Ko Htet Blind Massage ဂျပန်မြန်မာအကြောပြင်

  • Home
  • Myanmar
  • Mandalay
  • Ko Htet Blind Massage ဂျပန်မြန်မာအကြောပြင်

Ko Htet Blind Massage ဂျပန်မြန်မာအကြောပြင် massage 1session 7000 foreigner 15000 home service 10000

 #လေဖြတ်နိုင်တယ်လို့ ပြတဲ့ ရှေ့ပြေးလက္ခဏာ(၁၀)ချက်၁။ ဦးခေါင်းနောက်စေ့ တွင် ခေါင်းကိုက် ခြင်း၊ မကြာ ခဏ မူးဝေခြင်း။၂။ ခြေ လ...
15/12/2024

#လေဖြတ်နိုင်တယ်လို့ ပြတဲ့ ရှေ့ပြေးလက္ခဏာ(၁၀)ချက်

၁။ ဦးခေါင်းနောက်စေ့ တွင် ခေါင်းကိုက် ခြင်း၊ မကြာ ခဏ မူးဝေခြင်း။

၂။ ခြေ လက် တို့တွင် မကြာခဏ ကျဉ်ခြင်း၊ ကိုယ်လက် လေးလံ ထိုင်းမှိုင်းခြင်း။

၃။ မျက်ခွံနှင့် မျက်နှာကြွက်သား တို့ ဆတ်ခနဲ လှုပ်ခြင်း၊ အသားကွက် ၍ တဆတ်ဆတ် လှုပ်ခြင်း။

၄။ မကြာ ခဏ ဝမ်းချုပ်ပြီး ဗိုက်တွင်လေပွနေခြင်း။

၅။ ညအိပ် ချိန် ကျဉ် ထုံခြင်း လန့်နိုးခြင်း။

၆။ ဆီး အနီရောင် သွားခြင်း။

၇။ ပစ္စည်းများ ကိုင်လျှင် မမြဲခြင်း၊ မကြာ ခဏ လွတ်ကျ တတ်ခြင်း။

၈။ ဘယ်ဘက် လက် ကိုက်ခဲပြီး လက်မ တွင် ထုံခြင်း၊ ဘယ်ခြေ ဆွဲခြင်း။

၉။ အမျိုးသား များ အသက် ၄၅-နှစ်ကျော် လျှင် ရက်ရှည် ခြေ,လက် ထုံ ကျဉ်ခြင်း။

အမျိုးသမီး များ သွေးဆုံးချိန် တွင် ခြေ,လက် များ ထုံကျဉ်ခြင်း။

လက်ညှိုး၊ လက်ခလယ် ကွေးရာ မှ ချက်ချင်း ဆန့် မရခြင်း။

၁၀။ ရေချိုးပြီး လျှင် မျက်စိ များ ကြာမြင့် စွာ နီရဲခြင်း။

ကြိုတင် သိရှိပြီး လူသားများ အားလုံး လေဖြတ်ခြင်းမှကာကွယ်နိုင်ကြပါစေ။

ဆီးချိုနှင့်အာတာလွတ်ဥနှလုံးနဲ့ကျောက်ကပ်ကိုအားကောင်းစေတဲ့ အာတာလွတ်ဥ(၁) နှစ်ခြိုက်စွာ အိပ်ပျော်စေတယ်  အာတာလွတ်ဥဟာ မဂ္ဂနီဆီ...
25/01/2024

ဆီးချိုနှင့်အာတာလွတ်ဥ
နှလုံးနဲ့ကျောက်ကပ်ကိုအားကောင်းစေတဲ့ အာတာလွတ်ဥ

(၁) နှစ်ခြိုက်စွာ အိပ်ပျော်စေတယ်

အာတာလွတ်ဥဟာ မဂ္ဂနီဆီယမ်ပါဝင်မှုမြင့်မားတာကြောင့်
နှစ်ခြိုက်စွာအိပ်ပျော်စေနိုင်ပါတယ်။ အိပ်မပျော်တာ၊
နှစ်ခြိုက်စွာ အိပ်မပျော်တာတွေအားလုံးကို ဖြေရှင်းပေးနိုင်ပါတယ်။

(၂) သွေးအားကို ထိန်းညှိပေးတယ်

အာတာလွတ်ဥမှာ ပိုတက်စီယမ်နဲ့ ဆိုဒီယမ် ပါဝင်မှုများတာကြောင့် သွေးအားကို ထိန်းညှိပေးနိုင်ပါတယ်။ သွေးတိုးရောဂါရှိတဲ့ သူတွေ မဖြစ်မနေ စားသုံးပေးသင့်တဲ့ အစားအစာ တစ်ခုဖြစ်ပါတယ်။

(၃) ကျောက်ကပ်အားကောင်းစေတယ်

အာတာလွတ်ဥမှာ ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် ကျောက်ကပ်ကို သန့်စင်ပေးပြီး ကျောက်ကပ်ထဲက
အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

(၄) နှလုံးအားကောင်းစေတယ်

အာတာလွတ်ဥထဲမှာပါဝင်တဲ့ folate လို့ ခေါ်တဲ့ ဓာတ်ဟာ
နှလုံးရောဂါဖြစ်စေတဲ့ homocysteine ဓာတ်ကို
လျှော့ချပေး ပါတယ်။ မဂ္ဂနီဆီယမ်ပါဝင်မှုမြင့်မားပြီး သတ္တုဓာတ်
ကြွယ်ဝတာကြောင့် သွေးလည်ပတ်မှုကို အားကောင်းစေပါတယ်။

(၅) ဗီတာမင်ဘီအုပ်စု ကြွယ်ဝတယ်

အာတာလွတ်ဥမှာ ဗီတာမင်ဘီအုပ်စု ကြွယ်ဝစွာ ပါဝင်ပါတယ်။
ကောင်းမွန်တဲ့ ကိုလက်စရောတွေ ပါဝင်တာကြောင့်
နှလုံးသွေးကြောနဲ့ ပတ်သက်တဲ့ ရောဂါတွေကို
ကာကွယ်ပေးပါတယ်။ သွေးအားနည်းရောဂါအပြင်၊
မူးမော်တာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

(၆) သွေးနီဥတိုးစေတယ်

Copper နဲ့ သံဓာတ်ဟာ သွေးနီဥ အသစ်တွေဖြစ်ပေါ်စေဖို့
မရှိမဖြစ် လိုအပ်တဲ့ ဓာတ်တွေဖြစ်ပါတယ်။ အာတာလွတ်ဥထဲမှာ
ဒီဓာတ်တွေကြွယ်ဝစွာ ပါဝင်တာကြောင့် သွေးအားကောင်းစေပါတယ်။

(၇) ဉာဏ်ရည်ထက်မြက်စေတယ်

အာတာလွတ်ဥထဲမှာ ပါဝင်တဲ့ သံဓာတ်ဟာ သွေးလည်ပတ်မှု
အားကောင်းစေတဲ့ ဦးနှောက်ထဲကို အောက်စီဂျင်လုံလောက်စွာ
ရောက်ရှိစေတဲ့အတွက် ဉာဏ်ကောင်းစေပါတယ်။
သတိမေ့ရောဂါ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

မေတ္တာဖြင့်ပြန်လည်မျှဝေသည်

လိပ်ခေါင်းရောဂါကာကွယ်နည်းနှင့်လိပ်ခေါင်းရောဂါ ရှိသူများ မဖြစ်မနေ သိထားသင့်သော အချက်များလိပ်ခေါင်းဆိုတာ တကယ်တော့ မစင်အိမ်...
05/10/2023

လိပ်ခေါင်းရောဂါကာကွယ်နည်းနှင့်လိပ်ခေါင်းရောဂါ ရှိသူများ မဖြစ်မနေ သိထားသင့်သော အချက်များ

လိပ်ခေါင်းဆိုတာ တကယ်တော့ မစင်အိမ်နဲ့ စအိုနားက သွေးပြန်ကြောတွေ ဖောင်းလို့ဖြစ်လာတာပါ။ ဖြစ်တဲ့နေရာပေါ်မူတည်ပြီး အပြင်လိပ်နဲ့ အတွင်းလိပ်လို့လည်း ခွဲထားပါတယ်။ လိပ်ခေါင်းက ဘာလို့ဖြစ်တာလဲ။ မကုဘဲထားရင် ဘာဖြစ်မလဲ။ အသက်အန္တရာယ်စိုးရိမ်ရလား။ ကာကွယ်လို့ရလားဆိုတာကို ပြောပြပေးပါမယ်။

လိပ်ခေါင်းရောဂါ ဘာလက္ခဏာများ

👉အပြင်လိပ်
စအိုပတ်လည်က အရေပြားမှာတွေ့ရပါတယ်။ လက္ခဏာတွေကတော့

-စအိုနားတစ်ဝိုက်မှာယားပါမယ်။

-နာမယ်။ နေရတာ အဆင်မပြေပါဘူး။

-စအိုနားမှာ အလုံးစမ်းမိပါမယ်။

-သွေးထွက်ပါမယ်။

👉အတွင်းလိပ်
မစင်အိမ်ထဲမှာဖြစ်တာပါ။ မြင်လည်းမမြင်ရသလို စမ်းကြည့်လို့လည်း မရပါဘူး။ ဒါကြောင့် ရှိလို့ရှိမှန်းတောင်မသိပါဘူး။ ဝမ်းသွားလိုက်တဲ့အခါမှသာ

-သွေးပါလာမယ်။ မနာဘူး။ ဝမ်းသွားပြီးမှ အိမ်သာခွက်မှာ သွေးပေနေတာတွေ့မယ်။

-တစ်ခါတစ်လေ ဝမ်းညှစ်လိုက်မှ လိပ်ခေါင်းက အပြင်ကို ထွက်လာမယ်။ အဲ့တော့မှ နာလို့ သိတာမျိုးလည်းဖြစ်နိုင်ပါတယ်။

👉လိပ်ခဲ
အပြင်လိပ်မှာရှိတဲ့ သွေးတွေခဲလာတဲ့အခါ လိပ်ခဲဆိုတာဖြစ်လာပြီး

-ပြင်းပြင်းထန်ထန်နာတာ

-ဖောင်းလာတာ

-ရောင်ရမ်းတာ

-ခပ်မာမာအဖုဖြစ်လာတာမျိုး ဖြစ်နိုင်ပါတယ်။

ဘယ်အခါမှာ ဆရာဝန်နဲ့ ပြကြမလဲ။
အိမ်မှာနေရင်း တစ်ပတ်နေလို့မှ မသက်သာရင်ဆရာဝန်နဲ့ပြပါ။ ဒါ့ပြင် ဝမ်းသွားလို့ သွေးပါတိုင်း လိပ်ခေါင်း ဟုတ်ချင်မှ ဟုတ်မှာပါ။ တခြားရောဂါတွေလည်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ဝမ်းသွားတဲ့ပုံစံပြောင်းနေတယ်။ ဝမ်းအရောင်တွေ ပြောင်းနေတယ်ဆိုရင် သတိထားပါ။ အူမကြီးကင်ဆာနဲ့ စအိုကင်ဆာတို့လည်း ဖြစ်နိုင်ပါတယ်။ ဝမ်းထဲမှာ သွေးပါတာများလာတယ်၊ ခေါင်းမူးတယ်၊ အားနည်းလာတယ်၊ မိုက်ခနဲဖြစ်လာတယ်ဆိုရင်လည်း သတိထားပါ။ သွေးလန့် (shock) ရတတ်ပါတယ်။ ဒါတွေဖြစ်လာပြီဆိုရင်တော့ ဆေးရုံကို မြန်မြန်သွားပါ။

အသက်ကြီးလာတာနဲ့အမျှ လိပ်ခေါင်းဖြစ်နိုင်ချေပိုများပါတယ်။ အကြောင်းက တစ်ရှူးတွေ အားပျော့လာလို့ပါ။နောက်တစ်ခုက ကိုယ်ဝန်သည်တွေပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ကလေးက စအိုနားကိုဖိထားပါတယ်။ ဒါကြောင့် ဖိအားများပြီး လိပ်ခေါင်းဖြစ်တာပါ။

👉လိပ်ခေါင်းရောဂါ နောက်ဆက်တွဲဆိုးကျိုးများ

♦️သွေးအားနည်းခြင်း

ဖြစ်ခဲပေမယ့် နာတာရှည် လိပ်ခေါင်းရောဂါမှာဆိုရင်တော့ သွေးနီဥနည်းပြီး သွေးအားနည်းတတ်ပါတယ်။

♦️လိပ်ခေါင်းပုပ်ခြင်း

အတွင်းလိပ်ကို အကြောင်းအမျိုးမျိုးကြောင့် သွေးမလျှောက်တဲ့အခါ ပုပ်ပြီး ပြင်းပြင်းထန်ထန်နာတတ်ပါတယ်။

♦️လိပ်ခဲ

လိပ်ခေါင်းထဲမှာရှိတဲ့သွေးတွေက ခဲတတ်ပါတယ်။ အန္တရာယ်မရှိပေမယ့် အင်မတန်နာတာကြောင့် ဖောက်ထုတ်ရတတ်ပါတယ်။

✅ကာကွယ်နည်းများ✅

လိပ်ခေါင်းမဖြစ်ဖို့ အကောင်းဆုံးနည်းကတော့ ဝမ်းချုပ်မခံပါနဲ့။ လိပ်ခေါင်းမဖြစ်ဖို့နဲ့ လိပ်ခေါင်းရဲ့ လက္ခဏာကို သက်သာစေဖို့ဆိုရင်

(၁) အမျှင်ဓာတ်များများစားပါ။ အသီးအရွက်၊ အစေ့အဆန်များများစားပါ။

(၂) ရေများများသောက်ပါ။ တစ်နေ့ကို ရေ၆ဖန်ခွက်ကနေ ၈ဖန်ခွက်အထိသောက်ပေးပါ။

(၃) ဝမ်းမညှစ်ပါနဲ့။ ဝမ်းညှစ်ရင် အူအောက်ပိုင်းက သွေးပြန်ကြောတွေမှာ သွေးဖိအားများလာပါတယ်။

(၄) ဝမ်းမအောင့်ထားပါနဲ့။ ဝမ်းအောင့်ထားရင် ဝမ်းချုပ်တာ၊ စမြင်းခံတာတွေဖြစ်တတ်ပါတယ်။

(၅) လေ့ကျင့်ခန်းလုပ်ပါ။ လှုပ်လှုပ်ရှားရှားနေတာက ဝမ်းချုပ်တာကို ကာကွယ်ပေးပါတယ်။ ဒါ့ပြင် ကိုယ်အလေးချိန်ကိုလည်း ကျစေပါတယ်။

(၆) အကြာကြီးမထိုင်ပါနဲ့။ အထိုင်များရင် စအိုနားက သွေးပြန်ကြောတွေကို ဖိထားတာကြောင့် သွေးဖိအားများပြီး လိပ်ခေါင်းဖြစ်တတ်ပါတယ်။

; မူရင်း‌ေရးသားသူအား လေးစားလျက်
Crd

🍀🍀  #လူသိနည်းတဲ့ ကြက်ဟင်းခါးသီးရဲ့အဖိုးမဖြတ်နိုင်တဲ့ အစွမ်းများ...🍀🍀☑ကြက်ဟင်းခါးသီး၏ စွမ်းပကား ခါးသက်သက် အရသာရှိတဲ့ ကြက်...
03/07/2023

🍀🍀 #လူသိနည်းတဲ့ ကြက်ဟင်းခါးသီးရဲ့အဖိုးမဖြတ်နိုင်တဲ့ အစွမ်းများ...🍀🍀


ကြက်ဟင်းခါးသီး၏ စွမ်းပကား ခါးသက်သက် အရသာရှိတဲ့ ကြက်ဟင်းခါးသီးဟာ အပူပိုင်း စိုစွတ်တဲ့ရာသီမှာ ပေါက်လေ့ရှိပြီး အဓိကအားဖြင့် အာရှတိုင်းပြည်တွေနဲ့ တောင်အမေရိကတွေ မှာ တွေ့ရပါတယ်။ အရသာက ခါးသက်တယ်ဆိုပေမယ့် ကြက်ဟင်းခါးသီးမှာ ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရှိပါတယ်။

☑ အာဟာရတန်ဖိုး🍀
..... ကြက်ဟင်းခါးသီးမှာ ကယ်လိုရီပါ ဝင်မှု အလွန်လျော့နည်းပါတယ်။ ဒါပေမဲ့ တန်ဖိုးရှိတဲ့ အာဟာရဓာတ်တွေ အများ အပြား ပါဝင်ပါတယ်။ ဗီတာမင် B1 ၊ B2 နဲ့ B3၊ ဗီတာမင် စီ၊ မဂ္ဂနီဆီယမ်၊ ဖော လစ်အက်စစ်၊ ဇင့်(သွပ်)၊ ဖော့စ်ဖရပ်စ်၊ မဂ္ဂနိစ်နဲ့ အမျှင်ဓာတ်တို့ ကောင်းစွာ ပါ ဝင်နေပါတယ်။ သံဓာတ်ပါဝင်မှု များပြီး ဘီတာကယ်ရိုတင်းပါဝင်မှုဟာ ပန်းဂေါ်ဖီ စိမ်းထက် နှစ်ဆ၊ ကယ်လ်စီယမ် ပါဝင် မှုက ဟင်းနုနယ်ရွက်ထက် နှစ်ဆနဲ့ ပို တက်စီယမ်ပါဝင်မှုက ငှက်ပျောသီးထက် နှစ်ဆ အသီးသီး ပါဝင်နေပါတယ်။ ကြက် ဟင်းခါးသီးမှာ သွေးတွင်း သကြားဓာတ် ကို ကျစေတဲ့ အာနိသင်ရှိသလို Polypeptide P လို့ခေါ်တဲ့ အင်ဆူလင်လို ဒြပ် ပေါင်းတစ်မျိုးလည်း ပါဝင်တာကြောင့် ဆီး ချိုရောဂါရှိသူတချို့အတွက် ကောင်းကျိုး ရှိကြောင်း လေ့လာသူတွေက ဆိုပါတယ်။

☑ ကျန်းမာရေး အကျိုးကျေးဇူးများ🍀

⃣ (၁) သွေးပြဿနာများ🍀

ကြက်ဟင်းခါးသီးအရည်ဟာ သွေး ဆိပ်သင့်တာကြောင့်ဖြစ်တဲ့ အနာနဲ့ ယား ယံမှုတွေကို ကုသရာမှာ အလွန်အကျိုး ကျေးဇူးများပါတယ်။ လတ်ဆတ်တဲ့ ကြက် ဟင်းခါးသီးအရည်ကို သံပရာရည်နဲ့ ရောကာ အစာမရှိချိန် ဖြည်းဖြည်းချင်း ငုံပြီး နေ့စဉ်သောက်ပေးရင် ၄-၆လ အကြာမှာ သိသာတဲ့ တိုးတက်မှုကို တွေ့ရပါ တယ်။

⃣ (၂) ကာလဝမ်းးရောဂါ 🍀

ကာလဝမ်းရောဂါ အစောပိုင်းအ ဆင့်မှာ ကြိတ်ခြေထားတဲ့ ကြက်ဟင်းခါး ရွက် လက်ဖက်စားဇွန်း နှစ်ဇွန်းနဲ့ ကြက် သွန်နီအရည် လက်ဖက်စားဇွန်း နှစ်ဇွန်း၊ သံပရာရည် လက်ဖက်စားဇွန်း တစ်ဇွန်း တို့ကို ဆတူရောပြီး နေ့စဉ် သောက်ပေး ပါ။

⃣ (၃) ဆီးးချိုရောဂါ 🍀

ကြက်ဟင်းခါးသီးမှာ ပါတဲ့ အပင် ထွက်အင်ဆူလင်ဟာ ဆီးနဲ့ သွေးထဲက သကြားဓာတ်ကို လျော့ကျစေတဲ့ အကျိုး ကျေးဇူး ရှိပါတယ်။ ကြက်ဟင်းခါးသီးဟာ သွေးတွင်း အင်ဆူ လင်အဆင့်ကို တိုးစေ တာမျိုး မရှိဘဲ ဂလူးကို့စ်ခံနိုင်ရည်ရှိမှုက ို သိသိသာသာ ကောင်းမွန်စေတာ ဖြစ်ပါ တယ်။

⃣ (၄) စွမ်းအင် ကြက်ဟင်းခါးသီး 🍀

အရည်ကို ပုံမှန် သောက်ပေးတာကြောင့် စွမ်းအင်နဲ့ သက် လုံကို ကောင်းမွန်စေပါတယ်။ နှစ်နှစ် ခြိုက်ခြိုက် အိပ်မောကျစေပါတယ်။

⃣ (၅) မျက်စိပြဿနာများ 🍀

ကြက်ဟင်းခါးသီးမှာ ဘီတာကယ်ရို တင်းနဲ့ တခြားအာနိသင်တွေ ပါဝင်မှု မြင့် မားတာကြောင့် မျက်စိပြဿနာတွေကို ကင်းဝေးစေပြီး အမြင်အာရုံကို တိုးတက် ကောင်း မွန်စေပါတယ်။

⃣ (၆) အရက်နာကျခြင်း 🍀

ကြက်ဟင်းခါးသီးအရည်ဟာ အ ရက်နာကျတဲ့ ဝေဒနာကို ကုသရာမှာ ကောင်းကျိုး ရှိပါတယ်။ အရက်သောက် တာကြောင့်ဖြစ်တဲ့ အသည်းဝေဒနာ တွေကို ပြုပြင်ပေးပြီး အသည်းကို သန့် စင်စေပါတယ်။

⃣ (၇) ကိုယ်ခံစွမ်းအား ကောင်းမွန်ခြင်း🍀

ကြက်ဟင်းခါးသီးအရည်ဟာ ကိုယ် ခံစွမ်းအားစနစ်ကို ကောင်းမွန်အောင် တည်ဆောက်ပေးပြီး ခန္ဓာကိုယ်ရဲ့ ရောဂါ တွန်းလှန်နိုင်စွမ်း ကို ကောင်းမွန်စေ ပါတယ်။

⃣ (၈) လိပ်ခေါင်း 🍀

ကြက်ဟင်းခါးရွက်ကရတဲ့ အရည် လက်ဖက်စားဇွန်း သုံးဇွန်းကို ထောပတ်၊ နို့ တစ်ဖန်ခွက်နဲ့ ရောကာ နံနက်တိုင်း အစာမရှိချိန်မှာ သောက်ပေးရင် တစ်လအကြာမှာ သက်သာသွား ပါလိမ့်မယ်။ လိပ်ခေါင်းက နာကျင်နေရင် ကြက်ဟင်းခါးပင်ရဲ့ အမြစ်ကို စေးပျစ်အောင် ကြိတ်ပြီး လိပ်ခေါင်းပေါ်မှာ အုပ်ပေးပါ။

⃣ (၉) ဆိုးရီးယေးစစ်အရေပြားအနာ 🍀

ကြက်ဟင်းခါးရွက်အရည်ကို ပုံမှန် သောက်ပေးရင် ဆိုးရီးယေးစစ်နဲ့ တခြား ဖန်းဂပ်စ်မှိုစွဲတဲ့ အရေပြားအနာတွေကို သက်သာစေပါတယ်။

⃣ (၁၀) အသက်ရှူလမ်းကြောင်း ပြဿနာများ 🍀

လတ်ဆတ်တဲ့ ကြက်ဟင်းခါးသီး အရည် နှစ်အောင်စနဲ့ ရေရောထားတဲ့ ပျားရည်တစ်ခွက်ကို ရောသောက်ပေးရင် ပန်းနာရင်ကျပ်၊ လေပြွန်ရောင်တာ စတဲ့ အသက်ရှူလမ်းကြောင်း ဝေဒနာတွေကို သက်သာစေပါတယ်။ သတိပြုရန် ဆီးချိုကုသဆေးသောက်နေတဲ့ ဆီးချိုရောဂါရှိသူတွေအနေနဲ့ ကြက်ဟင်းခါးအရည် မသောက်ခင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

#ကိုယ်ဝန်ဆောင်တွေအနေနဲ့ ကြက်ဟင်းခါးသီးကို အလွန်အမင်း စားသောက်တာမျိုး ရှောင်သင့်ပါတယ်။

:

 #ဆီးချိုနဲ့ နှလုံးရောဂါကို ကာကွယ်ပေးတဲ့ မုန်ညှင်းဖြူရဲ့ အကျိုးကျေးဇူးများ=====l====y====p=======================မုန်ညှင...
28/06/2023

#ဆီးချိုနဲ့ နှလုံးရောဂါကို ကာကွယ်ပေးတဲ့ မုန်ညှင်းဖြူရဲ့ အကျိုးကျေးဇူးများ
=====l====y====p=====
==================

မုန်ညှင်းဖြူက ကျန်းမာရေးကို အဓိက အထောက်အကူပြုတဲ့ ဟင်းသီးဟင်းရွက် အမျိုးအစားထဲမှာပါ၀င်ပါတယ်။

နှလုံးရောဂါကို ကာကွယ်ပေး

မုန်ညှင်းဖြူမှာ ဗီတာမင် B9 ဓာတ်တွေ ကြွယ်၀စွာပါ၀င်ပြီး နှလုံးလုပ်ဆောင်မှုကို အဓိက ပံ့ပိုးပေးတဲ့ ဓာတ်လည်းဖြစ်ပါတယ်။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ နှလုံးရုတ်တရပ် ရပ်တန့်မှုကိုဖြစ်စေတဲ့ Homocysteine တွေကိုလည်း ဖယ်ရှားပေးပါတယ်။ နှလုံးသွေးကြောထဲမှာ ကိုလက်စထရောတွေ အနယ်ကျတာကိုလည်း ထိန်းချုပ်ပေးပါတယ်။

ဦးနှောက်ကျန်းမာရေးကိုလည်း ထောက်ပံ့ပေး

မုန်ညှင်းဖြူမှာ ကော့ပါးဓာတ်တွေ အများကြီးပါ၀င်တာကြောင့် ဦးနှောက်နဲ့ပတ်သက်တဲ့ လုပ်ငန်းဆောင်တာတွေကို ကာကွယ်ပေးပါတယ်။ မုန်ညှင်းဖြူကို ဦးနှောက်အတွက် အစားအစာလို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ ဆင်ခြင် သုံးသပ်မှုနဲ့ ဆုံးဖြတ်နိုင်စွမ်းရှိတဲ့ ဘယ်ဘက်ဦးနှောက်ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ ကော့ပါးဓာတ်တွေလျော့နည်းရင် ဦးနှောက်နဲ့ အာရုံကြော ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်ပါတယ်။

ဆီးချိုရောဂါကို ကာကွယ်ပေး

အစာခြေတဲ့ အင်ဇိုင်းစနစ်ဖြစ်တဲ့ Gluconeogenesis ကို မုန်ညှင်းဖြူမှာပါ၀င်တဲ့ Manganese က အဓိက ထောက်ပံ့ပေးပါတယ်။ Gluconeogenesis က သွေးအတွင်း သကြားဓာတ်ကို ထိန်းညှိပေးပါတယ်။ ဒါကြောင့် ဆီးချိုရောဂါဖြစ်စေတဲ့ သွေးအတွင်း သကြားဓာတ်များခြင်းကို ထိန်းညှိပေးနိုင်တာကြောင့် ဆီးချိုရောဂါကို သက်သာ ကာကွယ်ပေးပါတယ်။

ဓမ္မတာမလာခင်နဲ့ လာချိန်မှာ နာကျင်တာတွေကို သက်သာစေ

မုန်ညှင်းဖြူမှာ သတ္တုဓာတ်တွေ အများကြီးပါ၀င်တာကြောင့် ဓမ္မတာမလာခင်နဲ့ လာချိန်မှာ ခံစားရတာတွေဖြစ်တဲ့ ခေါင်းမူး၊ စိတ်တို၊ စိတ်အပြောင်းအလဲမြန်တာတွေ ကို သက်သာစေပါတယ်။

ပန်းနာရင်ကျပ် ရောဂါကိုလည်းကာကွယ်ပေး

နာတာရှည် ပန်းနာရင်ကျပ် ရောဂါခံစားနေရသူတွေအနေနဲ့လည်း မုန်ညှင်းဖြူကို စားပေးသင့်ပါတယ်။ မုန်ညှင်းဖြူမှာ Magnesium ဓာတ်တွေပါ၀င်တာကြောင့် အသက်ရှည်လမ်းကြောင်း ကြွက်သားတွေကို အားကောင်းစေကာ သက်တောင့်သက်သာဖြစ်စေပြီး ပုံမှန်အသက်ရှူနိုင်အောင်ကူညီပေးပါတယ်။

Source: Health Benefits Times
LYP...
===========
..
MyFood Myanmar
ပြန်လည်မျှဝေပါသည်၊
သင့်ဘဝမှာ တကယ်ပဲ ကျန်းမာရေးက အရေးကြီးတယ်စိုရင်
သုခပိုသို့ အရောက်လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါရစေနော်
၄၅လမ်းမပေါ်၁၁၁နှင်းဆီလမ်းဒေါင့်, Mandalay, Myanmar
09-400804950,09751895497

Address

118Aလမ်း 45*46ကြား မြရည်နန္ဒာအိမ်ရာ ချမ်းမြသာစည်မြို့နယ် မန္တလေးမြို့။
Mandalay
02301

Opening Hours

Monday 07:00 - 21:00
Tuesday 07:00 - 21:00
Wednesday 07:00 - 21:00
Thursday 07:00 - 21:00
Friday 09:00 - 21:00
Saturday 07:00 - 21:00
Sunday 07:00 - 21:00

Telephone

+959787543262

Alerts

Be the first to know and let us send you an email when Ko Htet Blind Massage ဂျပန်မြန်မာအကြောပြင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Ko Htet Blind Massage ဂျပန်မြန်မာအကြောပြင်:

Share