DERMiX Skin Clinic

DERMiX  Skin Clinic Healthy skin is a reflection of overall wellness .

ခုခေတ်စားနေတဲ့ skincare ingredient တခုဖြစ်တဲ့ PDRN 🧬🧬ရေပန်းစားတာကြာပြီဖြစ်တဲ့ ခုထိလည်း နာမည်ကြီးနေဆဲ rejuran skin booste...
31/12/2025

ခုခေတ်စားနေတဲ့ skincare ingredient တခုဖြစ်တဲ့ PDRN 🧬🧬

ရေပန်းစားတာကြာပြီဖြစ်တဲ့ ခုထိလည်း နာမည်ကြီးနေဆဲ rejuran skin boosterတွမှာပါတဲ့ PN🧬🧬

သိတဲ့လူလည်းသိပြီးသားဖြစ်မှာဆိုပေမယ့် ဘာလို့repairအတွက်ကောင်းတာလဲ ⁉️

အလှအပရေးရာ အတွက်ပဲလား⁉️

ဘာလို့salmonငါးဆီကDNAကိုယူတာလဲ⁉️ဆိုတာလေး ပုံမှာအသေးစိတ် ရှင်းပြထားပါတယ်

သူ့ရဲ့အလုပ်လုပ်ပုံကတော့…

✅ဒီပစ္စည်းတွေက အရေပြားထဲမှာ fibroblasts လို့ခေါ်တဲ့ collagen ထုတ်ပေးတဲ့cellsတွေကို သွားပြီးဆွလို့ ကော်လဂျင်တွေထုတ်တယ်
Cell turnover ကိုမြန်စေတယ်

✅ခန္ဓာကိုယ်မှာ တခုခုရောင်ရမ်း နာမကျန်းရင်ထွက်တဲ့inflammatory mediatorsတွေကိုတားပေးလို့ရောင်ရမ်းတာကျစေပါတယ်
ဝက်ခြံအနီစက်သမားတွေ တင်းတိပ်သမားတွေဆိုလဲ ဆံခြည်မျှင်သွေးကြောတွေရောင်နေဖောင်းနေတာလေးတွေပါသက်သာစေလို့ skinမှာရှုပ်ထွေးနေတဲ့ အရောင်တွေ လျော့ကျသွားစေပါတယ်

✅ သွေးကြောအသစ်သေးသေးလေးတွေဖြစ်စေပြီးသွေးလည်ပတ်မှုကောင်းစေပါတယ် အဲ့တော့ပြုပြင်တဲ့လုပ်ငန်းဆောင်တာတွေလည်းမြန်ပြီပေါ့

✅Antioxidant actionရှိလို့ cellular aging ကိုကာကွယ်ပေးပါတယ်

🌟🌟ဘာလို့စျေးကြီးလဲဆိုရင်Salmonတွေကို အရမ်းကောင်းမွန်သော ညစ်ညမ်းမှုကင်းသော သန့်စင်သောနေရာမှာမွေးထားပြီး DNA ထုတ်ယူတဲ့အခါလည်း ခန္ဓာကိုယ်ထဲ ထည့်လို့ရတဲ့အထိ purifyဖြစ်အောင် research အထပ်ထပ်လုပ်ပြီး lab ထဲမှာထုတ်ယူထားရလို့ပါ။

🌟🌟သူကချက်ချင်း ဟပ်ချလောင်းဆို အာနိသင်ပြမယ့်product တော့မဟုတ်ပါဘူး ၄-၆ပတ်အကြာမှ သိသာလာမှာပါ အတွင်းထိပြုပြင်တာဆိုတော့ကြာလေသိသာလေ
Investလုပ်ရတာတန်တဲ့ treatment ထဲမှာပါပါတယ်

Dr Phyu Pyar Ko
Dermix Skin Clinic

လမ်း၆၀ ၃၁ ၃၂ကြား အောင်မြန်မာလျှပ်စစ်နဲ့မျက်နှာချင်ဆိုင် အခန်းအမှတ်A8
09 940 182 800
မနက်၁၀-ညနေ၆
တနင်္လာနေ့တိုင်းဆေးခန်းပိတ်သည်။

2026 မှာ Dermix ကBiostimulators အပြင်တခြားtreatment အသစ်တွေထပ်တိုးထားပါတယ် Skin boosterလေး၂မျိုးကို အသစ်မိတ်ဆက်တဲ့အနေနဲ့...
29/12/2025

2026 မှာ Dermix ကBiostimulators အပြင်တခြားtreatment အသစ်တွေထပ်တိုးထားပါတယ် Skin boosterလေး၂မျိုးကို အသစ်မိတ်ဆက်တဲ့အနေနဲ့30%offထားပါတယ်နော် 🚨🚨🚨

🌟၂မျိုးစလုံးက polynucleotide ပါလို့DNA levelထိပြုပြင်ပေးတယ်

🌟HA ပါလို့plumping and hydrating effectကိုရစေပါတယ်

🌟ပုံတပုံချင်းစီအောက်မှာ မတူတဲ့ပါဝင်ပစ္စည်းနဲ့ အာနိသင်လေးတွေ ရှင်းပြထားပါတယ်

🌟🌟အမဲစက်နဲ့anti aging ဘက်သွားချင်ရင်140Hpnကိုရွေးပါ
ဝက်ခြံအမာရွတ် အနီစက်နဲ့ barrier repair အတွက်ဆိုရင်တော့Exo PN ကိုရွေးပါလို့

🌟🌟🌟Dermix ရဲ့mottoအတိုင်း healthy skin ကမှအရောင်ပြန်နိုင်glow နိုင်တာပါ Healthy skin barrier လေးရဖို့ skin booster လေးတွေinvestလုပ်ကြစို့နော်😍

Dermix
Healthy skin reflects.
60,31*32 Mdy.
09940182800

✅မျက်နှာက mono thread ကြိုးသေးထိုးလိုက်သလို skin လဲကောင်းချင်တယ် ✅ကြိုးကြိုးထိုးသလိုလဲပင့်တင်တဲ့effectပါရမယ် ✅fillerဖြည်...
28/12/2025

✅မျက်နှာက mono thread ကြိုးသေးထိုးလိုက်သလို skin လဲကောင်းချင်တယ်
✅ကြိုးကြိုးထိုးသလိုလဲပင့်တင်တဲ့effectပါရမယ်
✅fillerဖြည့်သလိုvolume လဲတက်လာချင်တယ် ဒါပေမယ့်မသိသာချင်ဘူး
✅result ကလဲကြာရှည်ခံရမယ်

ဒီအချက်တွေအားလုံးပြည့်စုံဖို့ဆို Biostimulators ကိုရွေးလို့ရပါတယ်

ခန္ဓာကိုယ်ရဲ့ collagen ထုတ်လုပ်မှု elastin ထုတ်လုပ်မှုတွေကိုအားပေးတာကြောင့် အသားအရေတိုးတက်လာမှုတွေကိုမြင်ရမှာဖြစ်ပါတယ်

ဒီeffect က၂နှစ်လောက်ခံပါတယ် လုပ်ပြီးချက်ချင်းကြီးသိသာတာမဟုတ်ဘဲ ဖြည်းဖြည်းချင်း ပိုပို သိသာလာတာမျိုးပါ

ပြီးတော့ ဝက်ခြံအချိုင့်တွေtexture တိုးတက်လာတာတွေဟာ result ကုန်သွားတဲ့အခါ ပြယ်မသွားပဲ collagen ထုတ်လုပ်ဖို့အားပေးတာပဲရပ်သွားမှာဖြစ်ပါတယ်

သူက ပြုပြင်တဲ့ ဘက်က်ို ပိုသွားတာမို့လို့ပါ

မျက်နှာသာမက agingကို အရင်ဦးဆုံးပြတတ်တဲ့
✅လည်ပင်းအရေးအကြောင်း
✅လက်ဖမိုး စတဲ့နေရာတွေအပြင်
✅Celluliteနဲ့အကြောပြတ်ရာတွေ အတွက်လည်းသုံးနိုင်ပါတယ်

စျေးနှုန်းအမျိုးမျိုး chemical အမျိုးမျိုး ရှိတဲ့အထဲ Dermix မှာရနိုင်တာတွေက
PDO powder နဲ့ PLA+Hyaluronic acid ပါဝင်တဲ့Polydio,Plaxha နဲ့ Juvelookစတဲ့Korea brand တွေပါ

ကိုယ်ကskinကောင်းတဲ့ဘက်ကိုပိုသွားချင်တာလား
အရေးအကြောင်းသက်သာတာ ပင့်တင်တဲ့effectနဲ့ volume တက်လာတာကိုလိုချင်တာလားပေါ်မူတည်ပြီး skin boosterလား volume လားဆိုပြီး ရွေးချယ်လို့ရပါတယ်

ပုံမှန်skin booster တွေ fillerတွေထက်စျေးပိုများပေမယ့်result ကလည်း ပိုသိသိသာသာမြင်ရတာမို့ လူကြိုက်များလာတဲ့ရွေးချယ်မှုတခုပါ

အန္တရာယ်ကင်းစွာလှပနိုင်ဖို့ ဆရာဝန် ကိုယ်တိုင်ကုသတဲ့ clinicတွေကိုပဲရွေးချယ်ပါနော်💕💕💕💕

Dermix Skin Clinic

လမ်း၆၀ ၃၁ ၃၂ကြား
09 940 182 800

09940182800

In stock 💕
27/12/2025

In stock 💕

ဇရာကို အစွမ်းကုန် အံတုမဲ့ သက်​စောင့်​ဆေး - 𝐂𝐮𝐭𝐚𝐌𝐞𝐝𝐢𝐜𝐚 𝐋𝐨𝐧𝐠𝐞𝐯𝐢𝐭𝐚-𝐍𝐮𝐭𝐫𝐢𝐜𝐚 💊

𝐂𝐮𝐭𝐚𝐌𝐞𝐝𝐢𝐜𝐚 က​နေ ထုတ်လုပ်ထားတဲ့ 𝐋𝐨𝐧𝐠𝐞𝐯𝐢𝐭𝐚-𝐍𝐮𝐭𝐫𝐢𝐜𝐚 ဟာ ရိုးရိုးအားဆေး​တွေနဲ့မတူဘဲ ခန္ဓာကိုယ်ရဲ့ ဆဲလ်​​တွေအထိ ပြုပြင်အားဖြည့်​ပေးနိုင်တဲ့ "သက်​စောင့်​ဆေး" လို့​​ ပြောလို့ရပါတယ် 📣

💁🏻‍♀️ဆဲလ်​တွေရဲ့ စွမ်း​ဆောင်ရည် ၊ စွမ်းအင်ထုတ်လုပ် မှု​နဲ့ အိုမင်းရင့်​ရော်ခြင်းတွေကို ​နှေး​ကွေး​စေဖို့ မရှိမဖြစ် လိုအပ်တဲ့ NAD+ ပမာဏကို မြှင့်တင်​ပေးမဲ့...

🌟NMN (Nicotinamide Mononucleotide)
🌟Resveratrol (Anti-aging Ingerdient) တို့လို အစွမ်းထက် ပါဝင်ပစ္စည်း​တွေရဲ့ အစွမ်း​ကြောင့်
𝐂𝐮𝐭𝐚𝐌𝐞𝐝𝐢𝐜𝐚 𝐋𝐨𝐧𝐠𝐞𝐯𝐢𝐭𝐚-𝐍𝐮𝐭𝐫𝐢𝐜𝐚 ကို ပုံမှန်​သောက်သုံး​ပေးမယ်ဆိုရင် ...

✅️ခန္ဓာကိုယ် သွက်လက်ဖျတ်လတ်ပြီး အားအင်အပြည့်နဲ့ သွားလာလှုပ်ရှားနိုင်လာမယ်

✅️ဦးနှောက်စွမ်းဆောင်ရည်ကိုလည်း တိုးမြင့်​စေတာ​
ကြောင့် မှတ်ဉာဏ်လျော့နည်းတာ​မျိုး​တွေကို ကြို တင်ကာကွယ်​ပေးနိုင်ပါတယ်

✅️ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ကင်ဆာရောဂါ​တွေကို ကြိုတင်ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်

​📣ဒီ​တော့ အသက်အရွယ်ကြီးရင့်လာတာကို စိုးရိမ်ပူပန်နေမဲ့အစား ကျန်းမာတက်ကြွစွာ နေထိုင်နိုင်ဖို့ သက်စောင့်ဆေးလို အစွမ်းထက်တဲ့ 𝐂𝐮𝐭𝐚𝐌𝐞𝐝𝐢𝐜𝐚 𝐋𝐨𝐧𝐠𝐞𝐯𝐢𝐭𝐚-𝐍𝐮𝐭𝐫𝐢𝐜𝐚 ကို ဒီ​နေ့ကစလို့ ​သောက်သုံးလိုက်ပါ 😍

📝Cutapro Myanmar ရဲ့ Products ​တွေအကြောင်းကို Website က​နေတဆင့် အ​သေးစိတ် ​လေ့လာနိုင်ပါတယ်

🌐Cuta Pro Myanmar Official Website Link - www.cutaproskinscience.com

📣Website က​နေတဆင့် အ​သေးစိတ် ​လေ့လာပြီး ပစ္စည်းမှာယူလိုပါက အောက်ပါဖုန်းနံပါတ်များကို တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်

📍𝐒𝐚𝐥𝐞 & 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 𝐃𝐞𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭

𝐒𝐚𝐥𝐞 𝐀𝐝𝐦𝐢𝐧 𝟏- 𝟎𝟗 𝟖𝟖𝟔𝟔𝟓𝟓𝟖𝟖𝟏
𝐒𝐚𝐥𝐞 𝐀𝐝𝐦𝐢𝐧 𝟐- 𝟎𝟗 𝟖𝟖𝟔𝟔𝟓𝟓𝟖𝟖𝟐
𝐒𝐚𝐥𝐞 𝐀𝐝𝐦𝐢𝐧 𝟑- 𝟎𝟗 𝟖𝟖𝟔𝟔𝟓𝟓𝟖𝟖𝟑
𝐒𝐚𝐥𝐞 𝐀𝐝𝐦𝐢𝐧 𝟒- 𝟎𝟗 𝟖𝟖𝟔𝟔𝟓𝟓𝟖𝟖𝟒
𝐒𝐚𝐥𝐞 𝐀𝐝𝐦𝐢𝐧 𝟓- 𝟎𝟗 𝟖𝟖𝟔𝟔𝟓𝟓𝟖𝟖𝟕
𝐒𝐚𝐥𝐞 𝐀𝐝𝐦𝐢𝐧 𝟔- 𝟎𝟗 𝟖𝟖𝟔𝟔𝟖𝟖𝟑𝟑𝟎



+

Christmas အတွက် Dermixရဲ့ ၃ရက်တာ sales 🥳🥳🥳Promotion period ကChristmas အကြို တရက်ကစ24,25,26တွေပါ အရမ်းအရမ်းတန်တာမို့လို့ ...
23/12/2025

Christmas အတွက် Dermixရဲ့ ၃ရက်တာ sales 🥳🥳🥳

Promotion period ကChristmas အကြို တရက်ကစ24,25,26တွေပါ

အရမ်းအရမ်းတန်တာမို့လို့ ကိုယ်လုပ်နေကျ treatment လေးတွေပါရင်ဝယ်ထားလိုက်တော့နော်

Year end sales မို့လို့ ဒါမျိုးနောက်တခါ ဒီလောက် ချဖို့ကြာဦးမှာမို့ Buy now or Cry laterပါလို့🥰🥰🥰

60,31*32
09 940 182 800

Dermixနဲ့လက်တွဲဖို့ ဝန်ထမ်းတွေခေါ်ယူနေပါတယ် 🌟🌟🌟‌RECEPTIONIST – FEMALE / LGBT(1post)✅ အသက် (18) နှစ်အထက်✅ တက္ကသိုလ် ၀င်တန...
22/12/2025

Dermixနဲ့လက်တွဲဖို့ ဝန်ထမ်းတွေခေါ်ယူနေပါတယ် 🌟🌟🌟

‌RECEPTIONIST – FEMALE / LGBT(1post)

✅ အသက် (18) နှစ်အထက်
✅ တက္ကသိုလ် ၀င်တန်း အောင်မြင်ပြီးသူ (သို့မဟုတ်)
အကြောင်းအမျိုးမျိုးကြောင့် ကျောင်းနားထားသူများလည်း လျှောက်ထားနိုင်သည်။
✅ ရုပ်ရည်အသင့်အတင့်ရှိပြီးစကားပြောချိုသာသူ ဖြစ်ရမည်။

NURSE AID – FEMALE (1post)

✅ အသက် (18) နှစ်အထက်
✅ တက္ကသိုလ် ၀င်တန်း အောင်မြင်ပြီးသူ (သို့မဟုတ်)
အကြောင်းအမျိုးမျိုးကြောင့် ကျောင်းနားထားသူများလည်း လျှောက်ထားနိုင်သည်။
✅ ရုပ်ရည်အသင့်အတင့်ရှိပြီးစကားပြောချိုသာသူ ဖြစ်ရမည်။
✅သွက်လက်ချက်ခြာပြီး skincare နဲ့ အလှအပရေးရာ ကိုစိတ်ဝင်စားသူဖြစ်ရမည်။

အကျိုးခံစားခွင့်များ
✨ Monday (off)
✨ Salary + ရက်မှန်ကြေး+ Bonus+ OT fees
✨ Working Hours - 9:30 AM to 6:00 PM

🚨🚨🚨အစမ်းခန့်၃လ ဖြစ်ပါတယ် အစမ်းခန့်သုံးလပြီးရင် လစာတိုးမည်ဖြစ်ပါသည်။

🚨🚨🚨နေစားငြိမ်းမဟုတ်ပါဘူးရှင့်

✅မျှော်မှန်းလစာနှင့်အတူ Viber No+95 9976014402ကိုCV formပေးပို့နိုင်ပါတယ်ရှင်။

Dermix
လမ်း၆၀ ၃၁ ၃၂ကြား အောင်မြန်မာလျှပ်စစ်နဲ့မျက်နှာချင်ဆိုင် အခန်းအမှတ်A8
09 940 182 800

Peeling သို့မဟုတ် ချေးချွတ်တယ်ပြောကြတဲ့ အပေါ်ယံအရေပြားကို chemical ဖြင့်ဖယ်ရှားခြင်း ကဘာတွေကောင်းလဲ ချွေးပေါက်ပိတ်လို့ဖြ...
21/12/2025

Peeling သို့မဟုတ် ချေးချွတ်တယ်ပြောကြတဲ့ အပေါ်ယံအရေပြားကို chemical ဖြင့်ဖယ်ရှားခြင်း ကဘာတွေကောင်းလဲ

ချွေးပေါက်ပိတ်လို့ဖြစ်တဲ့ ဆားဝက်ခြံ နဲ့ဝက်ခြံတွေ သက်သာသလို cell သေတွေကွာမကျနိုင်လို့ ထူနေမဲနေတဲ့နေရာတွေမှာ cell ဟောင်းတွေကွာစေပြီး အရေပြားလေး ညီညာစေပါတယ်

အရေပြားအပေါ်ယံကွာစေပြီး အရေပြားအောက်ကCollagen ထုတ်တဲ့cellsတွေကိုပါ လှုံ့ဆော်ပေးလို့ skin လေးကောင်းနေချင်တယ်
ဘာလုပ်ရင် အမြဲကောင်းပြီး အပ်နဲ့မထိုးလေဆာမပစ်ရဘဲ အဆင်ပြေနေမလဲဆိုတဲ့ သူတွေအတွက် အထူးသင့်တော်ပါတယ်

ဝက်ခြံတင်းတိပ်သမားတွေလဲ လိမ်းဆေးသောက်ဆေးတွေအပြင် အကူအနေနဲ့ လည်း အားကိုးလို့ရပါတယ် သူ့ချည်းပဲတော့မပျောက်ဖူးပေါ့နော်

Carbon laser peel ရော ရိုးရိုး peeling ရော Christmas sales လေးမှာ အလွန်တန်တဲ့စျေးလေးနဲ့ချဦးမှာမို့ pageလေးကိုစောင့်ကြည့်ပေးဦးနော်😘

60,31*32
Mdy
09 940 182 800

In stock 💕💕💕30 capsules 29000
21/12/2025

In stock 💕💕💕
30 capsules 29000

အဆီပို​တွေ​ကိုလောင်ကျွမ်း​စေမဲ့ Next Level Supplement - 𝐗𝐭𝐫𝐚𝐁𝐮𝐫𝐧 🔥

​💯အဆီကျ​ဆေး ဆို​ပေမဲ့ Side Effect ကင်းကင်းနဲ့ Dietary Supplement လို ​နေ့စဥ်စွဲ​သောက်လို့ရတဲ့
ဆေးဆိုရင် ... CutaCare က​နေ ထုတ်လုပ်ထားတဲ့ 𝐗𝐭𝐫𝐚𝐁𝐮𝐫𝐧 ကလွဲလို့ ဘာဖြစ်နိုင်ဦးမှာလဲ❓️

ခန္ဓာကိုယ်မှာ စွဲမြဲ​နေတဲ့ အဆီပို​ ၊ အဆီခဲတွေကို စွမ်း အင်အဖြစ် ​ပြောင်းလဲ​ပေးနိုင်တဲ့ ⚡Conjugated Linoleic Acid နဲ့ L-Carnitine တို့လို ပါဝင်ပစ္စည်းနှစ်မျိုးလုံး တစ်ပြိုင်တည်း ပါဝင်​နေတာ​ကြောင့် ... 𝐗𝐭𝐫𝐚𝐁𝐮𝐫𝐧 က အကျိုးအာနိသင်​ ၂ ဆရ​စေမဲ့ Supplement ဆိုရင်လည်း မမှားဘူး​ပေါ့ 💯

💊​သောက်ပြီးတဲ့အခါ အခြားဆေးတွေလို မအီမသာဖြစ်ပြီး ဘာမှ မစားချင်​တော့တာမျိုးမဟုတ်ဘဲ အစာစားချင်စိတ်ကို ခဏခဏမပေါ်လာ​အောင် ထိန်းချုပ်​ပေးနိုင်တာ​ကြောင့် မလိုအပ်ဘဲ အများကြီး စားမိတာမျိုး​တွေကို ​ရှောင်ရှားနိုင်မှာပါ ❌️

🔥 𝐗𝐭𝐫𝐚𝐁𝐮𝐫𝐧 ဟာ ခန္ဓာကိုယ်တွင်း အစိတ်အပိုင်းတွေကို ထိခိုက်စေမဲ့ "အဆီကျဆေး" လုံးဝမဟုတ်ဘဲ ဘေးကင်းစိတ်ချရပြီး ကိုယ်ခံအားကိုပါ တိုး​စေမဲ့ Next Level Fat Burner Dietary Supplement ဖြစ်တာမို့ ဘယ်သူမဆို ယုံကြည်စိတ်ချစွာ ​သောက်သုံးနိုင်ပါတယ်​နော် 😍

📝Cutapro Myanmar ရဲ့ Products ​တွေအကြောင်းကို Website က​နေတဆင့် အ​သေးစိတ် ​လေ့လာနိုင်ပါတယ်

🌐Cuta Pro Myanmar Official Website Link - www.cutaproskinscience.com

📣Website က​နေတဆင့် အ​သေးစိတ် ​လေ့လာပြီး ပစ္စည်းမှာယူလိုပါက အောက်ပါဖုန်းနံပါတ်များကို တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်

📍𝐒𝐚𝐥𝐞 & 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 𝐃𝐞𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭

𝐒𝐚𝐥𝐞 𝐀𝐝𝐦𝐢𝐧 𝟏- 𝟎𝟗 𝟖𝟖𝟔𝟔𝟓𝟓𝟖𝟖𝟏
𝐒𝐚𝐥𝐞 𝐀𝐝𝐦𝐢𝐧 𝟐- 𝟎𝟗 𝟖𝟖𝟔𝟔𝟓𝟓𝟖𝟖𝟐
𝐒𝐚𝐥𝐞 𝐀𝐝𝐦𝐢𝐧 𝟑- 𝟎𝟗 𝟖𝟖𝟔𝟔𝟓𝟓𝟖𝟖𝟑
𝐒𝐚𝐥𝐞 𝐀𝐝𝐦𝐢𝐧 𝟒- 𝟎𝟗 𝟖𝟖𝟔𝟔𝟓𝟓𝟖𝟖𝟒
𝐒𝐚𝐥𝐞 𝐀𝐝𝐦𝐢𝐧 𝟓- 𝟎𝟗 𝟖𝟖𝟔𝟔𝟓𝟓𝟖𝟖𝟕
𝐒𝐚𝐥𝐞 𝐀𝐝𝐦𝐢𝐧 𝟔- 𝟎𝟗 𝟖𝟖𝟔𝟔𝟖𝟖𝟑𝟑𝟎




လည်ကုတ်အစပ် နဲ့မုတ်ဆိတ် အစရှိတဲ့facial hairတွေ ရိတ်တတ်တဲ့ အမျိုးသားတွေ ဖြစ်တတ်တဲ့အခြေအနေတစ်ခုအကြောင်းပြောပြချင်ပါတယ်🧔🏻‍♂...
20/12/2025

လည်ကုတ်အစပ် နဲ့မုတ်ဆိတ် အစရှိတဲ့facial hairတွေ ရိတ်တတ်တဲ့ အမျိုးသားတွေ ဖြစ်တတ်တဲ့အခြေအနေတစ်ခုအကြောင်းပြောပြချင်ပါတယ်🧔🏻‍♂️👨‍🦰

🚨ဆိုင်မှာပဲညှပ်ညှပ် စက်နဲ့ ပဲညှပ်ညှပ် အိမ်မှာပဲshave လုပ်လုပ် တနေရာတည်းကိုခနခန ရိတ်တာ ကပ်ရိတ်တာမျိုးဖြစ်ရင် အရေပြားက မခံနိုင်ပါဘူး

🚨အဲ့ဒီအခါ ဝက်ခြံလိုမျိုးအဖုဖြစ်ပြီ မန်းသီးလို့ခေါ်ကြတဲ့ keloidအချပ်လိုက် အလုံးလိုက်ကျန်ခဲ့ပါတယ်

🚨Scarကျန်ပြီဆိုမှတော့ အဲ့နေရာ ဆံပင်မပေါက်တော့ပါဘူး

‼️ဝက်ခြံနဲ့တူပေမယ့် ဖြစ်ရတဲ့အကြောင်းအရင်းက မတူပါဘူး (ဝက်ခြံက ချွေးပေါက်ပိတ်တာကစပါတယ်)
သူကတော့ မွှေးကျွတ်နာမှာဖြစ်သလို ဆံပင်ရဲ့ အမြစ်အိတ်လေးတွေရောင်လို့ဖြစ်တာပါ
💡ကုသတဲ့ဆေးတွေကတော့တူပါတယ်

ပြီးတော့သူက နောက်မဖြစ်အောင်ကာကွယ်လို့ သတိထားလို့ရပါတယ်
✅ထက်တဲ့ razor တခါသုံး ကိုပဲသုံးပါ

✅တနေရာတည်းကို ခနခန မသွားပါနဲ့

✅တပတ်တည်းနဲ့အကြိမ်ရေများစွာ shavingမလုပ်ပါနဲ့

✅ဒဏ်ဖြစ်ရအောင်အထိ အားမသုံးပါနဲ့

✅ဒီတိုင်းရိတ်တာထက်shaving creamတွေ ဆပ်ပြာမြုပ်လေးတွေသုံးပါ။

✅After shaving မှာအစ်ိုဓါတ်ပေးတဲ့creamလေးတခုခုလိမ်းပါ

✅ဆိုင်မှာညှပ်ရင် ညှပ်ပေးတဲ့ဆရာကို ပြောပါ

✅တင်းကျပ်တဲ့ ဦးထုပ်/ကော်လာနဲ့တအားကပ်ပြီး ဖြစ်တဲ့နေရာကို ခဏတိုင်းပွတ်တိုက်နေမိတာမျိုးရှောင်ပါ

✅ဖြစ်တဲ့နေရာကို ထပ်ပြီးchemicalတွေမထိစေဖို့ hair gelတွေ pomadeတွေမထိအောင်ထားပါ

✅တော်တော်လေးဆိုးနေရင် သောက်ဆေးလိမ်းဆေးအတွက်ဆရာဝန်ပြပါ

Dr Phyu Pyar Ko
Dermix Skin Clinic

တင်းတိပ်ပျောက်ချင်လို့ကွမ်းရွက်ကပ်တာအဖြူကွက်ကြီးဖြစ်သွားလို့ဆိုတဲ့လူနာမမတယောက်ကြောင့်ကွမ်းရွက်အကြောင်း ရှာဖတ်ဖြစ်တယ်ပေါ့...
09/12/2025

တင်းတိပ်ပျောက်ချင်လို့ကွမ်းရွက်ကပ်တာအဖြူကွက်ကြီးဖြစ်သွားလို့ဆိုတဲ့လူနာမမတယောက်ကြောင့်ကွမ်းရွက်အကြောင်း ရှာဖတ်ဖြစ်တယ်ပေါ့နော်

ကွမ်းရွက်က traditional medicine အရမ်းတွင်ကျယ်တဲ့နိုင်ငံတွေမှာ တအားသုံးတယ်ပေါ့နော်

India မှာလဲ ချွဲကျေအောင်လို့ဆို ကွမ်းရွက်ကိုအပူပေးပြီး ရင်ဘတ်ကိုကပ်တဲ့ကလေးတွေမှာ အဖြူကွက်တွေဖြစ်လာတယ်တဲ့

ပုံမှန်အရောင်ပြန်ရဖို့လဲ နှစ်ချီကြာ ကုတဲ့လူကစိတ်မရှည်တော့တဲ့အထိ မသေချာမရေရာဘူးတဲ့လေ 🥲

မြန်မာပြည်မှာတော့ မျက်စိအတွက်ကောင်းတယ်ဆိုမျက်လုံးနားကပ်တာတွေရော အစုံ တွေ့ဖူးပါတယ်
သေချာလေ့လာကြည့်တော့ အရေပြားတောင်စားတာကွယ် မျက်လုံးနားကပ်တာတော့ အန္တရာယ်များပြီပေါ့

ကွမ်းရွက်မှာပါတဲ့phenol နဲ့ benzene derivatives တွေဟာ tyrosinase inhibitor action ရှိလို့အရောင်ဖျော့စေတာမှန်ပါတယ် ဒါပေမယ့် ပြင်းလွန်းတာကြောင့် ပုံမှန်အရောင်ထက်ဖြူသွားတယ်ပေါ့နော် ဒီလိုပဲအလွယ်ပြောရမှာပါ

✅တကယ်တမ်းစကပ်ပြီးကာစမှာ ပထမအဆင့် နည်းနည်းဖြူသွားပါသေးတယ် bleach လုပ်ပေးလိုက်သလိုအရောင်ကျွတ်တဲ့actionအရင်ရတာပေါ့နော် ဒီအဆင့်ကိုပဲမြင်ပြီးကပ်ကြတာပေါ့

✅ဒုတိယအဆင့်က ရောင်ရမ်းတာရဲ့နောက်ဆက်တွဲပိုမဲလာမယ်

✅နောက်ဆုံးအဆင့်က သမင်ဖြူလိုညှင်းလိုမျိုးဆင်
ဆင် အကွက်လိုက်ဖြူသွားပါတယ်

ငါတို့တော့ကွမ်းရွက်ကပ်ခဲ့တာပဲ ဖြူမသွားပါဘူးဆိုတဲ့လူတွေလည်းရှိပါလိမ့်မယ်

🖋️နေ လောင်ဒဏ်ဘယ်လောက်ခံရသလဲ
🖋️မျိုးရိုးအရ ဒဏ်ရာရရင် အဖြူကွက်ကျန်နိုင်ချေ ပိုရှိတဲ့လူ
🖋️ဘယ်လောက်ကြာကြာ စွဲပြီးသုံးသလဲ
🖋️ဘယ်လိုသုံးသလဲ (အပူပေးပြီးကပ်လား ဒီတိုင်းကပ်သလား ခဏလား တညလုံးကပ်အိပ်သလား)
ဒီအပေါ်တွေအများကြီးမူတည်ပါမယ်

💡တကယ်သေချာစဉ်းစားကြည့်ရင် သဘာဝအသီးအရွက်တွေဟာမကောင်းဘူးမဟုတ်ဘူးကောင်းပါတယ်

cosmetics တွေskincare တွေရဲ့ingredients တွေမှာ သဘာဝကရတာတွေအများကြီးရှိပါတယ်

၁၀၀% ဒီအရွက်ကြီးကိုတိုက်ရိုက်ကပ်လိုက်တာမျိုးတော့မဟုတ်ဖူးပေါ့
ပေါင်းခံရေ ကိုသုံးတာ ဒါမှမဟုတ် အဆင့်ဆင့်သန့်စင်ပြီး research တွေအထပ်ထပ်လုပ် လူအရေပြားပေါ်တင်လို့ရအောင်safeဖြစ်မှသုံးပါတယ်

ဘယ်လောက်%ပါသလဲအတိအကျသိရပါတယ်

‼️အသားအရေအတွက်အရမ်းကောင်းတယ် antioxidant ကြွယ်ဝပါတယ်ဆိုတဲ့အသီးတွေအရွက်တွေရှိရင် အရသာရှိတယ်ဆိုစားလိုက်ပါ😋😋

စားမရရင်တော့refinedလုပ်ပြီး သန့်စင်သော နူးညံ့သောအဆင့်ရောက်မှသာအရေပြားပေါ်တင်ပါ

‼️နောက်တခုက သဘာဝပစ္စည်းတွေမှာ သေချာတိကျတဲ့guidelines မရှိပါဘူး
ကျွန်မတို့တင်းတိပ်ကုတဲ့အခါ bleaching လုပ်တဲ့ဆေးတွေမသုံးဘူးလားဆိုရင်သုံးပါတယ်
ဒါပေမယ့် ဘယ်လောက်ပြင်းအားကိုဘယ်နှကြိမ်လိမ်းရမယ် ဘယ်နှလနေရင်တော့ဖြင့်ရပ်ရမယ် ဒါနဲ့မသက်သာရင် ဒီလိုလုပ်ဆိုတာမျိုးရှိပါတယ်
အမြဲစွဲသုံးလိုက်ကာမှပိုမဲသွားတာမျိုးလဲရှိတတ်တော့ လမ်းညွှန်ချက်အတိအကျရှိတဲ့ပစ္စည်းဆိုပေမယ့် အရမ်းဂရုစိုက်ရပါတယ်

‼️တကယ်လှချင်တယ်ဆိုရင် အသားအရေတွက်ကောင်းတဲ့အရွက်တွေ အသီးတွေ စားပဲစားပါမလိမ်းပါနဲ့

တင်းတိပ်ဆေးကို onlineမှာရောင်းလို့ သူငယ်ချင်းကညွှန်လို့ဆိုပြီး ကိုယ့်သဘောနဲ့ကိုယ်စွဲမလိမ်းပါနဲ့

ကိုယ့်ဘာကိုယ် လိမ်းချင်တယ်ဆို ဆရာဝန်ညွှန်းစာမလိုသောbrightening skincare ingredients တွေ ပဲ သုံးပါလို့…..
ဘာတွေလဲဆိုရင်
Kojic acid
Tranaxemic acid
Azelaic acid
Glycolic acid
Alpha arbutin
Vitamin C
Licorice root extract
Niacinamide
Retinoids

2026ရဲ့new year resolution ထဲမှာhealthy skin လေးရဖို့ဆိုပြီးပါနေရင် ၂၀၂၆မတိုင်ခင်ကတည်းကinvest လုပ်ထားလိုက်တော့နော်ကိုယ်ရ...
08/12/2025

2026ရဲ့new year resolution ထဲမှာhealthy skin လေးရဖို့ဆိုပြီးပါနေရင် ၂၀၂၆မတိုင်ခင်ကတည်းကinvest လုပ်ထားလိုက်တော့နော်

ကိုယ်ရဲ့ စကင်းကဘယ်လိုမျိုးလဲ ဘယ်လိုဖြစ်ချင်တာလဲ (အသားကြည်ချင်တာလား ၊ ချိုင့်ခွက်ပြည့်ချင်တာလား၊အသားအရည်တင်းရင်းချင်တာလား) ပေါ်မူတည်ပြီး သင့်တော်တဲ့treatment လေးဆွေးနွေးဖို့ Drနဲ့ လာရောက်တိုင်ပင်လို့ရပါပြီ

ဆရာဝန်ကိုယ်တိုင်treatment ပေးတာဖြစ်လို့ယုံကြည်စိတ်ချလို့ရပါတယ်

Address
----------
📍60th St, Bet 31st & 32nd St, Room No - A8, Mandalay.

Open hours
-------------
10:00 am - 06:00 pm
(We are closed every Monday)

For Booking
--------------
☎️ 09 940 182 800

Address

60, 31*32 Mdy
Mandalay

Opening Hours

Monday 10:00 - 17:00
Tuesday 10:00 - 17:00
Wednesday 10:00 - 17:00
Thursday 10:00 - 17:00
Saturday 10:00 - 17:00
Sunday 10:00 - 17:00

Telephone

+959940182800

Website

Alerts

Be the first to know and let us send you an email when DERMiX Skin Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to DERMiX Skin Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category