05/01/2026
No one is Perfect! ပါနော်။ ဘယ်သူမှ ပြီးပြည့်စုံတဲ့သူရယ်လို့ မရှိပါဘူး။ ဒီလို Perfectionism ပြီးပြည့်စုံမှုကို လိုလားသူတွေက ဘာပဲလုပ်လုပ် ဘယတော့မှ စိတ်တိုင်းကျတဲ့ ရလဒ်ကို ရမှာမဟုတ်ပါဘူးနော်။ ဒါ့ကြောင့် အမှားပဲဖြစ်ဖြစ် ၊ လိုအပ်ချက် ၊ အားနည်းချက်တွေကို လက်ခံနိုင်အောင် ကြိုးစားပါ။
ပြည့်စုံအောင် ကြိုးစားနေတဲ့သူက ကိုယ်ကိုယ်တိုင် ဖြစ်နေရင် ကိုယ်ပဲ ပင်ပန်းရပါတယ်။ ဒါ့ကြောင့် အမှားသေးသေးလေး အားနည်းချက် သေးသေးလေးရှိလာရင် ဒီလောက်ကတော့ ဘာမှမဖြစ်ပါဘူး။ ၁၀၀ရာခိုင်နှုန်း မပြည့်လဲ ငါ ကြိုးစားထား ၊ လုပ်ထားတာတွေ အများကြီး ရှိတာပဲ ၊ ဒီလောက်လေးနဲ့ ငါ့ရဲ့ ကြိုးစားမှု အရည်ချင်းတွေက မှေးမှိန်မသွားဘူး။ ဒီလောက်နဲ့ပဲ လုံလောက်တယ်။ I am enough ဆိုတာလေး ကိုယ့်ကိုကိုယ် ပြောဖြစ်အောင် ပြောပါနော်။
ပြည့်စုံမှုကို လိုချင်တဲ့သူတွေက အခြားလူတွေဖြစ်နေရင်တော့ လျစ်လျူရှုလိုက်ပါ။ ရှိတတ်ပါတယ်နော်။ အလုပ်က အထက်လူကြီးတို့ ၊ အလုပ်မှာတွေ့ရတဲ့ customer တွေ ၊ clients တွေ စတဲ့ သူတွေသာမက ကိုယ့်ရဲ့ မိဘ ၊ မိသားစု ၊ ချစ်သူရည်းစားတွေကအစ နည်းနည်းလေး လွဲချော်တာနဲ့ ကိုယ့်ကို ဆူငေါက်တတ်တာမျိုးတွေ ရှိတတ်ပါတယ်။ အဲ့ဒါမျိုး တောင်းဆိုလာတဲ့အခါ ကိုယ်နဲ့ ရင်းနှီးတဲ့သူ ရှင်းပြလို့ ရတဲ့သူဆိုရင်တော့ အပေါ်က စာပိုဒ်လေးအတိုင်း ပြည့်စုံတဲ့သူဆိုတာ မရှိဘူးဆိုတာကို ရှင်းပြလိုက်ပါ။ ကိုယ့်ရဲ့ ဟာကွက် သေသေးလေးကိုပဲ ထောက်ပြပြီး ဆူငေါက်အပြစ်တာထပ် ကောင်းကွက်တွေ အားသာချက်တွေကိုလဲ ကြည့်ပေးပြီး ချီးကျူးပေးဖို့ ၊ ကျေးဇူးတင်ဖို့ တောင်းဆိုကြည့်ပါ။ တစိမ်းမလို့ ရှောင်လို့ရရင် အဲ့လိုလူတွေနဲ့ ဝေးဝေးကနေပြီး စည်းတစ်ခု ခြားထားလိုက်ပါ။ အထက်လူကြီးတို့ အလုပ်မှာ တွေ့ရတဲ့သူတွေဆိုရင်တော့ လျစ်လျူရှုလိုက်ပါ။ ကိုယ့်ကိုကိုယ် တစ်ယောက်တည်း ပြန် ဖေးမရင်း သူတို့ရဲ့ Perfectionism ထဲ မဝင်သွားအောင် ကိုယ့်စိတ်ကိုကို သတိလေးပေးပြီး ပုံမှန် ကိုယ်လုပ်နေကျအတိုင်း ရှေ့ဆက်ပြီး လုပ်ဆောင်သွားလိုက်ပါ။
ဒီနေ့ ဒါလေး intuition လေးရလာလို့ sharing လုပ်ပေးလိုက်ပါတယ်။