Swift Delivery

Swift Delivery လျင်မြန် စိတ်ချ Swiftနဲ့မှ

စကားပြောရာမှာ တစ်ဖက်လူအပေါ် မိတ်ဆွေတို့ “ဘာပြောလိုက်သလည်း”ဆိုတာထက် “ဘယ်လိုပြောလိုက်လည်းဆိုတာ ပို အရေးကြီးပါတယ်”။Good Mor...
13/09/2024

စကားပြောရာမှာ တစ်ဖက်လူအပေါ် မိတ်ဆွေတို့ “ဘာပြောလိုက်သလည်း”ဆိုတာထက် “ဘယ်လိုပြောလိုက်လည်းဆိုတာ ပို အရေးကြီးပါတယ်”။

Good Morning မိတ်ဆွေတို့ဘဝမှာ စကားပြောကောင်းစွာနဲ့ စီးပွါးရေး ၊ လူမှုရေး ကိစ္စအဝဝတွေမှာ အဆင်ပြေအောင်မြင်ကြပါစေခင်ဗျာ။

စကားပြောစွမ်းရည်ကောင်းပိုင်ဆိုင်ဖို့ သတိထားသင့်တဲ့အရာလေးတွေကို မေတ္တာဖြင့် မျှဝေပေးလိုက်ပါတယ်ခင်ဗျ။

~~~~~စကားပြောစွမ်းရည်~~~~

စကားပြောခြင်းအတက်ပညာမှာ _ _ _

(၁)အပြောတက်ခြင်း
(၂)အပြောကောင်းခြင်း
(၃)အပြောတည်ခြင်း ဆိုတဲ့ အဂါ(၃)ရပ်ရှိပါတယ်။

(၁)အပြောကောင်းခြင်း

မိတ်ဆွေတို့နဲ့ လူမှုရေး ၊ စီးပွါးရေး ထိတွေ့ပက်သက်နေတဲ့သူတွေကို စိတ်ချမ်းသာ ၊ စိတ်ကျေနပ်အောင် ပြောဆိုနိုငိဖို့ လိုပါတယ်ခင်ဗျာ။ ဒီလိုပြောလို့ လိမ်ပြောရမယ်မြှောက်ပင့်ပြောဆိုရမယ် မဆိုလိုပါဘူးခင်ဗျာ။

တစ်ဖက်လူက ကိုယ့်ကိုမမှတ်မိရင်တောင် ကိုယ်ပြောတဲ့အကြောင်းအရာလေး ကို အမြဲအမှတ်ရနေတာမျိုး ဖြစ်ရပါမယ်။
စကားပြောရာမှာ တစ်ဖက်လူအပေါ် မိတ်ဆွေတို့
“ဘာပြောလိုက်သလည်း”ဆိုတာထက် “ဘယ်လိုပြောလိုက်လည်းဆိုတာ ပို အရေးကြီးပါတယ်”။

(၂)အပြောတက်ခြင်း

အပြောတက်ခြင်းဆိုတာ မိတ်ဆွေတို့အနေနဲ့ တစ်ဖက်လူနဲ့ အပြိုင်အဆိုင်စကားပြောဆိုရာမှာ တင်
တင်စီးစီး ပြောဆိုခြင်းပဲ ဖြစ်ပါတယ်။
တစ်ချို့ကတော့ တစ်ဖက်လူအပေါ်လွှမ်းမိုးနိုင်ဖို့ ဆဲရေးရိုင်းပြတဲ့စကားလုံးမျိုးတွေအထိ သုံးကြသလို တစ်ချို့က လိမ်မာပါးနပ်စွာနဲ့ မိမိတို့ အကျိုးစီးပွါးအတွက် တစ်ဖက်လူ လက်ခံနိုင်အောင် စကားပြောတက်ကြပါတယ်။

(၃)အပြောတည်ခြင်း
တစ်ဖက်လူနဲ့ စကားပြောဆိုဆက်ဆံရာမှာ နှစ်ဖက်လုံးအတွက် အကျိုးြဖစ်မယ့်စကားမျိုး ရွေးချယ်ပြောဆို
တက်ဖို့ လိုပါတယ်။
“ယုံကြည်မှုနဲ့ အလုပ်လုပ်နေတဲ့ “ဒီနေ့ခေတ် လူမှုရေး ၊ စီးပွါးရေး နယ်ပယ်တွေမှာ ကတိစကားတည်တဲ့သူမျိုးဖြစ်ဖို့ ကိုယ်ဖက်ကတကယ်ပေးနိုင်မှသာလျှင် ကတိစကားပြောဆိုသင့်ပါတယ်။

#တန်ဖိုးရှိသောစာ #စာအုပ်
#ဗဟုသုတ

မိတ်ဆွေတို့ခင်ဗျာ ကျွန်တော်တို့ နေ့စဉ်ဘဝဟာ အသက်ရှင်နေစဉ်ကာလပတ်လုံး Decision ဆိုတဲ့ ဆုံးဖြတ်ချက်တွေ အမြဲချကြရပါတယ်။ ✅ မနက...
09/09/2024

မိတ်ဆွေတို့ခင်ဗျာ ကျွန်တော်တို့ နေ့စဉ်ဘဝဟာ အသက်ရှင်နေစဉ်ကာလပတ်လုံး Decision ဆိုတဲ့ ဆုံးဖြတ်ချက်တွေ အမြဲချကြရပါတယ်။

✅ မနက်မိုးလင်းတာနဲ့ မျက်စိဖွင့်ရမလား ၊ ပြန်အိပ်လိုက်ရ
မလား ။
✅ အကျ်ီနဲ့ဘောင်းဘီ ဘာအရောင်ကလိုက်မှာလဲဆိုတဲ့
နိစ္စဒူဝလေးတွေအပြင်
✅ ကုမ္ပဏီအတွက် ပိုင်ဆိုင်မှုတစ်ခုခုအတွက် သိန်းပေါင်း
များစွာတန်ကြေးရှိတဲ့ စာချုပ်အတွက် ဆုံးဖြတ်ရခြင်း
စတဲ့ ဘဝအတွက် အနိမ့်မြင့်အတက်အကျကို ဆုံးဖြတ်
ပေးမဲ့ Decision အကြီးကြီးတွေလဲ ချရပါတယ် ။

”ဆုံးဖြတ်ချက်အကြီးအသေးတွေဟာ အချိန်တိုအတွင်းမှာ ချကြရပြီး အမှန်ကန်ဆုံး ဖြစ်ဖို့ကလည်း အရေးကြီးလှပါတယ်”။

Good Morning ပါ မိတ်ဆွေတို့ဘဝမှာ ဆုံးဖြတ်တိုင်း မှန်ကန်စွာချနိုင်ပါစေဗျာ။ စာဖတ်ရတာ ဝါသနာပါရင် အောက်မှာ ဆက်လေ့လာနိုင်ပါတယ်ခင်ဗျ။🥰

ဒီနေ့မှာ ကျွန်တော်က ဆုံးဖြတ်ချက်ချရာမှာ လွယ်ကူစေမဲ့ နည်းလမ်းလေးတစ်ခုကို မိတ်ဆွေတို့ဆီ မျှဝေပေးလိုပါတယ်။

👉 ဆုံးဖြတ်ချက်ချဖို့ အခက်အခဲဖြစ်နေလျှင် ‘You Have Two Choices’ နည်းလမ်းလေးသုံးကြည့်ပါ။

~~~~~~ You Have Two Choices ~~~~~~~

ဆုံးဖြတ်ချက်တစ်ခုချရတော့မယ်ဆိုရင် ကိုယ်မှာ ရွေးချယ်စရာ နှစ်ခု အမြဲရှိပါတယ်။ ✅

ကျွန်တော့်မိတ်ဆွေ ငြိမ်းမောင်ဟာ ဆိုင်းဘုတ် လုပ်ငန်းလုပ်တဲ့သူပါ။ အလုပ်လုပ်ရာမှာ အမြဲပျော်ရွှင်တက်ကြွတက်နေတာကို ကျွန်တော် သတိထားမိတယ်။
တစ်ယောက်ယောက်ကသူ့ကို

“ငြိမ်းမောင် ဒီနေ့ ဘယ်လိုလဲကွ” မေးလာရင်
‘အားလုံးကောင်းပါတယ် ၊ လောကကြီးဟာ ပျော်စရာကြီးပါ’ လို့ အပြုံးလေးနဲ့ ပြန်ဖြေတက်တယ်။

တစ်ရက်တော့ ကျွန်တော် သူ့ကို မေးလိုက်တယ်။”သားရီးလူတိုင်း အမြဲတမ်း ပျော်နေဖို့ဆိုတာ မွယ်ပါဘူး။ဒါပေမယ့် မင်းကျတော့် အမြဲတမ်းလိုလို ပျော်နေတယ် ၊ အဲ့သလိုဖြစ်အောင် မင်းဘယ်လိုလုပ်ထားသလဲကွာ”

သူက အခုလို ပြန်ဖြေတယ်။

“ငါ…မနက် အိပ်ယာကနိုးတိုင်း ငါ့ကိုယ်ငါ ရွေးချယ်စရာ မေးခွန်းနှစ်ခု မေးလေ့ရှိတယ်။အဲ့ဒါတွေက ငါ ဒီနေ့ စိတ်ပျော်အောင်နေမလား… စိတ်ညစ်နေမလား …. လို့ပါ။ အဲ့နှစ်ခုထဲက စိတ်ပျော်အောင်နေမယ်ဆိုတာပဲ ငါ အမြဲတမ်း ရွေးချယ်တယ်။

နောက်ပြီး ငါ အဆိုးတစ်ခုခုနဲ့ ကြုံတွေ့ပြီဆိုရင် ငါ အဆိုးရဲ့ သားကောင်အဖြစ် ခံယူရမလား…. ဒါမှမဟုတ် အဆိုးကနေ သင်ခန်းစာယူမလားဆိုတဲ့ ရွေးချယခစရာ နှစ်ခုထဲက ငါ သင်ခန်းစာယူဖို့ကိုပဲ အမြဲ ရွေးချယ်ခဲ့တယ်”

ကျွန်တော်နဲ့ ငြိမ်းမောင် အဲ့ဒီစကားပြောဖြစ်ကြပြီး အလုပ်ကိုယ်စီနဲ့မို့ မတွေ့ဖြစ်တာ ၂ နှစ်ကြာပြီးတစ်ရက်မှာ ငြိမ်းမောင် အလုပ်မှု အကြီးအကျယ် ဒဏ်ရာရပြီး ဆေးရုံရောက်နေတယ် သတင်းကြားလို့ ကျွန်တော် ဆေးရုံကို အပြေးအလွှားလိုက်သွားတယ်။

အရေးပေါ်မို့ သူနဲ့တွေ့ခွင့်မရခဲ့ပဲ တစ်ပတ်အကြာ သူသက်သာလာမှ ဆေးရုံကုတင်ပေါ်မှာ လဲလျောင်းနေတဲ့သူနဲ့ စကားပြောခွင့်ရခဲ့တယ်။

ငြိမ်းမောင်က သူ့အဖြစ်အပျက်ကို အခုလိုပြောပြတယ်။

“အဲ့ဒီနေ့က အလုပ်များတော့ ည ၈ နာရီမှာ ဆိုင်သိမ်းလိုက်တယ်။ ဝန်ထမ်းတွေ အရင်ပြန်သွားလို့ ငါတစ်ယောက်ပဲ ဆိုင်မှာ ကျန်ခဲ့တယ် ။

ငါလဲ အလုပ်လတ်စသတ်စရာလေး လုပ်တုန်း ဖောက်စက် က ခလုတ်ဖွင့်ထားလျက်ကို ပလက်ထိုးလိုက်တော့ တုန်ခါပြီး ငါ့ခန္ဓာကိုယ်ဆီ ဦးတည် တိုက်ခိုက်တော့တာပဲ”

ခလုတ်ပိတ်လိုက်နိုင်တဲ့အချိန် ကြမ်းပြင်ပေါ်သွေးတွေနဲ့ လဲကျနေတဲ့ ငါဟာ ရွေးချယ်စရာနှစ်ခုရှိတယ်။ အသက်သေမလား… အသက်ရှင်မလား… အသက်ရှင်ဖို့ပဲရွေးချယ်လိုက်တယ်။

အရေးပေါ်ကားနဲ့ ခေါ်သွားတဲ့အချိန် လမ်းတစ်လျှောက်လုံး ဘေးနားက သူနာပြုတွေရဲ့ အားပေးစကားသံတွေကြားနေရတယ်။

ဆေးရုံရောက်တော့ ထမ်းစင်နဲ့ အရေးပေါ်ခန်း ခွဲစိတ်ကုတင်ပေါ် တင်လိုက်ကြတယ်။ အဲ့အချိန် ဆရာဝန်နဲ့ သူနာပြုတွေ ငါကိုယ်ပေါ်မှာ မိုးပြီး လူသေလောင်းတစ်ကို ကြည့်နေတဲ့ပုံစံနဲ့ တူနေကြတယ်။ သူတို့အချင်းချင်း ငါ အသက်မရှင်နိုင်တော့ဘူးဆိုတဲ့ ပုံစံနဲ့ ခေါင်းခါနေကြတယ်။ငါ့စိတ်ထဲသိလိုက်တယ် ၊ ငါ တစ်ခုခုလုပ်မှ ဖြစ်တော့မယ်လို့။

ဒီအချိန် သူနာပြုဆရာမကြီးတစ်ယောက်က ငါ့ကို မတည့်တဲ့ဆေးရှိလား မေးတယ်။ ငါက ‘ရှိတယ်’လို့ တိုးတိုးလေး ပြန်ပြောလိုကိတယ်။ ဘေးနားကဆရာဝန်တွေနဲ့ သူနာပြုတွေက သူတို့လုပ်လတ်စရပ်ပြီး ငါ့အဖြေကို စိတ်
ဝင်တစား နားစွင့်နေကြတယ်။

ငါ အားတင်းပြီး ပြောလိုက်ပါတယ်။ ကျွန်တော်နဲ့မတည့်တာ ‘ဖောက်စက်’ပါလို့။ သူတို့အားလုံး ရယ်လိုက်ကြတယ်။
ငါ စကားဆက်ပြောလိုက်တယ်။ “ကျွန်တော် အသက်ရှင်ချင်သေးပါတယ်ဗျာ ။လူသေလို သဘောမထားပဲ အမြန်
ခွဲစိတ်ပေးကြပါ”လို့ပါ။

ဆေးရုံက ဆရာဝန်တွေ ငြိမ်းမောင်ကို ၁၀ နာရီကြာအောင် ခွဲစိတ်ကုသရတယ်။ တလအကြာမှာ သူ့ဒဏ်ရာတွေ ပျောက်ကင်းလာလို့ ဆေးရုံဆင်းလာခဲ့တယ်။
သူဟာအရင်တိုင်းပဲ အကောင်းမြင်စိတ် ရှိနေဆဲပါ ကျန်းမာဆဲပါ။

လူတိုင်းမှာ အမြဲတမ်း ရွေးချယ်စရာ နှစ်ခုရှိတယ်ဆိုတာ အမြဲ သတိရနေပါ။

မှတ်ချက် : Karl Ruegg ရဲ့ “You Have Two Choices”ဆိုတဲ့ ဆောင်းပါးတိုလေးနဲ့ ကိုယ်တွေ့အဖြစ်ပျက်များကိုကောက်နှုတ်တင်ပြထားတာပါ။

#တန်ဖိုးရှိသောစာ #ဗဟုသုတ #စာအုပ်

တကယ်တော့ ကျွန်တော်တို့ဘဝမှာ ၁ ရက်ပဲ လိုပါတယ်။“ဒီနေ့ တရက်ကိုပဲ ကောင်းကောင်းဖြတ်ကျော်သွားနိုင်ဖို့ အရေးကြီးတာပါ”။ Good Mor...
07/09/2024

တကယ်တော့ ကျွန်တော်တို့ဘဝမှာ ၁ ရက်ပဲ လိုပါတယ်။
“ဒီနေ့ တရက်ကိုပဲ ကောင်းကောင်းဖြတ်ကျော်သွားနိုင်ဖို့ အရေးကြီးတာပါ”။

Good Morning ပါ မိတ်ဆွေတို့ဘဝမှာ အကျင့်အဆိုးအကောင်းတွေ ပြုပြင်ပြောင်းလဲဖို့ 1 day rule ကို အသုံးပြုဖို့ အကြံပေးလိုပါတယ်ခင်ဗျာ။ စာဖတ်ရတာ ၊ လေ့လာရတာ ဝါသနာပါတဲဲ့သူတွေကတော့ အောက်မှာ storyလေး ဆက်လေ့လာကြည့်ပါခင်ဗျ။

~~~~ တရက်ပဲ ပြောင်းလဲပါ( oneday rule)~~~~

ကျွန်တော့်သူငယ်ချင်း တစ်ယောက်ရှိတယ် ၊ နာမယ်က ငြိမ်းမောင် ၊ အဲ့ကောင်က ဆေးလိပ် အရမ်းသောက်တဲ့ကောင် ။ သောက်တာမှ ကျွန်တော်တို့ ၈တန်းကျောင်းသားအရွယ်လောက်ကတည်းက စ သောက်တာ။🙂‍↕️

ဒါမဲ့ ထူးထူးဆန်းဆန်း အဲ့ကောင် ၁၆ နှစ်အရွယ်(၁၀ တန်းကျောင်းသားဘဝ)မှာ ဆေးလိပ်ဖြတ်တော့မဲ့ အကြောင်း ပြောလာတယ်။ ကျွန်တော်ကတော့ မယုံပါဘူး ၊ ဒီကောင်လား ဆေးလိပ် ဖြတ်နိုင်မှာ ။🙂‍↔️

တနေ့ မကုန်ဘူးဆိုရင်တောင် ၃/၄ လိပ်ကတော့ အသာလေး ကုန်အောင်သောက်တာ။အဲ့တာနဲ့ အဲ့တုန်းက ကျွန်တော်သူ့ကို ထပ်မေးလိုက်တာရှိတယ် ။🤔

“မင်း တကယ်ရော ဖြတ်နိုင်မှာလား”ပေါ့ သူကတော့ ခပ်ပေါ့ပေါ့ ပြန်ဖြေတယ်။

“သားကြီး မင်းကိုငါ ဖြတ်မယ်ပြောတာ ဒီနေ့တစ်နေ့ကို ပြောတာပါ”တဲ့ ။ အဲ့မှာ ကျွန်တော်လည်း ထ ရယ်တာပေါ့။
ငယ်လည်း ငယ်သေးတာကိုး ၊ တကယ့်ငပေါပဲပေါ့။🤗

အဲ့လိုနဲ့နောက်နေ့ကျောင်းတက်တော့ ပုံမှန် မုန့်စားဆင်းချိန် ဆေးလိပ်ခိုးသောက်နေကြ ငြိမ်းမောင် ဒီနေ့ မသောက်ဖြစ်တော့ဘူး။

ကျွန်တော် သူ့နားသွားပြီး စကားပြန်စလိုက်တယ်။

“ဟေ့ရောင် မင်း ဆေးလိပ်မသောက်ဖူးလားပေါ့”

သူက မနေ့ကလိုပဲ ခပ်ပေါ့ပေါ့ ပြန်ဖြေတယ်။
“အေးသားကြီး ၊ မနက်ဖြန်တော့ မသိဘူး ။ ဒီနေ့တော့ ငါ ဆေးလိပ်ဖြတ်ထားလိုက်တယ်”တဲ့ 🤗

အဲ့လိုနဲ့ နေ့တိုင်းနေ့တိုင်း သူဆေးလိပ်သောက်တာ မမြင်ရလောက်တော့ သလောက်ဖြစ်လာတယ်။ကျွန်တော်နေ့တိုင်း မေးတဲ့ မေးခွန်းကလည်း “သားကြီး မင်းဆေးလိပ်မသောက်ဖူးလား”ဆိုတဲ့ မေးခွန်းပဲ။

သူပြန်ဖြေတိုင်းလည်း “အေးသားကြီး မနက်ဖြန်တော့ မသေချာဘူး ၊ ဒီနေ့တော့ ငါ ဖြတိထားတယ်”ဆိုတာပဲ။

အဲ့လိုနဲ့ ငြိမ်းမောင် ဆိုတဲ့ ဆေးလိပ်မသောက်ဖြစ်တော့တာ အခုထိပါပဲ။ကျွန်တော့်သူငယ်ချင်း ဖြစ်ရပ်ကိုကြည့်ပြီးတချို့တွေကတော့ ဆိုလိုရင်းအဓိပ္ပါယ်နားလည်ကောင်း နားလည်နေလောက်ပြီလို့ ထင်ပါတယ်။

တကယ်တော့ ကျွန်တော်တို့ဘဝမှာ ၁ ရက်ပဲ လိုပါတယ်။
“ဒီနေ့ တရက်ကိုပဲ ကောင်းကောင်းဖြတ်ကျော်သွားနိုင်ဖို့ အရေးကြီးတာပါ”။

တကယ်တော့ ငြိမ်းမောင်က သူ့စိတ်ထဲ ဆေးလိပ်ဖြတ်နိုင်မယ်လို့ ယုံကြည်ချက်မရှိနေပါဘူး။ဒါမဲ့ သူ့စိတ်ထဲ ရှိနေတာက _ _ _
“ငါ မနက်နိုးလာတာကနေစပြီး ဒီနေ့တစ်နေ့တည်းကို၊
ဒီနေ့တစ်နေ့လုံးကို ဆေးလိပ်မသောက်ပဲ ဖြတ်သန်းမယ်”

ဆိုတာလေးနဲ့ စ လာလိုက်တာ ၅/၆ နှစ်လောက် မသောက်ဖြစ်တော့တဲ့အထိ ဆေးလိပ်ဖြတ်နိုင်လာခဲ့ပါတယ်။

ဒီStoryလေးကြောင့်ပဲ လူငယ်ဘဝ အရူးမူးဖြစ်တဲ့ ဗီဒိီယိုဂိမ်းနဲ့ တခြားမကောင်းတဲ့ အကျင့်တွေ ပြင်နိုင်ခဲ့သလို
“ငါ ဒီနေ့တစ်နေ့တည်းကို ၊ ဒီနေ့တစ်နေ့လုံးကို မပျင်းပဲ အကောင်းဆုံး လုပ်မယ်”ဆိုတဲ့ စိတ်နဲ့ အကျင့်ကောင်းတွေ အများကြီးလည်း မွေးမြူနိုင်ခဲ့ပါတယ်။🤗

Min Khant(verse)ဝတ္တုတိုမှ ကောက်နှုတ်တင်ပြသည်။


#ဗဟုသုတ #တန်ဖိုးရှိသောစာ

06/09/2024

ပြောင်းလဲချင်စိတ်ရှိရင် နောက်ကျတယ်ဆိုတာ မရှိပါဘူး။

👉မကောင်းတဲ့အကျင့်တွေကို ဒီနေ့ပဲ စွန့်လွှတ်လိုက်ပါ။

👉ဒီနေ့ပဲ အိပ်ရာစောစော ထ လိုက်ပါ။

👉ဒီနေ့ပဲ လုပ်သင့်လုပ်ထိုက်တာအကုန် လုပ်လိုက်ပါ။

👉မနက်ဖြန်တိုင်းမှာ အခွင့်အရေးတိုင်းက သင့်ကို
စောင့်ကြိုနေပါတယ်။

Good Morningပါ ချစ်တဲ့ မိတ်ဆွေတို့ စိတ်ချမ်းသာ ကိုယ်ကျန်းမာပီး လုပ်ကိုင်ကြံစည်သမျှ အောင်မြင်ကြပါစေခင်ဗျာ။🤗

#တန်ဖိုးရှိသောစာ #ဗဟုသုတ

~~~~~~~ အပြစ်တင်ခြင်း ~~~~~~သူတစ်ပါးကို အပြစ်တင်ခြင်းဟာ အပြစ်ကို ဝန်ခံရာမရောက်စေပဲ အပြစ်တင်ခံရသူအား သူ့ကိုယ်သူ ကာကွယ်စေရ...
05/09/2024

~~~~~~~ အပြစ်တင်ခြင်း ~~~~~~

သူတစ်ပါးကို အပြစ်တင်ခြင်းဟာ အပြစ်ကို ဝန်ခံရာမရောက်စေပဲ အပြစ်တင်ခံရသူအား သူ့ကိုယ်သူ ကာကွယ်စေရန် နှိုးဆော်ပေးခြင်း ဖြစ်ပါတယ်။

တစ်နည်းဆိုရသော် အပြစ်တင်ခြင်းဟာ အပြစ်တင်ခံရသူအား အပြစ်လွတ်အောင် ကြံဖန်ထုချေရန် ပြုလုပ်ပေးခြင်းဖြစ်တယ်။

Good Morning ပါ အားလုံးပဲ အပြစ်တင်ခြင်းအချင်းချင်း ကင်းရှင်းကြပါစေဗျာ ။🥰🥰

စာဖတ်ရတာဝါသနာပါရင် ၊ သမိုင်းကြောင်းလေ့လာရတာ စိတ်ဝင်စားရင် အောက်မှာ ဆက်လေ့လာလို့ရပါတယ်ဗျ။

~~~~~လူဖမ်းပွဲ~~~~~~

နယူးယောက်မြို့ညသန်းခေါင်ယံအချိန်တွင် တုန်လှုပ်ခြောက်ခြားဖွယ်ရာ အကောင်းဆုံး “လူဖမ်းပွဲ” ကို နယူးယောက်မြို့သူ မြို့သားအားလုံး တွေ့ကြုံကြရသည်။

ကရိုလီ (သို့) ပုလိပ်သတ်သမား အား ရက်ပေါင်းများစွာ ရှာဖွေပြီးနောက် အနောက်ဖျားရိပ်သာ အရပ်ရှိ သူ၏ ရည်းစားအိမ်တွင် ပုလိပ်များ ဝိုင်းမိသည် ။

အမိုးပေါ်မှ မျက်ရည်ယို Boneများ ပစ်ပြီး ပတ်ဝန်းကျင်အိမ်များမှ စက်သေနတ်များချိန်ပြီး ပုလိပ်သတ်သမား ကရိုလီအား လက်ရဖမ်းဆီးရန် ကြိုးစားလေသည်။

အပြန်လှန်ပစ်ခတ်ပွဲကို နယူးယောက်နေ လူတစ်သောင်းလောက်သည် များစွာ စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိသည်။

အပြန်လှန်ပစ်ခတ်နေစဉ် ကရိုလီသည် သေနတ်မှန်ထားသော ဒဏ်ရာနဲ့ စာတစ်စောင်ရေးသည်။

“သက်ဆိုင်သူများသို့” ဟူ၍ ခေါင်းစဉ်တပ်ပြီး “ကျွန်ုပ်၏ အက်ျီအောက်တွင် နွမ်းနယ်သော နှလုံးသားတစ်ခုရှိ၏။ ထိုနှလုံးသားသည် နွမ်းလင့်ကစား ကြင်နာတက်သည်ဖြစ်၍ မည်သူကိုမှ ဘေးမလုပ်လို” ဟူ၍ ရေးသားထားသည်။

ရေးသားချက်ကြောင့် ငြိမ်းချမ်းစွာ အသက်ရှင်လျက်အဖမ်းခံခဲ့ရသည်။

ဤအဖြစ်ပျက်အတိုင်မှီ ကရိုလီသည် လောင်းအိုင်လန်
အရပ်အနီး တောစပ်တနေရာတွင် ကားရပ်ပြီး ရည်းစားဖြစ်သူနဲ့ ကျီစယ်နေစဉ် ပုလိပ်တယောက်ရောက်လာပီး ကားမောင်းလိုင်စင်ကြည့်ပါရစေ ဟု တောင်းလေသည်။

ကရိုလီသည် စကားပင် ပြန်မပြောပဲ ခါးကြားက သေနတ်ထုတ်ပီး ပုလိပ်အား အဆက်မပြတ် ပစ်လေသည်။
ခြောက်လုံးပြူးသေနတ်ထုတ်နေသော ပုလိပ်အား သေနတ်လုပြီး အချက်ပေါင်းများစွာ ပစ်ခဲ့သော သွေးအေးရက်စက်သောသူတစ်တယောက်ဖြစ်သည်။

ဤမျှ သွေးအေးရက်စက်သော လူသတ်သမားကြီးသည် မိမိကိုယ်ကို အပြစ်တင်စိတ် မရှိသည့်အတွက် “ကျွန်ုပ်၏ အက်ျီအောက်တွင် နွမ်းနယ်သော နှလုံးသားတစ်ခုရှိ၏။ ထိုနှလုံးသားသည် နွမ်းလင့်ကစား ကြင်နာတက်သည်ဖြစ်၍ မည်သူကိုမှ ဘေးမလုပ်လို” ဟူသော စာ ရေးသေးသည်။

ကရိုလီအား သေဒဏ်ချမှတ်လိုက်သည်။ စီရင်ချက်ချစဉ်
ကရိုလီသည် “ကျွန်တော် လူသတ်မိလို့ အခုလို အသတ်ခံရတာပါ “ပြောသလား ? မပြောပါ။
“ကျွန်တော့်အသက်ကို ကျွန်တော် ကာကွယ်မိလို့ ဒီလို အသတ်ခံရတာ”ဟူ၍သာ ကရိုလီ ပြောလေသည်။

(ယခု အဖြစ်အပျက်လေး၏ လိုရင်းမှာ ဘာပဲဖြစ်ဖြစ် ကရိုလီသည် မိမိကိုယ်မိမိ အပြစ်မတင်ခြင်းပင် ဖြစ်သည်။)

#ဦးနု(မိတ္တဗလဠီကာအခန်း(၁)မှ ကောက်နုတ်တင်ပြသည်။

#ဦးနု #မိတ်တဗလဠီကာ
#တန်ဖိုးရှိသောစာ #ဗဟုသုတ

Address

Mandalay

Telephone

+959795854797

Website

Alerts

Be the first to know and let us send you an email when Swift Delivery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Swift Delivery:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram