Green Bike

Green Bike online shop

📸 Look at this post on Facebookhttps://www.facebook.com/share/p/KjbBYBh7i5fAbgmq/?mibextid=qi2Omg
06/12/2023

📸 Look at this post on Facebook
https://www.facebook.com/share/p/KjbBYBh7i5fAbgmq/?mibextid=qi2Omg

ဘက်ထရီဆိုင်ကယ်နဲ့ အမြဲနှစ်ပါးသွားနေရတဲ့ သူတွေအတွက် ကိုယ်ဆိုင်ကယ်နဲ့ ဘက်ထရီ ကြာရှည်ခံဖို့ဆိုရင် စနစ်တကျ အားသွင်းတတ်ဖို့ အရေးကြီးဆုံးပါပဲ 👌

ဒီတော့ ကိုယ့်ဆိုင်ကယ်အတွက် ဘယ်လိုမျိုး ဘယ်လို ဆောင်ရန် ရှောင်ရန် အချက်တွေနဲ့ စနစ်တကျအားသွင်းမလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ် 📢

✅ ပထမဆုံး အားမသွင်းမီ အားသွင်းဘူးနဲ့ ဘက်ထရီအမျိုးအစားတွေက ကိုက်ညီမှု ရှိရဲ့လားဆိုတာ စစ်ဆေးပေးရပါမယ်။

✅ အားစသွင်းတဲ့အခါ အားသွင်းဘူးဘက်မှ အထွက်ခေါင်းကို အရင်တပ်ပြီး လျှပ်စစ်(AC)အဝင် Plug ကိုတပ်ပေးရပါမယ်။

✅ အားပြည့်ပါကလျှပ်စစ်(AC) အဝင် Plug ကိုဖြုတ်ပြီးမှ အားသွင်းဘူးအထွက်ခေါင်းကို ဖြုတ်ပေးရမှာဖြစ်ပါတယ်။

✅ အားသွင်းတဲ့အခါမှာ ပူပြင်းတဲ့နေရာမျိုးမှာ အားမသွင်းဘဲ လေဝင်လေထွက်ရှိတဲ့ နေရာမျိုးမှာသာ သွင်းပေးရမှာဖြစ်ပါတယ်။

✅ အားသွင်းနေစဉ် အချက်ပြမီးကို စစ်ဆေးပြီး အနီမီးပြလို့ ပန်ကာလည်ရင်တော့ အားသွင်းနေတာဖြစ်ပြီး အစိမ်းမီးပြရင် အားပြည့်သွားမှာဖြစ်ပါတယ်။

✅ နောက်ထပ်သတိထားရမှာက အားမသွင်းပဲ အားသွင်းကြိုးကို ပလပ်ပေါက်တွင် အချိန်ကြာကြာ တပ်ဆင်ခြင်းကို မပြုလုပ်သင့်ပါ။

✅ အသုံးပြုပီးပီးချင်း အားမသွင်းသင့်ပါ။အနည်းဆုံး ၃၀မိနစ်ကြာမှအားသွင်းခြင်းလုပ်ဆောင်ပါ။ 20% battery percent ကျန်လျှင်အားသွင်းပါ။အားကုန်သည်ထိမစီးပါနဲ့။ အားခဏခဏသွင်းခြင်းကိုရှောင်ကြည်ပါ။

✅ အားသွင်းတဲ့အခါ အချက်ပြမီး မူမမှန်ခြင်း ၊ အနံ့ထွက်ခြင်း နဲ့ Charger ဘူးခွံအပူလွန်နေပါက အားသွင်းခြင်းကိုချက်ချင်းရပ်ထားရပါမယ်။

✅ အားသွင်းဘူးကို အားသွင်းနေတဲ့အချိန် ဝါယာရှော့မဖြစ်စေရန်နဲ့ ရေစိုခြင်း ၊ အစိုပြန်ခြင်းများ မဖြစ်စေရန် သတိပြုရပါမယ်။

✅ အားသွင်းဘူးကို ဆိုင်ကယ်ရဲ့ Tool Box ထဲတွင်ထည့်ပြီး အားသွင်းခြင်းနှင့် Sofa ပေါ်တွင်တင်ပြီး အားသွင်းခြင်းကို ရှောင်ကြဉ်ရပါမယ်။

✅ အားသွင်းကိရိယာတွင် ဗို့အားမြင့်ဆားကစ်များပါရှိသောကြောင့် အတွင်းရှိ စက်ပစ္စည်းများကို ဖြုတ်တပ်ခြင်း (သို့မဟုတ်) အစားထိုးခြင်းမပြုလုပ်သင့်ပါ။

✅ ဗို့အားဆောင့်တက်နေချိန် အားမသွင်းဘဲ မီးအား 𝟐𝟐𝟎𝐕 𝟓𝟎𝐇𝐙 အတွင်းရှိမှသာ အားသွင်းပေးပါ။ အားသွင်းတဲ့အခါ တတ်နိုင်သမျှ 𝐒𝐚𝐟𝐞 𝐆𝐮𝐚𝐫𝐝 ခံပြီးသုံးပေးရမှာဖြစ်ပါတယ်။

✅ နောက်ဆုံးအချက်အနေနဲ့ အားသွင်းကြာချိန်သည် ပုံမှန် (၅ နာရီ) မှ (၈ နာရီ) အထိကြာမြင့်တတ်ပြီး အားသွင်းကြာချိန်ဟာ မီးအား အတတ်အကျ ပေါ်မူတည်ပြီး ပြောင်းလဲနိုင်တာကို သိထားရပါမယ်။

အခုပြောပြပေးခဲ့တဲ့ အချက်လေးတွေက ဘက်ထရီကို အားသွင်းတိုင်း လိုက်နာဆောင်ရွက်သင့်တာဖြစ်လို့ မိတ်ဆွေတို့အတွက် အကျိုးရှိတယ်ဆိုရင် အခြားသူများကိုလည်း မျှဝေပေးဖို့ တိုက်တွန်းလိုက်ပါတယ် 👍

ဒါ့အပြင် ပွားပွားကြီးမှာဆိုရင် Quality ကောင်းတဲ့ အားသွင်းဘူးတွေကိုလည်း ဝယ်ယူလို့ရပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင် 💁‍♀️

#ပွားပွားကြီး
#ဘက်ထရီဆိုင်ကယ်


14/11/2023

Address

Mandalay

Telephone

+959772003829

Website

Alerts

Be the first to know and let us send you an email when Green Bike posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram