12/09/2021
#ရန်ကင်းစင်တာ
#ရန်ကင်းကိုဗစ်ကုသစင်တာဆိုတာ
ပြည်သူအတွက်ဖြစ်ပေါ်လာတဲ့ ပြည်သူစင်တာပါ။
#ကုသမှုခံယူကြတဲ့
လူနာတွေကို မိသားစုတွေလို
သဘောထားပြီး အားရှိမဲ့စကား
အားရှိမဲ့ အစားအသောက်တွေနဲ့
နေ့စဥ် ကျွေးမွေး စောင့်ရှောက်နေတာပါ။
#လူနာတွေကို မနက်၊ နေ့လည်၊ ညစာ
Tea Break စသဖြင့် တစ်နေ့ကို
အနည်းဆုံး လေးကြိမ်
အခမဲ့ကျွေးမွေးပါတယ်။
#အလှူရှင်ပြည်သူများရဲ့စေတနာနဲ့ အတူ
စင်တာရဲ့ ဂရုစိုက်မှုတွေက
လူနာများအတွက် ခွန်အားတက်စရာပါ။
#လှူဒါန်းချင်ကြတဲ့
သဒ္ဒါကြည်ဖြူ အလှူရှင်များအနေဖြင့်
တစ်နေ့တာ အာဟာရ အတွက်
(၄၀၀,၀၀၀) ကျပ် ကျသင့်မည်ဖြစ်ပြီး
နံနက်စာ၊ နေ့လည်စာ ၊ ညစာ၊ Tea Break
မိမိကြိုက်နှစ်သက်ရာ အချိန်အတွက်ကိုလည်း
အသီးသီး လှူဒါန်းနိုင်သလို
#အလှူရှင်များအနေဖြင့်
စိတ်ကြိုက် တိုက်ရိုက် မှာယူ ချက်ပြုတ်
ကျွေးမွေး လှူဒါန်းလိုလျှင်လည်း
လှူနိုင်ပါတယ်ရှင်။
#လူနာပြည်သူများ ရောဂါတွေ
အရှင်းပပျောက် သောကမရောက်စေဖို့
အစွမ်းကုန်ကြိုးစားပေးနေတဲ့
နွေးထွေးတဲ့ ရင်ခွင်လေးဟာ ပြည်သူကပြည်သူကို
စောင့်ရှောက်ပေးနေတာမို့
ကူညီလှူဒါန်းကြဖို့လဲ
ဖိတ်ခေါ်ပါတယ် ရှင်။
#နှလုံးသားကလာသည့်
မေတ္တာတရားတွေနှင့်အတူတူ
ကူညီစောင့်ရှောက်ကြပါစို့လားရှင်။
#ကုသစောင့်ရှောက်မှု့ခံရသူတွေလဲ
အမြန်ဆုံးကျန်းမာပြီး ပျော်ရွှင်စွာဖြင့်
နေရပ်ပြန်ရဖို့ကိုလဲ စင်တာမိသားစုက
မေတ္တာအပြည့်နဲ့ ဆုတောင်းပေးနေပါတယ်ရှင်။
🙏🙏🙏