24/09/2024
နာတာရှည်ကျောက်ကပ်ရောဂါဖြစ်ပွားစေသောအကြောင်းအရင်းများ
-ဆီးချိုသွေချိုရောဂါ
-သွေးတိုးရောဂါ
-ကျောက်ကပ်ရောင်ရောဂါများ(ဥပမာ အရေပြားလေးဖက်နာကျောက်ကပ်ရောင်ရောဂါ)
-ကျောက်ကပ်ဆီးလမ်းကြောင်းပိတ်ခြင်းရောဂါ
-မွေးရာပါကျောက်ကပ်ရောဂါ(ဥပမာ မျိုးရိုးလိုက်သောကျောက်ကပ်အရည်အိတ်များတည်ခြင်း)
-အမျိုးမျိုးသောအကြောင်းအရင်းများ(အကိုက်အခဲပျောက်ဆေးသောက်ခြင်းကြောင့်ကျောက်ကပ်ထိခိုက်ခြင်း၊တီဘီ၊HIVအစရှိသောကူးစက်ရောဂါ၊သွေးရောဂါ(sickle cell disease)၊ထိခိုက်ဒဏ်ရာ)
-အမျိုးအမည်မသိသောကြောင်းအရင်းများ
နာတာရှည်ကျောက်ကပ်ရောဂါဖြစ်စေသောအကြောင်းအရင်းများစမ်းသပ်စစ်ဆေးရှာဖွေခြင်း
ရောဂါရာဇဝင်မေးမြန်ခြင်း
-သွေးတိုး၊ဆီးချိုသွေးချို၊အရေပြားလေးဖက်နာစသောရောဂါလက္ခဏာများမေးမြန်းစမ်းသပ်ခြင်း
-ကျောက်ကပ်ထိစေနိုင်သောဆေးဝါများသောက်သုံးခြင်းရှိမရှိ
-ဆီးပမာဏ၊ဆီးသွားအကြိမ်အရေအတွက်၊ဆီးသွားရနာခြင်း၊ဆီးသွားရခက်ခြင်း၊ဆီးကြောင်းသေးသွားခြင်း၊ဆီးသွားမဝသလိုခံစားရခြင်း၊ဆီးထဲတွင်အမြှုပ်ပါခြင်း၊ဆီးထဲတွင်သွေးပါခြင်း၊
-မျိုးရိုးတွင်ကျောက်ကပ်ရောဂါဖြစ်ပွားမှုအခြေအနေ
ကျောက်ကပ်လုပ်ငန်းဆောင်တာများစစ်ဆေးခြင်း
(၁)သွေးထဲတွင် creatinine ခရိတင်နင်းဓါတ်စစ်ဆေးခြင်း
Equation (CKD-EPI)ဖြင့်တွက်ချက်၍ကျောက်ကပ်စစ်ထုတ်နိုင်မှုစွမ်းအား(GFR)တိုင်းတာခြင်း[သွေးထဲ(cystatin C) စစ်စတတ်တင်စီဓါတ်တိုင်းတာပြီး Equation (CKD-EPI)ဖြင့်တွက်ချက်၍ကျောက်ကပ်စစ်ထုတ်နိုင်မှုစွမ်းအား(GFR)တိုင်းတာခြင်း]
(၂)သွေးထဲurea(မီးစုန်းဓါတ်)၊electrolytesသတ္တုဓါတ်များ(ဆိုဒီယမ်၊ပိုတက်ဆီယမ်၊HCO3)စစ်ဆေးခြင်း
(၃)ဆီးထဲတွင်အသားဓါတ်ပါဝင်မှုနှုန်း (albuminuria,UACR,UPCR,24 hour urinary protein)၊ဆီးထဲတွင်သွေးပါခြင်း(haematuria)၊ဆီးထဲတွင်ပုံမှန်မဟုတ်သောအစများပါခြင်း(casts)များစစ်ဆေးခြင်း
(၄)ကျောက်ကပ်ပုံမှန်အသွင်အပြင်လက္ခဏာ(ကျောက်ကပ်ပုံစံ(shape)၊အရွယ်အစား(size)၊ကျောက်ကပ်နှစ်ခုအရွယ်ညီမညီ(symmetry)၊ကျောက်ကပ်ဆီးလမ်းကြောင်းပိတ်ဆို့ခြင်း(obstructive uropathy)၊ကျောက်ကပ်အရည်အိတ်တည်ခြင်း(cyst)၊ဆီးလမ်းကြောင်းတုန့်ပြန်မှု(reflux)တို့ကိုပုံရိပ်ဖော်ရိုက်ကူးခြင်းများ(Ultrasound, Intravenous urography,CT kidneys,ureter,bladder,nuclear medicine studies,MRI)ဖြင့်စမ်းသပ်စစ်ဆေးခြင်း
နာတာရှည်ကျောက်ကပ်ရောဂါလက္ခဏာများစမ်းသပ်ရှာဖွေခြင်း
(၁)Full blood count (FBC)
သွေးနီဥအားနည်းခြင်း(anaemia)၊သွေးဖြူဥအနည်းအများ(Leucopenia/leucocytosis)၊သွေးမွှားဥနည်းခြင်း(thrombocytopenia)ကိုစမ်းသပ်စစ်ဆေးခြင်း
(၂)သွေးတွင်း urea,electrolytes ဓါတ်များစစ်ဆေးခြင်း
(၃)အရိုးတွင်းသတ္တုဓါတ်များ (CKD-MBD) ကယ်လ်စီယမ်ဓာတ်Ca2+,ဖော့စဖိတ်ဓါတ်(PhSO4-),အယ်ကာလိုင်ဖော့စဖိတ်ဓါတ်(ALP),ပါရာသိုင်းရွိက်ဟိုမုန်းဓါတ်များ(iPTH) စစ်ဆေးခြင်း
(၄)အဆုတ်ရေမွှန်းခြင်း(acute pulmonary oedema)၊အဆုတ်ရေဝိုင်းခြင်း(Pleural effusion)တို့ကိုရင်ဘက်ဓါတ်မှန်ရိုက်ခြင်း(CXR (PA))ဖြင့်စစ်ဆေးခြင်း
(၅)နာတာရှည်ကျောက်ကပ်ရောဂါကြောင့်နလုံးရောဂါဖြစ်ပွားခြင်း(RC Syndrome)၊နှလုံးရေဝိုင်းခြင်း(pericardial effusion)တို့ကိုနလုံးတယ်လီဗွီးရှင်စက် (Echocardiogram) ဖြင့်စမ်းသပ်စစ်ဆေးခြင်း
နာတာရှည်ကျောက်ကပ်ရောဂါဖြစ်စေသောအကြောင်းအရင်းများစမ်းသပ်စစ်ဆေးရှာဖွေခြင်း
(၁)ဆီးချိုသွေးချို ရောဂါအတွက်သွေးထဲသကြားဓါတ် (Fasting blood sugar FBS, 2hr post prandial, )၊HbA1cဓါတ်စမ်းသပ်စစ်ဆေးခြင်း
(၂)သွေးတိုးရောဂါအတွက်သွေးပေါင်တိုင်းခြင်း၊သွေးတိုးနောက်ဆက်တွဲမျက်လုံးပျက်စီးခြင်း(hypertensive Retinopathy)ကို ရှာဖွေခြင်း
(၃)အရေပြားလေးဖက်နာ(SLE)၊ကိုယ်ခန္ဓာခုခံမှုအားစနစ်မှားယွင်းသောရောဂါ(auto immune disease )အတွက် သွေးတွင်း ANA,dsDNA,ENA profileများစစ်ဆေးခြင်း
(၄)HIV,Bပိုး,Cပိုးစသောကူးစက်ရောဂါများစမ်းသပ်စစ်ဆေးခြင်း
(၅)ကျောက်ကပ်ရောင်ရောဂါများအတွက် သွေးထဲတွင် anti- PLA2R, ANCA, anti-GBM antibodies,serum free light chains, နှင့်serum and urine protein electrophoresis/immunofixationများစမ်းသပ်စစ်ဆေးခြင်း
(၆)မျိုးရိုးလိုက်သောကျောက်ကပ်ရောဂါများအတွက်သွေးထဲတွင် APOL1, COL4A3, COL4A4, COL4A5, NPHS1, UMOD, HNF1B, PKD1, PKD2မျိုးရိုးဗီဇများစမ်းသပ်စစ်ဆေးခြင်း
(၇)ကျောက်ကပ်အသားစယူခြင်း(ultrasound-guided percutaneous kidney biopsy )ပြီးလျှင် ကျောက်ကပ်အသားစကို light microscopy, immunofluorescence, and electronmicroscopy, molecular diagnosticsစစ်ဆေးခြင်းအားဖြင့်ကျောက်ကပ်ရောဂါကိုအတိအကျသိနိုင်ခြင်း(exact diagnosis)၊ရောဂါကုသမှုအမျိုးအစားကိုသိနိုင်ခြင်း(planning treatment)၊ကျောက်ကပ်ပျက်စီးမှုအနေအထား(activity and chronicity)၊ဆေးကုသမှုကိုတုံ့ပြန်မှုအခြေအနေ (treatment response)၊မျိုးရိုးလိုက်ကျောက်ကပ်ရောဂါ(genetic disease)ကိုစမ်းသပ်စစ်ဆေးနိုင်ခြင်း