
18/04/2024
#ဆန်းသစ်ဆေးဆိုင် မှာ ရရှိနိုင်ပါတယ်ရှင့်🤩
အတူနေမိသွားလို့ ကိုယ်ဝန်ရမှာ စိုးရိမ်ရင် အရေးပေါ်တားဆေး သောက်ပေးပါ
မသောက်ဘဲ ကိုယ်ဝန်ရနေမလားဆိုပြီး ထိုင်ပြီး ပူပန်နေမယ့်အစား နီးစပ်ရာဆေးဆိုင်ကနေ အရေးပေါ်တားဆေးဆိုပြီး မေးဝယ်ပြီး သောက်ထားလိုက်ပါ
အရေးပေါ်တားဆေး ဆိုတာကတော့ အကောင်းဆုံးကတော့ အတူနေပြီး စောနိုင်သမျှစောသောက်နိုင်လေလေ ပိုပြီး တားပေးနိုင်ဖို့ စိတ်ချရလေလေ ဖြစ်ပါတယ်
အရေးပေါ်တားဆေး သောက်ပြီး ရာသီဆင်းတာ ပုံမှန်မဟုတ်တာတွေကတော့ ဖြစ်လေ့ရှိတတ်ပါတယ်
တချို့လည်း ဘာမှ မဖြစ်ပါဘူးနော်
အရေးပေါ်တားဆေးရဲ့ side effect ကြောက်လို့ မသောက်ရဲဘူးဆိုရင်တော့ အတူမနေပါနဲ့
နေရင်လည်း တခြားတားနည်း တစ်ခုခု ကြိုစီစဉ်သုံးပါ
အမျိုးသမီးတွေအတွက် ပြောရရင် ကိုယ့်ကို အမြဲ အရေးပေါ်တားဆေးပဲ သောက်ခိုင်းနေပြီဆိုရင် သူ့ကိုလည်း တလှည့် ကွန်ဒုံးသုံးခိုင်းလိုက်ပါ
အမျိုးသမီးတွေကိုချစ်တဲ့
PwintPhyuWin_Pharmacist