03/03/2025
"ခံတက်ပင် (ကတက်ပွင့်)ဆေးဖက်ဝင်ပုံ"
အိမ်ရှေ့တမာ အိမ်နောက်ခံတက် စီးပွားတက်
ဆေးဝင်ပုံ
ခံတက်ပင်ဟာ စားလို့ ရရုံတင်သာမက ဆေးဖက်လည်း၀ငျလှပါတယျ။ အရှင်နာဂသိမ်ဆေးကျမ်းမှာ သူ့ဆေး၀င်ပုံ
ရေးထားပုံက စိတ်၀င်စားစရာ..
အရသာနဲ့ အကျိုးသွား..ခါးသက်၏ ပူ၏ ဝိပါကစပ်၏ ဝမ်းမီးကိုတောက်စေ၏ အနည်းဝမ်းသက်၏၊
ဂုဏ်နဲ့စွမ်းရည်.. ပြေပြစ်၏ သည်းခြေကိုပြုတတ်၏ လေသလိပ်ကိုငြိမ်းစေ၏ ဆီးအောင့်ရောဂါကျောက်တည်
ရောဂါ၊ ဂူလုံး၊ ပါဒရက်၊ ပိုးရောဂါ ၊သွေးဖေါက်ပြန်ခြင်း စသည်တို့ကို ပျောက်စေတတ်၏။ ရောဂါအလိုက်အသုံး
ပြုပုံမှာ ကျပ်တီးနာ၊ သက်တန့်လျောက်နာ၊ အပြင်းဖျား၊ အကိုက်အခဲ အဆစ်ယောင် ဆီးချို ကျောက်တည်ရောဂါ ဆီးအိပ်ရောင် ရောဂါများကိုပျောက်စေတယ်လို့ ဆိုထား
ပါတယ်...
ထို့အပြင်...မြန်မာဆေးကျမ်းများ အလိုအရ ခံတက်သည် ခါးသက်သက်ရှိ၏၊ ပူသောဂုဏ်သတ္တိ ရှိ၏၊ ၀မျးမီး ကို
တောက်စေ၏၊ ၀မျးကိုအနညျးငယျ သက်စေ၏၊ လေနှင့်
သလိပ်ကို ကြေစေ၍ ဆီးအောင့်ရောဂါ၊ ကျောက်တည်
ရောဂါနှင့် သွေးဖောက်ပြန်ခြင်းကို ပျောက်ကင်းစေနိုင်
၏....
အခေါက်အသုံးပြုပုံ
၁။ သက်တန့်နှင့် အနာပေါက်နာတို့၌ အခေါက်ကို ပရန္နဝါ မြစ်နှင့် သွေးသောက်သော် လျင်မြန်စွာ ပျောက်၏...
အရွက်အသုံးပြုပုံ
၁။ အရွက်ကိုကြိတ်၍ ရေနှင့်ဖျော်ပြီး မီးဖြင့် နွေးအောင်
ပြု၍ ကိုက်ခဲနာကျင်ရာ၌ လိမ်းသော် အကိုက်အခဲများ ပျောက်၏...
၂။ ရွက်ကြိတ်ညှစ်ရေနှင့် ကွမ်းရွက်ကြိတ်ညှစ်ရေ ဆတူ
ယူ၍ ထောပတ်နှင့်ရောသောက်သော် အဆစ်ရောင်ရောဂါ ပျောက်၏...
၃။ ခံတက်ချဉ်ထည့်စားခြင်း ၊ သုပ်စားခြင်းဖြင့် လေထိုး
လေအောင့် ရောဂါပျောက်၏...
အမြစ်အသုံးပြုပုံ
၁။ အမြစ်ခေါက်ကို ၄ ခွက် တစ်ခွက်တင် ပြုတ်သောက်
သော် ဆီးချို ၊ ကျောက်တည်ရောဂါ ပျောက်၏... ယင်းပြုတ်ရည်တွင် ကြံသကာ ရောသောက်သော် ဆီးအိမ်
ရောင်ရောဂါနှင့် ကျောက်တည်ရောဂါ ပျောက်၏...
၂။ အမြစ်ကို အပြင်းဖျားရောဂါကုဆေး၌လည်း ထည့်
သွင်းအသုံးပြု၏...
ခံတက် ရွက်နုများကိုခူးပြီး ငါးပိရေကြိုနှင့် တို့ကာစားနိုင်သည်၊ အများစုက ခံတက်ချဉ်ကို သုပ်စားကြသည် အချို့
ကမူ ခံတက်ချဉ်ကို ဝက်သား ကြက်သားများနှင့် ရောကာ ချက်စားကြသည်၊ "စျေးမှာခံတက်ချဉ်ဆိုပြီးသင်္ဘော
လက်ပံ(လဲမှို့)ရွက်ကိုပုံမှားရိုက်ရောင်းတတ်တယ်" ဆိုတာကြောင့် ခံတက်ချဉ် စစ်စစ်ဟာ အညာရဲ့ဒေသအစာဆိုတာ
ထင်ရှားတယ်...
ခံတက်ပင်တွေရဲ့ မူရင်းဒေသများက India, China, Bangladesh, Sri Lanka, Burma, Thailand, Cambodia, Laos, Indonesia, နဲ့ Malaysia နိုင်ငံတို့ဖြစ်ကြပါတယ်..
crd