15/01/2024
ယခုအခါCovid ရောဂါဖြစ်ပွါးနှုန်း
အိမ်နီးချင်းနိုင်ငံတွေမှာ ပြန်လည်
မြင့်တက်လာတာကို တွေ့ရပါတယ်။
Covid မျိုးကွဲတွေထဲမှာ ကူးစက်နှုန်းပိုမြန်တဲ့
မျိုးစိတ်တွေပါသလို ရောဂါလက္ခဏာပိုပြင်းထန်တဲ့
မျိုးစိတ်တွေလည်း ပါပါတယ်။
Omicron ရဲ့ မျိုးကွဲတစ်ခုဖြစ်တဲ့ XBB မှာ
တွေ့ရတဲ့ လက္ခဏာတွေကတော့
⏺️ချောင်းဆိုးခြင်း
⏺️နှာစေးခြင်း
⏺️လည်ချောင်းနာခြင်း
⏺️အသက်ရှူကျပ်ခြင်း
⏺️အနံ့၊ အရသာပျောက်ဆုံးခြင်း
⏺️ကြွက်သားနာကျင်ခြင်း
⏺️ခေါင်းမူး ခေါင်းကိုက်ခြင်း
အသက် သေဆုံးတဲ့အထိဖြစ်တာမျိုး
ရှားပါးပေမဲ့လဲ
အသက်ကြီးတဲ့သူ
ရောဂါအခံရှိတဲ့သူ
ခုခံအား ကျဆင်းတဲ့သူ
( HIV ကင်ဆာ ရောဂါ ခံစားနေရသူများ၊
ဆီးချို ရှိသူများ၊
အရေပြားလေးဖက်နာ၊
သွေးလေးဖက်နာ ရှိသူများ)
ကိုယ်ခံအား နှိမ် သော ဆေးများသောက်နေရတဲ့လူနာများ
( ဥပမာ စတီးရွိုက် ဆေးများ ၊ ကင်ဆာဆေးများ)
ဒီလိုလူတွေကတော့ သာမန်လူတွေထက်
ပိုဂရုစိုက် သင့်ပါတယ်။
ကူးစက်မှုတွေကို ကာကွယ်ရန်
➡️Mask တပ်ပါ။
➡️တခုခုကိုင်တွယ်ပြီးတိုင်းလက်ဆေးပါ။
➡️အာဟာရပြည့်ဝအောင် စားသောက်ပါ။
➡️အနားယူပါ။
➡️ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ပါ
↗️ထပ်ဆောင်း အားဖြည့်ဆေး Booster Vaccine ထိုးပါ။
(omicron ကို ပါ ကာကွယ်နိုင်တဲ့ Bivalent
အမျိုးအစား ထိုးနိုင်လျှင် ပိုကောင်းပါတယ်)
To provide better healthcare service for the patient
Help to access comprehensive heath care service easily.
Knowledge sharing about health and fitness
To provide medical products and drugs with regular price