Classic Smile Dental Clinic- Mandalay

Classic Smile Dental Clinic- Mandalay 09-974 35 36 36
လိပ်စာ- 102A 78လမ်း နှင့် ရန်-မန်းလမ်းကြား (ပြတိုက်လမ်းတောင်ဘက်)

12/02/2026

ရှေ့သွားတွေပိုးးစားနေတယ်ဆိုရင် မိမိရဲ့အလှအပကို မထိခိုင်အောင် အချ်န်မှီပြုပြင်သင့်ပါတယ်🥰

Ph- 09 974 35 36 36

Address - 102A ၇၈လမ်း နှင့် ရန်-မန်းလမ်းကြား

#သွားဆေးခန်း
#သွားဖာခြင်း
#သွားကျောက်ခြစ်ခြင်း

30/01/2026

🦷 သွားနုတ်ပြီးရင် ဘာကြောင့် သွားပြန်စိုက်ဖို့ လိုအပ်တာလဲ?🤔

သွားနုတ်ပြီးတာနဲ့ ပြဿနာတွေပြီးသွားတယ်လို့ မထင်လိုက်နဲ့နော်…

📌 သွားပြန်မစိုက်ဘူးဆိုရင် ဘာဖြစ်နိုင်မလဲ?
• နုတ်ထားတဲ့နေရာမှာ သွားမရှိတော့တဲ့အတွက်

👉 ဘေးသွားများ ယိုင်ပြီး မညီမညာ ဖြစ်လာနိုင်ပါတယ်

👉 နောက်က သွားတွေက ရှေ့ကိုရောက်လာနိုင်တယ်

👉 ဆန့်ကျင်ဘက် သွားတွေက အောက်က်ိုရှည်ကျလာတယ်

👉 ပုံမှန် မစားနိုင်၊ မဝါးနိုင် – ကိုယ်ခန္ဓာကျန်းမာရေးကိုပါ ထိခိုက်လာတတ်တယ်

👉 မျက်နှာပုံပြောင်း၊ အသံထွက်ကောင်းကောင်းမထွက်နိုင်တာမျိုး ဖြစ်နိုင်တယ်။

💡 သွားပြန်စိုက်ခြင်းဟာ ဘာတွေအတွက်အရေးကြီးသလဲ?

✅ သွားမရှိတော့တဲ့နေရာမှာ အစားအသောက်ကို ကောင်းကောင်း ဝါးနိုင်ဖို့

✅ နောက်ထပ် သွားပြဿနာတွေကနေ ကာကွယ်နိုင်ဖို့

📍သွားပြန်စိုက်ဖို့ နည်းလမ်းများ:

• Implant (သွားအမြစ်တု အစားထိုး စိုက်ခြင်း)

• Bridge (ဘေးသွားနှစ်ချောင်း အကူယူပြီး ၃ချောင်းတွဲသွားစိုက်ခြင်း

• Denture (အံကပ် တပ်ဆင်ခြင်း)

📍သင့်အတွက်အကောင်းဆုံးနည်းလမ်းရွေးဖို့၊ ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါနော်။

📞- 09 974 35 36 36

🏡- 78လမ်းနှင့် ရန်ကုန်-မန်းလေးလမ်းကြား 102Aလမ်း

🦷 သွားတစ်ချောင်း မရှိတော့တာထက် အချိန်မီပြန်စိုက်ခြင်းက သင့်အနာဂတ် သွားနှင့်ခံတွင်း ကျန်းမာရေးကိုကာကွယ်ပေးပါတယ်။

#သွားပြန်စိုက်ခြင်း
#သွားစိုက်ခြင်း


#သွားဆေးခန်း
#သွားဆရာဝန်

Classic Smile သွားနှင့်ခံတွင်းဆေးခန်းတွင်🦷 #သွားကျောက်ခြစ်ခြင်း (Scaling & Polishing)🦷 #သွားဖာခြင်း (Tooth Restoration)🦷...
26/01/2026

Classic Smile သွားနှင့်ခံတွင်းဆေးခန်းတွင်

🦷 #သွားကျောက်ခြစ်ခြင်း (Scaling & Polishing)

🦷 #သွားဖာခြင်း (Tooth Restoration)

🦷 #သွားနုတ်ခြင်း (Tooth Extraction)

🦷 #လေဆာဖြင့်သွားဖာခြင်း (Light Cure Composite)

🦷 #သွားအကြောထုတ်ခြင်း (Root Canal Treatment)

🦷 #သွားစိန်ကပ်ခြင်း (Dental Skyces)

🦷 #အံကပ်အမျိူးမျိူး (Denture)

🦷 #သွားအသေစိုက်ခြင်း (Crown & Bridge)

🦷 #သွားများဖြူဖွေးအောင်ပြုလုပ်ခြင်း (Whitening treatment)

🦷 #အံဆုံးသွားများနုတ်ခြင်း (impaction)

🦷Laser ဖြင့် သွားများဖြူစင်အောင် ကုသပေးခြင်း (Tooth )

စသည်ကုသမှုများကို အကောင်းဆုံးနှင့်စျေးအသက်သာဆုံးဖြစ်အောင် ကုသမှုများပေးနေပါပြီ🥰🥰

💜အပြုံးလှလှလေးတွေပိုင်ဆိုင်ဖို့ ယခုပဲ Classic Smile နဲ့စတင်လိုက်ပါ

☎️- 09 974 35 36 36

🏠- 102A 78x79ကြား မန္တလေး (ပြတိုက်လမ်းတောင်ဘက် ပိထောက်လမ်းသွယ်)

ဆေးခန်းဖွင့်ချိန် - မနက်(၉)နာရီမှ ညနေ(၆)နာရီအထိ

#သွားဆေးခန်း
#သွားဆရာဝန်


26/01/2026

Classic Smile သွားနှင့်ခံတွင်းဆေးခန်းတွင်

🦷 #သွားကျောက်ခြစ်ခြင်း (Scaling & Polishing)

🦷 #သွားဖာခြင်း (Tooth Restoration)

🦷 #သွားနုတ်ခြင်း (Tooth Extraction)

🦷 #လေဆာဖြင့်သွားဖာခြင်း (Light Cure Composite)

🦷 #သွားအကြောထုတ်ခြင်း (Root Canal Treatment)

🦷 #သွားစိန်ကပ်ခြင်း (Dental Skyces)

🦷Laser ဖြင့် သွားများဖြူစင်အောင် ကုသပေးခြင်း (Tooth )

စသည်ကုသမှုများကို အကောင်းဆုံးနှင့်စျေးအသက်သာဆုံးဖြစ်အောင် ကုသမှုများပေးနေပါပြီ🥰🥰

💜အပြုံးလှလှလေးတွေပိုင်ဆိုင်ဖို့ ယခုပဲ Classic Smile နဲ့စတင်လိုက်ပါ

☎️- 09 974 35 36 36

🏠- 102A 78x79ကြား မန္တလေး (ပြတိုက်လမ်းတောင်ဘက် ပိထောက်လမ်းသွယ်)

ဆေးခန်းဖွင့်ချိန် - မနက်(၉)နာရီမှ ညနေ(၆)နာရီအထိ

#သွားဆေးခန်း
#သွားဆရာဝန်

15/01/2026

- ပြီးခဲ့တဲ့ရက်ပိုင်းက ကျွန်တော့်ဆေးခန်းကို ကွမ်းယာကြောင့် ခံတွင်းကင်ဆာဖြစ်နေတဲ့ လူနာတစ်ယောက် ဆေးခန်းလာပြပါတယ်။

သူက "ဆရာရယ်... အရင်က ဒီလောက်အန္တရာယ်ရှိမှန်း သိခဲ့ရင် ကွမ်းလုံးဝမစားခဲ့ပါဘူး" လို့ ရင်နာနာနဲ့ ပြောရှာပါတယ်။

ဒါကြောင့် ဒီ Post လေးကို အဆုံးထိဖတ်ပေးဖို့ ကျွန်တော် တောင်းဆိုချင်ပါတယ်... ဒါဟာ သင့်နဲ့ သင့်ပတ်ဝန်းကျင်ကသူတွေရဲ့ အသက်ကို ကယ်တင်နိုင်လို့ပါ။

💥 ကွမ်းယာထဲမှာ တကယ်ပဲ ဘာတွေပါနေလဲ?
လူအများစုက ကွမ်းသီးကို သဘာဝအသီးမို့ အန္တရာယ်မရှိဘူး ထင်တတ်ကြပါတယ်။ ဒါပေမဲ့...

* ကွမ်းသီး : သူ့မှာပါတဲ့ အဆိပ်ဟာ ဆဲလ်တွေကို တိုက်ရိုက်ဖျက်ဆီးပြီး ကင်ဆာဖြစ်စေနိုင်တာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကွမ်းသီးကို ကင်ဆာဖြစ်စေတဲ့ အရာ (Group 1 Carcinogen) အဖြစ် သတ်မှတ်ထားပါတယ်။

* ထုံး : ပါးစပ်ထဲက နူးညံ့တဲ့ ပါးစောင်တွေကို လောင်စားပြီး အနာဖြစ်စေပါတယ်။ အဲဒီအနာတွေထဲကနေ ကင်ဆာပစ္စည်းတွေက သွေးထဲကို အလွယ်တကူ စိမ့်ဝင်သွားတာပါ။

* ဆေးရွက်ကြီး: ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်း (၂၈) မျိုးထက်မက ပါဝင်နေတဲ့ အဓိက တရားခံပါပဲ။

🔴 ကွမ်းစားခြင်းရဲ့ အဓိကအန္တရာယ်များ

၁။ ခံတွင်းကင်ဆာ (Oral Cancer): ဒါဟာ အကြောက်ရဆုံးပါပဲ။ ကွမ်းသီး၊ ဆေးရွက်ကြီးနဲ့ ထုံးတို့ ပေါင်းစပ်လိုက်တဲ့အခါ ကင်ဆာဖြစ်စေတဲ့ ဓာတ်ပစ္စည်းတွေ ထွက်လာပြီး ခံတွင်းထဲမှာ ကင်ဆာအနာတွေ ဖြစ်လာစေပါတယ်။

၂။ ပါးစပ်ဟမရခြင်း (Oral Submucous Fibrosis): ကွမ်းစားတာ ကြာလာတဲ့အခါ ပါးစပ်အတွင်းသားတွေ မာကျောလာပြီး ပါးစပ်ကို အရင်လို အကျယ်ကြီး ဟလို့မရတော့တာမျိုး ကြုံရတတ်ပါတယ်။ ဒါဟာ ခံတွင်းကင်ဆာမဖြစ်ခင် ရှေ့ပြေးလက္ခဏာတစ်ခုပါ။

၃။ သွားနဲ့ ခံတွင်းပျက်စီးခြင်း: သွားဖုံးတွေ နိမ့်ဆင်းတာ၊ သွားတွေ ယိုင်လာတာ၊ သွားအရောင်တွေ ညစ်ပတ်နေတာအပြင် အမြဲတမ်း ခံတွင်းနံ့ဆိုးတာမျိုးတွေ ဖြစ်စေပါတယ်။

၄။ နှလုံးနဲ့ သွေးတိုး: ကွမ်းယာထဲမှာပါတဲ့ Caffeine နဲ့တူတဲ့ ဓာတ်တွေက နှလုံးခုန်နှုန်းကို မြန်စေပြီး သွေးတိုးရောဂါကို ပိုဆိုးစေနိုင်ပါတယ်။

⚠️ ဒီလက္ခဏာတွေတွေ့ရင် အရေးကြီးပြီနော်!
ကွမ်းစားတဲ့သူတွေအနေနဲ့ အောက်ပါအချက်တွေတွေ့ရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါတယ် -
* ပါးစပ်ထဲမှာ မပျောက်နိုင်တဲ့ အဖြူကွက် (သို့) အနီကွက်တွေ ရှိနေခြင်း။
* ပါးစပ်ထဲမှာ အနာဖြစ်ပြီး (၂) ပတ်ကျော်ကြာအောင် မကျက်ခြင်း။
* ပါးစပ်ဟရတာ ခက်လာခြင်း၊ လျှာလှုပ်ရှားရ ခက်လာခြင်း။
* လည်ပင်းမှာ အလုံးအကျိတ် စမ်းမိခြင်း။

👨‍⚕️ အကြံပြုချက် (ကွမ်းဖြတ်ဖို့ နည်းလမ်းကောင်းများ)
"ကွမ်းဖြတ်ရတာ ခက်တယ်" ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဖြည်းဖြည်းချင်း ကြိုးစားပြီး ကွမ်းဖြတ်ကြတာပေါ့လေ။

* ကွမ်းစားချင်စိတ်ဖြစ်စေတဲ့ အလုပ်တွေ၊ ပတ်ဝန်းကျင်ကနေ ခဏခွာပါ။ ကွမ်းယာကို သူများကကျွေးလည်း လုံးဝမစားပါနှင့်။
* အစားထိုးပါ: ကွမ်းယာအစား ပီကေဝါးတာ၊ ငုံဆေးငုံတာ ဒါမှမဟုတ် အစေ့အဆန် တစ်ခုခုကို အိတ်ထဲဆောင်ထားပြီး ဝါးပေးပါ။
* မိသားစုကို ကြည့်ပါ: သင်မရှိရင် သင့်မိသားစု ဘယ်လိုနေမလဲဆိုတာကို ခဏလောက် တွေးကြည့်ပေးပါ။

နိဂုံးချုပ်အနေနဲ့ မှာချင်တာက...
ကင်ဆာဆိုတာ ဖြစ်လာရင် ကုသရတာ အရမ်းခက်ခဲသလို ကုန်ကျစရိတ်လည်း အရမ်းများပါတယ်။ "မဖြစ်ခင် ကြိုတင်ကာကွယ်ခြင်း" ကသာ အကောင်းဆုံး ဆေးတစ်ခွက်ပါ။

ဒီ Post လေးကို သင့်မိသားစုဝင်တွေ၊ ကွမ်းစားတတ်တဲ့ သူငယ်ချင်းတွေကို Share ပေးခြင်းဖြင့် သူတို့ရဲ့ အသက်ကို ကယ်တင်ပေးလိုက်ပါဦး။

သင်ကကွမ်းစားတတ်တဲ့သူဆိုရင်... ကွမ်းဖြတ်ဖို့ ဘယ်နှစ်ကြိမ် ကြိုးစားဖူးလဲ? ဘာအခက်အခဲတွေ ရှိနေလဲ?
Comment မှာ ရိုးရိုးသားသား ရေးခဲ့ပေးပါ၊

အားလုံးပဲ ကျန်းမာကြပါစေ
ဒေါက်တာရဲ။

( ဤပုံသည် ဖန်တီးထားသောပုံသာ ဖြစ်သည်။ )

#ကွမ်းယာအန္တရာယ် #ခံတွင်းကင်ဆာသတိပြု #ကျန်းမာရေးဗဟုသုတ #ဒေါက်တာရဲ #ပါးစောင်ကင်ဆာ

❗We're Hiring❗Classic Smile သွားဆေးခန်းအတွက် အမျိူးသမီးဆေးခန်းအကူ (၁)ဦး အလ်ိုရှိပါသည်(ဆေးခန်းအတွေ့အကြုံ လုံးဝ မလိုအပ်ပါ)...
05/12/2025

❗We're Hiring❗

Classic Smile သွားဆေးခန်းအတွက် အမျိူးသမီးဆေးခန်းအကူ (၁)ဦး အလ်ိုရှိပါသည်
(ဆေးခန်းအတွေ့အကြုံ လုံးဝ မလိုအပ်ပါ)

✅ အသက် -၁၈-၂၅ ကြား
✅ ပညာအရည်အချင်း -အထက်တန်းအထက်ရှိသူ
(ကျောင်းကိစ္စအရှူပ်အရှင်းကင်းရှင်းသူ ဖြစ်ရမည်)
✅ အကျင့်စာရိတ္တ ကောင်းမွန်ပီး ရိုးသားသူ
✅ အိမ်ထောင်မရှိသူဖြစ်ရမည်
✅ ရေရှည်လုပ်ကိုင်နိုင်သူပို ဦးစားပေးပါမည်။ (အနည်းဆုံး ၆လ)
✅ မန္တလေးမြို့တွင်း နေထိုင်သူဖြစ်ရမည်

အစမ်းခန့်ကာလ- ၂လ

Time - အလုပ်ချိန်နှင့်အလုပ်တက်ရက်ကို မနက်၉နာရီမှညနေ၆:၃၀နာရီ

တစ်လလျှင် (၂)ရက် နားခွင့်ရပါမည်။

အလုပ်နားရက်ကို လပြည့် လကွယ် ၂ရက်ကို ပိတ်ရက်အဖြစ်သတ်မှတ်ပေးပါမည်။

Salary - မျှော်မှန်းလစာ

Note:: အတွေ့အကြုံ မရှိလဲ လျှောက်ထားနိုင် ပါတယ် အကုန် သင်ပေးပါမည်။

စိတ်ပါဝင်စားလို့ အလုပ် လျှောက်ထားချင်ပါက CV Form နှင့် တကွ
Viber - 09 974 35 36 36
သို့မဟုတ်
📩 Gmail - classicsmile18@gmail.com မှတဆင့် ခန့်မှန်းလစာနှင့်တကွ လျှောက်ထားနိုင်ပါပြီခင်ဗျာ




29/09/2025

သွားတိုက်နည်းစနစ်မမှန်တာ

သွားအံကြိတ်တာတွေကြောင့်

ဖြစ်တက်တဲ့ သွားကြွေလွှာ ပြုန်းတီးမှုတွေက်ို

လေဆာနဲ သွားကြွေလွှာလေးဖြည့်ပေးထားတာပါ🥰

Ph / viber- 09 974 35 36 36

Address- 102A ၇၈လမ်းနှင့် ရန်-မန်းလမ်းကြား

#သွားဆေးခန်း
#သွားဆရာဝန်
#သွားကျောက်ခြစ်ခြင်း

11/09/2025

နောက်အံသွားတွေမရှိတော့​တဲ့နေရာလေးကို အံကပ်လေးထည့်ပြီး သွားအရှင်စိုက်ထားတာလေးပါ

ကုန်ကျစရိတ်အနေနဲလဲ သွားအသေစိုက်တာထက် အများကြီးသက်သာပါတယ်


#သွားဆရာဝန်
#သွားဆရာဝန်
#သွားကျောက်ခြစ်ခြင်း
#အံကပ်စိုက်ခြင်း

သွားတစ်ချောင်းမရှိတော့တဲ့နေရာလေးကို ကြွေး+သတ္တုစပ် သွားတု၃ချောင်းနဲ တံတားထိုး စိုက်ပေးထားတာလေးပါ🥰Ph- 09 974 35 36 36Addr...
07/09/2025

သွားတစ်ချောင်းမရှိတော့တဲ့နေရာလေးကို ကြွေး+သတ္တုစပ် သွားတု၃ချောင်းနဲ တံတားထိုး စိုက်ပေးထားတာလေးပါ🥰

Ph- 09 974 35 36 36

Address- 102A 78လမ်းနှင့် ရန်ကုန်-မန္တလေးလမ်းကြား (ပြတ်ိုက်လမ်းတောင်ဘက်)

🦷သွားကျောက်ခြစ်ခြင်း (သို့) သွားသန့်ရှင်းရေးပြုလုပ်ခြင်း🦷 အတွက် 👉(10% off) 😍   သွားများကို တစ်နေ့ နှစ်ကြိမ်ပုံမှန်တိုက်ပ...
07/08/2025

🦷သွားကျောက်ခြစ်ခြင်း (သို့) သွားသန့်ရှင်းရေးပြုလုပ်ခြင်း🦷 အတွက် 👉(10% off) 😍

သွားများကို တစ်နေ့ နှစ်ကြိမ်ပုံမှန်တိုက်ပြီးသန့်ရှင်းရေးလုပ်ပေမယ့်
-သွားအခြေမှာ သွားချေးကျောက်လေးတွေ မပြောင်သွားပဲဆက်ရှိနေသေးတာ😥😥
-သွားဖုံးများရောင်ပြီး သွားတိုက်လိုက်တိုင်း သွေးထွက်လာတာ😱😱
-ခံတွင်းအနံ့အသက်မကောင်းတာမျိုး ဘာကြောင့်ဖြစ်ရသလဲ🧐🧐??

နေ့စဉ်သွားတိုက်သော်လည်း သွားတိုက်နည်းစနစ်မမှန်ပဲ မှားယွင်းနေလျှင် သွားချေးကျောက်လေးတွေဟာ ပုံမှန်သွားတိုက်ရုံနဲ့ မပြောင်နိုင်ပါဘူး💡💡

ကျွန်တော်တို့နေ့စဉ်စားသုံးလိုက်သော အစားအစာအကြွင်းအကျန်အမှုန်များက သွားမျက်နှာပြင်မှာကပ်ငြိပြီး ပါးစပ်ထဲမှာရှိတဲ့ ဘတ်တီးရီးယားတွေနဲ့ပေါင်းသွားတဲ့အခါမှာ သွားချေးလွှာစတင်ဖြစ်ပေါ်လာပါတယ်😱😱

ထိုသွားချေးလွှာများကိုသေချာမဖယ်နိုင်လျှင် အချိန်ကြာလာတာနဲ့အမျှ စုလာပြီးအနည်ထိုင်ကာ သွားချေးကျောက် များ အဖြစ်အသွင်ပြောင်းသွားပါတယ် 😮😮

ထိုအခါမျိုးမှာ မိမိကိုယ်တိုင်သန့်ရှင်းရေးလုပ်ရုံဖြင့် မပြောင်သောကြောင့် နီးစပ်ရာသွားဆေးခန်းမှာ သွားဆရာဝန်များနဲ့တိုင်ပင်ပြီး သွားသန့်ရှင်းရေးကုသမှုခံယူသင့်ပါတယ်🥰🥰

သွားချေးကျောက်များမဖယ်ပဲထားရင်ရော ဘာပြသနာတွေဖြစ်လာနိုင်လဲ?? မဖယ်ပဲထားလျှင် …….🤔🤔

-🦷သွားဖုံးများရောင်ပြီးနာကျဉ်ခြင်း
-🦷သွားဖုံးများဖောင်းကြွပြီး နီရဲနေခြင်း
-🦷သွားတိုက်တိုင်း သွားဖုံးများသွေးထွက်လာခြင်း
-🦷သွားများဝါနေခြင်း
-🦷သွားကျဲလာခြင်း
-🦷သွားများပိုးစားလာခြင်း
-🦷ခံတွင်းအနံ့အသက်ဆိုးခြင်းကြောင့် မိမိကိုယ်ကို ယုံကြည်မှုမရှိခြင်း
-🦷အချိန်ကြာလာတာနဲ့အမျှ သွားဖုံးသားများကြံ့ခိုင်မှုမရှိပဲ နိမ့်ဆင်းလာခြင်း
-🦷သွားအမြစ်များပေါ်လာပြီး သွားများယိုင်နဲ့ကာ ရေစီးကမ်းပြိုရောဂါရ၍ သွားများကျွတ်ထွက်လာခြင်း
-🦷သွားများနုတ်ပစ်ရသည်အထိ ဆိုးရွားတဲ့နောက်ဆက်တွဲပြသနာများဖြစ်လာနိုင်ပါတယ်

အထက်ပါလက္ခဏာများ ကြုံလာရပြီဆိုရင် မဖြစ်မနေ သွားဆေးခန်းမှာ သွားသန့်ရှင်းရေးလုပ်ပေးဖို့ လိုအပ်နေပါပြီ😉😉
-✅၆လ တစ်ကြိမ် သွားဆေးခန်း၌ သွားသန့်ရှင်းရေးလုပ်ပေးပါ ၊ သွားနှင်ခံတွင်း ပုံမှန်စစ်ဆေးပေးပါ
-✅သွားကို နေ့စဉ် တစ်နေ့ ၂ကြိမ် နည်းစနည်မှန်မှန် ပုံမှန်သွားတိုက်ပေးပါ
-✅သွားပွတ်ကြိုးအသုံးပြုပေးပါ
-✅အစာစားပြီးတိုင်း ပလုတ်ကျင်းပေးပါ

နောက်ဆက်တွဲသွားဖုံးရောဂါများ ကြိုတက်ကာကွယ်ကာ သွားများသန့်ရှင်းလှပပြီး ကျန်းမာစေဖို့၊ သွားနှင့်ခံတွင်းအနံအသက်ဆိုးကင်းဝေး၍ မိမိကိုယ်ကိုယုံကြည်မှုရှိလာစေဖို့ မိမိသွားများ တစ်ခါမှ သန့်ရှင်းရေးမလုပ်ရသေးဘူးဆိုလျှင် အမြန်ဆုံးကုသမှုခံယူဖို့ တိုက်တွန်းလိုက်ပါရစေ💙💙

Phone- 09 974 35 36 36
Address- 102A 78x79 ကြား (ပြတိုက်လမ်းတောင်ဘက်)

Address

78လမ်းနှင့် ရန်-မန်းလမ်းကြား 102A (102A လမ်းပေါ်တွင် ရှိပါသည်)
Mandalay
05041

Opening Hours

Monday 08:00 - 23:59
Tuesday 08:00 - 23:59
Wednesday 08:00 - 23:59
Thursday 08:00 - 23:59
Friday 08:00 - 23:59
Saturday 08:00 - 23:59
Sunday 08:00 - 23:59

Telephone

+959777475645

Website

Alerts

Be the first to know and let us send you an email when Classic Smile Dental Clinic- Mandalay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Classic Smile Dental Clinic- Mandalay:

Share