23/11/2022
🍯 ဆီးချိုရောဂါကို သတိမထားမိလို့ မဆင်ခြင်မိရင် ဘဝတလျှောက်လုံးမှာ အနှောက်အယှက်ဖြစ်ရတတ်ပါတယ် ❗❗
🍯 ၂၀၂၁ ခုနှစ်အတွင်းမှာ ဆီးချိုရောဂါရှိသူ (၅၃၇)သန်း ရှိပါတယ်၊ တဖြေးဖြေးတိုးလာနေပါတယ်
🍯 ၂၀၂၁ ခုနှစ်အတွင်းမှာပဲ ဆေးချိုရောဂါကြောင့် သေဆုံးသူ (၆.၇)သန်း ရှိခဲ့ပါတယ်
🍯 ရောဂါရှိသူတွေရဲ့ တဝက်လောက်က ကိုယ့်ဟာကို ဆီးချိုဖြစ်လို့ဖြစ်နေမှန်း မသိကြပါဘူး 🥺၊ တခြားရောဂါတွေဖြစ်တဲ့အချိန်/ နောက်ဆက်တွဲပြဿနာတွေ ဖြစ်တဲ့အချိန်မှ စစ်ကြည့်လိုက်ရင် ဆီးချိုတက်နေကြောင်း တွေ့ရတာတွေ ရှိပါတယ်
⚠️ အဲ့ဒါကြောင့် ဆီချိုရောဂါအကြောင်း သိထားပြီး ဂရုစိုက်တတ်ဖို့ လိုပါတယ် ⚠️
🍯 #ဆီးချိုရောဂါ ဆိုတာ
▪️စားလိုက်တဲ့အစာကရတဲ့ အချိုဓာတ်(ဂလူးကို့စ်)တွေကို သွေးထဲကနေ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာရှိတဲ့ ဆဲလ်တွေထဲရောက်အောင် #အင်ဆူလင်ဟော်မုန်း က ပို့ပေးရပါတယ်၊ အဲ့ဒါမှ ခန္ဓာကိုယ်အစိတ်အပိုင်းတွေက သူ့အလုပ်သူ လုပ်နိုင်မှာဖြစ်ပါတယ်
▪️အဲ့ဒီ အင်ဆူလင်ကို အစာအိမ်ဘေးမှာရှိတဲ့ ပန်ကရိယဂလန်း ကနေ ထုတ်ပေးပါတယ်
▪️အကြောင်းအမျိုးမျိုးကြောင့် အင်ဆူလင်အထွက်နည်းသွားရင် (သို့) အင်ဆူလင်က သူ့အလုပ်သူ ကောင်းကောင်းမလုပ်နိုင်တော့ရင် သွေးထဲမှာ အချိုဓာတ်တွေ များနေတတ်ပါတယ်၊ အဲ့ဒါကို ဆီးချိုရောဂါလို့ ခေါ်ပါတယ် ❗❗
🍯 #ဆီးချိုရောဂါအမျိုးအစားတွေ
💠 ဆီးချိုပုံစံ(၁)
▪️ကလေး/ ဆယ်ကျော်သက်အရွယ်ကတည်းက စဖြစ်တတ်တဲ့ အမျိုးအစားဖြစ်ပါတယ်
▪️ခန္ဓာကိုယ်ထဲမှာရှိတဲ့ ခုခံအားစနစ်က ပန်ကရိယကို သွားတိုက်ခိုက်မိတဲ့အခါ အင်ဆူလင်မထုတ်နိုင်တော့တာကြောင့် သွေးထဲမှာ အချိုဓာတ်တွေများလာတာ ဖြစ်ပါတယ်
💠 ဆီးချိုပုံစံ(၂)
▪️ဆီးချိုရောဂါရှိသူအားလုံးရဲ့ (၉၀%-၉၅%) လောက်က ဒီပုံစံ(၂)အမျိုးအစား ဖြစ်ပါတယ်
▪️အရင်က လူကြီးအရွယ်မှာပဲ အဖြစ်များပေမယ့် အခုနောက်ပိုင်း လူငယ်ပိုင်းရော ကလေးတွေမှာပါ ဖြစ်လာတာ တွေ့ရပါတယ်
▪️အဓိကအကြောင်းအရင်းကတော့ ရှိရမဲ့ ကိုယ်အလေးချိန်ထက် များတဲ့သူ၊ ဆီးချိုမျိုးရိုးရှိတဲ့သူ၊ အလှုပ်အရှားနည်းသူ၊ အချိုတွေ ကာဗွန်ဟိုက်ဒရိုက် ကစီဓာတ် အစားများသူတွေမှာ ပိုဖြစ်တတ်ပါတယ်
💠 ကိုယ်ဝန်သည်ဆီးချို
▪️ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ ၂%-၁၀% လောက်မှာ တွေ့ရတတ်ပါတယ်
▪️ကိုယ်ဝန်ဆောင်မှာ ဆီးချိုဖြစ်တဲ့ အမျိုးသမီး ၁၀% လောက်က နောက်ပိုင်းမှာ ဆီးချိုပုံစံ(၂) ဆက်ဖြစ်သွားတတ်ပါတယ်
▪️သွေးတွင်းအချိုဓာတ်ကို မထိန်းနိုင်ရင် မွေးကင်းစကလေးက ပုံမှန်ထက် ကြီးနေတာ၊ အသက်ရှူရခက်တာနဲ့ ကလေးမှာ ဆီးချိုရောဂါ ရှိသွားတာတွေ ဖြစ်တတ်ပါတယ်
💠 ဆီးချိုအကြိုအဆင့်
▪️သွေးတွင်းအချိုဓာတ်က ရှိသင့်တဲ့ပမာဏထက်များနေပေမယ့် ဆီးချိုရောဂါသည်လောက်တော့ မများသေးတဲ့ အဆင့်ဖြစ်ပါတယ်
▪️ဆီးချိုအကြိုအဆင့်ရှိနေသူတွေက ကိုယ်အလေးချိန်၊ အစားအသောက်၊ အနေအထိုင် မဆင်ခြင်ရင် နောက်ပိုင်းမှာ ဆီးချိုပုံစံ(၂)ဖြစ်သွားဖို့ များပါတယ်
🍯 ဆီးချိုမထိန်းနိုင်ရင် ရေရှည်မှာ #နောက်ဆက်တွဲပြဿနာ ဘာတွေဖြစ်နိုင်လဲ❓❓
🔺မျက်စိကိုထိရင် မျက်စိကွယ်တာ
🔺ခြေထောက်မှာ အနာဖြစ်တာတို့၊ ခြေချောင်းတွေ ပုပ်တာတို့၊ ခြေထောက်ဖြတ်လိုက်ရတာ
🔺သွေးကြောတွေကိုထိခိုက်ရင် နှလုံးရောဂါတွေနဲ့ လေဖြတ်တာ
🔺ကျောက်ကပ်ပျက်စီးတာ
🔺အာရုံကြောတွေကို ထိခိုက်ရင် ခြေတွေ လက်တွေမှာ ထုံတာ ကျဉ်တာ နာတာတွေကို မသိတော့တာ၊ လှုပ်ရှားမှုခက်ခဲတာ
🔺သွားဖုံး၊ ဆီးလမ်းကြောင်း၊ အမျိုးသမီးအင်္ဂါ၊ အရေးပြားနဲ့ ခြေထောက်တွေမှာ ဘက်တီးရီးယားရောဂါပိုး ကူးစက်မှုတွေ ပိုဖြစ်တာ
🔺အမျိုးသားတွေမှာ လိင်စွမ်းဆောင်နိုင်မှု လျော့နည်းလာတာတွေ ဖြစ်တတ်ပါတယ်
🚨 ဆီးချိုရောဂါရှိခဲ့ရင် နောက်ဆက်တွဲပြဿနာမဖြစ်အောင် ထိန်းထားလို့ရနိုင်ပေမယ့်၊ အစားအသောက်၊ အနေအထိုင် အတော်ဆင်ခြင်ရတာမလို့ မလွယ်ပါဘူး၊ လက်ရှိမှာ လုံးဝပျောက်သွားအောင် ကုသလို့တော့ မရပါဘူး ❎❎
အဲ့ဒါကြောင့် ဆီးချိုရောဂါကို သတိနဲ့ ကြိုကြိုတင်တင် ကာကွယ်တတ်ဖို့လိုပါတယ် ✅✅
(🔰 ဆီးချိုလက္ခဏာတွေက ဘာတွေလဲ၊ ဘယ်လိုစစ်လို့ရလဲ၊ နောက်ဆက်တွဲ ပြဿနာတွေကို ဘယ်လိုကာကွယ်သင့်သလဲဆိုတာ နောက်ပို့စ်မှာ ဆက်မျှဝေပေးပါမယ်)
#မကူးစက်ရောဂါ
𝓑𝓮 𝓗𝓮𝓪𝓵𝓽𝓱𝔂, 𝓑𝓮 𝓗𝓪𝓹𝓹𝔂
By, Dr.A
မူရင်းရေးသားသူ page 👇
https://www.facebook.com/medicalwn?mibextid=LQQJ4d