28/09/2024
----
ကိုယ်ခံအားကို ၈၀% တက်စေမဲ့ အကျိုးပြု
ပိုး( probiotic ) ကို
အိမ်မှာ အကုန်အကျ နဲနဲနဲ့ မွေးမြူနည်း
ဆရာမကြီးဒေါက်တာ ဒေါ်ခင်နွယ်ဝင်းက ချဉ်ဖတ်မှာ probiotic ( အကျိုးပြုပိုး) တွေ အများကြီးပါ
တယ်ဆိုတော့ ချဉ်ဖတ် လုပ်ကြရတာပေါ့နော်
ပထမဦးဆုံး သန့်ရှင်းလတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို ဟင်းဆေးစက် (ozone စက် ပုံပြထားတဲ့အတိုင်း )နဲ့ ၁၅ မိနစ်မှုတ်ပါတယ် ပြီးရင် ရေပြန်ဆေးပါတယ်ရှင်
ချဉ်ဖတ်လုပ်မဲ့ ပစ္စည်းကရိယာများနဲ့ လက်များအလွန်သန့်ရပါမယ် ဆေးပြီးသားအ
သီးအရွက်တွေနှစ်သက်ရာပုံစံလှီးပြီးပါက ဇကာနဲ့ရေစစ်ပြီး အရိပ်ထဲ
မှာဘဲ ရေဖန့်အောင် ထားပါတယ်
ရေကျက်အေး တလီတာဆိုရင် ဆားပန်းရောင်လ္ဘက်ရည်ဇွန်း သုံးဇွန်းအချိုးအစားနှုန်းနဲ့လိုသေလာက် ဆားရေဖျော်ပါ
ပြီးရင်ချဉ်ဖတ်တည်မဲ့ ပုလင်း , ဘူး , များကို ရေကျက်အေးနဲ့ ကျင်းဆေးပါ
ကျင်းပြီးသားဘူးထဲကို အသီးအရွက် ဆားရည်ထည့်ပါ ဆား ရေမြှုပ်အောင် ထည့်ပါ
ပြီးရင် probiotic တစ်လုံး , နှစ်လုံး , သုံးလုံး ပစ္စည်းအနဲအများပေါ်မူတည်ပြီး ဖေါက်ထည့်ပါ မမွှေပါနဲ့
ပြီးရင် အဖုံးလုံအောင်ပိတ်ပါ အခန်းအပူချိန်မှာထားပါ ဖွင့်မကြည့်ရ မလှုပ်ရပါ
ပလုံစီတက်လာရင် ရပါပြီ
ရေခဲသေတ္တာထဲထည့်ပြီး နှစ်သက်သလိုစားပါ.
ထမင်းစေ့ , ထမင်းရည် မပါလို့အချဉ်မလွန်ပါ , တအားမချဉ်ပါ , အနေတော်စားကောင်းပါတယ်
သခွါးသီးကတော့ တရက်နဲ့ချဉ်ပြီး မုန်လာဥဖြူ/နီတွေကတော့ နှစ်ရက် , သုံးရက်မှချဉ်ပါတယ်
ကျွန်မကတော့ ချဉ်ဖတ်အဖတ်ကို အရွက်ရည်နဲ့ရောကြိတ်ပြီး အရည်ကို ဖျော်ပြီးသားအရွက်ရည်နဲ့ ရောမွှေသောက်ပါတယ်
တချို့ ရေခဲရေ မတည့်သူများ ချဉ်ဖတ်ကိုကြိုထုတ်ပြီး အခန်းအပူချိန်ရောက်မှ အသုံးပြုပါ ကျွန်မကတော့
ရေခဲရေသောက်ရင်ဝမ်းချုပ်တတ်သူမို့ ပါ
alkaline ပိုဖြစ်ပါတယ် PH တက်ပါတယ်
ကိုယ်ခံအားတက်ပါတယ်
အကျိုးပြုပိုးပါတဲ့ချဉ်ဖတ်ရည်အနဲငယ်ကို နောက်တခါ ချဉ်ဖတ်တည်တဲ့အခါ ptobiotic
အစား သုံးနိုင်ပါတယ် ( ဒါကိုတော့ ကျွန်မကသိတ်မကြိုက်ပါ, တခါဆိုတခါ probiotic ထည့်လုပ်တာ ပိုကြိုက်ပါတယ်)
အကုန်အကျနဲနဲနဲ့ အကျိုးပြုပိုးများများ ရမဲ့နည်းဘယ်လောက်ကောင်းလဲ
လုပ်ရတာလဲ အလွန်လွယ်
ကျွန်မကတော့ အတော် သဘောကျပါတယ်
အရေးကြီးတာ ပြောဖို့မေ့တော့မလို့ !
အကျိုးပြုပိုးများများပါတဲ့ချဉ်ဖတ်ဟာ စားချင်စဖွယ် မွှေ း နေ ပါတယ်ရှင်
ဆရာမကြီးရဲ့ချဉ်ဖတ်တည်နည်းပြောပြတဲ့
ချစ်လှ စွာသော နိုင်ငံကျော်အဆိုတော် မမရီ (Mar Mar Yee)
ကို ကျေးဇူးတင်ပါတယ်ရှင်
ဆရာမကြီး နဲ့ မမရီ ကို ကျွန်မ မသန်းသန်းနွယ်က
ကျန်းမာချမ်းသာပါစေလို့ ဆုတောင်းပါတယ်ရှင်
ချစ်လှစွာသော ကျန်းမာရေးမိတ်ဆွေတွေလဲ မိမိ
ကျန်းမာရေး စောင့်ရှောက်နိုင်ပြီး ကျန်းမာချမ်းသာပါစေရှင်
#အာရုံကြောအားနည်းသူတွေအတွက်
#ဆေးဝိဇ္ဇာအာရုံကြောအားဆေး ရှိတယ်
#အာရုံ ကြောအားဆေး
#တိုင်းရင်း ဆေး
#မြန်မာ ဆေး