Shwe La Yaung Pharmacy

Shwe La Yaung Pharmacy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe La Yaung Pharmacy, Pharmacy / Drugstore, 124 Street, Between 53*54, Mandalay.

ဆီးချိုကျဆေး "Metformin "မတ်ဖော်မင်အကြောင်း✅✅✅============================Metformin ဆိုတာ ဘာလဲ❓✅ ဆီးချိုရောဂါမှာ သွေးထဲက...
20/09/2022

ဆီးချိုကျဆေး "Metformin "မတ်ဖော်မင်အကြောင်း✅✅✅
============================

Metformin ဆိုတာ ဘာလဲ❓

✅ ဆီးချိုရောဂါမှာ သွေးထဲက သကြားဓာတ်ကို ချဖို့ရာ အဓိကသုံးတဲ့ ဆေးဖြစ်ပါတယ်။ ................................................................

Metforminက ခန္ဓာကိုယ်ထဲမှာ ဘယ်လိုအလုပ်လုပ်လဲ ❓

✅ သွေးထဲ သကြားဓာတ်ကို ကျအောင် လုပ်ပေးပါတယ် ။ ဘယ်လို နည်းတွေနဲ့လဲဆိုတော့
(၁) အသည်းက ဂလူးကိုစ့် ထုတ်လုပ်မှုကို နည်းစေပြီး သွေးထဲကို ဂလူးကို့စ် အရောက်နည်းစေတဲ့နည်း
(၂)ကြွက်သားတွေကနေ ဂလူးကိုစ့်ကို ပိုပြီး အသုံးပြုအောင် လုပ်တဲ့နည်း တို့ဖြစ်ပါတယ်။................................................................

Metformin သောက်ဖို့ ဘာလို့အရေးကြီးလည်း ❓

✅ Metformin သောက်လို့ ဆီးချိုရောဂါပျောက်သွားတာမဟုတ်ပါဖူး။ သွေးတွင်း သကြားဓာတ်ကိုပဲထိန်းပေးတာဖြစ်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးပြီး ဆီးချိုနောက်ဆက်တွဲပြဿနာတွေကို ကာကွယ်ပေးတာ ဖြစ်ပါတယ်။
ဆီးချိုဖြစ်တဲ့အခါ သွေးတွင်းသကြားဓာတ် လိုအပ်တာထက် ပိုများတာကြောင့် ခန္ဒာကိုယ်တခုလုံးက အာရုံကြောတွေသွေးကြောတွေ ပျက်စီးပါတယ်။ လေဖြတ်တာ ၊ နှလုံးသွေးကြောပိတ်တာ ၊ မျက်လုံး ၊ ကျောက်ကပ် ၊ ခြေထောက်ပြဿနာတွေ ဖြစ်လေ့ရှိပါတယ်။ ................................................................

Metformin ကြောင့် သွေးချိုဓာတ် ထိုးကျတတ်လား ?

✅ Metformin တစ်မျိုးထဲသောက်ရင် သွေးချိုဓာတ်ထိုးကျလေ့မရှိပါဖူး ။ အခြား သွေးချိုကျဆေးတွေနဲ့ တွဲသောက်ရင်တော့ သွေးချိုကျတတ်လို့ သတိထားရပါတယ်။ အထူးသဖြင့် အစာနည်းတဲ့အချိန် ၊ လေ့ကျင့်ခန်းများများလုပ်မိတဲ့အချိန် တွေမှာ ပိုဖြစ်တတ်ပါတယ်။ ................................................................

Metformin သောက်နေရင်း သတိထားစရာတွေရှိလား ❓

✅ သွေးချိုမကျလို့ ဆေးကိုမရပ်ပစ်ပါနဲ့။ ဆေးအာနိသင် အပြည့်ရဖို့ ၃ ပတ် - ၄ ပတ်လောက်အထိ ကြာတတ်ပါတယ်။

✅ နေကောင်းသွားလို့ ဆေးကို ရပ်လို့မရပါဖူး။ နေအမြဲကောင်းနေဖို့ ဆေးကို အမြဲသောက်နေရပါမယ်။

✅ဆေးသောက်ဖို့ မေ့သွားရင် သတိရရခြင်း သောက်ပေးပါ။ ဆေးနောက်တစ်ကြိမ်သောက်ချိန်ထိကြာသွားရင်တော့ ပုံမှန်သောက်ရမယ့်ဆေးကိုပဲသောက်ပါ။ နှစ်ကြိမ်စာပေါင်းပြီး နှစ်လုံးမသောက်သင့်ပါ။

✅ အနောက်မှာ MR , SR တို့ပါတဲ့ metformin တွေရှိပါတယ်။ ဥပမာ Panfor SR ။ အခုလိုဆေးတွေဆိုရင် နှစ်ပိုင်း ချိုးပြီး သောက်လို့မရပါဖူး။

✅ သာမန် ဖျားနာ နေမကောင်းရင်လဲ ဆေးကို ဆက်သောက်လို့ရပါတယ်။ ဆိုးဆိုးရွားရွား ကျန်းမာရေးမကောင်းဖြစ်တဲ့အချိန်မျိုး ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။................................................................

Metforminဆီးချိုဆေးကို အစာစားပြီးမှ သောက်ရလား။မစားခင် သောက်ရတာလား

✅ Metformin ကို ကျတော့ အစာစားပြီးမှသောက်သင့်တယ်။ လုံးဝသောက်ရမယ်လို့ မဆိုလိုဘူး။ အစာမစားခင် သောက်မယ်ဆိုလည်း ရတယ်။ ဒါပေမဲ့ သွေးတွင်းသကြားဓာတ်အနည်းငယ်ကျဆင်းနိုင်တဲ့ အန္တာရာယ်ရှိတယ်။ အခြားဆီးချိုဆေးများနဲ့တွဲသောက်ရင် ဆီးချိုပိုကျတတ်တယ်။ဒါ့အပြင် အစာစားပြီးမှသောက်သင့်တဲ့အချက်တစ်ခုက ဆေးသည် အစာအိမ်အူလမ်းကြောင်းကို ထိခိုက်စေပြီး ပျို့အန်၊ဝမ်းလျော၊လေပွ ဖြစ်တတ်လို့ ဖြစ်တယ်။
အစာစားပြီးမှာ ဆေးကို သောက်တဲ့အခါမှာ အဲလို ဘေးထွက်ဆိုးကျိုးတွေသက်သာသွားတယ်။ ဒါကြောင့် Metformin ကို စားပြီးမှ သောက်ကြပါ။ ................................................................

Metformin ရဲ့ ဘေးထွက်ဆိုးကျိုးဘာတွေရှိလဲ❓

✅ အဖြစ်အများဆုံးကတော့ ပျို့တာ ၊ လေပွတာ ၊ ဝမ်းသွားတာ ၊ ဗိုက်အောင့်တာ တို့ပါပဲ။ ဆေးကို တဖြည်းဖြည်းသောက်ရင် ဒီလက္ခဏာတွေ သက်သာသွားလေ့ရှိပါတယ်။ အခုလိုမဖြစ်ရအောင် စားသောက်ပြီးမှာ metformin ကို သောက်ပေးသင့်ပါတယ်။

အချိန်ကြာကြာသောက်ရင် ခန္ဒာကိုယ်ထဲမှာ B12 ဓာတ်နည်းတတ်ပါတယ်။ ဆရာဝန်က လိုအပ်သလိုစစ်ဆေးပြီး လိုအပ်ရင် B12 အားဖြည့်ဆေးတွေပေးပါလိမ့်မယ်။

အသည်း၊ ကျောက်ကပ် မကောင်းတဲ့ လူနာတွေ အနေနဲ့ မသောက်ခင်မှာ ဆရာဝန်နဲ့ သေချာတိုင်ပင်သင့်ပါတယ်။ ................................................................

Metformin ကြာကြာသောက်ရင် ကျောက်ကပ်ပျက်စီး တတ်တယ်ဆိုတာ ဟုတ်လား ❓

✅ Metformin သောက်တာကြောင့် ကျောက်ကပ်ပျက်စီးတာမျိုးလုံးဝ မရှိပါဘူးရှင့်

Credit Original Uploader

"ရွှေလရောင် " ဆေးနှင့်ဆေးပစ္စည်းဆိုင်

လိပ်စာ - 124 လမ်း၊53/54 ကြား ၊ ပြည်ကြီးတံခွန်မြို့နယ် ၊ မန္တလေးမြို့။

19/09/2022

TD - 4267
ဆီးချိုတိုင်းစက်ရဲ့ Error များ

စက်မှာ -

E - b လို့ပြနေရင် စက်ရဲ့ဓာတ်ခဲအားနည်းနေတာပါ။ ဓာတ်ခဲအသစ်လဲပြီးပြန်တိုင်းကြည့်ရမှာဖြစ်ပါတယ်။

E - U လို့ပြနေရင် Stick မကောင်းတာဖြစ်ပါတယ်။ Stick ကိုရေစိုလက်နဲ့ကိုင်မိတာတို့ သွေးထည့်ပြီးမှ Stick ထည့်မိတာတို့ Stick ပျက်တာတို့ဆိုရင်ဖြစ်တတ်ပါတယ်။ Stick အသစ်လဲပြီးတိုင်းကြည့်ရမှာဖြစ်ပါတယါ။

E - t လို့ပြနေရင် ပတ်၀န်းကျင်အပူချိန်အရမ်းမြင့်လွန်း (သို့) အရမ်းနိမ့်လွန်းနေတာဖြစ်ပါတယ်။ ပုံမှန်စက်က 10°C နဲ့ 40°C (50°F နဲ့ 104°F) ကြားမှာအလုပ်လုပ်မှာဖြစ်ပြီး ထိုထက်ကျော်လွန် (သို့) နိမ့်ကျတဲ့အပူချိန်မှာဆို Error ပြနေမှာဖြစ်ပါတယ်။

E - F လို့ပြနေရင် စက်ကစစ်ဆေးနေတဲ့အချိန် နံပတ်ရေတွက်နေတဲ့အချိန် Stick ကိုဆွဲဖြုတ်လိုက်ရင် (သို့) သွေးထည့်တာနည်းသွားရင်ပေါ်လာတတ်ပါတယ်။ Stick အသစ်ထည့်ပြီး ပြန်တိုင်းရမှာဖြစ်ပါတယ်။

E -0 , E - A , E - E သုံးခုထဲကတစ်ခုခုပြနေပြီဆိုရင်တော့ စက်မှာ Error ဖြစ်နေတာ (သို့) စက်ပျက်နေတာဖြစ်ပါတယ်။ Stick အသစ်ထည့်ပြီးပြန်တိုင်းကြည့်ရမှာဖြစ်ပြီး မရရင်တော့စက်ပျက်တာဖြစ်ပါတယ်။

E - C လို့ပြနေရင်တော့ Coding Error ဖြစ်ပြီး အသုံးပြုသူတွေမပြင်တတ်တဲ့ Error ပဲဖြစ်ပါတယ်။

#

" ရွှေလရောင် " ဆေးနှင့်ဆေးပစ္စည်းဆိုင်

လိပ်စာ - 124 လမ်း . 53/54 ကြား ' ပြည်ကြီးတံခွန်မြို့နယ် . မန္တလေးမြို့

02/09/2022

👉ကင်ဆာနှင့် ပတ်သက်၍ သိထားသင့်သော အချက်များ👈
*************************************

✅ကင်ဆာရောဂါလို့ ဆိုလိုက်တာနဲ့ ၀မ်းနည်းဖွယ်ရာ နိဂုံးအတော်များများ ရှိနေတဲ့ လူတိုင်းလိုလို သတ်မှတ်ထားတဲ့ ရောဂါဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ၂၀၀၉ ခုနှစ်မှာ ကင်ဆာရောဂါဖြစ်ပွားသူ ၁.၅ သန်း ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ ထို့ပြင် ကင်ဆာရောဂါနဲ့ သေဆုံးသူတွေဟာ တစ်ရက်ကို အယောက် ၁၅၀၀ ခန့် ရှိပါနေတယ်။
တနည်းအားဖြင့် ဆိုရင်တော့ သေဆုံးသူ လေးယောက်မှာ တစ်ယောက်ဟာ ကင်ဆာ ရောဂါကြောင့်လို့ ဆိုရပါလိမ့်မယ်။ဒါဆို အဲဒီလို ဆိုးရွားတဲ့ ကင်ဆာရောဂါဆိုးကြီးကို တိတိကျကျမသိရှိဘဲနဲ့ မှန်းပြီး ကြောက်နေရမှာလား ဆိုတာ မေးစရာ ရှိလာပါတယ်။ ကင်ဆာရောဂါ အများစုမှာ သက်ဆိုင်ရာ နေရာကိုလိုက်ပြီး ဖြစ်ပေါ်တတ်တဲ့ လက္ခဏာ တချို့ရှိပါတယ်။

✅ဒီအချက်လေးတွေကို သတိထားခြင်းဖြင့် ကိုယ့်မှာ ကင်ဆာရောဂါရှိနေမလား ဆိုတာကို သတိထားနိုင်ပြီး အချိန်မနှောင်းခင်မှာ ကျွမ်းကျင်တဲ့ ဆေးပညာရှင်များနဲ့ ပြသဆွေးနွေးပြီးတော့ လိုအပ်တဲ့ ကုသမှုတွေကို ခံယူဖို့လိုအပ်ပြီလို့ ဆိုနိုင်ပါတယ်။ကင်ဆာရောဂါမှာ တွေ့ရတတ်တဲ့ အချို့သော အချက်တွေဟာ တခြားရောဂါတွေမှာလည်း တွေ့နိုင်တာမို့ ဒီလက္ခဏာရှိတဲ့သူတိုင်းကို ကင်ဆာရောဂ ါဖြစ်နေပါပြီလို့ ပြောလို့မရပါဘူး။ သို့သော် ဒီအချက်တွေကို တွေ့တဲ့သူတွေဟာ ကင်ဆာဖြစ်ဖို့ အလားအလားရှိတဲ့ အုပ်စုမှာ ဆိုရင်တော့ ပိုမိုသတိထားသင့်တဲ့ အချက်တွေ ဖြစ်ပါတယ်။

✅ဥပမာ ဆိုရရင်တော့ ဆေးလိပ်သောက်သုံးသူ၊ ဟော်မုန်းဆေးများ သောက်သုံးသူ၊ ဓာတ်ရောင်ခြည်များနှင့် အလုပ်လုပ်ရသူ၊ စက်ရုံအလုပ်ရုံများမှာ အလုပ်လုပ်သူ၊ ဓာတုဗေဒပစ္စည်းများကို အစဉ်မပြတ်ကိုင်တွယ် သုံးစွဲနေရသူ၊ ကင်ဆာမျိုးရိုးဗီဇရှိသူနှင့် အသက်အရွယ်ကြီးရင့်သူ စသည်ဖြင့်ပေါ့။သတိထားမိသင့်တယ်ဆိုတဲ့ အချက်လေးတွေကတော့…

✅၁။ ချွဲသလိပ်များကြောင့် အသက်ရှုာကြပ်ခြင်း သို့မဟုတ် အသက်ရှုရပ်ခြင်း။

✅ဒီလက္ခဏာကို သာမန် အဆုတ်ရောဂါများမှာလည်း တွေ့နိုင်ပါတယ်။ထို့အပြင် အဆုတ်ကင်ဆာရောဂါရဲ့ လက္ခဏာများထဲက တစ်ခုအနေနဲ့လည်း တွေ့နိုင်ပါတယ်။ ကာလကြာရှည်စွာ ချောင်းဆိုးခြင်း နဲ့ ရင်ဘတ်အောင့်ခြင်း၊ သွေးကင်ဆာ၊ အဆုတ်ကင်ဆာသမားတွေမှာ ဆိုရင်တော့ ချောင်းကို ဆိုးဆိုးရွားရွား ဆိုးတာမျိုးတွေ တွေ့ရတတ်ပါတယ်။

✅၂။ မကြာခဏ ဖျားနာခြင်းနှင့် ရောဂါပိုး၀င်လွယ်ခြင်း။

✅ဖျားနာခြင်းဟာ ယေဘုယျ လက္ခဏာ တစ်ခုဖြစ်သလို ဒါဟာ သွေးကင်ဆာရဲ့ လက္ခဏာ တစ်ခုဖြစ်နေနိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ သွေးကင်ဆာ ဖြစ်ပွားသူတွေမှာ ရိုးတွင်းခြင်ဆီကနေ ထုတ်လုပ်တဲ့ သွေးဖြူဥတွေကို ပုံစံပျက်စေပါတယ်။ ခုခံအားစနစ်မှာ ပုံစံမမှန်တဲ့ သွေးဖြူဥတွေကြောင့် ခုခံအားစနစ်ကို ထိခိုက်စေပါတယ်။ ဒါကြောင့် သွေးကင်ဆာရှိသူတွေမှာ မကြာခဏ ဖျားနာတတ်တာ ဖြစ်ပါတယ်။

✅၃။ အစားအသောက်များ မျိုချရာတွင် အခက်အခဲဖြစ်ခြင်း။

✅အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ဖြစ်တတ်တဲ့ ကင်ဆာတချို့နဲ့ လည်ပင်း ကင်ဆာတွေမှာ အစားသောက် မျိုချရတာ ခက်ခဲတတ်ပါတယ်။

✅၄။ သနံ အကြိတ်လေးများ ရောင်ရမ်းခြင်း (သို့မဟုတ်) လည်ပင်းပေါင်ခြံ တို့မှအဖုအကြိတ်များ။

✅သနံကြိတ်လေးများ ရောင်ရမ်းခြင်းဟာ သနံအဖွဲ့အစည်းရဲ့ အလုပ်လုပ်ဆောင်မှု မမှန်ကန်ခြင်းကို ဖြော်ပပါတယ်။ ဒါဟာ ကင်ဆာတစ်မျိုးမျိုးရဲ့ ရှေ့ပြေး လက္ခဏာ ဖြစ်နေနိုင်ပါတယ်။

✅၅။ အတွင်းကြေအနာ ဆိုးဆိုးဝါးဝါးဖြစ်ခြင်း (သို့မဟုတ်) သွေးတိတ်ရန်ကြာမြင့်ခြင်း။

✅သွေးကင်ဆာဖြစ်တဲ့သူတွေမှာ ဒီလိုလက္ခဏာတွေကို တွေ့ရတတ်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ သွေးဖြူဥနဲ့ သွေးဥမွှားတွေမှာ ပြဿနာရှိခြင်းကြောင့်လို့ပဲ အကြမ်းဖျင်းပြောနိုင်ပါတယ်။

✅၆။ အလိုလို အားနည်းနေခြင်းနှင့် မောပန်းလွယ်ခြင်း။

✅ဒါကတော့ အမျိုးမျိုးသော ကင်ဆာတွေမှာ တွေ့ရတတ်ပါတယ်။ အကြောင်းပြချက်မရှိဘဲ မောပမ်းလွယ်နေမယ်၊ အားနည်းနေမယ် ဆိုရင်တော့ ဆရာ၀န်နဲ့ တိုင်ပင်သင့်ပါတယ်။

✅၇။ အစားအသောက်ပျက်ခြင်း။

“ငါ ဆာလဲ မစားဘူး။ စားလဲ မစားနိုင်ဘူး” ဆိုတဲ့ စကားသံများကို တခါတလေ ကျွန်တော်တို့ ကြားရတတ်ပါတယ်။ ဒီလက္ခဏာကို သားအိမ်ကင်ဆာသမားတွေမှာ တွေ့ရတတ်ပါတယ်။

✅၈။ တင်ပါးနှင့် ၀မ်းဗိုက်တစ်ဝိုက်တွင် နာကျင်ခြင်း။

လေပွခြင်းနှင့် တွဲပြီး ၀မ်းဗိုက်နှင့် တင်ပါးတဝိုက်တွင် နာကျင်ကိုက်ခဲပါက သားအိမ်ကင်ဆာကို ထည့်ပြီး စဉ်းစားသင့်ပါတယ်။ ဒါ့အပြင် ၀မ်းဗိုက်တဝိုက် နာကျင်ခြင်းဟာ ဆိုရင်ဖြင့် သွေးကင်ဆာကြောင့် ထိခိုက်ခံရတဲ့ သရက်ရွက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

✅၉။ စအိုမှ သွေးကျခြင်းနှင့် ၀မ်းသွားရာမှာသွေးပါခြင်း။

လိပ်ခေါင်းနဲ့ စအိုကွဲနာတွေမှာ ၀မ်းသွားလျှင် သွေးပါတတ်သလို အူမကြီး နဲ့ စအိုကင်ဆာတွေမှာ တွေ့တတ်ပါတယ်။ ဒါကြောင့် ဆရာ၀န်တွေက အိမ်သာမှာ သွေးတွေ့ပြီဆိုတာနဲ့ ဆေးခန်းပြသင့်ကြောင်းနဲ့ လိုအပ်ပါက ၀မ်းစစ်ဆေးခြင်း၊ အစာအိမ်နဲ့ အူလမ်းကြောင်းကို မှန်ပြောင်းဖြင့် ကြည့်ရှုခြင်းများကို လိုအပ်သလို လုပ်သင့်ကြောင်း အကြံပြုထားပါတယ်။

✅၁၀။ အကြောင်းအရင်း ခိုင်ခိုင်မာမာမတွေ့ရှိဘဲ ကိုယ်အလေးချိန် ရုတ်တရက်ကျခြင်း။

အူမကြီး၊ အစာအိမ်နဲ့ အူလမ်းကြောင်း ကင်ဆာတချို့မှာ ကိုယ်အလေးချိန် ကျတတ်ပါတယ်။ အသည်းကို ပျံ့နှံ့သွားတတ်တဲ့ ကင်ဆာမျိုးတွေမှာလည်း စားချင်စိတ်ကို လျော့နည်းစေတာကို တွေ့ရပါတယ်။

✅၁၁။ အစာအိမ်မှာ မသက်မသာခံစားရခြင်း။

အစာအိမ်နာခြင်း နဲ့ ဗိုက်အောင့်တတ်ခြင်းတွေကိုလည်း အူမကြီးကင်ဆာမှာ တွေ့ရတတ်ပါသေးတယ်။

✅၁၂။ သားမြတ် နီရဲ ရောင်ရမ်း နာကျင်ခြင်း။

သားမြတ်ကင်ဆာသမားတွေမှာ ဒီလိုလက္ခဏာတွေကို တွေ့ရတဲ့အတွက် အဲဒီလို အခြေအနေကို ကြုံလာခဲ့ပြီဆိုရင်တော့ တတ်ကျွမ်းတဲ့ ဆရာ၀န်ကို သွားရောက် ဆွေးနွေးသင့်ပါတယ်။

✅၁၃။ သားမြတ်ခေါင်း ပုံစံပြောင်းလဲခြင်း။

သားမြတ်ကင်ဆာကတော့ ဆရာ၀န်ဆီ မရောက်ခင်ကတည်းက အမျိုးသမီးတွေ သတိထားမိနိုင်တဲ့ အမျိုးအစားပါလို့ ပြောရင် မမှားပါဘူး။ သားမြတ်ခေါင်း ပုံစံနဲနဲ ပြောင်းတာနဲ့ ရောဂါ ရှာဖွေရေးလုပ်သင့်ပြီဆိုတဲ့ အချက်ကိုတော့ မမေ့အပ်ပါဘူး။

✅၁၄။ ဓမ္မတာမမှန်တော့ခြင်း။

တခါတလေမှာ အချိန်အခါမဟုတ် ရာသီသွေးလာတာ ကိုတွေ့ရပါတယ်။ ဒါ့အပြင် အလွန်အမင်း နာကျင်ခြင်းကိုလည်း ခံစားရတတ်ပါတယ်။ ဒါဟာဆိုရင်ဖြင့် သားအိမ်နဲ့ဆိုင်တဲ့ ကင်ဆာတွေရဲ့ လက္ခဏာပါပဲ။ ဒါကြောင့် ရောဂါရှာဖွေကုသနိုင်ဖို့အတွက် ဆေးပညာရှင်များနဲ့ ဆွေးနွေးသင့်ပါတယ်။

✅၁၅။ မျက်နှာ ရောင်ရမ်း ဖေါသွပ်ခြင်း။

တခါတရံ မျက်နှာမှာ ရောင်ရမ်းဖောသွပ်ခြင်းနဲ့ နီမြန်းခြင်းတွေကို အဆုတ်ကင်ဆာရဲ့ ရှေ့ပြေး အနေနဲ့ တွေ့ရတတ်ပါတယ်။

✅၁၆။ အရေပြားတွင် အဖုအကြိတ်နှင့် အနီကွက်များ ပေါ်လာခြင်း။

အရေပြားမှာ တစ်ခုခု အပြောင်းအလဲ ဖြစ်မဖြစ်ကို အမြဲတစေ စောင့်ကြည့်နေဖို့လိုအပ်ပါတယ် ။ ဒါမှသာလျှင် အရေပြားနဲ့ဆိုင်တဲ့ ကင်ဆာအမျိုးမျိုးကို ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

✅ ၁၇။ လက်သည်းခြေသည်းခွံများတွင် ပြောင်းလဲခြင်း။

လက်သည်း ခြေသည်းများ ညိုမည်းလာခြင်းနှင့် အမည်းစက်လေးများ ပေါ်လာခြင်းကို အရေပြားကင်ဆာတွေမှာ တွေ့ရပါတယ်။ လက်ချောင်းထိပ်လေးတွေမှာ တင်းပုတ်ပုံစံကဲ့သို့ ကြီးလာခြင်းကတော့ အဆုတ်ကင်ဆာရဲ့ လက္ခဏာတစ်ခုပါ။ ဒါ့အပြင် လက်သည်းခြေသည်း အရောင်များဖျော့ခြင်း၊ ဖြူခြင်းများကိုတော့ အသည်းကင်ဆာမှာ တွေ့ရတတ် ပြန်ပါတယ်။

✅ ၁၈။ ခါးနာခြင်း။

အသည်းကင်ဆာခံစားရသူ အများစုကတော့ ခါးနာတယ် လို့ပြောကြပါတယ်။ ဒါ့အပြင် သားမြတ်ကင်ဆာသမားတွေမှာလည်း ခါးနာတာကို တွေ့ရတတ်ပါတယ်။ ဘာလို့လည်းဆိုတော့ ကင်ဆာဆဲလ်တွေက နံရိုးတွေနဲ့ ကျောရိုးတွေကိုပါ ပျံ့နှံ့သွားနိုင်လို့ပါပဲ။အမှန်တကယ်ကတော့ လူတိုင်းလူတိုင်း မိမိတို့ကိုယ်မှာ ဘာတွေ ပြောင်းလဲနေတယ်ဆိုတာကို အစဉ်မပြတ် စောင့်ကြည့်နေဖို့ လိုအပ်ပါတယ်။ အားလုံး

သိတဲ့အတိုင်းပါပဲ ရောဂါတစ်ခုဟာ စောစော သိတယ်ဆိုရင် ကုသရေးမှာ အောင်မြင်ဖို့ အခွင့်အလမ်း ပိုများပါတယ်။ နောက်ထပ်သိထားသင့်တဲ့ အချက်ကတော့ ကျန်းမားရေးနဲ့ ညီညွတ်စွာ နေထိုင်တတ်ခြင်းဟာ ကင်ဆာရောဂါကို ကာကွယ်ရာမှာ ထိရောက်တဲ့ နည်းတစ်ခု ဖြစ်ပါတယ်။ အိပ်ရေး၀၀အိပ်ခြင်း၊ သင့်တင့် မျှတစွာစားသုံးခြင်း၊ လေ့ကျင့်ခန်း၊ မှန်မှန်လုပ်ခြင်းနဲ့ စိတ်ဖိစီးမှုကို တတ်နိုင်သလောက် လျှော့ချခြင်းတို့ကို လုပ်ဆောင်ကြည့်ပါ။

အမှန်တကယ် အကျိုးရှိကြောင်း သိလာပါလိမ့်မယ်။တကယ်ဆိုရင်တော့ ကင်ဆာရောဂါဟာ ကာကွယ်လို့ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကင်ဆာရောဂါ အများစုဟာ အ၀လွန်မှု၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ အစာအဟာရ ချို့တဲ့ခြင်းတွေနဲ့ ဆက်စပ်နေလို့ပါပဲ။ နောက်ကျွန်တော်တို့ သတိမထားမိတဲ့ အချက်ကတော့ ဗိုက်တာမင်ဒီ ချို့တဲ့ခြင်းပါပဲ။ အခု သိလာရတဲ့ အချက်တစ်ခုကတော့ ဗိုက်တာမင်ဒီကိုသာ ကောင်းကောင်း ဖြည့်တင်းထားမယ်ဆိုရင် ကင်ဆာရဲ့ ၅၀ရာခိုင်နှုန်းလောက်ကို ကာကွယ်နိုင်တယ်ဆိုတဲ့ အချက်တစ်ခုပါပဲ။

ကင်ဆာရောဂါ ဖြစ်ပွားမှု့ လျော့နည်းအောင် ဘယ်လိုကာကွယ်မလဲ ...

✅၁။ ဗိုက်တာမင်ဒီ ပမာဏကို မလျော့ကျအောင်ထိန်းထားခြင်း။

အထက်မှာ ဖော်ပြခဲ့တဲ့ အတိုင်းပါပဲ။ ဗိုက်တာမင်ဒီ ပမာဏကို လျော့ကျမနေအောင် ထိန်းထားဖို့ လိုအပ်ပါတယ်။ ဆိုတော့ ဘယ်နည်းတွေနဲ့ ဗိုက်တာမင်ဒီကို ရယူမလဲ။ အကောင်းဆုံးနဲ့ သဘာ၀အကျဆုံးကတော့ နေရောင်ခြည်ကနေ ရယူခြင်းပါပဲ။ နေရောင်ခြည်ကို ထိတွေ့ခြင်းနဲ့ ကျွန်တော်တို့ဟာ ဗိုက်တာမင်ဒီကို ရယူနိုင်ပါတယ်။ မလုံလောက်ခဲ့ရင်တော့ ဗိုက်တာမင်ဒီ ပါတဲ့ ဆေးဝါးများကနေ တဆင့် ဗိုက်တာမင်ဒီ ပမာဏကို ဖြည့်တင်းနိုင်ပါတယ်။

✅၂။ အ၀လွန်မှုမှ ကာကွယ်ခြင်း။

နောက်တစ်ခုကတော့ ကာဗိုဟိုက်ဒြိတ် ပမာဏကို တက်စေမယ့် ဆန်၊ ပြောင်း၊ အာလူး စတာတွေကို တတ်နိုင်သလောက် လျှော့စားဖို့ပါပဲ။ ဒီအစားသောက်တွေဟာ အ၀လွန်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ ဒါ့အပြင် ကင်ဆာဟာ အ၀လွန်မှုနဲ့ ဆက်စပ်နေတဲ့အတွက် ဒီအစားအသောက်တွေကို လျှော့ချခြင်းအားဖြင့် ကင်ဆာရောဂါဖြစ်ပွားနိုင်မှုကို လျော့ကျစေမှာ ဖြစ်ပါတယ်။

✅၃။ လေ့ကျင့်ခန်း မှန်မှန်လုပ်ခြင်း။

လေ့ကျင့်ခန်း မှန်မှန်လုပ်မယ်ဆိုရင်တော့ ကင်ဆာရောဂါကို အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ လေ့ကျင့်ခန်း လုပ်ခြင်းအားဖြင့် အ၀လွန်မှုကနေ ကာကွယ်ပေးတဲ့ အပြင် ဆဲလ်ထဲက ဆက်သွယ်ရေးစနစ်ကိုပါ ကောင်းမွန်စေတဲ့အတွက် ထိရောက်တဲ့ ကာကွယ်နည်း တစ်ခုလို့ ဆိုနိုင်ပါတယ်။

✅၄။ မျှတစွာစားသုံးပြီး အိပ်ရေးဝအောင် အိပ်စက်ခြင်း။

ကင်ဆာရောဂါကို အဓိက ကုသတဲ့ ဆေးရုံတစ်ခုကနေ လုပ်ထားတဲ့ သုသေသန တစ်ခုအရ ကျန်မာရေးနဲ့ ညီညွတ်စွာ စားသုံးပြီး အိပ်စက်ချိန် မှန်ကန်ခြင်းဟာ ကင်ဆာရောဂါကို ထိန်းချုပ်နိုင်တဲ့ နည်းတစ်ခုပဲဖြစ်တယ်လို့ သူတို့က အခိုင်အမာ ဆိုပါတယ်။

✅၅။ အဆိပ်တောက်များ ဓါတုဗေဒပစ္စည်းများမှ တတ်နိုင်သမျှရှောင်ရှားခြင်း။

ဖြစ်နိုင်သမျှတော့ အဆိပ်တောက်ဖြစ်စေသော အရာများမှ ရှောင်ရှားသင့်ပါတယ်။ ဥပမာဆိုရရင်တော့ ပိုးသတ်ဆေးများ၊ လေထုညစ်ညမ်းခြင်း၊ အိမ်သန့်ရှင်းရေးလုပ်ရာမှာ အသုံးပြုတဲ့ ဓာတုဗေဒဆေးများပါပဲ။

✅၆။လက်ကိုင်ဖုန်း အသုံးပြုမှုကို လျှော့ချုခြင်း။

လက်ကိုင်ဖုန်းတွေဟာ ဓာတ်ရောင်ခြည်ဖြာထွက်မှုကို ဖြစ်စေတဲ့ အကြောင်းတစ်ချက်ပါပဲ။ ဓာတ်ရောင်ခြည် ဖြာထွက်မှုဟာ ကင်ဆာရောဂါကို ဖြစ်ပွားစေနိုင်တဲ့ အတွက် တတ်နိုင်သလောက် လက်ကိုင်ဖုန်း အသုံးပြုမှုကို လျှော့ချသင့်ပါတယ်။အထက်မှာ ဖော်ပြထားတဲ့ အချက်တွေကို လိုက်နာမယ် ဆိုရင်တော့ ကင်ဆာရောဂါ ဖြစ်ပွားနိုင်တဲ့ အန္တရာယ်ကို တော်တော်လေး တားဆီး ပေးနိုင်ပါလိမ့်မယ်။

ကင်ဆာဖြစ်လာရင် ဘာလုပ်ကြမလဲ.....

ကင်ဆာ ဖြစ်လာပြီဆိုိရင်တော့ ကင်ဆာရောဂါကို ကျွမ်းကျင်တဲ့ ဆရာ၀န်များနဲ့ပြသပြီး ဓာတုဗေဒ ဆေးသွင်း ကုသခြင်း (chemotherapy)၊ ဓာတ်ရောင်ခြည်ပေး ကုသခြင်း (radiation therapy) နဲ့ ခွဲစိပ်ကုသခြင်း (surgical operation) များကို လိုအပ်သလို လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ကာကွယ်ခြင်းဟာ ကုသခြင်းထက် ထိရောက်တယ်ဆိုတဲ့ စကားအတိုင်း တတ်နိုင်သမျှ ကင်ဆာ မဖြစ်အောင် ကာကွယ်ကြပါစို့။
Credit Original Uploader

" ရွှေလရောင် " ဆေးနှင့်ဆေးပစ္စည်းဆိုင်

လိပ်စာ - 124 လမ်း . 53/54 ကြား ' ပြည်ကြီးတံခွန်မြို့နယ် . မန္တလေးမြို့

01/09/2022

🔰 #လေးဖက်နာရောဂါဆောင်ရန်ရှောင်ရန်🔰
==========================

#လေးဖက်နာရောဂါ ဆိုတာကတော့ ကမ္ဘာပေါ်မှာ အမျိုးသမီးတွေကြား အဖြစ်များတဲ့ အဆစ်ရောင်ရောဂါ တစ်မျိုးဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း အမျိုးသမီးထုကြား အဖြစ်များတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ လေးဖက်နာရောဂါဟာ လူရဲ့ အသက်ကို ချက်ချင်းမသေစေနိုင်သော်လည်း စောစောစီးစီး ကုသမှုမလုပ်ရင် နာတာရှည်ရောဂါသည်ဘ၀နဲ့အိပ်ရာထဲလဲနေတာမျိုးထိ ဖြစ်နိုင်ပါတယ်။

✴အဲလိုမတိုင်ခင်မှာတော့ ဝေဒနာ ခံစားရသူအနေနဲ့ ရောဂါပြင်းထန်မှုပေါ် မူတည်ပြီး အဆစ်ကလေးများ နာကျင်ကိုက်ခဲ့ရမှုကြောင့် စိတ် အနှောင့်အယှက် ဖြစ်တာကစပြီး ချိနဲ့သွားကာ အလုပ်ခွင်မ၀င်နိုင်တာအထိ ဆိုးရွားတတ်ပါတယ်။

✴ဒါကြောင့်လည်း မြန်မာလို လေးဖက်နာ လို့ခေါ်ကြတယ် ထင်ပါတယ်။ အင်္ဂလိပ်လို့တော့ Rheumatiod Arthritis (RA ) ခေါ်ပါတယ်။ မြန်မာ အမျိုးသမီးတွေကြား အဖြစ်များတဲ့ရောဂါမို သိသလောက် ရေးတာပါ။

✴ရောဂါ ဖြစ်နိုင်သူများ

၁။ မိသားစု၀င် ( ညီအစ်ကိုမောင်နှမများ ) များတွင်လေးဖက်နာရောဂါ ခံစားရသူရှိခြင်း၊

၂။ ဆေးလိပ်သောက်သူများ

၃။ ကလေးမီးဖွားပြီးစနှင့် နို့တိုက် မိခင်များ

၄။ အသက်လေးဆယ်ကျော် အမျိုးသမီးများ

✴ရောဂါ လက္ခဏာများ
********************
ဒီရောဂါရဲ့ ထူးခြားချက်ကတော့ ခြေဆစ် လက်ဆစ်ကလေးတွေဟာ ရောင်ရမ်းနာကျင်လာရင် ဘယ်ရော ညာပါ တစ်ပြိုင်တည်း ဖြစ်တတ်တာပါ။ လက်အဆစ်ကလေး တစ်ခုတည်းနာတာမျိုးမဟုတ်ဘဲ နှစ်ဖက်စုံနာရင် သတိထားစရာပါ။

✴နာကျင်တတ်တဲ့အဆစ်ကလေးတွေကတော့ လက်ချောင်း အဆစ်ကလေးများ၊ ခြေချောင်းအဆစ်ကလေးများ၊ ခြေကျင်း၀တ်အဆစ်နဲံ လက်ကောက်၀တ် အဆစ်တွေကတော့ အဖြစ်များပါတယ်။

✴နောက်တစ်ချက်ကတော့ နံနက်စောစော အိပ်ယာထချိန်မှာ ခြေဆစ် လက်ဆေစ်ကလေးများ နာကျင်ပြီး တောင့်တင်နေတတ်တာပါ။ ရောဂါကို မကုသဘဲထားရင်တော့ အဆစ်ကလေးတွေရဲ့မူလ ဖွဲ့စည်းပုံ ပျက်ပြီး ပုံပျက်တတ်ပါတယ်။

✴အခြားရောဂါ လက္ခဏာများ
*************************
လေးဖက်နာ ရောဂါဟာ ခန္ဓာကိုယ်မှ ခုခံအားစနစ်က ကိုယ့်ကိုယ်ကိုပြန်တိုက်လို့ ဖြစ်ရတာပါ။ ဒါကြောင့် bodyမှာရှိတဲ့ အဂါင်္ အစိတ်အပိုင်းတွေကိုပါ တိုက်ခိုက်ပါတယ်။

✴ဒါကြောင့် ဖျားခြင်း၊ အလွယ်တကူမောပန်းခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ကြွက်သားများ အားနည်းခြင်း၊ အရိုးပျောဲ့ခင်း၊ သွေးအားနည်းခြင်း၊ သွေးယိုခြင်း၊ နှလုံးကြွက်သားများရောင်ခြင်း၊ ခြေလက်များ ထုံကျင်ခြင်း၊ သွေးကြောများရောင်ရမ်းပြီး ခြေလက်များ ပုပ်ခြင်း၊ အဆုတ်အတွင်း ရေစုခြင်းများ ဖြစ်တတ်ပါတယ်။

✴ဘယ်အချိန်မှာ ရောဂါရှိပြီပြောမလဲ ?
********************************
အခုဖော်ပြတဲ့ အချက်တွေထဲက အနည်းဆုံး (၄ ) ချက်ရှိရင် ရောဂါရှိနေပြီလို့ပြောနိုင်ပါတယ်။

၁။ အိပ်ယာထချိန်တွင် ၁ နာရီထက်ပိုအောင် ခြေဆစ်လက်ဆစ်ကလေးများ တောင့်တင်းနေခြင်း

၂။ ခန္ဓာကိုယ်ရှိ အဆစ် ၃ ဆစ်ထက်ပို ရောင်ခြင်း

၃။ လက်ဆစ်ကလေးများရောင်ရမ်း နာကျင်ခြင်း

၄။ အဆစ်များ ဘယ်ညာစုံရောင်ခြင်း

၅။ rheumatiod nodules ခေါ် အရေးပြားပေါ်တွင် ဖုလုံးလေးများ ထွက်လာခြင်း

၆။ သွေးထဲတွင် rheumatoid factor ရှိနေခြင်း

၇။ X- RAYS တွင် လေးဖက်နာရောဂါ လက္ခနာများတွေ့ရခြင်း

၈။ အထက်ပါ လက္ခဏာများ ၆ ပတ်ထိ ဆက်လက်ရှိနေခြင်း

✴ဘယ်အချိန်မှာဆေးခန်းပြသင့်လဲ?

✴အထက်မှာ ဖော်ပြခဲ့တဲ့ရောဂါလက္ခဏာတွေ ကိုယ့်မှာရှိနေပြီထင်ရင် နီးစပ်ရာ ဆရာ၀န်နဲ့ တွေ့ပြီးပြသင့်ပါတယ် စောစော ကုသမှု ခံယူခြင်းဟာ အဆစ်ပုံပျက်ခြင်းကို ကာကွယ်နိုင်ပါတယ်။

✴နားလည်တတ်ကျွမ်းတဲ့ ဆရာ၀န်နဲ့ ကုသခြင်းသာလျှင် အကောင်းဆုံးဖြစ်ပါတယ်။ ဆေးမြီးတိုနဲ့ ကုသခြင်းကို မလုပ်သင့်ပါဘူး။

ဘယ်လိုကုသမလဲ?
******************
အဓိက ကုနည်းကတော့ ခန်ဓာကိုယိကို အနားပေးဖို့ပါပဲ။ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေမလုပ်သင့်ပါဘူး။

ပေါ့ပါးတဲ့လေ့ကျင့်ခန်းများသာ လုပ်ဆောင်သင့်ပါတယ်။

လိုအပ်မှသာ ဆေးရုံတတ်ရတာပါ။ များသောအားဖြင့် အိမ်မှာ အနားယူ ကုလို့ ၇တဲ့ရောဂါပါ။

prednisalone နဲ့ စတီးရွိက်မဟုတ်သော အရောင်ကျဆေးများကို ဆရာ၀န် ညွှန်ကြားသည့် အတိုင်းသောက် ရပါမယ်။

မိမိသဘောအတိုင်း မသောက်သင့်ပါဘူး။ ဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးကို သတိထားရပါတယ်။

လေးဖက်နာအတွက်သုံးသောဆေးဝါးများ
*************************************
DMARD (disease modifying antirheumatic drugs).....တွေဟာလေးဖက်နာမှာ သုံးတဲ့နောက်ဆုံးပေါ် ဆေးတွေဖြစ်ပါတယ်။ ရောင်ရမ်းခြင်းကို ချက်ချင်းမကျစေပေမယ့်

ေ၇ာဂါတိုးဖြစ်တာကို ကာကွယ်ပေးနိုင်ပါတယ်။

1. methotrexate 5-25 mg/week

2. sulfasalazine 2-3 g/day ကို အသုံးများပါတယ်။

ဒီဆေးတွင်အပြင်prednisalone ဆေးကိုပါ တွဲသုံးရင်ပိုကောင်းတယ်ဆိုပါတယ်။
ဒီဆေးတွေန ဲ့မသက်သာရင် တခြား DMARD ဆေးတွေကိုသုံးလို့ရပါတယ်။

✴သတိထားရမှာက ဒီဆေးတွေဟာ အစာအိမ်နဲ့ အူလပ်းကြောင်းမှာ ဆိုးကျိုးတွေ ပိုပေးတတ်လို့ ဆေးကို ဆရာ၀န် ညွှန်ကြားသည့် အတိုင်းသာ သောက်သင့်ပါတယ်။ ဒါ့အပြင် ရောဂါ တိုးတက်မှု ကိုလည်း ဆရာ၀န်နဲ့ ပြပြီး ပုံမှန် စစ်ဆေးသင့်ပါတယ်။

✴လိုအပ်တဲ့ကုသမှုတွေကိုလည်း တိတိကျကျ လိုက်နာဖို့ လိုပါတယ်။

Credit Original post

" ရွှေလရောင် " ဆေးနှင့်ဆေးပစ္စည်းဆိုင်

လိပ်စာ - 124လမ်း . 53/ 54 ကြား * ပြည်ကြီးတံခွန်မြို့နယ်. မန္တလေးမြို့

ယနေ့ Stock ပြန်ဝင်တာလေးပါ လက်လီ လက်ကားဝယ်ယူအားပေးနိုင်ပါပီခင်ဗျ. . .  #ရွှေလရောင်ဆေးဆိုင်124လမ်း 53*54ကြား မန္တလေးမြို့....
31/08/2022

ယနေ့ Stock ပြန်ဝင်တာလေးပါ လက်လီ လက်ကားဝယ်ယူအားပေးနိုင်ပါပီခင်ဗျ. . .

#ရွှေလရောင်ဆေးဆိုင်
124လမ်း 53*54ကြား မန္တလေးမြို့.
09-762348053

မြို့တွင်း Order လေးပါ...ဝယ်ယူအားပေးမှုအတွက်အထူးပင်ကျေးဇူးတင်ရှိပါသည်ခင်ဗျာ...Shwe La Yaung Pharmacy124လမ်း/ 53*54ကြား/ ...
22/08/2022

မြို့တွင်း Order လေးပါ...
ဝယ်ယူအားပေးမှုအတွက်အထူးပင်ကျေးဇူးတင်ရှိပါသည်ခင်ဗျာ...

Shwe La Yaung Pharmacy
124လမ်း/ 53*54ကြား/ မန္တလေးမြို.။
☎️09-762348053

အဆစ်မြစ် နာကျင်ကိုက်ခဲမှုအတွက် အကောင်းဆုံး " ဗိုလီနီ "ရွှေလရောင် ဆေးဆိုင်မှာ ဝယ်ယူနိုင်ပါပီခင်ဗျာ...Shwe La Yaung Pharma...
19/08/2022

အဆစ်မြစ် နာကျင်ကိုက်ခဲမှုအတွက် အကောင်းဆုံး " ဗိုလီနီ "
ရွှေလရောင် ဆေးဆိုင်မှာ ဝယ်ယူနိုင်ပါပီခင်ဗျာ...

Shwe La Yaung Pharmacy
124လမ်း/ 53*54ကြား/ မန္တလေးမြို.။
☎️09-762348053

ကလေး လူကြီးသောက်သုံးလို့ရတဲ့အသင့်ဖျော်ချောင်းဆိုး ချွှဲကြေပျောက်ဆေးအထုတ် ရောက်ပါပီဗျာ... လိမ္မော်အရသာလေးဆိုတော့ ကလေးငယ်လ...
18/08/2022

ကလေး လူကြီးသောက်သုံးလို့ရတဲ့အသင့်ဖျော်ချောင်းဆိုး ချွှဲကြေပျောက်ဆေးအထုတ် ရောက်ပါပီဗျာ... လိမ္မော်အရသာလေးဆိုတော့ ကလေးငယ်လေးတွေအကြိုက်ပေါ့...

Shwe La Yaung Pharmacy
124လမ်း/ 53*54ကြား/ မန္တလေးမြို.။
☎️09-762348053

ယနေ့မြို့တွင်း Order လေး ပို့ဆောင်ပေးခဲ့ပါပီ...Shwe La Yaung Pharmacy ကို ယုံကြည်စွာဝယ်ယူအားပေးပါသော Customer တယောက်ချင်...
12/08/2022

ယနေ့မြို့တွင်း Order လေး ပို့ဆောင်ပေးခဲ့ပါပီ...
Shwe La Yaung Pharmacy ကို ယုံကြည်စွာဝယ်ယူအားပေးပါသော Customer တယောက်ချင်းစီတိုင်းကို အထူးပင်ကျေးဇူးတင်ရှိပါသည်ခင်ဗျား🙏။

Shwe La Yaung Pharmacy
124လမ်း/ 53*54ကြား/ မန္တလေးမြို.။
☎️09-762348053

ပွေး၊ဝဲ၊ညှင်း နှင့်အခြားအရေပြားမှိုရောဂါများအတွက်   လိမ်းဆေး Cream ကို Shwe La Yaung pharmacy မှာ လက်လီ/လက်ကား ဝယ်ယူအားပ...
07/08/2022

ပွေး၊ဝဲ၊ညှင်း နှင့်အခြားအရေပြားမှိုရောဂါများအတွက် လိမ်းဆေး Cream ကို Shwe La Yaung pharmacy မှာ လက်လီ/လက်ကား ဝယ်ယူအားပေးနိုင်ပီနော်🙂

Shwe La Yaung Pharmacy
၁၂၄ လမ်း၊ ၅၃*၅၄ကြား၊ မန္တလေးမြို့။
09762348053

07/08/2022

အားလုံးပဲ မင်္ဂလာပါ...
"ရွှေလရောင်" ဆေးဆိုင်မှ နိုင်ငံခြားဆေးနှင့် မြန်မာဆေးမျိုးစုံကို လက်လီ/လက်ကား ရောင်းချပေးနေပါပီခင်ဗျား😊...

Address

124 Street, Between 53*54
Mandalay

Telephone

+959762348053

Website

Alerts

Be the first to know and let us send you an email when Shwe La Yaung Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram