Tarot by Snow WW Lay

Tarot by Snow WW Lay Tarot Reader
Messenger or Viber/ Telegram/ What'sApp 09982761449

Sticker / ကိုယ်ရွေးထားတဲ့နံပတ်ကို မန့်ထားခဲ့ပါနော် ၊ အဲ့ Sticker / comment ကို ကျွန်တော်ကိုယ်တိုင် React လုပ်ပြီဆိုတဲ့အခ...
30/04/2026

Sticker / ကိုယ်ရွေးထားတဲ့နံပတ်ကို မန့်ထားခဲ့ပါနော် ၊ အဲ့ Sticker / comment ကို ကျွန်တော်ကိုယ်တိုင် React လုပ်ပြီဆိုတဲ့အချိန်မှာ အဖြေပြန်လာဖတ်ပါ။
💙💙 " မင်းရဲ့အချစ်ရေးအတွက် ရေသူမလေးဆီက အကြံပေးစကား " 💙💙
ကြိုရွေးထားပေးပါ။ မကြာခင်အဖြေထည့်ပါမယ်





တစ်ဖက်လူရဲ့ခံစားချက် / Hidden truth
29/04/2026

တစ်ဖက်လူရဲ့ခံစားချက် / Hidden truth

တစ်ဖက်လူရဲ့ခံစားချက် / Hidden truth ြေရပါပြီ ( အရင်လို သေသေချာချာလေး ရေးပေးချင်ပေမယ့် အဖြေကို အရမ်းလောနေကြလို့ ၊ အတိုရေး...
28/04/2026

တစ်ဖက်လူရဲ့ခံစားချက် / Hidden truth
ြေရပါပြီ ( အရင်လို သေသေချာချာလေး ရေးပေးချင်ပေမယ့် အဖြေကို အရမ်းလောနေကြလို့ ၊ အတိုရေးပြီး အဖြေအမြန်ထည့်ပေးလိုက်ပါပြီ )

Choose One! ❤️ ကိုယ် တွေးတောင် မတွေးမိဖူးတဲ့ တစ်ဖက်လူရဲ့ ခံစားချက် , Hidden truth ❤️
နှစ်ယောက်ရှိရင် ပုံနှစ်ပုံရွေးပေါ့နော် 😬😬





Choose One! 💙 What is love for you ? 💙 တစ်ခုရွေးထားနှင့် ၊ ဘာရွေးထားလဲ ပြောသွားအူးနော် ၊ အဖြေအမြန်ဆုံး ထည့်ပေးပါမယ်။    ...
28/04/2026

Choose One! 💙 What is love for you ? 💙
တစ်ခုရွေးထားနှင့် ၊ ဘာရွေးထားလဲ ပြောသွားအူးနော် ၊ အဖြေအမြန်ဆုံး ထည့်ပေးပါမယ်။





အဖြေရပါပြီ 💚💚💚 ကြာသွားတာ ‌Sorry ပါ ၊ နေမကောင်းလဲဖြစ်သွားတာမို့ ထင်ထားတာထက် ပိုကြာသွားပါတယ်
28/04/2026

အဖြေရပါပြီ 💚💚💚
ကြာသွားတာ ‌Sorry ပါ ၊ နေမကောင်းလဲဖြစ်သွားတာမို့ ထင်ထားတာထက် ပိုကြာသွားပါတယ်





1. AI နဲ့ tarot မေးရင် မှန်သလား ?2 .Tarot reader ဆီမှာ မေးတာနဲ့ AI ဆီမှာ မေးတာ ဘယ်ဟာ ပိုကောင်းလဲ ? 3. AI ရဲ့ ဖတ်ပုံဖတ်နည...
27/04/2026

1. AI နဲ့ tarot မေးရင် မှန်သလား ?
2 .Tarot reader ဆီမှာ မေးတာနဲ့ AI ဆီမှာ မေးတာ ဘယ်ဟာ ပိုကောင်းလဲ ?
3. AI ရဲ့ ဖတ်ပုံဖတ်နည်းက ဘယ်လိုလဲ? Tarot reader တွေရဲ့ Tarot ဖတ်ပုံ ဖတ်နည်းတွေက ဘယ်လိုလဲ?
ဒီမေးခွန်းတွေကို စိတ်ဝင်စားရင် အောက်ကစာတွေ ဆက်လက်ဖတ်ရှုပါရှင့်။

တိုးတက်လာတာနဲ့အမျှ အရာရာ AI နဲ့ ခိုင်းလို့ရလာတော့ ဗေဒင်ကိုရော AI နဲ့ မေးကြည့်ကြမလားပေါ့? ကျွန်တော်ကတော့ Tarot and Oracle reader မို့ Tarot နဲ့ Oracle ကို AI နဲ့ ဖတ်လို့ရမရနဲ့ လူနဲ့ဖတ်တာနဲ့ ဘာကွာသွားလဲတွေကို ကိုယ်တိုင်တွေ့ရှိချက်တွေနဲ့ ပြောပြပေးသွားပါမယ်။ ကျန်တဲ့ birthchart, numerology , ဆန်း Bay Din များအကြောင်းမပါဝင်ပါရှင့်။
ကျွန်တော့ page မှာတော့ လာပြော,လာမန့်တဲ့သူမရှိပေမယ့် ဂဏန်းဗေဒင် နဲ့ birth chart တွက်တဲ့ Page တချို့မှာ အောက်ကနေ AI ကိုတောင် မေးလို့ရတယ်, နင်တို့ဆီလာမေးစရာမလိုဘူး ဘာညာနဲ့ မန့်တာရေးတာတွေ တွေ့ဖြစ်လာတာရယ် , ပြီးတော့ နောက်တစ်ချက်က ကျွန်တော့ဆီ tarot လာမေးတဲ့ မောင်လေး ညီမလေး တချို့က AI နဲ့မေးပြီးမှ မှန်မမှန်နဲ့ အသေးစိပ်သိချင်လို့ဆိုပြီး ကျွန်တော့ဆီ ထပ်လာမေးကြတာတွေ ဒီနောက်ပိုင်း တွေ့လာရပါတယ်။
ဒီလိုနဲ့ ကျွန်တော်လဲ စိတ်ဝင်စားလာလို့ AI နဲ့ Reader ဘယ်သူသာလဲ ယှဉ်ဖတ်ကြည့်ဖြစ်ရင်း ခုလိုပြောပြဖို့ ဖြစ်လာတာပေါ့နော်။

ဒီစာကို ‌မရေးခင် တစ်လလောက် နေ့တိုင်း အားရင် အားသလို မေးခွန်းတစ်ခုကို ကိုယ်တိုင်ဖတ်လိုက် , AI ကို ဖတ်ခိုင်းပြီး ပြန်စပ်စုလိုက်နဲ့ စမ်းသပ်ကြည့်ခဲ့ပါတယ်။ မေးခွန်းမျိုးစုံ ၂၀၀ ကျော်လောက်မေးကြည့်ပြီး သိလာတာတွေကို ဝေမျှချင်လို့ပါ။

❤️ AI ရဲ့ အားသာချက် နဲ့ Tarot ရဲ့ သဘောတရား
AI ကို သဘောကျရတာတွေလဲရှိပါတယ်။
- Tarot က ၇၈ ကတ်လုံးမှာ သူ့ရဲ့ အခြေခံ ကတ် အဓိပ္ပါယ်တွေရှိတယ်။ AI ကို ဒီအချက်အလက်တွေအကုန်ထည့်ပေးပြီး Train ထားတာဆိုတော့ AI က ဘာကတ်ကျရင် ဘာဆိုပြီး တန်းဖြေနိုင်တယ်။
ဒီမှာ AI နဲ့မေးရင် မေးတတ်ဖို့လိုတယ်။ မေးပုံမေးနည်းပေါ်မူတည်ပြီး မှန်နိုင်တဲ့ ရာခိုင်နှုံးကွာသွားတယ်။
ဥပမာ ပြောပြမယ်နော်။
💚 AI ကို မေးနည်း ၁ - ကျွန်မကို ဒီအကြောင်းအရာ Tarot ကြည့်ပေးပါ ဆိုတဲ့ မေးနည်း။
💚 AI ကို မေးနည်း ၂ - မေးတဲ့သူကိုယ်တိုင်မှာ tarot ကတ်ထုတ်ရှိပြီး , ကတ်ဆွဲကြည့်ပြီးမှ AI ကိုမေးတဲ့နည်း။ ကျွန်မ ဒီအကြောင်းအရာသိချင်တယ်၊ ကျွန်မကိုယ်တိုင် ကတ်ဆွဲကြည့်လိုက်တဲ့အခါ ဒီကတ်တွေထွက်လာတယ်။ ပြီးရင် ကျွန်မရဲ့ ဒီမေးခွန်းနဲ့ ပတ်သက်တဲ့ လက်ရှိအခြေအနေ နဲ့ အခက်အခဲတွေက ဘာတွေပါဆိုပြီး ပြောပြပြီး မေးတဲ့နည်း။

မေးနည်း ၁ နဲ့ ၂ မှာ--- ၂ က ပိုမှန်နိုင်ချေများတယ်။

AI ရဲ့ချီးကျူးစရာကောင်းတာက ကတ်တွေရဲ့ အခြေခံ meaning အားလုံးကို မပါပါအောင် ဖြေနိုင်တယ်, တစ်ကတ်နဲ့ တစ်ကတ် ချိတ်ဆက်မှုအားကောင်းတယ်။ တော်တော် meaningful ဖြစ်တဲ့ အနီးစပ်ဆုံးကို ဖြေနိုင်တယ်။ ဘယ်ကတ်က အကြံပေးထားတာ, ဘယ်ကတ်ကတော့ ကိုယ့်ရဲ့အားသာချက် , အားနည်းချက် ဒါတွေကို interpret လုပ်နိုင်တယ်။ past, present, future ကိုရည်ညွှန်းတဲ့ကတ်တွေက ဘယ်ဟာတွေလဲ သူသေချာပြောပြနိုင်တယ်။ ဒါက မေးနည်း နံပတ် 2 အတိုင်း ကိုယ်တိုင်ကတ်ဆွဲပြီး ဘာကတ်တွေကျတာဆိုပြီး သူ့ကိုမေးတဲ့အခါမှာ ပိုသိသာတဲ့ AI ရဲ့အားသာချက်တွေပေါ့။

❤️ နောက်တစ်ခုကကျ AI ရဲ့ အားနည်းချက်ဖြစ်ပြီး Reader ရဲ့ အားသာချက်ဖြစ်နေတဲ့ အချက်။
AI က အဖြေထုတ်တဲ့အခါ ကျလာတဲ့ ကတ်တိုင်းကို မေးတဲ့သူရဲ့ energy အဖြစ်ပဲ မှတ်ယူပြီး ဖတ်တယ်။ တကယ်တော့ ကျလာတဲ့ ကတ်တိုင်းက မေးတဲ့သူရဲ့ energy မဟုတ်ဘူး, တခြားသူရဲ့ energy လဲ ပါတယ်။ ဉပမာ ပြဿနာတစ်ခုကိုမေးတယ်ဆိုပါစို့။ ကျလာတဲ့ ကတ်တိုင်းက မေးတဲ့သူအကြောင်းမဟုတ်ဘူး။ သူနဲ့ ပြဿနာဖြစ်နေတဲ့ တဖက်သူရဲ့ Energy တွေ , စိတ်အခြေအနေတွေပါတယ်။ ဒီပြဿနာကိုဖြစ်စေတဲ့ တစ်ဖက်သူရဲ့ energy အတိမ်အနက်, ဒီပြဿနာကို ပြေလည်အောင်ဖြေရှင်းပေးမယ့်သူရဲ့ energy တွေထိပါ ပါနိုင်တယ်။ but AI doesn’t know that. AI က ကတ်ရဲ့ definition တွေကို အတိအကျသိတယ်။ energy ကိုမသိဘူး။ အဲ့ဒီတော့ ကတ်တိုင်းကို မေးတဲ့သူရဲ့ Energy အဖြစ်ယူဆတယ်။ အဲ့ဒီတော့ energy ကို ဘယ်သူကသိလဲဆိုရင် intuition အားကောင်းတဲ့ reader က သိတယ်။ ဒီကတ်က မေးတဲ့သူရဲ့ energy, ဒီကတ်က တခြားသူရဲ့ energy ဆိုတာကိုပေါ့။ အချစ်ရေးပြဿနာဖတ်တယ်, AI ဟာ ကတ်အားလုံးကို မေးတဲ့သူရဲ့ energy လို့သဘောထားပြီးပဲ တွက်ချက်တာများတယ်။ အဲ့လိုတွက်တဲ့အတွက် အဖြေမှာ တစ်ခုလုံးမှားမသွားပေမယ့်, Detail မိအေး နဲ့ တစ်ဖက်လူအကြောင်းတွေမပါသွားတော့ သိပ်မပြည့်စုံဘူး။
ပြီးတော့ intuitive reader မှာ ခံစားပြီးသိတာတို့ , နားထဲမှာ ကြားလိုက်တာတို့ , ကတ်ပေါ်က အရုပ်လေးတွေမှာ ဖျတ်ခနဲ မီးလင်းသလို လာပြတာမျိုးတွေ ဒီလိုဟာတွေကို AI ဆီက မရဘူး။ AI က ကတ်တွေရဲ့ meaning တွေကို ချိတ်ဆက်ပြီး ရှင်းပြထားရုံသပ်သပ်ပဲ။ ဒါပေမယ့် meaning နဲ့တင်ကို တော်တော်ပြည့်စုံပါတယ်။
ပြီးရင် နောက်တစ်ခု-- intuition မြင့်တဲ့ reader တွေအနေနဲ့ ကတ်တစ်ကတ်ကျရင် အဲ့တစ်ကတ်ထဲနဲ့တင်ပြောစရာတွေက အများကြီး , သိတာတွေ အများကြီး, ဖျတ်ကနဲ မြင်လိုက်တာတွေအများကြီး။ but AI just tell the true meaning of tarot cards. Reader တွေမှာက နည်းလမ်းအမျိုးမျိုးကနေ message အမျိုးမျိုး ရနိုင်သေးတယ်။
( ကျွန်တော်ကတော့ AI ကို ပြန်သင်ပေးလိုက်ပါတယ် ၊ ကျလာတဲ့ကတ်တိုင်းက မေးတဲ့သူရဲ့ Energy မဟုတ်ဘဲ ၊ တခြားသူရဲ့ energy တွေပါ ဖြစ်နိုင်သေးကြောင်းပေါ့ 😁 AI ကို ဆရာပြန်လုပ် )

❤️ ဒါဆို AI က tarot ပိုဖတ်တတ်လား, Reader တွေက ပိုဖတ်နိုင်လား?
Reader တစ်ယောက်က ကတ်တွေရဲ့ အဓိပါယ်ကိုပဲသိပြီး အဲ့ဓိပ္ပါယ်တွေကိုပဲ ချိတ်ဆက်ဖတ်သွားမယ်ဆိုရင် AI နဲ့ အဲ့ reader ရဲ့ အဖြေဟာ သူမသာကိုယ်မသာလဲဖြစ်နိုင်သလို, အဓိပ္ပါယ်ကိုသိပ်မမှတ်မိသေးတဲ့ ခုမှစဖတ်တတ်ခါစ Reader ဆိုရင် AI ကတောင် ပိုဖတ်တတ်နေပါလိမ့်မယ်။
ဒါပေမယ့် Intuition သုံးနိုင်တဲ့ Intuitive reader ဆိုရင်တော့ ဖတ်တဲ့အဖြေက AI ထက် အများကြီးသာကြောင်း လုံး၀လုံးဝ ရဲရဲကြီးကို ပြောရဲတယ်။
❤️ အပိုထပ်ဆောင်းအနေနဲ့ information ထပ်ပေးရရင် AI က oracle ကောင်းကောင်း မဖတ်တတ်ပါဘူး။ မဖတ်တတ်ဘူးဆိုတာက ဘာကိုဆိုလိုတာလဲဆိုတော့ သူက ကတ်တစ်ကတ်ဆွဲပေးမယ်, အဲ့ကတ်ထဲကစာသားကို ဘာသာပြန်ပေးမယ်, ဒါပဲ လုပ်တတ်ပါတယ်။ တကယ်တော့ Oracle reading is not just translation, it's energy reading ပါ။ energy ကို ဖတ်ရတာပါ။ Tarot ထက်ပိုကျယ်ပြန့်တယ်။ AI , AI just know the data & can’t read energy ပါ။
oracle ဆိုတာ Tarot လို ကတ်ကလေးတွေပဲ၊ စာရေးထားတဲ့ကတ်ကလေးတွေလို့ အလွယ်ပြောလို့ရတယ်။ တချို့က စာတိုတယ်, တချို့က စာရှည်တယ်။ ဒါပေမယ့် oracle ဖတ်တယ်ဆိုပြီး ကတ်ရဲ့စာသားကိုပဲ ဖတ်ပြရင် အဲ့ reader က just translator ( ဘာသာပြန်သူ) ပဲ, translate ပဲ လုပ်တတ်တယ်ဆိုရင် AI နဲ့ အဲ့ဒီ Reader ဖတ်တာက အတူတူပဲ ။ တကယ့် oracle reader အစစ်က ကတ်ကိုကြည့်ပြီး energy ကို ခံစားပြီးမှ ပြောတာဖြစ်တယ်။ energy ခံစားပြီး oracle ကို အမှန်တကယ်ဖတ်နိုင်သူဟာ AI နဲ့ အပုံကြီးကွာပါတယ်။

❤️❤️❤️ အဲ့တော့ အချုပ်အားဖြင့်ပြောရရင် intuitive reader နဲ့ tarot ရော oracle ရော ယှဉ်ဖတ်ပြီး နိုင်ချင်ရင်တော့ AI ရေ မင်းဆုတောင်းပေါ့နော်
ဒီစာအရှည်ကြီးနဲ့ဆိုရင် အပေါ်ကမေးခွန်းတွေရဲ့ အဖြေတွေကိုလဲ သိပြီလို့ထင်ပါတယ်။

💚💚💚 ဒါပေမယ့် AI ရဲ့ အသုံးဝင်တာတွေလဲ ရှိတယ်, ပိုက်ဆံမကုန်ချင်ဘူး ၊ အသေးစိပ်မသိရလဲ ရတယ် ၊ စိတ်ပြေရုံပဲဆိုရင် AI နဲ့မေး။ ဘယ်လိုမေးရင် ပိုမှန်နိုင်သလဲ အပေါ်မှာ ရှင်းပြထားတယ်နော်။
💚💚💚 နောက်တစ်ခု Reader အသစ်တွေ- ခုမှ စ tarot ဖတ်လေ့ကျင့်မယ်တို့ , ခုမှ tarot သင်တန်းတက်ထားတာ သိပ်မဖတ်တတ်သေးဘူးဆိုတဲ့ သူတွေအတွက် အကြံပေးချင်တာကတော့ မေးခွန်းတစ်ခုကို ကိုယ်အရင်ဖတ် , ကိုယ့်အဖြေကို မှတ်ထား။ ပြီးရင် AI နဲ့ ပြန်အဖြေတိုက် အဲ့လိုလေ့ကျင့်လို့ရပါတယ်လို့။
အဲ့ဒါပြီးရင် အရေးအကြီးဆုံးက ဒီအဆင့်နဲ့တင် ရပ်မနေပါနဲ့။ နောက်တစ်ဆင့်အနေနဲ့ tarot, oracle ဖတ်ရင်း intuition ကောင်းအောင် လေ့ကျင့်ပါ။ ဒါဆိုရင်တော့ ကိုယ်က AI ထက်သာတဲ့ Reader ဖြစ်လာမှာဖြစ်ကြောင်း ရဲရဲကြီးကို အာမခံရဲပါတယ်။
Intuition ကို လေ့ကျင့်ပါနော်။ ကတ်ကို အကြာကြီး စိမ်ကြည့်ပြီး ဘာတွေ ထပ်တွေ့သေးလဲ, ဘာတွေထပ်မြင်သေးလဲ , ဘာတွေခံစားမိသေးလဲ အဲ့လိုပိုပိုကြည့်နိုင်အောင်ကြိုးစားပါ။ တရားထိုင်ပါ။ စိတ်ငြိမ်လေလေ intuition အားကောင်းလေလေပါ။
Intuition က လူတိုင်းမှာ ရှိပါတယ်။ အသုံးချတတ်ဖို့ပဲ လိုပါတယ်။ လေ့ကျင့်လို့လဲ ရပါတယ်။




Edited - နေကောင်းသွားပါပြီ ❤️Heat exhaustion ( အပူကြီး ၊ အပူရှပ်တာ) က သက်သာလိုက် မသက်သာလိုက် ဖြစ်နေလို့ Saturday , Sunda...
25/04/2026

Edited - နေကောင်းသွားပါပြီ ❤️
Heat exhaustion ( အပူကြီး ၊ အပူရှပ်တာ) က သက်သာလိုက် မသက်သာလိုက် ဖြစ်နေလို့ Saturday , Sunday ( 25&26 နှစ်ရက် ) အဖြေပို့တာနဲ့ messenger reply ပြန်တာလေး ခဏရပ်ထားပါဦးမယ်ရှင်
နေကောင်းတာနဲ့ Page reply ပြီး အဖြေတွေ တန်းစီပို့ပါမယ်
စောင့်ပေးကြတာ ကျေးဇူးတင်ပါတယ် 💚

Page တွေအကုန် Aqua မကောင်းကြောင်း ရေးရေးနေကြတာ ၊ ငါတော့ Aqua ပီပီ ငါတို့ Aqua တွေ ကောင်းကြောင်းရေးပြီး boost လိုက်မှလားမ...
25/04/2026

Page တွေအကုန် Aqua မကောင်းကြောင်း ရေးရေးနေကြတာ ၊ ငါတော့ Aqua ပီပီ ငါတို့ Aqua တွေ ကောင်းကြောင်းရေးပြီး boost လိုက်မှလားမသိဘူး ၊ အဆဲခံရလို့ Reach တက်တက် နော့ 😂😂
စတာဘာ ၊ ဒါမယ့် ရွဲ့ချင်လာရင်တော့ တကယ်လုပ်ရင်လဲ လုပ်မှာပေါ့ 😎





ကျွန်တော်နဲ့ in person reading ရဲ့ အခက်အခဲတချို့ In person reading - လူချင်းတွေ့ ကတ်ဆွဲမေးခြင်းမှာ တစ်ခါတစ်လေ ကြုံရတတ်တဲ...
21/04/2026

ကျွန်တော်နဲ့ in person reading ရဲ့ အခက်အခဲတချို့

In person reading - လူချင်းတွေ့ ကတ်ဆွဲမေးခြင်းမှာ တစ်ခါတစ်လေ ကြုံရတတ်တဲ့အရာလေးတစ်ခုကို ပြောပြချင်လို့ပါ။

- ဖတ်လိုက်တာနဲ့ လမိုင်းမကပ်သလို တမျိုးကြီးလို့ ခံစားရတော့ စဖြစ်ခါစက ငါ့ Intuition တွေများ တစ်ခုခုဖြစ်သွားလို့လား ၊ အသံဆူလို့လား ၊ ကော်ဖီသောက်တာများသွားလို့လား အစုံလျှောက်တွေးမိသေးတာ။
နောက်မှ သိလာတာက Client မေးချင်တာနဲ့ ကတ်ကို စောင့်ရှောက်တဲ့ အစောင့်အရှောက်က Clientကို တဆင့်ပြောစေချင်တာနဲ့က မတူတဲ့အခါ ကျွန်တော့ဘက်မှာ Half feel ကြီးလိုလို လာပေါ်တာ။
- ဥပမာ ပြောရရင် Client က အချစ်ရေးဇွတ်သိချင်တာ ၊ အချစ်ရေးမေးခွန်းတွေချည်းထပ်နေတာ။ ကတ်ရဲ့အစောင့်အရှောက်ကဖြစ်စေ , Client or ကျွန်တော့ရဲ့ အစောင့်အရှောက်က ပြောချင်နေတာ life purpose တို့ ၊ ဘဝမှာ ဘယ်လိုမနေနဲ့ ဘယ်လိုနေတို့ ၊ မင်းအခု စိတ်ညစ်နေတာ ပျောက်သွားအောင်ဘာလုပ်လိုက်တို့ အဲ့လိုစကားတွေ။ မင်း အချစ်ရေးကို လာမေးမနေနဲ့ ၊ အရေးမကြီးဘူးထိ ဖြေတာတွေပါ ရှိတယ်။
ဒါကို ကိုယ်က ဖတ်နေရင်း ဖျတ်ခနဲ သိလိုက်တာတွေကတော့ များတယ်။ တစ်ခါတစ်ခါကျ ချက်ချင်းမသိဘူး။ ခံစားချက်ကြီးက တမျိုးကြီးပေါ့နော်။ Client နဲ့ ကတ်အကြား လမ်းပျောက် 😅😅😅 အဲ့လိုချိန်တွေ တကယ်ရှိတာ။
Client ဘက်ကလဲ စဉ်းစားကြည့်လေ သူက ဒါကိုသိချင်လို့မှ ပိုက်ဆံပေးမေးတာ။
ကတ်တွေကလဲ ခေါင်းမာပြီး မဖြေဘူး။
နှစ်ယောက်ကြားထဲ စိတ်တွေ ဘူလိုက်တာ 😅
ကိုယ့်အနေနဲ့ကလဲ ကတ်ကဖြေတာကိုပဲ ပြောပြလို့ရမှာ အဲ့မှာတိုင်ပတ်ရော 😅
အဲ့တော့ ကတ်တွေကို ချော့ပြီး သူတို့ပြောစေချင်တာကို အရင်ပေးပြောရတယ် ၊ ပြီးမှ နောက်ဆုံးမှ Client သိချင်တာကို ဖြေပေးခွင့်ရတယ်။
တစ်ခါတစ်ရံ Client မေးတာ တစ်နာရီ ၊ ကတ်က ပြောချင်ရာတွေပြောနေတာ 45 မိနစ် ၊ Client သိချင်တာကို 15 မိနစ်လောက်ပဲ မဖြေချင် ဖြေချင်ဖြေတာ
တကယ် စိတ်ရှုပ်ရသောပဲ 😂😂 ရယ်လဲရယ်ချင်
Client မေးနေတဲ့ကြားက သူက လုပြောသေးတာ သူပြောချင်တာကို 😂
ကျွန်တော်တို့ကတော့ ကတ်ကပြောတာကို ကြားထဲက ဘာသာပြန်ပေးသူသပ်သပ်ပါ။
ဒါပေမယ့် Client နဲ့ ကတ်တွေအကြား တစ်ခါတစ်ရံ တော်တော်ခေါင်းကိုက်ရကြောင်းပါ
In person reading ကို ပိုအားရတယ်။
မေးရတဲ့သူဘက်က တန်တယ်ဗျ။ ဒါကြော်ငြာတာမဟုတ်ဘူး။
Page မှာ ကျွန်တော်က 1 Question ကို 8000 ။ အိမ်အရောင်းအဝယ်တို့ စီးပွားရေးလုပ်ငန်းအကြောင်းဆို ယတြာအပါကို 30000 ယူတယ်။ In person မှာ တစ်ယောက်ထဲမေးရင် တစ်နာရီခွဲအတွင်း Unlimited questions ကို 50000 ပဲကျတယ်။
နှစ်ယောက်မေးရင် တစ်ယောက်တစ်နာရီစီ တစ်ယောက်ကို 40000 ပဲ တစ်နာရီအတွင်း ကြိုက်သလောက်မေး။
ကြော်ငြာတာမဟုတ်ဘူး။ ပြောပြတာ။
လာမေးတဲ့လူတွေက အမြဲရှိတယ်ရယ်။ ကြုံလိူ့ပြောပြတာပါ 🤍🤍🤍





21/04/2026

In person reading က
တစ်ယောက်ထဲမေး ဈေးမပြောင်းသေးပါ။
နှစ်ယောက်မေးရင် အရင်က တစ်ယောက်သုံးသောင်းခွဲပါ။ သင်္ကြန်ကစ တစ်ယောက် လေးသောင်းအဖြစ် ပြောင်းလဲသတ်မှတ်ထားပါတယ်။
အသေးစိတ်ကို မူရင်း post မှာ ဆက်ဖတ်နိုင်ပါတယ်။

Address

Mandalay

Website

https://invite.viber.com/?g2=AQA%2FQPQQmz5qCFL7hgHdl2l0iFaj0DaT9p8y

Alerts

Be the first to know and let us send you an email when Tarot by Snow WW Lay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share