Nutri Facts by Dr Thin Zar

  • Home
  • Nutri Facts by Dr Thin Zar

Nutri Facts by Dr Thin Zar Sharing nutritional facts

World Breastfeeding Week (August 1 - 7)Theme for 2025 - Prioritise breastfeeding: Create sustainable support systems!Dr....
07/08/2025

World Breastfeeding Week (August 1 - 7)

Theme for 2025 - Prioritise breastfeeding: Create sustainable support systems!

Dr. Thin Zar Wai
Clinical Nutritionist

ကျောက်ကပ်ရောဂါသမားများအတွက် အစားအသောက်လမ်းညွှန်- ကျောက်ကပ်သည် ခန္ဓာကိုယ်အတွင်းမှ စွန့်ပစ်ပစ္စည်းများကို စစ်ထုတ်ပေးရန် အဓ...
30/07/2025

ကျောက်ကပ်ရောဂါသမားများအတွက် အစားအသောက်လမ်းညွှန်

- ကျောက်ကပ်သည် ခန္ဓာကိုယ်အတွင်းမှ စွန့်ပစ်ပစ္စည်းများကို စစ်ထုတ်ပေးရန် အဓိက တာဝန်ယူထားပါသည်။ ထို့ကြောင့် ကျောက်ကပ်ရောဂါဝေဒနာခံစားနေရသူများတွင် စွန့်ပစ်ပစ္စည်းများကောင်းစွာ မစစ်ထုတ်နိုင်သောကြောင့် အစားအသောက်ကို ထိန်း၍ စားသောက်ရပါမည်။
- ကန့်သတ်စားသောက်ရမည့် အာဟာရများမှာ
၁။ ဆားဓာတ်
၂။ အသားဓာတ်
၃။ ဖော့စ်ဖရိတ်ဓာတ် (မီးစုန်းဓာတ်)
၄။ ပိုတက်စီယမ်ဓာတ်
၅။ အရည် တို့ဖြစ်ပါသည်။

၁။ ဆားဓာတ်
- တစ်နေ့လျှင် ဆား ၂ ဂရမ် (လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ) ထက်ပို၍ မစားသင့်ပါ။
- သဘာဝမှရသော အစားအသောက်များကိုသာ ရွေးချယ်စားသုံးပါ။
- အချိုမှုန့်၊ ကြက်သားမှုန့် စားသုံးခြင်းကို လုံးဝမပြုလုပ်ရပါ။
- ဆားပေါ့၍ အရသာမရှိသော ဟင်းလျာများတွင် အထောက်အကူဖြစ်စေရန် ဟင်းခတ်အမွှေးအကြိုင် သို့ ချဥ်ချဥ်စပ်စပ်အရသာများ သို့ အရောင်စုံအောင်ပြုလုပ်၍ စားသုံးနိုင်ပါသည်။
- ပြုပြင်ပြောင်းလဲထားသော အစားအသောက်များ၊ အသင့်စား အစားအသောက်များ၊ အချဥ်ဖောက်ထားသော အစားအစာများ၊ စည်သွပ်ဗူးများ၊ အခြောက်ခံထားသော အစားအသောက်များ၊ သကြားရည်စိမ် ဆားရည်စိမ်အစားအသောက်များကို ရှောင်ကြဥ်သင့်ပါသည်။
- ဆားဓာတ်အလွန်ပါသည့် ငပိ၊ ငါးခြောက်၊ ငံပြာရည်၊ ပင်လယ်စာများဖြစ်သော ဂုံး၊ ယောက်သွားများ ရှောင်ကြဥ်ပါ။
- ဆား၊ အုန်းနို့နှင့် ဆိုဒါ ပါဝင်မှုများသော မြန်မာမုန့်များ၊ အကြော်များ၊ ကိတ်မုန့်များ အစရှိသည်တို့ကို ရှောင်ကြဥ်ပါ။
- အချဥ်ဖောက်ထားသော အစားအစာများ၊ သကြားရည်စိမ်၊ ဆားရည်စိမ်များ၊ စည်သွပ်ဗူးများ၊ ဆားပါသော ထောပတ်နှင့် မြေပဲထောပတ်၊ ဆီတို့ဟူး၊ ကြာညို့၊ ခရုဆီ၊ ဆော့စ်ချဥ်အမျိုးမျိုး၊ ပဲပုတ်၊ ပဲငပိ၊ တုံယမ်းခဲ/အမှုန့်၊ ငါးမှုန့်၊ မာလာဟင်းအနှစ်၊ သတ္တုဓာတ်နှင့် ဂတ်စ်ပါသော အချိုရည်များ၊ ဖျော်ရည်အဆီအပျစ်များ၊ mineral water တို့ကို ရှောင်ရပါမည်။

၂။ အသားဓာတ်
၁) ကျောက်ကပ်ဆေးရန် မလိုသေးသော အဆင့် ၃၊၄၊၅ ကျောက်ကပ်ရောဂါသမားများသည် တစ်နေ့လျှင် အသားဓာတ် 0.6 – 0.8 gram/kg ထပ်ပိုမစားရပါ။
၂) ကျောက်ကပ်ဆေးနေသော လူနာများသည် တစ်နေ့လျှင် အသားဓာတ် 1.2 gram/kg ရအောင် စားသုံးသင့်ပါသည်။
၃) ကျောက်ကပ်လဲပြီးသော လူနာများသည် သာမန်လူအတိုင်း အသားဓာတ် အပြည့်အဝ စားသုံးနိုင်ပါသည်။

၃။ ဖော့စ်ဖရိတ်ဓာတ် (မီးစုန်းဓာတ်)
- ဖော့စ်ဖရိတ်ဓာတ် (မီးစုန်းဓာတ်) များလျှင် ခန္ဓာကိုယ်ယားယံခြင်း၊ ကယ်လ်စီယမ်ဓာတ် (ထုံးဓာတ်) အပေါ်သက်ရောက်မှုကြောင့် အရိုးကျိုးလွယ်ခြင်းတို့ကို ဖြစ်ပေါ်စေတတ်သောကြောင့် ဖော့စ်ဖရိတ်ဓာတ် (မီးစုန်းဓာတ်)များသော အစားအစာများကို ရှောင်ကြဥ်ရပါမည်။
- ဖော့စ်ဖရိတ်ဓာတ် (မီးစုန်းဓာတ်)များသော အစားအစာများမှာ အသည်း နှင့် ကျောက်ကပ်၊ ခွံမာသီးအဆံ၊ ဖရုံစေ့၊ ပုစွန်ခြောက်၊ ကင်းမွန်၊ ငါးခြောက်၊ ငါးသေတ္တာ၊ မိုင်လို၊ အိုဗာတင်း၊ ဟောလစ်၊ မုန့်ဖုတ်ဆိုဒါ အများအပြားပါသောမုန့်များ ဖြစ်ပါသည်။
- နို့နှင့် နို့ထွက်ပစ္စည်းများတွင်လည်း ဖော့စ်ဖရိတ်ဓာတ် (မီးစုန်းဓာတ်) အများအပြားပါဝင်၍ တစ်နေ့လျှင် တစ်ကြိမ်ထပ်ပို၍ မစားသုံးသင့်ပါ။

၄။ ပိုတက်စီယမ်ဓာတ်
- ပိုတက်စီယမ်ဓာတ်မြင့်မားခြင်းသည် နှလုံးခုန်နှုန်း မူမမှန်ခြင်းများဖြစ်ပေါ်စေခြင်းကြောင့် အသက်အန္တရာယ် ရှိနိုင်ပါသည်။
- ဟင်းသီးဟင်းရွက်များတွင် ပိုတက်စီယမ်ဓာတ်များစွာပါဝင်သဖြင့် အတုံးသေးသေးများတုံး၍ ရေများများနှင့် ပြုတ်ခြင်းဖြင့် ပိုတက်စီယမ်ဓာတ်ပမာဏ လျော့ကျစေနိုင်ပါသည်။
- ထို့ကြောင့် တစ်နေ့လျှင် ဟင်းသီးဟင်းရွက် အမျိုးအစား ၂ မျိုးထပ်ပို၍ ပိုမစားသုံးသင့်ပါ။
- ဟင်းသီးဟင်းရွက် ရွေးချယ်ရာတွင် ပိုတက်စီယမ်ဓာတ်နည်းသော ဟင်းသီးဟင်းရွက်များကိုသာ အဓိကရွေးချယ်သင့်ပါသည်။
- ပိုတက်စီယမ်ဓာတ်နည်းသော ဟင်းသီးဟင်းရွက်များမှာ ခရမ်းသီး၊ ဗူးသီး၊ ငရုတ်သီးအပွ၊ သခွားသီး၊ ကျောက်ဖရုံသီး၊ ဆလပ်ရွက်၊ ပဲပင်ပေါက်၊ မုန်လာဥ၊ ကြက်သွန်မြိတ်၊ ပဲတောင့်ရှည်၊ ကြက်သွန်နီ၊ ဖရုံသခွားတို့ ဖြစ်ပါသည်။
- ပိုတက်စီယမ်အသင့်အတင့်ပါသော ဟင်းသီးဟင်းရွက်များဖြစ်သည့် ရုံးပတီသီး၊ ပန်းမုန်လာ၊ တရုတ်နံနံ၊ ကညွတ်၊ ငရုတ်သီး၊ ပဲနီလေး၊ ပဲသီး၊ ရွှေဖရုံသီး၊ ပဲလိပ်ပြာ၊ သကြားပြောင်း၊ ခရမ်းချဥ်သီးတို့ကို တစ်ပတ်လျှင် ၃ ကြိမ်ထပ်ပို၍ မစားသင့်ပါ။
- ပိုတက်စီယမ်ဓာတ်မြင့်မားစွာပါဝင်သော ကိုက်လန်၊ မုန်ညင်းရွက်၊ ဂေါ်ဖီထုတ်၊ မှိုအမျိုးမျိုး၊ မျှစ်၊ အာလူး၊ ကန်စွန်းဥ၊ ကုလားပဲ၊ ကြာစွယ် များကို လုံးဝ ရှောင်ကြဥ်ရပါမည်။
- အသီးများသည် ပိုတက်စီယမ်ဓာတ်မြင့်မားစွာပါဝင်ခြင်းကြောင့် တစ်ပတ်လျှင် ၃ ကြိမ်သာ စားသုံးသင့်ပါသည်။
- စားနိုင်သော အသီးများမှာ သင်္ဘောသီး၊ မာလကာသီး၊ လိမ္မော်သီး၊ သံပုရာသီး၊ ကျွဲကောသီး၊ လိုင်ချီးသီး၊ မက်မွန်သီး၊ စူကာသီး၊ တရုတ်ဇီးသီး၊ စတော်ဘယ်ရီသီး၊ ချယ်ရီသီး၊ ငှက်ပျောသီး၊ သရက်သီး၊ စပျစ်သီး၊ ကီဝီသီး၊ သခွားမွှေး၊ ဒူးရင်းသီး၊ ပိန္နဲသီး၊ စွန်ပလွန်သီး၊ သဖန်းသီး၊ ထောပတ်သီး၊ သလဲသီး တို့ ဖြစ်ပါသည်။
- ချောကလက်၊ ကော်ဖီ၊ နွယ်ချို၊ အုန်းသီး၊ မြေပဲထောပတ်၊ ဝိုင်၊ အုန်းရည်၊ မိုင်လို၊ အိုဗာတင်း များကို ရှောင်ကြဥ်ရပါမည်။

၅။ အရည်
- ကျောက်ကပ်အထူးကု ဆရာဝန်မှ သတ်မှတ်ထားသော ပမာဏထပ်ပို၍ မသောက်ရပါ။
- စွပ်ပြုတ်၊ ဆန်ပြုတ်၊ ဟင်းရည်များကိုလည်း တစ်နေ့တာ သောက်သုံးရမည့် အရည်ပမာဏထဲတွင် ထည့်တွက်ရပါမည်။

Dr. Thin Zar Wai
Clinical Nutritionist


Food connects us.....နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါတွေဟာ ယနေ့ခေတ်မှာ ပို အဖြစ်များလာကြပါတယ်ထိုရောဂါများကို အစာ...
28/05/2025

Food connects us.....

နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါတွေဟာ ယနေ့ခေတ်မှာ ပို အဖြစ်များလာကြပါတယ်
ထိုရောဂါများကို အစားအသောက်သေချာပုံမှန် စားသောက်ပေးရုံဖြင့် နောက်ဆက်တွဲဆိုးကျိုးများ မဖြစ်ပေါ်အောင် ထိန်းချုပ်နိုင်ပါတယ်
အဲ့ဒါကြောင့် အစာလဲဆေးဖြစ်ရအောင် ကျန်းမာတဲ့ စားသောက်နေထိုင်မှုပုံစံကို ကျင့်သုံးကြဖို့လိုပါတယ်
ဒီနေ့ဟာ ကမ္ဘာ့အာဟာရဆိုင်ရာနေ့လေး ဖြစ်တဲ့အလျောက် ဒီနေ့ကနေစပြီး ကျွန်မနဲ့အတူ Healthy Nutrition Journey လေးကို ဖြတ်သန်းနိုင်ကြဖို့ ဆန္ဒပြုလိုက်ပါတယ်

Dr. Thin Zar Wai
Clinical Nutritionist

https://www.facebook.com/share/p/1AvQB7cMZj/ဒီနေ့ weight loss Yoga online free workshop လေး မတက်ဖြစ်လိုက်တဲ့ သူတွေအတွက် ...
18/05/2025

https://www.facebook.com/share/p/1AvQB7cMZj/
ဒီနေ့ weight loss Yoga online free workshop လေး မတက်ဖြစ်လိုက်တဲ့ သူတွေအတွက် workshop မှာ မျှဝေပေးခဲ့တဲ့ Healthy Eating and Smart Living အကြောင်းလေး တင်ပေးလိုက်ပါတယ်

Some photos used in my PowerPoint are credited to the rightful owners.

Dr. Thin Zar Wai
Clinical Nutritionist


ဖြည့်စွက်စာကို အသက် ၆ လပြည့် ကလေး ကောင်းကောင်းထိုင်နိုင် အစာစားချင်တဲ့ ပုံရှိရင် စကျွေးလို့ ရပါပြီ။ အောက်က ပုံပါနည်းလမ်း...
05/05/2025

ဖြည့်စွက်စာကို အသက် ၆ လပြည့် ကလေး ကောင်းကောင်းထိုင်နိုင် အစာစားချင်တဲ့ ပုံရှိရင် စကျွေးလို့ ရပါပြီ။ အောက်က ပုံပါနည်းလမ်းလေးတွေအတိုင်း ကျွေးလို့ရပါတယ်။

Dr. Thin Zar Wai
Clinical Nutritionist

Free Counselling 10 ယောက် တစ်ယောက် နာရီဝက် အချိန် ရရှိမှာဖြစ်လို့ Nutriluxe - Healthy Meal & Detox Juice messenger မှာ စ...
01/08/2024

Free Counselling 10 ယောက် တစ်ယောက် နာရီဝက် အချိန် ရရှိမှာဖြစ်လို့ Nutriluxe - Healthy Meal & Detox Juice messenger မှာ စာရင်းစတင်သွင်းလို့ ရပါပြီ

👏🏻ကျန်းမာလှပချင်သူတိုင်း လက်လွတ်မခံသင့်တဲ့ အထူးအခွင့်အရေးလေး ရောက်ရှိလာပါပြီ…

Nutri လေးတွေအားလုံးတစ်နေ့တာစားသုံးနေတဲ့ အစားအစာတွေထဲမှာ
လိုအပ်တဲ့ကယ်လိုရီတွေပါ၀င်နေရဲ့လား?
ပရိုတိန်းဓာတ်ကြွယ်၀ရဲ့လား?
အစာအုပ်စုသုံးစုလုံးမျှတရဲ့လား?
အဆီ၊အဆိမ့်တွေများလွန်းနေပြီလား? စတဲ့အချက်တွေကို စနစ်တကျသိနိုင်ဖို့နဲ့ ပိုမိုကောင်းမွန်တဲ့ Healthy Lifestyle ကိုပိုင်ဆိုင်စေဖို့အတွက် အာဟာရဆရာဝန် ဒေါက်တာသင်ဇာဝေကိုယ်တိုင် အခမဲ့ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

👩🏻‍⚕️Dr. Thin Zar Wai
Clinical Nutritionist
M.B.,B.S, MSc. Nutrition & Dietetics (UK)

▪️ Nutriluxe ရဲ့ Founder တစ်ဦးဖြစ်တဲ့ ဒေါက်တာသင်ဇာဝေဟာ M.B.B.S ဘွဲ့ကို ၂၀၁၄ မှာ ရရှိခဲ့ပြီး MSc. Nutrition & Dietetics (UK) ကို ၂၀၂၀ မှာ စတင်လေ့လာခဲ့ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို ပြင်ဆင်ပေးချင်ရုံသာမက…
👉🏻ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်တွေနဲ့ ကလေးငယ်တွေအတွက်ပါ အာဟာရပြည့်ပြည့်ဝဝ ရစေချင်ပြီး
👉🏻အစားမဝင်တဲ့ သက်ကြီးရွယ်အိုတွေ နဲ့ နာမကျန်းလူနာတွေအတွက်လည်း ပုံမှန်လူတွေကဲ့သို့ အာဟာရလုံလုံလောက်လောက်ရရှိအောင် စားသုံးသူ တစ်ဦးချင်းစီတိုင်းရဲ့ kcal ပမာဏကို တွက်ချက် စီမံပေးလျက်ရှိပါတယ်…။

ဒီလိုအစာအာဟာရအပိုင်းနဲ့ပတ်သက်ပြီး ယုံကြည်စိတ်ချရတဲ့ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးကာ ကိုယ့်ရဲ့နေထိုင်စားသောက်မှုပုံစံတွေ ပြောင်းလဲလိုသူလေးတွေအနေနဲ့ page Messenger ကို “Free Counseling” လို့ ပေးပို့စာရင်းသွင်းရမှာဖြစ်ပြီး အရင်ဆုံးပို့တဲ့ (၁၀) ယောက်ကို ရွေးချယ်ပေးသွားမှာပါ..

အခမဲ့ဆွေးနွေးတဲ့အခါမှာလည်း Zoom နဲ့တစ်ဆင့်ဆွေးနွေးနိုင်သလို လူကိုယ်တိုင်လည်း လာရောက်ဆွေးနွေးနိုင်မှာဖြစ်ပြီး တစ်ဦးလျှင် နာရီဝက် မိနစ်(၃၀) တိတိ ဆွေးနွေးခွင့်ရရှိမှာဖြစ်ပါတယ်…

❗️ဒါ့အပြင် “Free Counseling” ရရှိကြတဲ့ Nutri လေးတွေအနေနဲ့ Nutriluxe မှာ Healthy Meal Package တွေဝယ်ယူတဲ့အခါ 10% Discount ကိုပါ ရှိဦးမှာမလို့ အခုပဲ Page Messenger မှာ စာရင်းပေးသွင်းလိုက်တော့နော်…

📱09- 955517759
📱09- 777637795
📍Corner of 16th and 63rd streets, Aung Myay Thar Zan township.

"Healthy Plate"Healthy lifestyle ရဖို့အတွက် မှန်ကန်တဲ့ စားသောက်နည်းပုံစံက အလွန်အရေးကြီးတယ်ဆိုတာကို ပြောပြခဲ့ပြီးပြီဆိုတေ...
20/08/2023

"Healthy Plate"

Healthy lifestyle ရဖို့အတွက် မှန်ကန်တဲ့ စားသောက်နည်းပုံစံက အလွန်အရေးကြီးတယ်ဆိုတာကို ပြောပြခဲ့ပြီးပြီဆိုတော့ ဒီတစ်ခေါက်မှာ အလွယ်ကူဆုံးနဲ့ ထိရောက်မယ့် အစာစားသောက်မှုပုံစံလေးအကြောင်းကို ပြောပြချင်ပါတယ်
Healthy Plate ကို USDA (US Department of Agriculture) ကနေ my plate လို့ မိတ်ဆက်ခဲ့ပြီး ခုတစ်ကမ္ဘာလုံးက လက်ခံကျင့်သုံးနေကြပါတယ်
မြန်မာလူမျိုးတွေက ကာဗိုဟိုက်ဒရိတ်လို့ ခေါ်တဲ့ ကစီဓာတ်ကို အဓိက စားသုံးကြပါတယ်
ခေါက်ဆွဲဆို တစ်ပန်းကန် အပြည့်ကိုမှ အသားနည်းနည်းပဲ ပါတာမျိုး ထမင်းကို အပြည့်ထည့်ပြီး ဟင်းနည်းနည်းနဲ့ ပုံစားတာမျိုး ဟင်းအနှစ်အများကြီးနဲ့ နယ်စားကြတာမျိုး အဲ့လိုမျိုး အများစုက စားသုံးကြပါတယ်
အဲ့အခါမှာ လုံလောက်တဲ့ အသားဓာတ်မရတာ ကစီဓာတ်များလို့ အဝလွန်တာ စတာတွေ ဖြစ်လာကြပါတယ်
အဲ့ဒီတော့ ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လိုစားကြမလဲဆိုတော့ အောက်ကပုံလေးမှာပါတဲ့ အတိုင်းလေး စားကြမယ်
၁။ ပန်းကန်ကို လေးပုံပုံမယ်
၂။ ပထမ တစ်ပုံက ကစီဓာတ် - ထမင်း၊ ခေါက်ဆွဲ၊ ကြာဇံ၊ အာလူး၊ ပေါင်မုန့်
၃။ ဒုတိယတစ်ပုံက အသားဓာတ် - အသား၊ ငါး၊ ပင်လယ်စာ၊ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုး၊ တိုဖူး
၄။ တတိယ တစ်ပုံက နှစ်သက်ရာ ဟင်းသီးဟင်းရွက်
၅။ စတုတ္ထ တစ်ပုံက နှစ်သက်ရာ အသီးအနှံ

ကဲ ဘယ်လောက်မှတ်ရလွယ်သလဲ
အဲ့လို လွယ်လွယ်ကူကူစားရုံနဲ့ ကျန်းမာရေးကို ပိုမိုကောင်းမွန်လာစေတယ်ဆိုတော့ မိမိသာမက အိမ်က ဖိုးဖိုး ဖွားဖွား ဖေဖေ မေမေ တို့ကိုပါ အဲ့အတိုင်းလေး လိုက်ကျွေးကြပါနော်
အဲ့ဒါအပြင် အချိုရည်တွေအစား ရေများများသောက်ပေးပါနော်
နွားနို့၊ ဒိန်ချဉ်၊ ချိစ် စတဲ့ နို့ထွက်ပစ္စည်းတွေကိုလဲ နေ့တိုင်းပါအောင် စားသောက်ပေးပါနော်

မေတ္တာဖြင့်
Dr Thin Zar
M.Sc Nutrition and Dietetics Candidate

"ကျန်းမာလှပ နေ့စဉ်လူနေမှုဘဝ"COVID 19 ရဲ့ ကြီးမားတဲ့ ရိုက်ခတ်မှုနှုန်းကြောင့် ၂၀၂၀ ခုနှစ်မှ စတင်ပြီး လူတွေရဲ့ နေထိုင်မှုပ...
14/08/2023

"ကျန်းမာလှပ နေ့စဉ်လူနေမှုဘဝ"

COVID 19 ရဲ့ ကြီးမားတဲ့ ရိုက်ခတ်မှုနှုန်းကြောင့် ၂၀၂၀ ခုနှစ်မှ စတင်ပြီး လူတွေရဲ့ နေထိုင်မှုပုံစံတွေ ပြောင်းလဲ လာကြပါတယ်
အလုပ်တော်တော်များများဟာ work from home ဆိုတဲ့ အခြေအနေကို ပြောင်းလဲသွားတယ် အထိုင်များလာကြတယ်
Gym တွေမှာ workout လုပ်နေကြသူတွေထဲက အနည်းစုသာ အိမ်မှာ လေ့ကျင့်ခန်းဆက်လုပ်ဖြစ်ကြတယ်
အိမ်မှာပဲ COVID ဆိုတဲ့ ကပ်ဆိုးကြီးကို ကျော်လွန်နိုင်ဖို့ အစားတွေ အများကြီးစားပီး အားယူကြတဲ့ သူတွေလဲများခဲ့ပါတယ်
အဲ့လို အကြောင်းအချက်တွေပေါင်းစုံပီး COVID ကာလအလွန်မှာ ကျန်းမာရေးအတွက်ဆိုးကျိုးပြုတဲ့ အဆီတွေတက်လာတဲ့သူတွေလဲ အလွန်များလာခဲ့ပါတယ်
ဒီနေ့ Unhealthy lifestyle ကနေ healthy ဖြစ်တဲ့ lifestyle ကို ဘယ်လိုနည်းတွေနဲ့ ပြောင်းလဲလို့ရသလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်
Harvard Medical School ကနေ ၁၉၈၀ ခုနှစ်ကစပီး ၂၀၁၄ ခုနှစ်အထိ လူပေါင်း ၁၂၀၀၀၀ မှာ ပြုလုပ်ခဲ့ကြတဲ့ အချက်အလက်တွေအရ အောက်ပါ အချက် ၅ ချက်ကို လိုက်နာမယ်ဆိုရင် ပိုမိုကျန်းမာလှပလာကြမှာ ဖြစ်ပါတယ်
ပါဝင်တဲ့ အချက် ၅ ချက်ကတော့
၁။ သင့်တင့်မျှတ၍ အာဟာရပြည့်ဝသော အစားအစာများကို စားသုံး၍ အသင့်စား အစားအစာများကို လျှော့ချရန်
၂။ တစ်နေ့ကို မိနစ် ၃၀ လေ့ကျင့်ခန်းပုံမှန်လုပ်ရန်
၃။ ကိုယ်အလေးချိန်ပုံမှန်ဖြစ်အောင်ထိန်းသိမ်းရန်
၄။ ဆေးလိပ်ဖြတ်ရန်
၅။ အရက်ကို လျှော့သောက်ရန်
တို့ဖြစ်ပါတယ်
ဒီအချက် ၅ ချက်ကို သေချာလိုက်နာတယ်ဆိုရင် မိန်းမမှာ ၁၄ နှစ် ယောက်ျားမှာ ၁၂ နှစ် အသက်ပိုရှည်တယ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်

ကိုယ်အလေးချိန်ပုံမှန်ထဲရှိမရှိ ဘယ်လိုတွက်မလဲ 🤔
အရမ်းလွယ်တဲ့နည်းလေးရှိပါတယ်
အဲ့ဒါကတော့ BMI တွက်ခြင်းပါပဲ

BMI ကိုရော ဘယ်လိုတွက်မလဲ?
👉ကိုယ်အလေးချိန်နဲ့ အရပ်သိရုံနဲ့ လွယ်လွယ်ကူကူတွက်လို့ရတာပေါ့
👉အလွယ်ဆုံးနည်းကတော့ internet မှာ BMI calculator ဆိုပီးရိုက်ရှာ ပီး data တွေထည့်လိုက်ရင် ချက်ချင်းတွက်ပြီးသား အဖြထွက်လာမှာပေါ့
👉internet က ပိုခက်တယ်ဆိုသူများအတွက်ကတော့ ကိုယ်အလေးချိန်ကို kilogram နဲ့ချိန် - မရရင် ပေါင်နဲ့ထွက်တဲ့ အဖြေကို ၂.၂ နဲ့စား - အဲ့ဒါဆို kg နဲ့ ရမယ်
👉အရပ်ကို စင်တီမီတာနဲ့တိုင်း - မတိုင်းတတ်ရင် ရတဲ့ပေနဲ့လက်မကို လက်မဖွဲ့ - ၁ ပေမှာ ၁၂ လက်မ အဲ့ဒါကို cm ပြန်ဖွဲ့ ၁ လက်မမှာ ၂.၅၄ စင်တီမီတာ
👉ရလာတဲ့ cm ကို ၂ ခါမြှောက်ပီး အပေါ်က ရတဲ့ kg ကိုသွားစား
👉BMI = kg/M2
👉18.5 - 24.9 ထဲဝင်ရင် ပုံမှန်လို့ သတ်မှတ်လို့ရပါတယ်

နောက်နေ့တွေမှာ ကျန်းမာတဲ့ အစားအသောက်ပုံလေးနဲ့ အရက်ကို ဘယ်လိုလျှော့သောက်ရမယ်ဆိုတာကိုပြောပြပေးသွားပါမယ်

ဒါဆိုရင်တော့ အလွယ်ကူဆုံး အသက်ရှည်စေတဲ့ နည်းလမ်းလေးတွေကို လိုက်နာကြမယ်လို့မျှော်လင့်ရင်း

Dr Thin Zar
M.Sc Nutrition and Dietetics Candidate

Address


Website

Alerts

Be the first to know and let us send you an email when Nutri Facts by Dr Thin Zar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram