Derma Fairy Wellness & Aesthetic Center

Derma Fairy Wellness & Aesthetic Center We help you uncover your beauty both inside and out with the use of medical aesthetic tools & techniques that are safe, medically-proven, & effective.🧚‍♀️

Derma Fairy was founded in 2019 by Dr. Saw Yu, who has over 7 years of experience in dermatology and aesthetics, both locally and internationally. We specialize in providing a range of non-invasive to minimally invasive cosmetic procedures aimed at enhancing our clients' physical appearance and satisfaction. Our clinic is committed to delivering treatments that meet international standards, using

advanced aesthetic tools and techniques. At Derma Fairy, we focus on offering safe, effective, and results-driven treatments. We stay updated with the latest advancements in the field to ensure our clients receive the best care possible. Our personalized approach nurtures confidence and self-love, helping clients feel comfortable and confident in their own skin and body. NURTURING CONFIDENCE, TRANSFORMING BEAUTY.

ကျွန်မတို့ရဲ့ Derma Fairy မိသားစုဝင်များအားလုံး စုပေါင်းဆင်နွှဲခဲ့ကြတဲ့ 2026 ခုနှစ်ရဲ့ ရေကစားပွဲတော်လေး “Family Water Pa...
15/04/2026

ကျွန်မတို့ရဲ့ Derma Fairy မိသားစုဝင်များအားလုံး စုပေါင်းဆင်နွှဲခဲ့ကြတဲ့ 2026 ခုနှစ်ရဲ့ ရေကစားပွဲတော်လေး “Family Water Party” လေးကတော့ အောင်မြင်ပျော်ရွှင်စွာနဲ့ ပြီးမြောက်သွားခဲ့ပါပြီရှင့် 💦✨

​ဒီနှစ်ပွဲလေးမှာ အထူးခြားဆုံးကတော့... ကျွန်မတို့ရဲ့ ချစ်ညီမလေးတွေ ရေကစားပွဲတော်မှာ ပိုမို ပျော်ရွှင် သွားအောင်လို့ ကြိုတင်အသိမပေးဘဲ Surprise အစီအစဉ်အနေနဲ့ ဖိတ်ကြား‌ထားတဲ့ နိုင်ငံကျော်အဆိုတော် 🎤ကိုဖြိုးပြည့်စုံနဲ့ 🎤မ Jewel တို့ရဲ့ ဖျော်ဖြေမှုပဲ ဖြစ်ပါတယ်။ ချစ်ခင်ရတဲ့ အနုပညာရှင်တွေရဲ့ ဖျော်ဖြေမှုနဲ့ အတူ ရေကစားခဲ့ရတဲ့အတွက် တကယ်ကို ကြည်နူးစရာကောင်းလှပါတယ်ရှင်🥰

💜မိသားစုရေကစားပွဲလေးကို အစမှအဆုံး စည်းကမ်းရှိရှိနဲ့ အားတက်သရော ပျော်ရွှင်ပေးခဲ့ကြတဲ့ ညီမလေးများအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပြီး မိသားစုဝင်တွေ၊ ဆွေမျိုးသားချင်းတွေပါ တပျော်တပါး ပါဝင်ဆင်နွှဲပေးခဲ့ကြလို့ အဖိုးမဖြတ်နိုင်တဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ဖန်တီးနိုင်ခဲ့ပါတယ်ရှင့်😍

အားလုံးရဲ့ စည်းလုံးညီညွတ်မှု၊ စည်းကမ်းရှိမှုတွေကြောင့်သာ ယခုလို အောင်မြင်တဲ့ ပွဲလေးတစ်ပွဲ ဖြစ်မြောက်လာခဲ့တာပါ။

​အလုပ်ကိစ္စတွေ ခဏဘေးဖယ်ပြီး မေတ္တာရှေ့ထားကာ လာရောက်ဖျော်ဖြေပေးခဲ့ကြတဲ့ နိုင်ငံကျော်အဆိုတော် ကိုဖြိုးပြည့်စုံ၊ မJewel၊ ရွှေပိုက်၊ မိတ်ကပ်ဆူး နဲ့ DJ Valentino တို့ကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ကျွန််မတို့ Derma Fairy မိသားစုမှ မှတ်တမ်းတင်အပ်ပါတယ်။ 🎤🎧

​နောင်နှစ်ပေါင်းများစွာတိုင်အောင် ယခုထက်မက ပိုမိုစည်းလုံးပျော်ရွှင်ရတဲ့ Derma Fairy Clinic မိသားစုကြီးအဖြစ်ရပ်တည်နိုင်ဖို့လည်း ဆက်လက်ကြိုးစားသွားပါ့မယ်ရှင်🥰🤍💜🧚🏻‍♀️

မဟာသင်္ကြန်အကြိုနေ့… 💦မြန်မာ့ရိုးရာအတာသင်္ကြန်ရဲ့ ပထမဆုံးနေ့လေးမှာ ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပြီး မကောင်းတဲ့အရ...
13/04/2026

မဟာသင်္ကြန်အကြိုနေ့… 💦

မြန်မာ့ရိုးရာအတာသင်္ကြန်ရဲ့ ပထမဆုံးနေ့လေးမှာ
ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပြီး
မကောင်းတဲ့အရာတွေအားလုံးကို
အတာရေနဲ့ဆေးကြောနိုင်ကြပါစေကြောင်း
ဆုတောင်းမေတ္တာပို့သလိုက်ပါတယ် 🤗

April 11 - April 18 ထိ နှစ်သစ်ကူး သင်္ကြန်ပိတ်ရက်လေးဖြစ်လို့ April 19 ရက်နေ့မှာ ပြန်ဆုံကြမယ်နော်😍

✨𝙉𝙐𝙍𝙏𝙐𝙍𝙄𝙉𝙂 𝘾𝙊𝙉𝙁𝙄𝘿𝙀𝙉𝘾𝙀, 𝙏𝙍𝘼𝙉𝙎𝙁𝙊𝙍𝙈𝙄𝙉𝙂 𝘽𝙀𝘼𝙐𝙏𝙔.✨

🏩𝐃𝐞𝐫𝐦𝐚 𝐅𝐚𝐢𝐫𝐲 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 & 𝐀𝐞𝐬𝐭𝐡𝐞𝐭𝐢𝐜 𝐂𝐞𝐧𝐭𝐞𝐫
📍Location: 78th Street, Between 42nd Street & 101st Street,
beside Wilson Hotel, Mahar Aung Myay Township, Mandalay.

Call us now!
📲For Enquiry: 09 45678 6964
📲Booking Appointment: 09 45678 6965
🕥Opening Hours: 9:00 AM - 6:00 PM
🗓️ ဥပုသ်နေ့တိုင်း ဆေးခန်းပိတ်သည်။


အလှအပအတွက်တင်မဟုတ်ဘဲ ကိုယ်ရဲ့ ကျန်းမာရေးအထိ စဉ်းစားပေးနိုင်တဲ့နေရာတစ်ခုကိုရှာနေပါသလား?Derma Fairy က Aesthetic Clinic တစ်...
12/04/2026

အလှအပအတွက်တင်မဟုတ်ဘဲ
ကိုယ်ရဲ့ ကျန်းမာရေးအထိ
စဉ်းစားပေးနိုင်တဲ့နေရာတစ်ခုကိုရှာနေပါသလား?

Derma Fairy က Aesthetic Clinic တစ်ခုသာမကဘဲ
ခေတ်မီနည်းပညာတွေနဲ့ Professional Advanced Skin Treatments တွေအပြင်
Body Wellness အတွက်ပါ Treatments တွေကိုပါ ရရှိနိုင်ပါတယ် 🙌

အပြင်ပန်းလှပမှုတင်မကဘဲ အတွင်းပိုင်းကနေပါ
ကျန်းမာပြီး Glow ထွက်လာစေဖို့
တစ်နေရာတည်းမှာ Complete Care ပေးနိုင်တဲ့နေရာမို့ Aesthetic Clinic တစ်ခုထက်ပိုတယ်လို့ ပြောလို့ရပါတယ် ✨

ပိုပြီးယုံကြည်မှုရှိတဲ့ ​Version ကို
ပိုင်ဆိုင်ချင်တယ်ဆိုရင် ကျွမ်းကျင်တဲ့
အလှအပရေးရာဆရာဝန်တွေကိုယ်တိုင်
Treatment ပေးနေတဲ့ Derma Fairy Wellness &
Aesthetic Center ကိုလာခဲ့ပါ 💫

ဆေးခန်းရဲ့ဖုန်းနံပါတ်လေးတွေကို
ဆက်သွယ်ရတာ အခက်အခဲဖြစ်နေတယ်ဆိုရင်လည်း
☎️ 09-977509554
☎️ 09-977491494 တို့ကို ဆက်သွယ်ပြီး Booking ယူနိုင်ပါတယ်။

ဆေးခန်းမှာ ကုသမှုလေးတွေယူမယ်ဆိုရင်တော့
နေ့စဉ် ညနေ (၄) နာရီခွဲနောက်ဆုံးထားပြီး
Appointment လေးယူပေးဖို့ မေတ္တာရပ်ခံပါရစေရှင့်။

✨𝙉𝙐𝙍𝙏𝙐𝙍𝙄𝙉𝙂 𝘾𝙊𝙉𝙁𝙄𝘿𝙀𝙉𝘾𝙀, 𝙏𝙍𝘼𝙉𝙎𝙁𝙊𝙍𝙈𝙄𝙉𝙂 𝘽𝙀𝘼𝙐𝙏𝙔.✨

🏩𝐃𝐞𝐫𝐦𝐚 𝐅𝐚𝐢𝐫𝐲 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 & 𝐀𝐞𝐬𝐭𝐡𝐞𝐭𝐢𝐜 𝐂𝐞𝐧𝐭𝐞𝐫
📍Location: 78th Street, Between 42nd Street & 101st Street,
beside Wilson Hotel, Mahar Aung Myay Township, Mandalay.

Call us now!
📲For Enquiry: 09 45678 6964
📲Booking Appointment: 09 45678 6965
🕥Opening Hours: 9:00 AM - 6:00 PM
🗓️ ဥပုသ်နေ့တိုင်း ဆေးခန်းပိတ်သည်။


09/04/2026

Derma Fairyကို အမြဲ ချစ်ခင်ပေးကြတဲ့ clients တွေ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင် 🥰🥰🥰

08/04/2026

Come and Consult with us for your flawless skin dream

အသက် (၂၅) နှစ်ဝန်းကျင်လူငယ်တွေအတွက် အလိုအပ်ဆုံး Luminous Aura ✨အသက် (၂၅) ဝန်းကျင်ဆိုတာ အလုပ်၊ Stress၊ Lifestyle တွေကြောင...
07/04/2026

အသက် (၂၅) နှစ်ဝန်းကျင်လူငယ်တွေအတွက်
အလိုအပ်ဆုံး Luminous Aura ✨

အသက် (၂၅) ဝန်းကျင်ဆိုတာ အလုပ်၊ Stress၊
Lifestyle တွေကြောင့် အသားအရေက အရင်လို
မကြည်လင်တော့တဲ့အချိန်ပါ။ ညအိပ်နောက်ကျတာတွေ၊ နေရောင်ထိတွေ့မှုတွေကြောင့် Skin Tone မညီတော့တာ၊ မျက်နှာမှိန်သွားတာတွေ ဖြစ်လာတတ်ပါတယ် 😫

Luminous Aura Treatment က Glutathione, Antioxidants, Vitamin C တို့ပါဝင်တဲ့ Premium Beauty Drip ဖြစ်ပြီး Beauty Inside Out-ခန္ဓာကိုယ် အတွင်းကနေ Skin ကို သန့်စင်ကြည်လင် လုပ်ပေးပြီး အချိန်တိုအတွင်း Glow လာစေပါတယ် ✨

ဒါကြောင့် ဘဝရဲ့ခက်ခဲတဲ့အချိန်တွေမှာတောင် Healthy & Natural Glow Look ရရှိချင်တဲ့
လူငယ်တွေတွက် Luminous Aura က
Must Try တစ်ခုပါ 💧

ဒီလိုကောင်းတဲ့ Result တွေလိုချင်တယ်ဆိုရင်
ကျွမ်းကျင်တဲ့ အလှအပရေးရာဆရာဝန်တွေကိုယ်တိုင် Treatment ပေးနေတဲ့ Derma Fairy Wellness & Aesthetic Center ကိုလာခဲ့ပါနော် ✨

ဆေးခန်းရဲ့ဖုန်းနံပါတ်လေးတွေကို ဆက်သွယ်ရတာ
အခက်အခဲဖြစ်နေတယ်ဆိုရင်လည်း
☎️ 09-977509554
☎️ 09-977491494 တို့ကို ဆက်သွယ်ပြီး Booking ယူနိုင်ပါတယ်။

ဆေးခန်းမှာ ကုသမှုလေးတွေယူမယ်ဆိုရင်တော့
နေ့စဉ် ညနေ (၄) နာရီခွဲနောက်ဆုံးထားပြီး
Appointment လေးယူပေးဖို့ မေတ္တာရပ်ခံပါရစေရှင့်။

✨𝙉𝙐𝙍𝙏𝙐𝙍𝙄𝙉𝙂 𝘾𝙊𝙉𝙁𝙄𝘿𝙀𝙉𝘾𝙀, 𝙏𝙍𝘼𝙉𝙎𝙁𝙊𝙍𝙈𝙄𝙉𝙂 𝘽𝙀𝘼𝙐𝙏𝙔.✨

🏩𝐃𝐞𝐫𝐦𝐚 𝐅𝐚𝐢𝐫𝐲 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 & 𝐀𝐞𝐬𝐭𝐡𝐞𝐭𝐢𝐜 𝐂𝐞𝐧𝐭𝐞𝐫
📍Location: 78th Street, Between 42nd Street & 101st Street,
beside Wilson Hotel, Mahar Aung Myay Township, Mandalay.

Call us now!
📲For Enquiry: 09 45678 6964
📲Booking Appointment: 09 45678 6965
🕥Opening Hours: 9:00 AM - 6:00 PM
🗓️ ဥပုသ်နေ့တိုင်း ဆေးခန်းပိတ်သည်။


သင်္ကြန်ဆိုတာ နေပူထဲမှာရေကစား၊ အပြင်ထွက်လည်တာတွေကြောင့် အသားအရေထိခိုက်လွယ်တဲ့အချိန်ပါပဲ။ဒါကြောင့် ပျော်လည်းပျော်၊ Skin လ...
02/04/2026

သင်္ကြန်ဆိုတာ နေပူထဲမှာရေကစား၊
အပြင်ထွက်လည်တာတွေကြောင့်
အသားအရေထိခိုက်လွယ်တဲ့အချိန်ပါပဲ။
ဒါကြောင့် ပျော်လည်းပျော်၊
Skin လည်းမပျက်စီးအောင်
ဒီအချက်လေးတွေကို မမေ့နဲ့နော် 👇

☀️ Sunscreen မလိမ်းဘဲ မထွက်ပါနဲ့
SPF 30+ (သို့) 50+ ပါဝင်တဲ့ Sunscreenကို
အပြင်ထွက်မယ်ဆိုရင် အနည်းဆုံး ၁၅-၂၀ မိနစ်
ကြိုလိမ်းပြီး ၂-၃ နာရီတိုင်း ပြန်လိမ်းပေးပါ။

💧ရေကစားပြီးတိုင်း Skin ကို သန့်ရှင်းရေး
ပြန်လုပ်ပါ။ ရေ၊ ဖုန်မှုန့်တွေကြောင့် ချွေးပေါက်ပိတ်ပြီး ဝက်ခြံထွက်နိုင်ပါတယ်။ ဒါကြောင့်
Gentle Cleanser နဲ့ မျက်နှာသန့်ရှင်းပေးဖို့လိုပါတယ်။

🌿 Moisturizer မမေ့ပါနဲ့
နေပူထဲမှာ နေချိန်ကြာလာရင် Skin က
ရေဓာတ်လျော့နည်းသွားနိုင်ပါတယ်။
ဒါကြောင့် Hydrating Moisturizer သုံးပြီး
Skin ကို ပြန်လည်ထိန်းသိမ်းပေးပါ။

🥤အရည်များများသောက်ပါ
Skin Glow ဖို့အတွက် ရေသောက်ခြင်းက
အရေးကြီးဆုံးမို့ နေ့စဉ် ရေများများသောက်ပေးပါ။

🧢 နေရောင်တိုက်ရိုက်ထိတာကို လျှော့ချပါ
ဦးထုပ်၊ နေကာမျက်မှုန်၊ UV Protection Jacket တွေသုံးပြီး
နေရောင်ဒဏ်ကို အတတ်နိုင်ဆုံး ကာကွယ်ပေးပါ။

တစ်နေကုန်ကဲလို့ဝလို့ အိမ်ပြန်ရောက်ပြီဆိုရင်လည်း
နေပူဒဏ်တွေ၊​ ရေဒဏ်တွေထိလာတဲ့အသားအရေကို ညဘက်မှာ
Soothing ဖြစ်စေတဲ့ Hyaluronic Acid ပါဝင်တဲ့ Serum နဲ့ Mask လေးတွေကပ်ဖို့လည်း လိုပါဦးမယ်။

သင်္ကြန်မှာ ပျော်ရွှင်ဖို့ အခွင့်အရေးကိုလည်း မလွတ်သင့်သလို
ကိုယ့်အသားအရေကိုလည်း မမေ့သင့်တာမို့ အခုပြောပြထားတဲ့အချက်တွေကို လိုက်လုပ်ဖို့မမေ့နဲ့နော် 🤗

✨𝙉𝙐𝙍𝙏𝙐𝙍𝙄𝙉𝙂 𝘾𝙊𝙉𝙁𝙄𝘿𝙀𝙉𝘾𝙀, 𝙏𝙍𝘼𝙉𝙎𝙁𝙊𝙍𝙈𝙄𝙉𝙂 𝘽𝙀𝘼𝙐𝙏𝙔.✨

🏩𝐃𝐞𝐫𝐦𝐚 𝐅𝐚𝐢𝐫𝐲 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 & 𝐀𝐞𝐬𝐭𝐡𝐞𝐭𝐢𝐜 𝐂𝐞𝐧𝐭𝐞𝐫
📍Location: 78th Street, Between 42nd Street & 101st Street,
beside Wilson Hotel, Mahar Aung Myay Township, Mandalay.

Call us now!
📲For Enquiry: 09 45678 6964
📲Booking Appointment: 09 45678 6965
🕥Opening Hours: 9:00 AM - 6:00 PM
🗓️ ဥပုသ်နေ့တိုင်း ဆေးခန်းပိတ်သည်။


April, 2026 အတွက် ဆေးခန်းပိတ်ရက်များ 🧚‍♀️April လ 2026  ရဲ့ ဥပုသ်နေ့တွေနဲ့ သင်္ကြန်ပိတ်ရက်တွေဖြစ်တဲ့ 1, 11, 12, 13, 14, 1...
01/04/2026

April, 2026 အတွက် ဆေးခန်းပိတ်ရက်များ 🧚‍♀️

April လ 2026 ရဲ့ ဥပုသ်နေ့တွေနဲ့
သင်္ကြန်ပိတ်ရက်တွေဖြစ်တဲ့ 1, 11, 12, 13, 14, 15,
16, 17, 18, 23 ရက်နဲ့ 30 ရက်နေ့တို့မှာ
ဆေးခန်းပိတ်ပါတယ်ရှင် 💜💜💜

ဆေးခန်းမှာ ကုသမှုလေးတွေယူမယ်ဆိုရင်
နေ့စဉ် ညနေ (၄) နာရီခွဲနောက်ဆုံးထားပြီး
Appointment လေးယူပေးဖို့အတွက်
မေတ္တာရပ်ခံပါရစေရှင့်။

ဖုန်းလိုင်းများမမိခြင်းအခက်အခဲကြောင့်
ဖုန်းဖြင့်ဆက်သွယ်၍မရပါက
Page Messenger မှဖြစ်စေ
Viber နံပါတ် +959 45678 6964 နှင့်
+959 45678 6965 တို့တွင်
နာမည်၊ ဖုန်းနံပါတ်နှင့် appointment လိုချင်သည့်
အချိန်အားပြော၍ appointment ရယူနိုင်ပါတယ်။
သက်ဆိုင်ရာ team မှ appointment booking အား
confirm လုပ်ရန်အတွက် ပြန်လည်ဆက်သွယ်ပေးသွားမှာဖြစ်ပါတယ်။

✨𝙉𝙐𝙍𝙏𝙐𝙍𝙄𝙉𝙂 𝘾𝙊𝙉𝙁𝙄𝘿𝙀𝙉𝘾𝙀, 𝙏𝙍𝘼𝙉𝙎𝙁𝙊𝙍𝙈𝙄𝙉𝙂 𝘽𝙀𝘼𝙐𝙏𝙔.✨

🏩𝐃𝐞𝐫𝐦𝐚 𝐅𝐚𝐢𝐫𝐲 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 & 𝐀𝐞𝐬𝐭𝐡𝐞𝐭𝐢𝐜 𝐂𝐞𝐧𝐭𝐞𝐫
📍Location: 78th Street, Between 42nd Street & 101st Street,
beside Wilson Hotel, Mahar Aung Myay Township, Mandalay.

Call us now!
📲For Enquiry: 09 45678 6964
📲Booking Appointment: 09 45678 6965
🕥Opening Hours: 9:00 AM - :600 PM
🗓️ ဥပုသ်နေ့တိုင်း ဆေးခန်းပိတ်သည်။


(၅) လအတွင်း ပေါင် (၄၀) ကျသွားပြီ 💪ကျွမ်းကျင်တဲ့ Nutritionist Doctor တွေနဲ့အတူ Derma Fairy ရဲ့ Team တစ်ခုလုံးက သေချာဂရုစိ...
29/03/2026

(၅) လအတွင်း ပေါင် (၄၀) ကျသွားပြီ 💪

ကျွမ်းကျင်တဲ့ Nutritionist Doctor တွေနဲ့အတူ Derma Fairy ရဲ့ Team တစ်ခုလုံးက
သေချာဂရုစိုက်ပေးခဲ့တဲ့ Healthy Body Transformation Program ရဲ့
Client တစ်ဦးကတော့
(၅) လအတွင်း ပေါင် (၄၀) ကျသွားခဲ့ပါပြီ။

ပေါင် (၄၀) ကျသွားတဲ့အပြင်
ခါးဆိုဒ်လေးပါ (၁၁၃) စင်တီမီတာကနေ
(၉၅) စင်တီမီတာအထိလျော့သွားခဲ့တာမို့
(၁၈) စင်တီမီတာတောင်ကျသွားသေးတာနော်။

ပုံမှန်ထက်ဝိတ်ကျဖို့ပိုပြီးခက်ခဲတဲ့
အမျိုးသားတွေအတွက်လည်း
ဝိတ်ကျချင်တဲ့ဆိုတဲ့ Dedication လေးသာ
ခိုင်ခိုင်မာမာနဲ့ Follow Up မှန်မှန်လာပြပေးပြီး
Nurtrionist Doctor ရဲ့ Personalized Meal Plan ကို
သေချာလိုက်နာမယ်ဆိုရင် အခု Client လိုမျိုး
ပြောင်းလဲလာစေဖို့ အာမခံပါတယ်။​

နောက်ထပ်လည်း ကျန်းကျန်းမာမာနဲ့
ဝိတ်ကျချင်တဲ့သူတွေရှိရင်
Derma Fairy Team တစ်ခုလုံးက စောင့်မျှော်နေပါပြီ။

ဆေးခန်းရဲ့ဖုန်းနံပါတ်လေးတွေကို ဆက်သွယ်ရတာ
အခက်အခဲဖြစ်နေတယ်ဆိုရင်လည်း
☎️ 09-977509554
☎️ 09-977491494 တို့ကို ဆက်သွယ်ပြီး Booking ယူနိုင်ပါတယ်။

ဆေးခန်းမှာ ကုသမှုလေးတွေယူမယ်ဆိုရင်တော့
နေ့စဉ် ညနေ (၄) နာရီခွဲနောက်ဆုံးထားပြီး
Appointment လေးယူပေးဖို့ မေတ္တာရပ်ခံပါရစေရှင့်။

✨𝙉𝙐𝙍𝙏𝙐𝙍𝙄𝙉𝙂 𝘾𝙊𝙉𝙁𝙄𝘿𝙀𝙉𝘾𝙀, 𝙏𝙍𝘼𝙉𝙎𝙁𝙊𝙍𝙈𝙄𝙉𝙂 𝘽𝙀𝘼𝙐𝙏𝙔.✨

🏩𝐃𝐞𝐫𝐦𝐚 𝐅𝐚𝐢𝐫𝐲 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 & 𝐀𝐞𝐬𝐭𝐡𝐞𝐭𝐢𝐜 𝐂𝐞𝐧𝐭𝐞𝐫
📍Location: 78th Street, Between 42nd Street & 101st Street,
beside Wilson Hotel, Mahar Aung Myay Township, Mandalay.

Call us now!
📲For Enquiry: 09 45678 6964
📲Booking Appointment: 09 45678 6965
🕥Opening Hours: 9:00 AM - 6:00 PM
🗓️ ဥပုသ်နေ့တိုင်း ဆေးခန်းပိတ်သည်။


အသားအရေလေး ကြည်လင်ဝင်းပနေရုံနဲ့တင် ကျေနပ်နေပြီလား? 🧐NAD+ IV Therapy ကတော့ လှရုံတင်မကဘဲ ကျန်းမာရေးအတွက်ပါ တစ်ချက်ခုတ် နှစ...
26/03/2026

အသားအရေလေး ကြည်လင်ဝင်းပနေရုံနဲ့တင်
ကျေနပ်နေပြီလား? 🧐
NAD+ IV Therapy ကတော့ လှရုံတင်မကဘဲ
ကျန်းမာရေးအတွက်ပါ
တစ်ချက်ခုတ် နှစ်ချက်ပြတ်စေမဲ့
နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။

NAD+ (Nicotinamide Adenine Dinucleotide) ဆိုတာ
ခန္ဓာကိုယ်ထဲက ဆဲလ်လေးတွေအတွက်
Power Bank လေးလိုပါပဲ။
သက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်ထဲမှာ
ဒီဓာတ်တွေ လျော့နည်းလာတတ်တာမို့လို့
NAD+ IV Therapy ကပြန်လည် အားဖြည့်ပေးတဲ့
Power Bank လေးတစ်လုံးပါပဲ။

ဒါဆို NAD+ က ကျန်းမာရေးအတွက်
ဘာတွေကောင်းလဲ?

🔋 Energy Booster
အမြဲနုံးချိနေတာမျိုး မဖြစ်စေဘဲ
တစ်နေကုန် လန်းဆန်းတက်ကြွနေစေပါတယ်။

🧠 Brain Health
အာရုံစူးစိုက်မှု ပိုကောင်းလာပြီး ဉာဏ်ရည်ကြည်လင်စေပါတယ်။

🧬 DNA Repair
ပျက်စီးသွားတဲ့ ဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးပြီး
အိုမင်းရင့်ရော်မှုကို ထိထိရောက်ရောက် တားဆီးပေးပါတယ်။

🔥 Metabolism
ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေလို့
ဝိတ်ထိန်းရတာလည်း ပိုလွယ်ကူစေပါတယ်။

ဒါကြောင့် NAD+ ဆိုတာ
အပေါ်ယံအလှအပအတွက်တင် မဟုတ်ဘဲ
ခန္ဓာကိုယ်အတွင်းပိုင်းကနေ စပြီး
ကျန်းမာလန်းဆန်းစေမဲ့ Youthful & Healthy Lifestyle ရဲ့
လျှို့ဝှက်ချက်တစ်ခုဖြစ်တာမို့
ကျွမ်းကျင်တဲ့အလှအပရေးရာဆရာဝန်တွေနဲ့အတူ
NAD+ Therapy ယူဖို့ Derma Fairy ကိုလာခဲ့လိုက်တော့နော် 💖

ဆေးခန်းရဲ့ဖုန်းနံပါတ်လေးတွေကို ဆက်သွယ်ရတာ
အခက်အခဲဖြစ်နေတယ်ဆိုရင်လည်း
☎️ 09-977509554
☎️ 09-977491494 တို့ကို ဆက်သွယ်ပြီး Booking ယူနိုင်ပါတယ်။

ဆေးခန်းမှာ ကုသမှုလေးတွေယူမယ်ဆိုရင်တော့
နေ့စဉ် ညနေ (၄) နာရီခွဲနောက်ဆုံးထားပြီး
Appointment လေးယူပေးဖို့ မေတ္တာရပ်ခံပါရစေရှင့်။

✨𝙉𝙐𝙍𝙏𝙐𝙍𝙄𝙉𝙂 𝘾𝙊𝙉𝙁𝙄𝘿𝙀𝙉𝘾𝙀, 𝙏𝙍𝘼𝙉𝙎𝙁𝙊𝙍𝙈𝙄𝙉𝙂 𝘽𝙀𝘼𝙐𝙏𝙔.✨

🏩𝐃𝐞𝐫𝐦𝐚 𝐅𝐚𝐢𝐫𝐲 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 & 𝐀𝐞𝐬𝐭𝐡𝐞𝐭𝐢𝐜 𝐂𝐞𝐧𝐭𝐞𝐫
📍Location: 78th Street, Between 42nd Street & 101st Street,
beside Wilson Hotel, Mahar Aung Myay Township, Mandalay.

Call us now!
📲For Enquiry: 09 45678 6964
📲Booking Appointment: 09 45678 6965
🕥Opening Hours: 9:00 AM - 6:00 PM
🗓️ ဥပုသ်နေ့တိုင်း ဆေးခန်းပိတ်သည်။


26/03/2026

Derma Fairyမိသားစု ကုသိုလ်
အမြဲ ချစ်ခင် ယုံကြည် အားပေးကြသော clientsများ၏ ထပ်တူ ကုသိုလ်🙏🏻❤️🙏🏻🙏🏻

Chemical Sunscreen နဲ့ Physical Sunscreen ဘာကွာလဲ ❓နွေရာသီရဲ့ ပူပြင်းတဲ့နေရောင်ခြည်အောက်မှာ Sunscreen က မရှိမဖြစ်ဆိုတာ အ...
23/03/2026

Chemical Sunscreen နဲ့
Physical Sunscreen ဘာကွာလဲ ❓

နွေရာသီရဲ့ ပူပြင်းတဲ့နေရောင်ခြည်အောက်မှာ Sunscreen က မရှိမဖြစ်ဆိုတာ အားလုံးသိကြမှာပါ။ ဒါပေမဲ့ Sunscreen ဝယ်တော့မယ်ဆိုရင် Chemical လား၊ Physical လား ဆိုပြီး ဝေခွဲမရ
ဖြစ်နေတတ်ကြတယ်မလား?

ဒီနေ့မှာတော့ ဒီနှစ်မျိုးရဲ့ ကွာခြားချက်ကို
အလွယ်ကူဆုံး ရှင်းပြပေးသွားမှာမို့
အတူတူကြည့်လိုက်ရအောင်။

☀️ Physical Suncream ရဲ့အလုပ်လုပ်ပုံက အရေပြားပေါ်မှာ အလွှာတစ်ခုအနေနဲ့ ရှိနေပြီး နေရောင်ခြည်ကို မှန်တစ်ချပ်လိုမျိုး ပြန်ကန်ထုတ်ပေးတာပါ။
✅ အားသာချက်အနေနဲ့ကတော့ လိမ်းပြီးတာနဲ့ နေပူထဲတန်းထွက်လို့ရတယ်။ အသားအရေ နုနယ်သူတွေနဲ့ Sensitive ဖြစ်တတ်သူတွေအတွက် ပိုသင့်တော်ပြီး
❌ အားနည်းချက်အနေနဲ့ကတော့ လိမ်းလိုက်ရင် အနည်းငယ် အသားဖြူသွားတာမျိုး (White cast) ရှိနိုင်လို့ အသားညိုတဲ့သူတွေဆိုရင် ပြာသွားတတ်ပြီး Texture က အနည်းငယ် ပျစ်လို့ ချွေးထွက်များတဲ့သူတွေ၊ အဆီပြန်တတက်တဲ့သူတွေအတွက်ဆို အခက်အခဲရှိနိုင်ပါတယ်။

☀️ Chemical Suncream ကတော့ နေရောင်ခြည် (UV rays) တွေကို အရေပြားထဲ စုပ်ယူလိုက်ပြီး အပူအဖြစ် ပြောင်းလဲကာ ပြန်ထုတ်လွှတ်ပေးတဲ့ ပုံစံပါ။
✅ အားသာချက်အနေနဲ့ကတော့ လိမ်းရတာ ပေါ့ပါးတယ်၊ အသားထဲ စိမ့်ဝင်လွယ်ပြီး White Cast မကျန်ခဲ့ဘဲ မိတ်ကပ်လိမ်းတဲ့အခါမှာလည်း အဆင်ပြေပြေ လိမ်းလို့ရပြီး
❌ အားနည်းချက်အနေနဲ့ကတော့ လိမ်းပြီး (၁၅) မိနစ်ကနေ မိနစ် (၂၀) လောက် စောင့်ပြီးမှ အပြင်ထွက်လို့ရမယ်။ တစ်ချို့ Chemical Sunscreen မှာဆို alcohol ပါဝင်မှု ရှိတတ်တဲ့ အတွက် အသားအရေ အရမ်း Sensitive ဖြစ်သူတွေမှာ အနည်းငယ် စပ်ဖျဉ်းဖျဉ်း ဖြစ်နိုင်ပါတယ်။

ဘာကိုရွေးသင့်လည်းဆိုရင်တော့ ဝက်ခြံထွက်တတ်သူများနဲ့ အသားအရေက အရမ်း Sensitive ဖြစ်တတ်တယ်ဆိုရင် Physical ကို ရွေးချယ်ပြီး၊ ပေါ့ပေါ့ပါးပါးနဲ့ အသားထဲစိမ့်ဝင်တာမျိုး ကြိုက်တယ်ဆိုရင်တော့ Chemical ကို ရွေးချယ်နိုင်ပါတယ်။

အရေးကြီးဆုံးကတော့ ဘယ်အမျိုးအစားပဲဖြစ်ဖြစ် နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ဖို့ Sunscreen ကို ပုံမှန်လိမ်းပေးဖို့ပါပဲ။
✨𝙉𝙐𝙍𝙏𝙐𝙍𝙄𝙉𝙂 𝘾𝙊𝙉𝙁𝙄𝘿𝙀𝙉𝘾𝙀, 𝙏𝙍𝘼𝙉𝙎𝙁𝙊𝙍𝙈𝙄𝙉𝙂 𝘽𝙀𝘼𝙐𝙏𝙔.✨

🏩𝐃𝐞𝐫𝐦𝐚 𝐅𝐚𝐢𝐫𝐲 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 & 𝐀𝐞𝐬𝐭𝐡𝐞𝐭𝐢𝐜 𝐂𝐞𝐧𝐭𝐞𝐫
📍Location: 78th Street, Between 42nd Street & 101st Street,
beside Wilson Hotel, Mahar Aung Myay Township, Mandalay.

Call us now!
📲For Enquiry: 09 45678 6964
📲Booking Appointment: 09 45678 6965
🕥Opening Hours: 9:00 AM - 6:00 PM
🗓️ ဥပုသ်နေ့တိုင်း ဆေးခန်းပိတ်သည်။


Address

78th Street, Between 42nd Street & 101st Street, Maha Aung Myay Township
Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959456786964

Website

Alerts

Be the first to know and let us send you an email when Derma Fairy Wellness & Aesthetic Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Derma Fairy Wellness & Aesthetic Center:

Share

Category