Jivaka Pharmacy , Clinic & Diagnostic Center HR

Jivaka Pharmacy , Clinic & Diagnostic Center HR We Care Your Health.

✨ အရည်အသွေးရှိသော ဝန်ဆောင်မှုနောက်ကွယ်မှ စဉ်ဆက်မပြတ် လေ့လာသင်ယူမှုများ ✨💜 ​ဇီဝက အနေနဲ့ ဖောက်သည်တော်ကြီးများအတွက် အကောင်း...
29/04/2026

✨ အရည်အသွေးရှိသော ဝန်ဆောင်မှုနောက်ကွယ်မှ စဉ်ဆက်မပြတ် လေ့လာသင်ယူမှုများ ✨

💜 ​ဇီဝက အနေနဲ့ ဖောက်သည်တော်ကြီးများအတွက် အကောင်းဆုံး ဝန်ဆောင်မှုနဲ့ ယုံကြည်စိတ်ချရတဲ့ ဆေးဝါးတွေ ပံ့ပိုးပေးနိုင်ဖို့ ဝန်ထမ်းတွေရဲ့ အရည်အသွေးကို အမြဲ မြှင့်တင်ပေးလျက် ရှိပါတယ်ရှင်။

​အခုလည်း ကျွန်မတို့ရဲ့ Managing Director ကိုယ်တိုင် လုပ်ငန်းခွင်မှာ ကြုံတွေ့ရတတ်တဲ့ The Vicious Cycle of Transitions (အမင်္ဂလာ စက်ဝန်း) ကို ဘယ်လို ကျော်ဖြတ်မလဲ၊ ⁉️
အောင်မြင်မှုတွေ ဆက်တိုက်ရရှိစေမယ့် The Virtuous Cycle of Transitions (မင်္ဂလာ စက်ဝန်း) ထဲကို ဘယ်လို ဝင်ရောက်မလဲ ဆိုတာတွေကို အတွေ့အကြုံကောင်းတွေနဲ့တကွ သင်ကြားပြသပေးခဲ့ပါတယ်ရှင်။

​ဒါ့အပြင် လုပ်ငန်းခွင် အောင်မြင်မှုရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ Speed of Trust ခေါင်းစဉ်နဲ့လည်း အဖွဲ့အစည်းအတွင်း ယုံကြည်မှု ခိုင်မာအောင် ဘယ်လို တည်ဆောက်ရမလဲ ဆိုတာကိုပါ ပို့ချပေးခဲ့ပါတယ်ရှင်။ 🥰🥰

​အခုလို အဖိုးတန်တဲ့ အချိန်တွေကို ပေးပြီး ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်အတွက် ကိုယ်တိုင်ကိုယ်ကျ လေ့ကျင့်သင်ကြားပေးခဲ့တဲ့ MD ကို အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင်။ 🙏🙏

#ဇီဝကဆေးဆိုင်

💦 မဟာသင်္ကြန်ရုံးပိတ်ရက်အတွင်း မိဘပြည်သူများ၏ ကျန်းမာရေးနှင့် ဆေးဝါးလိုအပ်ချက်များအတွက် စိုးရိမ်ပူပန်မှုမရှိရစေရန် ဇီဝကဆ...
12/04/2026

💦 မဟာသင်္ကြန်ရုံးပိတ်ရက်အတွင်း မိဘပြည်သူများ၏ ကျန်းမာရေးနှင့် ဆေးဝါးလိုအပ်ချက်များအတွက် စိုးရိမ်ပူပန်မှုမရှိရစေရန် ဇီဝကဆေးဆိုင် (၄) ဆိုင်လုံးကို ပိတ်ရက်မရှိ ပုံမှန်အတိုင်း ဆက်လက်ဖွင့်လှစ်ထားမှာ ဖြစ်ပါသည်။

​သင်္ကြန်အကြိုနေ့ (ဧပြီလ ၁၃ ရက်) မှ နှစ်ဆန်းတစ်ရက်နေ့ (ဧပြီလ ၁၇ ရက်) အထိ ဇီဝကဆေးဆိုင်၏—
🟣 Online Service (Facebook / Messenger / TikTok) နှင့်
🟣 Delivery Service များကို ခေတ္တခဏ ရပ်နားထားမည်ဖြစ်ကြောင်း ဇီဝက၏ မိတ်​ဟောင်းမိတ်သစ်များအား ​လေးစားစွာ အသိပေးအပ်ပါသည်။

​ပျော်ရွှင်စရာ သင်္ကြန်အခါသမယဖြစ်ပါစေကြောင်းနှင့် ကျန်းမာရွှင်လန်းကြပါစေကြောင်း ဇီဝကမိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏

🏠ဆိုင်(၁) လမ်း(၃၀)၊ (၇၆)လမ်းနှင့် (၇၇)လမ်းကြား၊ မန္တလေးမြို့။ 09969664311, 09756655763

🏠ဆိုင်(၂) လမ်း(၃၀)၊ (၇၄)လမ်းထောင့်၊ မန္တလေးမြို့။ 09969664313, 09756655782

🏠ဆိုင်(၃) မနော်ဟရီလမ်း (၁၁၀လမ်း)၊ (၆၂)လမ်းနှင့် (၆၄)လမ်းကြား၊ မန္တလေးမြို့။ 09977038103, 09977038104

🏠ဆိုင်(၄) ၃၈လမ်း၊ (၇၈)လမ်းနှင့် (၇၉)လမ်းကြား၊ မန္တလေးမြို့။ 09977038109, 09977038110

10/04/2026

နှစ်စဉ်နှစ်တိုင်း မပျက်မကွက် ဇီဝကရဲ့ ချစ်စရာအစဉ်အလာ💜
အလုပ်ရှင်နဲ့ ဝန်ထမ်းထက် မိသားစုလို နွေးထွေးမှုပေးတဲ့ ကိုကြီးနဲ့ အစ်မတို့ကို ရိုသေစွာနဲ့ ရေကန်တော့ခဲ့ပါတယ်ရှင်။ ဆုတောင်းပေးတဲ့ စကားသံတွေနဲ့အတူ သင်္ကြန်မုန့်ဖိုးတွေပါ အများကြီးရလို့ တကယ့်ကို ပျော်ရွှင်ကြည်နူးခဲ့ရတဲ့ နေ့လေးဖြစ်ပါတယ်ရှင်။ ✨

Disclaimer: I do not own this music. All rights and credit go to the original owner.

ဇီဝက၏ (၇) ကြိမ်မြောက် Staff Party မှ မှတ်တမ်းတင်ပုံရိပ်များ  📸​(၁၉) နှစ်တိုင်တိုင် ချစ်ခင်စွာမေတ္တာတရားအပြည့်နှင့် စောင်...
06/04/2026

ဇီဝက၏ (၇) ကြိမ်မြောက် Staff Party မှ မှတ်တမ်းတင်ပုံရိပ်များ 📸

​(၁၉) နှစ်တိုင်တိုင် ချစ်ခင်စွာမေတ္တာတရားအပြည့်နှင့် စောင့်ရှောက်ပေးကြပါသော ဆရာကြီး ဆရာမကြီးများ၊ မိတ်ဆွေသင်္ဂဟများ၊🙏
ချစ်ခင်စွာအားပေးခဲ့ကြသော ဇီဝကချစ်သော customer ကြီးများ၊ 🙏
ချစ်ခင်စွာလက်တွဲခဲ့ကြသော ဆေးcompany ကြီးများကို နှလုံးသားထဲကနေ ကျေးဇူးအထူးတင်ရှိပါတယ်။ 🙏

ရှေ့ဆက်ပြီးလည်း အကောင်းဆုံးဝန်ဆောင်မှုတွေ​ပေးနိုင်ဖို့ ဇီဝကနဲ့ အတူတူရှိနေပေးပါဦးရှင့် 💜💜💜

05/04/2026

💊 ဇီဝကမိသားစု၏ (၇) ကြိမ်မြောက် ပျော်ရွှင်စရာ Staff Party ညချမ်း 🎉🎉

​ဇီဝကဆေးဆိုင်၊ မနော်အထူးကုဆေးခန်းနှင့် ဇီဝကအဆင့်မြင့်ရောဂါရှာဖွေရေးစင်တာ တို့၏ (၇) ကြိမ်မြောက် Staff Party အခမ်းအနားကို မ​နေ့ညက အောင်မြင်ခမ်းနားစွာ ကျင်းပပြီးစီးခဲ့ပါတယ်ရှင်။ 🎊

​ဒီပွဲ ဖြစ်မြောက်အောင် စီစဉ်ပေးပါသော Managing Director နှင့်တကွ Director အဖွဲ့ဝင်များ၊ ဇီဝကမိသားစုဝင်များအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်။ ဂုဏ်သရေရှိ ဧည့်သည်တော်များရဲ့ တက်ရောက်မှုကလည်း ပွဲကို ပိုမိုတောက်ပစေခဲ့ပါတယ်ရှင်။ ✨

​နောင်နှစ်ပေါင်းများစွာတိုင်အောင် ပြည်သူ့အတွက် အကောင်းဆုံး ဝန်ဆောင်မှုတွေနဲ့အတူ အောင်မြင်မှုမှတ်တိုင်သစ်တွေကို ဆက်လက်စိုက်ထူသွားမယ့် "ဇီဝက" ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း အမှတ်တရ Video လေးကို တင်ဆက်လိုက်ပါတယ်ရှင်။ 🎥❤️

"Happy 7th Anniversary, Shop III 🎂🎉"​စတင်ဖွင့်လှစ်ကတည်းက စိတ်အားထက်သန်မှုအပြည့်၊ ဝန်ဆောင်မှုအပြည့်နဲ့ လျှောက်လှမ်းလာခဲ့တ...
19/03/2026

"Happy 7th Anniversary, Shop III 🎂🎉"

​စတင်ဖွင့်လှစ်ကတည်းက စိတ်အားထက်သန်မှုအပြည့်၊ ဝန်ဆောင်မှုအပြည့်နဲ့ လျှောက်လှမ်းလာခဲ့တာ အခုဆိုရင် (၇) နှစ်တိုင်ခဲ့ပါပြီရှင်။

​ဒီခရီးလမ်းတစ်လျှောက်မှာ ယုံကြည်အားပေးခဲ့ကြတဲ့ Customer များအားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ဇီဝကဆေးဆိုင်ရဲ့ တန်ဖိုးတွေကို အကောင်းဆုံး ထိန်းသိမ်းရင်း မိတ်ဆွေတို့ရဲ့ ကျန်းမာရေးအတွက် ကမ္ဘာတည်သရွေ့ ဝန်ဆောင်မှုကောင်းတွေ ပေးသွားဖို့ သန္နိဋ္ဌာန်ချထားပါတယ်ရှင်။ 🏥✨

​၂၀၂၆ မှာလည်း အောင်မြင်မှုတွေ သိမ်းပိုက်နိုင်ပါစေ။ စေတနာအပြည့်နဲ့ ကြိုးစားပေးနေကြတဲ့ ဝန်ထမ်းညီမလေးများအားလုံးလည်း ဒီထက်မက ယုံကြည်အားကိုးရသူတွေ ဖြစ်ကြပါစေ​လို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
​Happy Lucky 7th Year Anniversary! 🎊🎯

💊 ဇီဝက ဆေးဆိုင်များမှာ တာဝန်ထမ်းဆောင်ကြတော့မယ့် ဝန်ထမ်းသစ် ညီမလေးများအား Admin & HR အပိုင်းကို တာဝန်ယူ ဆောင်ရွက်နေသော အစ...
25/02/2026

💊 ဇီဝက ဆေးဆိုင်များမှာ တာဝန်ထမ်းဆောင်ကြတော့မယ့် ဝန်ထမ်းသစ် ညီမလေးများအား
Admin & HR အပိုင်းကို တာဝန်ယူ ဆောင်ရွက်နေသော အစ်မ မခိုင်မှ လုပ်ငန်းနှင့်ပတ်သက်ပြီး သိမှတ်ဖွယ်ရာများကို Orientation training ပေးနေသော ပုံရိပ်များအား မျှဝေလိုက်ပါတယ်ရှင့် 🥰🥰

✨ ဇီဝက လုပ်ငန်းမှ လက်တွဲလုပ်ကိုင်လိုသော Team Member အသစ်များကို စဉ်ဆက်မပြတ်ရွေးချယ်ခန့်ထားပေးနေ၍ မိမိတို့ ဘဝတိုးတက်ဖို့အတွက် ဇီဝကနှင့် လက်တွဲပြီးလုပ်ကိုင်လိုသော လူငယ်မောင်မယ်များအားလုံးကိုလည်း အမြဲဖိတ်ခေါ်လျက်ရှိကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင့်။ ✨

✨ ဆရာကြီး ဦးကောင်းလွန်း၏ Brain Box Acumen College က ပေးအပ်ချီးမြှင့်သော Managerial Skills Certificate များအား ဇီဝကဆေးဆို...
21/02/2026

✨ ဆရာကြီး ဦးကောင်းလွန်း၏ Brain Box Acumen College က ပေးအပ်ချီးမြှင့်သော Managerial Skills Certificate များအား ဇီဝကဆေးဆိုင်ရှိ Supervisors နှင့် Team Leaders များမှ လက်ခံရယူနေသော အမှတ်တရပုံရိပ်များ ✨

✅ Manager တစ်ယောက်ဖြစ်လာဖိုအတွက် Managerial Skills များရှိဖို လိုအပ်ပါတယ်။
✅ Manager Level မှာ မိမိတယောက်ထဲ စွမ်းဆောင်ရည်ကောင်းနေဖို့ထက် မိမိနှင့် မိမိ Team တခုလုံးတိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နိုင်ဖို့ နည်းလမ်းကောင်းများစွာကို နားလည်သိရှိနိုင်ဖို့အတွက်
ဇီဝကဆေးဆိုင်ရှိ Supervisors နှင့် Team Leaders များအား အရည်အချင်းပြည့်ဝသော Manager များဖြစ်လာစေရန် အတွက် အခုလို သင်တန်းများ ထားပေးပြီး ဖြည့်ဆည်းပေးခြင်းဖြစ်ပါတယ်။

✨ ရှေ့ဆက်ပြီး သင်တန်းမှ သင်ယူခဲ့သော ပညာရပ်များကို အသုံးပြုကာ အရည်အချင်းပြည့်ဝသော Manager ကောင်းများဖြစ်လာမည်လို့ ယုံကြည်ပါတယ်ရှင့် ။

💊 ဇီဝကဆေးဆိုင်၏ အခြေခံစံထား တန်ဖိုးများထဲမှ တစ်ချက်ဖြစ်သော **သက်တမ်းလွန်ဆေးဝါးများ လုံးဝ မရောင်းချပါ** ဆိုသည့်အတိုင်း 💊 ...
19/02/2026

💊 ဇီဝကဆေးဆိုင်၏ အခြေခံစံထား တန်ဖိုးများထဲမှ တစ်ချက်ဖြစ်သော **သက်တမ်းလွန်ဆေးဝါးများ လုံးဝ မရောင်းချပါ** ဆိုသည့်အတိုင်း

💊 ဆေးဝါးများ စံချိန်စံညွှန်းပြည့်မှီစေဖို့အတွက် ဆေး Exp date များကို လစဉ်စစ်ဆေးလေ့ရှိပြီး Expired ဖြစ်သွားသော ဆေးများအား ဖယ်ထားကာ စုပေါင်းဖျက်ဆီးဖို့အတွက် စနစ်တကျ ပို့ဆောင်လေ့ရှိပါတယ်။

💊 ဒါကြောင့် မိဘပြည်သူများအနေဖြင့် ဇီဝကဆေးဆိုင်ရှိ ဆေးဝါးများအား ယုံယုံကြည်ကြည် ဝယ်ယူအားပေးနိုင်ပါတယ်ရှင့်။

💊 Expired ဆေးများကို ယနေ့ သွားရောက်ပို့ဆောင်ခဲ့သည့် ပုံရိပ်ကိုလည်း မျှဝေလိုက်ပါတယ်ရှင့်

✨ ဇီဝက ဆေးဆိုင်များတွင် 5S ကို 18.3.2024 ရက်နေ့မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်ရှင်✨၂၀၂၅ နောက်ဆုံး(၄)လပတ်အတွက် ...
01/02/2026

✨ ဇီဝက ဆေးဆိုင်များတွင် 5S ကို 18.3.2024 ရက်နေ့မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်ရှင်✨

၂၀၂၅ နောက်ဆုံး(၄)လပတ်အတွက် 5S & KAIZEN တိုးတက်မှု အရှိဆုံးဌာနများကတော့ Shop III, Shop IV နှင့် Account department တို့ဖြစ်ပါတယ်။

၂၀၂၅ တစ်နှစ်ပတ်လုံး 5S & KAIZEN တိုးတက်မှု အရှိဆုံးဖြင့် အမှတ်အများဆုံး ရရှိခဲ့သည့် ဌာနကတော့ Clinic Cashier & Pharmacy ဖြစ်ပါတယ်ရှင့်။ 🎉🎉

အမှတ်အများဆုံးရရှိခဲ့သည့် ဌာနများအား Certificate ပေးအပ်ခဲ့သော ပုံရိပ်များကိုလည်း အမှတ်တရမျှဝေရင်း ယခုနှစ်မှာလည်း ဇီဝကအနေဖြင့် 5S ကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်ရှင် 🏃‍♀️‍➡️🏃‍♀️‍➡️📈

🏥 မကြာခင် ဇီဝကဆေးဆိုင်များတွင် အလုပ်ဝင်ကြတော့မယ့် ဝန်ထမ်းသစ် မောင်လေး၊ ညီမလေးများအား Orientation Training ပေးခဲ့တဲ့ ပုံရ...
14/01/2026

🏥 မကြာခင် ဇီဝကဆေးဆိုင်များတွင် အလုပ်ဝင်ကြတော့မယ့် ဝန်ထမ်းသစ် မောင်လေး၊ ညီမလေးများအား Orientation Training ပေးခဲ့တဲ့ ပုံရိပ်များကို မှတ်တမ်းတင် မျှဝေလိုက်ပါတယ်ရှင့် 🥰💜

🫶 မောင်လေး၊ ညီမလေးတို့ကို နွေးထွေးစွာ ကြိုဆိုလျက်ပါ 🫶
✨ ဇီဝကနဲ့အတူ အောင်မြင်မှုတွေ ဖန်တီးကြရအောင် ✨

31/12/2025

💊ဇီဝကဆေးဆိုင်တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါဝန်ထမ်းများ ခေါ်ယူနေပါသည်။💊

✳️ Stock Controlling Assistant
✳️ Admin & HR Assistant
✳️ Online Team Assistant
✳️ Pharmacy Assistant
✳️ Cashier

Job Requirements
✅ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ ဖြစ်ရမည်။
✅ Computer အခြေခံ ကျွမ်းကျင်ရမည်။
✅ စည်းကမ်းလိုက်နာသူ ဖြစ်ရမည်။
✅ တက်တက်ကြွကြွရှိပြီး ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူ ဖြစ်ရမည်။

❗️လုပ်ငန်းအတွေ့အကြုံမရှိသေးသူများလည်း လျှောက်ထားနိုင်ပါသည်

လျှောက်ထားလိုသူများသည် လမ်း(၃၀)၊ (၇၆) လမ်းနှင့် (၇၇) လမ်းကြား၊ ဇီဝက ဆေးဆိုင်သို့ လူကိုယ်တိုင် လာရောက်၍ဖြစ်စေ၊ 09964100129 (viber) သို့ ရုံးချိန်အတွင်း ဆက်သွယ်၍ဖြစ်စေ လျှောက်ထားနိုင်ပါတယ်ရှင်

💜ဇီဝကနှင့်အတူ ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ အခုပဲ လာရောက်လျှောက်ထားလိုက်နော်💜

Address

30st, Between 76st &77st
Mandalay

Telephone

+959964100129

Website

Alerts

Be the first to know and let us send you an email when Jivaka Pharmacy , Clinic & Diagnostic Center HR posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share