Lin Yaung Oo Hospital

Lin Yaung Oo Hospital Better Quality Care For You.

✨ 𝐇𝐀𝐏𝐏𝐘 𝐍𝐄𝐖 𝐘𝐄𝐀𝐑 𝟐𝟎𝟐𝟔 ✨မိဘပြည်သူအားလုံး ကျန်းမာပျော်ရွှင်တဲ့ နှစ်သစ်အခါသမယကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း လင်းရောင်ဦးဆေ...
01/01/2026

✨ 𝐇𝐀𝐏𝐏𝐘 𝐍𝐄𝐖 𝐘𝐄𝐀𝐑 𝟐𝟎𝟐𝟔 ✨

မိဘပြည်သူအားလုံး ကျန်းမာပျော်ရွှင်တဲ့ နှစ်သစ်အခါသမယကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း လင်းရောင်ဦးဆေးရုံ မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

❄️ဆောင်းတွင်းမှာ ရေချိုးတာက သွေးတိုး၊ နှလုံးနဲ့ ဆီးချိုရောဂါအခံရှိသူတွေအတွက် အထူးသတိထားရပြီး ရေအေးနဲ့ ထိတွေ့လိုက်တဲ့အခါ ...
29/12/2025

❄️ဆောင်းတွင်းမှာ ရေချိုးတာက သွေးတိုး၊ နှလုံးနဲ့ ဆီးချိုရောဂါအခံရှိသူတွေအတွက် အထူးသတိထားရပြီး ရေအေးနဲ့ ထိတွေ့လိုက်တဲ့အခါ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုတွေက ဒီလိုရောဂါတွေကို ပိုဆိုးစေနိုင်ပါတယ်။

၁။ သွေးကြောများ ကျုံ့သွားခြင်း (Vasoconstriction)

၂။ နှလုံးအလုပ်ပိုလုပ်ရခြင်း (Increased Heart Workload)

၃။ သွေးပျစ်ခဲလွယ်ခြင်း

၄။ အပူချိန် ရုတ်တရက် ပြောင်းလဲခြင်း အိပ်ရာထကာစ ခန္ဓာကိုယ် နွေးနေချိန်မှာ ရေအေးနဲ့ ချက်ချင်း ထိတွေ့လိုက်ရင် ခန္ဓာကိုယ်က Shock ရတတ်ပါတယ်။ (Thermal Shock)

၅။ ဆီးချိုသမားများနှင့် အာရုံခံစားမှု(Neuropathy)
ဆီးချိုရောဂါသည်တွေက ခြေလက် ထုံကျဉ်တာမျိုးရှိတတ်ပါတယ်။

၆။ ခေါင်းကနေ စလောင်းခြင်းရဲ့ အန္တရာယ်
ခေါင်းကနေ ရေအေး ချက်ချင်း လောင်းချတာက အန္တရာယ် အများဆုံးပါ။

၇။ အဆုတ်ရောင်ခြင်း (Pneumonia) စတဲ့ရောဂါတွေကို ဖြစ်စေတာကြောင့် အထူးသတိပြုသင့်ပါတယ်နော်…

ကမ်းလက်များနှင့် ဖေးမကူ ကျန်းမာကြည်နူး “လင်းရောင်ဦး”

🏥- ၁၉လမ်း၊ ၆၃x၆၄လမ်းကြား၊ နန်းရှေ့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

☎️- 09 949 241 001 ~ 3, 09 740 900 961

🎄 ခရစ္စမတ်ဆုတောင်း ✨2025 ခုနှစ် December (25) ရက် ကြာသပတေးနေ့တွင်ကျရောက်သော ခရစ္စမတ်နေ့လေးမှာ မိသားစု၊ မိတ်ဆွေသူငယ်ချင်း...
25/12/2025

🎄 ခရစ္စမတ်ဆုတောင်း ✨

2025 ခုနှစ် December (25) ရက် ကြာသပတေးနေ့တွင်ကျရောက်သော ခရစ္စမတ်နေ့လေးမှာ မိသားစု၊ မိတ်ဆွေသူငယ်ချင်းများနှင့်အတူတူ ပျော်ရွှင်ဖွယ်ရာ ခရစ္စမတ် အချိန်ခါလေးကိုရရှိပိုင်ဆိုင်ကြပါစေကြောင်း “လင်းရောင်ဦးဆေးရုံ” မှ ဆုမွန် ကောင်းတောင်းလိုက်ပါတယ် 🙏

ကမ်းလက်များနှင့် ဖေးမကူ ကျန်းမာကြည်နူး “လင်းရောင်ဦး”

🏥- ၁၉လမ်း၊ ၆၃x၆၄လမ်းကြား၊ နန်းရှေ့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

☎️- 09 949 241 001 ~ 3, 09 740 900 961

မန္တလေးမြို့ရဲ့ တစ်ပြ၊ နှစ်ပြဆိုတာ ဘာလဲ ?💁‍♂️ ကျွန်တော်တို့ မန္တလေးမှာ အကွာအဝေးကို ပြောကြရင် တစ်ပြ၊ နှစ်ပြ စသဖြင့် သုံးန...
23/12/2025

မန္တလေးမြို့ရဲ့ တစ်ပြ၊ နှစ်ပြဆိုတာ ဘာလဲ ?

💁‍♂️ ကျွန်တော်တို့ မန္တလေးမှာ အကွာအဝေးကို ပြောကြရင် တစ်ပြ၊ နှစ်ပြ စသဖြင့် သုံးနှုန်းပြောဆိုလေ့ရှိပါတယ်။

ဒီ တစ်ပြ၊ နှစ်ပြ ဆိုတဲ့ အသုံးအနှုန်းတွေက ဘယ်ကစတင်ခဲ့တာလဲဆိုရင်

🤴 ရှေးယခင်ဘုရင်များလက်ထက် ကျွန်တော်တို့ မန္တလေးမြို့ကို တည်ခဲ့စဉ်အခါက နန်းမြို့ရိုးတွေမှာရှိတဲ့ ပြအိုး၊ ပြဿဒ်တွေကို အခြေခံပြီး လမ်းတွေကို ဖောက်လုပ်ခဲ့ပါတယ်။

💁‍♂️ ဒါကြောင့် ကျွန်တော်တို့ မန္တလေးလမ်းတွေရဲ့ အရှည်တွေ၊ အကွာအဝေးတွေက တူညီနေကြတဲ့အပြင် ပြအိုးတစ်ခုခြားတိုင်း လမ်းတစ်လမ်းရှိတဲ့အတွက် တစ်ပြအိုး၊ နှစ်ပြအိုးလို့ဆိုပြီး ခေါ်ဆိုလာတာကနေ အချိန်ကြာလာတဲ့အမျှ တစ်ပြ၊ နှစ်ပြ ဆိုပြီး ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။ တစ်ပြရဲ့ အကျယ်အဝန်းကတော့ တာပေါင်း (၅၀) ကျော်ပြီး ပေ (၅၅၀) ကျော် ရှိပါတယ်။

🏥 ကျွန်တော်တို့ “လင်းရောင်ဦးဆေးရုံ”ရဲ့ တည်နေရာဟာဆိုရင်လည်း မန္တလေးအခေါ်ဖြင့် ၆၆ လမ်း၊ ၁၉ လမ်း နန်းမြို့ရိုးပေါက်ကနေ (၃) ပြကွာဝေးတဲ့ တည်နေရာ ၁၉ လမ်း၊ ၆၃x၆၄ လမ်းကြားမှာ တည်ရှိနေပါတယ်နော်…

ကမ်းလက်များနှင့် ဖေးမကူ ကျန်းမာကြည်နူး “လင်းရောင်ဦး”

🏥- ၁၉လမ်း၊ ၆၃x၆၄လမ်းကြား၊ နန်းရှေ့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

☎️- 09 949 241 001 ~ 3, 09 740 900 961

☕️ နံနက်ခင်းတိုင်း ကော်ဖီတစ်ခွက် ပုံမှန်သောက်ပေးခြင်းဖြင့် နှလုံးခုန်မမှန်ခြင်းရောဂါကို လျှော့ချပေးနိုင်တယ်ဆိုတာ သင်သိပါ...
18/12/2025

☕️ နံနက်ခင်းတိုင်း ကော်ဖီတစ်ခွက် ပုံမှန်သောက်ပေးခြင်းဖြင့် နှလုံးခုန်မမှန်ခြင်းရောဂါကို လျှော့ချပေးနိုင်တယ်ဆိုတာ သင်သိပါသလား ?

⛅️ နေ့စဉ် နံနက်ခင်းတိုင်း ကော်ဖီသောက်ခြင်းက နှလုံးမမှန်ခြင်းကို လျှော့ချပေးနိုင်ကြောင်း University of Adelaide မှ လေ့လာတွေ့ရှိထားပါတယ်။

■ လေ့လာချက်ထဲမှာ နှလုံးခုန်မမှန်သူ ၂၀၀ ခန့်က ကော်ဖီသောက်သုံးပေးတဲ့အခါ နှလုံးခုန်မမှန်ခြင်း ပြန်ဖြစ်နိုင်ခြေ သိသိသာသာ လျော့နည်းနိုင်တယ်လို့ တွေ့ရှိထားပါတယ်။

■ အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျမှ သက်ကြီးရွယ်အိုများပါဝင်တဲ့ ၆ လတာစမ်းသပ်ချက်မှာ ကဖင်းမသောက်တဲ့ အဖွဲ့နဲ့ တစ်နေ့ကို အနည်းဆုံး တစ်ခွက်သောက်တဲ့ အဖွဲ့ဆိုပြီး ခွဲခြားခဲ့ရာ ကော်ဖီသောက်တဲ့သူတွေက နှလုံးခုန်မမှန်ခြင်း ပြန်ဖြစ်နိုင်ခြေ ၁၇ ရာခိုင်နှုန်း ပိုနည်းတယ်လို့ လေ့လာတွေ့ရှိခဲ့ကြပါတယ်။

👉 ဒါကြောင့် ကိုယ့်မှာ နှလုံးခုန်မမှန်တဲ့ဝေဒနာ ရှိတယ်ဆိုရင် နံနက်ခင်းမှာ ကော်ဖီတစ်ခွက် သောက်ပြီး နှလုံးခုန်မမှန်တဲ့ ရောဂါကို လျှော့ချနိုင်ပါတယ်နော်။

ကမ်းလက်များနှင့် ဖေးမကူ ကျန်းမာကြည်နူး “လင်းရောင်ဦး”

🏥- ၁၉လမ်း၊ ၆၃x၆၄လမ်းကြား၊ နန်းရှေ့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

☎️- 09 949 241 001 ~ 3, 09 740 900 961

🤔 အသည်းခြောက်ခြင်းရဲ့အစောဆုံးလက္ခဏာ (၅) ခု👉 အသည်းက ခန္ဓာကိုယ်ရဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာ၊ အစာတွေချေဖျက်နိုင်ဖို့ ...
15/12/2025

🤔 အသည်းခြောက်ခြင်းရဲ့အစောဆုံးလက္ခဏာ (၅) ခု

👉 အသည်းက ခန္ဓာကိုယ်ရဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာ၊ အစာတွေချေဖျက်နိုင်ဖို့ ကူညီတဲ့ အင်ဇိုင်းဓာတ်လုပ်ဆောင်ပေးတာ၊ သကြားနဲ့ အာဟာရဓာတ်တွေကို သိုလှောင်ပေးပြီး ကူးစက်ရောဂါတွေကို တိုက်ဖျက်ဖို့အတွက် ကူညီပေးပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်မိသွားတဲ့အခါ အသည်းရဲ့ဆဲလ်တွေက ရောင်ရမ်းလာနိုင်တဲ့အပြင် တစ်သျူးတွေကို အနာတရဖြစ်လာစေပြီး အသည်းရဲ့လုပ်ဆောင်ချက်ကို နှောင့်ယှက်ကာ အသည်းခြောက်တာဖြစ်လာစေနိုင်ပါတယ်။

⚠️ အသည်းခြောက်ခြင်းရဲ့အစောဆုံးလက္ခဏာရပ်တွေကတော့ -

- အလွယ်တကူသွေးထွက်ခြင်း (သို့) ပွန်းပဲ့ဒဏ်ရာရခြင်း
- အရေပြားနဲ့မျက်လုံးမှာ အဝါရောင်ပြောင်းခြင်း
- ခြေထောက်၊ ခြေဖဝါး၊ ခြေချင်းဝတ်ရောင်ရမ်းခြင်း
- ဝမ်းဗိုက်ဖောင်းလာခြင်း
- ကိုယ်အလေးချိန်ကျဆင်းခြင်းတို့ဖြစ်ပါတယ်။

ဒီလိုလက္ခဏာတွေလည်း ပြသနေပြီး သံသယရှိတယ်ဆိုရင် “လင်းရောင်ဦးဆေးရုံ”မှာ အသည်း အထူးကုဆရာဝန်ကြီးများနဲ့ နေ့စဉ်လာရောက်ပြသနိုင်ပါပြီ။

ကမ်းလက်များနှင့် ဖေးမကူ ကျန်းမာကြည်နူး “လင်းရောင်ဦး”

🏥- ၁၉လမ်း၊ ၆၃x၆၄လမ်းကြား၊ နန်းရှေ့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

☎️- 09 949 241 001 ~ 3, 09 740 900 961

လည်ချောင်းမှာ တစ်စို့စို့ခံစားနေရတိုင်း ရောဂါမဟုတ်ပါဘူးနော်။တခါတလေမှာ လည်ပင်းမှာ တစ်ဆို့ဆို့ ဖြစ်တာနဲ့အတူ- လည်ပင်းယားတာ-...
08/12/2025

လည်ချောင်းမှာ တစ်စို့စို့ခံစားနေရတိုင်း ရောဂါမဟုတ်ပါဘူးနော်။

တခါတလေမှာ လည်ပင်းမှာ တစ်ဆို့ဆို့ ဖြစ်တာနဲ့အတူ
- လည်ပင်းယားတာ
- ချောင်းခဏခဏဆိုးတာ
- အသံဝင်တာ
- ချွဲကျပ်သလိုခံစားရတာတွေပါ ဖြစ်ပေါ်တတ်ပါတယ်။

ဘာကြောင့် ဖြစ်ရတာလဲဆိုရင်

✔️လည်ချောင်းရောင်ရမ်းခြင်း
✔️လည်ချောင်းအပေါ်ပိုင်း ကြွက်သားများ ကောင်းစွာအလုပ်မလုပ်နိုင်ခြင်း
✔️စိတ်ဖိစီးမှုများခြင်း
✔️နှာခေါင်းမှ သလိပ်အချွဲများ လည်ချောင်းအတွင်းသို့ စီးကျခြင်း
✔️ သိုင်းရွိုက်ဂလင်း ကြီးလာခြင်း တို့ကြောင့် ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

လည်ချောင်းတစ်စို့စို့ဖြစ်ခြင်းက ယေဘူယျအားဖြင့် အန္တရာယ်မရှိသလို ကင်ဆာရဲ့ ရှေ့ပြေး လက္ခဏာလည်း မဟုတ်ပါ။

ဒါပေမယ့် ကိုယ်အလေးချိန်ကျဆင်းတာ၊ အစာမျိုရခက်ခဲတာ၊ ရင်ပူတာ၊ ဗိုက်
အောင့်တာတွေ ရှိနေရင်တော့ အစာအိမ်အချဉ်
ရည်ပြန်တက်တဲ့ရောဂါ (GERD)ကြောင့် ဖြစ်နိုင်ပါတယ်။

ကမ်းလက်များနှင့် ဖေးမကူ ကျန်းမာကြည်နူး “လင်းရောင်ဦး”

“လင်းရောင်ဦးဆေးရုံ”

🏥- ၁၉လမ်း၊ ၆၃x၆၄လမ်းကြား၊ နန်းရှေ့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

☎️- 09 949 241 001 ~ 3, 09 740 900 961

🌎 World AIDS Day 2025 | ကမ္ဘာ့ခုခံအားကျဆင်းမှုရောဂါကာကွယ်ရေးနေ့🎗️ယနေ့ ၂၀၂၅ ခုနှစ်၊  ဒီဇင်ဘာလ (၁) ရက်နေ့ကတော့ ကမ္ဘာ့ခုခံအ...
01/12/2025

🌎 World AIDS Day 2025 | ကမ္ဘာ့ခုခံအားကျဆင်းမှုရောဂါကာကွယ်ရေးနေ့🎗️

ယနေ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့ကတော့ ကမ္ဘာ့ခုခံအားကျဆင်းမှုကာကွယ်ရေးနေ့ (World AIDS Day) ပဲ ဖြစ်ပါတယ်။

(1) HIV/ AIDS ရောဂါအကြောင်း အသိပညာပေးခြင်း
(2)HIV ပိုးကူးစက်မှုနဲ့ AIDS ရောဂါကပ်ဘေးအကြောင်းကို လူထုကြား ပိုမိုသိရှိနားလည်စေခြင်း
(3)ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးနည်းလမ်းတွေအကြောင်း ပညာပေးခြင်း
(4)HIV ပိုးရှိသူတွေနဲ့ AIDS ရောဂါခံစားနေရသူတွေအတွက် လူသားချင်းစာနာပေးခြင်း တို့ကို ရည်ရွယ်၍ နှစ်စဉ်ပြုလုပ်ကျင်းပကြခြင်း ဖြစ်ပါတယ်။

🌎 ၂၀၂၅ ခုနှစ်အတွက် ကမ္ဘာ့ခုခံအားကျဆင်းမှုကာကွယ်ရေးနေ့ ဆောင်ပုဒ်မှာ “Overcoming disruption, transforming the AIDS response.” ပဲဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ AIDS ရောဂါတိုက်ဖျက်ဖို့ အခက်အခဲများကို ဖြေရှင်းရန် အားလုံး အတူပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်ပါတယ်။

🎗️ မိဘပြည်သူများအနေဖြင့်လည်း မိမိကိုယ်တိုင် ကျန်းမာရေးအသိပညာပေးများကို လိုက်နာကျင့်သုံးပြီး HIV/ AIDS ပိုးမကူးစက်အောင် ကာကွယ်ဖို့လိုသလို HIV/ AIDS ပိုးခံစားနေရသူများအားလုံးကိုလည်း အားပေးကူညီကြရန် “လင်းရောင်ဦးဆေးရုံ” မှ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်နော်…

ကမ်းလက်များနှင့် ဖေးမကူ ကျန်းမာကြည်နူး “လင်းရောင်ဦး”

“လင်းရောင်ဦးဆေးရုံ”

🏥- ၁၉လမ်း၊ ၆၃x၆၄လမ်းကြား၊ နန်းရှေ့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

☎️- 09 949 241 001 ~ 3, 09 740 900 961

လင်းရောင်ဦး အထွေထွေရောဂါကုဆေးရုံလုပ်ငန်း တွင်အတူတကွအလုပ်လုပ်ရန် ဝန်ထမ်းများခေါ်ယူလိုပါသည်။1. Clinical Pharmacist (ဆေးဝါ...
19/11/2025

လင်းရောင်ဦး အထွေထွေရောဂါကုဆေးရုံလုပ်ငန်း တွင်အတူတကွအလုပ်လုပ်ရန် ဝန်ထမ်းများခေါ်ယူလိုပါသည်။

1. Clinical Pharmacist (ဆေးဝါးကျွမ်းကျင်) - 1 Post
သက်ဆိုင်ရာ အလုပ်အကိုင်အချက်အလက်ကို သိရှိလိုပါက ဖော်ပြပါ link တွင် ဖတ်ရှုနိုင်ပါသည်။
https://shorturl.at/cUCAY

2. Cashier (ငွေကိုင်) - 1 Post
လုပ်ငန်းလိုအပ်ချက်များ
- တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရရှိပြီးသူ (သို့) ကျောင်းပြီးသူဖြစ်ရမည်။
- Cashier အတွေ့အကြုံ (၁)နှစ်ရှိရပါမည်။
- Computer POS Software အသုံးပြုနိုင်သူဖြစ်ရမည်။
- ငွေစာရင်း အ၀င်/အထွက်များ စနစ်တကျ လုပ်ကိုင်နိုင်ရမည်။
- Duty Roster ဖြင့် နေ့/ည တာဝန်ထမ်းဆောင်နိုင်ရမည်။
- သပ်ရပ်သန့်ရှင်းစွာ​နေတတ်ပြီး လူမှုဆက်ဆံရေးကောင်းမွန်သူဖြစ်ရပါမည်။
Duty ချိန်များ
- Day 8:00 AM to 6:00 PM, Night 6:00 PM to 8:00 AM
- Off Days - 6 Days per month
လစာနှင့်ခံစားခွင့်များ
- Salary +Overtime +Regular Attendance
- Other Allowances - Health care benefits (Employee & Employee’s Family)

စိတ်ဝင်စားပါက hr@linyaungoohospital.com (သို့မဟုတ်) Viber 09-949241010 သို့ 26/9/2025 နေ့ နောက်ဆုံးထား၍ CV form ပေးပို့လျှောက်ထားနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက 09-949241010 သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
လင်းရောင်ဦး အထွေထွေရောဂါကုဆေးရုံ
🏥- ၁၉လမ်း၊ ၆၃x၆၄လမ်းကြား၊ နန်းရှေ့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။
☎️- 09 949 241 001, 09 949 241 002, 09 949 241 003

လင်းရောင်ဦး အထွေထွေရောဂါကုဆေးရုံလုပ်ငန်း တွင်အတူတကွအလုပ်လုပ်ရန် ဝန်ထမ်းများခေါ်ယူလိုပါသည်။1. Clinical Pharmacist (ဆေးဝါ...
15/10/2025

လင်းရောင်ဦး အထွေထွေရောဂါကုဆေးရုံလုပ်ငန်း တွင်အတူတကွအလုပ်လုပ်ရန် ဝန်ထမ်းများခေါ်ယူလိုပါသည်။

1. Clinical Pharmacist (ဆေးဝါးကျွမ်းကျင်) - 1 Post
သက်ဆိုင်ရာ အလုပ်အကိုင်အချက်အလက်ကို သိရှိလိုပါက ဖော်ပြပါ link တွင် ဖတ်ရှုနိုင်ပါသည်။
https://shorturl.at/cUCAY

2. Pharmacist Aid (ဆေးဝါးကျွမ်းကျင်အကူ) - 1 Post
လုပ်ငန်းလိုအပ်ချက်များ
- တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရရှိပြီးသူ (သို့) ကျောင်းပြီးသူဖြစ်ရမည်။
- ဆေးဝါးကျွမ်းကျင်အကူ သင်တန်းဆင်းလက်မှတ်ရှိသူဖြစ်ရမည်။
- Computer (သို့မဟုတ်) အရောင်း Software အသုံးပြုနိုင်သူဖြစ်ရမည်။
- Duty Roster ဖြင့် နေ့/ည တာဝန်ထမ်းဆောင်နိုင်ရမည်။
- သပ်ရပ်သန့်ရှင်းစွာ​နေတတ်ပြီး လူမှုဆက်ဆံရေးကောင်းမွန်သူဖြစ်ရပါမည်။
- အတွေ့အကြုံရှိသူကိုဦးစားပေးပါမည်။
Duty ချိန်များ
- Day 8:00 AM to 6:00 PM, Night 6:00 PM to 8:00 AM
- Off Days - 6 Days per month
လစာနှင့်ခံစားခွင့်များ
- Salary +Overtime +Regular Attendance
- Other Allowances - Health care benefits (Employee & Employee’s Family)

3. Nurse Aid (သူနာပြုအကူ) - 3 Posts
လုပ်ငန်းလိုအပ်ချက်များ
- သက်ဆိုင်ရာ သူနာပြုအကူ Nurse Aid Certificate ရှိသူဖြစ်ရမည်။
- Duty Roster ဖြင့် နေ့/ည တာဝန်ထမ်းဆောင်နိုင်ရမည်။
- သပ်ရပ်သန့်ရှင်းစွာ​နေတတ်ပြီး လူမှုဆက်ဆံရေးကောင်းမွန်သူဖြစ်ရပါမည်။
- အတွေ့အကြုံရှိသူကိုဦးစားပေးပါမည်။
Duty ချိန်များ
- Day 8:00 AM to 6:00 PM, Night 6:00 PM to 8:00 AM
- Off Days - 6 Days per month
လစာနှင့်ခံစားခွင့်များ
- Salary +Overtime +Regular Attendance
- Other Allowances - Health care benefits (Employee & Employee’s Family)

4. Cashier (ငွေကိုင်) - 1 Post
လုပ်ငန်းလိုအပ်ချက်များ
- တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရရှိပြီးသူ (သို့) ကျောင်းပြီးသူဖြစ်ရမည်။
- Cashier အတွေ့အကြုံ (၁)နှစ်ရှိရပါမည်။
- Computer POS Software အသုံးပြုနိုင်သူဖြစ်ရမည်။
- ငွေစာရင်း အ၀င်/အထွက်များ စနစ်တကျ လုပ်ကိုင်နိုင်ရမည်။
- Duty Roster ဖြင့် နေ့/ည တာဝန်ထမ်းဆောင်နိုင်ရမည်။
- သပ်ရပ်သန့်ရှင်းစွာ​နေတတ်ပြီး လူမှုဆက်ဆံရေးကောင်းမွန်သူဖြစ်ရပါမည်။
Duty ချိန်များ
- Day 8:00 AM to 6:00 PM, Night 6:00 PM to 8:00 AM
- Off Days - 6 Days per month
လစာနှင့်ခံစားခွင့်များ
- Salary +Overtime +Regular Attendance
- Other Allowances - Health care benefits (Employee & Employee’s Family)

စိတ်ဝင်စားပါက hr@linyaungoohospital.com (သို့မဟုတ်) Viber 09-949241010 သို့ 26/9/2025 နေ့ နောက်ဆုံးထား၍ CV form ပေးပို့လျှောက်ထားနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက 09-949241010 သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
လင်းရောင်ဦး အထွေထွေရောဂါကုဆေးရုံ
🏥- ၁၉လမ်း၊ ၆၃x၆၄လမ်းကြား၊ နန်းရှေ့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။
☎️- 09 949 241 001, 09 949 241 002, 09 949 241 003

💕ကမ္ဘာ့နှလုံးရောဂါ ကာကွယ်ရေးနေ့ | World Heart Day 2025 🌍 ကမ္ဘာ့နှလုံးရောဂါ ကာကွယ်ရေးနေ့ (World Heart Day) ကို နှစ်စဉ် စက...
29/09/2025

💕ကမ္ဘာ့နှလုံးရောဂါ ကာကွယ်ရေးနေ့ | World Heart Day 2025 🌍

ကမ္ဘာ့နှလုံးရောဂါ ကာကွယ်ရေးနေ့ (World Heart Day) ကို နှစ်စဉ် စက်တင်ဘာလ ၂၉ ရက်နေ့မှာ ကမ္ဘာတစ်ဝှမ်းပြုလုပ်ကျင်းပကြပါတယ်။ မိဘပြည်သူများအနေဖြင့် နှလုံးရောဂါနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ကျန်းမာရေးပြဿနာများကို သတိထားမိပြီး ဂရုစိုက်စေရန် ရည်ရွယ်ကျင်းပကြခြင်း ဖြစ်ပါတယ်။

🌍 ယခုနှစ် 2025 ခုနှစ် World Heart Day ရဲ့ဆောင်ပုဒ်ကတော့ “Don’t Miss a Beat” ပဲဖြစ်ပါတယ်။ နှလုံးရောဂါဆိုတာ တိတ်တဆိတ်ဝင်ရောက်လာတတ်တဲ့ ရောဂါဖြစ်တာကြောင့် နှလုံးသားစည်းချက်တိုင်းကို ဂရုတစိုက်စောင့်ကြည့်ပြီး သတိပြုမိစေရန် ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။

💕 အသက်အရွယ်မရွေး ကျန်းမာတဲ့ နှလုံးကိုပိုင်ဆိုင်နိုင်စေရန် သင့်တင့်မျှတတဲ့အစားအသောက်တွေကို စားသုံးဖို့၊ လေ့ကျင့်ခန်းတွေပုံမှန် လုပ်ဖို့၊ နှလုံးနဲ့ပတ်သက်တဲ့ Medical Check-Up တွေကို ဂရုတစိုက်လုပ်ဆောင်ကြဖို့ "လင်းရောင်ဦးဆေးရုံ”မှ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်ခင်ဗျာ… 🙏

ကမ်းလက်များနှင့် ဖေးမကူ ကျန်းမာကြည်နူး “လင်းရောင်ဦး”

“လင်းရောင်ဦးဆေးရုံ”

🏥- ၁၉လမ်း၊ ၆၃x၆၄လမ်းကြား၊ နန်းရှေ့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

☎️- 09 949 241 001 ~ 3, 09 740 900 961

🌏 World Pharmacists Day 2025 (ကမ္ဘာ့ဆေးဝါးပညာရှင်များနေ့) 💊 👉 ယနေ့ ကျရောက်တဲ့ ကမ္ဘာ့ဆေးဝါးပညာရှင်များနေ့ (World Pharmaci...
25/09/2025

🌏 World Pharmacists Day 2025 (ကမ္ဘာ့ဆေးဝါးပညာရှင်များနေ့) 💊

👉 ယနေ့ ကျရောက်တဲ့ ကမ္ဘာ့ဆေးဝါးပညာရှင်များနေ့ (World Pharmacists Day) ကို “လင်းရောင်ဦးဆေးရုံ” မှ လှိုက်လှဲစွာ ဂုဏ်ပြုအပ်ပါတယ်။

💊 ဆေးဝါးပညာရှင် (Pharmacists) တို့ရဲ့ ကျွမ်းကျင်မှု၊ ပေးဆပ်မှုနဲ့ စာနာမှုတွေက ဆေးဝါးတွေကို လူနာတွေကို ရောက်ရှိစေရုံသာမက ရောဂါဝေဒနာ ပျောက်ကင်းမှုတွေပါ ကောင်းစွာလမ်းညွှန်ပေးနေတဲ့ ဆေးဝါးပညာရှင်များရဲ့ အရေးပါသော အခန်းကဏ္ဍကို သိရှိစေရန် ရည်ရွယ်ပါတယ်။

🌍 ယခုနှစ် World Pharmacists Day 2025 ရဲ့ဆောင်ပုဒ်ကတော့ “Think Health: Think Pharmacist“ ဖြစ်ပါတယ်။ ဒီနေ့ကျရောက်တဲ့ “ကမ္ဘာ့ဆေးဝါးပညာရှင်များနေ့” မှာ အနယ်အနယ်အရပ်ရပ်မှ ဆေးဝါးပညာရှင်များအား “လင်းရောင်ဦးဆေးရုံ” မှ ဂုဏ်ပြုလိုက်ပါတယ်ခင်ဗျာ… 🙏

ကမ်းလက်များနှင့် ဖေးမကူ ကျန်းမာကြည်နူး “လင်းရောင်ဦး”

“လင်းရောင်ဦးဆေးရုံ”

🏥- ၁၉လမ်း၊ ၆၃x၆၄လမ်းကြား၊ နန်းရှေ့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

☎️- 09 949 241 001 ~ 3, 09 740 900 961

Address

19th Street
Mandalay

Telephone

+959949241001

Website

Alerts

Be the first to know and let us send you an email when Lin Yaung Oo Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Lin Yaung Oo Hospital:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category