Thazin Thitsar Lab - သဇင်သစ္စာဓါတ်ခွဲခန်း

  • Home
  • Myanmar
  • Mandalay
  • Thazin Thitsar Lab - သဇင်သစ္စာဓါတ်ခွဲခန်း

Thazin Thitsar Lab - သဇင်သစ္စာဓါတ်ခွဲခန်း Advanced Diagnostic Medical Laboratory

မှန်ကန်တိကျတဲ့အဖြေ
➡- ထိရောက်မြန်ဆန်သော ဝန်ဆောင်မှု
➡- ဓါတ်ခွဲကျွမ်းကျင် ပညာရှင်များရဲ့ Opinion များကို မန္တလေးမြို့ရှိ "သဇင်သစ္စာ အဆင်မြင့် ရောဂါရှာဖွေရေး ဓါတ်ခွဲခန်း" တွင် ဝန်‌ဆောင်မှုပေးနေပါပြီခင်ဗျာ....

သဇင်သစ္စာဓါတ်ခွဲခန်းတွင် တာဝန်ထမ်းဆောင်ရန်-* Runner.  - 2Postsအလိုရှိပါသည်စိတ်ဝင်စားပါက 09795364078 (Viber) သို့CV FORM ...
12/12/2023

သဇင်သစ္စာဓါတ်ခွဲခန်းတွင် တာဝန်ထမ်းဆောင်ရန်-

* Runner. - 2Posts
အလိုရှိပါသည်

စိတ်ဝင်စားပါက
09795364078 (Viber) သို့
CV FORM များပေးပို့လျှောက်ထားနိုင်ပါသည်ခင်ဗျာ

#သဇင်သစ္စာ

သဇင်သစ္စာ ဓါတ်ခွဲခန်းတွင် တာဝန်ထမ်းဆောင်ရန်-* Marketing      -2Posts အလိုရှိပါသည်စိတ်ဝင်စားပါက 09795364078  (Viber)သို့ ...
12/12/2023

သဇင်သစ္စာ ဓါတ်ခွဲခန်းတွင် တာဝန်ထမ်းဆောင်ရန်-
* Marketing -2Posts

အလိုရှိပါသည်
စိတ်ဝင်စားပါက
09795364078 (Viber)သို့
CV FORM များပေးပို့လျှောက်ထားနိုင်ပါသည်..

#သဇင်သစ္စာ

28/10/2023

"သီတင်းကျွတ် မင်္ဂလာအခါသမယမှာ ကျတ်သရေမင်္ဂလာတိုးပွား၍ ကိုယ်စိတ်နှစ်ဖြာကျန်းမာ စီးပွားဥစ္စာများ ဒီရေအလားတိုးတက်အောင်မြင်ပါစေကြောင်း" သဇင်သစ္စာ ဓါတ်ခွဲခန်း မိသားစုမှ ဆုမွန်ကောင်းတောင်း ဂါဝရပြုပါတယ်ခင်ဗျာ...🙏

Marketing Assistant-M/F (2) post-ဘွဲ့ရ(သို့မဟုတ်)ဆယ်တန်းအောင်မြင်ပြီးသူဖြစ်ရမည်-ဆေးရုံ ဆေးခန်း နှင့် ဓာတ်ခွဲခန်းပိုင်းအတ...
06/10/2023

Marketing Assistant-M/F (2) post
-ဘွဲ့ရ(သို့မဟုတ်)ဆယ်တန်းအောင်မြင်ပြီးသူဖြစ်ရမည်
-ဆေးရုံ ဆေးခန်း နှင့် ဓာတ်ခွဲခန်းပိုင်းအတွေ့အကြုံရှိသူဦးစားပေးမည်
-ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပြီးဆက်ဆံရေးပြေပြစ်ရမည်
-မန္တ‌‌ေလးမြို့တွင်းသွားလာနိုင်သူဖြစ်ရမည်
-သွက်လက်ချက်ချာ၍ သင်ယူတက်မြောက်လွယ်သူဖြစ်ရပါမည်

09 772 754 678(Viber) သို့ CV FORM တင်လျှောက်ထားနိုင်ပါသည် ခင်ဗျာ...
#သဇင်သစ္စာဓါတ်ခွဲခန်း

ပျော်ရွှင်ဖွယ်ရာမွေးနေ့လေးဖြစ်ပါစေ....🎉🎉🎉ယနေ့ကျရောက်သော မွေးနေ့မှ စ၍ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် အေးချမ်းသာယာပျော်ရ...
21/07/2023

ပျော်ရွှင်ဖွယ်ရာမွေးနေ့လေးဖြစ်ပါစေ....🎉🎉🎉

ယနေ့ကျရောက်သော မွေးနေ့မှ စ၍

စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် အေးချမ်းသာယာပျော်ရွှင်သော ဘဝခရီးလမ်းကို လျှောက်လှမ်းနိုင်ပြီး

ပျော်ရွှင်ချမ်းမြေ့ဖွယ် နိမိတ်ကောင်းဆောင်ကာ အောင်ကြောင်းဖြာသော နှစ်တစ်နှစ်ကို ပိုင်ဆိုင်နိုင်ပါစေလို့

ကျွန်တော်တို့ သဇင်သစ္စာဓါတ်ခွဲခန်းမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ...


သဇင်သစ္စာ အဆင့်မြင့်ဓါတ်ခွဲခန်း တွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများ ခေါ်ယူနေပါသည်။📢 Lab Runner📢 Phlebotomist📢 Lab Assista...
10/07/2023

သဇင်သစ္စာ အဆင့်မြင့်ဓါတ်ခွဲခန်း တွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများ ခေါ်ယူနေပါသည်။
📢 Lab Runner
📢 Phlebotomist
📢 Lab Assistant
(Male/Female)
♦️လစာ ညှိနှိုင်း
♦️သတ်မှတ်ထားသော Duty ချိန်အတိုင်းဆင်းနိုင်ရမည်
♦️အဖွဲ့အစည်းနှင့် လုပ်ကိုင်နိုင်သူဖြစ်ရမည်
CV Form တင်ရန် -
(Viber) 09978412995 /09772771160
ဆက်သွယ်ရန် - 09772771160 တို့ကို ဆက်သွယ်နိုင်ပါတယ်ခင်‌ဗျ။

မန္တလေးမြို့တွင် သွေးဖောက်ကျွမ်းကျင်ဝန်ထမ်းအလိုရှိသည်📢📢📢Phlebotomist (Male/Female - 3 Post)- ကလေး လူကြီးမရွေး ကျွမ်းကျင်...
03/07/2023

မန္တလေးမြို့တွင် သွေးဖောက်ကျွမ်းကျင်ဝန်ထမ်းအလိုရှိသည်📢📢📢

Phlebotomist (Male/Female - 3 Post)

- ကလေး လူကြီးမရွေး ကျွမ်းကျင်စွာသွေးဖောက်နိုင်ရမည်။
- ပေါင်းသင်းဆက်ဆံရေးကောင်းရမည်။
- စကားပြောချိုသာပြေပြစ်ရမည်။
- ရိုးသား ကြိုးစား၍ အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။
- နေ့ဆိုင်း ညဆိုင်းအလှည့်ကျဆင်းနိုင်ရမည်။
- လစာညှိနှိုင်း

လျှောက်ထားလိုပါက....

Viber - 09 772 771 160
09 978 412 995 တွင်ပေးပို့လျှောက်ထားနိုင်ပါသည်။

သဇင်သစ္စာ အဆင့်မြင့်ရောဂါရှာဖွေရေး ဓါတ်ခွဲခန်းတွင် တာဝန်ထမ်းဆောင်ရန်အတွက် Medical Technologist (Male/Female - 2 Posts)- ...
26/05/2023

သဇင်သစ္စာ အဆင့်မြင့်ရောဂါရှာဖွေရေး ဓါတ်ခွဲခန်းတွင် တာဝန်ထမ်းဆောင်ရန်အတွက်

Medical Technologist (Male/Female - 2 Posts)

- B.Med.Tech (Medical Technology) ဖြင့် ကျောင်းပြီးထားသူဖြစ်ရမည်။
- Full Time လုပ်ကိုင်နိုင်သူဖြစ်ရမည်။
- သတ်မှတ်ထားသော Duty Roster အတိုင်းဆင်းပေးနိုင်သူ (Long Day ဆင်းနိုင်သူဦးစားပေးပါမည်။)
- စိတ်ရှည်သည်းခံနိုင်သူဖြစ်ပြီး အဖွဲ့အစည်းဖြင့်လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
- လစာညှိနှိုင်း

Lab technician (Male/Female - 2 Post)

- Grade (1) / Grade (2) ကျောင်းပြီးထားသူ ဖြစ်ရမည်။
- Full Time လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
- သတ်မှတ်ထားသော Duty Roster အတိုင်းဆင်းပေးနိုင်သူ ဖြစ်ရမည်။ (Long Day ဆင်းနိုင်သူဦးစားပေးပါမည်။)
- စိတ်ရှည်သည်းခံနိုင်သူဖြစ်ပြီး အဖွဲ့အစည်းဖြင့်လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
- လစာ ညှိနှိုင်း

မိမိလျှောက်ထားလိုသည့် ရာထူးနှင့် မျှော်မှန်းလစာကို CVတွင်ရေးပြီး

Viber - 095130418 သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

#သဇင်သစ္စာဓါတ်ခွဲခန်း

လူကြီးမင်းတို့ကိုယ်တိုင် လာရောက်ပြီး ကျန်းမာရေးအတွက် သွေးဖောက်စစ်ဆေးဖို့ အခက်အခဲဖြစ်နေပါသလား?သဇင်သစ္စာ ဓါတ်ခွဲခန်းရဲ့  h...
09/05/2023

လူကြီးမင်းတို့ကိုယ်တိုင် လာရောက်ပြီး ကျန်းမာရေးအတွက် သွေးဖောက်စစ်ဆေးဖို့ အခက်အခဲဖြစ်နေပါသလား?

သဇင်သစ္စာ ဓါတ်ခွဲခန်းရဲ့ home service ကို သတိရလိုက်ပါ။

ကျွန်တော်တို့ရဲ့ သဇင်သစ္စာ ဓါတ်ခွဲခန်းတွင် ဖုန်းခေါ်လိုက်ရုံဖြင့် နာရီပိုင်းအတွင်း အိမ်တိုင်ရာရောက် သွေးဖောက်ဝန်ဆောင်မှုပေးနေပြီ ဖြစ်ပါတယ် ။

ကျွမ်းကျင်သော Phlebotomist များကိုယ်တိုင်လာရောက်၍ စနစ်တကျ သွေးဖောက်ပေးမှာ ဖြစ်ပြီး တိကျမှန်ကန်သော အဖြေများကို (၂၄) နာရီအတွင်း ရရှိအောင် သဇင်သစ္စာဓါတ်ခွဲခန်း မှ ဆောင်ရွက်ပေးနေပါပြီ ။

အသေးစိတ်မေးမြန်သိရှိလိုပါက -

📞 09 403 008 988
📞 09 403 008 558
📞 09 772 755 939

🏠 ၂၈×၂၉၊ ၇၃×၇၄ ကြား၊ မောက်မယ်ဝန်းအတွင်း ၊စိတ္တရမဟိရပ်ကွက် ၊ မန္တလေးဆေးရုံကြီး (အရှေ့မြောက်) ၊ မန္တလေးတိုင်းဒေသကြီး။

​ရိုသေလေးစားစွာဖြင့်

#သဇင်သစ္စာဓါတ်ခွဲခန်း

မင်္ဂလာရှိသော ကဆုန်လပြည့်(ဗုဒ္ဓနေ့) လေးမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာခြင်း နှင့် ကောင်းကျိုးလိုအင် ဆန္ဒတွေ တစ်လုံး...
03/05/2023

မင်္ဂလာရှိသော ကဆုန်လပြည့်(ဗုဒ္ဓနေ့) လေးမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာခြင်း နှင့် ကောင်းကျိုးလိုအင် ဆန္ဒတွေ တစ်လုံးတစ်ဝ ပြည့်ဝကြပါစေလို့ ကျွန်တော်တို့ ''သဇင်သစ္စာ'' ဓါတ်ခွဲခန်း မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ် ခင်ဗျာ......🙏

(၂၀၂၃)ခုနှစ် မေလ (၁)ရက်နေ့မှာ ကျရောက်သော ကမ္ဘာ့အလုပ်သမားများနေ့ကို ကျွန်တော်တို့ သဇင်သစ္စာဓါတ်ခွဲခန်း မိသားစု မှ ဂုဏ်ပြု...
01/05/2023

(၂၀၂၃)ခုနှစ် မေလ (၁)ရက်နေ့မှာ ကျရောက်သော
ကမ္ဘာ့အလုပ်သမားများနေ့ကို ကျွန်တော်တို့ သဇင်သစ္စာဓါတ်ခွဲခန်း မိသားစု မှ ဂုဏ်ပြုကြိုဆိုအပ်ပါသည်...👷🧑‍🔧

Hello 🤗လူကြီးမင်းတို့ကိုယ်တိုင် လာရောက်ပြီး ကျန်းမာရေးအတွက် သွေးဖောက်စစ်ဆေးဖို့ အခက်အခဲဖြစ်နေပါသလား?သဇင်သစ္စာ ဓါတ်ခွဲခန်...
27/04/2023

Hello 🤗
လူကြီးမင်းတို့ကိုယ်တိုင် လာရောက်ပြီး ကျန်းမာရေးအတွက် သွေးဖောက်စစ်ဆေးဖို့ အခက်အခဲဖြစ်နေပါသလား?

သဇင်သစ္စာ ဓါတ်ခွဲခန်းရဲ့ home service ကို သတိရလိုက်ပါ။

ကျွန်တော်တို့ရဲ့ သဇင်သစ္စာ ဓါတ်ခွဲခန်းတွင် ဖုန်းခေါ်လိုက်ရုံဖြင့် နာရီပိုင်းအတွင်း အိမ်တိုင်ရာရောက် သွေးဖောက်ဝန်ဆောင်မှုပေးနေပြီ ဖြစ်ပါတယ် ။

ကျွမ်းကျင်သော Phlebotomist များကိုယ်တိုင်လာရောက်၍ စနစ်တကျ သွေးဖောက်ပေးမှာ ဖြစ်ပြီး တိကျမှန်ကန်သော အဖြေများကို (၂၄) နာရီအတွင်း ရရှိအောင် သဇင်သစ္စာဓါတ်ခွဲခန်း မှ ဆောင်ရွက်ပေးနေပါပြီ ။

အသေးစိတ်မေးမြန်သိရှိလိုပါက -

📞 09 403 008 988
📞 09 403 008 558
📞 09 772 755 939

​ရိုသေလေးစားစွာဖြင့်

#သဇင်သစ္စာဓါတ်ခွဲခန်း

25/04/2023

Hello 🙋
ဒီနေ့လေးဟာ ကမ္ဘာငှက်ဖျားရောဂါတိုက်ဖျတ်ရေးနေ့(World Malaria Day) ဖြစ်ပါတယ်ခင်ဗျ..
ဒီနှစ်အတွက် ဆောင်ပုဒ်ကတော့ (ငှက်ဖျားရောဂါကင်းစင်ဖို့ ရင်းနှီးမြှုပ်နှံစို့ ၊ ဆန်းသစ်တီထွင်ဆို ၊အကောင်ထည်ဖော်ကြစို့ ) ဆောင်ပုဒ်လေး ဖြစ်ပါတယ်ခင်ဗျ..
OK ဒါဆို ငှက်ဖျားရောဂါ ဟာ ကြောက်စရာ အကောင်းဆုံး ရောဂါတစ်ခုလား ?
✖️NO ကြောက်စရာကောင်းတဲ့ ရောဂါတခု မဟုတ်တော့ပါဘူး...
ဘာကြောင့်လဲ ဆေးကုသလို့လည်းရနေပြီဗျ
ဟိတ်❗...
ဒါပေမဲ့ မပေါ့ဆသင့်ဘူးနော် ....
ကျွန်တော်တို့ ငှက်ဖျားရောဂါကြီးကို တိုက်ဖျတ်ဖို့ ကျွန်တော်တို့ လူသားမျိုးနွယ်တွေဟာ အစဉ်အဆက်ကြိုးစားလာခဲ့တဲ့ နေ့ရက်တွေမှာ ကျွန်တော်တို့ အခက်ခဲဆုံးအပိုင်းကတော့ ရောဂါလက္ခဏာမပြပဲနဲ့ ငှက်ဖျားရောဂါပိုးကို သယ်ဆောင်တဲ့ လူတွေဖြစ်ပါတယ်။
အဲတော့ ရောဂါလက္ခဏာမပြဘဲ ငှက်ဖျားရောဂါပိုးကို သယ်ဆောင်တဲ့ လူတွေဟာ ဆက်လက်ပြီးတော့ ပြန့်ပွားနိုင်တဲ့ Reservoir ဖြစ်တယ်ဆိုတာ ဘယ်သူမှမငြင်းဆိုနိုင်ပါဘူး။ အဲလိုမျိုးဟာတွေက ပုံမှန်ဆိုရင် ဘယ်လိုလူမျိုးမှာ ပိုပြီးတော့ ခက်ခဲစေလဲ impact ပိုများလဲဆိုတော့ (ဥပမာ- ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ မသိလိုက်ဘဲနှင့် ငှက်ဖျားရောဂါပိုးရှိနေတယ်ဆိုရင် မွေးတဲ့ကလေးလေးတွေကို ကျန်းမာစွာ ဖွံ့ဖြိုးတိုးတက်စွာ မွေးဖွားနိုင်မှာ မဟုတ်ပါဘူး)
အဲဒါကြောင့် မိမိမှာ ငှက်ဖျားရောဂါလက္ခဏာမရှိပေမဲ့ ပုံးကွယ်ရှိုးနေတဲ့ ငှက်ဖျားရောဂါ ရောဂါပိုးများရှိလား မရှိဘူးလား ဆိုတာ သိချင်တယ်ဆိုရင်တော့ သဇင်သစ္စာ ဓါတ်ခွဲခန်းကို ဆက်သွယ်ဖို့ မမေ့နဲ့နော် 🥰

ဆက်သွယ်ရန် -

09 -403 008 988,09- 403 008 558, 09- 772 755 939

၂၈×၂၉၊ ၇၃×၇၄ကြား၊ မောက်မယ်ဝန်းအတွင်း၊ စိတ္တရမဟိရပ်ကွက်၊ မန္တလေးဆေးရုံကြီး (အရှေ့မြောက်) ၊မန္တလေးတိုင်းဒေသကြီး။

သတိပြုရမည့် အပူဒဏ် အန္တရာယ်များဒီနှစ်နွေရာသီဟာ အခြားနှစ်တွေကထက် အပူချိန်ပြင်းတယ်ဆိုသာ အားလုံးသိကြမှာပါ။ ဆောင်းကသာ မအေးပေ...
25/04/2023

သတိပြုရမည့် အပူဒဏ် အန္တရာယ်များ

ဒီနှစ်နွေရာသီဟာ အခြားနှစ်တွေကထက် အပူချိန်ပြင်းတယ်ဆိုသာ အားလုံးသိကြမှာပါ။ ဆောင်းကသာ မအေးပေမယ့် နွေကတော့ အမြဲသစ္စာရှိပါတယ်နော်...
ဒါ့ကြောင့် ကျွန်တော်ဒီနေ့ ပြန်လည်မျှဝေပေးချင်တဲ့ အကြောင်းအရာကတော့ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ အပူဒဏ်ကြောင့် သတိလစ်ခြင်း အကြောင်းများကို မျှဝေပေးချင်ပါတယ်ခင်ဗျာ..

အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း (Heat Exhaustion)

☑️ဂနာမငြိမ်ခြင်း
☑️ခေါင်းမူးနောက်ခြင်း၊ ခေါင်းကိုက်ခြင်း
☑️ကြွက်တက်ခြင်းနှင့် နုံးချိပျော့ခွေခြင်း
☑️အလွန်အမင်းရေဆာခြင်း
☑️ခန္ဓာကိုယ်အပူချိန်မြင့်တက်ခြင်း

အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stoke)

☑️ခန္ဓာကိုယ်အပူချိန်အလွန်အကျွံမြင့်တက်လာခြင်း
☑️အရေပြားပူ၍ခြောက်သွေ့ခြင်း (သို့) ချွေးခန်းခြောက်ခြင်း
☑️ကယောင်ကတမ်းဖြစ်ခြင်း
☑️သတိလစ်ခြင်း၊ တက်ခြင်း

➡️အထက်ပါ အပူဒဏ်လက္ခဏာများ ခံစားနေရသော လူနာအား တွေ့ရှိပါက

☑️လူနာကိုအရိပ်ရ‌အေးမြသောနေရာသို့ရွှေ့ထားပါ
☑️လေပန်ကာ၊ လေအေးပေးစက်ဖွင့်ထားပေးပါ။ မရှိပါကယပ်ခတ်ပေးပါ
☑️လူနာ၏ခြေရင်းဘက်ကို မြှင့်ထားပေး၍ ပက်လက်အနေအထားဖြင့်ထားပါ
☑️လူနာ၏အဝတ်အစားများကို ချွတ်ပါ
☑️လူနာ၏ လည်ပင်း၊ ချိုင်းနှစ်ဖက်၊ ပေါင်ခြံနှစ်ဘက်တို့ကို ရေပတ်တိုက်ပါ
☑️လူနာကောင်းစွာသတိရနေပါက ရေအေးအေး (သို့) ဓါတ်ဆားရည်တိုက်ပါ

➡️အပူဒဏ်ကြောင့် သတိလစ်ခြင်းဖြစ်ပွားမည့်လက္ခဏာများ ပေါ်‌ပေါက်လာပါက နီးစပ်ရာ ဆေးရုံဆေးခန်းသို့ ချက်ချင်းပို့ဆောင်ရပါမယ်ခင်ဗျာ...

☑️ကျွန်တော်တို့ သဇင်သစ္စာ ဓါတ်ခွဲခန်း မှ လူကြီးမင်းတို့ ကျန်းမာရေးနဲ့ ပတ်သက်သော ဗဟုသုတဖြစ်ဖွယ် စာတိုများကို ဝေမျှပေးသွားမှာဖြစ်တဲ့အတွက် page ကို Like or Follow လုပ်ထားပေးကြပါအုန်းနော်...

🏠 ၂၈×၂၉၊ ၇၃×၇၄ ကြား၊ မောက်မယ်ဝန်းအတွင်း ၊စိတ္တရမဟိရပ်ကွက် ၊ မန္တလေးဆေးရုံကြီး (အရှေ့မြောက်) ၊ မန္တလေးတိုင်းဒေသကြီး။

☎️ 09- 403 008 988,09- 403 008 558,09- 772 755 939

Hello 🙋လူကြီးမင်းတို့ ခင်‌ဗျာ ...🙏သွေးစစ်ဆေးချင်တယ် ဒါမဲ့ ဘယ်ဓါတ်ခွဲခန်း ရွေးရမလဲ စဉ်းစားရခက်နေလား🤔 🆗 လူကြီးမင်းတို့ အတွ...
25/04/2023

Hello 🙋
လူကြီးမင်းတို့ ခင်‌ဗျာ ...🙏
သွေးစစ်ဆေးချင်တယ် ဒါမဲ့ ဘယ်ဓါတ်ခွဲခန်း ရွေးရမလဲ စဉ်းစားရခက်နေလား🤔
🆗 လူကြီးမင်းတို့ အတွက် တိကျရမယ် မှန်ကန်ရမယ် မြန်ဆန်ရမယ် ☺️ နိုင်ငံတကာသုံး အရည်အသွေးမြင့် ခေတ်မှီစက်ကြီးများ ကို အသုံးပြု၍ တိကျမှန်ကန်မြန်ဆန် တဲ့ (သဇင်သစ္စာ ဓါတ်ခွဲခန်း) ကိုရွေးချယ်စေချင်လိုပါတယ် ခင်ဗျ 😃
🤔ဪ ဒါနဲ့ 😉 ဓါတ်ခွဲခန်းသို့ သွေးလာမဖောက်ချင်ဘူး ရပါတယ်ခင်ဗျ😁 ဖုန်းလေးတစ်ချက် ☎️ Hello လို့သာဆက်လိုက် အိမ်တိုင်ရာရောက် ‌‌သွေးဖောက်တဲ့ ဝန်ဆောင်မှု လေး ပြုလုပ်ပေးနေပါပြီနော် ☺️☺️ လူကြီးမင်းတို့ စိတ်တိုင်းကျ အားလုံးအားလုံး OK👌စေရမယ့် သဇင်သစ္စာ ဓါတ်ခွဲခန်း မှာ သွေးစစ်ဆေးခြင်း ဖြင့် ကျန်းမာရေး‌ စောင့်ရှောက်မှု များ ပြုလုပ်လိုက်ပါခင်ဗျာ 😍😍

ဆက်သွယ်ရန်:
☎️ : 09- 403 008 988, 09- 403 008 558,09- 772 755 939

🏠: ၂၈×၂၉၊၇၃×၇၄ကြား ၊ မောက်မယ်ဝန်းအတွင်း၊ စိတ္တရမဟိရပ်ကွက် ၊ မန္တလေးဆေးရုံကြီး အရှေ့မြောက် ၊ မန္တလေးတိုင်းဒေသကြီး။

သွေးဖောက်ကျွမ်းကျင်ဝန်ထမ်းအလိုရှိသည်📢📢📢Phlebotomist (Male/Female - 3 Post)- ကလေး လူကြီးမရွေး ကျွမ်းကျင်စွာသွေးဖောက်နိုင်...
26/12/2022

သွေးဖောက်ကျွမ်းကျင်ဝန်ထမ်းအလိုရှိသည်📢📢📢

Phlebotomist (Male/Female - 3 Post)

- ကလေး လူကြီးမရွေး ကျွမ်းကျင်စွာသွေးဖောက်နိုင်ရမည်။
- ပေါင်းသင်းဆက်ဆံရေးကောင်းရမည်။
- စကားပြောချိုသာပြေပြစ်ရမည်။
- ရိုးသား ကြိုးစား၍ အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။
- နေ့ဆိုင်း ညဆိုင်းအလှည့်ကျဆင်းနိုင်ရမည်။
- လစာညှိနှိုင်း

လျှောက်ထားလိုပါက....

Viber - 09 458 472 621 တွင်ပေးပို့လျှောက်ထားနိုင်ပါသည်။

Marketing Assistant (Male/Female - 1 Posts)➡️ကျွန်တော်တို့၏ Thazin Thitsar ရောဂါရှာဖွေရေး ဓါတ်ခွဲခန်းရှိဈေးကွက်ရှာဖွေရေး...
12/12/2022

Marketing Assistant (Male/Female - 1 Posts)

➡️ကျွန်တော်တို့၏ Thazin Thitsar ရောဂါရှာဖွေရေး ဓါတ်ခွဲခန်းရှိ

ဈေးကွက်ရှာဖွေရေးဌာနတွင် အတူတကွ ပါဝင်ရန် သွတ်လက်တက်ကြွပြီး သင်ယူလိုစိတ်ရှိသော ရိုးသားကြိုးစားနိုင်သည့် "Marketing Assistant" - "1ဦး" ကို ရှာဖွေနေပါတယ်...

သင်က

➡- ဈေးကွက်ရှာဖွေရေး လုပ်ငန်းများတွင် အသက်မွေးဝမ်းကြောင်းအဖြစ် ရပ်တည်လိုသူ

➡- ဓါတ်ခွဲခန်း အတွေ့အကြုံရှိပြီး စိတ်အားထက်သန်ကာ တိုးတက်ချင်စိတ်အပြည့်ရှိသူ

➡- ပေါင်းသင်းပြောဆိုဆက်ဆံရေး ကောင်းမွန်ကာ ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်သူ

➡- သက်မှတ်ထားသော ရုံးချိန်အတွင်း လုပ်ကိုင်ဆောင်ရွက်နိုင်သူ

ဆိုရင်တော့ ကျွန်တော်တို့ ဓါတ်ခွဲခန်းတွင် လျှောက်ထားနိုင်ပါတယ်ခင်ဗျာ…

လျှောက်ထားရန် : (Viber -09 458 472 621)

မန္တလေးတိုင်းဒေသကြီးရှိ သဇင်သစ္စာဓါတ်ခွဲခန်းတွင်တာဝန်ထမ်းဆောင်ရန်Phlebotomist-သွေးဖောက်ကျွမ်းကျင် (Male/Female - 2 Posts...
05/12/2022

မန္တလေးတိုင်းဒေသကြီးရှိ သဇင်သစ္စာဓါတ်ခွဲခန်းတွင်တာဝန်ထမ်းဆောင်ရန်

Phlebotomist-သွေးဖောက်ကျွမ်းကျင် (Male/Female - 2 Posts)

- ကလေး လူကြီးမရွေး ကျွမ်းကျင်စွာသွေးဖောက်နိုင်ရမည် (လုပ်သက် အနည်းဆုံး 1 နှစ်)

- ဓာတ်ခွဲခန်းသဘောတရားများကို နားလည်သူဖြစ်ရမည်။

- ဆက်ဆံရေးကောင်းမွန်သူဖြစ်ရမည်။

- အပြောအဆိုယဥ်ကျေးပြီး လျှင်မြန်သွက်လက်ရမည်။

-လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး၆လရှိရမည်။

လျှောက်ထားလိုပါက ရုံးချိန် အတွင်း
Viber - 092015713 or 09953453440 သို့ ပေးပို့လျှောက်ထားနိုင်ပါသည်,..


14/10/2022

မန္တလေးတိုင်းဒေသကြီးရှိ သဇင်သစ္စာဓါတ်ခွဲခန်းတွင်တာဝန်ထမ်းဆောင်ရန်

➡ Lab Runner (Male ၁ ဦး) ⬅️ထပ်မံခေါ်ယူလိုပါသည်...

၁။ အသက် (18) နှစ်ပြည့်ပြီးသူဖြစ်ရမည်။

၂။ ပညာအရည်အချင်းအနည်းဆုံး 10 တန်းအထိ တတ်ရောက်ဖူးသူဖြစ်ရမည်။

၃။ မန္တလေး မြို့အတွင်း ကျွမ်းကျင်စွာ သွားလာနိုင်သူ ဖြစ်ရပါမည်။

၄။ Day & Night အလှည့်ကျဆင်းပေးနိုင်သူ ဖြစ်ရမည်။

၅။ Lab နှင့်ပတ်သက်သော လုပ်ငန်းအတွေ့အကြုံရှိပြီးသူ ဦးစားပေးမည်။

စိတ်ဝင်စားသူများသည် -
- CV Form
- မှတ်ပုံတင်မိတ္တူ
- သက်ဆိုင်ရာ ပညာရေးအထောက်အထားမိတ္တူ နှင့် သင်တန်းဆင်းလက်မှတ်များရှိပါက ထည့်သွင်းပေး၍

အောက်ပါ (viber) ဖုန်းနံပါတ် ဖြစ်သော 09 458 472 621 ပေးပို့ပြီး လျှောက်ထားနိုင်သလို၊ Page messenger မှတဆင့်လည်း လာရောက်လျောက်ထားနိုင်ပါသည်...

မန္တလေးတိုင်းဒေသကြီးရှိ သဇင်သစ္စာဓါတ်ခွဲခန်းတွင်တာဝန်ထမ်းဆောင်ရန်➡ Lab Assistant (၁ ဦး) ⬅️ခေါ်ယူလိုပါသည်...- At least ma...
30/08/2022

မန္တလေးတိုင်းဒေသကြီးရှိ သဇင်သစ္စာဓါတ်ခွဲခန်းတွင်တာဝန်ထမ်းဆောင်ရန်

➡ Lab Assistant (၁ ဦး) ⬅️ခေါ်ယူလိုပါသည်...

- At least matriculation exam passed (Graduated preferred)
- Experience in laboratory field preferred
- Can do phlebotomy
- Must have good computer skills
- May be rotated Day and Night Shifts
- Perform others duties are assigned.

စိတ်ဝင်စားသူများသည် -
- CV Form
- မှတ်ပုံတင်မိတ္တူ
- သက်ဆိုင်ရာ ပညာရေးအထောက်အထားမိတ္တူ နှင့် သင်တန်းဆင်းလက်မှတ်များရှိပါက ထည့်သွင်းပေး၍ အောက်ပါ (viber) ဖုန်းနံပါတ် 09 458 472 621 သို့ ပေးပို့နိုင်သလို thazinthitsarlabmdy@gmail.com သို့ပေးပို့လျောက်ထားနိုင်ပါသည်...

ကျွန်တော်တို့ ခန္ဓာကိုယ် မှာ ☑ဘယ်လိုရောဂါတွေခံစားနေရလဲ...☑ဘယ်လိုရောဂါတွေ ဖြစ်နေပြီလဲ...☑ဘယ်လိုရောဂါတွေ ဖြစ်ဖို့အလားအလာရှ...
15/06/2022

ကျွန်တော်တို့ ခန္ဓာကိုယ် မှာ

☑ဘယ်လိုရောဂါတွေခံစားနေရလဲ...
☑ဘယ်လိုရောဂါတွေ ဖြစ်နေပြီလဲ...
☑ဘယ်လိုရောဂါတွေ ဖြစ်ဖို့အလားအလာရှိနေပြီလဲ...

ဆိုတာကို ကျွန်တော်တို့ရဲ့ သွေးကနေတဆင့်သိနိုင်ပါတယ်...

➡သင့်မှာ ဘာရောဂါတွေရှိနေလဲဆိုတာကို သိမှ
ကာကွယ်ဖို့အတွက်ဖြစ်ဖြစ် ကုသဖို့အတွက်ဖြစ်ဖြစ် လုပ်လို့ရမှာပါ...

➡သွေးစစ်တာက ကျန်းမာရေးစောင့်ရှောက်ပေးသူတွေကို သင့်ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး အချက်အလက်တွေ အများကြီးပေးနိုင်တဲ့အတွက် ကျန်းမာပြီး ရောဂါကင်းစေဖို့ဆိုရင်တော့ ပုံမှန်သွေးစစ်နေဖို့လိုပါမယ်ခင်ဗျာ...

👍ကျွန်တော်တို့ရဲ့ Thazin thitsar ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း မှာ မိတ်ဆွေတို့ ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး ဈေးနှုန်းသက်သာစွာဖြင့် စစ်ဆေးပေးနေပါပြီခင်ဗျာ....

☑အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် 09 403008988, 09 403008558 တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ....🙏

၂၇ x ၂၈ ၊ ၇၃ x ၇၄ ကြား၊ မောက်မယ်ဝန်းအတွင်း စိတ္တရမဟိရပ်ကွက်၊ မန္တလေးဆေးရုံကြီး အရှေ့မြောက် ၊ မန္တလေးတိုင်း ဒေသကြီး။


#ရောဂါရှာဖွေရေးဓါတ်ခွဲခန်း

ဘာကြောင့်သွေးတွင်း Uric acid များရတာလဲဘာကြောင့်သွေးတွင်း Uric acid နည်းရတာလဲ....➡️Uric acid အကြောင်းကို ပြောပြီးပြီးဆိုတ...
14/06/2022

ဘာကြောင့်
သွေးတွင်း Uric acid များရတာလဲ
ဘာကြောင့်
သွေးတွင်း Uric acid နည်းရတာလဲ....

➡️Uric acid အကြောင်းကို ပြောပြီးပြီးဆိုတော့ ဒီနေ့မှာ ဘာကြောင့်သွေးတွင်း Uric acid များရတာလဲ၊ ဘာကြောင့်သွေးတွင်း Uric acid နည်းရတာလဲဆိုတာကို အနည်းငယ် ပြန်လည်ဝေမျှပေးလိုပါတယ်...

Uric acid နဲ့ ပက်သက်ပြီး သိလိုပါကလည်း အောက်ကလင့်မှာလေ့လာနိုင်ပါတယ်...

https://www.facebook.com/Thazinthitsarlaboratory/posts/153918050490521

➡️Uric acid ပမာဏများခြင်းဟာ အောက်ပါအခြေအနေတွေမှာ ဖြစ်နိုင်ပါတယ်။

☑️ကိုယ်ခန္ဓါမှ uric acid ထုတ်လုပ်မှုများခြင်း၊ စွန့်ပစ်မှု နည်းခြင်းနှင့်ပတ်သက်သော လူတစ်ဦးနှင့်တစ်ဦးကြား ကွာခြားချက်များ
☑️ကျောက်ကပ်ရောဂါ၊ ကျောက်ကပ်ပျက်စီးခြင်း
☑️အချို့ကင်ဆာ (သွေးကင်ဆာ၊ lymphoma၊ multiple myeloma) အစရှိတဲ့ ကင်ဆာအမျိုးအစားများ၊ ကင်ဆာရောဂါကုသမှုများ၊ haemolytic anemia၊ sickle cell anaemia၊ နှလုံးပျက်စီးခြင်းတို့ကြောင့် ကိုယ်ခန္ဓါ ဆဲလ်ပျက်စီးမှု များခြင်းများ
☑️အခြားရောဂါတွေဖြစ်တဲ့ အရက်စွဲခြင်း၊ တက်ခြင်း၊ အသည်းခြောက်ခြင်း၊ အဝလွန်ခြင်း၊ psoriasis၊ hypothyroidism၊ parathyroid hormone ပမာဏ နည်းခြင်း
☑️အစာမစားရခြင်း၊ အာဟာရချို့တဲ့ခြင်း၊ ခဲဆိပ်သင့်ခြင်း
☑️Lesch-Nyhan syndrome (မွေးရာပါရောဂါ)
☑️ဆီးဆေးများ၊ ဗီတာမင်စီ၊ aspirin နည်းခြင်း၊ niacin၊ warfarin၊ cyclosporine၊ levodopa၊ tracrolimus နှင့် သွေးကင်ဆာ၊ lymphoma၊ တီဘီရောဂါ ကုသဆေးများ
☑️Purine များစွာ ပါဝင်သော အသည်း၊ ဦးနှောက်အစရှိသော organ များ၊ အနီရောင်ရှိသော အသားများ (အမဲသား၊ သိုးသား)၊ ဒရယ်သား၊ ငါးသေတ္တာ၊ herring၊ scallops များ၊ ဘီယာသောက်ခြင်း

➡️Uric acid ပမာဏနည်းခြင်းဟာ အောက်ပါအခြေအနေတွေကြောင့် ဖြစ်နိုင်ပါတယ်။

☑️ပြင်းထန်သော အသည်းရောဂါ၊ Wilson’s disease (သို့) ကင်ဆာအမျိုးအစား အချို့
ကိုယ်ခန္ဓါအတွင်း အရည်များစွာ စုပြုံစေသော အခြေအနေတစ်ခုဖြစ်တဲ့ SIADH syndrome
ပရိုတင်းလုံလောက်စွာ မစားခြင်း
☑️Sulfinpyrazone၊ aspirin များစွာ သောက်ခြင်း၊ probenecid၊ allopurinol

Credit

ကျွန်တော်တို့ Thazin Thitsar page မှာ လူကြီးမင်းတို့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတဖြစ်ဖွယ် စာတိုများကို နေ့စဉ်မပြတ် ပြန်လည်ဝေမျှပေးသွားမှာဖြစ်တဲ့ အတွက် Page ကို Like or Follow လုပ်ထားဖို့ အကြံပြုလိုပါတယ်ခင်ဗျာ...🙏
☑အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် 09 403008988, 09 403008558 တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ....🙏
၂၇ x ၂၈ ၊ ၇၃ x ၇၄ ကြား၊ မောက်မယ်ဝန်းအတွင်း စိတ္တရမဟိရပ်ကွက်၊ မန္တလေးဆေးရုံကြီး အရှေ့မြောက် ၊ မန္တလေးတိုင်း ဒေသကြီး။

#သွေးတွင်းယူရစ်အက်စစ်စစ်ဆေးခြင်း
#အဆင်မြင့်ရောဂါရှာဖွေရေးဓါတ်ခွဲခန်း

သွေးတွင်း ယူရစ်အက်စစ် စစ်ဆေးခြင်း (Uric Acid Blood Test)➡သင်စားတဲ့အစားအသောက်တွေနဲ့ သဘာဝအတိုင်းခြေဖျက်တဲ့ နည်းတွေဟာ uric ...
13/06/2022

သွေးတွင်း ယူရစ်အက်စစ် စစ်ဆေးခြင်း (Uric Acid Blood Test)

➡သင်စားတဲ့အစားအသောက်တွေနဲ့ သဘာဝအတိုင်းခြေဖျက်တဲ့ နည်းတွေဟာ uric acid ကို ဖြစ်ပေါ်စေပါတယ်...

➡ဂေါက်ရောဂါဖြစ်ပွားခြင်း ဒါမှမဟုတ် ကျောက်ကပ်ကျောက်တည်ခြင်းနှင့် ဆက်စပ်မှုရှိတဲ့ ယူရစ်အက်ဆစ်ကို အချို့သောအစားအစာများတွင်တွေ့ရလေ့ရှိပြီး သင့်ခန္ဓာကိုယ်မှဖွဲ့စည်းထားသော purines များကို ဖြိုခွဲစဉ်တွင် ထုတ်ပေးပါကာ

ထုတ်လုပ်ပြီးသည်နှင့်တစ်ပြိုင်နက် ယူရစ်အက်ဆစ်က သင့်သွေးထဲသို့ သယ်ဆောင်သွားပြီး အများစုကို ဆီးထဲသို့ စစ်ထုတ်သည့်နေရာမှ ကျောက်ကပ်မှတဆင့် ဖြတ်သန်းသွားပါတယ်...

➡ဒါကြောင့် ကျောက်ကပ်တွေ ပုံမှန်အတိုင်းအလုပ်မလုပ်တော့ရင် Uric acid များနေတဲ့အတွက်ကြောင့်လဲ ပြောလို့ရပါတယ်...
တကယ်လို့ လူတစ်ယောက်ဟာ ကိုယ်ခန္ဓါအတွင်း uric acid ပမာဏများခဲ့ရင်လည်း အဆစ်တွေကြားမှာ အခဲတွေဖြစ်ပေါ်ခြင်းကို ခံစားရနိုင်ပြီး ဒီလိုနာကျင်စေတဲ့အခြေအနေကိုတော့ ဂေါက်ရောဂါလို့ ခေါ်ကြပါတယ်...

➡ကင်ဆာဆေးသွင်းကုသမှု (သို့) ဓါတ်ရောင်ခြည်ကုသမှု ခံယူနေတဲ့ ကင်ဆာလူနာတွေမှာလည်း uric acid ပမာဏကို စိတ်ချရတဲ့ ပမာဏအတွင်း ထိန်းသိမ်းထားဖို့ ဒီစစ်ဆေးမှုကို ပြုလုပ်ကြပါတယ်
ဒါအပြင် အချို့အခြေအနေတွေမှာ လူတစ်ယောက်ဟာ မကြာခဏ ပြန်ဖြစ်တဲ့ ကျောက်ကပ်ကျောက်တည်ခြင်း (သို့) ဂေါက်ရောဂါ ဖြစ်ခြင်းတွေ ရှိနေမယ်ဆိုရင်လည်း ကျောက်တည်ခြင်းကို စောင့်ကြည့်တဲ့ စစ်ဆေးမှုအဖြစ် ပြုလုပ်နိုင်ပါတယ်။

➡Uric acid ကို ဆီးအတွင်းမှာလည်း တိုင်းတာနိုင်ပါတယ်။ ဆရာဝန်တွေက ဆီးကို ၂၄ နာရီ ခံခိုင်းထားပြီး Uric acid ပမာဏများခြင်းရဲ့ အကြောင်းရင်းတွေကို ရှာဖွေကာ uric acid ကို ကိုယ်ခန္ဓါမှ ထုတ်လုပ်မှုများခြင်းကြောင့်လား၊ ကျောက်ကပ်လုပ်ငန်းဆောင်တာ မကောင်းလို့လားဆိုတာကို သိရှိအောင် ပြုလုပ်မှာ ဖြစ်ပါတယ်

➡Uric acid သွေးအတွင်းပမာဏကတော့ တစ်နေ့နဲ့ တစ်နေ့ ပြောင်းလဲနိုင်ပါတယ်။ မနက်ပိုင်းမှာ များပြီး နေ့လည်ပိုင်းမှာ နည်းနိုင်ပါတယ်...

➡Uric acid တွေဘာကြောင့်နည်းပြီး ဘာကြောင့် များနေရသလဲဆိုတာကိုတော့ နောက်နေ့များမှာထက်မံပြောပြလိုပါတယ်...

ကျွန်တော်တို့ Thazin Thitsar page မှာ လူကြီးမင်းတို့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတဖြစ်ဖွယ် စာတိုများကို နေ့စဉ်မပြတ် ပြန်လည်ဝေမျှပေးသွားမှာဖြစ်တဲ့ အတွက် Page ကို Like or Follow လုပ်ထားဖို့ အကြံပြုလိုပါတယ်ခင်ဗျာ...🙏
☑အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် 09 403008988, 09 403008558 တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ....🙏
၂၇ x ၂၈ ၊ ၇၃ x ၇၄ ကြား၊ မောက်မယ်ဝန်းအတွင်း စိတ္တရမဟိရပ်ကွက်၊ မန္တလေးဆေးရုံကြီး အရှေ့မြောက် ၊ မန္တလေးတိုင်း ဒေသကြီး။

#သွေးတွင်းယူရစ်အက်စစ်စစ်ဆေးခြင်း
#အဆင်မြင့်ရောဂါရှာဖွေရေးဓါတ်ခွဲခန်း

သွေးကြောကျဉ်းရောဂါအကြောင်း သိကောင်းစရာ➡သွေးကြောကျဉ်းရောဂါဆိုတာက ပြင်းထန်သည့်ရောဂါများဖြစ်သော နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင...
11/06/2022

သွေးကြောကျဉ်းရောဂါအကြောင်း သိကောင်းစရာ

➡သွေးကြောကျဉ်းရောဂါဆိုတာက ပြင်းထန်သည့်ရောဂါများဖြစ်သော နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်း စသည်တို့ကို ဖြစ်စေနိုင်သလို အသက်ပါသေစေနိုင်တဲ့ ရောဂါတစ်မျိုးပါ...
နှလုံးကို ထောက်ပံ့ပေးသော အဓိကသွေးကြောတွေ (coronary arteries) က သွေး၊ အောက်ဆီဂျင်နှင့် အာဟာရများကို နှလုံးကြွက်သားများသို့ လုံလောက်စွာပေးပို့ရန် ရုန်းကန်နေရပြီး
နှလုံးသွေးကြောများအတွင်း ကိုလက်စထရောအနည်များ ရောင်ရမ်းခြင်းသည် များသောအားဖြင့် သွေးကြောကျဉ်းရောဂါကို ဖြစ်စေနိုင်ပါတယ်...

➡နှလုံးသွေးကြောကျဉ်းရောဂါ၏ လက္ခဏာများကတော့ အောက်ဆီဂျင်ကြွယ်ဝသောသွေးကို လုံလောက်စွာမရသောအခါ ဖြစ်ပေါ်တတ်ပါတယ်...
သင်မှာ သွေးကြောကျဉ်းရောဂါရှိနေတယ်ဆိုရင်တော့ နှလုံးသို့သွေးစီးဆင်းမှု လျော့နည်းသွားပြီး ရင်ဘတ်အောင့်ခြင်း (angina) နှင့် အသက်ရှူမဝခြင်းတို့ ခံစားရနိုင်ပြီး သွေးလည်ပတ်မှု အပြည့်အဝ ပိတ်ဆို့သွားပါက နှလုံးရောဂါကို ဖြစ်စေနိုင်ပါတယ်...

➡သွေးကြောကျဉ်းခြင်း ၏ ရောဂါလက္ခဏာများသည် ချက်ချင်းပေါ်လာသည်မဟုတ်။ ဖြည်းဖြည်းချင်း ပေါ်လာတတ်ပါတယ်...
တစ်ခါတစ်ရံ သွေးခဲများဖြစ်ပေါ်ပြီး သွေးကြောများ လုံးဝပိတ်သွားခြင်းကြောင့် ရုတ်တရက် နှလုံးဖောက်ခြင်း သို့ လေဖြတ်ခြင်းကို ဖြစ်ပေါ်စေနိုင်တဲ့အတွက် နှလုံးကျန်းမာသော နေထိုင်မှုပုံစံကို လိုက်နာမယ်ဆိုရင်တော့ သွေးကြောကျဉ်းရောဂါကို ကာကွယ်နိုင်မှာပါ...

ရောဂါလက္ခဏာများကတော့....

☑ရင်ဘတ်အောင့်ခြင်း (angina)။ သင့်ရင်ဘတ်တွင် ဖိအားများ သို့မဟုတ် တင်းကျပ်မှုများ ခံစားရနိုင်ပြီး တစ်စုံတစ်ယောက်က ရင်ဘတ်ပေါ် မတ်တပ်ရပ်နေသလို ခံစားရတယ်လို့ လူတချို့က ပြောကြပါတယ်။ ရင်ဘတ်အောင့်တာက အများအားဖြင့် ရင်ဘတ်ရဲ့ အလယ် ဒါမှမဟုတ် ဘယ်ဘက်ခြမ်းမှာ ဖြစ်တတ်ပါတယ်။
လှုပ်ရှားမှု သို့မဟုတ် ပြင်းထန်သော စိတ်ခံစားမှုများကြောင့် ရင်ကျပ်ခြင်းကို ဖြစ်စေနိုင်ပြီး ထို အဖြစ်အပျက် ပြီးဆုံးပြီးနောက် မိနစ်ပိုင်းအတွင်း နာကျင်မှုတွေကတော့ ပျောက်ကင်းသွားတတ်ကြပါတယ်... အချို့သောသူများ အထူးသဖြင့် အမျိုးသမီးများတွင် နာကျင်မှုသည် တိုတောင်းခြင်း သို့မဟုတ် စူးရှပြီး လည်ပင်း၊ လက် သို့မဟုတ် နောက်ကျောတို့တွင် ခံစားရနိုင်ပါတယ်...

☑အသက်ရှုကြပ်ခြင်း။ အသက်ရှုမဝသလို ခံစားရနိုင်ပါတယ်။

☑ပင်ပန်းနွမ်းနယ်ခြင်း။ နှလုံးက သင့်ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ သွေးလုံလောက်အောင် မထုတ်နိုင်ဘူးဆိုရင် ပုံမှန်မဟုတ်တဲ့ ပင်ပန်းနွမ်းနယ်မှုကို ခံစားရနိုင်ပါတယ်။

☑နှလုံးရုတ်တရက်ဖောက်ပြန်မှု။ လုံးဝပိတ်ဆို့နေတဲ့ သွေးကြောတွေဆိုရင်တော့ နှလုံးဖောက်ခြင်းကို ဖြစ်စေနိုင်သလို နှလုံးဖောက်ခြင်း၏ လက္ခဏာများမှာ ရင်ဘတ်အောင့်ခြင်း၊ ပခုံး သို့မဟုတ် လက်များနာကျင်ခြင်း၊ အသက်ရှူမဝခြင်းနှင့် ချွေးထွက်ခြင်းများ ဖြစ်နိုင်ပြီး အမျိုးသမီးများတွင် လည်ပင်း သို့မဟုတ် မေးရိုးနာခြင်း၊ ပျို့အန်ခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းကဲ့သို့သော ပုံမှန်လက္ခဏာများဖြစ်နိုင်ပါတယ်...

ကျွန်တော်တို့ Thazin Thitsar page မှာ လူကြီးမင်းတို့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတဖြစ်ဖွယ် စာတိုများကို နေ့စဉ်မပြတ် ဝေမျှပေးသွားမှာဖြစ်တဲ့ အတွက် Page ကို Like or Follow လုပ်ထားဖို့ အကြံပြုလိုပါတယ်ခင်ဗျာ...🙏

☑အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် 09 403008988, 09 403008558 တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ....🙏
၂၇ x ၂၈ ၊ ၇၃ x ၇၄ ကြား၊ မောက်မယ်ဝန်းအတွင်း စိတ္တရမဟိရပ်ကွက်၊ မန္တလေးဆေးရုံကြီး အရှေ့မြောက် ၊ မန္တလေးတိုင်း ဒေသကြီး။


#အဆင်မြင့်ရောဂါရှာဖွေရေးဓါတ်ခွဲခန်း
#သွေးကြောကျဉ်းရောဂါအကြောင်း

Liver Function Test (LFT) ဆိုတာ..➡Liver Function Test (LFT) ဆိုတာကတော့ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ အသည်းရဲ့ လုပ...
08/06/2022

Liver Function Test (LFT) ဆိုတာ..

➡Liver Function Test (LFT) ဆိုတာကတော့ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ အသည်းရဲ့ လုပ်ဆောင်ချက်များကို စစ်ဆေးတဲ့ test ဖြစ်ပါတယ်။ ဒီလိုဆိုတော့ ကျွန်တော်က အသည်းရဲ့အကြောင်းကို အရင်ဆုံးရှင်းပြချင်ပါတယ်။ အသည်းဟာဆိုရင်တော့ဖြင့်
ကျွန်တော်တို့ခန္ဓာကိုယ်မှာရှိတဲ့ အကြီးဆုံးအင်္ဂါတွေထဲက တစ်ခုဖြစ်ပါတယ်။ အသည်းဘယ်နေရာမှာ ရှိလဲဆိုရင် ကျွန်တော်တို့ ဝမ်းဗိုက်အပေါ်ပိုင်းညာဘက်အခြမ်း ရင်ဝမ်းခြားကြွက်သား အောက်မှာ ရှိနေတာ ဖြစ်ပါတယ်။
သူဟာ နံရိုးအောက်က နေရာအတော်များများနဲ့ ဘက်ဘက်အခြမ်း ဗိုက်အပေါ်ပိုင်းမှာ နေရာအချို့ကို ယူထားတာဖြစ်ပါတယ်။ အပြင်ကနေ ကြည့်မယ်ဆိုရင် ညာဘက်က ကြီးမားတဲ့ အပိုင်းနဲ့ ဘယ်ဘက်က သေးငယ်တဲ့အပိုင်းတွေဟာ ကွာခြားမှု ရှိပါတယ်။
ဒီအပိုင်းနှစ်ခုကို ဝမ်းဗိုက်ပိုင်းမှာ မြဲနေစေတဲ့ သွယ်ဆက်တစ်ရှူး နဲ့ ခွဲခြားထားပါတယ်။ သည်းခြေရည် တွေထုတ်ပေးတဲ့ သည်းခြေအိတ်ဟာ အသည်းရဲ့ အောက်ဘက်မှာ သေးငယ်ပြီး အခေါင်းပေါက်ပါတဲ့ အင်္ဂါအဖြစ် တည်ရှိပါတယ်။

➡အသည်းတစ်ရှူးဟာ Lobules လို့ခေါ်တဲ့ အသည်းဆဲလ် အစုအဝေးပေါင်းများစွာနဲ့ ဖွဲ့စည်းထားပါတယ်။ အစာခြေအင်္ဂါတွေက လာတဲ့သွေးတွေဟာ portal vein သွေးပြန်ကြော က တစ်ဆင့် ခန္ဓာကိုယ် အတွက်လိုအပ်တဲ့ အာဟာရဓါတ်တွေ၊ ဆေးတွေနဲ့ အဆိပ်သင့်စေတဲ့ အရာဝတ္ထုတွေကို
အသည်းဆီသို့ သယ်လာပေးပါတယ်။ အဲ့ပစ္စည်းတွေ အသည်းကိုရောက်တဲ့အခါမှာ ဒီအရာဝတ္ထုတွေကို သန့်စင်ခြင်း၊ သိုလှောင်ခြင်း၊ ပြောင်းလဲခြင်း၊ အဆိပ်ထုတ်ပြီး သွေးအတွင်းပြန်ပို့ခြင်း (သို့မဟုတ်) ခန္ဓာကိုယ်အပြင်ဘက်ကို အူလမ်းကြောင်းမှတစ်ဆင့် စွန့်ထုတ်ခြင်းတွေကို
ကျွန်တော်တို့ရဲ့ အသည်းက ပြုလုပ်ပေးပါတယ်။ ဒါ့အပြင် ဗီတာမင်ကေ ရဲ့ အကူအညီနဲ့ အသည်းဟာ သွေးတိတ်မှုမှာ အရေးကြီးတဲ့ ပရိုတင်းတွေကို ထုတ်လုပ်ပေးပါတယ်။ သူဟာ အိုမင်းပျက်စီးနေတဲ့ သွေးနီဥတွေကို ခြေဖျက်ပေးတဲ့ ကိုယ်အင်္ဂါတစ်ခုလည်း ဖြစ်ပါတယ်။

➡ဒါ တွေကိုကြည့်ခြင်းအားဖြင့် အသည်းဟာ ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အင်္ဂါတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အသည်းလေးက ရောဂါမျိုးစုံနဲ့ အသည်းရောင်အသားဝါဘီပိုး၊ စီပိုး ကဲ့သို့သော ကူးစက်ရောဂါတွေကြောင့် ပြင်းပြင်းထန်ထန် သို့မဟုတ် နာတာရှည် ပျက်စီးတာတွေဖြစ်တတ်ပါတယ်။
အသားဝါခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ အရောင်ဖျော့တဲ့ ဝမ်းသွားခြင်း၊ အသားယားယံခြင်း၊ ပျို့အန်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ဝမ်းလျှောခြင်းနဲ့ အကြောင်းအရင်းမရှိဘဲ ကိုယ်အလေးချိန်ကျဆင်းခြင်း သို့မဟုတ် ကိုယ်အလေးချိန်တက်ခြင်း စသည့် လက္ခဏာများမပြမီ အသည်းပျက်စီးမှုများစွာရှိနိုင်ပါတယ်။
အဲ့တော့ ကျွန်တော်တို့ရဲ့ အသည်းလေးပျက်စီးနေပြီလား?? ဘာတွေချို့ယွင်းနေပြီလဲ?? ဆိုတာတွေကို ကျွန်တော်ဒီနေ့ပြောပြချင်တဲ့ ခန္ဓာကိုယ်မှာရှိတဲ့ အသည်းရဲ့ လုပ်ဆောင်ချက်တွေကို စစ်ဆေးတဲ့ Liver Function Test (LFT) လို့ခေါ်တဲ့ test နဲ့ စစ်ဆေးနိုင်ပါတယ်။

ကျွန်တော်တို့ Thazin Thitsar page မှာ လူကြီးမင်းတို့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတဖြစ်ဖွယ် စာတိုများကို နေ့စဉ်မပြတ် ဝေမျှပေးသွားမှာဖြစ်တဲ့ အတွက် Page ကို Like or Follow လုပ်ထားဖို့ အကြံပြုလိုပါတယ်ခင်ဗျာ...🙏
☑အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် 09 403008988, 09 403008558 တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ....🙏
၂၇ x ၂၈ ၊ ၇၃ x ၇၄ ကြား၊ မောက်မယ်ဝန်းအတွင်း စိတ္တရမဟိရပ်ကွက်၊ မန္တလေးဆေးရုံကြီး အရှေ့မြောက် ၊ မန္တလေးတိုင်း ဒေသကြီး။

#အဆင်မြင့်ရောဂါရှာဖွေရေးဓါတ်ခွဲခန်း

Liver Function Test (LFT)မှာဘာစစ်ဆေးမှုတွေပါတာလဲ.... ➡Alanine aminotransferase (ALT) - အသည်းတွင်အဓိကတွေ့ရသောအင်ဇိုင်းတစ်...
07/06/2022

Liver Function Test (LFT)မှာဘာစစ်ဆေးမှုတွေပါတာလဲ....

➡Alanine aminotransferase (ALT) - အသည်းတွင်အဓိကတွေ့ရသောအင်ဇိုင်းတစ်မျိုးဖြစ်ပြီး အသည်းရောင်ရမ်းခြင်းကို ဖော်ပြနိုင်ပါတယ်။

➡Alkaline phosphatase (ALP)- သည်းခြေပြွန်နှင့်ပတ်သက်သောအင်ဇိုင်းတစ်ခုဖြစ်ပြီး သည်းခြေပြွန်ပိတ်ဆို့နေပါက Alkaline phosphatase (ALP) အဖြေမြင့်တက်နိုင်ပါတယ်။

➡Aspartate aminotransferase (AST) - အသည်းနှင့်အခြားနေရာအချို့၊ အထူးသဖြင့်နှလုံးနှင့်ခန္ဓာကိုယ်ရှိကြွက်သားများမှာ တွေ့ရတဲ့ အင်ဇိုင်းတစ်မျိုး ဖြစ်ပါတယ်။

➡ Total bilirubin - သွေးတွင်းရှိအဝါရောင်ရှိသော ဘီလီရူဘင်ဆိုတဲ့ ဓါတ်တစ်မျိုးကိုတိုင်းတာတဲ့ စစ်ဆေးမှုဖြစ်ပါတယ်။

➡Albumin -အသည်းမှပြုလုပ်သော အဓိကအသားဓာတ်ကိုတိုင်းတာပြီးအသည်းမှ ဤပရိုတိန်းကို လုံလောက်သော ပမာဏ ရရှိခြင်းရှိ / မရှိကိုဖော်ပြပါတယ်။

➡Gamma -glutamyl transferase (GGT) - အသည်းတွင်အဓိကတွေ့ရသောအင်ဇိုင်းတစ်မျိုးဖြစ်ပြီးသည်းခြေပြွန်တွင်ပြဿနာတစ်ခုခုရှိမရှိစစ်ဆေးရာတွင် အသုံးပြုပါတယ်။

➡Total Protein - ရောဂါပိုးများကိုတိုက်ထုတ်ရန်ပဋိဇီဝပစ္စည်းများအပါအ၀င် albumin နှင့်သွေးအတွင်းရှိအခြားပရိုတိန်းအားလုံးကိုတိုင်းတာတဲ့ စစ်ဆေးမှုဖြစ်ပါတယ်။

➡ဒီလောက်ဆိုရင်တော့ Liver Function Test (LFT)မှာဘာစစ်ဆေးမှုတွေပါတာလဲ?? နဲ့ က Liver Function Test (LFT)က မိမိရဲ့ ကျန်းမာရေးအတွက်ဘယ်လိုအရေးပါလဲဆိုတာ
သိမြင်နိုင်ပြီလို့ထင်ပါတယ်။ လူကြီးမင်းတို့ရဲ့ တန်ဖိုးရှိလှတဲ့ အသည်း ပျက်စီးဆုံးရှုံးမှု အနည်းဆုံး ဖြစ်အောင်နဲ့ အသည်းရဲ့ လုပ်ဆောင်ချက်များကို ထိန်းသိမ်းနိုင်ဖို့အတွက် စောစောစီးစီး စစ်ဆေးနိုင်ပြီး ထိရောက်တဲ့ ကုသမှုများအမြန်ဆုံးရရှိနိုင်ဖို့ အရေးကြီးပါတယ်ခင်ဗျာ။
Liver Function Test (LFT) စစ်ဆေးရန် လိုအပ်သူများကလည်း မိမိတို့ယုံကြည်စိတ်ချတဲ့ ဓါတ်ခွဲခန်းများမှာ သက်ဆိုင်ရာ ဆရာဝန်ညွှန်ကြားချက်များနဲ့အတူ စစ်ဆေးသင့်ပါတယ်ခင်ဗျာ...

ကျွန်တော်တို့ Thazin Thitsar page မှာ လူကြီးမင်းတို့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတဖြစ်ဖွယ် စာတိုများကို နေ့စဉ်မပြတ် ဝေမျှပေးသွားမှာဖြစ်တဲ့ အတွက် Page ကို Like or Follow လုပ်ထားဖို့ အကြံပြုလိုပါတယ်ခင်ဗျာ...🙏
☑အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် 09 403008988, 09 403008558 တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ....🙏
၂၇ x ၂၈ ၊ ၇၃ x ၇၄ ကြား၊ မောက်မယ်ဝန်းအတွင်း စိတ္တရမဟိရပ်ကွက်၊ မန္တလေးဆေးရုံကြီး အရှေ့မြောက် ၊ မန္တလေးတိုင်း ဒေသကြီး။

#အဆင်မြင့်ရောဂါရှာဖွေရေးဓါတ်ခွဲခန်း

ဆီးချိုရောဂါရှိရင် ဘာတွေကို စစ်ဆေးသင့်လဲ..?➡မြန်မာနိုင်ငံမှာဆီးချိုရောဂါဖြစ်ပွားသူက များပြားလာပါတယ် ဆီးချိုရောဂါဟာ နာတာရ...
06/06/2022

ဆီးချိုရောဂါရှိရင်
ဘာတွေကို စစ်ဆေးသင့်လဲ..?

➡မြန်မာနိုင်ငံမှာဆီးချိုရောဂါဖြစ်ပွားသူက များပြားလာပါတယ် ဆီးချိုရောဂါဟာ နာတာရှည်ရောဂါတစ်မျိုးဖြစ်ပြီး ဆီးချိုရောင်ကြောင့် တစ်နှစ်မှာလူတစ်သန်းကျော် သေဆုံးနေရပါတယ်

➡သွေးထဲမှာသကြားဓာတ်ပါဝင်မှုကို လျော့ချနိုင်တဲ့ လုပ်ငန်းစဉ်တစ်ခုအားနည်သွားရင် ဆီးချိုရောဂါဖြစ်ပွားနိုင်ပါတယ်

➡ဆီးချိုကြောင့် နှလုံးရောဂါ ၊ လေဖြတ် ၊ အမြင်အာရုံထိခိုက်တာ ကျောက်ကပ်အလုပ်မလုပ်တော့တာ နောက်ဆုံးအဆင့်မှာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ဖြတ်တောက်ပစ်ရတာအထိခံစားရနိုင်ပါတယ်

ဒါကြောင့် ဘာတွေစစ်ဆေးသင့်လဲ သိရှိထားသင့်ပါတယ်

☑FBS
☑HbA1c
☑Urine RE
☑CP(Auto)
☑Creatinine ,Urea
☑Electrolytes
☑Lipid Profile
အာ့တွေကို စစ်ဆေးသင့်တယ်.

ဘာလို့လဲဆိုတော့

➡FBS( fasting blood sugar) ဆိုတဲ့ ဘာအစာမှ မ စားပဲ
8 နာရီ နေပီး
နောက် စစ်ဆေးတဲ့
FBS test ကို စစ်တာက
သွေးထဲက သကြားပမာဏ
မြင့်တက်မူကို တိုက်ရိုက်
သိစေတဲ့ စစ်ဆေးမူ
မျိုး ဖြစ်ပီး

https://www.facebook.com/107071755175151/posts/152021317346861/?d=n

➡HbA1c ဆိုတဲ့
စစ်ဆေးမူက လွန်ခဲ့သော
၃လ အတွင်း ဆီးချိုရောဂါ
ထိန်းချုပ်နိုင်စွမ်းရှိမရှိကို
သိရှိနိုင်တဲ့ စစ်ဆေးမူမျိုး
ဖြစ်ပီး

https://www.facebook.com/Thazinthitsarlaboratory/posts/147871184428541

➡Urine RE
ဆိုတဲ့စစ်ဆေးမူက
ဆီးချိုရောဂါ အခြေအနေကို
သိရှိ နိုင်တဲ့ စစ်ဆေးမှု မျိုးဖြစ်ပီး

➡CP(A) ဆိုတဲ့ စစ်ဆေးမှုက
သွေးဖြူ ဥ သွေးနီ ဥ
သွေးမွှား တို့ရဲ့
အခြေအနေဘနဲ့
သွေးအား ကောင်း မကောင်း
သိရှိအောင် စစ်ဆေးတဲ့
စစ်ဆေးမှု မျိုးဖြစ်ပီး

https://www.facebook.com/Thazinthitsarlaboratory/posts/142509928298000

➡Creatinine နဲ့ Urea က
ဆီးချို ရောဂါ ဟာ
ကျောက်ကပ်
အလုပ် လုပ်နိုင်စွမ်း ကို
ထိခိုင်နိုင်တာမို့
ကျောက်ကပ်အတွက်
စစ်ဆေးမှု မျိုးဖြစ်ပီး

https://www.facebook.com/Thazinthitsarlaboratory/posts/142762024939457

➡Electrolytes ဆိုတဲ့
စစ်ဆေးမူက
ဆီးချိုရောဂါ ကြောင့်
ဆီး များများသွားတဲ့အခါ
ဆုံးရှုံး သွားတဲ့
ဆိုဒီယမ် ပိုတက်ဆီယမ်
ကလိုရိုက် ဆိုတဲ့ ဓာတ်တွေ
သိရအောင် စစ်တာ ဖြစ်ပီး

https://www.facebook.com/Thazinthitsarlaboratory/posts/143242421558084

➡Lipid Profile ဆိုတဲ့
စစ်ဆေးမူ ကတော့
သွေးတွင်း
ကောင်းသောအဆီ
နဲ့ မကောင်းတဲ့ အဆီ
ဆိုတဲ့ အဆီဓာတ် 4 မျိုး ကို
စစ် ဆေးတာဖြစ်တယ်

https://www.facebook.com/Thazinthitsarlaboratory/posts/150802997468693

ကျွန်တော်တို့ သဇင်သစ္စာ အဆင့်မြင့် ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းတွင် ဆီးချိုသွေးချိုဝေသနာရှင်များအတွက် အထက်ပါ Test များစစ်ဆေးလိုပါက

ဖုန်းနံပါတ် 09 403008988, 09 403008558 တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ....🙏

၂၇ x ၂၈ ၊ ၇၃ x ၇၄ ကြား၊ မောက်မယ်ဝန်းအတွင်း စိတ္တရမဟိရပ်ကွက်၊ မန္တလေးဆေးရုံကြီး အရှေ့မြောက် ၊ မန္တလေးတိုင်း ဒေသကြီး။


#အဆင်မြင့်ရောဂါရှာဖွေရေးဓါတ်ခွဲခန်း

Fasting blood sugar (အစာမစားဘဲ သွေးတွင်းသကြားဓါတ် စစ်ဆေးခြင်း)➡ယေဘုယျအားဖြင့် စစ်ဆေးမှု အကြိမ် အရေအတွက်ဟာ သင့်မှာ ရှိတဲ့...
05/06/2022

Fasting blood sugar (အစာမစားဘဲ သွေးတွင်းသကြားဓါတ် စစ်ဆေးခြင်း)

➡ယေဘုယျအားဖြင့် စစ်ဆေးမှု အကြိမ် အရေအတွက်ဟာ သင့်မှာ ရှိတဲ့ ဆီးချိုအမျိုးအစားနဲ့ ကုသမှု အစီအစဉ်ပေါ်ကို မူတည်ပါတယ်။

➡အောက်ဖေါ်ပြပါ ပမာဏ ကိန်းဂဏန်းတွေက တစ်နေ့တာအတွင်း သကြားဓါတ်ပမာဏ ဘယ်အပိုင်းအခြားမှာ ရှိသင့်တယ်ဆိုတာကို ဖေါ်ပြပါတယ်။ ဖြစ်သင့်တဲ့ သွေးသကြားဓါတ်ပမာဏဟာ အခြားလူတစ်ယောက်နဲ့ ကွာခြားမှု ရှိနိုင်ပြီး တစ်နေ့တာအတွင်း ပြောင်းလဲမှု ရှိနိုင်ပါတယ်။

 ဆီးချိုရှိပြီး ကိုယ်ဝန် မရှိသောသူများ
 • အစာမစားခင် ။ 70 mg/dL (3.9 mmol/L) ကနေ 130 mg/dL (7.2 mmol/L)
 • အစာစားပြီး ၁-၂နာရီအကြာ ။ 180 mg/dL (10 mmol/L) အောက်

 ကိုယ်ဝန်ရှိချိန် ဆီးချိုရှိခြင်း

 • မနက်စာ မစားခင် ။ 95 mg/dL (5.3 mmol/L) အောက်
 • အစာစားပြီး တစ်နာရီအကြာ 140 mg/dL (7.8 mmol/L) အောက် (သို့) အစာစားပြီး ၂ နာရီအကြာ 120 mg/dL (6.7 mmol/L) အောက်
 အခြေအနေ အတော်များများဟာ သွေးသကြားဓါတ်ပမာဏကို ပြောင်းလဲပေးနိုင်ပါတယ်။

☑နံနက်အစာမစားခင်. သကြားဓါတ် ပမာဏာ
( Fasting blood sugar)
☑နံနက်စာစားပီး2 နစ်နာရီအကြာ သကြားဓါတ် ပမာဏ
( Post- prandial Breakfast)
☑နေ့လည်စာစားပီးနစ်နာရီအကြာ သကြားဓါတ်ပမာဏ
( Post- prandial Lunch)
☑ညစာ စားပီးနစ်နာရီအကြာ သကြားဓါတ်ပမာဏ
( Post- prandial Dinner)

နံနက်ခင်မှာ စစ်လိုက်တဲ့အခါ Fasting ကောင်းနေတယ်

➡ဒါ့ကြောင့် တနေကုန် စားချင်တာ စားတော့မည်ဟု တွေးထားလို့တော့မရပါဘူး

➡Fasting က သာမန် သွေးချို ထိန်းသိမ်းမူ့ အခြေအနေကို ပြတာဖြစ်ပါတယ်...
တနေကုန် သွေးချိူ ပမာဏ အတက်အကျ
ကို မပြနိင်ပါဘူး

အစာစားပီး နစ်နာရီ အကြာတွင်........

➡သွေးချိူပမာဏက အမြင့်ဆုံးကို တက်လေ့ရှိတဲ့အတွက်နစ်နာရီ အကြာ သွေးချိူ စစ်ခြင်းကတော့ အရေးပါသော စမ်းသပ်မူဖြစ်ပါတယ်...

➡မနက်ခင်းအစာ မစားမီ သွေးချိူပမာဏ နှင့်
နိူင်းယှဉ်လျင် စားပီး နစ်နာရီအကြာသွေးချိူပမာဏကတော့ သွေးချိူ ထိန်းသိမ်းမူ့ကို ပို၍ မှန်ကန်စွာပြတယ်လို့ဆိုလို့ရပါတယ်..

ဒါဆို မနက်ကော အရေးမကြီးဘူးလား?

➡24. နာရီ ပတ်လုံး သွေးတွင်းသကြားဓာတ်ပမာဏကို သတ်မှတ်ထားသော စံနူန်းရောက်အောင်..ထိန်းထား ရမှာ ကိုယ့်တာဝန်ပါ။

➡ဒါကြောင့် စစ်ဆေးခြင်း နှစ်မျိူးပေါင်း၍ သွေးချိူထိန်းသိမ်းမူ့ ကောင်းမကောင်း..ဆရာဝန်တွေကသုံးသပ်လေ့ရှိပါတယ်

➡တိုင်းထွာမူ့ နှစ်မျိူးစလုံး ကောင်းမှသာ
သွေးချိူ ထိန်းသိမ်းမူ့ ကောင်းသည်ဟု ဆုံးဖြတ်ကြပါတယ်

➡သင့်ဆရာဝန်က သင့်ရောဂါလက္ခဏာတွေနဲ့ အရင်က ကျန်းမာရေးအခြေအနေတွေပေါ်မူတည်ပြီး ပုံမှန်မဟုတ်တဲ့ အခြေအနေတွေကို ဆွေးနွေးပေးမှာဖြစ်ပါတယ်ခင်ဗျာ

ကျွန်တော်တို့ Thazin Thitsar page မှာ လူကြီးမင်းတို့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတဖြစ်ဖွယ် စာတိုများကို နေ့စဉ်မပြတ် ပြန်လည်ဝေမျှပေးသွားမှာဖြစ်တဲ့ အတွက် Page ကို Like or Follow လုပ်ထားဖို့ အကြံပြုလိုပါတယ်ခင်ဗျာ...🙏

☑အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် 09 403008988, 09 403008558 တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ....🙏

၂၇ x ၂၈ ၊ ၇၃ x ၇၄ ကြား၊ မောက်မယ်ဝန်းအတွင်း စိတ္တရမဟိရပ်ကွက်၊ မန္တလေးဆေးရုံကြီး အရှေ့မြောက် ၊ မန္တလေးတိုင်း ဒေသကြီး။


#အဆင်မြင့်ရောဂါရှာဖွေရေးဓါတ်ခွဲခန်း

Carcinoembryonic Antigen (CEA) ဆိုတာဘာလဲ....➡CEA စစ်ဆေးခြင်းဆိုတာ ကင်ဆာတချို့(အထူးသဖြင့် အူမကြီးကင်ဆာ)တွင် သွေးထဲ၌တွေ့ရတ...
04/06/2022

Carcinoembryonic Antigen (CEA) ဆိုတာဘာလဲ....

➡CEA စစ်ဆေးခြင်းဆိုတာ ကင်ဆာတချို့(အထူးသဖြင့် အူမကြီးကင်ဆာ)တွင် သွေးထဲ၌တွေ့ရတတ်သည့် ပရိုတင်းတစ်မျိုးကိုစစ်ဆေးခြင်းဖြစ်သည်။ ထိုပရိုတင်းသည် မုန့်ချိုအိတ်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာနှင့် မမျိုးဥအိမ်ကင်ဆာများတွင်လည်း ထွက်ပေါ်လာတတ်ပါတယ်။
CEA ကိုပုံမှန်အားဖြင့် သန္ဓေသားဘဝတွင်သာ ထုတ်တာဖြစ်ပြီး မမွေးခင်ရပ်သွားလေ့ရှိပါတယ်။ ဒါကြောင့် ပုံမှန်ကျန်းမာနေသော လူကြီးတွေမှာမရှိပါဘူး....

ဘာကြောင့် CEA စစ်ရသလဲ။
CEA စစ်ဆေးခြင်းကို-
☑• ကင်ဆာဘယ်လောက်ထိပြန့်ပွားနေလဲသိရန် (အထူးသဖြင့် အူမကြီးကင်ဆာ)
☑• အူမကြီးကင်ဆာကုသမှု အောင်မြင်ခြင်းရှိမရှိသိရန်
☑• ခွဲစိတ်ကုသမှုအပြီး ခွဲစိတ်ခြင်းအောင်မြင်မှုနှင့် လူနာပြန်ကောင်းနိုင်ချေကိုသိရန်
☑• ကင်ဆာဆေးများ၏ အာနိသင်ကိုသိရန်၊ (ကုသမှုဘယ်လောက်တာသွားနေလဲ သိရစေပါတယ်)
☑• ကင်ဆာပြန်ဖြစ်သလားသိရန် တို့အတွက်အသုံးပြုပါတယ်။

အဖြေကို ၁ ရက်အတွင်းသိရလေ့ရှိပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် CEA ပမာဏအပြောင်းအလဲရှိနိုင်ပါတယ်။

သင်ခံစားနေရသော လက္ခဏာ၊ အခြားဖြစ်ခဲ့ဖူးသောရောဂါများပေါ်မူတည်ပြီး ဆရာဝန်ကပြောပြဆွေးနွေးပါလိမ့်မယ်။

များနေရင်-
☑• အူမကြီးကင်ဆာ၊ အဆုတ်ကင်ဆာ၊ မုန့်ချိုအိတ်ကင်ဆာ၊ ရင်သားကင်ဆာနဲ့ မမျိုးဥအိမ်ကင်ဆာများဖြစ်နိုင်ပါတယ်၊
☑• ကုသမှုအာနိသင်မရှိခြင်း
☑• ကုသပြီး ကင်ဆာပြန်ဖြစ်ခြင်း၊ CEA တဖြည်းဖြည်းပြန်တက်လာခြင်းဟာ ကင်ဆာပြန်ဖြစ်လာခြင်းရဲ့လက္ခဏာ ဖြစ်တယ်၊ ဒါမှမဟုတ် ကင်ဆာပျံ့နှံ့သွားလျှင်လည်း CEA ပမာဏမြင့်တတ်ပါတယ်။
အခြားအခြေအနေ၊ ရောဂါတွေမှာလည်းဖြစ်နိုင်တယ်၊ ဥပမာ- အသည်းခြောက်ခြင်း၊ အသည်းရောင်ခြင်း၊ အူရောင်ခြင်း၊ အစာအိမ်အနာဖြစ်ခြင်း၊ နာတာရှည်လေပြွန်ပိတ်ခြင်း၊ သည်းခြေရောင်ခြင်း၊ သည်းခြေပြွန်ပိတ်ခြင်း တို့ကြောင့်လည်းဖြစ်နိုင်ပါတယ်။

➡ဓါတ်ခွဲခန်းနှင့်ဆေးရုံပေါ်မူတည်ပြီး ပုံမှန်ပမာဏ အနည်းငယ်ကွာခြားနိုင်ပါတယ်။ သွေးအဖြေ အခြေအနေကိုသိရန် ဆရာဝန်နဲ့သေချာ တိုင်ပင်ဆွေးနွေးသင့်ပါတယ်ခင်ဗျာ...

ကျွန်တော်တို့ Thazin Thitsar page မှာ လူကြီးမင်းတို့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတဖြစ်ဖွယ် စာတိုများကို နေ့စဉ်မပြတ် ဝေမျှပေးသွားမှာဖြစ်တဲ့ အတွက် Page ကို Like or Follow လုပ်ထားဖို့ အကြံပြုလိုပါတယ်ခင်ဗျာ...🙏
☑အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် 09 403008988, 09 403008558 တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ....🙏

၂၇ x ၂၈ ၊ ၇၃ x ၇၄ ကြား၊ မောက်မယ်ဝန်းအတွင်း စိတ္တရမဟိရပ်ကွက်၊ မန္တလေးဆေးရုံကြီး အရှေ့မြောက် ၊ မန္တလေးတိုင်း ဒေသကြီး။


#အဆင်မြင့်ရောဂါရှာဖွေရေးဓါတ်ခွဲခန်း

Address

27 X 28; Between 73 X 74 Sittamahi Ward, Mauk Mae Wun, Northeast Mandalay Hospital Mandalay Region
Mandalay
05032

Telephone

+959403008988

Website

Alerts

Be the first to know and let us send you an email when Thazin Thitsar Lab - သဇင်သစ္စာဓါတ်ခွဲခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Thazin Thitsar Lab - သဇင်သစ္စာဓါတ်ခွဲခန်း:

Videos

Share

Category

Nearby clinics


Other Medical Labs in Mandalay

Show All