တိုင်းရင်းဆေးနှင့် အခြေခံကျန်းမာရေး

  • Home
  • Myanmar
  • Mandalay
  • တိုင်းရင်းဆေးနှင့် အခြေခံကျန်းမာရေး

တိုင်းရင်းဆေးနှင့် အခြေခံကျန်းမာရေး Myanmar Traditional Medicine, မြန်မာ့တိုင်းရင်းဆေး

တကိုယ်လုံးအနှိပ်ခံခြင်းက ကျန်းမာရေးအတွက် ဘယ်လို အကျိုးပြုသလဲ💆💆💆 💆💆၁) ကြွက်သားတွေ ပျက်စီးခြင်းကြောင့်ဖြစ်တဲ့ နာကျင်ခြင်းတ...
17/03/2026

တကိုယ်လုံးအနှိပ်ခံခြင်းက ကျန်းမာရေးအတွက် ဘယ်လို အကျိုးပြုသလဲ
💆💆💆 💆💆
၁) ကြွက်သားတွေ ပျက်စီးခြင်းကြောင့်ဖြစ်တဲ့ နာကျင်ခြင်းတွေကို သက်သာစေပြီး လိုအပ်တဲ့ အာဟာရတွေ ကြွက်သားတွေဆီ ရောက်ဖို့ သွေးလည်ပတ်မှု ကောင်းအောင် အထောက်အကူပြုပါသေးတယ်။
၂) ခန္ဓာကိုယ်ထဲကို ရောဂါတွေ ဝင်လာတဲ့အခါ တိုက်ထုတ်ပေးမယ့် သွေးဖြူဥတွေကို တက်ကြွစေပါတယ်။
(၃) မောပန်းနွမ်းနယ်ခြင်းတွေကို ပြေပျောက်စေတယ်
၄) စွမ်းအင်ကို တိုးတက်ပြီး နိုးကြားတက်ကြွစေပါတယ်။
(၅) စိတ်ဖိစီးမှုဟော်မုန်း ပမာဏကို လျှော့ချပေးနိုင်တာကြောင့် စိုးရိမ်စိတ်ပူခြင်းကို လျော့ကျစေပါတယ်။
၆) ခန္ဓာကိုယ်ထဲမှာ ပျော်ရွှင်ခြင်းကို ဖြစ်စေတဲ့ serotonin ပမာဏကို တိုးစေပါတယ်။ ဒါကြောင့် သွေးပေါင်မတက်အောင်လဲ ထိန်းပေးနိုင်ပါတယ်။

အလှအပရေးရာအတွက်လဲ လာပါမယ်..

#တကိုယ်လုံံးအနှိပ်ခံခြင်း #အနှိပ်ခံခြင်း #စိတ်ဖိစီးခြင်း #တိုင်းရင်းဆေးနှင့်အခြေခံကျန်းမာရေး #အခြေခံကျန်းမာရေ

ငှက်ပျောသီး ဆေးမအုပ်တာတွေ ရှာဖို့အခွံခွာဖို့နေလှန်းဖို့အမှုန့်ကြိတ်ဖို့ အလုပ်ရှုပ်မခံနဲ့တော့ ဒီမှာ Ready made သန့်ရှင်းလ...
12/03/2026

ငှက်ပျောသီး ဆေးမအုပ်တာတွေ ရှာဖို့
အခွံခွာဖို့
နေလှန်းဖို့
အမှုန့်ကြိတ်ဖို့ အလုပ်ရှုပ်မခံနဲ့တော့
ဒီမှာ Ready made သန့်ရှင်းလတ်ဆတ်နေသောပဲ 🍌🍌🍌
165g ပါ တစ်ဘူးကို ၁၀၀၀၀ ကျပ်

ဖီးကြမ်းငှက်​ပျောမှုန့်ပဲ ရပါတယ်ရှင့်
(ရခိုင်ငှက်ပျောမှုန့်မဟုတ်ပါဘူးရှင်)

#သဘာဝဆေးနည်း #တိုင်းရင်းဆေး #ဆောင်တော်မူအစာအိမ်ဆေး #မုံရွာမြို့ #ငှက်ပျောသီးမှုန့်
#ဖီးကြမ်းငှက်ပျောသီးစိမ်းအမှုန့်

11/03/2026
ကန့်ကလာကို ဒီတိုင်းစားရင် ခါးလွန်းလို့ မစားနိုင် 🤣လက်ဆောင်အတွက် သီးသန့် ထုတ်ပေးဖြစ်တဲ့ဆေး 🌿အစာအိမ်ဆေးကို များများမှာတဲ့သ...
09/03/2026

ကန့်ကလာကို ဒီတိုင်းစားရင် ခါးလွန်းလို့ မစားနိုင် 🤣
လက်ဆောင်အတွက် သီးသန့် ထုတ်ပေးဖြစ်တဲ့ဆေး 🌿
အစာအိမ်ဆေးကို များများမှာတဲ့သူတွေကို
လက်ဆောင် မကြာခဏပေးဖြစ်တဲ့ဆေးလေးပါ။
ထပ်ခါ မှာပေးလို့လဲ ကျေးဇူးတင်ပါတယ်ရှင့်😊
အစာအိမ်လေနာသမားတွေအတွက် သင့်တော်လို့နော်။

ဆေးပူကြောက်တယ်
အငန်ကြောက်တယ်
သွေးတိုး ဆီးချိုနဲ့ တည့်ပါ့မလား?
ဒါတွေနဲ့ သင့်တော်တဲ့အပြင်
အကြောတက်တာ လေပွ လေတက်တာက အသက်အရွယ်ရလာရင် ရှောင်လွှဲမရတော့သော
လက္ခဏာတစ်ခုပါ။
ဒါတွေကို တခါတည်း ဖြေရှင်းပေးမယ့်
ကန့်ကလာ 95% ပါတဲ့ လေဆေးပါ
ဆေးပြား ၁၀၀ ကျော်ပါတဲ့ လေဆေးတစ်ဘူး ၃၀၀၀ ပါ
ဆေး၅ဘူးက စပို့ပေးပါတယ်..
💥 ၅ဘူးစျေး ၁၄၀၀၀ နဲ့ပဲ ရပါမယ်ရှင် 😃

#လေဆေး #ကန့်ကလာလေဆေး #အစာအိမ်လေနာသမားများအတွက် #ဆောင်တော်မူအစာအိမ်ဆေး #မုံရွာ

19/12/2024

#စပါးလင်နံ့လေး မွှေးနေလို့ ခေါင်းကြည်ပြီး စိတ်ကိုလဲ Relax ဖြစ်စေပါလိမ့်မယ်။

ပွင့်တဲ့ဓာတ်ပါလို့ နှာစေးရင် ပွတ်ရှူ
ချောင်းဆိုးရင် လည်ပင်းလိမ်း
ဗိုက်နာရင် ဗိုက်ပေါ်လိမ်း
အအေးမိရင် ခြေ လက်တွေ အကုန်လိမ်းပြီးနွေးနွေးဝတ် ရေနွေးလေး သောက်ထားလိုက်
ရင် ဆေးသောက်စရာမလိုဘဲ ချွေးထွက်လာလိမ့်မယ်။

အသုံးပြုနိုင်တဲ့ ရောဂါတွေကို အတိုချုပ်ပြောရရင်🌿
အကြော အာရုံကြော အဆစ် ကြွက်သားတွေ နာကျင်ကိုက်ခဲ တောင့်တင်းတဲ့အခါ ဆေးအဆီလေးကို စိမ့်ဝင်အောင် ပွတ်လိမ်းပြီး အဝတ်ပါးလေး အုပ်ထားပါလိုက်ရင် မကြာခင်မှာပဲ သက်သာပျောက်ကင်းပါလိမ့်မယ်။
လေငန်းသမားတွေ ထုံကျဥ်တတ်သူတွေ ဆောင်းတွင်းမှာ မဖြစ်မနေ လိမ်းသင့်တဲ့ ဆေး 💚
ပါဝင်ပစ္စည်းတွေက🌿
မုန့်ညင်းဆီ၊ နှမ်းဆီ၊ ထင်းရှုးဆီ၊ စပါးလင်ဆီ၊
ပရုတ်၊ methyl, menthol, pepperment စတဲ့ ဆေးပစ္စည်း ၈မျိုးပါဝင်ပါမယ်ရှင်

ဆေးအဆီ 50ml ပါတစ်ဘူးကို ၄၀၀၀ ပါရှင့်။

#ဆောင်တော်မူတိုင်းရင်းဆေးခန်း
#တိုင်းရင်းဆေး #သဘာဝဆေးနည်း #ဗဟုသုတ #မုံရွာမြို့
#ဆောင်တော်မူလိမ်းဆေး

Rosemary ကို စူပါအစားအစာအဖြစ် အမြဲတမ်းမယူဆပေမယ့် အံ့သြစရာကောင်းတဲ့ အကျိုးကျေးဇူးတွေရှိပါတယ်။စူပါအစားအစာ RosemaryRosemary...
22/11/2024

Rosemary ကို စူပါအစားအစာအဖြစ် အမြဲတမ်းမယူဆပေမယ့် အံ့သြစရာကောင်းတဲ့ အကျိုးကျေးဇူးတွေရှိပါတယ်။

စူပါအစားအစာ Rosemary
Rosemary က သင့်အူလမ်းကြောင်းက ဘက်တီးရီးယားများကို ထိန်းညှိပေးတယ်။
ကျန်းမာသောကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ ကူညီပေးတဲ့အပြင် အရေးကြီးသော အခန်းကဏ္ဍဖြစ်တဲ့ အစာချေဖျက်ခြင်းနဲ့ အစာများမှ အာဟာရဓာတ်များ ထွက်လာစေရန်အတွက်လည်းကူညီပေးပါတယ်။

Rosemary သည် အထူးသဖြင့် အဝလွန်လူနာများတွင် ကိုယ်အလေးချိန်တိုးခြင်းကို လျှော့ချပေးနိုင်သည့်အပြင် သည်းခြေရည်စီးဆင်းမှုနှင့် သည်းခြေအိတ်လုပ်ဆောင်မှုကိုလည်း အားပေးပါတယ်။

#ဗဟုသုတ
#တိုင်းရင်းဆေး #သဘာဝဆေးနည်း
#ဆောင်တော်မူအစာအိမ်ဆေး
#ဆောင်တော်မူတိုင်းရင်းဆေးခန်း လမ်းသွယ်(၈)ဇောတိကလမ်းနှင့်ရန်ကင်းလမ်းကြား
#မုံရွာမြို့

ပူစီနံရွက်ကို အရိပ်ထဲမှာ အခြောက်ခံပြီး လေလုံအောင်ထည့်ထား လက်ဖက်ခြောက်လိုရေနွေးထဲ ခပ်သောက်ဘယ်လိုလူတွေ သောက်ရမလဲ???🍃🌱 အထူး...
21/11/2024

ပူစီနံရွက်ကို အရိပ်ထဲမှာ အခြောက်ခံပြီး လေလုံအောင်ထည့်ထား
လက်ဖက်ခြောက်လိုရေနွေးထဲ ခပ်သောက်

ဘယ်လိုလူတွေ သောက်ရမလဲ???

🍃🌱 အထူးသဖြင့် လက်ဖက်ခြောက်အဖြစ် စားသုံးတဲ့အခါ နာကျင်သော အူမငြိမ်ရောဂါသမားများ ( IBS လက္ခဏာများ) ကို လျှော့ချနိုင်ပြီး အူမကြီးကြွက်သားများကို ပြေလျော့စေခြင်းဖြင့် အစာခြေစနစ်ကို ကောင်းမွန်စေပါလိမ့်မယ်။
🌱 ဝမ်းဖောဝမ်းရောင်၊ ဝမ်းသွားခြင်း၊ လေထိုးလေအောင့်ဖြစ်ခြင်း၊ အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်တာ စတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းပြသနာတွေကို လျော့ပါးစေပါတယ်။
🌱 သင့်အူအတွင်းရှိ မလိုလားအပ်သော
ဘက်တီးရီးယားများကို တိုက်ဖျက်ပေးပါလိမ့်မယ်။

#ဗဟုသုတ
#တိုင်းရင်းဆေး #သဘာဝဆေးနည်း
#ဆောင်တော်မူအစာအိမ်ဆေး
#ဆောင်တော်မူတိုင်းရင်းဆေးခန်း လမ်းသွယ်(၈)ဇောတိကလမ်းနှင့်ရန်ကင်းလမ်းကြား
#မုံရွာမြို့

21/11/2024
Some Cute Reviews on tt😊
27/10/2024

Some Cute Reviews on tt😊

Check out ဆောင်တော်မူ တိုင်းရင်းဆေး🌿’s video.

တခြားအသီးများနှင့်မတူဘဲ ကျန်းမာရေးနှင့်ညီညွတ်တဲ့ အဆီများပြီး သကြားပါဝင်မှုနည်းတာကြောင့် ထူးခြားပြီး အာဟာရပြည့်ဝတယ်။ ထောပ...
17/10/2024

တခြားအသီးများနှင့်မတူဘဲ ကျန်းမာရေးနှင့်ညီညွတ်တဲ့ အဆီများပြီး သကြားပါဝင်မှုနည်းတာကြောင့် ထူးခြားပြီး အာဟာရပြည့်ဝတယ်။

ထောပတ်သီးမှာ
#အစာခြေအင်ဇိုင်း lipase ပါဝင်တယ်။
ဒီအင်ဇိုင်းက အဆီမော်လီကျူးတွေကို ချေဖျက်ပြီး ခန္ဓာကိုယ်မှ လွယ်လွယ်စုပ်ယူရန် ဖက်တီးအက်ဆစ်နှင့် glycerol ကဲ့သို့သော သေးငယ်သော မော်လီကျူးများဖြစ်အောင် ကူညီပေးသည်။

ပုံမှန်ဆို Lipase ကို သင့်ပန်ကရိယက ထုတ်ပေးတာကြောင့် အစားအစာကနေ ရယူဖို့ သိပ်မလိုအပ်ပါ။ သို့သော် အဆီများသော အစာစားပြီးနောက် lipase enzyme ကိုအားဖြည့်ခြင်းဖြင့် အစာခြေဖျက်မှုကို သက်သာစေနိုင်သည်။ နောက် ပန်ကရိယမှာ ရောဂါတစ်ခုခုရှိနေတဲ့အခါမှာလဲ ဒီ Enzyme လိုလာပါတယ်။

ထောပတ်သီးမှာ polyphenol oxidase အပါအဝင် အခြားသော အင်ဇိုင်းတွေလည်း ပါဝင်ပါတယ်။

#ဗဟုသုတ
#တိုင်းရင်းဆေး #သဘာဝဆေးနည်း
#ဆောင်တော်မူအစာအိမ်ဆေး
#ဆောင်တော်မူတိုင်းရင်းဆေးခန်း လမ်းသွယ်(၈)ဇောတိကလမ်းနှင့်ရန်ကင်းလမ်းကြား
#မုံရွာမြို့

အစာအိမ်ပိုးကူးစက်ခံထားရသူလေးတွေများလို့👇👇ဒီမှာ H. pylori ကူးစက်မှုနှင့်ဆက်စပ်နေသော အစာအိမ်ရောဂါကို အထောက်အကူဖြစ်စေဖို့ အ...
13/10/2024

အစာအိမ်ပိုးကူးစက်ခံထားရသူလေးတွေများလို့👇👇

ဒီမှာ H. pylori ကူးစက်မှုနှင့်ဆက်စပ်နေသော အစာအိမ်ရောဂါကို အထောက်အကူဖြစ်စေဖို့ အိမ်တွင်းကုထုံး ၉ မျိုး

⚜⚜⚜⚜⚜⚜

၁. ပျားရည်-
ပျားရည်အစိမ်းသည် ဘက်တီးရီးယားပိုးမွှားများကို ဆန့်ကျင်သည့် ဂုဏ်သတ္တိများရှိပြီး အစာအိမ်အတွင်းသားကို သက်သာစေနိုင်သည်။ တစ်နေ့တစ်ဇွန်းသောက်ပါ။

၂. ကြက်သွန်ဖြူ -
ကြက်သွန်ဖြူစိမ်းက H. pylori ကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ၎င်းကို သင့်အစားအစာများတွင် ထည့်ပါ သို့မဟုတ် ဖြည့်စွက်ပုံစံဖြင့် စားသုံးကြည့်ပါ။ ( GERD + သမားတွေ မစားသင့်)

၃. Apple Cider Vinegar :
စားပွဲတင်ဇွန်းတစ်ဇွန်းကို ရေတစ်ဖန်ခွက်ထဲ ဖျော်ပြီး အစာမကြေခင် သောက်ပေးပါ။

၄. အစားအသောက်ပြောင်းလဲမှု-
အစပ်၊ အက်စစ်ဓာတ် သို့မဟုတ် ကြော်ထားသော အစားအစာများကို ရှောင်ပါ။ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ အစေ့အဆန်များနှင့် ပိန်သောပရိုတင်းဓာတ်များ ကြွယ်ဝသော အစားအစာကို အာရုံစိုက်ပါ။

၅. ရေဓာတ်ရှိနေပါ -
အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ ရေများများသောက်ပါ။

၆. စိတ်ဖိစီးမှုကို စီမံခန့်ခွဲခြင်း-
စိတ်ဖိစီးခြင်းသည် ရောဂါလက္ခဏာများကို ပိုဆိုးရွားစေသည်။ ယောဂနှင့် တရားထိုင်ခြင်းကဲ့သို့သော အလေ့အကျင့်များသည် စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်သည်။

၇. Ginger Tea -
ဂျင်းက အစာအိမ်ရောင်ရမ်းမှုကို လျှော့ချပေးနိုင်ပါတယ်။

၈. ရှားစောင်းလက်ပတ်ဖျော်ရည် -
အစာအိမ်အတွင်းသားကို သက်သာစေပြီး လှုံ့ဆော်မှုကို လျှော့ချပေးနိုင်ပါတယ်။ အစာမစားမီ အနည်းငယ်သောက်ပါ။

၉. Chamomile Tea -
စိတ်ကို တည်ငြိမ်စေသော အာနိသင်ကြောင့် လူသိများသော chamomile သည် အစာအိမ်ရောင်ရမ်းမှုကို လျှော့ချပေးနိုင်သည်။

🍀🍀 အထူးသဖြင့် H. pylori ကူးစက်ထားသူများ ကုသမှုအသစ်မစတင်မီ ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် အမြဲတိုင်ပင်ပါ။

#အစာအိမ်ရောဂါ #အစာအိမ်ပိုး
#ဗဟုသုတ
#တိုင်းရင်းဆေး #သဘာဝဆေးနည်း
#ဆောင်တော်မူအစာအိမ်ဆေး
#ဆောင်တော်မူတိုင်းရင်းဆေးခန်း လမ်းသွယ်(၈)ဇောတိကလမ်းနှင့်ရန်ကင်းလမ်းကြား
#မုံရွာမြို့

11/10/2024

Address

Mandalay
05051

Telephone

+959454686587

Website

Alerts

Be the first to know and let us send you an email when တိုင်းရင်းဆေးနှင့် အခြေခံကျန်းမာရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to တိုင်းရင်းဆေးနှင့် အခြေခံကျန်းမာရေး:

Share