Sinocare Myanmar

Sinocare Myanmar The Leading Diabetes Digital Management Expert in the World(全球领先的糖尿病数字管理专家)
https://bhoneshweyimin.com

Sinocare Myanmar Page လေးကို 2017 September လမှာ စတင်တည်ထောင်ခဲ့ပါတယ်။ ဆီးချို၊ သွေးချိုဝေဒနာရှင်များအတွက် ကျန်းမာရေး အသိပညာ၊ ဗဟုသုတများအား ဝေဝေဆာဆာဖြင့် အများအကျိုးရှိအောင် ဝေမျှသွားမှာဖြစ်ပါတယ်ရှင့်။ စာပေများကို ရေးသားမျှဝေတဲ့နေရာမှာ ဆီးချိုသွေးချိုရောဂါအကြောင်းကို တကယ်နားလည်တတ်ကျွမ်းသော အထူးကုဆရာဝန်ကြီးများကိုယ်တိုင် ရေးသားထားသော၊ သတင်းအချက်အလက်များ တိကျမှန်ကန်သော စာများကိုသာ မူရင်းရေးသော စာရေး

ဆရာကို Credit ပေးပြီးတင်ပြသွားမှာဖြစ်ပါတယ်။
2017 November လဆန်းလောက်မှာတော့ Sinocare Myanmar ရဲ ့ Product ဖြစ်တဲ့ Safe-Accu Glucometer (ဆီးချိုသွေးချိုတိုင်းစက်) ကို စျေးကွက်အတွင်း စတင်ဖြန့်ချိပေးမှာ ဖြစ်ပါတယ်။
ဆီးချိုသွေးချိုတိုင်းစက်ထုတ်လုပ်ဖြန့်ချိမှုတွင် ကမ္ဘာ့နံပါတ် (၆) အဆင့်ရှိပြီး အာရှအကြီးမားဆုံးဖြစ်သော Sinocare Co-operation မှ တင်သွင်းထားသည့် ဆီးချိုသွေးချိုတိုင်းစက်ကို " ဘုန်းရွှေရည်မင်း ကုမ္ပဏီလီမိတက်" မှ မိဘပြည်သူများလက်သို့ အရောက်ပို့ဆောင်ရင်း၊ ကျန်းမာရေး ဗဟုသုတများကို ဆက်လက်ဝေမျှပေးသွားမှာ ဖြစ်ပါတယ်ရှင့်။
အားလုံးပဲ ကာယ၊ စိတ္တ နှစ်ဖြာသောသုခနှင့် ပြည့်စုံ၍ ကျန်းမာကြပါစေကြောင်း Sinocare Myanmar မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင့်။

ဆီးချိုသွေးချိုစစ်ဆေးရခြင်း🩸📌ဘာကြောင့်စစ်သင့်သလဲ။📌ဘယ်အချိန်စစ်ရမလဲ။📌ဘယ်လိုစစ်ရမလဲ။✅သွေးတွင်းသကြားဓာတ်တိုင်းတာခြင်းဆိုတာ ...
29/04/2026

ဆီးချိုသွေးချိုစစ်ဆေးရခြင်း🩸
📌ဘာကြောင့်စစ်သင့်သလဲ။
📌ဘယ်အချိန်စစ်ရမလဲ။
📌ဘယ်လိုစစ်ရမလဲ။

✅သွေးတွင်းသကြားဓာတ်တိုင်းတာခြင်းဆိုတာ ဆီးချိုကုသခြင်းခရီးစဉ်မှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ သင့်မှာ ဆီးချိုရှိနေတဲ့အခါ သွေးတွင်းသကြားဓာတ်တိုင်းတာခြင်းက ကျန်းမာစွာနေထိုင်နိုင်ဖို့ သော့ချက်တစ်ခု ဖြစ်ပါတယ်။ ဆီးချိုရှိနေတဲ့သူများမှာ ဆီးချိုအဖြေကို စစ်ဆေးပေးခြင်းက နောက်ဆက်တွဲရောဂါတွေကို ကာကွယ်နိုင်ဖို့နဲ့ ထိန်းချုပ်ဖို့မှာ များစွာ အထောက်အကူပြုပါတယ်။

✅သင့်ရဲ့ ဆီးချိုသွေးချိုပမာဏကို စစ်ဖို့ဆို နည်းလမ်းအချို့ရှိပါတယ်။ အဲ့ဒီထဲက အသုံးများဆုံးနည်းလမ်းက လက်ထိပ်မှ သွေးကို ဖောက်ပြီး သွေးပမာဏအနည်းငယ်ကိုသုံးကာ ဆီးချိုတိုင်းစက်နဲ့ စစ်ဆေးခြင်း ဖြစ်ပါတယ်။ နောက်ထပ် စစ်ဆေးနိုင်တဲ့ နည်းလမ်းကတော့ စဉ်ဆက်မပြတ်သွေးတွင်းသကြားဓာတ်တိုင်းတာခြင်း (CGM) ဖြစ်ပါတယ်။ အလွန်သေးငယ်သော sensor ပြားကို သုံးပြီး နေ့၊ညမပြတ် ၂၄ နာရီ သွေးတွင်းသကြားဓာတ်ကို တိုင်းတာနိုင်သော စက်လေးများဖြင့် ဆီးချိုစစ်ဆေးခြင်း ဖြစ်ပါတယ်။

📌ဘာကြောင့် ဆီးချိုပမာဏကို စစ်သင့်သလဲ။
ဆီးချိုရှိသူတွေ ဆီးချိုကို ဘာကြောင့် စစ်ရသလဲဆိုရင်
- ဆီးချိုပမာဏကို သိနေမှ ဆီးချိုကို ထိန်းချုပ်နိုင်ပြီး နောက်ဆက်တွဲရောဂါတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။
- လက္ခဏာတွေပြလာတဲ့အခါ ဆီးချိုအတက်၊အကျကို သိမှ သင့်တော်တဲ့ ကုသမှုကို အမြန်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
- ဆီးချိုကြောင့် သောက်နေရတဲ့ ဆီးချိုဆေးတွေကို ဆီးချိုပမာဏစစ်ဆေးထားတဲ့ရလဒ်ပေါ်မူတည်ပြီး အတိုး၊အလျော့ ချိန်ဆနိုင်မှာဖြစ်ပါတယ်။
- ဆီးချိုပမာဏကို သိမှသာ အစားအသောက်၊အနေအထိုင်၊လေ့ကျင့်ခန်းတွေကို ကျန်းမာစွာ ချိန်ဆနေထိုင်နိုင်မှာဖြစ်ပါတယ်။
- ဖျားနာနေချိန်၊ စိတ်ဖိစီးမှုများနေချိန်က အစ ဆီးချိုပမာဏ သိမှသာ ဆီးချိုကို ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။

📌ဆီးချိုပမာဏ ဘယ်အချိန် စစ်ရမလဲ။
➡အမျိုးအစား (၁) ဆီးချိုလူနာများ
CGM တပ်ထားခြင်း သို့ ဆီးချိုတိုင်းစက်ဖြင့်ဆိုလျှင် ဆရာဝန်ညွှန်ကြားချက်ရှိပါက တစ်နေ့လျှင် အနည်းဆုံး ၄ကြိမ် ၊ ပုံမှန်ဆီးချိုထိန်းချုပ်နိုင်လျှင် တစ်နေ့လျှင် အနည်းဆုံး ၁ကြိမ် စစ်သင့်ပါသည်။
ဆီးချိုတိုင်းစက်ဖြင့် စစ်ဆေးပါက စစ်ဆေးသင့်သောအချိန်များ
-မနက်စာမစားမီ (Fasting) နှင့် အစာစားပြီး ၂နာရီကြာ(2hpp)
-လေ့ကျင့်ခန်း၊ ကိုယ်လက်လှုပ်ရှားမှု လုပ်ပြီးချိန်
-ညမအိပ်ခင်
-ဆီးချိုကျသော လက္ခဏာများ ခံစားရချိန်
-ဖျားနာနေသောအချိန်
➡အမျိုးအစား (၂) ဆီးချိုလူနာများ
အင်ဆူလင်သုံးနေရတဲ့ အမျိုးအစား (၂) ဆီးချိုလူနာမှာတော့ CGM စက်သုံးခြင်းက ပိုသင့်တော်ပါတယ်။ အဲ့လိုမှမဟုတ်ရင် ဆီးချိုတိုင်းစက်ဖြင့် သွေးခဏခဏဖောက်ရမှာဖြစ်ပါတယ်။ ဆီးချိုတိုင်းစက်နဲ့ စစ်မယ်ဆိုရင် သုံးရတဲ့ အင်ဆူလင်အမျိုးအစား၊ ပမာဏပေါ်မူတည်ပြီး မနက်စာမစားမီ ၊ ညစာမစားခင် သို့ ညအိပ်ရာမဝင်ခင် စစ်ဆေးလေ့ရှိကြပါတယ်။ ဆီးချိုထိန်းချုပ်မှုကောင်းပြီး အင်ဆူလင်မသုံးရရင်တော့ မနက်စာမစားခင်ကို ဆီးချိုတိုင်းစက်ဖြင့် စစ်လေ့ရှိကြပါတယ်။
ယေဘုယျစစ်ဆေးကြတာကတော့
-မနက်စာမစားမီ (Fasting)
-ဖျားနာနေချိန်
-ခရီးရှည် ကားမမောင်းခင်
-အစားအသောက်၊ လေ့ကျင့်ခန်းလုပ်တဲ့ ပုံစံ ပြောင်းလဲလိုက်တဲ့အချိန်
ဆီးချိုပမာဏကို စစ်ရာမှာ ဆီးချိုရဲ့ သတ်မှတ်ပမာဏ ၊ ပန်းတိုင်ကို သိရပါမယ်။
ဆီးချိုပန်းတိုင်မှာ ဆီးချိုအမျိုးအစား၊ ဆီးချိုသက်တမ်း၊ အသက်၊ အခြားကျန်းမာရေးရောဂါအခံ ၊ ဆီးချိုလက္ခဏာများပေါ်မူတည်ပြီး တစ်ယောက်နဲ့ တစ်ယောက် မတူကြပေ။
➡ဆီးချိုလူနာအများစုအတွက် သတ်မှတ်ထားသော ပန်းတိုင်မှာ
မနက်စာမစားခင် (Fasting) – 80-130mg/dl (သို့) 4.4-7.2mmol/L
အစာစားပြီး ၂ နာရီအကြာ (2hpp) – 180mg/dl အောက် (သို့) 10.0mmol/L အောက်
တချို့သောလူနာများတွင် ဆီးချိုပမာဏ မြင့်နေလေ့ရှိသည်။
-အသက် ၆၀ သို့ ၆၀ ထက် ကြီးသောသူများ
-နာတာရှည် နှလုံး၊ ကျောက်ကပ်၊ အဆုတ် ရောဂါအခံရှိသူများ
-ဆီးချိုကျခြင်း လက္ခဏာကို မခံစားမိတော့သူများ (Hypoglycemia Unawareness)

📌ဆီးချိုပမာဏကို ဘယ်လိုစစ်ရမလဲ။
CGM စက်လေးကို အသုံးပြုတဲ့အခါ sensor သက်တမ်းအတွင်း ၂၄ နာရီလုံး ဆီးချိုပမာဏကို သိနေရမှာ ဖြစ်ပါတယ်။ CGM အသုံးပြုတဲ့အခါ သုံးပုံနည်းလမ်း ၊ ခန္ဓာကိုယ်တွင် တပ်ဆင်ပုံကို လေ့လာထားရင် အဆင်ပြေပါသည်။
ဆီးချိုတိုင်းစက်ကို သုံးတဲ့အခါ လက်ထိပ်မှ သွေးကို ဖောက်ပြီး ဆီးချိုတိုင်းစက်ရဲ့ test strip ပြားမှာ သွေးထည့်ပြီးနောက် ဆီးချိုပမာဏကို သိရမှာဖြစ်ပါတယ်။
➡ဆီးချိုတိုင်းစက်ကို အသုံးပြုတဲ့အခါ
- လက်ကို သေချာစွာ ဆေးကြောပြီးနောက် ခြောက်သွေ့သန့်စင်အောင် ထားပါ။ ပြင်ပ ရေငွေ့၊ အရက်ပြန် ၊ တခြားအမှုန်အဝါးများ သွေးနှင့်အတူ ရောပါ ပါက အဖြေမှားများ ထွက်နိုင်သည်။
- test strip ကို စက်တွင် မှန်ကန်စွာတပ်ဆင်ပါ။
- သွေးဖောက်ကိရိယာကို သုံးပြီး လက်ချောင်းထိပ်ကို သွေးဖောက်ပေးပါ။
- လက်ထိပ်မှ ထွက်လာသော သွေးကို စက်ရဲ့ test strip နဲ့ ထိတွေ့လိုက်ပါက Sinocare စက်များတွင် သွေးများ strip ထဲသို့ အသာအယာ စိမ့်ဝင်သွားသည်။ သွေးကို ညှစ်မထည့်ရ၊ test strip ကို ဖိပြီး သွေးထည့်စရာမလို။
- စက္ကန့်အနည်းငယ်ကြာပါက ဆီးချိုတိုင်းစက်မှ ဆီးချိုပမာဏ ပေါ်လာပါလိမ့်မည်။

📌ရလဒ်၊အဖြေများကို မှတ်သားထားခြင်း
ဆီးချိုတိုင်းစက်ဖြင့် စစ်ဆေးပြီးနောက်
-ရက်စွဲ
-အချိန်
-ဆီးချိုရလဒ်
-သောက်သုံးနေရသောဆေး
-အစားအစာနှင့် လေ့ကျင့်ခန်း လုပ်မှု များကို အမြဲမှတ်တမ်းတင်ထားသင့်သည်။
CGM စက်သုံးသူများက တစ်ရက်တာ၊ နေ့ရက်တိုင်း၊ ပျှမ်းမျှ ဆီးချိုရလဒ်များကို ဖုန်းထဲတွင် မှတ်တမ်းတင်ထားပြီးဖြစ်ပါလိမ့်မည်။
➡ဆီးချိုတိုင်းစက်မှ သံသယရှိဖွယ်အဖြေများကို မထုတ်ပေးနိုင်စေရန်
- ဆီးချိုတိုင်းစက် အသုံးပြုပုံ ၊ စစ်ဆေးပုံကို သိရှိနားလည် စစ်ဆေးတတ်ရမည်။
- သတ်မှတ်ထားသော သွေးပမာဏသည် test strip ထဲသို့ အပြည့်ဝင်ရမည်။
- ဆီးချိုတိုင်းစက်နှင့် ကိုက်ညီမှန်ကန်သော test strip ကို သုံးရမည်။
- သက်တမ်းလွန်နေသော test strip များ မသုံးရ။
- စက်ကို အမြဲသန့်ရှင်းစေပြီး စက်၏ အရည်အသွေးကို အမြဲ စစ်ဆေးပေးရမည်။

📌ဆီးချိုရှိသူများအနေဖြင့် ဆီးချိုပမာဏကို သိရှိစေဖို့ CGM စက်လေးကို အသုံးပြုကြည့်ချင်တယ်ဆိုရင်တော့ Sinocare မှ ထုတ်လုပ်ထားတဲ့ ican i3 CGM စက်လေးရှိပါတယ်။ CGM စက်ကို အသုံးပြုခြင်းက ပြောင်းလဲနေသော သွေးတွင်းသကြားဓာတ်ကို အမြဲခြေရာခံမိနေမှာဖြစ်ပြီး ဆီးချိုကို ထိန်းချုပ်ရာမှာ အသုံးဝင်လှမှာဖြစ်ပါတယ်။ ရေစိုခံပြီး နေ့စဉ်တိုင်းမှာ ပေါ့ပါးစွာ တပ်ဆင်ထားနိုင်တာဖြစ်လို့ ဆီးချိုပမာဏကို အမြဲစစ်ဆေးနိုင်သော အသုံးဝင်လှတဲ့ စက်လေးဖြစ်ပါတယ်။

အသေးစိတ်သိရှိလိုပါက Chat box တွင် စုံစမ်းနိုင်ပါသည်။ သို့ Comment တွင်လည်း ican လို့ မန့်ထားခဲ့နိုင်ပါသည်။

ဆီးချိုသွေးချိုဝေဒနာရှင်များအတွက် အခုလိုမျိုး အဖိုးထိုက်တန်လှတဲ့ စာပေများကို နေ့စဉ်ပုံမှန်ဖတ်ရှုခွင့်ရလိုပါက ကျွန်မတို့ရဲ့ 💙Sinocare Myanmar💙Page လေးကို Like & Follow လုပ်ထားဖို့ ၊ See First လုပ်ထားလို့ရပါတယ်ရှင့်😊

❣️အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share လုပ်ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။❣️
🙏ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေရှင်🙏
Sinocare Myanmar

Bhone Shwe Yi Min Co.,Ltd

ဆီးချိုသွေးတိုးသုတများ

#ဆီးချိုတိုင်းစက် #ဆီးချိုသွေးချို #ဆီးချို #သွေးချို #ဆီးချိုသွေးချိုတိုင်းစက်

#အလုပ်လျှောက်ထားရန်
**********************

Viber : 09444011925
Messenger: Bhone Shwe Yi Min HR

#အလုပ် #အလုပ်အကိုင် #ဝန်ထမ်း

ဆီးချိုရှိရင် ဘာတွေရှောင်ပြီး ဘာတွေဆောင်ရမလဲ။ဆီးချိုကို ထိရောက်စွာထိန်းချုပ်နိုင်ဖို့ဆိုလျှင် ဆီးချိုကို ဟန်ချက်ညီစွာထိန...
28/04/2026

ဆီးချိုရှိရင် ဘာတွေရှောင်ပြီး ဘာတွေဆောင်ရမလဲ။

ဆီးချိုကို ထိရောက်စွာထိန်းချုပ်နိုင်ဖို့ဆိုလျှင် ဆီးချိုကို ဟန်ချက်ညီစွာထိန်းချုပ်ခြင်း၊ သင့်တော်သောလူနေမှုပုံစံပြောင်းလဲခြင်းနှင့် သတိရှိရှိရွေးချယ်ခြင်း တို့လိုအပ်ပါသည်။ ဆီးချိုရှိသောသူတစ်ယောက်ဆိုပါလျှင် ဘယ်အရာတွေကို ရှောင်ပြီး ဘယ်အရာတွေကို ဆောင်ရမယ်ဆိုတာကို နားလည်မှသာ ဆီးချိုကိုထိန်းချုပ်နိုင်ပြီး ကျန်းမာစွာနေနိုင်မှာဖြစ်ပါတယ်။ ဆီးချိုကို ထိရောက်စွာထိန်းချုပ်နိုင်ရာမှာကူညီပေးမဲ့ လမ်းညွှန်ချက်အချို့ကို အောက်တွင် ဖော်ပြထားပါသည်။

ဘာတွေရှောင်ရမလဲ။

၁။ ချိုသောအစားအစာနှင့် ချိုသောအရည်များ
သကြားဓာတ်မြင့်မားတဲ့အစားအစာတွေ၊ချိုတဲ့ကို စားမိလျှင် သွေးတွင်းသကြားဓာတ်က တက်နေမှာဖြစ်ပါသည်။ ဒါကြောင့် ချိုသောအစားအစာများကို ရှောင်ပေးပါ။ ဉပမာ- ချိုသောအသီး၊ ချိုသောဖျော်ရည်၊ ချိုသောအစားအစာ

၂။ဆီကြော်အစားအစာများနှင့် ထပ်ပြန်ဆီကြော်များ
ဆီကို များစွာသုံးပြီးကြော်ထားသော အစားအစာများ၊ ထပ်ခါထပ်ခါ ပြန်ကြော်ထားသောဆီကို သုံးသည့် ဆီကြော်မုန့်များ၊ စားဖွယ်အချိုများသည် သွေးတွင်းသကြားဓာတ်ကို တက်စေသည့်အပြင် ကိုလက်စတောကိုလည်း မြင့်တက်စေပါသည်။

၃။ဆိုဒီယမ်မြင့်မားသောအစားအစာများ
ဆိုဒီယမ်မြင့်မားသောအစားအစာများသည် သွေးတိုးကိုဖြစ်စေပြီး နှလုံးကို ထိခိုက်သည်အထိဖြစ်နိုင်သည်။ စားသုံးနေမိသောအစားအစာများကို စိတ်ကြိုက်မစားမိအောင် သတ်မှတ်ထိန်းချူပ်ထားနိုင်လျှင် ပိုကောင်းပါသည်။

၄။အရက်၊ဆေးလိပ်သောက်သုံးခြင်း
အရက်၊ဆေးလိပ်သည် သွေးတွင်းသကြားဓာတ်ကို အနှောက်အယှက်ပေးနိုင်သော အရာများဖြစ်ပါသည်။ မသောက်သုံးပါလျှင် ခန္ဓာကိုယ်အတွက် ပိုကောင်းသော၊ ရှောင်ကြဉ်သင့်သော အရာများဖြစ်သည်။

၅။တစ်နပ်စာကျော်သွားခြင်း
နေ့လည်စာ(တစ်နပ်စာ)ကျော်သွားခြင်း၊ မေ့သွားခြင်း၊ အချိန်မှန်မစားခြင်းများက သွေးတွင်းသကြားဓာတ်ကို မတည်ငြိမ်မှုများဖြစ်စေပါသည်။ အချိန်မှန်စားကာ မျှမျှတတစားပါက သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်အောင်ထိန်းထားနိုင်ဖို့ အထောက်အကူပြုပါသည်။

ဆီးချိုသမားများ တခြားရှောင်သင့်တဲ့အချက်များကတော့ သွေးတွင်းသကြားဓာတ်ပုံမှန်စစ်ဆေးမှုမလုပ်ခြင်း၊ လေ့ကျင့်ခန်းပုံမှန်မလုပ်ခြင်း၊ အိပ်ချိန်မမှန်ခြင်း၊ စိတ်ဖိစီးမှုတွေများလွန်းခြင်း၊ ဆေးပုံမှန်မသောက်ခြင်း၊ ဆီးချိုနှင့်ပတ်သတ်ပြီး စိုးရိမ်ပူပန်လွန်ခြင်း ၊ မိမိသဘောနှင့်မိမိ ဆေးလျှော့သောက်ခြင်း၊ဆေးတိုးသောက်ခြင်း စတာတွေကို ရှောင်ကြဉ်သင့်ပါသည်။

ဘာတွေဆောင်ရမလဲ။

၁။ဆီးချိုအတွက် သင့်တော်မျှတတဲ့ စားသောက်မှုပုံစံ
ဆီးချိုကိုထိန်းချုပ်နိုင်ပြီး သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်စွာထိန်းထားနိုင်ဖို့ မှန်ကန်သော စားသောက်မှုပုံစံရှိရပါမည်။ ဟင်းသီးဟင်းရွက်၊အသား၊ထမင်း စသဖြင့် သင့်တော်မျှတစွာ ပါဝင်ရပါမည်။

၂။လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း
နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်းက သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်မှုမှာ အရေးပါပါသည်။ တစ်ပတ်ကို အနည်းဆုံး ၁၅၀ မိနစ် ကိုယ်လက်လှုပ်ရှားမှုလုပ်နိုင်အောင် ကြိုးစားရပါမည်။ စက်ဘီးစီးခြင်း၊လမ်းလျှောက်ခြင်း၊ ရေကူးခြင်း အစရှိသဖြင့်

၃။သွေးတွင်းသကြားဓာတ်ပုံမှန်တိုင်းတာခြင်း
ဆီးချိုကို ထိန်းချုပ်ရာတွင် သွေးတွင်းသကြားဓာတ်ကို ပုံမှန်တိုင်းတာမှုကလည်း အရေးပါပါသည်။ အစားအသောက်၊လေ့ကျင့်ခန်း၊ဆေးများကို ချိန်ဆဖို့ရန် သွေးတွင်းသကြားဓာတ်ကို ပုံမှန်ထောက်ဆအဖြေရှာထားပါ။

၄။စိတ်ဖိစီးမှုကင်းဝေးခြင်းနှင့် အိပ်ချိန်ပုံမှန်ရှိခြင်း
စိတ်ဖိစီးမှုနှင့် အိပ်ရေးမဝခြင်းသည် သွေးတွင်းသကြားဓာတ်ကို ကမောက်ကမဖြစ်စေနိုင်ပါသည်။ စိတ်ဖိစီးမှုကင်းစွာ ပျော်ရွင်စွာနေထိုင်နိုင်အောင် ကြိုးစားပါ။ အိပ်ချိန်ကို တစ်နေ့အနည်းဆုံ ၈နာရီပေးပါ။ စိတ်ကိုအနားပေးပါ။ အိပ်ရေးဝစွာအိပ်စက်ပေးပါ။

၅။ရေဓာတ်ပြည့်ဝခြင်း
ရေသောက်ခြင်းသည် ကျန်းမာရေးကိုကောင်းစေပြီး ရေဓာတ်ပြည့်ဝလျှင် အသားအရည်ကစ ကြည်လင်စေပါသည်။ မိမိ၏လှုပ်ရှားမှုနှင့် သောက်နိုင်နှုန်းကို ချိန်ဆပြီး တစ်နေ့အနည်းဆုံး ရေ ၈ ခွက်ခန့် သောက်ပေးပါ။

၆။အသိပညာကြွယ်ဝခြင်းနှင့် ထောက်ပံ့မှုရှိခြင်း
ဆီးချိုထိန်းချုပ်မှုဆိုင်ရာ အသိပညာ၊ဗဟုသုတကြွယ်ဝမှုရှိခြင်း၊ စိတ်ပိုင်းဆိုင်ရာ၊ငွေကြေးပိုင်းဆိုင်ရာထောက်ပံ့မှုရှိခြင်းက ဆီးချိုကို ပို၍ ထိန်းချုပ်ထားနိုင်သည်။ ဆီးချိုနှင့်ပတ်သက်၍ အသိပညာပိုင်းဆိုင်ရာများကို ဖြန့်ဝေပေးနေသော၊ ခွန်အားများပေးနေသော စာပေများ၊စာအုပ်များဖတ်ခြင်းဖြင့် ဆီးချိုကို ထိန်းချုပ်ဖို့နည်းလမ်းများ တွေ့လာနိုင်သည်။

၇။ဆေးပိုင်းဆိုင်ရာလမ်းညွှန်မှုများ
ဆီးချိုဆိုင်ရာ ဆရာဝန်များ၏ လမ်းညွှန်ချက်များက မရှိမဖြစ်လိုအပ်ပြီး ဆီးချိုကို ထိန်းချုပ်ထားနိုင်သည့်အပြင် နောက်ဆက်တွဲရောဂါများမဖြစ်လာအောင်ပင် ကြိုတင်ကာကွယ်နိုင်ပါသည်။
ဆီးချိုရောဂါကို ထိန်းချုပ်ရာတွင် သင့်တော်သောလူနေ၊စားသောက်မှုပုံစံကို အဓိကထားထိန်းသိမ်းရသည်။ ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေသော အစားအစာများ၊အလေ့အကျင့်၊အပြုအမူများကို ရှောင်ကြဉ်ပြီး ကောင်းမွန်သောအလေ့အထများကို ပြုလုပ်ကာ ဆီးချိုအခြေအနေကို ထိန်းချုပ်ပြီး ဘဝကို ကျန်းမာစွာ ဖြတ်သန်းနိုင်ပါသည်။ တစ်ဦးတစ်ယောက်ချင်းစီ၏ ဆီးချိုနှင့်အတူနေထိုင်ခြင်းခရီးစဉ်မှာ မတူညီကြဘဲ မိမိတို့၏ကျန်းမာရေးကောင်းမွန်မှုအတွက် မိမိသာလျှင် အကောင်းဆုံးကြိုးစားရမည်သာ ဖြစ်သည်။

ဆီးချိုသွေးချိုဝေဒနာရှင်များအတွက် အခုလိုမျိုး အဖိုးထိုက်တန်လှတဲ့ စာပေများကို နေ့စဉ်ပုံမှန်ဖတ်ရှုခွင့်ရလိုပါက ကျွန်မတို့ရဲ့ 💙Sinocare Myanmar💙Page လေးကို Like & Follow လုပ်ထားဖို့ ၊ See First လုပ်ထားလို့ရပါတယ်ရှင့်😊

❣️အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share လုပ်ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။❣️
🙏ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေရှင်🙏
Sinocare Myanmar

Bhone Shwe Yi Min Co.,Ltd
ဆီးချိုသွေးတိုးသုတများ

#ဆီးချိုတိုင်းစက် #ဆီးချိုသွေးချို #ဆီးချို #သွေးချို #ဆီးချိုသွေးချိုတိုင်းစက်iCan
#ဆီးချိုတိုင်းစက် #ဆီးချိုသွေးချို #ဆီးချို #သွေးချို

#အလုပ်လျှောက်ထားရန်
***********************
Viber : 09444011925
Messenger : Bhone Shwe Yi Min HR

#အလုပ် #အလုပ်အကိုင် #ဝန်ထမ်း

သွေးချိုဝေဒနာရှင်တွေမဖြစ်မနေလိုက်နာသင့်သောကုထုံး✅သွေးချိုဆီးချိုရောဂါကုထုံးများအနက် ဝေဒနာရှင်များ မဖြစ်မနေလိုက်နာရမယ့်ကု...
27/04/2026

သွေးချိုဝေဒနာရှင်တွေမဖြစ်မနေလိုက်နာသင့်သောကုထုံး✅

သွေးချိုဆီးချိုရောဂါကုထုံးများအနက် ဝေဒနာရှင်များ မဖြစ်မနေလိုက်နာရမယ့်ကုထုံးက အစာအာဟာရနဲ့ သွေးချိုဓာတ်ကို ထိန်းသိမ်းကုသတဲ့ ကုထုံးအမျိုးအစားပဲ ဖြစ်ပါတယ်။ သွေးချိုဆီးချို ဝေဒနာရှင်များအနေဖြင့် အစာအာဟာရများကို မှန်မှန်ကန်ကန်စားသုံးရန်နဲ့ မသင့်တော်တဲ့ အစားအစာများကို လုံးဝမစားသုံးကြရန် အထူးပင်လိုအပ်လှပါတယ်။ ဆီးချိုဝေဒနာရှင်များအတွက် သီးသန့်အစားအစာဟူ၍ မရှိပါ။ ဆေးကို အချိန်မှန်မှန် သောက်သုံးသကဲ့သို့ အစားအစာကို ကုထုံးတစ်ခု အနေနဲ့ အလေးထားယူဆပြီး အစာအာဟာရကို မှန်မှန်ကန်ကန် အချိုးအဆနဲ့ အချိန်မှန်မှန် မှီဝဲ သုံးဆောင်သင့်ပါတယ်။

သွေးချိုဆီးချိုရောဂါဟာ တစ်သက်လုံးရှိနေမယ့် ရောဂါဖြစ်တဲ့အတွက် ခဏတာ ယာယီအစားရှောင်ခြင်းမျိုးမဖြစ်သင့်ပဲ တစ်သက်လုံး လိုက်နာကျင့်သုံးနိုင်မယ့် အလေ့အထများဖြစ်ရန် လိုအပ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု ၊ အစားအသောက် နဲ့ ဆေးကို မျှတအောင် မှီဝဲရပါမယ်။ သွေးချိုတက်မှာ စိုးရိမ်ပြီး အစားအသောက် အလွန်အမင်းလျှော့စားကာ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်ပါက သွေးချိုဓာတ် အလွန်အမင်းကျသွားခြင်း (Hypoglycemia) အန္တရာယ် ဖြစ်နိုင်ပါတယ်။ သွေးချိုတိုင်းစက် (Glucometer) ဖြင့် မိမိဘာသာ သွေးချိုမှန်မှန် စစ်ဆေးစောင့်ကြည့်သင့်ပါတယ်။

သွေးချိုဆီးချိုသမားများအတွက် အစားအစာများ
(၁) များများစားနိုင်သော အစားအစာများ
-- အမျှင်ဓာတ်ပေါကြွယ်ဝသော ဆန်လုံးညို ၊ ပေါင်မုန့်ကြမ်း (ပေါင်မုန့်ညို)၊ သကြားမပါသော ကွေကာအုပ် ၊ ဘာလီ စသော အစားအသောက်များ။

--ဟင်းသီးဟင်းရွက်အမျိုးမျိုး
ဥပမာ - ဗူးသီး၊ ဒန့်သလွန်သီး၊ ဂေါ်ရခါးသီး၊ ခရမ်းချဉ်သီး၊ ရုံးပတီသီး၊ သခွားသီး၊ မရမ်းသီး၊ ကြက်ဟင်းခါးသီး၊ မန်ကျည်းရွက်၊ ချဉ်ပေါင်ရွက်၊ ကင်ပွန်းရွက်၊ ဆလပ်ရွက်၊ ကန်စွန်းရွက်၊ မြင်းခွါရွက်၊ ဟင်းနုနွယ်ရွက်၊ ပန်းဂေါ်ဖီ၊ ပဲပင်ပေါက်၊ မျှစ်၊မှို၊ မုန်လာဥနီ/ဖြူ ၊ ကြက်သွန်နီ/ဖြူ ၊ ငရုတ်သီး၊ ငရုတ်ကောင်း၊ မဆလာ၊ ပဲအမျိုးမျိုး။

- အခွံမာသီးအမျိုးမျိုး( သစ်အယ်သီး၊ သစ်ကြားသီး၊ သစ်ဆိမ့်သီး၊ သစ်ချသီး စသည်)

- ကော်ဖီမှုန့်၊ လက်ဖက်ခြောက်၊ လက်ဖက်စို
(ကော်ဖီမစ်နဲ့ လက်ဖက်ရည်တို့ကိုတော့ ရှောင်ကြဉ်ရပါမယ်)

(၂) အသင့်အတင့် (ဆရာဝန်ညွှန်ကြားသည့်အတိုင်း) စားနိုင်သော အစားအစာများ
- ကစီဓာတ်ပါသော ဆန်၊ ဂျုံ၊ ပြောင်း၊ လူး၊ ဆပ် စသောကောက်နှံများနှင့် ပြုလုပ်ထားသော ထမင်း၊ ခေါက်ဆွဲ၊ ကော်ရည်၊ ပေါင်မုန့်၊ ဆန်ကြာဇံ၊ မုန့်ဟင်းခါး၊ မုန့်တီ၊ ချာပါတီ၊ ပလာတာ၊ တိုရှည်၊ နံပြား၊ ပေါက်စီ စသည်ဖြင့်
- အာလူး၊ ကန်စွန်းဥ၊ ပိန်းဥ၊ ပီလောပီနံဥ စသော သစ်သီးသစ်ဥအမျိုးမျိုး
- ပဲမြစ်၊ ဂျုးမြစ် စသော အမြစ်အမျိုးမျိုး
- အဆီနည်းသော ငါးအမျိုးမျိုး
- ပုဇွန်၊ ပင်လယ်စာများ
- ကြက်၊ ဘဲ၊ အမဲနှင့် ဆိတ်
- ကြက်ဥ၊ ဘဲဥ၊ ငုံးဥ စသော ဥအမျိုးမျိုး
- မလိုင်ထုတ်ထားသော နို့အမျိုးမျိုး

ငွေကြေးတတ်နိုင်သော သူများအတွက် - ဆီးချိုလူနာရှင်များအတွက် အထူးပြုလုပ်ထားသည့် သကြားမပါသော အစားအစာများ၊ ဆီးချိုနို့မှုန့်အမျိုးမျိုး

(၃) အနည်းငယ်သာ စားသုံးနိုင်သော အဆီများ
- မြေပဲဆီ၊ နှမ်းဆီ၊ သံလွင်ဆီ၊ နေကြာဆီ၊ ပဲပိစပ်ဆီစသော မပြည့်ဝဆီ အမျိုးမျိုး
- အဆီများသော ငါးအမျိုးမျိုး

(၄) ရှောင်ရမည့်အစားအစာများ
- သကြားဓာတ်အလွန်များသည့် လျှာပေါ်တင်လျှင် ချိုလွန်းသော မုန့်အမျိုးမျိုး (ဂလူးကို့စ် ၊သကြား၊ ကြံသကာ ၊ထန်းလျက်၊ ပျားရည်၊ ယိုအမျိုးမျိုး၊ ၄င်းတို့ဖြင့် ပြုလုပ်ထားသော မုန့်အမျိုးမျိုး၊ စားစရာများ ဥပမာ-သကြားလုံး၊ ချောကလက်၊ ရေခဲမုန့်၊ ဂျယ်လီ၊ကိတ်မုန့်၊ ဘီစကစ်၊ ကွတ်ကီးအမျိုးမျိုး၊ ဟာလဝါ၊ ထိုးမုန့်၊ လမုန့်၊ ပဲမုန့်၊ အီကွေ့၊ မလိုင်အချိုလုံးများ စသည်)
- ချိုလွန်းသော အရည်အမျိုးမျိုး (အချိုရည်၊ ဘိလပ်ရည်၊ဝိုင်၊ အရက်ချို၊ သကြား/ ကြံသကာတို့ဖြင့် ပြုလုပ်ထားတဲ့ အဖျော်ယမကာ အမျိုးမျိုး)
- ကော်ဖီ၊ လက်ဖက်ရည်၊ ဟောလစ်၊ အိုဗာတင်း၊ မိုင်လို၊ အချိုရည်ပုလင်းများ၊ အချိုရည်ဘူးများ
- သကြားပါသော စည်သွတ်အသီး၊ စည်သွတ်ဖျော်ရည်အမျိုးမျိုး
- ချိုလွန်းသော သစ်သီးများ (သွေးချိုမြင့်တက်နေစဉ် ကစီဓာတ်ညွှန်းကိန်း များသော သစ်သီးများကို မစားသင့်ပါ။)
- အဆီလွန်ကဲသော အစားအစာများ၊ တိရိစ္ဆာန်မှရသော ပြည့်ဝဆီ(saturated fat)၊အကြော်ခံဆီ(trans fat)များဖြင့် စီမံကြော်လှော်ထားသော ဆီကြော်မုန့်အမျိုးမျိုး၊
- အုန်းနို့၊ ထောပတ်တို့နှင့် ပြုလုပ်ထားသော အစားအသောက်များ
- အငန်လွန်ကဲသော အစားအစာများ (ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ အချိုမှုန့်၊ ဟင်းခတ်မှုန့် အလွန်အကျွံသုံးထားသော အစားအစာများ)
ပန်းကန်ပြားဟန်ပြစနစ်ဖြင့် စားသောက်ခြင်း(Plate Model)
- ထမင်းစားပန်းကန်ပြားကြီးတစ်ချပ်၏ လေးပုံတစ်ပုံကို ထမင်း၊ ဂျုံ ၊အာလူး စသည့် ကစီဓာတ် အစားအစာ ထည့်ပါ။
- လေးပုံတစ်ပုံကို အသား (သို့) ငါး (သို့) ပဲ ထည့်ပါ။
- နှစ်ပုံတစ်ပုံကို ဟင်းသီးဟင်းရွက်များထည့်၍ စားနိုင်ပါတယ်။
- အဆီလျှော့ထားသော နွားနို့တစ်ဖန်ခွက် နဲ့ သစ်သီးတစ်လုံး အချိုတည်းနိုင်ပါတယ်။
- ရေဆာလျှင် ရေကိုသာသောက်သုံး၍ ရေငတ်ဖြေသင့်ပါတယ်။အချိုရည်များ သောက်သုံးခြင်းဖြင့် ရေငတ်မဖြေသင့်ပါ။

သွေးချိုဆီးချိုဝေဒနာရှင်များ အနေဖြင့် အစာအာဟာရကို မှန်မှန်ကန်ကန် စားသုံးမှသာလျှင် သွေးချိုဓာတ်လွန်ကဲမှုကို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ စားသုံးသင့်တဲ့အစားအစာများကို မှန်ကန်မျှတစွာ စားသုံးပြီး မသင့်တော်တဲ့ အစားအသောက်များကို လုံးဝရှောင်ကြဉ်ရန် အထူးလိုအပ်လှကြောင်း တင်ပြလိုက်ရပါတယ်။

😊 ဆီးချိုသွေးချိုနှင့် သွေးတိုး ဝေဒနာရှင်များအတွက် အခုလိုမျိုး အဖိုးထိုက်တန်လှတဲ့ စာပေများကို နေ့စဉ်ပုံမှန်ဖတ်ရှုခွင့်ရလိုပါက ကျွန်မတို့ရဲ့ 💙 Sinocare Myanmar 💙Page လေးကို Like & Follow လုပ်ထားဖို့ ၊ See First လုပ်ထားဖို့ မမေ့ပါနဲ့ရှင့်။😊
❣️အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share လုပ်ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။❣️
🙏ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေရှင်🙏
🍀 အထက်ပါအကြောင်းအရာများကို ပါမောက္ခဒေါက်တာတင့်ဆွေလတ် ရေးသားသော ဆီးချိုသွေးချိုရောဂါ လက်တွေ့ကျကျ ကာကွယ်ကုသကြ စာအုပ်မှ ကောက်နုတ်ဖော်ပြထားပါသည်။ 🍀
Sinocare Myanmar

Bhone Shwe Yi Min Co.,Ltd
ဆီးချိုသွေးတိုးသုတများ

#ဆီးချိုတိုင်းစက် #ဆီးချိုသွေးချို #ဆီးချို #သွေးချို #ဆီးချိုသွေးချိုတိုင်းစက်

"ကိုဟန်တင်+မတင်တင်အောင် ဆေးဆိုင် ဖွင့်ပွဲ"Health Care Events✅Sinocare Myanmar မှကျန်းမာရေးအခမဲ့ စစ်ဆေးပေးမည့်အစီအစဉ်✨ကို...
27/04/2026

"ကိုဟန်တင်+မတင်တင်အောင် ဆေးဆိုင် ဖွင့်ပွဲ"
Health Care Events✅

Sinocare Myanmar မှ

ကျန်းမာရေးအခမဲ့ စစ်ဆေးပေးမည့်အစီအစဉ်

✨ကိုဟန်တင်+မတင်တင်အောင် ဆေးဆိုင်သစ်ဖွင့်ပွဲတွင် ပြုလုပ်သွားမည်ဖြစ်သည့် Health Care Events(ကျန်းမာရေး အခမဲ့ စစ်ဆေးပေးမည့် အစီအစဉ်) တွင် Sinocare Myanmar မှလည်း ပူးပေါင်းပါဝင်ပြီး 28.4.2026 / 29.4.2026 ၂ရက်တိုင်တိုင် ကျန်းမာရေး စမ်းသပ်စစ်ဆေးခြင်းများကို ပါဝင်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

✅ဆီးချိုသွေးချို အခမဲ့ စစ်ဆေးပေးခြင်း
✅Uric acid အခမဲ့ စစ်ဆေးပေးခြင်း
✅သွေးပေါင်ချိန် အခမဲ့ စစ်ဆေးပေးခြင်း

စတာတွေကို ပြုလုပ်ပေးမှာဖြစ်တဲ့အတွက် မည်သူမဆို စစ်ဆေးမှုများ အခမဲ့ လာရောက်ပြုလုပ်နိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင့်။

🔹နေရာ _ ကိုဟန်တင်+မတင်တင်အောင် ဆေးဆိုင်
ကန်တောင်ကြီးမီးပွိုင့်တောင်ဖက်၊ တမ္ပဝတီရပ်ကွက်၊ မန္တလေးမြို့။
🔹ရက်စွဲ _ 28.4.2026/ 29.4.2026
🔹ဆီးချိုသွေးချို၊ Uric acid၊ သွေးပေါင်ချိန် အခမဲ့စစ်ဆေးပေးမည့်အချိန် (နံနက် 8 နာရီခွဲ မှ ညနေ 4 နာရီထိ) ဖြစ်ပါတယ်ရှင်။
Sinocare Myanmar
Bhone Shwe Yi Min Co.,Ltd


ဆီးချိုသွေးတိုးသုတများ
#ဆီးချိုသွေးချိုတိုင်းစက် #ဆီးချိုတိုင်းစက် #ဆီးချိုသွေးချို #ဆီးချို

သင့်ကျန်းမာရေးအတွက် အကောင်းဆုံးရွေးချယ်မှု Safe AQ UG👉Sinocare က ထုတ်လုပ်ထားတဲ့ two in one စက်လေးဖြစ်တဲ့ Safe AQ UG စက်လ...
26/04/2026

သင့်ကျန်းမာရေးအတွက် အကောင်းဆုံးရွေးချယ်မှု Safe AQ UG

👉Sinocare က ထုတ်လုပ်ထားတဲ့ two in one စက်လေးဖြစ်တဲ့ Safe AQ UG စက်လေးဟာဆိုရင် ဆီးချိုရောဂါနှင့် ဂေါက်ရောဂါ (Uric acid) တို့ကို စစ်ဆေးလို့ရပါတယ်ရှင့်။

🔹စက် ၁လုံးထဲမှာ ရောဂါ၂မျိုးလုံးကို စက္ကန့်ပိုင်းနှင့် စစ်ဆေးလို့ရသည့်အပြင် တစ်သက်တာအာမခံပါဝင်သော စက်ဖြစ်ပါတယ်ရှင့်။

🔹စက္ကန့်ပိုင်းနဲ့တင် အဖြေသိနိုင်တာမို့ အချိန်ကုန်သက်သာပါတယ်ရှင့်။

🔹အချိန်မရွေး၊နေရာမရွေး စစ်ဆေးနိုင်သည့်အပြင် အသုံးပြုရလွယ်ကူပါတယ်ရှင့်။

🔹သင့်တော်သော ဈေးနှုန်းနဲ့အတူ အလွယ်တကူစစ်ဆေးနိုင်တာကြောင့် ဂေါက်ရောဂါရှိရင် ဆောင်ထားသင့်ပါတယ်ရှင့်။

🔹Customer Service အသင့်ရှိတာမို့ စက်နဲ့ပတ်သတ်ပြီး အချိန်မရွေး မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်။

🔹သင့်ရဲ့ကျန်းမာရေးက သင့်ရဲ့လက်ချောင်းထိပ်မှာဖြစ်ပါတယ်။

🔹Uric acid စစ်ဆေးဖို့ Safe AQ UG စက်လေးကို မှာယူလိုက်ပါရှင့်။

☑တစ်သက်တာအာမခံပါဝင်သော Sinocare စက်လေးများကို ကုမ္ပဏီတိုက်ရိုက်မှာယူလိုပါက Page ၏ Chat Box တွင် စုံစမ်းနိုင်ပါသည်။

☎️ဆက်သွယ်မှာယူရန်☎️

Customer Service – 09 266 166 237

Sinocare Myanmar

Bhone Shwe Yi Min Co., Ltd

#ဆီးချိုလူနာတိုင်းနှင့်အမြဲအတူရှိနေသောSinocare

#စိတ်ချယုံကြည်AQUG

ဆီးချိုရှိနေပြီဆိုရင် ဘာလုပ်သင့်သလဲ?➡ဆီးချိုရောဂါကို ဂရုတစိုက်အလေးထားကုသခြင်းဟာ နောက်ဆုံးအားကိုးအားထားပြုရာ နည်းလမ်းဖြစ်...
25/04/2026

ဆီးချိုရှိနေပြီဆိုရင် ဘာလုပ်သင့်သလဲ?

➡ဆီးချိုရောဂါကို ဂရုတစိုက်အလေးထားကုသခြင်းဟာ နောက်ဆုံးအားကိုးအားထားပြုရာ နည်းလမ်းဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အသက်အရွယ်ကြီးရင့်လာမှုကို ဟန့်တားလို့ မရနိုင်သလို မျိုးရိုးဗီဇ ဆိုတာကိုလည်း ပြောင်းလဲပစ်လိုက်လို့မရပါဘူး။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ ပတ်ဝန်းကျင်ကိုတော့ပြောင်းလဲနိုင်ပါတယ်။

➡တကယ်လို့ ဆီးချိုရောဂါကို ကနဦးအဆင့်မှာ ရှောဂါရှာဖွေတွေ့ရှိတယ် ၊ သွေးတွင်းသကြားဓာတ် မြင့်မားမှုရှိ မရှိ သိရှိမယ် ၊ အလျှင်အမြန်လုပ်ဆောင်လိုက်နာမယ် ဆိုရင် ကောင်းစွာ ထိန်းသိမ်းနိုင်မှာဖြစ်ပြီး ပိုမိုကြီးထွားလာတဲ့ရောဂါအခြေအနေကနေဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲပြဿနာတွေကိုလည်း ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။

➡“ ဆီးချိုရောဂါကိုထိန်းသိမ်းခြင်း (Controlling Diabetes) ” ဆိုတဲ့ ဝေါဟာရဟာ ကျွန်တော်တို့ရဲ့ နေထိုင်စားသောက်မှုပုံစံတွေကို ပြုပြင်ပြောင်းလဲခြင်း ဖြစ်ပါတယ်။ ဆီးချိုရောဂါဟာ ကျွန်တော်တို့ရဲ့ စားသောက်မှုအမူအကျင့်များနဲ့ နေထိုင်မှုပုံစံ များအပေါ်မူတည်ပြီး ထိန်းသိမ်းနိုင်ပါတယ်။

➡ဆီးချိုရောဂါသည်တွေဟာ အစားအသောက် အကုန်နီးပါးကို စားလို့မရဘူးလို့ ပြောလေ့ရှိကြပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာ ဆီးချိုရောဂါသည်ဟာ အကုန်လုံးစားလို့ရပြီး အယုတ်ဆွဆုံး ဒူးရင်းသီး တောင်စားလို့ရပါတယ်။ သိထားရမှာက ဆီးချိုရောဂါသည်များဟာ အကုန်စားလို့ရပြီး သာမန်ရောဂါမရှိသူတွေစားသလိုပုံစံမျိုးသာ စားလို့မရတာဖြစ်ပါတယ်။

➡ဆီးချိုရောဂါရှိသူများအနေနဲ့ အစားအစာတွေကိုဘယ်လောက်စားလိုက်မိလဲ ၊ ဆန်နဲ့ ဂျုံ ကဲ့သို့ အစားအစာမျိုးတွေကို ဘယ်လိုချင့်ချိန်စားသင့်သလဲ ၊ ခန္ဓာကိုယ်က လိုအပ်တဲ့ သစ်သီး ဟင်းသီးဟင်းရွက်နဲ့ အသား စတာတွေကို ပိုပြီးစားသုံးသင့်သလဲ ဆိုတာကို ဂရုတစိုက်နဲ့ စောင့်ကြည့်နေဖို့လိုပါတယ်။

➡ဆီးချိုရောဂါမရှိသေးသူတွေအနေနဲ့လည်း ဒီနည်းလမ်းအတိုင်းချင့်ချိန်စားသုံးပြီး ဆီးချိုဖြစ်မလာအောင် ကိုယ့်ကိုယ်ကို ကာကွယ် နိုင်ပါတယ်။ ဆီးချိုရောဂါရှိပြီးသူတွေကတော့ နောင်တစ်ချိန်ဖြစ်လာမယ့် နောက်ဆက်တွဲပြဿနာတွေကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

ဆီးချိုသွေးချိုဝေဒနာရှင်များအတွက် အခုလိုမျိုး အဖိုးထိုက်တန်လှတဲ့ စာပေများကို နေ့စဉ်ပုံမှန်ဖတ်ရှုခွင့်ရလိုပါက ကျွန်မတို့ရဲ့ 💙Sinocare Myanmar💙Page လေးကို Like & Follow လုပ်ထားဖို့ ၊ See First လုပ်ထားလို့ရပါတယ်ရှင့်😊

❣️အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share လုပ်ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။❣️
🙏ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေရှင်🙏
🍀 အထက်ပါအကြောင်းအရာများကို Samitivej Web Page မှ ကောက်နုတ်ဖော်ပြထားသောကြောင့် လေးစားစွာဖြင့် Credit ပေးပါသည်ရှင့်။ 🍀
Sinocare Myanmar

Bhone Shwe Yi Min Co.,Ltd

ဆီးချိုသွေးတိုးသုတများ

iCan
#ဆီးချိုတိုင်းစက် #ဆီးချိုသွေးချို #ဆီးချို #သွေးချို

#အလုပ်လျှောက်ထားရန်
***********************
Viber : 09444011925
Messenger : Bhone Shwe Yi Min HR

#အလုပ် #အလုပ်အကိုင် #ဝန်ထမ်း

ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း 🔹🔹🔹🔹🔹🔹Q. ဆီးချိုသမားတွေမှာ ခြေထေ...
24/04/2026

ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း 🔹🔹🔹🔹🔹🔹

Q. ဆီးချိုသမားတွေမှာ ခြေထောက်အနာဖြစ်တာ၊ ခြေထောက်ဖြတ်ရတာတို့ကို မကြာခဏ ကြားသိနေရပါတယ်။ အဲဒါလေးနဲ့ ပတ်သက်ပြီး သိချင်ပါတယ် ဆရာ။
A. ဆီးချိုသမားတွေရဲ့ နောက်ဆက်တွဲဖြစ်တတ်တဲ့ ဝေဒနာတွေထဲမှာ သွေးကြောအသေးလေးတွေကို ထိတယ်ဆိုတာ ရှိပါတယ်။
နံပါတ်တစ်က မျက်လုံးပါ။ ဆီးချိုသမားတွေက မျက်လုံးကိုစစ်တယ်၊ ကျောက်ကပ်ကိုစစ်တယ်၊ နှလုံးကိုစစ်တယ်။ ဒါပေမဲ့ ဆီးချိုသမားတွေ မေ့နေတဲ့အရာက ခြေထောက်ပဲ။
ဘယ်တော့မှ ခြေထောက်ကို မကြည့်ဘူး၊ မစစ်ဘူး။ ဆရာဝန်တွေကလည်း ခြေထောက်ကိုကြည့်တဲ့ စစ်ဆေးမှုဆိုတာ အရင်တုန်းက သိပ်မရှိခဲ့ဘူး။ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာဆေးရုံကြီးနဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးတွေမှာ စပြီး ဆီးချိုရောဂါနဲ့ ခြေထောက်ရောဂါ သီးသန့်စစ်ဆေးတဲ့ ဌာနတွေ ဖွင့်လိုက်တာပါ။

Q. ဆီးချိုသမားတွေ ခြေထောက်ထိတဲ့အခါ ဘယ်လိုလက္ခဏာတွေ ပြတတ်ပါသလဲ ဆရာ။
A. ဆီးချိုသမားတွေက ရောဂါထိန်းချုပ်မှုမကောင်းရင် အာရုံကြောတွေထိတယ်။ အာရုံကြောတွေထိတော့ ထုံတာ၊ ကျဉ်တာတွေဖြစ်တယ်။ ပထမအဆင့်က ကျဉ်တယ်၊ ကိုက်တယ်၊ ပုရွက်ဆိတ်ကိုက်သလို၊ အပ်နဲ့ထိုးသလို ခံစားရတယ်။ ဆီးချိုက သိပ်တက်ပြီး အာရုံကြောတွေကို သွားဆွတဲ့အတွက် နာတယ်။ ဒါက ပထမအဆင့်ပါ။ အဲဒီအချိန်မှာ သက်ဆိုင်ရာဆရာဝန်နဲ့ ပြရပါမယ်။ အာရုံကြော စထိနေပြီ။ အဲဒီအချိန်မှာ ဆီးချိုကိုနိုင်အောင်ထိန်း၊ လိုအပ်တဲ့ ဆေးကိုသောက် . . ဒီနည်းနဲ့ ထိန်းလို့ရပါတယ်။

❗အဲဒီအဆင့်ကျော်သွားရင် အာရုံကြောက ပျက်သွားရော။ ပျက်သွားရင် ထုံသွားတယ်။ အဲဒီအခါ မသိတော့ဘူး။ တစ်ခါတလေမှာ ဆိုပါတော့။

🔹ဆီးချိုသမားက ခြံထဲကို ဖိနပ်မပါဘဲ ဆင်းသွားတယ်။ ခြေထောက်မှာ ဆူးစူးတယ်။ ဆူးစူးတော့ ခြေထောက်ထဲ ဆူးဝင်ပေမယ့် မသိလိုက်ဘူး။ ခြေထောက်က ထုံနေတယ်။ သုံးရက်လောက်ကြာတော့ အနာကပုပ်သွားတယ်။ ပုပ်တော့လည်း ဆေးမြီးတိုနဲ့ လုပ်ရော။ မလိုလားအပ်ဘဲနဲ့ အနာက ခြေထောက် အပေါ်ဘက်အထိပြန့်ပြီး ခြေထောက်ဖြတ်လိုက်ရပါတယ်။

▪️ဘာမှမဆိုင်ဘဲ ဖိနပ်လေး မစီးမိတာတစ်ခုတည်းနဲ့၊ ဆူးလေးတစ်ချောင်း စူးမိတာနဲ့ ခြေထောက်ဖြတ်လိုက်ရတဲ့ ဘဝ၊ တစ်သက်လုံး ဒုက္ခိတဖြစ်သွားတဲ့ ဘဝတွေ အများကြီး ဆရာတို့ တွေ့ဖူးပါတယ်။

🔹ဒါကြောင့် ဆီးချိုသမားတွေက အာရုံကြောထိရင် ထုံတယ်။ ဆီးချိုသမားတိုင်းက သွေးကြောကျဉ်းတယ်၊ သွေးကြောကျဉ်းတာရယ် ထုံတာရယ်ပေါင်းလိုက်ရင် အနာဖြစ်ဖို့ အခွင့်အလမ်းက အလွန်များပါတယ်။ အဲဒီအချိန်မှာ ခဲစူးမိတာဖြစ်ဖြစ်၊ အသားမာတက်တာဖြစ်ဖြစ် ဒါမျိုးဖြစ်သွားရင် အနာဖြစ်သွားပြီ။ ဒါကို သတိထားဖို့ လိုပါတယ်။ သတိမထားမိဘဲ ဒီအတိုင်းထားလိုက်ရင် ပိုးဝင်ပြန့်နှံ့သွားတဲ့အခါ ခြေထောက်ဖြတ်လိုက်ရတာ တွေရှိပါတယ်။

Q. ဆီးချိုသမားတွေမှာ ဘယ်လိုလူတွေက ခြေထောက်ပြဿနာ ပိုအဖြစ်များပါသလဲ ဆရာ။
A. ဆီးချိုသမား ဆေးလိပ်သောက်ရင် ပိုဆိုးပါတယ်။ ခြေထောက်သွေးကြောတွေ အကုန်ပုပ်ကုန်ပါတယ်။ ခြေထောက်ဖြတ်ရသူတွေ အများကြီးပဲ။ ဒူးအထက်ကဖြတ်ရတယ်၊ ဒူးအောက်ကဖြတ်ရတယ်။ အဲဒီလို အများကြီး ဖြတ်ရတော့ တကယ့်ဒုက္ခိတလို ဖြစ်သွားတယ်။

Q. ဆီးချိုလူနာတွေကို အဓိကမှာချင်တာရှိရင် ပြောပြပေးပါ ဆရာ။
A. အခုနောက်ပိုင်း ဆီးချိုသမားတွေ လက်သည်းညှပ်ရင်တောင် ဝိုက်မညှပ်ခိုင်းပါဘူး။ ဝိုက်ညှပ်တော့ ထောင့်ကအသားတွေ ပါသွားတဲ့အခါ အဲဒီနေရာကနေ ပြည်ဝင်ပြီး အနာဖြစ်ပါတယ်။ ဒါကြောင့် အခုနောက်ပိုင်း လက်သည်းညှပ်ရင် တည့်တည့်ပဲ ညှပ်ခိုင်းပါတယ်။

✅ဆီးချိုနဲ့ ခြေထောက်က ဆက်စပ်မှုအများကြီး ရှိပါတယ်။ ထုံတာ၊ ကျဉ်တာ၊ ကိုက်တာ၊ နာတာရှိရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ပြပါ။ ဆီးချိုနဲ့ ခြေထောက်က တော်တော်ဒုက္ခပေးတဲ့အထဲမှာ ပါတဲ့အတွက်ကြောင့် ဒါလေးကို မမေ့မလျော့ဘဲ လိုက်နာကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။

☘️ဆီးချိုသွေးချိုဝေဒနာရှင်များအတွက် အခုလိုမျိုး အဖိုးထိုက်တန်လှတဲ့ စာပေများကို နေ့စဉ်ပုံမှန်ဖတ်ရှုခွင့်ရလိုပါက ကျွန်မတို့ရဲ့ Sinocare Myanmar Page လေးကို Like & Follow လုပ်ထားဖို့ ၊ See First လုပ်ထားဖို့ မမေ့ပါနဲ့ရှင့်။
☘️ အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share လုပ်ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။
ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေရှင်🌞

Sinocare Myanmar


Bhone Shwe Yi Min Co.,Ltd
ဆီးချိုသွေးတိုးသုတများ

iCan
#ဆီးချိုတိုင်းစက် #ဆီးချိုသွေးချို #ဆီးချို #သွေးချို

#အလုပ်လျှောက်ထားရန်
***********************
Viber : 09444011925

Messenger : Bhone Shwe Yi Min HR
#အလုပ် #အလုပ်အကိုင် #ဝန်ထမ်း

သင်ဒီနေ့ ဆီးချိုသွေးချို စစ်ပြီးပြီလား🕵️‍♂️🩸ဒီနေ့ သွေးအဖြေလေးတွေ မှတ်တမ်းလေးတွေတင်လိုက်ကြရအောင်..✔ ဆီးချိုရှိတဲ့သူတွေဆို...
24/04/2026

သင်ဒီနေ့ ဆီးချိုသွေးချို စစ်ပြီးပြီလား🕵️‍♂️

🩸ဒီနေ့ သွေးအဖြေလေးတွေ မှတ်တမ်းလေးတွေတင်လိုက်ကြရအောင်..
✔ ဆီးချိုရှိတဲ့သူတွေဆို သွေးတွင်းသကြားဓာတ်ကိုစစ်ကြည့်ဖို့လိုတယ်နော် ....

အရင်နေ့ကစစ်ဖြစ်တယ်ဆိုရင်လည်း ဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ရှင့်...
💁 Comment မှာလည်း မန့်ခဲ့ဖို့ မမေ့နဲ့အုန်းနော်.....
😚 မင်မင်က ကြည့်ပေးဖို့စောင့်နေပါတယ်

သွေးစစ်ထားတဲ့အဖြေလေးကို အတူတူမှတ်တမ်းတင်ကြရအောင်ပါ🕵️‍♂

Sinocare Myanmar

Bhone Shwe Yi Min Co.,Ltd
ဆီးချိုသွေးတိုးသုတများ

#ဆီးချိုတိုင်းစက် #ဆီးချိုသွေးချို #ဆီးချို #သွေးချို #ဆီးချိုသွေးချိုတိုင်းစက်

တော်တော်များများ သိချင်နေကြတဲ့ ...ဆီးချိုသွေးချိုရောဂါနှင့် အိပ်မပျော်ခြင်းဟာ ဆက်စပ်ပါသလား။👩‍⚕️ဆီးချိုသွေးချိုဝေဒနာရှင် ...
23/04/2026

တော်တော်များများ သိချင်နေကြတဲ့ ...
ဆီးချိုသွေးချိုရောဂါနှင့် အိပ်မပျော်ခြင်းဟာ ဆက်စပ်ပါသလား။

👩‍⚕️ဆီးချိုသွေးချိုဝေဒနာရှင် တော်တော်များများက ညဘက်ကောင်းကောင်းအိပ်မပျော်ဘဲ မနက်မိုးလင်းရင် နုံးချိနေတာမျိုးခံစားရတတ်ပါတယ်။ ဒီလိုဖြစ်ရခြင်းဟာ ဆီးချိုသွေးချိုကြောင့်ပဲလား ဒါမှမဟုတ် စိတ်ဖိစီးမှုများလို့လားလို့ဒွိဟဖြစ်နေရင် ဒီဆောင်းပါးလေးဖတ်ကြည့်လိုက်ရအောင်နော်။

👩‍⚕️အိပ်မပျော်တာဟာ ရောဂါခံထွေထွေထူးထူးမရှိဘဲ အိပ်မပျော်တာ (Primary insomnia) ကြောင့်ဖြစ်နိုင်သလို ရောဂါအခံတစ်ခုခုကြောင့် အိပ်မပျော်တာ (Secondary insomnia) လည်းဖြစ်နိုင်ပါတယ်။ အမျိုးအစား(၂)ဆီးချိုဝေဒနာရှင် ၅၀ရာခိုင်နှုန်းလောက်ဟာ အိပ်ရေးမဝတာ၊ အိပ်မပျော်တာခံစားနေရပြီး ထိုသို့အိပ်မပျော်ခြင်းဟာ ဆီးချိုရောဂါနဲ့ တိုက်ရိုက်ဆက်စပ်မှုရှိနေပါတယ်။ ဘယ်လိုဆက်စပ်နေလဲကြည့်လိုက်ရအောင်နော်။

၁) သွေးတွင်းသကြားဓာတ် မငြိမ်သက်ခြင်းကြောင့် (သွေးတွင်းသကြားဓာတ် မြင့်တက်နေခြင်း hyperglycemia ကြောင့်ဖြစ်နိုင်သလို သွေးတွင်းသကြားဓာတ် ပုံမှန်ထက်ကျနေခြင်း hypoglycemia ကြောင့်လည်း) ဖြစ်နိုင်ပါတယ်။

၂) ရောဂါရဲ့နောက်ဆက်တွဲတွေဖြစ်တဲ့ စိုးရိမ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်းစတာတွေကြောင့်။

၃) သွေးတွင်းသကြားဓာတ်များနေတဲ့အချိန်မှာ ကျောက်ကပ်က ဆီးသွားစွန့်ထုတ်ခြင်းဖြင့် ထိန်းညှိနေရတဲ့အတွက် ညဘက်မှာ ဆီးခဏခဏထသွားနေရတဲ့အခါ။

၄) သွေးထဲမှာ အချိုဓာတ်များနေရင် ခေါင်းကိုက်တာ၊ ရေခဏခဏဆာတာနဲ့ နုံးချိတာတွေ ခံစားရတဲ့အတွက် တော်တော်နဲ့အိပ်မပျော်တာ။

၅) အစာမစားဘဲ နာရီပေါင်းများစွာကြာတဲ့အခါ ဒါမှမဟုတ် ဆီးချိုဆေး သေချာမထိန်းညှိဘဲ သောက်တဲ့အခါမှာ သွေးတွင်းအချိုဓာတ် ပုံမှန်ထက်ကျတဲ့အတွက် ညဘက်တွေမှာ အိပ်မက်ဆိုးမက်ပြီး နိုးလာမယ်၊ နိုးလာတဲ့အခါမှာ လက်တွေခြေတွေ တုန်နေမယ်၊ ချွေးတွေ တအားထွက်နေမယ်၊ ဂဏှာမငြိမ်ဖြစ်နေမယ် စသည်ဖြင့် ဆက်စပ်မှု ရှိနိုင်ပါတယ်။

👩‍⚕️နောက်ပြီး ဆီးချိုရောဂါနှင့်အိပ်မပျော်ခြင်းဟာ အပြန်အလှန်ဆက်စပ်မှုလည်းရှိပါသေးတယ်။ ဆီးချိုရောဂါကြောင့် အိပ်မပျော်သလို အိပ်ရေးမဝခြင်း၊ အိပ်မပျော်ခြင်းကြောင့်လည်း ဆီးချိုရောဂါကို ပိုဆိုးစေပါတယ်။

💁လေ့လာတွေ့ရှိမှုချက်များအရ အိပ်စက်ချိန် ၆ နာရီအောက်နှင့် ၈ နာရီအထက်ရှိတဲ့ ဆီးချိုဝေဒနာရှင်တွေရဲ့ လေးပုံတစ်ပုံမှာ သွေးတွင်းအချိုဓာတ် မြင့်တက်နေတာကို တွေ့ရှိခဲ့ရပါတယ်။

👩‍⚕️အိပ်ရေးပျက်ခြင်းကြောင့် ဆီးချိုရောဂါရှိသူများသာမက ရောဂါမရှိသူများမှာလည်း သွေးတွင်းအချိုဓာတ်ကိုမြှင့်တက်စေပါတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းအရင်းကို သေချာမသိသေးပေမယ့် အိပ်မပျော်တဲ့အခါ အင်ဆူလင် (insulin) ရဲ့ လုပ်ငန်းဆောင်တာကို အနှောင့်အယှက်ဖြစ်စေပြီး သွေးတွင်းသကြားဓာတ်မြှင့်တက်လာစေခြင်းနဲ့ အိပ်ရေးမဝခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုတွေကြောင့်လို့ ယူဆကြပါတယ်။

👩‍⚕️ဒီလိုနဲ့ မုန့်လုံးစက္ကူကပ်သလိုပဲ ဆီးချိုဝေဒနာရှင်တွေဟာ အိပ်ရေးပျက်တဲ့အခါမှာ မနက်စောစော ဖောက်စစ်ရမယ့်အချိုဓာတ် (fasting glucose) ကို မစစ်မိတာမျိုးတွေ၊ လေ့ကျင့်ခန်း မှန်မှန်မလုပ်နိုင်တာတွေ နဲ့ စိတ်ဖိစီးမှုတွေ ဖြစ်လာပြီး ရောဂါပိုဆိုးလာသလို နေ့စဥ်စွမ်းဆောင်ရည်တွေလည်း ကျလာနိုင်ပါတယ်။

👉နောက်ပြီး ဆီးချိုဝေဒနာရှင်တွေ အိပ်မပျော်ရတဲ့ နောက်ထပ် အဓိကအကြောင်းရင်း ( ၂ ) ရပ်ကတော့ Restless Legs Syndrome (RLS) နှင့် Obstructive Sleep Apnea (OSA) တို့ကြောင့် ဖြစ်ပါတယ်။

၁) Restless Legs Syndrome (RLS)

အမျိုးအစား ( ၂ ) ဆီးချိုဝေဒနာရှင် ၅ ယောက်မှာ ၁ ယောက်က ညဘက်အိပ်ခါနီးကျရင် ခြေထောက်ထုံကျဥ်ပြီး တစ်ခါတစ်ရံ မီးစနဲ့ထိုးသလို ပူတာကြောင့် အိပ်မရဖြစ်တတ်ပါတယ်။
ဒီလိုဖြစ်ရတာဟာ ဆီးချိုရောဂါနောက်ဆက်တွဲကြောင့် လက်ဖျားခြေဖျားက အာရုံကြောတွေ ပျက်စီးလို့ဖြစ်ပြီး ကြာလာရင် ပိုဆိုးလာတတ်လို့ ဆရာဝန်နဲ့တိုင်ပင်ကုသသင့်ပါတယ်။

၂) Obstructive Sleep Apnea (OSA)

အမျိုးအစား ( ၂ ) ဆီးချိုဝေဒနာရှင် ၄ ယောက်မှာ ၁ ယောက်ကတော့ ညဘက်အိပ်နေရင်း ဟောက်တာ၊ ခဏတာအသက်ရှုရပ်သွားလို့ ဝူးဝူးဝါးဝါးဖြစ်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်နေရင် မိမိကိုယ်တိုင် သတိမထားမိဘဲ မိမိဘေးမှာအိပ်နေတဲ့မိသားစုဝင်ကပဲ သတိထားမိတတ်ပါတယ်။ တစ်ညလုံးမှာ ဒီလိုမကြာခဏဖြစ်ပြီး မိမိကိုယ်တိုင်တောင် သတိမထားမိပဲ ခဏတာနှိုးနှိုးလာတဲ့အတွက် အိပ်ရေးအပြည့်အဝမရပဲ မနက်မိုးလင်းရင်နုံးနေတာ၊ အိပ်ရေးမဝသလို ခံစားရတာ ဖြစ်နေတတ်ပါတယ်။ ဒီလို မကြာခဏဖြစ်နေရင် အသက်အန္တရာယ်ရှိနိုင်လို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ဖို့ လိုအပ်ပါတယ်။

👉အိပ်ရေးပျက်တာ၊ အိပ်မပျော်တာကိုဘယ်လိုဖြေရှင်းကြမလဲ။
ဆီးချိုဝေဒနာရှင်တွေ အိပ်မပျော်ရခြင်းရဲ့ အကြောင်းရင်းတွေ သိပြီဆိုတော့ မိမိကိုယ်ကိုယ် ဆန်းစစ်ပြီး ဖြစ်ရတဲ့အကြောင်းအရင်းတွေကို ရှောင်ရှားလိုက်ရင် ပုံမှန်အတိုင်း ပြည့်ဝတဲ့အိပ်စက်ခြင်းကို ပြန်လည်ရရှိစေမှာပါ။

၁) အဓိက က သွေးတွင်းသကြားဓာတ် မြင့်တက်လို့ဖြစ်တာဖြစ်တဲ့အတွက် သွေးတွင်းသကြားဓာတ်ကို နေ့စဥ် နေထိုင်စားသောက်မှုပုံစံနဲ့တကွ ဆေးကိုသေချာစွာ ထိန်းညှိခြင်းဖြင့် ပုံမှန်ဖြစ်အောင် ပြုလုပ်ရပါမယ်။

၂) အိပ်ခါနီး အိပ်စက်ခြင်းကိုနှောင့်ယှက်တဲ့ လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်တာ၊ အရက်၊ ဝိုင်၊ ကော်ဖီသောက် စတာမျိုးတွေရှောင်ရှားရပါမယ်။

၃) နေ့စဥ်အိပ်ရာဝင်ချိန်ကို ပုံသေ သတ်မှတ်ပြီး သတ်မှတ်ထားတဲ့အချိန်အတိုင်းအိပ်ရာဝင်ဖို့လိုပါမယ်။

၄) အိပ်ယာကိုသန့်သန့်ရှင်းရှင်းထားပြီး ဖုန်း၊ Laptop စတဲ့ electronic ပစ္စည်းတွေကို ဘေးမှာထားပြီး အိပ်တာမျိုးတွေ ရှောင်ကြဉ် ရပါမယ်။

၅) အိပ်ပျော်ခြင်းကို အားပေးတဲ့နွားနို့ပူပူလေးသောက်တာမျိုးတွေ၊ နေ့ခင်းဘက်မှာ ပုံမှန်လေ့ကျင့်ခန်း လုပ်တာမျိုးတွေ၊ မအိပ်ခင် ရေနွေးနွေးလေးချိုးပြီး အိပ်တာမျိုးတွေ ပြုလုပ်ပေးလို့ရပါတယ်။

၆) လိုအပ်ရင် ဆရာဝန်နဲ့တိုင်ပင်ပြီး အိပ်ပျော်ခြင်းကိုအားပေးတဲ့ Melatonin ဟော်မုန်းဆေးကို သောက်လို့ရပါတယ်။ Alprazolam တို့၊ Diazepam တို့လို အိပ်ဆေးတွေကတော့ မလိုအပ် ဘဲ သောက်ရင် ရေရှည်မှာအန္တရာယ်ဖြစ်စေနိုင်လို့ ဆရာဝန်ညွှန်ကြားချက်မပါဘဲ လုံးဝမသောက်သင့်ပါ။ ဆရာဝန်ညွှန်ကြားချက် မပါရင်လည်း ဝယ်ယူလို့မရပါ။

ကဲ ဒါဆိုရင် ဆီးချိုဝေဒနာရှင်များလည်း မိမိတို့အိပ်စက်ခြင်းကို အနှောင့်အယှက်ပေးနေတဲ့ အကြောင်းအရာတွေကို ဖယ်ရှားနိုင်ပြီလို့မျှော်လင့်ပါတယ်။

ဆီးချိုဝေဒနာရှင်တွေ ကောင်းမွန်စွာ အိပ်စက်နိုင်ပြီး အကျိုးတစ်ခုခုရရှိသွားမယ်လို့ မျှော်လင့်ပါတယ်ရှင့်။

ဆီးချိုသွေးချိုဝေဒနာရှင်များအတွက် အခုလိုမျိုး အဖိုးထိုက်တန်လှတဲ့ စာပေများကို နေ့စဉ်ပုံမှန်ဖတ်ရှုခွင့်ရလိုပါက ကျွန်မတို့ရဲ့ 💙Sinocare Myanmar💙Page လေးကို Like & Follow လုပ်ထားဖို့ ၊ See First လုပ်ထားလို့ရပါတယ်ရှင့်😊

❣️အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။❣️
🙏ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေရှင်🙏
🍀အထက်ပါအကြောင်းအရာများကို ရေးသားပါသော Author : Dr. Hsu Nandar Aung လေးစားစွာဖြင့် Credit ပေးပါသည်ရှင့်။🍀
Sinocare Myanmar

Bhone Shwe Yi Min Co.,Ltd

ဆီးချိုသွေးတိုးသုတများ

iCan
#ဆီးချိုတိုင်းစက် #ဆီးချိုသွေးချို #ဆီးချို #သွေးချို

#အလုပ်လျှောက်ထားရန်
***********************
Viber : 09444011925
Messenger : Bhone Shwe Yi Min HR

#အလုပ် #အလုပ်အကိုင် #ဝန်ထမ်း

Address

Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959266166237

Website

http://bhoneshweyimin.com/

Alerts

Be the first to know and let us send you an email when Sinocare Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Sinocare Myanmar:

Share