29/01/2024
💦ကလေးနှာစီး၊နှာပိတ်၊နှာရည်ယိုခြင်း
ဆောင်းရာသီစိုထိုင်းစများပီးအေးလာလာတဲ့အခါကလေးငယ်တွေမှာနှာစီးခြင်း၊နှာရည်ကျခြင်း၊နှာခေါင်းပိတ်ခြင်းတွေဖြစ်လာတတ်ပါတယ်။နှာစီး၊နှာပိတ်ခြင်းက ကလေးငယ်တွေကိုအလွန်ပဲနေရခက်စေပီးရက်ကြာလာရင်ဖျားခြင်း၊ချောင်းဆိုးတာလေးတွေပါဖြစ်လာလေ့ရှိတဲ့အတွက်သတိပြုသင့်ပါတယ်။
🍓ဖြစ်ရသည့်အကြောင်းအရင်း
ကလေးတွေရဲ့နှာခေါင်းနှင့်လည်ချောင်းမှာ ပုံမှန်အားဖြင့်အကျိအချွဲ လေးတွေရှိနေတတ်ပီးနှာခေါင်းအတွင်းလမ်းကြောင်းနှင့်လည်ချောင်းကိုခြောက်သွေ့မသွားထိန်းပေးထားခြင်းအပြင် ရောဂါပိုးမွှားတွေဝင်ရောက်ခြင်းကိုကာကွယ်ပေးပါတယ်။
👉ဒါပေမဲ့အကျိအချွဲတွေများလာတဲ့အကြောင်း(ရာသီဥတုပြောင်းခြင်း၊အအေးမိခြင်း၊အမှုန်တွေရှုမိခြင်း) တွေရှိလာတဲ့အခါ ချွဲတွေစုပုံလာပီးနှာခေါင်းတွေပိတ်၊အသက်ရှုသံပြောင်းလာပီးနှာရည်ကျ၊ပိတ်၊ချွဲသံတွေဖြစ်လာတတ်ပါတယ်။
လူ့ခန္ဓာကိုယ်မှာ နား၊ နှာခေါင်း၊ လည်ချောင်းက တဆက်တည်းဖြစ်နေတဲ့အတွက်နှာခေါင်းပိတ်တာနဲ့လည်ချောင်းထဲမှာပါအကျိအချွဲတွေများပီးချွဲသံဖြစ်ခြင်းကဆက်စပ်နေရခြင်းဖြစ်ပါတယ်။
🍄ကလေးငယ်လေးတွေမှာကလေးကြီးတွေထက်အကျိအချွဲများပီးမြန်မြန်နှာခေါင်းပိတ်ရတဲ့အကြောင်းအရင်းက ကလေးငယ်တွေမှာနှာခေါင်းအတွင်းလမ်းကြောင်းက ကျဉ်းနေသေးလို့ဖြစ်ပါတယ်။
👉နောက်တခုက ကလေးငယ်တွေရဲ့ခုခံစွမ်းအားစနစ်ကရောဂါပိုးမွှားတခုခုဝင်လာပီဆိုတာနဲ့ကာကွယ်ရန်အတွက် အကျိအချွဲပိုထွက်အောင် လှုံဆော်ပေးခြင်းကြောင့်ဖြစ်ပါတယ်။လေပြွန်တလျှောက်ရောင်ရမ်းနေတတ်ပါတယ်။
🍄နောက်ထပ်အကြောင်းရင်းတွေက
-ရာသီတုပ်ကွေး၊အဆုတ်ရောင်ခြင်း၊လေပြွန်ရောင်ခြင်း
-ကလေးအနီးနားမှာဆေးလိပ်သောက်ခြင်း
-ဓာတ်မတည့်ခြင်း
-ဖုန်ထူခြင်း
-ခွေး၊ကြောင်တို့တဲ့အမွှေးတွေရှိနေခြင်း
-ဓါတုပစ္စည်းများရှိခြင်း
-ရာသီဥတု ပြောင်းလဲခြင်း တို့ပဲဖြစ်ပါတယ်။
🍓နှာရည်အရောင်များ
ကလေးငယ်ရဲ့နှာရည်အရောင်ကလည်း ရောဂါပြင်းထန်မှု အခြအနေကိုဖော်ပြနေပါတယ်။
👉အဖြူရောင်–ပုံမှန်
👉အဝါရောင် – ကလေးက အအေးမိပြီး ရေဓာတ် အနည်းငယ်ခမ်းခြောက်နေတာပါ။
👉အစိမ်း/အညိုရောင် – ဘတ်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ် ပိုးဝင်နေတာပါ။
👉အနီအညိုရောင် – နှပ်ချေးမှာ သွေးစတွေပါနေခြင်းပါ။
🛑ဝါ၊စိမ်း၊ညို၊နီ ဖြစ်ရင်အရေးကြီးပါတယ်။
🍓နှာစီး/ပိတ်ခြင်းကြောင့်ကလေးဘာတွေခံစားရနိုင်လဲ
ကလေးငယ်ရဲ့ နှာခေါင်း/လည်ချောင်းမှာ အကျိအချွဲတွေများလာရင် ကလေးအသက်ရှုရခက်ပီး နို့မစို့နိုင်၊အစားမစားနိုင်၊အိပ်မရတာတွေ ဖြစ်တတ်ပါတယ်။
👉ကိုယ်အပူချိန်တက်ခြင်း
👉ကလေးမောပီးအသက်ရှုတဲ့အခါ "ရွီး၊ရွီး" ဆိုတဲ့လေချွန်သံလိုကြားရပီးမောနေတတ်ပါတယ်။
👉ကလေးတွေမှာချွဲတွေမဟပ်ထုတ်တတ်သေးတဲ့အတွက်ချွဲတွေများလွန်းရင်ချောင်းဆိုးရင်းအန်တာတွေဖြစ်လာကြပါတယ်။
🍓ကလေးနှာခေါင်းပိတ်တာအမြန်သက်သာအောင်ဘာတွေလုပ်ပေးမလဲ?
👉နှာခေါင်းအစက်ချဆေးချပေးခြင်း(Physiodose or normal saline)
ပိတ်တိုင်းထည့်လို့ရပါတယ်။တခါထည့်ရင်တစက်ကိုတဖက်ပီးမှခဏစောင့်ပီးတဖက်ထည့်ပေးပါ။
👉နှာခေါင်းချွဲစုပ်တဲ့စက်လေးတွေ၊ဘဲနှုတ်သီးလေးတွေအသုံးပြုပီးစုပ်ပေးလို့ရပါတယ်။နှာခေါင်းအဝတွင်သာထားရ်ျစုပ်ပေးပါ။
👉ရေဓာတ်မခမ်းခြောက်စေရန် အရည်များများတိုက်ပေးပါ။
👉ကလေးနှင့်ဓာတ်မတည့်နိုင်တဲ့ အငွေ့၊ဖုန်မှုန့်၊အိမ်မွေးတိရစ္ဆာန်တွေရဲ့ အမွေးအမျှင်များနှင့် ဝေးဝေးထားပါ။
👉ကလေးကိုလူကြီးဒူးပေါ်တင်ပေးထားပီးနောက်ကျောကို ဖြေးဖြေးပွတ်ပေးပါ။
👉ကလေးနှာခေါင်းမှ အကျိအချွဲတွေကို နူးညံံ့တဲ့ အဝတ်၊tower နဲ့သုတ်ပေးပါ။
👉ရေနွေးနွေးဖြင့်ရေချိုးပေးပါ။
👉နွေးနွေးထွေးထွေးထားပါ။ခေါင်းစွတ်စွတ်ပေးထားခြင်း၊ခြေအိတ်လက်အိတ်ဝတ်ပေးထားပါ။
စသည်တို့ဖြစ်ပါတယ်။
🍓ဆရာဝန်နှင့်ဘယ်အချိန်ပြသဖို့လိုမလဲ?
-အထက်ပါနည်းတိုင်းပြုစုရ်ျမသက်သာခြင်း
-အဖျားတက်ခြင်း
-နှာရည်အရောင်-ဝါ၊စိမ်း၊ညို၊နီ ဖြစ်နေခြင်း
-ချောင်းဆိုးခြင်း၊ချွဲအန်ခြင်း
-အသက်ရှုတိုင်းအသံတွေမြည်နေခြင်း
-ကလေးအသက်ရှုနှုန်းမြန်နေခြင်း
-မစားနိုင်၊နို့မစို့နိုင်၊မှိန်းနေခြင်း
-ရင်ဘတ်အောင်ကြွက်သား၊နံရိုးကြားကြွက်သားတွေချိုင့်ဝင်ကာအသက်ရှုနေခြင်း
-အနီပြင်များထွက်လာခြင်း
-နှာခမ်းလေးတွေပြာခြင်း၊တက်ခြင်း တွေပါ။
🛑သတိပြုရန်
-နှာစီးပျောက်ဆေးအများစု(burmeton,cetrizine)က ကလေးအိပ်ချင်ပီးမှိန်းတာနဲ့မှားနိုင်ပါတယ်။
-နှာစီး၊နှာပိတ်ခြင်းက ကလေးတွေမှာသာမန်ဖြစ်နိုင်သလို ဆေးတွေမိမိသဘောနဲ့တိုက်ခြင်းဖြင့်ဆေးဒဏ်၊ရောဂါဒဏ်ကြောင့် ရက်ကြာလာရင်ကလေးပိုခံစားရပီးရှုပ်ထွေးလာနိုင်တဲ့အတွက်အထက်ပါနည်းလမ်းများတိုင်းသာပြုစုပေးပီးဆေးဝါးများကိုဆရာဝန်နဲ့ပြသတိုင်ပင်ပီးမှသာတိုက်ဖို့အကြံပြုလိုက်ပါတယ်။
မေတ္တာဖြင့်
ဒေါက်တာကောင်းထက်ကျော်
Crd
#မိုးမိုးဆေးဆိုင်
#ဓနုံး
#ယဉ်တော်စံ
#ကုလားရွာ
#အမရပူရမြို့နယ်