Calvary medical services

Calvary medical services Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Calvary medical services, Medical and health, 28B, 60*62ကြား, Mandalay.

🔶ဖေဖေမေမေ‌တို့ရေ         ဒီနေ့ ဖေဖေမေမေတို့ရဲ့ မူကြိုအရွယ်ရင်သွေးလေးတွေ ထိခိုက်ဒဏ်ရာ တစုံတရာမရှိဘဲ နာတတ်တာမျိုးကို ရှင်း...
24/01/2024

🔶ဖေဖေမေမေ‌တို့ရေ

ဒီနေ့ ဖေဖေမေမေတို့ရဲ့ မူကြိုအရွယ်ရင်သွေးလေးတွေ ထိခိုက်ဒဏ်ရာ တစုံတရာမရှိဘဲ နာတတ်တာမျိုးကို ရှင်းပြပေးမယ်နော်။

🔶🔶ကလေးငယ်လေးတွေက ဖေဖေမေမေတို့ရဲ့ ရင်နှစ်သည်းချာ ရတနာရွှေဥလေး‌တွေဆိုတော့ မျက်နှာတော် ညိုရင်တောင် ဖေဖေမေမေတို့ စိတ်ပူတတ်ကြတာဆိုတော့ ညနေဘက် ညဘက် ထိခိုက်ဒဏ်ရာ တစုံတရာမရှိ အကြောင်းတစုံတရာ မရှိဘဲ နာလို့ဆိုပြီး ငိုယိုဂျီကျတတ်တာမျိုး ကြုံခဲ့ဖူးမယ်ဆိုရင် ဆရာတို့ အောက်မှာ ရှင်းပြမယ့် အကြောင်းအရာလေးတွေ သေချာဖတ်ကြည့်ပေးပါဦး။▶️▶️

🟧1/ မူကြိုအရွယ် ရင်သွေးလေးတွေဟာ ထိခိုက်လဲကျဒဏ်ရာကြောင့် ပိုးဝင်အနာတွေကြောင့် နာကျင်ကိုက်ခဲတာမျိုး မဟုတ်ပဲ ညနေဘက် ညဘက်တွေမှာ ခြေထောက်နှစ်ဖက်လုံး နာလို့ဆိုပြီး မိဘတွေကို စိုးရိမ်ပူပန်မှု ‌ဖြစ်စေတတ်ပါတယ်။

🟧2/ အဲ့ဒီလို ကြုံခဲ့ရပြီဆိုရင် ဖေဖေမေမေတို့အနေနဲ့ ခေတ္တခဏ အနာသက်သာအောင် ကလေးငယ်တို့ရဲ့ နာနေတဲ့ နေရာလေးကို ခပ်ဖွဖွ နှိပ်နယ်ပေးလို့ ရပါတယ်။ နောက်ထပ် ရေနွေးဝတ် ဒါမှမဟုတ် ရေအေးဝတ် ပတ်ပေးလို့ရပါတယ်။
ဆေးအနေနဲ့ကတော့ ပါရာစီတမောကို သင့်တော်သော ပမာဏ တိုက်ပြီး သက်သာအောင် လုပ်ပေးလို့ ရပါတယ်။

🟧3/ နောက်ထပ် ဖေဖေမေမေတို့ မိမိတို့ကလေးငယ်တွေအတွက် လုပ်ပေးလို့ရတာမျိုးတွေက

👉🏻🔰ကလေးငယ်တို့ အချိန်မှန်မှန် အိပ်စက်အနားယူဖို့ ကြီးကြပ်ပေးလို့ရပါတယ်။
🔰အလွန်အကျူး ပြေးလွှားခုန်ပေါက် ကစားနေတာမျိုးထက် ကစားချိန်ကစား နားချိန်နား သင့်တင့်မျှတအောင် စီမံပေးလို့ပါတယ်။
🔰ကျန်းမာရေးနဲ့ ညီညွတ်ပြီး ဗိုက်တာမင်နဲ့ သတ္တုဓာတ် သင့်တင့်မျှတစွာ ပါဝင်တဲ့ အစားအသောက် ကျွေးမွေးပေးခြင်းအားဖြင့်လည်း ကြွက်သားနာကျင်ခြင်းတွေ၊ ကလေးငယ်တို့ ကြီးထွားချိန် နာကျင်ခြင်း ခံစားရမှုတွေကို သက်သာကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။

🟥ဆရာတို့ အထူးမှာချင်တာကတော့ အပေါ်မှာ ဆရာတို့ ပြောပြထားတဲ့ အချက်တွေ လိုက်နာဆောင်ရွက်ပေမယ့် မူကြိုအရွယ်ကလေးတို့ရဲ့ နာကျင်ခြင်းတွေက မသက်သာ၊ ရက်ရှည်လများ ခံစားနေရပြီဆိုရင်တော့ ဖေဖေမေမေတို့က နီးစပ်ရာဆေးရုံဆေးခန်းဆရာဝန်တွေနဲ့ ပြသကုသ‌ ပေးသင့်တယ်လို့လဲ အကြံပေးပါရစေ။

References:

1. National Institute for Health and Care Excellence (NICE): Growing Pains in Children

2. American Academy of Pediatrics: Growing Pains

3. Royal College of Paediatrics and Child Health: Growing Pains

Photo credit(google)
pain

24/12/2020

Address

28B, 60*62ကြား
Mandalay
05021

Opening Hours

Monday 08:30 - 11:30
15:00 - 18:00
Tuesday 08:30 - 11:30
15:00 - 18:00
Wednesday 08:30 - 11:30
15:00 - 18:00
Thursday 08:30 - 11:30
15:00 - 18:00
Friday 08:30 - 11:30
15:00 - 18:00
Saturday 08:30 - 11:30
15:00 - 18:00

Telephone

+959756765560

Website

Alerts

Be the first to know and let us send you an email when Calvary medical services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Calvary medical services:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram