𝙐𝙡𝙩𝙞𝙢𝙖𝙩𝙚 𝙋𝙝𝙮𝙨𝙞𝙤𝙩𝙝𝙚𝙧𝙖𝙥𝙮 𝙈𝙮𝙖𝙣𝙢𝙖𝙧

  • Home
  • Myanmar
  • Mandalay
  • 𝙐𝙡𝙩𝙞𝙢𝙖𝙩𝙚 𝙋𝙝𝙮𝙨𝙞𝙤𝙩𝙝𝙚𝙧𝙖𝙥𝙮 𝙈𝙮𝙖𝙣𝙢𝙖𝙧

𝙐𝙡𝙩𝙞𝙢𝙖𝙩𝙚 𝙋𝙝𝙮𝙨𝙞𝙤𝙩𝙝𝙚𝙧𝙖𝙥𝙮 𝙈𝙮𝙖𝙣𝙢𝙖𝙧 အကြောအဆစ်နှင့်ပြန်လည်သန်စွမ်းရေးဆေးခန်း

အားလုံးပဲ မင်္ဂလာပါရှင်။Ultimate Physiotherapy Myanmar မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ကျွန်မက ခါးနာ ခါးပတ် ပတ်တ...
20/07/2025

အားလုံးပဲ မင်္ဂလာပါရှင်။
Ultimate Physiotherapy Myanmar မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။

ဒီနေ့မှာတော့ကျွန်မက ခါးနာ ခါးပတ် ပတ်တဲ့အခါ သိရမယ့် အကြောင်းအရာလေးတွေနဲ့ပတ်သက်ပြီးအနည်းငယ်လောက် ပြောပြပေးချင်ပါတယ်။

⚠️အထူးသတိပြုရန်⚠️
🚨ဒီပိုစ့်သည် လူနာများအနေဖြင့် မိမိဘာသာ ကောက်ချက်ချပြီး ဝယ်တပ်ဖို့ မဟုတ်ပါရှင်။
🚨မိမိ၏ ခါးရောဂါအခြေအနေအရ ခါးပတ် သုံးသင့်/မသုံးသင့် တတ်သိနားလည်သောဆရာဝန်/ Physiotherapist များ၏ တိကျတဲ့အကြံပြုချက်ဖြင့်သာ အသုံးပြုရပါမယ်။
🚨ဒီ post သည် ခါးပတ်ကို ဘယ်အချိန်မှာ၊ ဘယ်လိုမှန်ကန်စွာ အသုံးပြုရမလဲဆိုတာကို အကြံပေး ပြောပြခြင်းသာ ဖြစ်ပါသည်။

Lumbosacral Belt (or) Lower Back Brace
(ခါးနာ ခါးစည်း) ကို မှန်ကန်တဲ့နည်းလမ်းနဲ့တပ်ဖို့၊ လုပ်သင့်တာ၊ မလုပ်သင့်တာတွေကို အောက်ပါအတိုင်း ရှင်းပြပေးပါမယ်။

✅Lumbar brace ကို ဘယ်လိုလူတွေ တပ်သင့်လဲ?
1) ခါးအောက်ပိုင်း (lumbar-sacral region) နာကျင်မှုကိုခံစားနေရတဲ့သူတွေ၊

2) ခါးဆစ်ရိုးကျွံထားတဲ့သူ တွေ၊

3) ခါးအာရုံကြောညပ်တဲ့သူတွေ (Sciatica pain) ခံစား နေရတဲ့သူတွေ

4) Post-surgery recovery
ခါးနဲ့ပတ်သက်တဲ့ ခွဲစိတ်ကုသမှုခံယူပြီးတဲ့သူတွေ

5) Heavy lifters
အလေးအပင်အမ များတဲ့သူတွေမှာ ပိုပြီးအသုံးပြုသင့်ပါတယ်။

✅ဘယ်လို မှန်ကန်စွာတပ်မလဲ?
1. မတ်တပ်ရပ် / ထိုင်လျက် အနေအထားဖြင့် တပ်ရပါမယ်။ (မတ်တပ်ရပ်ပြီး တပ်တာ အကောင်းဆုံးပါ)

2. ခါးရိုးဟာ ခါးပတ်ရဲ့ ထောက်တိုင်များ၏ အလည်တည့်တည့်မှာ ရှိရပါမယ်။

3. ခါးအောက်ပိုင်း (lumbar-sacral region) ကိုအုပ်ပြီး သေချာတင်းတင်းပတ်ပါ။ (အသက်ရှုခက်အောင် တင်းကြပ်စရာမလိုပါ)

4. ခါးအထက်နဲ့အောက် ညီအောင်တပ်ပါ။ ဘေးဘယ်/ညာ မညီမညာဖြစ်ရင်လည်း ပိုပြီး နာစေနိုင်ပါတယ်။

5. အသားပေါ်တိုက်ရိုက် မပတ်ရပါ။ Skin rashes ဖြစ်နိုင်ပါတယ်။

✅ဘယ်အချိန်တွေမှာ တပ်ရမလဲ/ ဖြုတ်ရမလဲ?
1. လှုပ်ရှားမှုမရှိချိန် (အနားယူချိန်၊ အိပ်ချိန်) တွင် ဖြုတ်ထားရန်။

2. အလေးအပင် မ ချိန်၊ အလုပ်လုပ်ချိန်၊ ကား မောင်းချိန်၊ ဆိုင်ကယ်မောင်းချိန်၊ ကြာကြာ လမ်းလျှောက်/ထိုင် ရမယ့်အချိန် တွေမှာ တပ်ရပါမယ်။

3. တစ်နေ့တွင် အကြာကြီး မပတ်ရ (တစ်နေ့တွင် ၈ နာရီထက်ပိုပြီး မပတ်ရပါ။ အကောင်းဆုံးက ၄ နာရီပတ်ပြီး နာရီဝက် ဖြုတ်ထားပါ၊ ပြီးမှ နောက်ထပ် ၄နာရီ တပ်ပါ။)

‼️အရေးကြီးတာတစ်ခု ပြောချင်တာက‼️
Lumbosacral belt သည် အမြဲတမ်းအသုံးပြုရမယ့်
permanent solution မဟုတ်ပါ❌

✅ မိမိ၏ ခါးဝေဒနာကို သက်သာပျောက်ကင်းဖို့အတွက် physiotherapy exercises များ၊ core muscle strengthening စတဲ့ လေ့ကျင့်ခန်းများနှင့် တွဲပြီးလုပ်ဖို့ လိုအပ်ပါတယ်။

✅ မိမိအနေနဲ့ Lumbar brace သုံးဖို့ လို/မလိုကို မိမိရဲ့ Physiotherapist/ ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ အသုံးပြုပါရန် ထပ်လောင်း အကြံပေးချင်ပါတယ်ရှင်‼️

အားလုံးပဲ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အန္တရာယ်ကင်းကာ၊ ကျန်းမာကြပါစေရှင်❤️
Shwe Hnin Yi Kyaw
(Physiotherapist)

Pictures crd to google
#ခါးနာခြင်း #ခါးနာခါပတ်ပတ်နည်း

အားလုံးပဲမင်္ဂလာပါရှင်။Ultimate Physiotherapy Myanmar ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ကျွန်မက Foot Drop အကြောင်း...
26/06/2025

အားလုံးပဲမင်္ဂလာပါရှင်။
Ultimate Physiotherapy Myanmar ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။

ဒီနေ့မှာတော့ကျွန်မက Foot Drop အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်။

🐾Foot Drop ဆိုတာက ခြေချင်းဝတ်မကော့နိုင်တဲ့အခြေအနေတစ်ခု ဖြစ်ပါတယ်။ foot drop ရှိတဲ့လူနာသည် ခြေကျင်းဝတ်မကော့နိုင်ဘဲ ခြေဖျားကအောက်ကိုစိုက်ကျနေတတ်ပါတယ်။။
(Foot Drop ကိုများသောအားဖြင့် မြင်အောင်ပြောရရင် လေဖြတ်ထားတဲ့လူနာတွေ နဲ့ Bed Bound လူနာတွေမှာ ပိုပြီး တွေ့ရတတ်ပါတယ်)

🐾Foot Drop ဖြစ်ရတဲ့အကြောင်းအရင်းက အများကြီးရှိပါတယ်။အဓိကအားဖြင့်ကတော့ ခြေကျင်းဝတ်ကိုကော့ပေးတဲ့ကြွက်သားတွေ (Ankle dorsiflexors) ထိခိုက်မိတာ ဒါမှမဟုတ်ရင် အားနည်းတာ၊ ခြေချင်းဝတ်ကြွက်သားတွေကို ထောက်ပံ့ပေးတဲ့အာရုံကြောတွေ (Peroneal Nerve, Tibial Nerve...) ပြတ်တောက်တာ၊ အားနည်းတာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။
ဒါ့အပြင်အမျိုးမျိုးသောထိခိုက်ဒဏ်ရာများကြောင့်လည်း foot drop ရတတ်ပါတယ်။

🐾အထူးသဖြင့် Peroneal Nerve လို့ခေါ်တဲ့ခြေထောက်မှာရှိတဲ့အာရုံကြော ထိခိုက်/ပြတ်တောက်တာကြောင့် Foot Drop ပိုပြီးဖြစ်စေနိုင်ပါတယ်။

🐾Foot drop ကိုဖြစ်စေတဲ့အကြောင်းအရင်းအမျိုးမျိုးထဲမှာ
- ခြေချင်းဝတ်ကော့တဲ့ကြွက်သားတွေ ankle dorsiflexors တွေကိုထိခိုက်မိခြင်းသို့မဟုတ်ပြတ်ထွက်ခြင်းတို့ကြောင့်လည်းကောင်း၊

- ခါးအာရုံကြော ညပ်ခြင်း၊ ခါးဆစ်ပြား ကျွံခြင်း၊ ခါးဆစ်ရိုး ချော်ခြင်း၊ အသက်အရွယ်အရ ခါးဆစ်ရိုးပျက်စီးလာခြင်း နှင့် ခါးရိုးခွဲစိတ်ပြီး လူနာများတွင်လည်းကောင်း၊

- ဒူးဆစ် သို့မဟုတ် ပေါင်ရိုး အစားထိုးခွဲစိတ်ကုသထားသော လူနာများတွင်လည်းကောင်း၊

- ခြေထောက်အရိုးကျိူးထားသော လူနာများတွင် လည်းကောင်း၊

- လေဖြတ်ထားသောလူနာများ၊ ကာလကြာရှည်စွာ အိပ်ယာမှ မထနိုင်သောလူနာများ၊ ခြေထောက်ကြွက်သားအားနည်း‌သော လူနာများ တွင်လည်းကောင်း၊

- တစ်ခါတစ်ရံတွင် ရောဂါပိုးဝင်လို့သော်လည်း ကောင်း၊ မွေးရာပါရောဂါကြောင့် သော်လည်း ကောင်း ဖြစ်တတ်ကြပြီး၊

- အချိူ့တွင်လည်း အကြောင်းအရင်းမရှိပဲ ဖြစ်တတ်ကြပါတယ်။

🐾Foot Drop ဖြစ်နေမှန်းဘယ်လိုသိနိုင်မလဲဆိုရင်
- လူနာက ခြေဖျား/ခြေကျင်းဝတ်ကို အပြည့်အဝ/လုံးဝမကော့နိုင်ခြင်း၊ပက်လက်အိပ်ယာပေါ်လှဲနေရင်လည်း ခြေဖျားက အောက်ကို စိုက်ကျနေခြင်း၊

- လမ်းလျှောက်ပုံ ပုံမှန်မဟုတ်ပဲ ခြေထောက်တရွတ်ဆွဲသွားခြင်း၊ ခြေထောက်ကို မ ပြီး / ဝိုက်ပြီး လျှောက်ရခြင်း၊

- ခြေထောက်တလျှောက် ထုံ/ကျဉ် မှူ ခံစားရခြင်း၊
လမ်းလျှောက်နေစဉ် ကိုယ်ဟန်ကိုယ်ထား မထိန်းနိုင်ခြင်း/ ထိန်းရန်ခက်ခြင်း၊

- မကြာခဏ ခလုတ်တိုက်ခြင်း/ လဲကျခြင်း၊

- ခြေထောက်ကြွက်သား၊ ပေါင်ကြွက်သား၊ တင်ပါးကြွက်သားများ သိမ်နေတတ်ခြင်း တို့ရှိတတ်ပါတယ်။

🐾Foot Drop ဖြစ်တဲ့အခါ ဖြစ်တဲ့နေရာ(ကြွက်သား/အာရုံကြော) ပေါ်မူတည်ပြီး၊ ဘယ်လောက် ထိခိုက်ပျက်စီးထားလဲဆိုတာကို သေချာစစ်ဆေးမှသာ ပြန်ကောင်းဖို့ အချိန်မကြာမှာ ဖြစ်ပါတယ်။

🐾Foot Drop ကို ပြန်ကောင်းဖို့ဆိုရင် Physiotherapy လေ့ကျင့်ခန်းတွေ၊ စက်ပစ္စည်းတွေနဲ့ စိတ်ရှည်ရှည်ထားပြီး အချိန်ယူကုသဖို့လဲ အရေးကြီးပါတယ်။ အဲ့တာမှသာ recovery ကောင်းကောင်းရမှာ ဖြစ်ပါတယ်။

⚠️အကယ်၍ မိမိရဲ့လူနာက Foot Drop ဖြစ်နေမှန်း သေချာမသိဘူးဆိုရင်တော့ နီးစပ်ရာ ‌အကြောအဆစ်ဆရာဝန်/ပညာရှင်နဲ့ ဆွေးနွေးနိုင်ပင်သင့်ပါတယ်။

ဒါဆိုရင်တော့ ကျွန်မရဲ့ Physio ပရိတ်သတ်ကြီးလဲ Foot Drop အကြောင်းကို အနည်းငယ်မျှဖြစ်ဖြစ် ဗဟုသုတရမယ်လို့ မျှော်လင့်ပါတယ်ရှင်။

အကြောအဆစ်ရောဂါများနှင့်ပတ်သက်၍ တိုင်ပင် ဆွေး နွေးလိုပါက Ultimate Physiotherapy Myanmar ရဲ့ page messenger တွင်လာ ရောက် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မေးမြန်းနိုင်ပါတယ်ရှင်။

အားလုံးပဲ ဘေးအန္တရာယ်ကင်းဝေးပြီး ကျန်းမာကြပါစေရှင်🙏🩷
Shwe Hnin Yi Kyaw
(Physiotherapist)

25/06/2025

Hello အားလုံးပဲ မင်္ဂလာပါရှင်။
Ultimate Physiotherapy Myanmar ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။

လတ်တလောမှာကျွန်မရဲ့ ကျန်းမာရေးအခြေအနေကြောင့် page ကို ခဏပစ်ထားခဲ့ရပါတယ်။
အဲ့တာကြောင့် messenger မှာစာပို့ထားတာတွေကို ကျွန်မ မဖတ်မိ၊ ပြန်မပြောမိခဲ့ရင် အများကြီးတောင်းပန်ပါတယ်လို့ ပြောပါရစေရှင်။
အခုတော့ ကျွန်မရဲ့ကျန်းမာရေးလည်း ပြန်ကောင်းလာပြီမို့လို့ အရင်ကလို Physio နဲ့ပတ်သက်တဲ့ knowledge sharing လေးတွေပြန်လုပ်ရင်း online consultation ကိုလည်းပြန်လုပ်နိုင်ပါပြီဖြစ်ကြောင်း ပြောချင်ပါတယ်ရှင့်။

အားလုံးပဲ ရောဂါဘယကင်းဝေးပြီး ကျန်းမာကြပါစေရှင်။
Shwe Hnin Yi Kyaw
(Physiotherapist)

11/08/2024

𝙋𝙧𝙚𝙥𝙖𝙧𝙞𝙣𝙜 𝙁𝙤𝙧 𝙆𝙣𝙚𝙚 𝙍𝙚𝙥𝙡𝙖𝙘𝙚𝙢𝙚𝙣𝙩 𝙎𝙪𝙧𝙜𝙚𝙧𝙮
ဒူးအစားထိုးခွဲစိတ်ကုသမှုလုပ်မယ်ဆိုရင် ဘာတွေ ပြင်ဆင်ထားသင့်လဲ?

SHWE HNIN YI KYAW
( )

02/04/2024

ဆေးခန်းဘယ်မှာ ဖွင့်ထားတာလဲ?
အပြင်မှာ ဆေးခန်းလာပြလို့ရလား?
‌Home visit service ရှိလား? ဆိုပြီး မေးထားတဲ့သူလေးတွေအတွက် ဖြေပေးထားပါတယ်ရှင်❤️

23/03/2024

Caring Tips for Stroke Patients
လေဖြတ်ထားတဲ့လူနာတွေကိုဘယ်လိုပြုစု စောင့်ရှောက်ပေးရမလဲ)

အောက်ကတော့ ကျွန်မအရင်ကတင်ပေးခဲ့ဖူးတဲ့ video links တွေပါ

Stroke Part -1
https://www.facebook.com/share/v/jUqzhWtHLukbJyq7/?mibextid=oFDknk

Stroke Part -2
https://www.facebook.com/share/v/VEsLbB6EJvYMiAFz/?mibextid=oFDknk

အားလုံးပဲ မင်္ဂလာပါရှင်Ultimate Physiotherapy Myanmar မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျွန်မတို့ရဲ့ followers တွေထဲမှာ လေဖြတ...
17/03/2024

အားလုံးပဲ မင်္ဂလာပါရှင်
Ultimate Physiotherapy Myanmar မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။

ကျွန်မတို့ရဲ့ followers တွေထဲမှာ လေဖြတ်တဲ့လူနာတွေ၊ မိသားစုဝင်တွေကိုပြုစုပေးနေရတဲ့သူလေးတွေရှိပါသလားရှင်၊

အဲ့တာဆိုရင်တော့ ကွန်မနောက်နေ့တင်ပေးမယ့် video ထဲမှာ Stroke patients တွေကို ဘယ်လိုပြုစုပေးရမလဲ၊ ဘယ်လိုအနေအထားလေးတွေထားရမလဲ ဆိုတာလေးကို ပြောပြပေးမှာမို့ စောင့်‌ကြည့်ပေးပါဦးနော်♥️

တခြားသိချင်တဲ့အကြောင်းအရာလေးတွေ၊ ဆွေးနွေးချင်တာလေးတွေရှိရင်လည်း page messenger မှာ လာရောက်ဆွေးနွေးနိုင်ပါတယ်ရှင်။

18/10/2023

Admin တစ်ခုလောက် သတိပေးချင်လို့ပါရှင်

Admin တို့တင်ထားတဲ့ပိုစ့်တွေရဲ့အောက်မှာ
ကျွန်တော်၊ကျွန်မတို့က ဘယ်ဆေးကိုသောက်လိုက်တာ ရောဂါပျောက်သွားပါတယ်၊ သက်သာသွားပါတယ်ဆိုတာမျိူး ကျေးဇူးပြု၍ မ‌ရေးစေချင်ပါဘူးရှင်။

ဆေးဝါးဆိုတာ လူတစ်ယောက်နဲ့တစ်ယောက် ခန္ဓာကိုယ် ကိုယ်ခံအား၊ တုံ့ပြန်အားတို့အပေါ် မူတည်ပြီး ဆေးရဲ့ ကောင်းကျိူး၊‌ဆိုးကျိူး ကွဲသွားပါတယ်။

အဲ့တာကြောင့် ကိုယ်က ဒီဆေးကိုသောက်လို့အဆင်ပြေတယ်ဆိုပေမယ့်၊ အခြားသူအတွက် အဆင်မပြေတာမျိူးလည်းရှိနိုင်ပါတယ်။

အဲ့တာကြောင့် မိမိအနေနဲ့ ကိုယ်ကစေတနာနဲ့ပြောပြပေးပေမယ့် သူများကိုမတော်တဆ ထိခိုက်သွားတာမျိုးလည်း မဖြစ်ရအောင် ဆေး‌တွေကို မညွှန်းပေးကြပါနဲ့လို့ မေတ္တာရပ်ခံချင်ပါတယ်ရှင်။

လူနာများအနေဖြင့်လည်း သက်ဆိုင်ရာနယ်ပယ်မှာ တတ်ကျွမ်းတဲ့ဆရာဝန်/ ပညာရှင်များနှင့်သာ တိုင်ပင်ပြီး ကုသမှုခံယူစေချင်ပါတယ်ရှင်။

အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်

02/10/2023


အားလုံးပဲ မင်္ဂလာပါရှင်
Ultimate Physiotherapy Myanmar မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်💕

ဒီနေ့မှာတော့ အဆုတ်နှင့်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာများကို ကုသရာမှာအရေးကြီးတဲ့ Chest Physiotherapy (Respiratory Physiotherapy) အကြောင်းကို ဝေမျှပေးမှာဖြစ်ပါတယ်။

Chest Physiotherapy လို့ပြောရင် အတော်များများက အသက်ရှူလေ့ကျင့်ခန်းကိုပဲ တွေးတတ်ကြပါတယ်။
တကယ်တော့ Chest Physiotherapy မှာ အသက်ရှူလေ့ကျင့်ခန်းအပြင်၊ အဆုတ်နှင့်အသက်ရှူလမ်းကြောင်းကို ပြန်လည်ကောင်းမွန်အောင် လေ့ကျင့်ပေးနိုင်တဲ့ နည်းလမ်းအမျိူးမျိူးရှိပါသေးတယ်။

☘️ဘယ်လိုနည်းလမ်းတွေနဲ့ အဆုတ်နှင့်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကို သက်သာအောင်ကုသနိုင်မလဲ?
☘️ဘယ်လိုလူတွေအတွက် Chest Physiotherapy ကိုလိုအပ်သလဲ?
☘️Chest Physiotherapy နှင့်ကုသခြင်းဖြင့် ဘယ်လိုအကျိူးကျေးဇူးတွေရနိုင်မလဲ? ဆိုတာတွေကို တော့ Video ထဲမှာ ပြောပြပေးထားပါတယ်ရှင်။

Chest Physiotherapy နှင့်ပတ်သက်ပြီး ဆွေးနွေးကုသလိုပါက Page messenger တွင် လာရောက်မေးမြန်းနိုင်ပါတယ်ရှင်။

အားလုံးပဲ ကျန်းမာ ပျော်ရွှင်ကြပါစေရှင်🥰

ဒေါ်ရွှေနှင်းရည်ကျော်
အကြောအဆင်နှင့်ပြန်လည်သန်စွမ်းရေးပညာရှင် (Physiotherapist)

Address

Mandalay
4802

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959797453665

Website

Alerts

Be the first to know and let us send you an email when 𝙐𝙡𝙩𝙞𝙢𝙖𝙩𝙚 𝙋𝙝𝙮𝙨𝙞𝙤𝙩𝙝𝙚𝙧𝙖𝙥𝙮 𝙈𝙮𝙖𝙣𝙢𝙖𝙧 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to 𝙐𝙡𝙩𝙞𝙢𝙖𝙩𝙚 𝙋𝙝𝙮𝙨𝙞𝙤𝙩𝙝𝙚𝙧𝙖𝙥𝙮 𝙈𝙮𝙖𝙣𝙢𝙖𝙧:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram