Shwe Myittar OG Clinic

  • Home
  • Shwe Myittar OG Clinic

Shwe Myittar OG Clinic ဒေါက်တာ စုလှိုင်ထား
သားဖွားမီးယပ် အထူးကု ဆရာဝန်ကြီး
M.B;B.S(Ygn),M.Med.Sc(OG), MRCOG(UK)

  Post # ကျေးဇူးတင်လွှာ  Management  #OG ဆရာပဲ တော်လို့ မဟုတ်၊ မိခင်ဖခင် ပါ တော်မှ ရလာဒ် ကောင်းတာ📝📝📝Brief history 🖲️ကိုယ...
15/08/2025

Post # ကျေးဇူးတင်လွှာ
Management #

OG ဆရာပဲ တော်လို့ မဟုတ်၊
မိခင်ဖခင် ပါ တော်မှ ရလာဒ် ကောင်းတာ

📝📝📝
Brief history

🖲️ကိုယ်ဝန် ၃၅ ပတ် အရောက် ----Ultrasound က
Baby လေး ၁-၂ ပတ်ခန့် အရွယ်သေးနေတယ်
ရေမွှာရေ ပမာဏ စနည်းနေပြီတဲ့

ဒါဆို ကလေးကျန်းမာရေးကို စိတ်ပူတယ်

🧑‍⚕️ဒီလိုဖြစ်‌ေစတဲ့ ကိုယ်ဝန်ပြဿနာ လိုက်ရှာတော့
👉Doppler studies မှာ အချင်းမှ ကလေးဆီ သွေးပို့မှု ကောင်းတယ်
👉Baby ကျောက်ကပ် ၂ ဘက်လုံး ပုံမှန်ပဲ
👉ရေမွှာပေါက်လား စစ်ဆေးတော့ ‌မဟုတ်ဘူး
👉ကိုယ်ဝန်ဆိပ်တက်၊ တခြားကိုယ်ဝန် ပြဿနာ မရှိဘူး

🧑‍⚕️🫄ဒါကြောင့်
မိဘ တွေနှင့် မွေးဖွားဖို့ plan ဆွေးနွေးတယ်။
"ဆရာက baby ကို အသက်ရှင်ယုံ မမွေးဘူး၊ အသက်ရှည်ဖို့ မွေးမယ်" လို့

၃၅ ပတ်က လမစေ့သေးတော့
မိခင်ဝမ်းထဲ ကလေးအတွက်
အန္တရာယ် ကြီးရင် မွေးမယ်။

ကလေးအခြေအနေ သေချာ
စောင့်ကြည်ပြီး ကောင်း‌ေနသရွေ့
၃၇ ပတ် လစေ့တဲ့ အထိ စောင့်မွေးချင်တာ။

မိခင်ဝမ်းထဲ baby လေးက
တနေ့တခြား Weight တက်လာယုံတင်မဟုတ်ဘူး၊ organ function အဆုတ် အလုပ်လုပ်ပုံစသဖြင့် ပို ပီပြင်လာတယ်၊ ဒါမျိုး ကလေးအပြင်ရောက်မှ လုပ်ပေးလို့မရနိုင်ဘူး။

👇👇👇
(၂၄ပတ်-၃၇ပတ်ကြား မွေးဖွားတာ
လမစေ့ပဲ ဖွားတာ၊
ဒီ baby လေးတွေဟာ အသက်ရှင်ဖို့ အတော် ရုန်းကန်ကြရပါတယ် )

လမစေ့တဲ့ baby က
NICU အထူးကြပ်မတ်ကုသခန်း ကလေးဆေးရုံတင်
Incubator အနွေးကန် ထဲထား
အဆုတ် အသက်မရှုတတ်သေးတော့ အသက်ရှုစက်တင်
ရောဂါပိုးဝင်လွယ်တော့ ပိုးသတ်ဆေးတွေသွင်း
အစားမစားတတ်သေးတော့ ပိုက်တွေနဲ့သွင်း စသဖြင့်

လချီအောင် ဆေးရုံတက်ပြီး ကလေးပြန်ခေါ် နိုင်တဲ့ မိဘတွေရှိသလို ကလေးဆုံရှုံးရတဲ့ မိဘတွေလည်း ရှိတယ်။

🧑‍⚕️ဘယ်လို စောင့်ရှောက်ခဲ့လဲ🫄

၁)Ultrasound+ Doppler studies တပတ်ကြာ ရိုက်..
၂) CTG ကလေးနှလုံးခုန် tracing
တပတ် ၂ ကြိမ်...
နှလုံးခုန်နှုန်းကျရင် အရေးပေါ်ခွဲမွေးဖို့ ပြင်ဆင်ထား
၃) မိခင်ကို ကလေးလှုပ်တာ သေချာမှတ်စေ၊
အလှုပ်နည်းတယ် သံသယ ဖြစ်ရင်
ဆရာ့ဆီ ချက်ချင်း ဆက်သွယ်‌ေစတယ်
၄) ကလေးအဆုတ် ဖွံ့ဖြိုးမှု
အားကောင်းစေဖို့ မိခင်ကို ဆေး ၂ ကြိမ် ထိုးထားတယ်
၅) အရည်များများ၊ အစား
ပြည့်ပြည့်ဝဝ စားစေ
၆)မိဘ စိတ်ပူပန်မှုနည်းအောင် ဆရာက အမြဲ keep in touch နေတယ်
(အချိန်မရွေး လိုအပ်ရင် ဖုန်းဆက်၊ အရေးပေါ်ဆိုလည်း ရအောင်လုပ်ပေးမယ်)

"မိဘတွေကို နင်တို့ ဆရာ့ကို အားကိုးပါ၊ဆရာလည်း နင်တို့ကို အားကိုးတယ်"

🧑‍🍼ရလာဒ်က
သူတို့မွေးချင်တဲ့ အင်္ဂါ သမီး၊၃၇ ပတ် မှာ အလေးချိန်ပေါင်ပြည့်
ကျန်းကျန်းမာမာ လေးရတယ်၊

မိခင်ရင်ခွင်ထဲ မိခင်နို့ တန်းဆို့ခွင့်ရသွားတယ်။

ဒီ post လေးနှင့်
OG မိမိကိုယ်တိုင်နှင့် team၊ ကလေးအထူးကု
မိခင်ဖခင်၊ ကျန်းကျန်းမာမာ
ထွက်လာပေးတဲ့ သမီးလေးရော
ကျေးဇူး အထူးတင်ပါတယ်။

တကယ်တော့
ကိုယ် တာဝန် အများကြီး ယူထားမိလို့ သူလေး မမွေးခင် ညက ကိုယ် အိပ်
မပျော်ဘူး၊
သမီးလေး ကျန်းကျန်းမာမာ ထွက်လာမှ အမောပြေတယ်
"ကျီစားသလား သမီးလို့"

Dr SU HLAING HTAR
OG Specialist
Myittar OG Clinic
Photo credit

 #ကလေးမီးဖွားပြီးမိခင်စောင့်ရှောက်မှုမွေးကင်းစကလေး စောင့်ရှောက်မှုအရေးကြီးပါတယ်။မိခင် ကလေး မကျန်းမာတာ၊ အသက်ဆုံးသည်အထိ ဖြ...
15/08/2025

#ကလေးမီးဖွားပြီး
မိခင်စောင့်ရှောက်မှု
မွေးကင်းစကလေး စောင့်ရှောက်မှု
အရေးကြီးပါတယ်။

မိခင် ကလေး မကျန်းမာတာ၊
အသက်ဆုံးသည်အထိ ဖြစ်တာ

👉ကျန်းမာရေးအသိ မရှိတာ
👉ရှိဖို့ မကြိုးစားတာ
👉မသိတဲ့သူပြောတာကို မတတ်တဲ့သူက ယုံတာ စသဖြင့် ကြောင့်ပါပဲ။

အကြောင်း အကျိုး တွက်တတ်မှ
ရှောင်သင့်တာ
ဆောင်သင့်တာ သိပါမယ်။

👇👇👇
စာဖတ်ပါ

https://www.facebook.com/share/p/1B19eXW5GA/

#ကလေး‌မွေးဖွားတော့မယ့် မေမေတို့ ဖတ်ဖို့ #
# Postnatal Care

👉ကိုယ်ဝန်ဆောင်မိခင်တွေ‌ေရာ ခင်ပွန်း၊ မိဘ ဆွေမျိုးတွေပါ အောက်ပါ မေးခွန်းတွေကို မှန်ကန်စွာ သိရှိနိုင်ဖို့ ဒီ ကျန်းမာရေး ပညာပေး စာပိုဒ်တွေဖတ်ပါ။ 👈
🖲️🖲️🖲️
အယူအဆ တလွဲတွေ ပြုလုပ်ဖို့ တိုက်တွန်းခြင်းက မိခင်ရော ကလေးပါ အန္တရာယ် ဖြစ်စေပါတယ်။

မီးဖွားပြီး မိခင်၊ မွေးကင်းစကလေး ဘယ်လို မှန်ကန်စွာ စောင့်ရှောက်ကြမလဲ❓

မိခင်နို့တိုက်ကြွေးခြင်းနှင့် နို့တိုက်ပြီး ကလေး လေ ထုတ်ခြင်း ဘယ်လို မှန်ကန်စွာ ဆောင်ရွက်ကြမလဲ❓

မွေးပြီး ၄၅ ရက်ထိ အမျိုးသားနှင့် အတူမနေဘဲ ရှောင်ရမှာလား❓ တားဆေးက မွေးပြီး ၄၅ ရက်ကြာမှ သုံးရမှာလား❓

👇👇👇

https://www.facebook.com/share/p/26t7Nkv2tXNGdaPe/?mibextid=oFDknk

မိခင်နို့ရည် တိုက်ကြွေးခြင်း

https://www.facebook.com/share/p/8BfJGZQCwUqEYv2X/?mibextid=oFDknk

နို့တိုက်ပြီး ကလေးကို လေထုတ်ပေးခြင်း

https://www.facebook.com/share/v/isDw6sA17SpWbA26/?mibextid=oFDknk

မီးဖွားပြီး မိခင်နှင့် မွေးကင်းစ ကလေး စောင့်ရှောက်ခြင်း

https://www.facebook.com/share/p/mWrtaVMGKRd6AFsC/?mibextid=oFDknk
မီးဖွားပြီး ဘယ်လောက်ကြာရင်
တားဆေးသုံးစွဲ ရမလဲ?

SU HLAING HTAR
Myittar OG Clinic
OG Specialist

အယူအဆ အလွဲများ
❌❌❌
မီးဖွားပြီးတပတ် မိခင်ကို ရေမချိုးနဲ့၊ ခေါင်းမလျှော်နဲ့၊ ဆပ်ပြာမသုံးနဲ့
ဆနွင်း တကိုယ်လုံးလူး၊ ခေါင်းပေါင်းနှင့် ဆံပင်တွေ ထွေးထားတာ နံဆော်လို့
အုတ်ပူတိုက်တာ၊ သွေးခွဲတာ၊ ချွေးထုတ်တာ၊
သွေးဆေး၊ အရက်တွေတိုက်ပြီး သွေးပုတ်တွေ ဆင်းအောင်ဆိုပဲ
နို့တိုက်မိခင် ဆာလောင်လို့ အစားစားရင်လည်း ဟိုဟာ မတည့်၊ ဒီဟာ ကလေး လေစာ စသဖြင့် ပန်းကန်တွေ ဆွဲသိမ်းတာ

အရည်ကျဲ၊ အသားခြောက်၊ ငါးခြောက်လောက်ပဲ ကျွေး၊ အစာ ရှောင်ခိုင်းတာ

ကလေး ပါးစပ်ထဲ ပျားရည်၊ သောက်ရေ၊ လျှာပွတ်ဆေး၊ လေဆေးတွေ ထည့်တာ

ကလေးချက်ထဲ အရက်ပြန်၊ ပိုးသတ်ဆေးတွေ ထည့်တာ
ကလေးအသားဝါလို့ မီးရောင်ပြ ကုသဖို့ ကလေးဆရာဝန်က ညွှန်ကြားလည်း လက်
မခံတာ

အမျိုးသားကို ၄၅ ရက် လုံးလုံး အတူပေးမနေတာ
တားဆေးကို မွေးပြီး ၄၅ ရက် (သို့) ၆ လကြာမှ သုံးစေတာ

အဲတော့ ကလေး ထပ်ပြီး ကပ်ရပြန်တော့
အန္တရာယ် ယူပြီး ဖျက်ချတာ
ရှေ့ကလေးကို နို့ အတင်းဖြတ်တာ
❌❌❌
ကြုံဖူး ကြားဖူးကြလား။

အကျိုးအကြောင်း မှန်မှန်ကန်ကန် တွေးတောနိုင်ရင်တော့ ဒီ အယူအဆ အလွဲတွေကို ဆန့်ကျင်နိုင်ပေမယ့် အတော်များများသော မိခင်နှင့် ကလေး တွေမှာ နစ်နာကြရပါတယ်။

မိခင်ရော ကလေးများ ပါ မှန်ကန်သော ပြုစုကုသစောင့်ရှောက်မှု ရနိုင်ကြပါစေ။

 # မျိုးဥအိမ် အရည်အိတ် အသေး တွေ ခွဲရမယ် ပြောလို့၊ ကင်ဆာလား # လာဆွေးနွေးကြလို့ကျန်းမာရေး ပညာပေး #မလိုအပ်ဘဲ စိတ်မပူဖို့
14/06/2025

# မျိုးဥအိမ် အရည်အိတ် အသေး တွေ ခွဲရမယ် ပြောလို့၊ ကင်ဆာလား #
လာဆွေးနွေးကြလို့
ကျန်းမာရေး ပညာပေး
#မလိုအပ်ဘဲ စိတ်မပူဖို့

 # ဆေးခန်း ပြသ ဆွေးနွေးလိုပါက #"မနက်ပိုင်း ဆွေးနွေးလိုသော လူနာများ"၁)စွမ်းပြည့်သာ အထူးကုဆေးခန်း60/124-125 ကြား၂)ရွှေမြင့...
30/05/2025

# ဆေးခန်း ပြသ ဆွေးနွေးလိုပါက #

"မနက်ပိုင်း ဆွေးနွေးလိုသော လူနာများ"
၁)စွမ်းပြည့်သာ အထူးကုဆေးခန်း
60/124-125 ကြား

၂)ရွှေမြင့်မိုရ် ဆေးခန်း
110/61-62 ကြား ၌ လာရောက်ပြသနိုင်ပါသည်။
(ဖုန်း 09446103030 ကြိုတင်ချိန်းဆိုပါရန်။)

# # # # # # # #

" ပုံမှန် ဆေးခန်းထိုင်ချိန်"

၁)စွမ်းပြည့်သာ အထူးကုဆေးခန်း
60/124-125 ကြား
ညနေ 5 နာရီ(နေ့စဉ်)

၂)ကံသစ္စာ ဆေးရုံ
62/124-125 ကြား
ညနေ 4 နာရီ(နေ့စဉ်)

၃)ရွှေမြင့်မိုရ် ဆေးခန်း
110/61-62 ကြား
ညနေ 4 နာရီ(နေ့စဉ်)

၄)Procare clinic
66/40
စနေ၊တနင်္ဂနွေ မနက် 10 နာရီ

အထက်ပါ ဆေးခန်းများတွင်
ဆေးခန်းထိုင်ချိန် ပြင်ပ မိမိအဆင်‌ေပြ‌ေသာအချိန်ပြသလိုပါက
ဖုန်း 09446103030 ကြိုတင်ချိန်းဆိုပါရန်။

အရေးပေါ်ပြသလိုပါက
ကံသစ္စာ ဆေးရုံသို့ ဖြစ်စေ
မိမိ မွေးဖွားဖို့ စီစဉ်ပြီးသော ဆေးရုံသို့ ဖြစ်စေလာရောက်ပြသနိုင်ပါသည်။

(ဆရာ ထိုင်သော ဆေးခန်း ၌သာ လာရောက်ပြသနိုင်သော်လည်း

မိမိ အဆင်ပြေသော ဆေးရုံကို ရွေးချယ်ပြီး မွေးဖွားခြင်း၊ ခွဲစိတ်ကုသမှုခံယူခြင်း ပြုလုပ်နိုင်ပါသည်။)

consultation #

လူကိုယ်တိုင် လာရောက် မပြသနိုင်သော လူနာများအနေဖြင့်
‌ဤ page ..chat box မှဖြစ်စေ၊ (သို့)
ဖုန်း 09446103030 အား
(မနက် ၁၀- ညနေ ၄ အတွင်း)
ဆက်သွယ်၍ဖြစ်စေ Booking ယူပြီး

09446103030 Viber မှတဆင့်
online consultation ဆွေးနွေးပေးပါမည်။
# Dr Su Hlaing Htar
OG Specialist

#ဒေါက်တာ စုလှိုင်ထား
သားဖွားမီးယပ် အထူးကု ဆရာဝန်ကြီး
M.B;B.S (Ygn), M.Med.Sc(OG), MRCOG (UK)

10/05/2025

11/5/25 Sunday
ညနေ 4 နာရီ
ဆေးခန်း မထိုင်ဖြစ်ပါ၍

11/5/25 မနက်ပိုင်း ဖြစ်စေ၊
12/5/25 မှ ပြန်လည် ပြသနိုင်ပါသည်။

နှစ်သစ်မှစ မင်္ဂလာ အပေါင်းနှင့် ပြည့်စုံကြပါစေ။ဆင်းရဲ ဒုက္ခ အပေါင်းကင်းဝေးလို့ ချမ်းသာကျန်းမာကြပါစေ။
17/04/2025

နှစ်သစ်မှစ မင်္ဂလာ အပေါင်းနှင့် ပြည့်စုံကြပါစေ။
ဆင်းရဲ ဒုက္ခ အပေါင်းကင်းဝေးလို့ ချမ်းသာကျန်းမာကြပါစေ။

  and pregnancy 👉မြေငလျင်ဒဏ်ခံ ကိုယ်ဝန်သည် တွေမှာ ကိုယ်ဝန် အန္တရာယ်ရှိသလား?မြေငလျင်ကြောင့်တော့ ခြွင်းချက်ပါ ကိုယ်အင်္ဂါမ...
11/04/2025

and pregnancy

👉မြေငလျင်ဒဏ်ခံ ကိုယ်ဝန်သည် တွေမှာ ကိုယ်ဝန် အန္တရာယ်ရှိသလား?

မြေငလျင်ကြောင့်တော့ ခြွင်းချက်ပါ ကိုယ်အင်္ဂါမစုံသော ကလေးဖွားတာ၊ ဉာဏ်ရည် ချွတ်ယွင်းသော ကလေးဖွားတာမျိုး မဖြစ်နိုင်ပါဘူး။
An earthquake itself may not directly cause fetal anomalies or cerebral palsy.

ဒါပေမယ့်
👉မြေငလျင်ကြောင့် ကိုယ်ဝန်သည်တွေမှာ
1️⃣စိတ်ဖိစီးမှု (Stress)
2️⃣ကြီးမား ထိခိုက်ဒဏ်ရာ
(Physical injury) ကြောင့်သာ ကိုယ်ဝန်မှာ စိုးရိမ်စရာ အခြေအနေတချို့ ရှိလာနိုင်ပါတယ်။

👉ဘာစိုးရိမ်စရာတွေ ရှိလာမလဲ?

pregnancy outcomes

ကိုယ်ဝန်ပျက်ခြင်း(miscarriage)
ကလေးအသေဖွားခြင်း(Stillbirth)
လမစေ့ဘဲ စောမွေးခြင်း
(Preterm birth)
ကလေးကိုယ်အလေးချိန် နည်းခြင်း
(Low birth weight)
ကလေးအရွယ်‌ေသးခြင်း
(Small-for-gestational-age)

မိခင်တွေမှာ
စိတ်ကျန်းမာရေး ပြဿနာများ ခံစားရခြင်း(Mental health concerns)
ကိုယ်ဝန် ကိုယ်အလေးချိန် ပုံမှန်တိုးလာမှု မရှိခြင်း
(Inadequate gestational weight gain)
မိခင် သွေးအားနည်းခြင်း.
(Decreased Haemoglobin levels)
စသဖြင့် ရှိလာနိုင်ပါတယ်။

👉ဘယ်လို ကာကွယ်ကြမလဲ?

အထက်ပါ စိုးရိမ်စရာတွေ ဖြစ်စေသော
1)စိတ်ဖိစီးမှု (Stress)နှင့်
2)ကြီးမား ထိခိုက်ဒဏ်ရာ
(Physical injury) လျော့နည်းနိုင်အောင် ကြိုးစားကြရပါမယ်။

👉 , depression, anxiety,PTSD
Post-traumatic stress disorder #

မြေငလျင်ဒဏ်ခံ ကိုယ်ဝန်သည် တွေမှာ
စိတ်ဖိစီးမှု၊ စိတ်ပူပန်မှု၊ စိတ်ကျရောဂါ ခံစားရမှုထိ ရှိနိုင်ပါတယ်။ ဒါဟာ မိခင်လောင်းရဲ့ ကိုယ်ရော စိတ်ပါ ကျန်းမာရေးထိခိုက်နိုင်တယ်။

စိတ်ဖိစီးမှု (Stress)နည်းပါးအောင်
Focus on self-care
ကောင်းစွာ အနားယူ ပါ။
ပုံမှန်ကိုယ်လက်လှုပ်ရှား ပါ။
Meditation or yoga လုပ်ပြီး စိတ်ကို relax လုပ်ပါ။
မိမိ သူငယ်ချင်း၊ မိသားစုတို့ရဲ့ ပံ့ပိုးမှုယူပါ။
လိုအပ်လျှင် စိတ်ကျန်းမာရေးအတွက် ဆရာဝန်နှင့် ဆွေးနွေးပါ။

သတင်းမှားတွေကြောင့် စိတ်မပူပန်ကြပါနဲ့။

Aftershocks နောက်ဆက်တွဲ ငလျင်သေးများအတွက် ကြိုတင် ပြင်ဆင်မှု
"Safety precautions "ပြုလုပ်ထားရပါမယ်။
အန္တရာယ်ကင်းဖို့ အဓိကပါ၊ ထိခိုက်ဒဏ်ရာ ရခဲ့လျှင်လည်း ကုသမှု ခံယူရပါမယ်။

👉 of Environmental Hazards #
ငလျင်ကြောင့် အဆောက်အဦ အပျက်တွေက အငွေ့၊ ဖုန်မှုန့်၊ ဓာတုပစ္စည်း ထိတွေ့မှု က ကိုယ်ဝန်သည်နှင့် သန္ဓေသား အတွက် အန္တရာယ် ရှိစေလို့ သတိထား ရှောင်ကြည်သင့်ပါတယ်။

👉 access to Healthcare #
ငလျင်ပြီးစ ကျန်းမာရေး စောင့်ရှောက်မှု
အချိန်မီ မရနိုင်ပေမယ့် ပြန်လည်ထူထောင်ရေးကာလမှာ ကျန်းမာရေးစနစ် လည်ပတ်စ ဖြစ်လာပါပြီ။
Private & Government Hospitals တွေမှာ ပြသလို့ ရနေပါပြီ။ အရေးပေါ်လူနာ၊ သားဖွားခြင်းအဓိက လုပ်ဆောင်ပေးနေကြပါပြီ။

👉 deficiencies and Dehydration #
အစာ အာဟာရ ပြည့်ဝဖို့၊ သန့်ရှင်းသော သောက်သုံးရေ လုံလောက်ဖို့က ကိုယ်ဝန်သည်အတွက် အရေးကြီးပါတယ်။
သံဓာတ်အားဆေး ပုံမှန်သုံးစွဲပေးပါ။
ဒါမှ ကိုယ်ဝန် အလေးချိန်တိုးခြင်း၊ မိခင်သွေးအားပြည့် လာပြီး ကလေးအလေးချိန် ပြည့်လာမှာပါ။

👉ကိုယ်ဝန်စောင့်ရှောက်မှု မှန်မှန်ဆက်လက်ခံယူပါ။
ကလေးလှုပ်တာ သေချာစွာ မှတ်ပါ။
ကလေးအလှုပ်နည်းတယ် ထင်ရင် ချက်ချင်း ဆရာဝန်နှင့်ပြသပါ။

👉တချို့ကိုယ်ဝန်တွေမှာ လမစေ့ စောမွေးနိုင်ခြင်းကိုလည်း ကိုယ်ဝန်ခိုင်ဆေးသုံးပြီး ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် လ‌မ‌ေစ့ခင် ဗိုက်တင်းနာလျှင် မိမိ ဆရာဝန်နှင့် ဆွေးနွေးပါ။

📝📝📝
နိဂုံးချုပ်ရသော်
၁)ငလျင်ကြောင့် ထိခိုက်ဒဏ်ရာ မဖြစ်စေဖို့ အထူးဂရုပြုပါ၊
ထိခိုက်ပါက ဆေးကုသမှု ချက်ချင်းခံယူပါ။
၂) Stress နည်းဖို့ exercise, yoga, meditation အဆင်ပြေတာ တခုခု လုပ်ပါ။
မှန်ကန်သော ထောက်ပံ့အားပေးမှု လိုအပ်ပါတယ်။
၃) အနားယူ အိပ်စက်ခြင်း၊ အစာအာဟာရ၊သန့်ရှင်းသောရေ ပြည့်ဝရမယ်။ သံဓာတ်အားဆေး သောက်ပါ။
လေကောင်းလေသန့် ရှုပါ။
၄)ကိုယ်ဝန်စောင့်ရှောက်မှု ဆက်လက် ခံယူပါ။
၅)ကလေးလှုပ်တာ‌ေသချာ မှတ်ပါ။

ကိုယ်ဝန်သည်တွေ၊ မိသားစုတွေ အနေဖြင့် စိတ်အေးနိုင်ကြပါစေ။
မိခင်ရော ကလေးများပါ ကျန်းမာကြပါစေ။

and pregnancy
SU HLAING HTAR
OG Specialist
# Shwe Myittar OG Clinic

ပြသနိုင်သော ဆေးခန်း များ မြို့တွင်းပြသမည့် လူနာများCentral clinic လမ်း28/74စနေ၊ တနင်္ဂနွေ မနက် 10နာရီဂန့်ဂေါ်ဆေးရုံလမ်း3...
07/04/2025

ပြသနိုင်သော ဆေးခန်း များ

မြို့တွင်းပြသမည့် လူနာများ

Central clinic
လမ်း28/74
စနေ၊ တနင်္ဂနွေ မနက် 10နာရီ

ဂန့်ဂေါ်ဆေးရုံ
လမ်း34/78-79
စနေ၊ တနင်္ဂနွေ မနက် 10နာရီ

၁)Procare Clinic
လမ်း 66/40
စနေ၊ တနင်္ဂနွေ မနက် 10နာရီ

၂)ကံသစ္စာ ဆေးရုံ
လမ်း 62/124-125
နေ့စဉ် ညနေ 4:30 နာရီ

၃)ရွှေမြင့်မိုရ် ဆေးခန်း
လမ်း 110/61-62ကြား
နေ့စဉ် ညနေ 4:00 နာရီ

တချို့ Private Hospitals တွေ ပြန်လည် ဖွင့်လှစ်နေပြီ ဖြစ်ပါတယ်။

ဗဟို အမျိုးသမီးဆေးရုံ
ကုတင် ၃၀၀ ဆေးရုံ တို့၌လည်း သားဖွားမီးယပ်လူနာများကို ကုသနိုင်ပြီ ဖြစ်ပါတယ်။

ငလျင်ဒဏ်မှ ပြန်လည်ထူထောင်ဆဲကာလမို့
အနည်းငယ်လိုအပ်ချက်ရှိနိုင်ပေမယ့် ဆေးရုံ၊ဆေးခန်းများ ပြန်လည် စတင်နေကြပါပြီ။

အရေးပေါ်ပြသလိုပါက/နယ်ကလာရောက်ပြသမည့်လူနာများ မိမိ အဆင်ပြေမည့်အချိန် ကြိုတင်ချိန်းဆိုပါ။
ဆက်သွယ်ရန်
09 446103030
09 674121172

Su Hlaing Htar
OG Specialist

29/03/2025

ရွှေမြင့်မိုရ် ဆေးခန်း ၌ ပြသနိုင်ပါသည်။

နေ့စဉ် ညနေ4
110,61-62ကြား


Contact phone
09 969794807
09 674121172

 #သားဖွား မီးယပ်ရောဂါများ ဆွေးနွေးလိုပါက #ကလေးမီးဖွားခြင်း။ သားလျှော သားပျက်ကုသခြင်း။မီးယပ်ရောဂါအမျိုးမျိုး ကုသခြင်း။မီး...
28/02/2025

#သားဖွား မီးယပ်ရောဂါများ
ဆွေးနွေးလိုပါက #

ကလေးမီးဖွားခြင်း။

သားလျှော သားပျက်ကုသခြင်း။

မီးယပ်ရောဂါအမျိုးမျိုး ကုသခြင်း။

မီးကပ်ကင်ဆာရောဂါကုသခြင်း၊ ကာကွယ်ခြင်း။

သားအိမ်ကျ၊ဆီးအိမ်ကျွံ၊ မိန်းမကိုယ်ပျက်ဆီးမှုများ ပြင်ဆင်ခြင်း။

အမျိုးသမီးများ၌ လိင်မှတဆင့် ကူးစက်ရောဂါများ ကုသခြင်း။

သားဆက်ခြားနည်းများ ဆွေးနွေးခြင်း။

စသော သားဖွားမီးယပ် ရောဂါ အမျိုးမျိုး ဆွေးနွေးကုသနိုင်ပါသည်။

SU HLAING HTAR
ဒေါက်တာ စုလှိုင်ထား
OG Specialist
သားဖွားမီးယပ် အထူးကု ဆရာဝန်ကြီး
MBBS (Ygn), MMedSc (OG),
MRCOG (UK)

‌ဆေးခန်းပြ ဆွေးနွေးလိုပါက

1)သုခ ဆေးခန်း
58/118-119ကြား
နေ့စဉ် ညနေ 4နာရီ

2)ကံသစ္စာ ဆေးရုံ
62/124-125 ကြား
နေ့စဉ် ညနေ 4နာရီ

3) Special care ဆေးခန်း
မနော်ဟရီ၊ 47-48ကြား
နေ့စဉ် ညနေ 3နာရီ

4)Procare ဆေးခန်း
66-40 ဒေါင့်
စနေ၊ တနင်္ဂနွေ မနက် 10နာရီ

*** အရေးပေါ် ပြသဆွေးနွေးလိုပါက (သို့) မနက်ပိုင်း ပြသလိုပါက (သို့)
နယ်ဝေးမှ လာရောက်ပြသမည့် လူနာများဖြစ်ပါက

ဆေးခန်းဖုန်း 09446103030 (သို့) 09778844441 မှတဆင့် ဖြစ်စေ
Shwe Myittar OG Clinic (page Messenger)မှ ဖြစ်စေ ကြိုတင်ချိန်းဆိုပေးပါရန်။ ***

Onlineမှ ဆွေးနွေးလိုလျှင်
MyanCare app ကတဆင့် ချိန်းဆိုပြသနိုင်သည်။

(မြတ်ဝေလျှံ ဆေးရုံ
58-122/123ကြား
ပြန်လည် ဆေးခန်းထိုင်လျှင် ဤpage ၌
အသိပေးပါမည်။)

"မှတ်ချက်"
အထက်ပါ ဆေးခန်းများ၌ လာရောက် ပြသကြရ သော်လည်း
မိမိ မွေးဖွား၊ ခွဲစိတ်လိုသည့် ဆေးရုံ၌ ရွေးချယ်ကုသနိုင်ရန် စီစဉ်ပေးပါသည်။

Address

55 Street And 112G Corner Chan Mya That Zi Township, Mandalay.

05041

Opening Hours

Tuesday 16:00 - 19:00
Wednesday 16:00 - 19:00
Thursday 16:00 - 19:00
Friday 16:00 - 19:00
Saturday 16:00 - 19:00
Sunday 16:00 - 19:00

Telephone

+959446103030

Website

Alerts

Be the first to know and let us send you an email when Shwe Myittar OG Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram