
01/01/2024
မင်္ဂလာပါခင်ဗျ ။
ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ကူးအခါသမယလေး ဖြစ်ကြပါစေလို့ ကျွန်တော်တို့ ရွှေတော်ဝင်ဆေးဆိုင်မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
နှစ်သစ်ကူးဆုတောင်းနှင့်အတူ ကျွန်တော်တို့ဆေးဆိုင်လေး အပြီးတိုင် ပိတ်သိမ်းသည့်အကြောင်းကိုလဲ အသိပေးလိုပါတယ်။ ကျွန်တော်တို့ဆိုင်လေးရဲ့ ၂ နှစ်နီးပါး အချိန်ကာလအတွင်း မေတ္တာဖြင့် စောင့်ရှောက်အားပေးခဲ့ကြတဲ့သူတစ်ဦးတစ်ယောက်တိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
ကျွန်တော်တို့ဆိုင်လေး ပိတ်သိမ်းသွားပေမယ့် ကျွန်တော်တို့ဟာ Ah-Hein Distribution Company - ADC ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ဆက် ရှိနေဦးမှာ ဖြစ်လို့ မိတ်ဟောင်းမိတ်သစ်အားလုံးကို ဖိတ်ခေါ်အပ်ပါတယ် ။
ကောင်းမွန်သောနှစ်သစ်လေး ပိုင်ဆိုင်ကြပါစေခင်ဗျာ ။