EASY Online Saler

EASY Online Saler ကျန်းမာရေး အားဖြည့်ဓာတ်စာများ ကျန်းမာရေးအတွက် အားဖြည့်ဓာတ်စာများဖြစ်ပါတယ်။

💢 ကင်ဆာမဖြစ်ချင်ရင် ဒါလေးတွေဂရုစိုက်နော်==================================No.1 Vitamin D level ကို အကောင်းဆုံး အခြေအနေရေ...
18/02/2023

💢 ကင်ဆာမဖြစ်ချင်ရင် ဒါလေးတွေဂရုစိုက်နော်
==================================

No.1
Vitamin D level ကို အကောင်းဆုံး အခြေအနေရောက်အောင် ထားရမယ်။

No.2.
အသား များများမစားရပါ။

No.3
အိမ်တွင်းနဲ့ ခန္ဓာကိုယ်သန့်ရှင်းဖို့ ဓါတုပစ္စည်းများ မသုံးရ။ (ဥပမာ − ခြင်ဆေး ၊ Air fresher)

No.4
ဓါတုဆပ်ပြာ ၊ Skin Care များ မသုံးသင့်။

No.5
ချိုးရေ သောက်သုံးရေ အက်စစ်ဓါတ်၊ ဆားဓါတ်ကင်း၍ သောက်သုံးရန် သင့်တော်သော PH အခြေအနေမှာ ရှိရပါမယ်။ တတ်နိုင်ရင် Filteration System တပ်ကြပါ။ မြို့ပြလူနေမှုအတွက်သာ လိုမယ်ထင်ပါတယ်။ ကျေးလက်သဘာဝ ကြည်လင်သန့်ရှင်းသော ရေများက အဆင်ပြေပါတယ် ။

No.6
Organic Food ကို စားပါ။

No.7
သန့်ရှင်းသော လက်လုပ်ချဉ် စားပါ။

No.8
စည်သွပ်ဗူးများအစား လတ်ဆတ်သောအသားငါးကို စားပါ။

No.9
Microwave သုံးမယ်ဆိုရင် ဖန်ထည်ကိုသုံးပါ။ ပလတ်စတစ်၊ မယ်လမင်း မသုံးရပါ။

No.10
စိတ်ဖိစီးမှု လျှော့ပါ။

No.11
အိပ်ရေးဝဝ အိပ်ပါ။

No.12
အရွက်ရည်သောက်ပါ။

No.13
Probiotic ကို နေ့စဉ်သောက်ပါ။

No.14
Zinc 50mg သောက်ပါ။

No.15
Thyroid Hormone နည်းလျှင် ဖြည့်ပေးပါ။

No.16
နနွင်းကို သံလွင်ဆီ၊ ငါးကြီးဆီ၊ နှမ်းဆီ တခုခုနဲ့ ဖျော်သောက်ပါ။

No.17
တတ်နိုင်သမျှ Antioxidentမျိုးစုံ စားသောက်ပါ။

No.18
ဝမ်းမှန်ရပါမယ်။ နေ့စဉ် ပုံမှန်ဝမ်းသွားဖို့ ဂရုစိုက်ပါ။

No.19
ချွေးထွက်အောင် လှုပ်ရှားပါ။

No.20
လေ့ကျင့်ခန်းလုပ်ပါ။

No. 21
အသက်ပြင်းပြင်းရှူသော လေ့ကျင့်ခန်း လုပ်ပါ။

No.22
သကြားအတတ်နိုင်ဆုံးရှောင်ပါ။

No.23
အဆီ လျှော့စားပါ။

No.24
အသားကို ကင်စားခြင်းထက် ပြုတ်စားဖို့ ကြိုးစားပါ။

No 25
Process Food များရှောင်ပါ။

Credit - original writer (To be a better Health )

#ကျန်းမာရေး #အစားအစာ

နနွင်းမှာ တခြားသော အကျိုးကျေးဇူးရှိတယ်ဆိုတာ သိပြီးပြီလား❓❓❓နနွင်းဆိုတာ လူတိုင်းနဲ့ စိမ်းတဲ့ အရာတော့ မဟုတ်ပါဘူး နနွင်းကို...
30/01/2023

နနွင်းမှာ တခြားသော အကျိုးကျေးဇူးရှိတယ်ဆိုတာ သိပြီးပြီလား❓❓❓
နနွင်းဆိုတာ လူတိုင်းနဲ့ စိမ်းတဲ့ အရာတော့ မဟုတ်ပါဘူး
နနွင်းကို အိမ်တိုင်းလိုလိုမှာ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြလေ့ ရှိပါတယ်
ဒါပေမယ့် နနွင်းမှာ လူသိနည်းသေးတဲ့ အခြားသော အကျိုးကျေးဇူးများလည်း ရှိပါသေးတယ်
နနွင်းရဲ့ အခြားသော ဂုဏ်သတ္တိတွေကတော့…..
🔸 အစာအိမ်အောင့်ခြင်းကို သက်သာစေတယ်
နနွင်းကို စားသုံးပေးခြင်းဖြင့်
အစာအိမ်အောင့်တဲ့ဝေဒနာများ
သက်သာစေပါတယ်
🔸 အဆစ်အမြစ် နာကျင် ကိုက်ခဲခြင်းကို သက်သာစေတယ်
ဆား ၁ ဆနဲ့ နနွင်း ၂ ဆ ကို ရေနဲ့ရောပြီး မိနစ် ၂၀ ခန့်ထားပေးပါ
အဲ့ဒီနောက် အဆစ်အမြစ်များကို လိမ်းပေးခြင်းဖြင့်
နာကျင်ကိုက်ခဲနေရခြင်းများ သက်သာစေပါတယ်
🔸 နှလုံးရောဂါနဲ့ လေဖြတ်ခြင်းကို ကာကွယ်ပေးပါတယ်
နနွင်းကို စားသုံးခြင်းဖြင့် နှလုံးကျန်းမာရေးကောင်းမွန်ကာ
လေဖြတ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်
🔸 ထိခိုက်ရှနာခြင်းများအတွက် ပိုးသတ်ပေးပါတယ်
ထိခိုက်ရှနာတဲ့နေရာကို ဆေးကြောပြီးနောက်
နနွင်းလိမ်းကာ ပတ်တီးနဲ့စည်းပေးခြင်းဖြင့်
အနာကို ပိုးသေစေပြီး လျှင်မြန်စွာ သက်သာပျောက်ကင်းစေပါတယ်
🔸 အစာမကြေ ရင်ပူရင် သောက်ပေးလို့ရပါတယ်
နနွင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို
ရေ ၄ ခွက်လောက်နဲ့ ဆူအောင်တည်ပြီး သောက်ပေးရင်
အစာကြေကာ ရင်ပူခြင်းကို သက်သာစေပါတယ်
🔸 ဗောက်ပျောက်စေပါတယ်
အုန်းဆီနဲ့ နနွင်းကို ရောပြီး ဦးရေပြားပေါ်မှာ လိမ်းပေးပါ
၁၅ မိနစ်ခန့်ထားပြီး ခေါင်းလျှော်ပေးခြင်းဖြင့်
ဗောက်ထခြင်းကို သက်သာစေပါတယ်
🔸 အသားအရေလှပစေတယ်
နနွင်းအနည်းငယ်၊ ကြက်ဥတစ်လုံး နဲ့ သံပရာရည်အနည်းငယ်တို့ကို ရောပြီး
မျက်နှာပေါ်မှာ လိမ်းပေးပါ
မိနစ် ၂၀ ခန့်ထားပြီး ရေဆေးပေးခြင်းဖြင့် အသားအရေကို ကြည်လင် စိုပြေစေပါတယ်
🔸 ဝက်ခြံ ပျောက်စေပါတယ်
ပျားရည် ၁ ဇွန်း၊ ရေ ၁ ဇွန်း၊ နနွင်း ၁ ဇွန်း ရောကာ မျက်နှာကို လိမ်းပေးပါ။
၃ မိနစ်ထားပြီး ရေဆေးပေးခြင်းဖြင့်
ဝက်ခြံ နဲ့ မျက်နှာပေါ်ရှိ အစက်အပြောက်များ သက်သာလျော့နည်းစေပါတယ်
အထက်ဖော်ပြပါ အချက်များကတော့ နနွင်းရဲ့ လူသိနည်းနေတဲ့ အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။

‼ နောက်ထပ်လည်း ဒီလို ဗဟုသုတရဖွယ်ရာတွေ ဝေမျှပေးမှာ ဖြစ်လို့ page ကို Like & Follow လေး လုပ်ဖို့ အကြံပြုပါတယ်… 🥰

#နနွင်းအကျိုးကျေးဇူး
#ကျန်းမာရေး

💢 ဝက်ခြံမထွက်အောင် Moisturizer ရွေးနည်း Moisturizer လိမ်းပြီး ဝက်ခြံပိုထွက်လာသူအတွက် အရေးပါတဲ့အချက်တစ်ခုကို နည်းနည်းရှင်...
24/01/2023

💢 ဝက်ခြံမထွက်အောင် Moisturizer ရွေးနည်း

Moisturizer လိမ်းပြီး ဝက်ခြံပိုထွက်လာသူအတွက် အရေးပါတဲ့အချက်တစ်ခုကို နည်းနည်းရှင်းပြပါမယ်။ အစိုဓာတ်ထိန်းဆေးထဲမှာ serum, essence, ampoule, emulsion, day cream, night cream ဆိုပြီး အမျိုးမျိုး ရှိတယ်။ တချို့ နေလောင်ကာတွေမှာလည်း အစိုဓာတ်ထိန်းဆေးပါတယ်။ Shea butter, cocoa butter လိုမျိုး ပါနေလို့ပဲ။ ဝက်ခြံထွက်တတ်သူတစ်ယောက်ဟာ အစိုဓာတ်ထိန်းဆေး သုံးရင် သတိပြုရမယ်။ အဆီပြန်တဲ့အသားအရည်တွက် oil အဆီ သီးသန့် လိမ်းတာ လုံးဝရှောင်သင့်တယ်။ ဘာ့ကြောင့်လဲ။ အဆီတွေက sebaceous gland ရဲ့ pore အပေါက်တွေကိုသွားရောက်ပိတ်ဆို့ပြီး ဝက်ခြံကပိုဆိုးလာတတ်လို့။ အစိုဓာတ်လိမ်းဆေးသုံးတဲ့အခါ ကိုရီးယားတွေ အတိုင်း အကုန်လိုက်သုံးလို့ကတော့ ပိုဆိုးပြီသာမှတ်။ နဂိုကမရှိတဲ့ ဝက်ခြံတွေ (အထူးသဖြင့် အဆီဖု)တွေက မျက်နှာတစ်ပြင်လုံး စုံစိပြီး ထွက်လာတော့တာ။ ရာသီဥတု၊အနေအထိုင်၊အစားအသောက် မတူတဲ့အခါ ကိုယ်နဲ့ကိုက်မယ့် နည်းလမ်းကို ရွေးချယ်အသုံးပြုတတ်ဖို့လိုပါတယ်။

စနစ်တကျဘယ်လိုသုံးမလဲ

(၁) အသားခြောက်တဲ့အခါ ပထမအဆင့် serum သို့ essence ကို အရင်သုံးကြည့်ပါ။ သူက ရေထက်နည်းနည်းပိုပြစ်တယ်။ ချွေးပေါက်၊အဆီအိတ်ပိတ်နိုင်ချေနည်းတယ်။

(၂) မရသေးရင် emulsifier ပိုများတဲ့ emulsion (နို့ရည်)ကို ဆက်သုံးပါ။

(၃) အဲဒါမှ မသက်သာသေးရင် cream type တွေ စသုံးလို့ရတယ်။ သတိပြုရမှာက cream ထဲမှာ oil, bee wax နဲ့ Shea butter တမျိုးမျိုး သေချာပေါက်ပါတယ်။ ဒါတွေမပါပဲ cream type moisturizer တွေထုတ်လို့မရဘူး။ သူတို့က comedogenic ဝက်ခြံအဖုတွေ ထွက်တတ်တဲ့ အာနိသင်ရှိတယ်။ ဒါ့ကြောင့် ဆောင်းရာသီက လွဲရင် ကျန်တဲ့ကာလတွေမှာ cream type ကို သတိထားသုံးစွဲရမယ်။

(၄) oil အဆီကတော့ ကိုရီးယား၊တရုတ်၊ဂျပန်လို အေးခဲတဲ့ဒေသတွေမှာ နေရင် အသုံးဝင်တယ်။ လေထုစိုထိုင်းစအရမ်းနည်းပြီး ခြောက်သွေ့လွန်းတဲ့ အသားအရည်ဖြစ်လို့ protective layer အနေနဲ့ကာကွယ်ပေးချင်တဲ့အခါoil ကို သုံးရတာဖြစ်တယ်။ မြန်မာပြည် အအေးပိုင်းမှာ နေတဲ့သူတွေလည်း cream သို့်မဟုတ် oil တခုခု လိုကောင်းလိုနိုင်ပါတယ်။ မြေပြန့်ဒေသမှာ နေတဲ့သူတွေကတော့ ပက်ကြားအက်တဲ့အဆင့်ထိမရောက်သေးရင် ဒီနှစ်မျိုးကို ရှောင်သင့်တယ်။ အထူးသဖြင့် နွေရာသီပူအိုက်တဲ့ကာလတွေမှာ..။

အနှစ်ချုပ်ရရင် ဝက်ခြံထွက်တဲ့အသားအရေမှာ အစိုဓာတ်ထိန်းချင်တဲ့အခါ serum သို့ essence အရင် စမ်းလိမ်းကြည့်ပါ။ မရသေးရင် ဒုတိယအဆင့်အနေနဲ့ Emulsion သုံးပါ။ အဲဒါမှမရသေးရင် cream တမျိုးမျိုးသုံးပါ။ နောက်ဆုံးအဆင့် အသားအရေ ပက်ကြားအက်တဲ့အဆင့်ရောက်မှ oil တမျိုးမျိုးကို အသုံးပြုရမယ်။ ဒီအတိုင်း စနစ်တကျသုံးရင် moisturizer လိမ်းပြီး ဝက်ခြံထွက်ခြင်းမှ ကာကွယ်ပေးနိုင်လိမ့်မယ်။

Credit:
ဒေါက်တာအေးမင်းထူး

#အရေပြား
#ကျန်းမာရေး
#အလှအပ

‼ Skincare အသုံးပြုပုံ အဆင့်ဆင့်...... ☀️မနက်ပိုင်း (၁) မျက်နှာသစ်ပါ။(၂) Toner လိမ်းပါ။(၃) ပြီးရင်serum လိမ်းပေးပါ။(၄) အ...
22/01/2023

‼ Skincare အသုံးပြုပုံ အဆင့်ဆင့်......

☀️မနက်ပိုင်း

(၁) မျက်နှာသစ်ပါ။
(၂) Toner လိမ်းပါ။
(၃) ပြီးရင်serum လိမ်းပေးပါ။
(၄) အစိုဓာတ်ထိန်း moisturizer ဆက်သုံးနိုင်ပါတယ်။
(၅) ပြီးရင် နေလောင်ကာ sunscreen လိမ်းပေးပါ။
(၆) နောက်ဆုံးရောက်မှသာ makeup primer (သို့) foundation တခုခုသုံးရပါတယ်။
♥♥♥♥♥♥♥♥♥♥♥♥♥

🌚ညပိုင်း

✅ညဖက် Skincare သုံးတဲ့အခါ နံပါတ်(၄)ထိ အစဉ်တိုင်းသုံးနိုင်တယ်။
✅ဒါပေမယ့် sunscreen နဲ့ makeup လုံးဝမသုံးသင့်ပါ
✅အဆိုပါပစ္စည်းတွေက အဆီဂလင်း၊ချွေးဂလင်းတွေကို ပိတ်ဆို့စေတယ်။
✅အဆီပြန်စေပြီး ဝက်ခြံကို ဖြစ်စေတယ်။
♦♦♦♦♦♦♦♦♦♦♦♦♦

🔥သတိပြုစရာ အချက်များ.......

(၁) တိုနာသုံးတဲ့အခါ ခြောက်သွေ့အောင်အရင် ထားပြီးမှ အခြား skincare တွေဆက်သုံးပါ။

(၂) ညဖက်လိမ်းတဲ့အခါ moisturizer ကို နောက်ဆုံးမှလိမ်းရပါတယ်။ အဲဒီပေါ်မှာ ဘာမှ ထပ်မလိမ်းပါနဲ့။

(၃) မျက်နှာသစ်ဆပ်ပြာတွေကြောင့် အရေပြားရဲလာရင် ဘာမှမသုံးဘဲ ခဏစောင့်ပါ။ ရဲတာ သက်သာမှ skin care တွေ ဆက်သုံးသင့်ပါတယ်။

Credit:

#အလှအပရေးရာ
ုံးပြုနည်း
#အသားရေ
#ကျန်းမာရေး

🍇🍷စပျစ်ဝိုင်ရဲ့ အကျိုးကျေးဇူးများ🍷🍇၀ိုင်သောက်ရင် ကျန်းမာရေးအတွက် ဘယ်လိုအကျိုးကျေးဇူးရှိလဲဆိုတာ မျှဝေပေးချင်ပါတယ်။ #အသက်ရ...
21/01/2023

🍇🍷စပျစ်ဝိုင်ရဲ့ အကျိုးကျေးဇူးများ🍷🍇

၀ိုင်သောက်ရင် ကျန်းမာရေးအတွက် ဘယ်လိုအကျိုးကျေးဇူးရှိလဲဆိုတာ မျှဝေပေးချင်ပါတယ်။

#အသက်ရှည်စေတယ်

ညဖက်မှာ ဝိုင်တစ်ခွက် အမြဲသောက်ပေးရင် အသက်ရှည်စေပါတယ်။ ဝိုင်ပုံမှန်သောက်တဲ့သူတွေဟာ ဘီယာ (သို့) အရက် ပုံမှန်သောက်တဲ့သူတွေထက် သေဆုံးမှုနှုန်း ၃၄ % နည်းပါတာကိုတွေ့ရပါတယ်။ အသက်ရှည်ရှည်နေချင်ပါသလား အမြဲနုပျိုချင်ပါသလား ဝိုင်ကို တစ်နေ့ တစ်ခွက်သောက်ပေးပါ။

အနီရောင်ဝိုင်က နှလုံးကို ကာကွယ်ပေးပါတယ်။ အနီရောင်ဝိုင်တွေမှာ ပါ၀င်တဲ့ ဓါတ်တစ်မျိုးက နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။

#ဆီးချိုမဖြစ်ဘူး

၀ိုင်ကို တစ်နေ့တစ်ခွက်ပုံမှန်သောက်ရင် ဆီးချိုရောဂါဖြစ်ပွားမှုကို လျှော့ချ ကာကွယ်ပေးပါတယ်။ လေ့လာတွေ့ရှိချက်အရ ဝိုင်ပုံမှန်သောက်သူဟာ ဆီးချိုရောဂါဖြစ်ပွားမှု ၃၀ % ထိ နည်းပါးကြောင်း ထုတ်ပြန်ထားပါတယ်။ အနီရောင်ဝိုင်တစ်ခွက်က ဆီးချိုရောဂါဖြစ်ပွားမှုကနေ ကာကွယ်ပေးနိုင်ပါတယ်။

#သင့်ကို ပိုပျော်ရွှင်စေတယ်

၀ိုင်က စိတ်အပန်းပြေစေပြီး စိတ်ဖိစီးမှုကို လျှော့ချစေပါတယ်။ သူငယ်ချင်းတွေ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ဝိုင်ပါ၀င်တဲ့ ညစာစားရင်း စိတ်ပင်ပန်းမှုကို လျှော့ကျစေပါတယ်။

ကင်ဆာ ရောဂါဖြစ်ပွားမှုကို လျော့ချပေးတယ်
အနီရောင် ဝိုင်ကို တစ်နေ့ တစ်ခွက်ပုံမှန်သောက်တာဟာ ကင်ဆာရောဂါဖြစ်ပွားမှုကို လျှော့ချပေးပါတယ်။ ပုံမှန်သောက်ရင်တော့ ရင်သားကင်ဆာဖြစ်ပွားမှုနဲ့ တခြားကင်ဆာဖြစ်ပွားမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။

#ဦးနှောက်စွမ်းဆောင်ရည် မြင့်မားလာခြင်း

#လေဖြတ်မှုကို လျှော့ချပေးခြင်း

‼ ဘယ်လောက်များများသောက်ရမလဲ
အမျိုးသမီးတွေအတွက်ကတော့ တစ်နေ့ တစ်ခွက်ပါ။ ဝိုင်ပမာဏ ၅ အောင်စလောက်ကိုပဲသောက်ရမှာပါ။ အမျိုးသားတွေကတော့ တစ်နေ့ကို ၂ ခွက်သောက်ပေးရမှာပါ။ ဘယ်အရာဖြစ်ဖြစ် တန်ဆေးလွန် ဘေး ဆိုတာလဲသိသင့်ပါတယ်။

အဆိပ်ပြေစေမည့်တွဲဖက်အစားအစာများ========================မိမိတို့နေစဉ် စားသောက်နေကြတဲ့ အစားအစားတွေထဲမှာ အာဟာရကို ဖြစ်စေနို...
20/01/2023

အဆိပ်ပြေစေမည့်တွဲဖက်အစားအစာများ
========================
မိမိတို့နေစဉ် စားသောက်နေကြတဲ့ အစားအစားတွေထဲမှာ အာဟာရကို ဖြစ်စေနိုင်တဲ့ဓါတ်များ ပါ၀င်နေသလို ဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင်တဲ့အရာများလည်း ပါ၀င်နေကြပါတယ်။

ဥပမာအားဖြင့် မိမ်ိတို့မြန်မာလူမျိုးတွေ နှစ်ခြိုက်စွာ စားသုံးနေကြတဲ့ အီကြာကွေးထဲကို ကြွတ်ရွနေအောင် ကျောက်ကျဉ်တို့လို၊ ဆိုဒါတို့လိုဟာတွေ ထည့်ထားသည့်အတွက် Aluminum ဓါတ်ကို ဖြစ်ပေါ်စေပါတယ်။ ၄င်းအလူမီနမ်ဓါတ်ဟာ ဦးနှောက်ဆဲလ်များကို သေစေနိုင်ပြီး မှတ်ဉာဏ်ချို့တဲ့စေသလို လူ့ခန္ဓာကိုယ်အတွက်လည်း ဆိုးကျိုးများကို ဖြစ်ပေါ်စေပါတယ်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေပါတယ်။ ၄င်းအလူမီနမ်ဓါတ်ကို ခြေဖျက်ပေးနိုင်တာက ပဲနို့ရည်ဖြစ်ပါတယ်။ ထို့ကြောင့် နိုင်ငံခြားမှာ ပဲနို့နဲ့အီကြာကွေးကို အမြဲ တွဲရောင်းပေးလေ့ရှိကြတယ်။

မိမိတို့မြန်လူမျိုးများ နှစ်ခြိုက်စွာ စားသုံးနေကြသည့် ငပိရည်နှင့်တို့စရာတွေထဲမှ အချဉ်ဖောက်ထားသည့် ကတက်ချဉ်၊ မုန်လာချဉ်၊ မုန်ညင်းချဉ်၊ သရက်ချဉ်စတဲ့ ချဉ်ဖတ်အမျိုးမျိုးဟာ အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာစတဲ့ရောဂါများကို ဖြစ်ပေါ်စေနိုင်တဲ့ဓါတ်တွေ ပါ၀င်နေပါတယ်။ အဲဒီအချဉ်ဖောက်ထားတဲ့ဓါတ်ကို ပယ်ဖျက်ပေးနိုင်တာက ကီဝီသီးတို့လို ဗီတာမင်စီပြည့်၀တဲ့ အစားအစာဖြစ်ပါတယ်။

အောက်ပါ အစားအစာများကို တွဲဖက်၍ စားသုံးပေးခြင်းဖြင့် ၄င်းအစားအစာတို့တွင် ပါ၀င်သော အဆိပ်အတောက်များကို ပြေပျောက်စေပါမည်။

(၁) အသားကင်များစားလျှင် အစာအ်ိမ်ကင်ဆာမဖြစ်အောင် သံပုရာသီးညှစ်ထည့်ပြီး စားပါ။ Cellulose ဓါတ်ပြည့်၀တဲ့ ကန်စွန်းဥဖုတ် (သို့) စိမ်းစားဥကို စားပေးပါ။

(၂) အဆီအဆိမ့်များလွန်းသော ဒံပေါက်၊ ထောပတ်ထမင်း၊ ကြက်ဆီထမင်းတို့ကိုမစားမီ အနားမှာ ချပေးထားတဲ့ ပူစီနံ ၃ရွက်ခန့်ကို အရင်ဝါးစားပြီးမှ ထမင်းစားပါ။ အဆိပ်အတောက် ကင်းစေပါမည်။

(၃) လက်ဖက်စားပြီး အစာမကြေ၊ ရင်ပြည့်ရင်ကယ်မဖြစ်အောင် နွယ်ချို၊စမုံစပါး၊ လေးညှင်း၊ ပျားရည်၊ ကြက်သွန်စသည်တို့ပါ၀င်ထားတဲ့ လျှက်ဆားဆေး၊ မဟာဖြေဆေးတို့လို ဗမာဆေးများကို အနည်းငယ်မျှ စားပြီး ရေနွေးသောက်လိုက်ပါ။

(၄) မျှစ်ချဉ်သုပ်၊ မျှစ်ချင်ဟင်း၊ မျှစ်ချင်တို့စရာတို့ကို စားတော့မယ်ဆိုလျှင် သံပုရာသီး အနည်းငယ်မျှ ညှစ်ထည့်ပါ။ သို့မဟုတ် စားပြီးလျှင် သံပုရာရည်သောက်ပေးပါ။ အဆိပ်အတောက်များကို ပယ်ပျောက်စေမည်။

(၅) ဆေးဘဲဥအမျိုးမျိုးကိုစားပြီးလျှင် ခဲဓါတ်များပျက်ပယ်သွားအောင် ပဲပြား (သို့) တို့ဟူးကို စားပေးပါ။

(၆) အီကြာကွေးစားပြီးလျှင် မှတ်ဉာဏ်ချို့ယွင်းစေတဲ့ဓါတ်များပယ်သွားအောင် Lecithin ဓါတ်ပြည့်၀တဲ့ ပဲနို့ရည်ပူပူလေး သောက်ပေးပါ။

(၇) ၀က်အူချောင်း၊ ကြက်အူချောင်း၊ ၀က်ဆားနယ်ခြောက်၊ ငါးခြောက်တို့ကို စားပြီးလျှင် ကင်ဆာဖြစ်စေနိုင်တဲ့ဓါတ်များ ပယ်သွားအောင် လက်ဖက်ရည်ကြမ်းကို သောက်ပေးပါ။

(၈) ချဉ်ဖတ်အမျိုးမျိုးစားပြီးလျှင် ကျောက်ကပ်နှင့်ဆီးလမ်းကြောင်း မပျက်စီးအောင် ဗီတာမင်စီပြည့်၀တဲ့ကီဝီသီးကို စားပေးပါ။

(၉) ဟော့ပေါ့ (Hot pot) စားပြီးလျှင် အစာအိမ်ပြွန်လမ်းကြောင်းနှင့် ခံတွင်းကင်ဆာမဖြစ်အောင် အပူဓါတ်များကို စုပ်ယူခြေပျက်ပေးနိုင်တဲ့ ကျွဲကောသီးကို စားပေးပါ။

လူတိုင်းလူတိုင်း အနာရောဂါကင်းရှင်း၍ ကျန်းမာစွာ နေနိုင်ကြပါစေ။

crd to owner
#ကျန်းမာရေး
#အစားအစာ

အခုရက်ပိုင်း😧 ကွယ်လွန်သူတွေဟာ မနက် ၃ နာရီဝန်းကျင်မှာ ကွယ်လွန်ကြတာတွေ့ရပါတယ်..၃ နာရီ မှ ၈ နာရီ ကြားမှာ ရေသောက်အနည်းဆုံးဖြ...
19/01/2023

အခုရက်ပိုင်း😧 ကွယ်လွန်သူတွေဟာ မနက် ၃ နာရီဝန်းကျင်မှာ ကွယ်လွန်ကြတာတွေ့ရပါတယ်..

၃ နာရီ မှ ၈ နာရီ ကြားမှာ ရေသောက်အနည်းဆုံးဖြစ်ပြီး သွေးအပြစ်ဆုံးအချိန်မို့နှလုံးတိုက်ခိုက်ခံရနိုင်ခြေပိုများတဲ့အချိန်ပါ။

အိပ်ရေးပျက်မှာစိုးလို့ ညဘက် ရေမသောက်တဲ့အကျိုးဆက်ပါ။

#နှလုံးဆရာဝန်ကြီးတွေပြောပါတယ်။
နှလုံးအားနည်းလို့ နှလုံးရပ်သွားတာထင်ပါတယ်
သွေးမပျစ်အောင် ရေကိုသတိရတိုင်းသောက်ပေးကြပါ။

#ညအိပ်ခါနီးမှာ ရေသောက်ရင်အိပ်ရေးပျက်မယ်။ ညသန်းခေါင်ကျော်အချိန်ကြီးမှာ ဆီးထသွားရမယ်။

#ဒါကြောင့် အိပ်ခါနီးရင် ရေမသောက်ကြနဲ့လူတိုင်း ဒီလိုပဲ
ထင်ပြီး ဒီလိုပဲ ပြောဆိုလေ့ရှိကြပါတယ်။
ဒီလိုယူဆချက်က တကယ်တော့ မမှန်ပါဘူး။

နှလုံးရုတ်တရက် ထဖောက်လာလို့ဖြစ်တဲ့တဲ့ ဝေဒနာ (Heart Attack) နှင့်ရေ ဟာ ဒွန်တွဲနေပါတယ်။

လူတွေ ညဘက်မှာ နေ့ဘက်အချိန်တွေထက် ဘာကြောင့် ဆီးပိုသွားတတ်သလဲ.??

နေ့ဘက်မှာ လူတွေက မတ်တပ်ရပ်နေကြတယ်။ ကမ္ဘာ့ဆွဲအား (Gravity) ကြောင့် ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရေတွေက ပေါင်နဲ့
ခြေထောက်မှာသွားစုနေတယ်။ ညဘက်ရောက်တော့ ဒီလို
မဟုတ်တော့ဘူး။ လှဲနေ အိပ်နေကြတဲ့အတွက် ခန္ဓာကိုယ်က ဆန့်နေတယ်။

ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရေတွေကကျောက်ကပ် (Kidney) နှင့် တပြေးတည်းရှိနေတယ်။ ဒီတော့ ခန္ဓာကိုယ်အောက်ပိုင်းမှာ
ရှိတဲ့ ရေတွေက ကျောက်ကပ်ထဲကို စီး၀င်ဖို့ပိုလွယ်ကူသွားတာပေါ့။

ကျောက်ကပ်နှင့် ရေက ဘယ်လိုဆက်စပ်နေကြလဲ။ ခန္ဓာကိုယ်အထဲမှာ ရှိတဲ့ အဆိပ်တွေကို ဆီးအဖြစ် ခန္ဓာကိုယ်အပြင်ကို ရောက်ရှိအောင် ပြုလုပ်ပေးတာပေါ့ ။

#ရေပိုသောက်ပေးသင့်တဲ့အချိန်**

#မနက် အိပ်ရာနိုးနိုးချင်း ရေ (၂) ခွက် သောက်ပါ။
သင့်ခန္ဓာအတွင်းမှ ကလီစာတွေ ပိုပြီး အလုပ်လုပ်ကြပါလိမ့်မည်။

#နံနက်စာ မစားခင်မိနစ် (၃၀) အလိုမှာ ရေ (၁) ခွက် သောက်ပါ။
အစာကြေ လွယ်တာကို ခံစားရပါမယ်။

#ရေမချိုးခင် ရေ (၁)ခွက် သောက်ပါ။
သွေးတိုး (Blood Pressure) ကျစေပါလိမ့်မည်။

#အိပ်ရာမ၀င်ခင် ရေ (၁)ခွက် သောက်ပါ။
လေဖြတ်ရောဂါနှင့် နှလုံးနာရောဂါမှကင်းဝေးပါလိမ့်မယ်။

#အိပ်ရာမ၀င်ခင် ရေ (၁) ခွက် သောက်ခြင်းဟာ အထက်ပါ
ရောဂါ (၂)မျိုးမှသာ ကင်းဝေးစေတာ မဟုတ်ပါဘူး။
ညဘက် ခြေထောက်ကြွက်တက်တဲ့ ဒုက္ခ ( Leg Cramp )
မှလည်း ကင်းဝေးစေပါတယ်။

အဲဒီမှာ ရေက အရေးကြီးလာပြီ။
ရေကို မိမိ အိပ်ရာဘေးတွင် အဆင့်သင့် မဆောင်ထားလျှင် ဒုက္ခမရောက်ပေဘူးလား။ဒါကြောင့် လူတိုင်းဟာ မိမိတို့ အိပ်ရာဘေးရှိစားပွဲပေါ်တွင် ရေပုလင်း, ရေဗူးကိုအမြဲ အဆင်သင့် ဆောင်ထားပြီးအိပ်သင့်ကြပါတယ်။

မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်💕💕💕💕

#အားလုံးသက်ရှည်ကျန်းမာကြပါစေ။

🌹🌹

"moisturizer အကြောင်း စနစ်တကျ လေ့လာရအောင်"…………………………………………………………………………Moisturizer ဆိုတာ အစိုဓာတ်ထိန်းဆေးဖြစ်တယ်။ အစိုဓာတ...
16/01/2023

"moisturizer အကြောင်း စနစ်တကျ လေ့လာရအောင်"
…………………………………………………………………………

Moisturizer ဆိုတာ အစိုဓာတ်ထိန်းဆေးဖြစ်တယ်။ အစိုဓာတ်ထိန်းတာ မှန်သမျှ moisturizer ထဲပါတယ်။ ဒါ့ကြောင့် ကပ်သီးကပ်ဖဲ့ပြောရင် serum, essence, ampoule တွေကိုလည်း moisturizer ထဲထည့်လို့ရတယ်။ မြန်မာနိုင်ငံမှာတော့ moisturizer ဆိုတာ day cream နဲ့ night cream ကိုခေါ်ကြတာ။ အမှန်တော့ moisturizer အမျိုးအစား (၄)မျိုးရှိတယ်။

• Emulsion
Emulsionဆိုတာ ရေဓာတ်အခြေခံ အစိုဓာတ်ထိန်းပစ္စည်းပါပဲ။ အဆီပြန်တဲ့အသားအရေအတွက် emulsion type ကို ရွေးချယ်သင့်တယ်။ အစိုဓာတ်ကို ထိနိးပေးရုံမက အသားအရောင်ကို နညိးနည်းတင်ပေးတယ်။အသားရောင် ဖြူစင်ဝင်းပစေတယ်။ အဆီဂလင်းပိတ်ဆို့မှု လျှော့နည်းစေတယ်။ အရေပြားပါးပြီး sensentive သိပ်ဖြစ်ရင် Emulsion ကိုသုံးပါ။

• Lotion
လိုးရှင်းဆိုတာ အရေပြားကို လိမ်းရတဲ့ ခပ်ကျဲကျဲအရည်ကို ခေါ်တာပါ။ Emulsion ထက် နည်းနည်းပိုပြစ်တယ်။ ဒါပေမယ့် ထုတ်တဲ့ နိုင်ငံပေါ်မူတည်ပြီး လက်တွေ့မှာ အခေါ်ဝေါ်တွေ မတူညီကြပါ။ ကိုရီးယားလိုးရှင်းတွေဟာ moisturizer အများစုမှာ သုံးတဲ့အခေါ်ဖြစ်ပါတယ်။ ဂျပန်လိုးရှငိးတွေဆိုရင် toner ကို အဓိကပြောချင်တာပါဂ။ ဥပမာ Kose Sekkisei Lotion ဆိုတာ refreshing toner တိုနာတမျိုး ဖြစ်ပါတယ်။

• Cream
အဆီကို အခြေခံထုတ်ထားတယ်။ ဒါပေမယ့် အဆီပြနိတဲ့အသားအရေမှာ မသုံးပဲ အရေပြားခြောကိသွေ့သူတွေ သုံးသင့်တယ်။ အထူးသဖြင့် ဆောငိးရာသီမှာ သုံးရတယ်။ ခရင်မ်တွေထဲမှာလည်း အသားဖြူတာ၊ အရေးအကြောငိးကင်းစင်တာ၊ ရေဓာတ်အားဖြည့်တာနဲ့ ဝက်ခြံအတွက်ဆိုပြီး ထုတ်ထားတယ်။ မိမိနှစ်သက်ရာ ရွေးချယ်သုံးပါ။ day cream, night cream တွေက moisturizer တွေဖြစ်ကြတယ်။

• Gel
ရေဓာတ်အခြေခံဖြစ်လို့ အဆီပြန်တဲ့အသားအရေတွက်သင့်တော်တယ်။ silicone or gylerin မျိုး ထည့်ထားတယ်။ ဂျယ်ပုံစံဖြစ်လို့ cream (သို့) emulsion တို့ထက် အရောင်ပိုကြည်တယ်။ သုံးထားရင် အရေပြားက သန့်စင်ကြည်လင်သလို ဖြစ်နေတယ်။

ခြုံသုံးသပ်ရရင် အဆီပြန်တဲ့အသားအရေမှာEmulsion နဲ့ Gel moisturizers ကို သုံးရမှာ ဖြစ်ပြီး အရေပြားခြောက်သွေ့သူမှာ Creamကိုသုံးရမှာ ဖြစ်ပါတယ်။ lotion ကတော့ ပါဝင်ပစ္စည်းကို ကြည့်ပြီး သုံးသင့်တယ်။

Credit:
ဒေါက်တာ အေးမင်းထူး
၂၁.၇.၂၀

‼ အစာအိမ်ရောဂါခံစားနေရသူများအတွက်လွယ်ကူရိုးရှင်းသောကုသနည်းများနှင့်အစာအိမ်ရောဂါ/အနာရှိသူများအတွက်အစားအစာများ============...
16/01/2023

‼ အစာအိမ်ရောဂါခံစားနေရသူများအတွက်လွယ်ကူရိုးရှင်းသောကုသနည်းများနှင့်အစာအိမ်ရောဂါ/အနာရှိသူများအတွက်အစားအစာများ
===============================

အစာအိမ်ရောင်ယမ်းခြင်း၊ အချဉ်ပေါက်ခြင်းအပြင် လေထိုးလေအောင့်ဖြစ်ခြင်း စတဲ့ ဝေဒနာများကို မကြာခဏဆိုသလို ခံစားနေရတာကြောင့် အစာစားချင်စိတ်များပျောက်ပြီး ကျန်းမာသန်စွမ်းစွာအလုပ်မလုပ်နိုင်ပဲ စိတ်ညစ်နေရတဲ့သူများအတွက် လျင်မြန်စွာသက်သာစေနိုင်တဲ့ လွယ်ကူရိုးရှင်းသော နည်းလမ်းကောင်းလေးများကို ဖော်ပြပေးလိုက်ပါတယ်ရှင့်။

* ငှက်ပျောသီးစားပါ။

ဆေးပညာရှင်များပြောကြားချက်အရ သစ်သီးဝရံများကို နေ့စဉ်ပုံမှန်စားတာဟာ အစာအိမ်အချဉ်ပေါက်ခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ အထူးသဖြင့် ငှက်ပျောသီးမှာပါဝင်တဲ့ Vitamin B6 က အဆိပ်အတောက်များထုတ်လွှတ်မှုကို ထိန်းချုပ်ပေးနိုင်သည့်အပြင် အစာအိမ်တွင်းရှိ Acid များပြန်စီးခြင်းကို သက်သာစေနိုင်ပါတယ်။

*ခေါင်းအုံးအမြင့်ဖြင့်အိပ်စက်ပါ။

အစာအိမ်နာနေသူများအနေဖြင့် ညအိပ်ချိန်မှာ ဦးခေါင်းနှင့် ပခုံးကို အနည်းငယ်မြှင့်တင်ထားပေးပါ။ ဦးခေါင်းနှင့် ပခုံးကို ၆လက်မခန့်မြင့်သော အနေအထားဖြင့် အိပ်စက်အနားယူသင့်ပါတယ်။ ၄င်းအနေအထားဖြင့်အိပ်စက်ခြင်းဟာ အစာအိမ်ပြွန်တွင်းရှိ အဆိပ်အတောက်များ အထက်သို့တက်မလာစေရန် တားမြစ်ပေးနိုင်တယ်လို့ ဆေးပညာရှင်များက လေ့လာသိရှိခဲ့ကြပါတယ်။

* အုတ်ဂျုံ၊ #ပြောင်းဆန် စားပါ။

အစာအိမ်နာသူများအတွက် အထူးသင့်လျော်ပြီး အာဟာရဓာတ်ပြည့်ဝတဲ့ အစားအစာတစ်ခုပဲဖြစ်ပါတယ်။ အုတ်ဂျုံ၊ ပြောင်းဆန်တွင် ထူးခြားသော အစွမ်းအာနင်သင်များပါဝင်မှုမရှိသော်လည်း အစာချေဖျက်ရာမှာ လွယ်ကူမြန်ဆန်တာကြောင့် အစာအိမ်နာသူများအတွက် အထူးသင့်လျော်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။

* ရေအေးအေးမသောက်ပါနှင့်။

အစာအိမ်ရောဂါခံစားနေရသူအများစုဟာဆိုရင် အစာအိမ်နာကျင်ချိန်မှာ ရေသောက်လိုက်လျှင် သက်သာလာမယ်လို့ထင်တတ်ကြပါတယ်။ အမှန်တကယ်လည်း သက်သာလာတာကို တွေ့ရပါလိမ့်မယ်။ သို့သော် အချိန်ခဏမျှသာ သက်သာခြင်းဖြစ်ပါတယ်။ ရေအေးသောက်ခြင်းက အစာအိမ်အချဉ်ဓာတ်များထုတ်လွှတ်မှုကို ပိုပြီးအားပေးလိုက်သလို ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် အစာအိမ်နာချိန်မှာ ရေနွေးနွေးလေးသာ အနည်းငယ်မျှသောက်သုံးသင့်ပါတယ်

====================
အစာအိမ်ရောဂါ/အနာ ရှိသူများ စားသင့်သော အစားစာများ
💢💢💢💢💢💢💢💢💢💢💢💢💢💢
အစာအိမ် အနာရှိသူ တွေအနေနဲ့ မတည့်တဲ့ အစာစားမိရင် မိနစ်ပိုင်း အတွင်းမှာပဲ အလွန်အမင်း ဗိုက်အောင့်တဲ့ ဝေဒနာ ခံစား ရနိုင်ပါတယ်။ ရင်ပူနာ၊ ပျို့တာ၊ အန်တာနဲ့ လေပွတာတွေက မိမိနဲ့ မတည့်တဲ့ အစာစားမိတာကြောင့် ဖြစ်ရတာပါ။ ထို့ကြောင့် အစာအိမ်အနာရှိသူတွေ အနေနဲ့ အစားအသောက်ကို ရွေးချယ်ပြီး စားသောက် သင့်ပါတယ်။ အောက်ပါ အစားအစာတွေက အစာအိမ် အနာကြောင့် ဖြစ်တဲ့ ရောဂါလက္ခဏာတွေကို သက်သာနိုင်သလို အနာကျက်ဖို့လည်း ကူညီနိုင်ပါတယ်။

၁။ အက်စစ်ပါဝင်မှုနည်းသောသစ်သီးများ – သစ်သီးတွေမှာ ဗီတာမင်၊ သတ္တုဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ အမျှင်ဓာတ်တွေ များစွာ ပါဝင်တာကြောင့် အစာအိမ်အနာရှိသူတွေ စားသင့်ပါ တယ်။ ဒါပေမဲ့ အက်စစ် ဓာတ်ပါဝင်မှုများတဲ့ သစ်သီးတွေက ဝေဒနာကို ပိုဆိုးရွားစေနိုင်တာကြောင့် ရှောင်သင့်ပါတယ်။ ကီဝီသီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ ပန်းသီး၊ ပန်းသစ်တော်၊ ဘယ်ရီသီး၊ ထောပတ်သီး၊ သင်္ဘောသီးနဲ့ သခွားမသီးတွေက အက်စစ်ပါဝင်မှု နည်းတာကြောင့် အစာအိမ်အနာရှိသူတွေ စားသုံးသင့်တဲ့ သစ်သီးတွေပါ။

၂။ ပျားရည် – ပျားရည်က ချိုပြီး အာဟာရပြည့်ဝတဲ့အပြင် ဘက်တီးရီးယား ကို တွန်းလှန်နိုင်တဲ့ ဂုဏ်သတ္တိလည်း ရှိပါတယ်။ ဒါကြောင့် ပျားရည်ဟာ H-Pylori ဘက်တီးရီးယား ပိုးမွှားကြောင့် ဖြစ်တဲ့ အစာအိမ်အနာကို ကုသဖို့ အလွန် ကောင်းမွန်ပါတယ်။ မနက်အိပ်ရာ ထခါစမှာ စားပွဲဇွန်းတစ်ဇွန်းစာ ပျားရည်ကို သောက်ပြီး ဗိုက်အောင့်တာနဲ့ တစ်ဇွန်း သောက်ပေးပါ။

၃။ Cruciferousအမျိုးအစားဟင်းသီးဟင်းရွက်များ -ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုတ် ၊ ဘရိုကိုလီ၊ ကိုက်လန်၊ မုန့်လာဉနီ လိုမျိုးCruciferous အမျိုးအစား ဟင်းသီး ဟင်းရွက်တွေမှာ ဘက်တီး ရီးယားများကို တွန်းလှန်ပြီး အဆိပ်အတောက်ကို ပျက်ပြယ်စေနိုင်တဲ့ ဂုဏ်သတ္တိရှိတဲ့ ဆာလဖာသတ္တုဓါတ်တွေ မြောက်များစွာ ပါဝင်ပါတယ်။ ဒါ့အပြင် သူတို့မှာပါဝင်တဲ့ အမျှင်ဓာတ် များစွာ ၀မ်း မချုပ် အောင် ကာကွယ်ပေးနိုင်ပြီး ကိုယ်အတွင်း လူ့အကျိုးပြု ဘက်တီးရီးယားတွေ ပွားများနိုင်အောင် ကူညီပေးပါတယ်။

၄။ ဒိန်ချဉ် – သင်ရဲ့ အစာအိမ် လမ်းကြောင်းအတွင်းမှာ လူ့အကျိုးပြု ဘက်တီးရီးယား တွေ များစွာ ရှိနေတာက အစာအိမ်အနာရှိသူရော၊ မရှိသူအတွက်ပါ အလွန်ကောင်းမွန်ပါတယ်။ ဒိန်ချဉ်စား သုံးတာက လူ့အကျိုးပြု ဘက်တီးရီးယား တွေကို များစွာ ရရှိနိုင်ပါတယ်။

၅။ အဆီပါဝင်မှုနည်းသောနို့နှင့် အဆီ မပါသော အသားများ – ဗိုက်နာမှုကို ဖြစ်စေတဲ့ အစာအိမ် အနာကျက်ဖို့အတွက် ပရိုတင်းကို စားသုံးဖို့ လိုအပ်ပါတယ်။ အသားတွေမှာ ပရိုတင်းပါဝင်မှု အများ ဆုံး ဖြစ်တာကြောင့် အဆီ မပါတဲ့ အမဲသား၊ ၀က်သား၊ ကြက်သားနဲ့ ဆိတ်သားတွေကို စားပေးပါ။

ကြက်အရေခွံနဲ့ ၀က်ခေါက်လိုမျိုး အဆီပြင်တွေက အစာအိမ်အနာကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာလည်း ပရိုတင်းပါဝင်မှုများတာကြောင့် စားသုံးသင့်ပေမယ့် အဆီ ပါဝင်မှု နည်းတဲ့ အမျိုးအစားကို စားသုံးတာက အကောင်းဆုံးပါ။

crd to owner

Collagen ကဘယ်လောက်အရေးပါသလဲ . . ? ကျွန်တော်တို့ အသက်အရွယ်ကြီးလာတာ နဲ့အမျှ ချို့တဲ့မှုတွေ များလာတဲ့ အထဲမှာ Collagen လဲ ပါ...
15/01/2023

Collagen ကဘယ်လောက်အရေးပါသလဲ . . ?

ကျွန်တော်တို့ အသက်အရွယ်ကြီးလာတာ နဲ့အမျှ ချို့တဲ့မှုတွေ များလာတဲ့ အထဲမှာ Collagen လဲ ပါတဲ့အတွက်

👉 အရေပြားတွေတွန့်လာတယ်၊ ကြမ်းလာတယ်၊ ခြောက်သွေ့လာတယ်၊ အရောင်ညစ်လာတယ်
👉 ခြင်ဆီတွေခမ်း အရိုးနုတွေပါးလာတဲ့အတွက် (အိုနာ လို့ခေါ်တဲ့ osteoarthritis အရိုးအဆစ်တွေနာလာတယ်)
👉 အရိုးပါး/အရိုးပွ (Osteoporosis) တွေဖြစ်ပြီး အရိုးတွေကျိုးလွယ်လာတယ်
👉 အရွတ်တွေ မာကြောလာတဲ့ လှုပ်ရှားမှုတွေမချောမွေ့တော့ပဲ တောင့်တောင့်တင်းတင်းကြီး ဖြစ်လာတယ်။ လှုပ်ရှားရင် တကျွိကျွိမြည်ပြီး နာလာတယ်
👉 သွေးကြောနံရံတွေမကောင်းတော့ သွေးခြေဥလွယ်သလို သွေးခဲတာတွေဖြစ်လာတယ်
👉 ကြွက်သားတွေ နာလာသလို ၊ ကြွက်သားအားတွေပျော့လာတယ်
___________
အဲ့တော့ ကျွန်တော်တို့က လိုအပ်နေတဲ့ Collagen ကိုသာ တကယ်ပြန်ဖြည့်ပေးနိုင်ရင်

1. အရေပြားကျန်းမာရေးအတွက်အထောက်အကူဖြစ်တယ်

အသက်အရွယ်ရလာလျှင် ခန္ဓာကိုယ်က Collagen ထုတ်တာ နည်းလာတဲ့အတွက် အရေပြားတွေတွန့်လာတယ်၊ ကြမ်းလာတယ်၊ ခြောက်သွေ့လာတယ်၊ အရောင်ညစ်လာတယ်

Collagen ကို ဖြည့်ပေးခြင်း ဖြင့် အရေပြားရဲ့ Elasticity ကိုကောင်းစေပြီး ရေဓာတ်ပြည့်ဝစေတဲ့ အတွက် အရေးအကြောင်း အတွန့်အခေါက်တွေ နည်းစေပြီး အသားအရေစိုပြေစေလို့ အရေပြားကိုနုပျိုစေပါတယ်။

2. အဆစ်အမြစ်နာတာတွေကိုသက်သာစေတယ်

အဆစ်ဆိုတာဟာ အရိုးနှစ်ခုကို အရွတ်တွေ နဲ့ တွဲဆက်ထားပြီး ကြားထဲမှာ အရိုးနုခံထားတဲ့အတွက်

အသက်အရွယ်ရလာလို့

- အရွတ်တွေ မာလာခြင်း
- အရိုးနုတွေပါးလာခြင်း
- အရိုးပါး/အရိုးပွ လာခြင်းတွေကြောင့်

လှုပ်ရှားမှုတွေ အဆင်မပြေဖြစ်ပြီး အဆစ်တွေနာတတ်ပါတယ်၊

Collagen ကို ဖြည့်ပေးခြင်း ဖြင့်
👉 အရွတ်တွေလှုပ်ရှားမှုကောင်းလာခြင်း
👉 အရိုးနုတွေပါးလာခြင်း အထိုက်အလျောက်လျော့နည်းလာခြင်း နဲ့
👉 အရိုးပြုန်းတီး ပျက်စီးမှုနည်းလာခြင်း တို့ကြောင့်
အဆစ်အမြစ်နာတာတွေကိုသက်သာစေပါတယ်

3. အရိုးပြုန်းတီး_ပျက်စီးမှုနည်းစေပါတယ်

အရိုး ပျက်စီးစေတဲ့ အကြောင်းရင်းတွေကို ပယ်ရှားပေးပြီး
အရိုးရဲ့ သိပ်သည်းဆ လျော့ပါးမှုကို ကာကွယ်ပေးတဲ့အတွက် (အရိုးပါး/အရိုးပွရောဂါ - Osteoporosis) ဖြစ်ပွားမှုကို လျော့ကျစေပါတယ်

4. ကြွက်သားတွေကိုသန်စွမ်းစေတယ်

ကြွက်သားတွေရဲ့ ၁၀ ရာခိုင်နှုန်းလောက်က Collagen ဖြစ်သလို၊ ကြွက်သားနဲ့ အရိုးတွေကို တွဲဆက်ထားတဲ့ အရွတ်တွေမှာလည်း Collagen တွေပါဝင်လို့

Collagen တွေ ပြန်လည် ဖြည့်ဆည်းပေးတဲ့ အခါ အရွယ်ကြီးရင့်လို့ ကြွက်သားအားနည်းတာ တွေကို လျော့နည်းစေပါတယ်။

နှလုံး ဆိုတာကလည်း ကြွက်သားတွေ နဲ့ဖွဲ့စည်းထားတာဖြစ်လို့ ကြွက်သားတွေကို သန်စွမ်းစေခြင်းက နှလုံးကိုလည်း စွမ်းဆောင်ရည်မြင့်တက်စေပါတယ်။

5. ဆံပင်_နှင့်_ခြေသည်းလက်သည်းများကိုကျန်းမာစေပါတယ်

Collagen တွေ ချို့တဲ့မနေအောင်ဖြည့်ဆည်း ပေးခြင်းဖြင့်
ခြေသည်းလက်သည်း များ ကျွတ်ဆတ်မနေစေတဲ့အတွက် ကျိုးလွယ်ပဲ့လွယ်မဖြစ်စေသလို
ဆံပင်နှင့်ခြေသည်းလက်သည်း များကို ကျန်းမာသန်စွမ်းစွာ ရှည်လျားလာစေပါတယ်။

​တိကျတဲ့သုတေသနရလာဒ်မရှိသော်လည်း အူလမ်းကြောင်း နှင့် ဦးနှောက်ကိုလည်း ကျန်းမာသန်စွမ်းစေပါတယ်။

Credit.

#ကျန်းမာရေး

အပယိက ခေါင်းကိုက်ဝေဒနာရှောင်ရှားနည်း =========================(၁) ဗိုက်အဆာလွန်ခြင်းက ခေါင်းကိုက်စေတတ် သဖြင့်၊ အဆာမခံပါနှ...
12/01/2023

အပယိက ခေါင်းကိုက်ဝေဒနာရှောင်ရှားနည်း
=========================

(၁) ဗိုက်အဆာလွန်ခြင်းက ခေါင်းကိုက်စေတတ် သဖြင့်၊ အဆာမခံပါနှင့်။
(၂) သကြားအချိုဓာတ်က ခေါင်းကိုက်ခြင်းကို တမဟုတ်ချင်း ပြေပျောက် စေနိုင်၍၊ စားပွဲတင်ဇွန်း တစ်ဇွန်းစာ ပမာဏရှိသော သကြားကိုစားပေးပါ။
(၃) ယောဂကျင့်စဉ်က သွေးလည် ပတ်မှုကို ကောင်းမွန်စေပြီး၊ ခေါင်းကိုက်ခြင်းမှ ကာကွယ်ပေး ပါသည်။
(၄) ဆီကြော်မုန့်များ နှင့် အကြွတ်ကြော်များ စားသုံးခြင်းကို ဖြစ်နိုင်သမျှ ရှောင်ပါ။
(၅) အိပ်ရေး၀၀ အိပ်ခြင်းက အကောင်းဆုံးခေါင်းကို က်ပျောက်ဆေးပါ။
(၆) စိမ်းရောင်ခြယ် ဟင်းရွက်များ နှင့် ဓာတုကင်းစင်၍ သန့်ရှင်း လတ်ဆတ်သော သစ်သီး၀လံများများစားပေးပါ။
(၇) ခေါင်းကိုက်နေစဉ် နွားနို့တစ်ခွက်သောက် ပေးခြင်းက ဝေဒနာကို ပြေလျော့စေပါသည်။
(၈) ညအိပ်ခါနီး ဒိန်ချဉ်လုံး၀မသောက်ပါနှင့်။
(၉) ချိစ် နှင့်ချောကလက်များ အလွန် အကျွံမစားမိပါစေနှင့်။
(၁၀) ၀မ်းချုပ်မခံပါနှင့်။
(၁၁) လေကောင်းလေသန့်ရရှိသောနေရာတွင် နာရီ၀က်ခန့် လမ်းလျှောက်ရင်း၊ အသက်၀၀ရှုသည့် လေ့ကျင့်ခန်းလုပ်ပေးပါ။
(၁၂) ရေငတ်ခံခြင်း/နှာရည်ပြင်းပြင်းညှစ်ထုတ်ခြင်း/အလွန်အကျွံ အိပ်စက်ခြင်း စသည် တို့ကို မျှတမှုရှိပါစေ။

အားလုံးပဲ အဆင်ပြေကြပါစေခင်မျာ

crd to owner
#ကျန်းမာရေး

Address

113A & 56 Street Mandalay
Mandalay

Opening Hours

Monday 05:00 - 23:00
Tuesday 05:00 - 23:00
Wednesday 05:00 - 23:00
Thursday 05:00 - 23:00
Friday 05:00 - 23:00
Saturday 05:00 - 23:00
Sunday 05:00 - 23:00

Telephone

+959778237174

Website

Alerts

Be the first to know and let us send you an email when EASY Online Saler posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to EASY Online Saler:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram