Hi Doctor - သိလိုရာမေး ကျန်းမာရေး

  • Home
  • Myanmar
  • Mandalay
  • Hi Doctor - သိလိုရာမေး ကျန်းမာရေး

Hi Doctor - သိလိုရာမေး ကျန်းမာရေး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hi Doctor - သိလိုရာမေး ကျန်းမာရေး, Medical Center, Mandalay.

ဒီနေ့မှာ သွားနဲ့ခံတွင်းကျန်းမာရေးအတွက် လိုက်နာသင့်တဲ့ အချက်တွေကို ပြောပြသွားပါမယ်။သွားပွတ်တံ နဲ့ သွားပွတ်ကြိုးဆိုတာ သွား...
29/01/2024

ဒီနေ့မှာ သွားနဲ့ခံတွင်းကျန်းမာရေးအတွက် လိုက်နာသင့်တဲ့ အချက်တွေကို ပြောပြသွားပါမယ်။

သွားပွတ်တံ နဲ့ သွားပွတ်ကြိုးဆိုတာ သွားကျန်းမာရေးအတွက် အမြဲ အသုံးပြုသင့်တဲ့ အရာတွေ ဖြစ်ပါတယ်။

၁) တနေ့မှာ သွားကို မနက်တစ်ကြိမ် ညတစ်ကြိမ် နှစ်ကြိမ်တိုက်သင့်ပါတယ်။
အနည်းဆုံးတော့ တိုက်တဲ့ အချိန်ဟာ ၂ မိနစ်ခန့်ကြာသင့်ပါတယ်။

၂) နေ့တိုင်း သွားပွတ်ကြိုးနဲ့ သွားကြား ညှပ်နေတဲ့ အစာတွေကို ထုတ်ပစ်သင့်ပါတယ်။

၃) သွားပွတ်တံ တချောင်းကို ၆ လ အသုံးပြုပြီးတိုင်း သို့ သွားပွတ်တံရဲ့ အမွှေးတွေဖွာနေရင် အသစ်လဲသင့်ပါတယ်။

၄) သွားဆေးခန်းမှာ ဆရာဝန်နဲ့ ၆ လ တကြိမ် သွားတွေကိုစစ်ဆေးသင့်ပါတယ်။

၅) သွားကျန်းမာရေးအတွက်စားသင့်တဲ့အစာတွေရှိပါတယ်။
အရမ်းချိုတဲ့ အစားတွေကိုရှောင်သင့်ပါတယ်။
အစိမ်းရောင်များတဲ့ အစားအစာများ၊ ဒိန်ချဥ်၊ ပဲနို့ ၊ချိစ် နဲ့ အယ်လ်မွန်စေ့များဟာ သွားကိုကျန်းမာစေပါတယ်။

၆) သွားကျန်းမာရေးအတွက် အသုံးပြုရမယ့် ပစ္စည်းလေးတွေကိုသာ သုံးပြီး သွားသန့်ရှင်းရေးကိုပြုလုပ်သင့်ပါတယ်။ သွားပွတ်ကြိုး၊ လျှာခြစ်တံ နဲ့ ပလုတ်ကျင်းဆေးရည် တို့ကိုအသုံးပြုနိုင်ပေမယ့် သွားကြားထိုးတံ နဲ့ လျှာခြစ်တံမဟုတ်သော အခြားအရာများကိုသုံးပြီး လျှာခြစ်ခြင်း ကိုမပြုလုပ်သင့်ပါ။

၇) ရေများများသောက်ရန်လိုအပ်ပါတယ်။ တနေ့လျှင်ရေ ၂ လီတာခန့်သောက်သုံးသင့်ပါတယ်။ ပါးစပ်ခြောက်လာရင် ရေထသောက်ဖို့ လိုအပ်ပါတယ်။

၈) ဆေးလိပ်သောက်ခြင်းဟာ သွားကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေလို့ ဆေးလိပ်သောက်သုံးတာရှောင်သင့်ပါတယ်။

၉)သွားမှာချိုင့်နေတာ၊ နာနေတာ တခုခုဖြစ်ရင် ဆရာဝန်နဲ့အမြန်ဆုံးပြသင့်ပါတယ်။ တချို့လူတွေမှာ ပုံမှန်မဟုတ်ဘဲ သွားမှာအချိုင့်ရာလေးတွေပါနေတာရှိရင်အလွယ်တကူသွားပိုးစားနိုင်လို့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ပြန် ဖြည့်ထားသင့်ပါတယ်။

၁၀) နေ့တိုင်းသွားတွေကိုစစ်ဆေးနေသင့်ပါတယ်။ အစာတွေတအားညှပ်နေပြီလား။ နာလား။ သွားမျက်နှာပြင်တွေမဲနေပြီလားဆိုတာ စစ်ဆေးသင့်ပါတယ်။
စောစောသိ မြန်မြန်ကု သွားကျန်းမာစေဖို့ သတိပြုကြပါခင်ဗျား။

ရေးသားသူ
ဒေါက်တာ အောင်သူရစိုး
.Aung Thura Soe
.Family (Aesthetic and dental center)

ိလိုရာမေးကျန်းမာရေး

🥀သားအိမ်ထဲက အလုံးများ (uterine fibroids)🥀ခုတခါမှာတော့ အမျိုးသမီးများရဲ့ သားအိမ်ထဲမှာ အဖြစ်များတဲ့ အလုံးများ အကြောင်း ပြေ...
29/01/2024

🥀သားအိမ်ထဲက အလုံးများ (uterine fibroids)🥀

ခုတခါမှာတော့ အမျိုးသမီးများရဲ့ သားအိမ်ထဲမှာ အဖြစ်များတဲ့ အလုံးများ အကြောင်း ပြောပြချင်ပါတယ်။
သူက ကလေးမွေးဖွားနိုင်တဲ့ အသက် ၂၀ အရွယ်က နေ အသက် ၇၀ ကြားအမျိုးသမီးများမှာ တွေ့ရလေ့ရှိပါတယ်။
အသက် ၃၀ ကနေ အသက် ၅၀ ကြားမှာ အဖြစ်အများဆုံးလို့ ဆိုကြပါတယ်။

🥀သားအိမ်ထဲမှာ အလုံးရှိ နေ ပြီ ဆိုရင်🥀
- ရာသီသွေး တွေ အများကြီးလာတာ
- ရာသီလာချိန်မဟုတ်ဘဲ ရာသီ လာတာ
- ဆီးခုံတဝိုက်မှာ နာကျင်တာ
- ဆီးသွားရ ခက်ခဲတာ ၊ ဆီးများတာ
- ဝမ်းချုပ်တာတွေ ဖြစ်လာတတ်ပါတယ်။
တချို့သော သူတွေမှာ ကိုယ်ဝန်ဆောင် ကာလ ရောက်ခါမှ သားအိမ်ထဲမှာ အလုံးရော ကလေးရော ရှိနေနိုင်ပါတယ်။ ဖြစ်နိုင်ချေက ၃၀% လောက်ရှိပါတယ်။

လူမဲ အမျိုးသမီး များမှာ ပို အဖြစ်များပြီး ကျွန်မ တို့လို အရှေ့တောင် အာရှ လူဖြူ အမျိုး သမီးတွေမှာတော့ အဖြစ်နဲတတ်ပါတယ်။ အယောက် တထောင်မှာ တယောက်သာ ဖြစ်နှုန်းရှိတယ်လို့ တွေ့ရပါတယ်။

ကိုယ်ဝန်ရှိနေတုန်း သားအိမ်ထဲမှာလဲ အသားလုံးရှိနေပြီဆို ရှာတွေ့ရခက်ခဲနိုင်ပါတယ်။ တချို့ တလေမှာ ultrasound နဲ့တောင် မတွေ့တတ်တာမို့ MRI ရိုက်ပြီးမှ ရှာ တွေ့ တတ်တယ်လို့ ဆိုပါတယ်။

🏤ဒါကြောင့် ကိုယ်ဝန်ဆောင် တွေဟာ ကျွမ်းကျင်သူနဲ့ အမြဲပြသ တိုင်ပင် နေဖို့ ဗိုက်အပ်ထားဖို့ အရေးကြီးလှပါတယ်။🏤
😨ကိုယ်ဝန်ဆောင်ချိန်မှာ ကလေး နဲ့ အတူ သားအိမ်လုံးပါ ရှိနေရင် အလုံးဟာ ပိုကြီး လာနိုင်ပြီး မိခင်ရောကလေးပါ အသက်ဆုံးရှုံးသည် အထိ ဖြစ်ပွားနိုင်ပါတယ်။😨

ကိုယ်ဝန် ဆောင် ချိန်မှာ ဗိုက်ကနာလာတာ ဖျားတာ တွေ ဖြစ်ရင် ကျွမ်းကျင်သူ ဆရာဝန် နဲ့ ချက်ချင်းပြ ဖို့ လိုအပ်ပါတယ်။ ကိုယ်က သားအိမ်ထဲမှာ က လေး ရော အလုံးပါ ရှိနေကြောင်းသိတယ်၊ ဗိုက်ကလဲ အောင့်တာမှာမှ ဆီးခုံး နားက တခုခုနဲ့ ထိုးသလို စူးစူးပြီး အောင့်တယ် ဆိုရင် တော့ ဆေးရုံကြီး များကိုသာ အမြန်ဆုံး အပြေး သွားရာက် ပြသ ကြဖို့ တိုက်တွန်းပါတယ်။

ကိုယ်ဝန်ဆောင် ချိန်မှာ ကလေးနဲ့ အတူ အသားလုံးပါ ရှိနေရင် ကိုယ်ဝန် ပျက်ကျ နိုင် ခြေလဲ ရှိပါတယ်။
သူ့ဘာသူ သားအိမ်လုံးက ပြန်သေး သွားပြီး သက်သာ ကောင်းသွားတာ မျိုးလဲ ရှိတတ်ပါတယ်။
ကိုယ်က ကိုယ်ဝန်မရှိခင်ထဲက သားအိမ်ထဲမှာ အသားလုံး ရှိနေတာ မျိုးဆိုရင်တော့ ကိုယ်ဝန်ဆောင်ဖို့ကို မတိုက်တွန်းလိုပါဘူး။

🥀သားအိမ်ထဲမှာ အသားလုံးရှိ‌နေ ခြင်းဟာ ကလေး ကိုရော မိခင်ကိုပါ အန္တရာယ် ပေးပြီး🥀
- ကလေးပျက်ကျတာ
- အချိန် မတိုင်ခင် ကလေးမွေးတာ
- အချင်းရှေ့ ရောက်တာ
- အချင်းကွဲပြီး ကလေးဆီ အောက်ဆီဂျင် မရောက်တာ
- မိခင်မှာ ရှော့ခ် ရ အသက် သေဆုံးတာတွေထိ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ကလေး ယူမယ် မယူဘူး ဆို တာကိုသေချာတိုင်ပင် ဆွေးနွေး အချိန်ယူသင့်ပါတယ်။
👶ကလေးယူတော့ မယ် လို့ ဆုံးဖြတ်ရင်လဲ သားအိမ်‌ကောင်း မကောင်း အလုံး ရှိမရှိ စတာ တွေ ကိုပါ ကြိုတင် စစ်ဆေး ကြဖို့ လိုအပ်ပါတယ်။👶

ဒါကြောင့်လဲ မလိုလားအပ်တဲ့ ကိုယ်ဝန် တွေမရအောင် တားဆီးတာ၊ ကာကွယ်ဖို့ အသိဉာဏ်ရှိတာ ၊ ကာကွယ်တတ်တာ တွေကလဲ အရေးကြီး လာပြန်ပါတယ်။
💜ကဲ စာလဲ ရှည် လှ ပြီမို့ နောက်တခါမှ တခြား သိသင့်တဲ့ ကျန်းမာ ရေး အကြောင်း အရာလေးတွေ ထပ်ဆွေးနွေးကြပါဦးစို့။💜
ကျန်းမာ ပျော်ရွှင် အောင်ပွဲဝင် နိုင်ကြပါစေ။

(Share နိုင်ပါတယ်။ ကူးယူ‌ ဖော် ပြပါက အသိပညာကို လေးစားသောအားဖြင့် နာမည်ကို ဖော်ပြပေးပါရှင်။ ကျေးဇူးတင်ပါတယ်။)

‌ရေးသားသူ - Dr. ခိုင် (ဆေးတက္ကသိုလ်)
၂၉.၁.၂၀၂၄
ညနေ ၆:၂၈

“အတိတ်မှ စိတ်ဒါဏ်ရာများကို ကုသခြင်း”ဒီနေ့က တော့ mental well being အတွက် "အတိတ်မှ စိတ်ဒဏ်ရာများကို ကုသခြင်း" အကြောင်းလေး ...
16/01/2024

“အတိတ်မှ စိတ်ဒါဏ်ရာများကို ကုသခြင်း”

ဒီနေ့က တော့ mental well being အတွက် "အတိတ်မှ စိတ်ဒဏ်ရာများကို ကုသခြင်း" အကြောင်းလေး ပြောချင်ပါတယ်။
ပိုပို ခက်ခဲ လာတဲ့ ဘဝ အခြေအနေတွေမှာ လူတွေဟာ ရုန်းကန်ရင်း မောပန်း နေလိုက်ကြတာ ကိုယ့် စိတ်အခြေအနေကို ကိုယ်ပြန်စစ်ဖို့ ဆိုတာ မေ့နေကြတာ ကြာရော‌ ပေါ့။

ကျွန်မတို့ ဆေးပညာမှာ တော့ ကျန်းမာခြင်းဆိုတာ ကိုယ် ရော စိတ်ပါ ကျန်းမာကြတဲ့ သူတွေကို ဆိုလိုပါတယ်။

ကျွန်မ အမြင် တော့ စိတ်ဒဏ်ရာ လုံးဝ ကင်းခဲ့တဲ့ ဘဝ ဆိုတာ ကိုယ် တွေ တိုင်းပြည်လို အဖက်ဖက်က နှိမ့်ကျတဲ့ တိုင်းပြည်မှာ တော်တော်ရှားပါးမှာပါပဲ။

မိဘ ဆွေမျိုးတွေ အနီးဆုံးက လူတွေ ကိုယ်တိုင်က လဲ ခေတ် အဆက်ဆက် အနှိမ်ကျင့် ခံရမှု တွေ ခေါင်းပုံ ဖြတ်မှု တွေ ကြားမှာ ကြီးပျင်းလာရင်း သိသိရက်နဲ့ ရော မသိရက်နဲ့ပါ နုနယ်တဲ့ ကလေး ဘဝကတည်းက စိတ်ဒဏ်ရာတွေ ပေးခဲ့ကြတာ နည်းမယ်မထင်ပါဘူး။

ဆိုတော့ အဲ့လို စိတ်ဒဏ်ရာ တွေ ရနေတဲ့ ကလေးတွေ ကို (ဝါ) မိမိ ကိုယ်ကို ဘယ်လို ကုသမလဲ။
တချို့လဲ ကုသ ပေး နား ထောင် ပေးတဲ့ therapist တွေ ကို ပြောပြတိုင်ပင် ရင်ဖွင့်နှီးနှော ရင်း သက်သာရာရတာ ရှိကြပါတယ်။ လုပ်လည်းလုပ်သင့်ပါတယ်။ ဒီလို ကုသ နေမှု မှာ ငါ တယောက်ထဲ မဟုတ်ဘူး ၊ ငါ့ကို ကူနေတဲ့သူ တယောက် ရှိတယ် ဆိုတာမျိုးနဲ့ အားတက် ရွှင်လန်း ပြီး ပြန်လည် ကျန်းမာ နိုင်ကြပါတယ်။

ဒီနေရာမှာ ကျွန်မ အနေနဲ့ကတော့ inner child ဆိုတာလေးနဲ့ မိတ်ဆက်ချင်ပါတယ်။
ကိုရီးယားကား အကြည့်များတဲ့ သူတွေ အတွက် တော့ ဒီ ဝေါဟာရကို မရင်းနှီးရင်တောင် inner child ဆိုတာ ကို မြင်ဖူးကြမယ် ထင်ပါတယ်။

သူတို့ ဇာတ်ကား တွေ မယ် ရာဇဝတ် ကောင် လူသတ် သမား တွေမှာတောင် ဒါဟာ ဘာလို့ ဖြစ်လာတယ် ဆိုတာမျိုး နောက်ခံ အကြောင်းရင်း တွေ ကို ပြလေ့ရှိကြပါတယ်။ လူတိုင်း လုပ်မိနေတဲ့ အပြု အမူ အပြောအဆို တွေ ဆိုတာဟာ ငယ်ငယ်က လွှမ်းမိုးခံရတဲ့ ဆက်ဆံခံရတဲ့ ဝန်းကျင် ကြောင့်နဲ့လဲ အများကြီး သက်ဆိုင်တယ် ဆိုရင် မမှားနိုင်ပါဘူး။

ဟုတ်ပြီ၊ ဇာတ်ကားထဲမယ် မင်းသား သို့ မင်းသမီးရဲ့ ငယ် ဘဝ သရုပ်ဆောင်ဟာ ကြီး ဘဝ သရုပ် ဆောင် ရှေ့ မယ် ပေါ်လာပြီး သူတို့ စကား တွေ ပြောကြတာ မြင်ဖူးကြမှာ။ ဒါဟာ သူ့ရဲ့ inner child ဖြစ်ပါတယ်။ ကျွန်မ အတွက် တော့ ကိုယ့်ရဲ့ inner child နဲ့ စကား ပြော အဖြေရှာရတဲ့ ဒီ နည်းလမ်းဟာ စိတ်ဒဏ်ရာ တွေ ကုသရာမှာ တော်တော်လေး အသုံးဝင်လို့ ဝေမျှ ချင်တာပါ။
ကိုယ့်မှာ စိတ်ဒဏ်ရာ ရှိကြောင်း ဥပမာ အဖေက ရိုက်ဖူးတာ ၊ ရည်းစားဟောင်းက ထားခဲ့တာ နှိပ်စက်တာ၊ ကိုယ် မလုပ်ချင်တဲ့ အသက်မွေးဝမ်းကြောင်းကို မိဘ ဆွေမျိုး တွေ က ရွေးချယ် ခိုင်းတာ စသည်ဖြင့် ကိုယ့်ကို မပျော်စေနိုင်သော အမြဲ လို နှိပ်စက် နေနိုင်သော စိတ်ဒဏ်ရာကို

၁။ အရေးကြီးဆုံး အသိအမှတ်ပြုလိုက်ပါ။ ဟုတ်တယ်။ အဲ့နေရာလေးမှာ ငါ နာကျင်သွားတယ်။ ဒီ အဖြစ်အပျက် ကြောင့် ငါဟာ ပိုပြီး စိတ်တိုလာတယ်။ အလုပ်အကိုင် ပျက်လာတယ်။ အိပ်မပျော်ဘူး စတာတွေပါပဲ။ (ဒီနေရာမှာ လူတိုင်းဟာ ဘဝ တနေရာရာမှာ စိတ်နာကျင်မှု တွေ ရှိနေနိုင်လို့ ဒါဟာ သိမ်ငယ်စရာ မဟုတ်ပါဘူး။ ပြီးတော့ စိတ်ကျန်းမာ ရေး မကောင်းတိုင်းလဲ ရူး နေတာ မဟုတ် ကြောင်း ပြောပါရစေ။ ဗုဒ္ဓဘုရားကလဲ ပုထုဇဉ်တိုင်းဟာ အရူးဖြစ်တယ် လို့ ဟော ထားတာလဲ ရှိတာပါပဲ။)

၂။ အဲ့အချိန် နာကျင်နေတုန်းက ကိုယ့် ပုံစံ ကို ပြန် မြင်ယောင်ပြီး (ငယ်ဘဝဟာ သိပ်နုနယ်တော့ ငယ်ဘဝ ဒဏ်ရာ တွေက ပိုကြီး တတ်ပြီး inner child လေး တွေ ပေါ့လေ) သူ့ကို ခေါ်ပြီး လက်ခံ စကား ပြောပါ။ ကိုယ့် အိမ်လာတဲ့ ဧည့်သည်လို ကိုယ့်ကို ရင်းရင်းနှီးနှီး ရင်ဖွင့်တတ်တဲ့ အချစ်ဆုံး သူငယ်ချင်းလို နွေးနွေးထွေးထွေး ကြိုဆိုပြီး သူနဲ့ အေး အေး ဆေး ဆေး စကား ပြောပါ။ မေးပါ။
၃။ ဒီလို စကားပြော ကြတဲ့ အခါ ဘယ်အရာက အနာကျင် ဆုံးလဲ။ ဘာလို့လဲ။ ဘယ်လိုလုပ်ရင် သက်သာမယ် ထင်လဲ ဆိုတာ တွေ ကို ကိုယ်ကိုတိုင်နဲ့ ပွင့်ပွင့်လင်းလင်း တိုင်ပင် ပြီး ဖြေရှင်းနိုင်မယ့် နည်းလမ်း တခု သို့ အများ ကို နှစ်ဦး သဘောတူ ထုတ်ပါ။

၄။ ပြီးရင်တော့ သတ္တိရှိရှိ နဲ့ အဲ့ဒီ နည်းလမ်း တွေကို နေ့စဉ် ဘဝ မှာ အသုံးချလိုက်ပါ။ ဥပမာ ရည်းစားဟောင်းကို မ‌ မေ့နိုင်လို့ ရှေ့ ဆက်မသွားနိုင်ဘူး move on မလုပ်နိုင်တာ ဆို သူ့နေရာမှာ ငါတို့ တခြားတယောက်နဲ့ အစားထိုးမယ် ဒီလို ဆုံးဖြတ်ကြရင်လဲ ဒီ နည်းလမ်းကို တကယ် အသုံးချကြည့်ပါ။ အဆင်ပြေချင်မှ ပြေနိုင်ပေမယ့် ဒါဟာ ကြိုးစားကြည့် တာ တခုပဲ ဖြစ်ပြီး အသုံးမဝင်ဘူး အလုပ်မဖြစ်ဘူး ထင်ရင် နှစ်ယောက်သား ပြန် စကားပြာပြီး နောက်ထပ် နည်းလမ်း တခုကိုလဲ ထပ်ပြီး ရွေးချယ်ကြဖို့ မမေ့ပါနဲ့။ ဥပမာ ဒါ အလုပ် မဖြစ်ဘူးဟာ လူတွေနဲ့ ထပ်မဆက်ဆံချင်ဘူး ပန်းချီ ဆွဲမယ် သို့ စာရေးမယ် သို့ အပင်စိုက်မယ် ဒီလိုဆိုလဲ နှစ်ဦး သဘောတူ ဆုံးဖြတ်ပြီး ဆက် ဆက် လုပ်ကြည့် ဖို့ စိတ်ဒဏ်ရာ သက်သာ ပျောက်ကွယ်သွားသည် အထိ ကြိုးစားကြည့်ကြပါလို့ တိုက်တွန်းပါတယ်။

၅။ ဒီနေရာမှာ ဒဏ်ရာ ရှိတယ် ဆိုတာနဲ့ပဲ ရပ်မနေဘဲ နာကျင်သွားတဲ့ နေရာမှာ ထိုင် နေ လှဲနေ စိတ်ကျ ‌‌‌‌‌‌‌‌‌‌မနေဘဲ တခု မဟုတ် တခုကို အလျှော့ မပေးဘဲ ကြိုးစားနေဖို့ ရပ်တည် နေကြဖို့ အလွန် အရေးကြီးပါတယ်။ သတ်သေလိုက်ရင် အေးတယ် လို့လဲ မတွေးဘဲ အရှုံး မပေးကြဖို့ တိုက်တွန်းပါတယ်။ စိတ်ဆိုတာ စိတ်သာ ဖြစ်လို့ ခုနေ သေမယ် တွေးပေမယ့် ခဏနေ တမျိုး ဖြစ်နိုင်သေးတာမို့ သတ်သေတာ ဟာ အဖြေ မဟုတ် ကြောင်း ပြောပါရစေ။

ဒါက တော့ ကိုယ့်ရဲ့နာကျင်မှု တွေ ကို inner child နဲ့ အတူတူ ပြန်ကြည့် သေချာ အေး အေး ဆေး ဆေး အချိန်ယူ စကား ပြောရင်း ကျော်လွှားနိုင်မယ့် နည်းလမ်းတွေပါပဲ။

စာဖတ်ပရိသတ် တွေ ကော အပေါ်က ပြောတဲ့နည်းတွေကို လုပ်ဖူးကြလား၊ အဆင် ပြေ ဖူးလား ဆိုတာလဲ မျှဝေ ပေးသွားကြပါဦး။ နာကျင်မှုတွေကို တူတူ ကျော်လွှား နိုင်ကြဖို့ တယောက်နဲ့ တယောက်လဲ အား‌ပေးရင်း လက်တွဲ ကူညီ ပေးကြပါဦး လို့ ဖိတ်ခေါ်ရင်း ဒီမှာ ခဏ ရပ်နားလိုက်ပါတယ်။

ကျန်းမာ ပျော်ရွှင် အောင်ပွဲဝင် နိုင်ကြပါစေ။
(Share နိုင်ပါတယ်။ ကူးယူ‌ ဖော် ပြပါက အသိပညာကို လေးစားသောအားဖြင့် နာမည်ကို ဖော်ပြပေးပါရှင်။ ကျေးဇူးတင်ပါတယ်။)

‌ရေးသားသူ - Dr. ခိုင် (ဆေးတက္ကသိုလ်)
၁၆.၁.၂၀၂၄
ညနေ ၄:၂၅

😖အူအတက်​ယောင်ခြင်း😓🔺အူအတက်က ဘယ်နားမှာ ရှိတာလဲ?အူအတက်ဆိုတာ အူမကြီးနှင့် အူ​သေး ၂ခု အဆက်​နေရာက လက်​ချောင်းလိုမျိုး  တဖက်ပိ...
08/09/2022

😖အူအတက်​ယောင်ခြင်း😓

🔺အူအတက်က ဘယ်နားမှာ ရှိတာလဲ?
အူအတက်ဆိုတာ အူမကြီးနှင့် အူ​သေး ၂ခု အဆက်​နေရာက လက်​ချောင်းလိုမျိုး တဖက်ပိတ်အိတ်ပုံစံ အူအစိတ်အပိုင်းဖြစ်ပါတယ်။ဗိုက်ကို အပိုင်း ၉ပိုင်းခွဲလိုက်ရင် ညာဖက်​အောက်​ခြေ​နေရာမှာရှိပါတယ်။
👉လူတိုင်းအူအတက်​ယောင်တာ ဖြစ်နိုင်ပါတယ်။အသက် ၁၀နှစ်နဲ့ ၃၀ ကြားမှာ​တော့အဖြစ်အများဆုံးဖြစ်ပါတယ်။
🔺အူအတက်​ယောင်ရင် ဘယ်လိုလက္ခဏာ​တွေ ခံစားရတာလဲ?
👉အူအတက်​​ယောင်ရင် ညာဖက် ​ချက်​ဘေးနားက ရုတ်တရက်နာလာမယ်။ အများစုမှာ​တော့ ချက်​ဘေးပတ်ခြာလည် အရင်နာပြီး ညာဘက် ​ဗိုက်​အောက်​ခြေနားကို ​ရွေ့သွားတယ် ။နာတာက ​ချောင်းဆိုးရင် လမ်း​လျောက်ရင် လှုပ်ရှားရင်ပိုနာမယ် ။
👉ပျို့မယ် ၊အန်မယ်၊​ငွေ့​ငွေ့​လေးဖျားမယ်၊ဗိုက်ကယ်သလိုဖြစ်​နေမယ်၊ဝမ်းချုပ်တာလည်း ဖြစ်နိုင်သလို ဝမ်း​လျောတာလည်းဖြစ်နိုင်ပါတယ်။
တခါတ​လေ အူအတက်​ထိပ်ဖျားနေရာ​ပေါ်မူတည်ပြီး နာတဲ့ နေရာ​လေး​တွေ ​ပြောင်းလဲနိုင်ပါတယ်။
ကိုယ်ဝန်​ဆောင် ​တွေဆိုရင် ဗိုက်အ​ပေါ်နားကလည်းနာနိုင်ပါတယ်။
🔺အူအတက်​ယောင်ရတဲ့အ​ကြောင်းအရင်းက​တော့ အူအတက်အဝင်ဝ ကို ပိတ်မိသွားပြီး ပိုးဝင်လာတဲ့အတွက်​ကြောင့် ​ယောင်လာတယ်။
🔺ဘယ်လိုကုသမှု့မျိုး​တွေခံယူရမှာလဲ?
အူအတက်​​ယောင်တာ က​တော့ ပိုးသတ်​ဆေး ​တွေထိုးပြီး ​ယောင်​နေတဲ့အူအတက်ကို ခွဲစိတ်ကုသမှ ရမှာပါ။
​🔺နောက်ဆက်တွဲ အ​နေနဲ့ဘာ​တွေဖြစ်တတ်လဲ?
၁။အူအတက်​ပေါက်ထွက်ခြင်း
​ယောင်ရမ်းတဲ့အချိန်မှာ ကုသမှု့မခံယူရင်​တော့ ​ပေါက်ထွက်နိုင်ပါတယ်။အဲ့လို ​ပေါက်ထွက်သွားရင် အူထဲက အစာ​တွေက အပြင်သို့​ရောက်သွားပြီး ဝမ်းဗိုက် အ​မြှေးပါ​တွေကို ​ယောင်ရမ်း​စေပါတယ်။ဒီလိုအချိန်မှာ​တော့ အ​ရေး​ပေါ်ခွဲစိတ်ပြီး ဗိုက်အတွင်း သန့်ရှင်း ဖို့ လိုပါတယ် ။ကုသမှု့မခံယူရင် ပိုးဆိပ်ပျံ့ပြီး အသက်​သေဆုံးနိုင်သည်အထိ ဖြစ်နိုင်ပါတယ်။
၂။အူအတက်မှ ပြည်လုံးဖြစ်သွားခြင်း
အူအတက်​ယောင်ပြီး ကုသမှု့မခံယူရင် ပြည်တည် လာမယ် ဒီတခါ​တော့ ​ပေါက်မထွက်ဘဲ ပြည်တည်နာ အလုံးကြီး ဖြစ်သွားပါတယ်။ အဲလိုဖြစ်သွားရင်တော့ ပြည်​တွေကို ခွဲထုတ်ပြီး ပိုးသတ်​ဆေး​တွေ ထိုးမှဖြစ်မှာပါ ။

ဒါ့ကြောင့် အထက်​မှာ ပြောပြခဲ့တဲ့ လက္ခဏာတွေ ခံစားနေရရင်​တော့ ခွဲစိတ်ဆရာဝန်နဲ့ ​သေချာတိုင်ပင်​ဆွေး​နွေးဖို့လို့ပါတယ်။

အားလုံးကျန်းမာကြပါစေ။

ိလိုရာမေးကျန်းမာရေး

Photo credit to Rightful Owner

🚨အူမကြီးကင်ဆာ အ​​ကြောင်းသိ​ကောင်းစရာ🚨၂၁ ရာစုမှာ လူ​တွေရဲ့အစားအ​သောက်အ​နေအထိုင်​ပြောင်းလဲလာမှု့​တွေ​ကြောင့် အူမကြီးကင်ဆာ ...
01/09/2022

🚨အူမကြီးကင်ဆာ အ​​ကြောင်းသိ​ကောင်းစရာ🚨

၂၁ ရာစုမှာ လူ​တွေရဲ့အစားအ​သောက်အ​နေအထိုင်​ပြောင်းလဲလာမှု့​တွေ​ကြောင့် အူမကြီးကင်ဆာ ဖြစ်နှုန်းကလည်း မြင့်တက်လာပါတယ်။

👉အူမကြီးကင်ဆာ ဘာလို့ဖြစ်ရတာလဲ?
🔺နံပါတ် ၁က​တော့ လူ​တွေရဲ့​နေထိုင်စား​သောက်မှု့ပုံစံ​တွေ​ကြောင့်ဖြစ်ပါတယ် ။အူမကြီးကင်ဆာဖြစ်တဲ့သူ​တွေရဲ့ အများစု က အစားအ​သောက်​တွေ​ကြောင့်ဖြစ်တာပါ။
ဘယ်လို​တွေလဲဆိုရင်
၁။ အဝလွန်တဲ့သူ​တွေ၊ဆီးချို​ရောဂါရှိတဲ့သူ
၂​။ ဆေးလိပ်​သောက်တဲ့သူ၊အရက်​သောက်တဲ့သူ
၃။ နာတာရှည်အူ​​ယောင်​ရောဂါ ဖြစ်​နေတဲ့သူ​တွေ
၄။ အူမကြီး အလုံးအကျိတ်ရှိသူ​တွေ
၅။ တခြားကင်ဆာကိုဓါတ်​ရောင်ခြည်ကုသမှု့ခံယူထားသူ​တွေ
၆။ အစားအ​သောက်အ​နေနဲ့ဆိုရင်​တော့
တိရစ္ဆာန်မှရ​သောအဆီအစားများတဲ့သူ၊အချိုမှုန့် အများကြီးစားတဲ့သူ၊ကင်ဆာဖြစ်​စေတဲ့ဓါတ်ပါဝင်တဲ့အစားအစာများ ကို အလွန်အကျွံ စားသုံးသူ​တွေမှာအဖြစ်များပါတယ်။
ဟင်းသီးဟင်းရွက်၊အသီးအနှံနှင့် အမျှင်ဓါတ် စားသုံးမှု့နည်းတဲ့သူ​တွေမှာလည်း အဖြစ်များပါတယ်။
🔺နံပါတ် ၂ အ​နေနဲ့က​တော့ မျိုးရိုး လိုက်တတ်တာဖြစ်ပါတယ်။မိသားစုထဲမှာ အူမကြီးကင်ဆာ ဖြစ်တဲ့သူရှိရင်​တော့ ၅ ရာခိုင်နှုန်းဖြစ်နိုင်​ခြေရှိပါတယ်
🔺နံပါတ် ၃ အ​နေနဲ့က​တော့ ကံတရား​ပေါ့ မိမိ ခန္ဓာကိုယ်ထဲက မျိုးရိုးဗီဇ တွေ​ပြောင်းလဲပျက်စီးသွားလို့ဖြစ်ရတာပါ။

👉ရောဂါလက္ခဏာ ​တွေက​တော့ အလုံးအကျိတ် ကင်ဆာဖြစ်တဲ့​နေရာ​ပေါ်မှာမူတည်ပါတယ်
ဘယ်ဖက် အူမကြီး အလုံးအကျိတ် ဆိုရင်​တော့-
🔺ဝမ်းထဲမှာ​​သွေး​တွေ အကျိအချွဲ​တွေပါလာတတ်တယ်။ဝမ်းသွားရတာ အားမရသလို၊ဝမ်းကျန်သလိုဖြစ်တတ်တယ်။ဝမ်းကိုက်တာနဲ့​တော့ မှားနိုင်​ပေမဲ့ ဖြစ်တဲ့ရက်ကြာ​နေတယ် ​ဆေး​တွေ​သောက်လို့မ​ပျောက်ဖူးဆိုရင်​တော့ အ​ရေးကြီးပါတယ်။
🔺ညာဖက်အူမကြီး အလုံးအကျိတ်ဖြစ်ရင်​တော့-
​သွေးအားနည်းတဲ့ လက္ခဏာ​တွေ ဖြစ်တတ်တယ်။
ဝမ်းအရင်ဝမ်းပုံမှန်သွားရာက​နေ ဝမ်းပိုချုပ်လာမယ်။ဝမ်းပို​လျှောလာမယ်။
ဗိုက်ရစ်ရစ်ပြီး နာလာမယ်။
အစားအ​သောက် ပျက်လာပြီး လူကပိန်လာမယ်။

✅ရောဂါလက္ခဏာ​တွေက သာမန်​ရောဂါ လက္ခဏာ​တွေနဲ့ ဆင်တူတာမို့ အရမ်း​တော့အ​ကြောက်လွန်စရာမလိုပါဘူး။အထက်​ဖော်ပြပါ လက္ခဏာ​တွေခံစားရရင်​တော့ တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့ တိုင်ပင်​ဆွေး​နွေး စစ်ဆေး ကြည့်သင့်ပါတယ်။​
✅နောက်တခုက အူမကြီးကင်ဆာက​စော​စော သိပြီးကုသမှု့ခံယူရင် ​ပျောက်ကင်းနှုန်းများတဲ့​ရောဂါဖြစ်ပါတယ်။

အားလုံးကျန်းမာကြပါစေ။

ိလိုရာမေးကျန်းမာရေး

Photo credit to Rightful Owner

🔺သိုင်းရွိုက်​(Thyroid)/လည်ပင်းကြီး ​ရောဂါအ​ကြောင်းသိ​ကောင်းစရာ🔺သိုင်းရွိုက်​ရောဂါသည် သိုင်းရွိုက်​ဟော်မုန်း ထုတ်လုပ်မှု...
27/08/2022

🔺သိုင်းရွိုက်​(Thyroid)/လည်ပင်းကြီး ​ရောဂါအ​ကြောင်းသိ​ကောင်းစရာ🔺

သိုင်းရွိုက်​ရောဂါသည် သိုင်းရွိုက်​ဟော်မုန်း ထုတ်လုပ်မှု့ နည်းခြင်း များခြင်းတို့​ကြောင့် ဖြစ်​ပေါ်လာ​သော​ရောဂါဖြစ်သည်။သိုင်းရွိုက်​ဟော်မုန်းကို လည်ပင်း အသံအိုး​အောက်​လေပြွန်​ရှေ့နား​လေးတွင်ရှိ​သော လိပ်ပြာပုံစံ သိုင်းရွိုက်ဂလင်းမှထုတ်လုပ်​ပေးသည်။

👉သိုင်းရွိုက်​ဟော်မုန်းက လူ့ခန္ဓာကိုယ်မှာ ဘာ​တွေလုပ်​ပေးတာလဲ ?
သိုင်းရွိုက်​ဟော်မုန်းက
၁။နှလုံခုန်နှုန်းနှင့် စည်းချက်ကို ထိန်းညှိ​ပေးတယ်
၂။ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိ​ပေးတယ်
၃။ခန္ဓာကိုယ် စွမ်းအင်ကို ထိန်းညှိပေးတယ်
၄။အ​တွေးနှင့် စိတ်ခံစားမှု့​တွေကို ထိန်းညှိ​ပေးတယ်
၅။အစာ​​ခြေဖျက်ခြင်းမှာလည်း ပါဝင်တယ်။
၆။က​လေးငယ်​တွေမှာ အရွယ်အရိုးအရပ်ပုံမှန်ကြီးထွားမှု့ကို ဖြစ်​စေတယ်

👉အဖြစ်များတဲ့ သိုင်းရွိုက်​ရောဂါ​တွေက​တော့
သိုင်းရွိုက်​ဟော်မုန်းများခြင်း
သိုင်းရွိုက်​ဟော်မုန်း နည်းဖြင်း
သိုက်ရွိုက်ဂလင်း တွင်အလုံးအကျိတ်ဖြစ်ခြင်းနှင့်
သိုင်းရွိုက်ဂလင်း​ယောင်ခြင်းတို့ဖြစ်ပါတယ်

👉သိုင်းရွိုက်​ဟော်မုန်းများခြင်းရဲ့လက္ခဏာ​တွေကဘာ​​တွေလဲ?
စိတ်တိုလွယ်ခြင်း၊ညအိပ်မ​ပျော်ခြင်း
အစားစားနိုင်​သော်လည်း ပိန်ခြင်း
လည်ပင်းတွင်သိုင်းရွိုက်ဂလင်းကြီးလာခြင်း
ဝမ်းသွားများခြင်း
​​ချွေးထွက်များခြင်း
ရင်တုန်ခြင်း၊နှလုံးခုန်မြန်ခြင်း
အပူဒဏ်ကို မခံနိုင်ခြင်း
ဓမ္မတာ မမှန်ခြင်း
အထိုင်အထ ​လေးခြင်းတို့ဖြစ်ပါတယ်။

👉သိုင်းရွိုက်​ဟော်မုန်း နည်းခြင်းရဲ့ လက္ခဏာများက​တော့
အ​ရေပြား​ခြောက်​သွေ့ကြမ်းတမ်းလာခြင်း
အ​အေးဓါတ်မခံနိုင်ခြင်း
​ဖော​ယောင်ခြင်း၊ဝလာခြင်း
အသံသြလာခြင်း၊
ဝမ်းချုပ်ခြင်း
ရာသီများခြင်း
​လေးလံလာခြင်း တို့ဖြစ်ပါတယ်

✅သိုင်းရွိုက်ဂလင်းမှာ အကျိတ်ဖြစ်ရင်​တော့ ဖြစ်စမှာလက္ခဏာသိပ်မပြတတ်ပါဘူး။ ✅ကင်ဆာဖြစ်နိုင်​ချေလည်း နည်းပါတယ်။

သိုင်းရွိုက်​ဟော်မုန်းက​တော့လူတို့အတွက်အသက်ရှည်ကျန်းမာဖို့ မရှိမဖြစ်အ​ရေးပါတဲ့ အတွက် ​ဟော်မုန်းဓါတ်မျှတ​နေဖို့ အလွန်အ​ရေးကြီးပါတယ် ။ဒါ​ကြောင့်အထက်ပါ ​လက္ခဏာ​တွေခံစားရရင်​တော့ ကျွမ်းကျင်တဲ့ဆရာဝန်​တွေနဲ့ တိုင်ပင်​ဆွေး​နွေးဖို့လိုအပ်ပါတယ်။

အားလုံးကျန်းမာကြပါစေ။

ိလိုရာမေးကျန်းမာရေး

Photo credit to Rightful Owner

25/08/2022

🦟ဂရုစိုက်သင့်တဲ့ သွေးလွန်တုပ်​ကွေး​ရောဂါ (Dengue Fever)🦟

​သွေးလွန်တုပ်​ကွေး​ရောဂါပိုးသယ်​လာ​တဲ့ ခြင်(Aedes) ကိုက်ခံရလို့ ရောဂါဖြစ်ရတာပါ။

🔺သာမန်​သွေးလွန်တုပ်​ကွေး
🔺ပြင်းထန်​သွေးလွန်တုပ်ကွေး ဆိုပြီး အမျိုးအစား၂မျိုးရှိပါတယ်။

သာမန်​သွေးလွန်တုပ်​ကွေးဖြစ်ပွါးတဲ့သူတွေဟာ
🤒အဖျားကြီးမယ် (104 *F)​လောက်ထိတက်တတ်တယ်
🥴ခေါင်း​ကိုက်မယ်
😵‍💫ကြွက်သားတွေနာကျင် ကိုက်ခဲမယ်
🤮ပျို့အန်မယ်
😵လည်ပင်းအကျိတ်​လေး​တွေနာလာမယ်
🥵ခန္ဓာကိုယ်အနှံ့ အနီကွက်တွေ ထွက်လာမယ်

ပြင်းထန်​သွေးလွန်တုပ်ကွေးရဲ့ လက္ခဏာ​တွေက​တော့
🔹ဗိုက်နာမယ် အထူးသဖြင့်ညာဖက်နံရိုး​အောက်ဖက်က ​အောင့်မယ်
🔹ဆက်တိုက် အန်မယ်
🔹နှာ​ခေါင်း​သွေးလျှံမယ် သွားဖုံး​သွေးယိုမယ်
🔹ကော်ဖီ​ရောင်(မဲမဲ)တွေ အန်မယ်
🔹ကတ္တရာ​စေးလိုမျိုး ဝမ်းမဲမဲပျစ်ပျစ်များသွားမယ်
🔹အသက်ရှုမြန်ပြီး မောလာမယ်။

👉ပြင်းထန်​သွေးလွန်တုပ်​ကွေး လက္ခဏာများက​တော့ စဖျားပြီး ၃ရက်မှ ၇ ရက်အတွင်း​ပေါ်လာတတ်ပါတယ်။
👉ဒါ​ကြောင့်ဒီရက်​​တွေမှာ ​မေ​မေတို့က သားသားမီးမီး​တွေကို ​သေချာဂရုစိုက်​စောင့်ကြည့်ရပါမယ်။
👉ပြင်းထန်လက္ခဏာ​တွေ ဖြစ်လာပြီဆိုရင်​တော့ဆရာဝန်ဆီ အမြန်ဆုံးသွားပြဖို့လိုပါတယ်။

​🚨သွေးလွန်တုပ်​ကွေး​ရောဂါဟာ အသက်ဆုံးရှုံးရတဲ့အထိဖြစ်နိုင်တာမို့လို့ အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။
🚨ပြီး​တော့​…သွေးလွန်တုပ်​ကွေးက ခုလိုမိုးရာသီမှမဟုတ် ရာသီတိုင်းမှာဖြစ်နိုင်ပါတယ်။
🚨ဒါ​ကြောင့် “ရာသီတိုင်းမှာ ဖျားနာလျှင်​သွေးလွန်တုပ်​ကွေးမှတ်” ဆိုတဲ့အတိုင်း အမြဲသတိထားဖို့လိုအပ်ပါတယ် ။

​ကဲ….သားသားမီးမီး​တွေကို ခြင်မကိုက်​အောင်​သေချာဂရုစိုက်ပေးကြပါဦးနော်။

အားလုံးကျန်းမာကြပါစေ။

ိလိုရာမေးကျန်းမာရေး

Ref: Dengue fever WHO
Photo credit to Rightful Owner

🟡မွေးကင်းစက​လေးအသားဝါခြင်း(Neonatal jaundice)🟡​​✅က​လေး​လေး​တွေ​ကို မွေးပြီးတာနဲ့က​လေးရဲ့မျက်လုံး​တွေ မျက်နှာနဲ့ကိုယ်လုံး...
22/08/2022

🟡မွေးကင်းစက​လေးအသားဝါခြင်း(Neonatal jaundice)🟡
​​
✅က​လေး​လေး​တွေ​ကို မွေးပြီးတာနဲ့က​လေးရဲ့မျက်လုံး​တွေ မျက်နှာနဲ့ကိုယ်လုံး​တွေဝါမဝါ ​နေ့အလင်း​ရောင် ​ကောင်း​ကောင်းမှာ ​နေ့စဥ် ဂရုတစိုက်ကြည့်​ပေးရပါမယ်။

​🔺မွေးကင်းစက​လေးငယ် အသားဝါတာဘာ​ကြောင့်လဲ

👉မွေးကင်းစက​လေး​တွေရဲ့​​သွေးထဲမှာ bilirubin ဘီလီရူဗင် ဆိုတဲ့အသားဝါ​စေတဲ့ဓါတ်​တွေက လူကြီး​တွေထက်ပိုပြီးထုတ်လုပ်မှု့များတယ် ။ပုံမှန်ဆိုရင် အဲ့ဒီဘီလီရူဗင် ဓါတ်​တွေကို အသည်းက​နေ စုပ်ယူပြီး အူထဲကို စွန့်ထုတ်လိုက်တာဖြစ်တယ်။​မွေးကင်းစက​လေးငယ်​တွေမှာ​တော့ အသည်းက ​ကောင်းစွာ အလုပ်မလုပ်နိုင်​သေးတဲ့အတွက် ဘီလီရူဗင်​တွေကို မစွန့်ထုတ်နိုင်​ဘဲခန္ဓာကိုယ်ထဲမှာ များလာရခြင်းဖြစ်ပါတယ်။

​🔺မွေးကင်းစက​လေးအသားဝါခြင်းက ပုံမှန်က​လေး​တွေမှာ ဖြစ်နိုင်ပါသလား

👉ပုံမှန်က​လေး​တွေမှာလဲဖြစ်နိုင်ပါတယ်။ဒါ့အပြင် က​လေး​ရောဂါ​တွေ​ကြောင့်လဲဖြစ်နိုင်ပါတယ်။
👉ပုံမှန်က​လေး​တွေမှာ​တော့ ၂ရက်က​နေ ၃ရက်အတွင်းဝါပြီး ဘာကုသမှု့မှမလိုဘဲ သူအလိုလို အဝါပြန်ကျသွားပါတယ်။အဲ့လိုအသားဝါခြင်းမျိုးက မစိုးရိမ်ရပါဘူး။

🚨ဒါ​ပေမဲ့ ၂ရက်အရင်စော​ပေါ်ပြီး ၅ရက်ထက်ပို ကြာပြီး ပိုဝါလာရင်​တော့ အရမ်းအ​ရေးကြီးပါတယ်။ဘာ​တွေ​ကြောင့်ဖြစ်တတ်လဲဆိုရင်
​၁။က​လေးနှင့်အ​မေ ​သွေးမတည့်ခြင်း (ABO,Rh)
၂။က​လေးပိုးဆိပ်ပျံ့​ရောဝါဝင်ခြင်း
၃။လမ​စေ့ဘဲ​မွေးခြင်း
၄။မွေးဖွားရခက်ခဲခြင်း
၅။G6PD ကဲ့သို့​သော ဓါတ်ချို့တဲ့ခြင်း
၆။သွေးဥနီကွဲ​သော​ရောဂါများဖြစ်ခြင်း
၇။က​လေးအသည်း​ရောဂါဖြစ်ခြင်း
၈။သဲ​ခြေရည်ပြွန်​ပေါက်ပိတ်ခြင်း
၉။မိခင်နို့လုံ​လောက်စွာမသောက်ရခြင်းနှင့်​ရေဓါတ်ခမ်း​ခြောက်ခြင်း တို့​ကြောင့်ဖြစ်ပါတယ်။

🔺အိမ်မှာ​မွေးတဲ့ က​​လေး​တွေအ​နေနဲ့ ဘယ်အချိန်မှာ က​လေးဆရာဝန်နဲ့ပြသင့်သလဲ
👉က​လေးအသားဝါတာက ၂ရက်ထက်​စော​ပေါ်ရင် ၅ရက်​နောက်ပိုင်းအဝါမကျရင်
👉မျက်လုံးနဲ့မျက်နှာတင်မကဘံ က​လေးရဲ့ဝမ်းဗိုက်​တွေ ​ခြေ​ထောက် ​ခြေဖဝါး​တွေအထိ ဝါလာရင်
👉က​လေးဖျားလျှင် ၊မှိန်းလျင်
👉က​လေးက ပုံမှန်မဟုတ် ဘဲ ကနာမငြိမ်ဖြစ်၍တအားငိုလျင်
👉က​လေးက နို့​ကောင်း​ကောင်းမစို့လျှင် ဆရာဝန်နှင့်ချက်ခြင်းပြရပါမယ်။

​🔺မွေးခင်းစ​က​လေးအသားဝါခြင်းရဲ့​နောက်ဆက်တွဲဆိုးကျိုး​တွေကဘာ​တွေလဲ။

အကယ်၍အသားဝါ​စေတဲ့ ဘီလီရူဗင်ဓါတ်က အလွန့် အလွန်များသွားပြီးဆိုရင် က​လေးရဲ့ဦး​နှောက်ကိုသွားထိခိုက်ပါတယ်။ထို့​နောက်မှာ ​တော့နာတာရှည် ဦး​နှောက်ထိခိုက်ခြင်း(Kernicterus)ဖြစ်ပြီး ဥာဏ်ရည်နဲ့ကြီးထွားမှု့​နှောက့်​နှေးတာ​​တွေဖြစ်လာတတ်ပါတယ်။

✅ဒါ​ကြောင့် ​မွေးကင်းစက​လေး​တွေကို မိခင်နို့လုံ​လောက်​အောင် တိုက်ရမယ်၊
✅က​လေးအသာဝါမဝါ မျက်ခြေမပျက် ​စောင့်ကြည့်ရမယ်၊
✅ဆရာဝန်နဲ့ ပြရမယ် အချက်​တွေရှိလာရင် ချက်ခြင်းသွားပြရပါမယ်။

အားလုံးကျန်းမာကြပါစေ။

ိလိုရာမေးကျန်းမာရေး

Photo credit to Rightful Owner

🔺Gout (​ဂေါက်)​ရောဂါအ​ကြောင်း သိ​ကောင်းစရာ🔺​ဂေါက်​ရောဂါ ဆိုနဲ့နာမည်ကို​တော့ လူတိုင်းအကျွမ်းတဝင်ရှိကြပါတယ် ။ဘာ​ကြောင့်ဖြစ...
16/08/2022

🔺Gout (​ဂေါက်)​ရောဂါအ​ကြောင်း သိ​ကောင်းစရာ🔺

ဂေါက်​ရောဂါ ဆိုနဲ့နာမည်ကို​တော့ လူတိုင်းအကျွမ်းတဝင်ရှိကြပါတယ် ။ဘာ​ကြောင့်ဖြစ်တာလဲဖတ်ကြည့်ရ​အောင်။
​👉ဂေါက်​ရောဂါက အမျိုးသား​တွေနဲ့ အသက်ကြီးပိုင်းအမျိုးသမီး​တွေမှာ အဖြစ်များတယ်။ ယခုအချိန်မှာ​တော့ လူ​နေမှု့ပုံစံ​၊အစားအ​သောက်ပုံစံတွေ​ပြောင်းလဲလာပြီး၊အဝလွန်​ရောဂါ​တွေဖြစ်လာတာ​ကြောင့် ​ဂေါက်​ရောဂါဟာလည်း ဖြစ်နှုန်းများပြားလာပါတယ်။

​ #ဂေါက်​ရောဂါ ဘာ​ကြောင့်ဖြစ်ရတာလဲ?

🔺ခန္ဓာကိုယ်ထဲမှာ (uric acid) ယူရစ်အက်စစ်​ဓါတ်တွေများလာပြီး အဆစ်​ဘေးပတ်ပတ်လည်မှာ ယူရိတ် ခရစ်စတယ်​လေး​တွေ အနည်ကျခြင်း​ကြောင့်ဖြစ်ပါတယ်။
🔺ပုံမှန်အားဖြင့် ယူရစ်အက်စစ်​တွေက အစားအ​သောက်​တွေနဲ့ ခန္ဓာကိုယ်ထဲမှဇီဝကမ္မဖြစ်စဥ်​တွေက​နေ ထွက်​ပေါ်လာပါတယ်။အဲ့လိုခန္ဓာကိုယ်ထဲကများလာတဲ့ ယူရစ်အက်စစ်​တွေကို ​ကျောက်ကပ်ကတဆင့်(အများစု)ဒါမှမဟုတ်အူမှတဆင့်(အနည်းစု)စွန့်ထုတ်ပါတယ်။အကယ်၍အဲ့လို စွန့်မထုတ်နိုင်ဘူးဆိုရင်​တော့ ခန္ဓာကိုယ်ထဲမှာ ယူရစ်အက်စစ်​တွေများလာပြီး အရိုးအဆစ်​တွေကို​ယောင်ယမ်း​စေပါတယ်။

#ဘယ်လိုလူ​တွေမှာ ​ဂေါက်​ရောဂါပိုဖြစ်သလဲ?

👉နာတာရှည် ​ကျောက်ကပ်မ​ကောင်းတဲ့သူ​တွေ
👉အရက်၊ဘီယာ အ​သောက်များတဲ့သူ​တွေ
👉ယူရစ်အက်စစ်ဓါတ်တက်​စေ​သော ​ဆေး များ​သောက်သုံး​နေရတဲ့သူ​တွေ (ဥပမာ ဆီး​ဆေး၊တီဘီ​ဆေး)
👉ယူရစ်အက်စစ်များတဲ့ အစားအ​သောက်​တွေ အစားများတဲ့သူ​တွေ
👉Psoriasis ​ခေါ်အ​ရေပြား​ရောဂါရှိသူ​တွေ
​👉သွေးဆဲလ်ပွား​ရောဂါရှိသူ​တွေနဲ့
​👉မွေးရာပါ ယူရစ်အက်စစ်ဓါတ် များသူ​တွေမှာဖြစ်တတ်ပါတယ်။

#ဘယ်လိုအစားအ​သောက်​တွေကယူရစ်အက်စစ်ဓါတ်များတာလဲ?

ပင်လယ်စာ​တွေ၊တူနာငါး​​တွေ၊အနီ​ရောင်အသား​တွေ၊အသည်းအမြစ်​ကျောက်ကပ် ဦး​နှောက် စတဲ့ ကလီစာ​တွေ၊​တော​ကောင်​တွေ၊ အရက်ဘီယာ၊သကြားပါဝင်မှု့များ​သော အချိုရည်​တွေ၊ မှို ၊ကညွှတ်၊ပဲ​တောင်ရှည်၊ပန်း​ဂေါ်ဖီ နဲ့ ​ဒေါက်ခွ ရွက် စတဲ့အရွက်​တွေ မှာ ယူရစ်အက်စစ်ဓါတ်များပါတယ်။

​ #ဂေါက်​ရောဂါဖြစ်တာ အ​ရေးကြီးလား ?

အ​ရေးကြီးပါတယ် အရိုးအဆစ်​တွေကို​ယောင်ယမ်း​စေရုံသာမက အရိုးအဆစ်​တွေကို ပျက်စီး​စေပါတယ်၊ ကြာလာရင် ​ကျောက်ကပ် ကိုထိခိုက်ပြီး ​ကျောက်ကပ်ပျက်စီး​စေပါတယ်။

​ #ဂေါက်​ရောဂါမဖြစ်​အောင်ဘယ်လို​နေထိုင်ရမလဲ?

✅အဝလွန်​ရောဂါမဖြစ်​အောင် ​ခန္ဓာကိုယ် အ​လေးချိန်ကို ထိန်းရပါမယ်။
✅လမ်းပုံမှန်​လျှောက်ရမယ်၊ ​လေ့ကျင့်ခန်းပုံမှန်လုပ်ရမယ်
✅အထက်မှာ​ဖော်ပြထားတဲ့ အစားအ​သောက်​တွေကို ​လျော့စားပြီး ကျန်းမာ​​ရေးနဲ့ညီညွတ်တဲ့ အစားအ​သောက်​တွေစားရမယ်
​✅သွေးတိုးဆီးချို ​ကျောက်ကပ်​ရောဂါ​တွေရှိရင် ​သေချာ​ဆေးကုသမှုခံယူရမယ်။

အားလုံးကျန်းမာကြပါစေ။

ိလိုရာမေးကျန်းမာရေး

Photo credit to Rightful Owner

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Hi Doctor - သိလိုရာမေး ကျန်းမာရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category