Lin Yaung Oo Hospital

Lin Yaung Oo Hospital Better Quality Care For You.

“အသည်းက နာနေတာ မသိဘဲ နောက်ဆုံးအဆင့်မှ သိတတ်တယ်” အသည်းခြောက်ခြင်း (Liver Cirrhosis) ဆိုတာဟာ အသည်းက ဆက်တိုက် ထိခိုက်ပျက်စီ...
29/03/2026

“အသည်းက နာနေတာ မသိဘဲ နောက်ဆုံးအဆင့်မှ သိတတ်တယ်”

အသည်းခြောက်ခြင်း (Liver Cirrhosis) ဆိုတာဟာ အသည်းက ဆက်တိုက် ထိခိုက်ပျက်စီးလာပြီး ပုံမှန်အသားအစား အမာရွတ် (scar tissue) တွေဖြစ်သွားတာပါ။

⚠️ အရေးကြီးဆုံးက —
ဖြစ်သွားပြီးရင် ပြန်လည်ကောင်းမွန်အောင် လုံးဝကုသလို့မရတော့ပါဘူး။

🔍 ဘာကြောင့် ဖြစ်တာလဲ?

• 🍺 အရက်ကို အလွန်အကျွံသောက်ခြင်း
• 🦠 Hepatitis B / C အသည်းရောဂါပိုးများ
• 🍔 အဆီဓာတ်များပြီး အသည်းအဆီတက်ခြင်း (Fatty Liver)
• 💊 ဆေးဝါးများကို မတော်တဆ သုံးစွဲမှု
• 🧬 မျိုးရိုးဗီဇဆိုင်ရာ ပြဿနာများ ကြောင့် အသည်းခြောက်တာ ဖြစ်နိုင်ပါတယ်။

🚨 သတိထားရမယ့် လက္ခဏာတွေအနေနဲ့

အစောပိုင်းအဆင့်တွေမှာ လက္ခဏာတွေ မပြပေမယ့် နောက်ပိုင်းအဆင့်တွေမှာ—
• 😴 အားနည်းလွယ်ခြင်း
• 🍽️ အစာမစားချင်ခြင်း
• ⚖️ ကိုယ်အလေးချိန်ကျခြင်း
• 🟡 မျက်စိ၊ အသားအရေဝါခြင်း (Jaundice)
• 🩸 သွေးထွက်လွယ်ခြင်း

⚠️ အချိန်ကြာလာတာနဲ့ အမျှ အန္တရာယ်ရှိတဲ့ နောက်ဆက်တွဲရောဂါတွေအနေနဲ့

• 🧠 ဦးနှောက်လုပ်ဆောင်ချက်ထိခိုက် (Hepatic encephalopathy)
• 🩸 သွေးကြောဖိအားမြင့်ပြီး သွေးယိုခြင်း
• 🦠 ကူးစက်ရောဂါများ လွယ်ကူစွာ ဖြစ်ခြင်း
• ⚰️ အသက်အန္တရာယ်ထိ ဖြစ်နိုင်ခြင်း တို့ဖြစ်နိုင်ပါတယ်။

🛡️ ဘယ်လို ကာကွယ်မလဲ?

• 🍺 အရက်သောက်ခြင်းကို လျှော့ချ/ရပ်တန့်ပါ
• 💉 Hepatitis B ကာကွယ်ဆေးထိုးပါ
• 🥗 အာဟာရပြည့်ဝအောင် စားပါ
• 🏃‍♂️ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပါ
• 🩺 အသည်းစစ်ဆေးမှု (Liver Check-up) ပုံမှန်လုပ်ပါ

👉 အသည်းခြောက်ခြင်းဟာ
ပျောက်ကင်းအောင်ကုသလို့မရနိုင်တဲ့ ရောဂါတစ်ခုပါ။ ဒါကြောင့်
စောစီးစွာသိရှိပြီး ထိန်းချုပ်နိုင်ဖို့က အရေးကြီးတာကြောင့် ဖော်ပြခဲ့တဲ့ အချက်လေးတွေကို လိုက်နာဖို့ မမေ့ပါနဲ့နော်…

ကမ်းလက်များနှင့် ဖေးမကူ ကျန်းမာကြည်နူး “လင်းရောင်ဦး”

“လင်းရောင်ဦးဆေးရုံ”

🏥- ၁၉လမ်း၊ ၆၃x၆၄လမ်းကြား၊ နန်းရှေ့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

☎️- 09 949 241 001 ~ 3, 09 740 900 961

မန္တလေးကို လာရောက်လည်ပတ်တဲ့အခါယဉ်ကျေးမှု၊ အစားအသောက်၊ လူနေမှုပုံစံတွေထဲမှာ သင့်ကို အံ့အားသင့်စေမယ့် အသေးစိတ်လေးတွေ အများ...
26/03/2026

မန္တလေးကို လာရောက်လည်ပတ်တဲ့အခါ
ယဉ်ကျေးမှု၊ အစားအသောက်၊ လူနေမှုပုံစံတွေထဲမှာ သင့်ကို အံ့အားသင့်စေမယ့် အသေးစိတ်လေးတွေ အများကြီးရှိပါတယ်။ ✨

ဒီအသေးစိတ်လေးတွေထဲက တစ်ခုအနေနဲ့က
🍜 မန္တလေးမှာ
“မုန့်ဟင်းခါး စားတယ်” လို့ မပြောကြပါဘူး…
👉 “မုန့်ဟင်းခါး သောက်တယ်” လို့ ပြောကြပါတယ်။

ဘာကြောင့်လဲဆိုတော့—

မန္တလေးမုန့်ဟင်းခါးဟာ
✔️ အရည်မပျစ်ဘူး
✔️ ပဲအရည်နဲ့ ကျဲကျဲပေါ့ပေါ့ရှိတယ်
✔️ ငါးအဖတ်လည်း မများဘူး

ဒါကြောင့်ပဲ “စားတယ်” မဟုတ်ဘဲ “သောက်တယ်” လို့ သုံးကြတာပါ။

🌏 မန္တလေးကို လာရောက်လည်ပတ်တဲ့အခါ
မိဘပြည်သူတို့အတွက် အကောင်းမွန်ဆုံး ဆေးကုသမှုကို ရရှိနိုင်မယ့် “လင်းရောင်ဦးဆေးရုံ” ကလည်း အသင့်ရှိနေသလို
ဒီလို ဒေသခံအရသာ၊ ယဉ်ကျေးမှုလေးတွေကိုလည်း တွေ့ကြုံခံစားနိုင်မှာပါ။

ကမ်းလက်များနှင့် ဖေးမကူ ကျန်းမာကြည်နူး “လင်းရောင်ဦး”

“လင်းရောင်ဦးဆေးရုံ”

🏥- ၁၉လမ်း၊ ၆၃x၆၄လမ်းကြား၊ နန်းရှေ့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

☎️- 09 949 241 001 ~ 3, 09 740 900 961

🌎 "World Tuberculosis Day 2026 - ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့” 📣 🔔 ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ (World Tuberculosis ...
24/03/2026

🌎 "World Tuberculosis Day 2026 - ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့” 📣

🔔 ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ (World Tuberculosis Day) ကို နှစ်စဉ်မတ်လ (၂၄) ရက်နေ့တွင် ပြုလုပ်ကျင်းပလေ့ရှိပါတယ်။

🦠 တီဘီရောဂါဆိုတာ ကမ္ဘာတစ်ဝန်းတွင် အသက်ဆုံးရှုံးမှု အများဆုံး ကူးစက်ရောဂါများထဲမှ တစ်ခုဖြစ်ပြီး နှစ်စဉ် လူပေါင်း သန်းချီ၍ ကူးစက်ခံနေရပါတယ်။

ဒါကြောင့် ဒီနေ့မှာ တီဘီရောဂါနှင့် ပတ်သက်ပြီး အသိပညာပေးခြင်း၊ ရောဂါကာကွယ်ရေးနှင့် ကုသရေးဆိုင်ရာ လုပ်ဆောင်ချက်များကိုအလေးပေး‌ဆောင်ရွက်ခြင်း၊ တီဘီရောဂါတိုက်ဖျက်ရေးအတွက် ကမ္ဘာ့နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုကို အားပေးခြင်းတို့ကို ပြုလုပ်‌ကြပါတယ်။

🌎 ဒီနှစ် World Tuberculosis Day ရဲ့ ဆောင်ပုဒ်ကတော့ "Yes! We Can End TB: Led by countries, powered by people” ဖြစ်ပါတယ်။ တီဘီရောဂါကူးစက်ခံရပါက
ပျောက်ကင်းသည်အထိ စနစ်တကျကုသမှု ခံယူရန် အားလုံးအတူတကွ ပါဝင်ဆောင်ရွက်ရန် နှိုးဆော်ထားခြင်း ဖြစ်ပါတယ်။

ကမ်းလက်များနှင့် ဖေးမကူ ကျန်းမာကြည်နူး “လင်းရောင်ဦး”

“လင်းရောင်ဦးဆေးရုံ”

🏥- ၁၉လမ်း၊ ၆၃x၆၄လမ်းကြား၊ နန်းရှေ့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

☎️- 09 949 241 001 ~ 3, 09 740 900 961

😓 သင်အားနည်းနေတာ မဟုတ်ဘူး။💦 ရေဓါတ်လိုအပ်နေတယ်ဆိုတာ သင်သိပါသလား ?နေ့လည်ပဲရှိသေးတယ်.. ခေါင်းက မိုက်ခနဲ မိုက်ခနဲဖြစ်နေပြီ…အ...
20/03/2026

😓 သင်အားနည်းနေတာ မဟုတ်ဘူး။
💦 ရေဓါတ်လိုအပ်နေတယ်ဆိုတာ သင်သိပါသလား ?

နေ့လည်ပဲရှိသေးတယ်..
ခေါင်းက မိုက်ခနဲ မိုက်ခနဲဖြစ်နေပြီ…
အလုပ်လုပ်ရတာ အာရုံမစိုက်နိုင်တော့ဘူး…

👉 ဒီအရာတွေကို “အားနည်းနေတယ်” လို့ထင်နေမိလား?

တကယ်တော့…
🚨 ခန္ဓာကိုယ်မှာ ရေဓါတ်မလုံလောက်တာ (Dehydration) ဖြစ်နေတာ ဖြစ်နိုင်ပါတယ်။

💦 ရေဓါတ်လျော့နည်းရင် ဘာတွေဖြစ်နိုင်လဲ?

• ခေါင်းကိုက်၊ မူးဝေခြင်း 🤕
• မောပန်းလွယ်ပြီး အားမရှိသလို ခံစားရခြင်း 😵‍💫
• အသားအရေခြောက်သွေ့ခြင်း 🧴
• ဆီးအရောင် မည်းလာခြင်း 🚽
• နှလုံးခုန်မြန်လာခြင်း ❤️

🥤 ဒါဆို နေ့စဉ် ဘယ်လောက်ရေသောက်သင့်လဲ?

• ပုံမှန်အားဖြင့် — တစ်နေ့လျှင် ၂ လီတာခန့် (၈ ခွက်)
• ပူတဲ့နေ့တွေ၊ လေ့ကျင့်ခန်းလုပ်တဲ့နေ့တွေမှာ ပိုသောက်သင့်ပါတယ်။

⚠️ မမေ့သင့်တာက…

ရေမသောက်တာကြာလာရင်
ကျောက်ကပ်လုပ်ဆောင်မှုထိခိုက်နိုင်ပြီး
ကျန်းမာရေးပြဿနာတွေ ဆက်တိုက်ဖြစ်လာနိုင်ပါတယ်

💙 ဒါကြောင့်…

“အားနည်းနေတယ်” လို့ထင်တိုင်း
👉 ရေတစ်ခွက်လောက် အရင်သောက်ကြည့်ပါ။

သင့်ခန္ဓာကိုယ်က
ရိုးရိုးရှင်းရှင်းပဲ “ရေ” လိုနေခြင်းဖြစ်နိုင်ပါတယ်။

ကမ်းလက်များနှင့် ဖေးမကူ ကျန်းမာကြည်နူး “လင်းရောင်ဦး”

“လင်းရောင်ဦးဆေးရုံ”

🏥- ၁၉လမ်း၊ ၆၃x၆၄လမ်းကြား၊ နန်းရှေ့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

☎️- 09 949 241 001 ~ 3, 09 740 900 961

⚠️ သင်က တစ်နေ့ကို ၈ နာရီထက်ပိုပြီး ထိုင်နေသူ တစ်ယောက်ဆိုရင် ဒီရောဂါတွေက သင့်ဆီ လာနေပါပြီ…ယနေ့ခေတ် Digital ခေတ်ကြီးမှာ ကျ...
17/03/2026

⚠️ သင်က တစ်နေ့ကို ၈ နာရီထက်ပိုပြီး ထိုင်နေသူ တစ်ယောက်ဆိုရင် ဒီရောဂါတွေက သင့်ဆီ လာနေပါပြီ…

ယနေ့ခေတ် Digital ခေတ်ကြီးမှာ ကျွန်တော်တို့အားလုံးဟာ "ထိုင်ခုံနဲ့ အိမ်ထောင်ကျနေကြသူများ" ဖြစ်လာကြပါတယ်။ ရုံးခန်းထဲမှာ ၈ နာရီ၊ အိမ်ပြန်ရောက်တော့ ဆိုဖာပေါ်မှာ TV ကြည့်ရင်း ၂ နာရီ... စုစုပေါင်း တစ်နေ့ကို ၁၀ နာရီကျော်လောက် ထိုင်နေမိတာဟာ ဆေးလိပ်သောက်တာထက်တောင် ပိုကြောက်ဖို့ကောင်းပါတယ်။ ဒါကို "Sitting Disease" (သို့မဟုတ်) ထိုင်လွန်းခြင်းဝေဒနာ လို့ ခေါ်ကြပါတယ်။

🛑 ဘာကြောင့် ဒီလောက်အန္တရာယ်ရှိတာလဲ?
အကြာကြီး ထိုင်နေတဲ့အခါ သင့်ခန္ဓာကိုယ်ရဲ့ Metabolism က ရပ်တန့်သွားသလောက် ဖြစ်သွားပါတယ်။ အဲဒီအခါ နောက်ဆက်တွဲအနေနဲ့ အောက်ပါရောဂါတွေ ခံစားလာရနိုင်ပါတယ်။

၁။ နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများ (Heart Diseases)
ထိုင်နေတဲ့အချိန်မှာ ကြွက်သားတွေက အဆီကို လောင်ကျွမ်းမှု နည်းသွားပြီး သွေးလည်ပတ်မှု နှေးကွေးသွားပါတယ်။ သွေးထဲက Fatty Acids (အဆီဓာတ်) တွေက နှလုံးသွေးကြောတွေကို ပိတ်ဆို့စေပါတယ်။

၂။ အမျိုးအစား (၂) ဆီးချိုရောဂါ (Type 2 Diabetes) 🩸
ခန္ဓာကိုယ်က အင်ဆူလင် (Insulin) ကို တုံ့ပြန်မှု အားနည်းသွားပါတယ်။ တစ်ရက်တည်းနဲ့တင် အကြာကြီး ထိုင်လိုက်ရုံနဲ့ ခန္ဓာကိုယ်ရဲ့ အင်ဆူလင် တုံ့ပြန်မှု နှေးကွေးသွားပြီး သွေးချို တက်လာတတ်ပါတယ်။ ဒါဟာ ဆီးချိုရောဂါကို အမြန် ဖြစ်ပေါ်ခံစားလာရစေနိုင်ပါတယ်။

၃။ သွေးကြောအတွင်း သွေးခဲခြင်း (Deep Vein Thrombosis - DVT)

အကြာကြီး ထိုင်နေတဲ့အခါ ခြေထောက် သွေးပြန်ကြောတွေထဲမှာ သွေးခဲလေးတွေ ဖြစ်ပေါ်တတ်ပါတယ်။ အဲဒီသွေးခဲက သွေးကြောတစ်လျှောက် စီးဆင်းသွားပြီး အဆုတ်ထဲ ရောက်သွားရင် (Pulmonary Embolism) စက္ကန့်ပိုင်းအတွင်း အသက်ဆုံးရှုံးနိုင်ပါတယ်။

၄။ အချို့ကင်ဆာရောဂါများ (Certain Cancers) ⚠️

အထိုင်များခြင်းက အူမကြီးကင်ဆာ၊ သားအိမ်ကင်ဆာနဲ့ အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။ လှုပ်ရှားမှုမရှိတဲ့အခါ ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းမှု (Inflammation) တွေ များလာပြီး ဆဲလ်တွေ ပုံမှန်မဟုတ်ဘဲ ပွားလာတာကြောင့် ဖြစ်ပါတယ်။

ဒါကြောင့် အထိုင်များခြင်းကလည်း နောက်ဆက်တွဲရောဂါတွေကို ဖိတ်ခေါ်နေသလိုဖြစ်လို့ နေ့စဉ်ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးဖို့ မမေ့ကြပါနဲ့နော်…

ကမ်းလက်များနှင့် ဖေးမကူ ကျန်းမာကြည်နူး “လင်းရောင်ဦး”

“လင်းရောင်ဦးဆေးရုံ”

🏥- ၁၉လမ်း၊ ၆၃x၆၄လမ်းကြား၊ နန်းရှေ့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

☎️- 09 949 241 001 ~ 3, 09 740 900 961

🌍 ကမ္ဘာ့ကျောက်ကပ်ရောဂါကာကွယ်ရေးနေ့ - World Kidney Day 2026 📣 👉 ယနေ့ မတ်လ (၁၂) ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ကျောက်ကပ်ရောဂါ...
12/03/2026

🌍 ကမ္ဘာ့ကျောက်ကပ်ရောဂါကာကွယ်ရေးနေ့ - World Kidney Day 2026 📣

👉 ယနေ့ မတ်လ (၁၂) ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ကျောက်ကပ်ရောဂါကာကွယ်ရေးနေ့ဆိုတာ ကျောက်ကပ်ရောဂါဝေဒနာရှင်များကို အသိပညာပေးခြင်း၊ ကျောက်ကပ်ရောဂါများအကြောင်း မိဘပြည်သူများ အသိပညာတိုးပွါးစေရန် ရည်ရွယ်ပြီး ကမ္ဘာတစ်ဝှမ်းပြုလုပ်ကျင်းပကြခြင်း ဖြစ်ပါတယ်။

🌎 2026 ခုနှစ် World Kidney Day ရဲ့ဆောင်ပုဒ်ကတော့ “Kidney Health for All – Caring for People, Protecting the Planet” ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ ကြား ဆက်နွယ်နေတာကို ဆိုလိုခြင်းဖြစ်ပါတယ်။ ကျောက်ကပ်ရောဂါဝေဒနာရှင်များအနေနဲ့ နေ့စဉ်ကျန်းမာစွာစားသောက်နေထိုင်ရုံသာမက သဘာဝပတ်ဝန်းကျင်ရဲ့သန့်ရှင်းလတ်ဆတ်တဲ့ လေ၊ ရေတို့ကိုလည်း ရရှိရန် လိုအပ်တဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးကိုလည်း ဂရုပြုမိစေရန် ဖြစ်ပါတယ်။

ကမ်းလက်များနှင့် ဖေးမကူ ကျန်းမာကြည်နူး “လင်းရောင်ဦး”

“လင်းရောင်ဦးဆေးရုံ”

🏥- ၁၉လမ်း၊ ၆၃x၆၄လမ်းကြား၊ နန်းရှေ့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

☎️- 09 949 241 001 ~ 3, 09 740 900 961

ကိုယ်ဝန်ဆောင်ချိန်ဆိုတာ မေမေတို့အတွက် 🥰ပျော်ရွှင်စရာ၊ ရင်ခုန်စရာအချိန်တစ်ခု ဖြစ်သလို🥺စိုးရိမ်ပူပန်မှုတွေများတဲ့ အချိန်တစ...
07/03/2026

ကိုယ်ဝန်ဆောင်ချိန်ဆိုတာ မေမေတို့အတွက်
🥰ပျော်ရွှင်စရာ၊ ရင်ခုန်စရာအချိန်တစ်ခု ဖြစ်သလို
🥺စိုးရိမ်ပူပန်မှုတွေများတဲ့ အချိန်တစ်ခုလည်း ဖြစ်ပါတယ် ✨

“ဒီလိုဖြစ်တာ ပုံမှန်လား?”
“ကလေးအနေအထားက အဆင်ပြေရဲ့လား?”
“မီးဖွားတဲ့အချိန် အဆင်ပြေပါ့မလား?”

ဆိုတဲ့ မေးခွန်းတွေ မေမေတိုင်းရဲ့ စိတ်ထဲမှာ ဖြစ်တတ်ကြပါတယ်နော် 👀

လူကြီးသူမတွေကတော့ သူတို့ရဲ့အတွေ့အကြုံအရ အကြံပေးတာတွေရှိပေမယ့်
မေမေတို့အတွက် စိတ်ချယုံကြည်ရတဲ့ နည်းလမ်းကတော့ ကျွမ်းကျင်တဲ့ သားဖွားမီးယပ်ဆရာဝန်ကြီးတွေဆီမှာ “ဗိုက်အပ်” ထားခြင်းပဲ ဖြစ်ပါတယ် 💛

ဘာကြောင့် “ဗိုက်အပ်” ထားသင့်တာလဲ 🤔

ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ပုံမှန်စစ်ဆေးမှုတွေ ပြုလုပ်ပေးခြင်းအားဖြင့် —

✔️ ကလေးအနေအထားမှန်ကန်နေမလား စစ်ဆေးနိုင်ခြင်း
✔️ လမစေ့ခင် မွေးဖွားနိုင်တဲ့အန္တရာယ်တွေကို ကြိုတင်ကာကွယ်နိုင်ခြင်း
✔️ ကိုယ်ဝန်ဆိပ်တက်ခြင်းလို မေမေတို့ မဖြစ်ချင်တဲ့ ပြဿနာတွေကို စောစီးစွာ သိရှိနိုင်ခြင်း

တို့ကို ကာကွယ်ပေးနိုင်ပါတယ်။

ဒါ့အပြင် “ဗိုက်အပ်” ထားတဲ့ မေမေတို့အတွက်

🔹 ကိုယ်ဝန်ဆောင်ချိန် ကျန်းမာရေးအကြံဉာဏ်များပေးခြင်း
🔹 လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးခြင်း
🔹 လိုအပ်သည့် ဆေးဝါးများ ပေးအပ်ခြင်း
🔹 ကိုယ်ဝန်ဆောင်ချိန်ကြုံတွေ့ရသော အခက်အခဲများကို တိုင်ပင်ဆွေးနွေးပေးခြင်း

တို့ကို သားဖွားမီးယပ်ဆရာဝန်ကြီးများက ဂရုတစိုက် စောင့်ရှောက်ပေးနိုင်ပါတယ်နော် 😇

မေမေနဲ့ ရင်သွေးလေး နှစ်ယောက်လုံး ကျန်းမာစွာနဲ့ ချောမွေ့တဲ့ မီးဖွားမှုကို ရရှိစေဖို့
အတွေ့အကြုံရှိတဲ့ သားဖွားမီးယပ်ဆရာဝန်ကြီးများနဲ့ “ဗိုက်အပ်” ပြသချင်တယ်ဆိုရင် 👩‍⚕️✨

“လင်းရောင်ဦးဆေးရုံ” ရဲ့

📩 Page Messenger

ဒါမှမဟုတ်

📞 Hotline Number
09 949 241 001 ~ 3
09 740 900 961

တို့ကို အခုပဲ ဆက်သွယ်ပြီး ကြိုတင် Booking ယူထားနိုင်ပါပြီနော် 🤩

ကမ်းလက်များနှင့် ဖေးမကူ ကျန်းမာကြည်နူး “လင်းရောင်ဦး”

“လင်းရောင်ဦးဆေးရုံ”

🏥- ၁၉လမ်း၊ ၆၃x၆၄လမ်းကြား၊ နန်းရှေ့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

💁‍♀️ အစာအိမ်အနာရှိနေရင် ဒါတွေလိုက်နာပါနော်…👉 စားသောက်ချိန်မမှန်တာ‌တွေ👉 အိပ်ရေးပျက်တာတွေ ရက်ဆက်လာတဲ့အခါ👉 စိတ်ဖိစီးမှုများ...
04/03/2026

💁‍♀️ အစာအိမ်အနာရှိနေရင် ဒါတွေလိုက်နာပါနော်…

👉 စားသောက်ချိန်မမှန်တာ‌တွေ
👉 အိပ်ရေးပျက်တာတွေ ရက်ဆက်လာတဲ့အခါ
👉 စိတ်ဖိစီးမှုများတဲ့အချိန်အခါမျိုးတွေမှာ ဗိုက်ထဲ နေလို့ ထိုင်လို့မကောင်းတာ ဖြစ်ဖူးကြမှာပါ။

ဒါဟာ အစာအိမ်နာရောဂါ (Gastritis)ကြောင့် ဖြစ်နိုင်ပါတယ်။

💠 ဒီလို အစာအိမ်နာ ဖြစ်စေတဲ့အကြောင်းအရင်းတွေကတော့အများကြီးရှိပါတယ်။ H. pylori ရောဂါပိုးကြောင့်ဖြစ်နိုင်သလို၊ အရက်သောက်သုံးခြင်း၊ autoimmune ရောဂါများ၊ အနေအထိုင်၊ အစားအသောက်နဲ့ စိတ်ဖိစီးမှုတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။

အစာအိမ်အနာရောဂါကို ကြိုတင်ကာကွယ်
နိုင်ရန် နည်းလမ်းတွေကို “လင်းရောင်ဦးဆေးရုံ” မှ ဖော်ပြပေးလိုက်ပါတယ်။

- အပူအစပ် အစားအစာရှောင်ပါ။
- အချိန်မှန်စားပါ။ အဆာမခံပါနဲ့။
- ညအိပ်ရေးဝဝအိပ်ပါ။
- စိတ်ဖိစီးမှုလျော့ချပါ။
- ကဖင်း (caffeine) ရှောင်ပါ။ (ကော်ဖီ၊ လက်ဖက်ရည်၊ energy drink မျိုးစုံမှာ ကဖင်းဓာတ်ပါပါတယ်)
- ဆေးလိပ်ဖြတ်ပါ။
- အရက်သောက်သုံးခြင်းလျှော့ချပါ။
- အကိုက်အခဲပျောက်ဆေးများ၊ စပ်ဆေးများ မိမိသဘောနှင့် မှီဝဲတာမျိုးမပြုလုပ်ပါနဲ့။

💁‍♀️ အစာအိမ်နာ‌ရောဂါဖြစ်ပြီဆိုရင်တော့ သက်ဆိုင်ရာဆရာဝန်တွေနဲ့ပြသပြီး စနစ်တကျ ကုသမှုခံယူဖို့ အကြံပြုလိုက်ရပါတယ်။

ကမ်းလက်များနှင့် ဖေးမကူ ကျန်းမာကြည်နူး “လင်းရောင်ဦး”

“လင်းရောင်ဦးဆေးရုံ”

🏥- ၁၉လမ်း၊ ၆၃x၆၄လမ်းကြား၊ နန်းရှေ့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

☎️- 09 949 241 001 ~ 3, 09 740 900 961

တောင်သူလယ်သမားနေ့အား ကြိုဆိုဂုဏ်ပြုလျက်👨‍🌾စေတနာအပြည့်ဖြင့် အစားအစာများအတွက် အားသွန်ခွန်စိုက် လယ်ယာစိုက်ပျိုးရေးကို လုပ်က...
02/03/2026

တောင်သူလယ်သမားနေ့အား ကြိုဆိုဂုဏ်ပြုလျက်

👨‍🌾စေတနာအပြည့်ဖြင့် အစားအစာများအတွက် အားသွန်ခွန်စိုက် လယ်ယာစိုက်ပျိုးရေးကို လုပ်ကိုင်နေကြသည့် တောင်သူလယ်သမား ဦးကြီးများအားလုံး ကျန်းမာရွှင်လန်းကြပါစေ။
ယနေ့ မတ်လ (၂)ရက်နေ့မှ ကျရောက်တဲ့ “တောင်သူလယ်သမားနေ့”မှ စ၍ ကောက်ပဲသီးနှံများလည်း ဖြစ်ထွန်းကြပါစေ၊ ရာသီဥတုကောင်းမွန်စွာဖြင့် စိုက်ပျိုးသမျှ အားလုံး အဆင်ပြေကြပါစေကြောင်း
လင်းရောင်ဦးဆေးရုံမိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

ကမ်းလက်များနှင့် ဖေးမကူ ကျန်းမာကြည်နူး “လင်းရောင်ဦး”

“လင်းရောင်ဦးဆေးရုံ”

🏥- ၁၉လမ်း၊ ၆၃x၆၄လမ်းကြား၊ နန်းရှေ့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

☎️- 09 949 241 001 ~ 3, 09 740 900 961

မန္တလေးသူ မန္တလေးသားတွေအနေနဲ့ မန္တလေးဘူတာရုံကို ဘာလို့  “ဘူတာကြီး”  “ဘူတာကြီး” လို့ပဲ ခေါ်ကြတာလဲ ? 🤔      👉 တကယ်က မန္တလေ...
24/02/2026

မန္တလေးသူ မန္တလေးသားတွေအနေနဲ့
မန္တလေးဘူတာရုံကို ဘာလို့
“ဘူတာကြီး”
“ဘူတာကြီး” လို့ပဲ ခေါ်ကြတာလဲ ? 🤔

👉 တကယ်က မန္တလေးမှာ ပါတော်မူပြီးစကာလအချိန်ကာလတွေမှာ ဘူတာကြီးနဲ့ ဘူတာလေး ဆိုပြီး နှစ်မျိုးရှိခဲ့ပါတယ်။

ပါတော်မူပြီးစက မန္တလေးမှာ အိန္ဒိယလူမျိုးတွေ ပြေးဆွဲတဲ့ Manetji "မနန့်ဂျီ" (မြန်မာအခေါ် မနှင်းဆီ) လို့ ခေါ်တဲ့ ပုဂ္ဂလိကပိုင် ရထားငယ်တစ်မျိုးရှိခဲ့ပါတယ်။ မနန့်ဂျီဓာတ်ရထားက ပုံမှန်မြင်တွေ့နေကျ ရထားအရွယ်အစားထက်သေးသလို အသုံးပြုတဲ့သံလမ်းအမျိုးအစားကလည်းပိုသေးပါတယ်။ ဒါကြောင့် မနန့်ဂျီရထားကို မနှင်းဆီရထားလို့လည်းခေါ်ကြသလို မနှင်းဆီ ရထားဆိုက်ရာဘူတာကို ဘူတာလေးလို့ခေါ်ပါတယ်။ မနှင်းဆီရထားဟာ ဈေးချို-မတ္တရာပြေးဆွဲပြီး တည်နေရာကတော့ ယခု မန်းသီရိဈေးနေရာမှာပါ။ မနန့်ဂျီရထားနဲ့ ဘူတာလေးကို ၁၉၂၀ ခုနှစ်ဝန်းကျင်ခန့်က အသုံးပြုမှု ရပ်နားခဲ့ပါတယ်။

လမ်း ၃၀ - ၇၈ လမ်းဆုံမှာတည်ရှိနေပြီး ရေနွေးငွေ့စက်ခေါင်းသုံးမီးရထားကြီးများဆိုက်ရောက်ရာ ဘူတာကိုတော့ ဘူတာကြီးလို့ ခေါ်ပါတယ်။

ဘူတာနှစ်မျိုးရှိခဲ့တာမို့ ဘူတာကြီးနဲ့ ဘူတာလေးလို့ ခွဲခြားခေါ်ဝေါ်ရာကနေ နောက်ပိုင်းမှာ မနန့်ဂျီရထားနဲ့ ဘူတာလေးမရှိတော့ပေမယ့် ဘူတာကြီးကို "ဘူတာကြီး"လို့ပဲ ဆက်လက်ခေါ်ဝေါ်နေကြတာဖြစ်ပါတယ်။ ဘူတာကြီးမှ လင်းရောင်ဦးဆေးရုံကို (၁၀ ) မိနစ်ခန့်လောက်သာ သွားရတာဖြစ်ပြီး မန္တလေးမြို့မှာ ရှိနေတာဖြစ်ပါတယ်။

ကမ်းလက်များနှင့် ဖေးမကူ ကျန်းမာကြည်နူး “လင်းရောင်ဦး”

“လင်းရောင်ဦးဆေးရုံ”

🏥- ၁၉လမ်း၊ ၆၃x၆၄လမ်းကြား၊ နန်းရှေ့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

☎️- 09 949 241 001 ~ 3, 09 740 900 961

✅ အဆုတ်ကျန်းမာမှ အသက်ရှူချမ်းသာမယ်အဆုတ်ဆိုတာ ကိုယ်ခန္ဓာ အမြဲကျန်းမာ‌နေဖို့အတွက်နှလုံးလိုအရေးပါတဲ့ ကိုယ်တွင်းအင်္ဂါတစ်ခုဖ...
20/02/2026

✅ အဆုတ်ကျန်းမာမှ အသက်ရှူချမ်းသာမယ်

အဆုတ်ဆိုတာ ကိုယ်ခန္ဓာ အမြဲကျန်းမာ‌နေဖို့အတွက်နှလုံးလိုအရေးပါတဲ့ ကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်ပါတယ်။ ဒီလိုအရေးပါတဲ့အဆုတ်ဟာ ပြောင်းလဲလာတဲ့ လူနေမှုပတ်၀န်းကျင်နဲ့ လေထုညစ်ညမ်းမှုတွေကြောင့် ထိခိုက်ပျက်စီးလာပြီး

✅ရင်ကြပ်ဝာာ
✅နာတာရှည်လေပြွန်ရောင်တာ
✅အဆုတ်ထဲက လေအိတ်ငယ်တွေ ပျက်စီးတာ
✅အဆုတ်ပွတာ
✅အဆုတ်လေအောင်းတာ
✅အဆုတ်ကင်ဆာ တွေကဲ့သို့ အဆုတ်ရောဂါတွေ အမျိုးမျိုး ဖြစ်ပွားလာပါတယ်။

သင့်အနေနဲ့လည်း နေ့စဉ်သတိမထားမိဘဲ ညစ်ညမ်း‌တဲ့လေတွေရှူရှိုက်မိတာပဲဖြစ်ဖြစ်၊ ဆေးလိပ်အလွန်အကျွံသောက်လို့ပဲဖြစ်ဖြစ် အချိန်ကြာလာတဲ့အခါ သင့်ဆီမှာအဆုတ်ရောဂါတွေ ရှိနေနိုင်ပါတယ်။

တကယ်လို့ သင့်ရဲ့ခန္ဓာကိုယ်မှာ အဆုတ်ရောဂါတစ်ခုခု ရှိနေပြီဆိုရင်

☑️အသက်ရှူရခက်ခဲတာ
☑️အသက်ရှူပြတ်တောင်းပြတ်တောင်းဖြစ်တာ
☑️အသက်ရှုတိုင်းလေမ၀သလိုခံစားရတာ
☑️နာတာရှည်ချောင်းဆိုးတာ
☑️ချောင်းဆိုးတဲ့အခါသွေးပါလာတာ စတဲ့ရောဂါဝေဒနာလက္ခဏာတွေ ခံစားလာရလေ့ရှိပါတယ်။

ဒီလိုရောဂါဝေဒနာတွေ သင့်ဆီမှာ တွေ့ကြုံခံစားနေရပြီဆိုပါက “လင်းရောင်ဦးဆေးရုံ” ကို လာရောက်ပြသကြည့်ဖို့ အကြံပြုပါရစေ။ “လင်းရောင်ဦးဆေးရုံ” မှာဆိုရင် သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးတွေက ခေတ်မီစက်ကိရိယာတွေအသုံးပြုပြီး နေ့စဉ်ကြည့်ရှုစစ်ဆေးပေးနေတာဖြစ်လို့

ဖုန်း - 09 949 241 001 ~ 3, 09 740 900 961
ကိုဆက်သွယ်၍လည်း ကြိုတင်စာရင်းသွင်း ပြသနိုင်ပါပြီ။

ကမ်းလက်များနှင့် ဖေးမကူ ကျန်းမာကြည်နူး “လင်းရောင်ဦး”

“လင်းရောင်ဦးဆေးရုံ”

🏥- ၁၉လမ်း၊ ၆၃x၆၄လမ်းကြား၊ နန်းရှေ့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

💤 အိပ်စက်မှုပုံစံမမှန်ခြင်းက သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာ သင်သိပါသလား ?☀️ ကျွန်တော်တို့ အနေနဲ့ တချို့မနက်ခင်...
18/02/2026

💤 အိပ်စက်မှုပုံစံမမှန်ခြင်းက သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာ သင်သိပါသလား ?

☀️ ကျွန်တော်တို့ အနေနဲ့ တချို့မနက်ခင်းတွေမှာ နိုးလာပါက လန်းဆန်းနေတတ်ကြသော်လည်း တချို့ရက်တွေမှာ ဇက်ခိုင်တာ၊ ရင်ပူတာ၊ ဒါမှမဟုတ် ပင်ပန်းနွမ်းနယ်နေတာကို ခံစားဖူးပါသလား။

😴 ညတိုင်းမှာ ကျွန်ုပ်တို့ဟာ ထုံးစံအတိုင်း အိပ်ရာထဲဝင်၊ မျက်စိမှိတ်ပြီး နှစ်ခြိုက်စွာ အိပ်ပျော်ဖို့ ပြုလုပ်ကြပါတယ်။ ဒါပေမဲ့ လူအများစု သတိမထားမိတဲ့အချက်ကကျွန်တော်တို့အိပ်စက်တဲ့ ပုံစံဟာ အစာခြေစနစ်၊ အသက်ရှူခြင်း၊ နာကျင်ကိုက်ခဲမှုနဲ့ ရေရှည်ရောဂါဖြစ်ပွားနိုင်ခြေတွေအထိ ကျန်းမာရေးအပေါ် သက်ရောက်မှုရှိနေတာပါပဲ။

👉 အိပ်စက်ခြင်းဆိုတာ ခန္ဓာကိုယ်ကို "ပိတ်ထားရုံ" သက်သက်မဟုတ်ပါဘူး။ ခန္ဓာကိုယ်က တစ်ရှူးတွေကို ပြုပြင်တာ၊ ဟော်မုန်းတွေကို ပြန်လည်ထိန်းညှိပေးတာနဲ့ ဦးနှောက်ကို ပြန်လည်စတင်တဲ့ အချိန်ဖြစ်ပါတယ်။ အကယ်၍ ကျွန်တော်တို့က တစ်ညကို ၆ နာရီကနေ ၈ နာရီအထိ ပုံစံမမှန်ဘဲ အိပ်စက်နေမယ်ဆိုရင် အဲဒီပြန်လည်ပြုပြင်တဲ့ လုပ်ငန်းစဉ်ဟာ သိသိသာသာ လက္ခဏာမပြဘဲ တဖြည်းဖြည်း ထိခိုက်လာနိုင်ပါတယ်။

🙅‍♀️ မှားယွင်းတဲ့ အိပ်စက်မှုပုံစံကြောင့်
• ညဘက်တွင် အောက်ဆီဂျင် ရှူသွင်းမှုလျော့နည်းစေခြင်း
• ကျောရိုးနှင့် အဆစ်အမြစ်များပေါ်တွင် ဖိအားများစေခြင်း
• အစာခြေစနစ်နှင့် အစာခြေရည် ပြန်တက်မှုကို ပိုဆိုးစေခြင်း
•အချိန်ကြာလာတာနဲ့အမျှ နာတာရှည် ခါးနာခြင်း၊ ဇက်နာခြင်း၊ အမြဲတမ်း ပင်ပန်းနေခြင်း သို့မဟုတ် "အိပ်နေစဉ် အသက်ရှူရပ်ခြင်း" (Sleep Apnea) ကဲ့သို့သော ရောဂါများကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။

ကမ်းလက်များနှင့် ဖေးမကူ ကျန်းမာကြည်နူး “လင်းရောင်ဦး”

“လင်းရောင်ဦးဆေးရုံ”

🏥- ၁၉လမ်း၊ ၆၃x၆၄လမ်းကြား၊ နန်းရှေ့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

☎️- 09 949 241 001 ~ 3, 09 740 900 961

Address

19th Street
Mandalay

Telephone

+959949241001

Website

Alerts

Be the first to know and let us send you an email when Lin Yaung Oo Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Lin Yaung Oo Hospital:

Share

Category