင်း ခါးနာ ဒူးနာ ဒဏ်နာ တွေအတွက် ဆေးခန်းလာဖို့ အချိန်မအားဘူးလား hello ပဲလုပ်လိုက်ပါ ဆရာ နဲ့ပြသလို သက်သာသွားမဲ့ ဆေးကပ်ခွာလေးပဲ ဆောင်ထားလိုက်ပါ တကယ်သက်သာစေမဲ့ ဆေးစွမ်းထက် ကပ်ခွာလေးတွေ ဈေးနှုန်းချိုသာစွာဖြင့် မှာယူနိုင်ပါတယ် ၁၀ခုပါတထုပ် ၅၀၀၀ ကျပ်နဲ့ ၁၀ရက် အသုံးပြုနိုင်ပါတယ်

အမြဲအားပေးတဲ့ မိတ်ဆွေများကျေးဇူးပါ 🙏🙏      🙏 ဇမ္ဗူ​ဖြိုး အာရုံကြောဆေးသည် အောက်ပါရောဂါလက္ခဏာများကို သက်သာပျောက်ကင်း စေပါသ...
24/12/2021

အမြဲအားပေးတဲ့ မိတ်ဆွေများကျေးဇူးပါ 🙏🙏 🙏 ဇမ္ဗူ​ဖြိုး အာရုံကြောဆေးသည် အောက်ပါရောဂါလက္ခဏာများကို သက်သာပျောက်ကင်း စေပါသည်။
၁)လေဖြတ်လေငန်း
၂)အာရုံကြောအားနည်းခြင်း
၃)ကျီးပေါင်းရောဂါ အမျိုးမျိုး
၄)လေးဖက်နာ/အဆစ်အမြစ်နာ များသုံးစွဲနိုင်ပါသည်။ သုံးဖူးသူတိုင်း အမြဲအားပေးကြတဲ့ ဆေးကောင်းတလက်မို့ မှာယူချင်ရင် 📲၀၉၄၃၁၇၅၃၃၈ hello လိုက်ပါ။ ဆေးတဗူး 2000ကျပ်ပါရှင့်

18/11/2021
24/07/2021

ရောဂါဝေဒနာ အမှန်တကယ် ခံစားနေရသော လူနာများကိုသာ ဦးစားပေး ပါမည် ဇဗ္ဗူဖြိုး ချောင်းဆိုးပျောက်ဆေးရည် လိုအပ်လျှင်
📲0943175338
09797460415
မန္တလေးမြို့တွင်း delivery free ပါ

ကိုဗစ်ဖြစ်လျှင်,*စဖျားချင်သလိုဖြစ်တာနဲ့ အိမ်မှာရှိတဲ့ သက်ကြီးရွယ်အိုနှင့် ကလေးများအားလုံးဝ မထိတွေ့ပါနှင့်။*တစ်ချို့က တရက...
14/07/2021

ကိုဗစ်ဖြစ်လျှင်
,*စဖျားချင်သလိုဖြစ်တာနဲ့ အိမ်မှာရှိတဲ့ သက်ကြီးရွယ်အိုနှင့် ကလေးများအားလုံးဝ မထိတွေ့ပါနှင့်။
*တစ်ချို့က တရက်ပဲဖျား /တစ်ချို့က 3ရက်ခန့်ဖျားတတ်ပြီး အနံ့ ပျောက်တတ်သည် မကြောက်ပါနှင့် အနံ့မရလျှင် သေချာသွားပါပြီ ကလေးများ၊သက်ကြီး ရွယ်အိုများနဲ့ လုံးဝခွဲနေပါ။
*ဖျားသည့်နေ့မှစ၍ရေနွေးသာသောက်ပါ ။ရေခဲရည် လုံးဝမသောက်ပါနှင့်။လက်ဖက်ခြောက်/လောက်သေရွက်ခြောက် /ဂျင်းတက် ပါးပါးလှီး ရေနွေးစိမ်သောက်ပါ။
*စီဗစ် လုံးဝ ဝယ်မရလည်း စိတ်မပျက်ပါနှင့် နေ့တိုင်း သံပုရာရည် တနေ့တခွက်သောက်ပါ။သံပုရာသီးတစ်လုံး/သကြားထမင်းစားဇွန်း 2ဇွန်း/ရေသန့်ဘူး လီတာဝက် တဝက်နဲ့ ဖျော်သောက်ပါ။
*ဖျားသည့်နေ့မှစ၍ ကြက်ဥ မနက်တစ်လုံး/ညတစ်လုံး စားချင်ချင်၊မစားချင်ချင်ကြိတ်မှိတ်စားပါ။ အားဆေးမသောက်နိုင်လျှင် တနေ့3 လုံးမဖြစ်မနေစားပါ။
*တစ်ချို့က အရသာပါပျက်တတ်ပြီး တချို့ကမပျက်ပါ။ ညတိုင်းဂျင်း၊ထန်းလျက် ပြုတ်ရည်သောက်ပါ။ဂျင်းလက်တစ်စစ်၊ထန်းညက် ကြီးလျှင်2လုံး သေးလျှင် 3လုံးရေလီတာဝက်ကို တဝက်ကျန်အောင်တည်ပါ တည်၍ ပွက်လာလျှင် ရေနွေးငွေ့ရှူပါ။ ရေ တဝက်ကျန်အောင်ကြို၍ သောက်ပါ။ ရေနွေးငွေ့ တနေ့3ကြိမ်မဖြစ်မ‌‌ေနရှူပါ။လည်ချောင်းယားလျှင် ဆားရည်နဲ့ မနက်1/ည1ပလုတ် ကျင်းပေးပါ။
*ရေချိုးရန်တတ်နိုင်လျှင် 2ရက်ခြားချိုးပါ။ မချိုးဘဲ မနေနိုင်လျှင် အဝတ်မလျော်ဘဲ တတ်နိုင်သမျှ အမြန်ချိုးပါ ။အဓိက ရေချိုးပြီး လိမ်းဆေးအဆီ ဇမ္ဗူဖြိုးလိမ်းဆေးအဆီ/ကြိုက်ရာ လိမ်းဆေးအဆီ တခုခုကို ခြေထောက်အောက်ပိုင်း ဖဝါးပါ လူးပြီး ခြေအိတ်စွပ်ပေးပါ။တတ်နိုင်လျှင် တကိုယ်လုံး လူးနိုင်သည်။တနေ့ 3ကြိမ်အနည်းဆုံးဆေးလူး ပြီးနာရီဝက်ခန့်ခြေအိပ်စွပ်ပေးပါ။
*တပါတ်ကျော်လျှင် တချို့ ချောင်း ဆိုး မည် မောမည် မစိုးရိမ်ပါနှင့် အသက်ရှူ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ ။ အချို အဆိမ့်/ဝက်သား တတ်နိုင်လျှင် မစားပါနှင့် ။ကြက်စွပ်ပြုတ်/ငါး/အသီးအရွက် မျှတစွာ စားပေးပါ။ထမင်းစားတိုင်း ကြက်သွန်နီ တဥ ကြက်သွန်ဖြူဥဝက်ခန့် ပုံမှန်ထည့်စားပါ။
*နေကောင်းပျောက် အနံ့ရပေမဲ့လည်း 14ရက်ကျော်မှ အပြင်ထွက်ပါ။အိမ်သားများနှင့် ထိတွေ့ပါ။
မှတ်ချက် ဖျားလျှင် paracetamol
နှာစေးနှာပိတ်လျှင် cetirizine ၊
ဝမ်းပျက်ဝမ်းလျှောလျှင်ဓါတ်ဆားရည် သောက်နိုင်သည်။
အခြားဆေးများအားဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သောက်ပါ။
* သင် ကိုဗစ်ကို အကောင်းဆုံး ရင်ဆိုင်ဖြတ်ကျော်နိုင်ပါသည် ။

အရေးတော်ပုံကြီး အမြန်ဆုံးအောင်မြင်စွာပြီးဆုံးပါစေ။
21/02/2021

အရေးတော်ပုံကြီး အမြန်ဆုံး
အောင်မြင်စွာပြီးဆုံးပါစေ။

ကြပ်ထုပ်၏ အဓိပ္ပာယ် ကြပ်ထုပ်ဆိုသည်မှာ ရောဂါအလိုက်အသုံးပြုလိုသောဆေးနှင့်ပစ္စည်းများကိုအဝတ်တစ်ခုဖြင့် ကျပ်နေအောင်စုစည်းထုပ...
16/01/2021

ကြပ်ထုပ်၏ အဓိပ္ပာယ်
ကြပ်ထုပ်ဆိုသည်မှာ ရောဂါအလိုက်အသုံးပြုလိုသောဆေးနှင့်ပစ္စည်းများကိုအဝတ်တစ်ခုဖြင့် ကျပ်နေအောင်
စုစည်းထုပ်ထား၍ ကြပ်ထုပ်ဟု ခေါ်ဆိုခြင်းဖြစ်သည်။ကြပ်ထုပ်သည် အာ
ယုဗွေဒဆေးပညာနည်း စနစ်၏ ပဉ္စကမ္မ ခေါ်ကုနည်း(၅)မျိုးဖြစ်သည့် ဝမ်းနုတ်ခြင်း၊ အန်ဆေးကျွေးခြင်း၊ ချွေးအောင်းခြင်း၊ ဆီလိမ်း / အကြောပြင်ခြင်း၊ ကြပ်ထုပ်ထိုးခြင်းတို့ပါဝင်သည်။
ကြပ်ထုပ်ထိုးခြင်းသည် ချွေးအောင်းခြင်း၊ ဆီလိမ်း၊အကြောပြေခြင်းတို့ ကဲ့သို့ ခန္ဓာကိုယ်ပြုပြင်ရာတွင် ကုသရသော ကုထုံးဖြစ်သည်။ကြပ်ထုပ်ထိုး ကုသခြင်းသည် ခန္ဓာကိုယ်၌ ပိတ်ဖွဲ့ပိတ်ဆို့သောသွေး‌လေ အညစ်အကြေးများ၊
ငုပ်လျှိုးနေသော(ဝါယောဓာတ်)လေနှင့်အပူ(တေဇောဓာတ်)များ၊ ကိုက်ခဲညောင်းညာနေသော အကြော၊ အဆစ်အဆက်များကိုပုံမှန်အနေ
အထား ဖြစ်အောင်ဆောင်ရွက်သောနည်း ဖြစ်သည်။

ကြပ်ထုပ်(၃)မျိုး
၁။ ဆီ (သို့မဟုတ်) ထောပတ်ခံထား
သောကြပ်ထုပ်
၂။ ရေနွေး (သို့မဟုတ်) ဆေးငွေ့ ခံ
ထားသောကြပ်ထုပ်
၃။ မီးနှင့် တိုက်ရိုက် အပူပေးထိုး
သောကြပ်ထုပ်
မီးဖြင့် အပူပေးရသော ကြပ်ထုပ်သည် အုတ်ပူ၊ကျောက်ပူ၊သံပူ၊ဆား၊ လက်ချားမီးပေါက်ကဲ့သို့ ကြပ်ထုပ်မျိုး ဖြစ်သည်။ ရေနွေးပုလင်း ကပ်ခြင်း၊ ရေနွေးအိတ်ကပ်ခြင်း သည်လည်း ကြပ်ထုပ်အမျိုးအစားတွင် ပါဝင်သည်။

ကြပ်ထုပ်ထိုးနည်း(၆)မျိုး
၁။ လက်နဲ့ ပွတ်ဆွဲနည်း
၂။ နေရာရွေ့၍ ထိခွာ ထိုးပေးနည်း
၃။ ကြပ်ထုပ်ဖြင့် ဖိဆွဲနည်း
၄။ ဖိဖွ ထိုးနည်း
၅။ ဖိချေ၍ စက်ဝိုင်းပုံ ထိုးနည်း
၆။ ခရုပတ်ပုံ အထပ်ထပ်ဝိုင်း၍
ဆွဲထိုးနည်း
ကြပ်ထုပ်ထိုးရာတွင် အချိန်ကြာကြာ မလုပ်ရပါ။၁၀ မိနစ်၊ ၁၅ မိနစ် ကြာပါက ရောဂါ အခြေအနေ၊ ရာသီဥတု
အခြေအနေ၊ ရာသီဥတု၊ မီးအပူအအေးပေါ် မူတည်၍ နှာခေါင်းမှ ချွေးစို့လာလျှင် ရပ်နားရမည်။
မှတ်ချက် (တစုံ 2500)မန္တလေးမြို့တွင်း delivery free
📲09797460415

အားပေးကြတဲ့ မန္တလေးက အမျိုးတွေ ကျေးဇူးပါရှင့် 🙏🙏🙏
10/01/2021

အားပေးကြတဲ့ မန္တလေးက အမျိုးတွေ ကျေးဇူးပါရှင့် 🙏🙏🙏

01/01/2021
 #ပျားရည်
19/12/2020

#ပျားရည်

 #နွယ်မြက်သစ်ပင်ဆေးဖင်ဝင်
17/12/2020

#နွယ်မြက်သစ်ပင်ဆေးဖင်ဝင်

😷😷 Covid 19 ကြောင့် ဆေးခန်းပိတ်ထားပေမဲ့ ဇမ္ဗူဖြိုးတိုင်းရင်းဆေးခန်းမှ အောက်ပါသမားကိုင် တိုင်းရင်းဆေးဝါးများကို ဝယ်ယူအားပ...
14/12/2020

😷😷 Covid 19 ကြောင့် ဆေးခန်းပိတ်ထားပေမဲ့ ဇမ္ဗူဖြိုးတိုင်းရင်းဆေးခန်းမှ အောက်ပါသမားကိုင် တိုင်းရင်းဆေးဝါးများကို ဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာ။🙋💖
💊💊 ရရှိနိုင်သောဆေးများ💊💊
👉 မျက်စိကြည်အကြောပြေဝမ်း
ပျော့ဆေး
👉အာရုံ‌ကြောအားဆေး
👉အဘိဥာဉ်နှလုံးအားတိုးဆေး
👉အကြောပြေဒဏ်ကျေလိမ်းဆေး
💪ရှားစောင်းလက်ပက်ငှက်သိုက်
ခွန်အားတိုးဆေး

ဇမ္ဗူဖြိုး တိုင်းရင်းဆေးခန်း
၆၄ အေလမ်း၊၃၅လမ်းနှင့်၃၆ လမ်းကြား၊မဟာမြိုင်-၁
မဟာအောင်မြေမြို့နယ်၊မန္တလေးမြို့
📞၀၉-၇၉၇ ၄၆၀ ၄၁၅
📞၀၉-၄၃၁ ၇၅ ၃၃၈

13/12/2020

 #လိပ်ခေါင်းရောဂါ
12/12/2020

#လိပ်ခေါင်းရောဂါ

Address

၃၆လမ်း၊၆၄(B)လမ်း, ဥယျာဥ်တန်းရပ်, မဟာမြိုင်(၁), မဟာအောင်မြေမြို့နယ်, မန္တလေးမြို့
Mandalay
၀၀၅၁

Opening Hours

Monday 16:00 - 20:00
Tuesday 16:00 - 20:00
Wednesday 16:00 - 20:00
Thursday 16:00 - 20:00
Friday 16:00 - 20:00
Saturday 09:00 - 19:00

Telephone

+959797460415

Website

Alerts

Be the first to know and let us send you an email when ဇမ္ဗူဖြိုး တိုင်းရင်းဆေးခန်း Zabuphyo Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ဇမ္ဗူဖြိုး တိုင်းရင်းဆေးခန်း Zabuphyo Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram