သုခမေတ္တာအထွေထွေနှင့်စိတ်ရောဂါကုဆေးရုံကြီး

  • Home
  • Myanmar
  • Mandalay
  • သုခမေတ္တာအထွေထွေနှင့်စိတ်ရောဂါကုဆေးရုံကြီး

သုခမေတ္တာအထွေထွေနှင့်စိတ်ရောဂါကုဆေးရုံကြီး စိတ်နှလုံး ရွှင်လန်းစေဖို့ "သုခမေတ္တာ" မှာဆေးကုကြစို့

🏨ကျွန်တော်တို့ဆေးရုံမှ ပြုစု ကုသပေးနေသော ရောဂါများနှင့် ၀န်ဆောင်မှုများမှာ✅အရက်ဖြတ်✅ဆေးဖြတ်✅စိတ်ကြွ✅စိတ်ကျ✅စိတ်ကျန်းမာရေ...
30/07/2025

🏨ကျွန်တော်တို့ဆေးရုံမှ ပြုစု ကုသပေးနေသော ရောဂါများနှင့် ၀န်ဆောင်မှုများမှာ
✅အရက်ဖြတ်
✅ဆေးဖြတ်
✅စိတ်ကြွ
✅စိတ်ကျ
✅စိတ်ကျန်းမာရေး ရောဂါများကို အထူးကုဆရာဝန်ကြီးများနှင့် ကုသ စောင့်ရှောက် ပေးနေပါသည်။
⭐ထို့အပြင်နာတာရှည်စိတ်ကျန်းမာရေးလူနာများနှင့် အရက်စွဲ၊ မူးယစ်ဆေးစွဲလူနာများ၏ပြန်လည်ထူထောင်ရေးအတွက်လည်း အထူးဝန်ဆောင်မှုများပေးလျက်ရှိပါသည်။

✅ဂေဟာ၏ဝန်ဆောင်မှုများ
👉လူနာစောင့်ထားရှိပေးရန်မလိုအပ်ခြင်း
👉စားစရိတ်ငြိမ်း ၀န်ဆောင်မှုပေးခြင်း
👉အမျိုးသားဆောင်၊ အမျိုးသမီးဆောင်များတွင် အဆောင်ကြီးကြပ်ရေးမှူးများဖြင့် စနစ်တကျ ပြန်လည်သန်စွမ်းရန်လေ့ကျင့်ပေးခြင်း
👉ပြန်လည်သန်စွမ်းခြင်းသင်ရိုးများအတိုင်း လေ့ကျင့်မှုများ ပြုလုပ်ပေးခြင်း
💡မှတ်ချက်။ ။ ဆေးကုသမှုခံယူပြီးသည့် လူနာများသာစိတ်ရောကိုယ်ပါကျန်းမာစေရန် အတွက် နေ့စဉ်လေ့ကျင့်ခန်းများ ဆောင်ရွက်ပေးခြင်း၊ နှစ်သိမ့်ဆွေးနွေးအကြံပြုခြင်းများကိုလည်း စီစဉ်ဆောင်ရွက်ပေးထားပါသည်။
လူနာများ ၏ စားဝတ်နေရေး ကိစ္စ အဝဝ အတွက် အပြည့်အစုံ စီမံ ဆောင်ရွက်ပေးထားပါသည်။ သို့ဖြစ်ပါ၍ လူနာရှင်များ လိုက်လံစောင့်ရှောက် ပေးရန် မလိုအပ်ပါ။

🚨အရေးအကြီးဆုံးအနေဖြင့် လူနာတိုင်း၏ Privacy နှင့် Confidentiality ကိုလုံခြုံစိတ်ချရစေရန် အထူးအလေးထားဆောင်ရွက်ပေးထားပါသည်။

☎️အသေးစိတ်ဆက်သွယ်စုံစမ်းလိုပါက -
စိတ်ရောဂါကု ဆေးရုံကြီးဖုန်း-
09-764 737 355
09-964 737 355
လိပ်စာ - ၆၅လမ်း၊ (၁၄၁)လမ်းနှင့်(၁၄၂)လမ်းကြား၊ စက်မှု (၂)၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။

အထွေထွေရောဂါကုဆေးရုံကြီးဖုန်း -
09-8841 6666 3
09-8841 6666 5
(၁၄၀)လမ်း၊ (၆၂)လမ်းနှင့်(၆၃)လမ်းကြား၊ စက်မှု (၂)၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။

😔စိတ်ကစဉ့် ကလျားရောဂါ လက္ခဏာများ⏩မည်သူမှ မရှိပဲ အသံများ ကြားနေရခြင်း၊ ထိုအသံများကို တုံ့ပြန်နေခြင်း⏩မည်သို့မျှ မဖြစ်နိုင...
12/07/2025

😔စိတ်ကစဉ့် ကလျားရောဂါ လက္ခဏာများ
⏩မည်သူမှ မရှိပဲ အသံများ ကြားနေရခြင်း၊ ထိုအသံများကို တုံ့ပြန်နေခြင်း
⏩မည်သို့မျှ မဖြစ်နိုင်သည့် ကိစ္စများကို ဖြစ်နိုင်သည်ဟု ယုံကြည်ခြင်း ။(ဥပမာ - အမည်မသိသူများက ရုပ်မြင်သံကြားစက်မှတဆင့် ထောက်လှမ်းနေသည်ဟု ယုံကြည်ကာ ရုပ်မြင်သံကြားစက်ကို ဖျက်ဆီးပစ်ခြင်း)
⏩မိမိအတွေးကို အခြားသူများက အလိုအလျောက် သိနေသည်၊ သတင်းပျံ့နှ့ံ့နေသည်၊ မိမိအတွေးကို သူတစ်ပါးက နှုတ်ယူသွားသည်၊ သူတပါးအတွေးကို မိမိခေါင်းထဲ အထည့်ခံရသည်ဟု ယုံကြည်ခြင်း။
⏩မည်သူနှင့်မျှ အတွေ့မခံပဲ တစ်ကိုယ်တည်းနေလာခြင်း။
⏩သာမန်အာရုံများကို လွဲမှားစွာ အဓိပ္ပါယ်ဖွင့်ဆို ယုံကြည်လာခြင်း။
⏩မိမိ၏ တစ်ကိုယ်ရေ သန့်ရှင်းမှု၊ အသွင်အပြင်ကို လုံးဝဂရုမစိုက်တော့ခြင်း။
⏩အတွေးများ ဂယောက်ဂယက်ဖြစ်ခြင်း။
စိတ်ကျန်းမာရေး ဗဟုသုတ ပိုမိုပြန့်ပွားလာစေရန် ရည်ရွယ်ပါသည်။ အထက်ပါအချက်အလက်များနှင့် ပတ်သက်ပြီး ပိုမိုသိရှိသေချာစေရန် စိတ်ကျန်းမာရေး အထူးကု သမားတော်များနှင့် တွေ့ဆုံ ဆွေးနွေး အကြံဉာဏ် ရယူသင့်ပါသည်။ မိမိကိုယ်တိုင်ရော၊ သူတစ်ပါးကိုပါ ရောဂါနာမည်တပ်ခြင်း၊ စနောက်ခြင်း၊ ကုသခြင်းများ လုံးဝမလုပ်ဆောင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။
From: Mind to Mind Myanmar

စိတ်နှလုံးရွှင်လန်းစေဖို့ “သုခမေတ္တာဆေးရုံကြီး” မှတာဝန်ယူပါရစေ....
ကျွန်တော်တို့ဆေးရုံမှ ပြုစု ကုသပေးနေသော ရောဂါများနှင့် ဝန်ဆောင်မှုများကို တင်ပြပေးပါရစေ
- အရက်ဖြတ်
- ဆေးဖြတ်
- စိတ်ကြွ
- စိတ်ကျ ရောဂါများကို (၂၄)နာရီ အထူးကုဆရာဝန်ကြီးများနှင့် ကုသ စောင့်ရှောက် ပေးနေပါသည်။

စိတ်ရောကိုယ်ပါကျန်းမာစေရန် အတွက် နေ့စဉ်လေ့ကျင့်ခန်းများ ဆောင်ရွက်ပေးခြင်း၊ နှစ်သိမ့်ဆွေးနွေးအကြံပြုခြင်းများကိုလည်း စီစဉ်ဆောင်ရွက်ပေးထားပါသည်။

လူနာများ ၏ စားဝတ်နေရေး ကိစ္စ အဝဝ အတွက် အပြည့်အစုံ စီမံ ဆောင်ရွက်ပေးထားပါသည်။ သို့ဖြစ်ပါ၍ လူနာရှင်များ လိုက်လံစောင့်ရှောက် ပေးရန် မလိုအပ်ပါ။

အရေးအကြီးဆုံးအနေဖြင့် လူနာတိုင်း၏ Privacy နှင့် Confidentiality ကိုလုံခြုံစိတ်ချရစေရန် အထူးအလေးထားဆောင်ရွက်ပေးထားပါသည်။

အသေးစိတ်ဆက်သွယ်စုံစမ်းလိုပါက
ဆေးရုံဖုန်း- 09-764 737 355, 09-964 737 355

လိပ်စာ - ၆၅လမ်း၊ တပင်ရွှေထီး နှင့် ရွှေလံှဘို လမ်းကြား စက်မှု (၂) ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။

အတူ လက်တွဲ လုပ်ဆောင်နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်
07/07/2025

အတူ လက်တွဲ လုပ်ဆောင်နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်

သုခမေတ္တာအထွေထွေဆေးရုံကြီးမှ အောက်ဖော်ပြပါရာထူးများ လျှောက်ထားနိုင်ပါသည်။
✅ Marketing - (2)post
✅General worker - (2)post

လျှောက်ထားရန်လိုအပ်သော အချက်အလက်များ
✅ သက်ဆိုင်ရာ အောင်လက်မှတ်မိတ္တူ
✅ အိမ်ထောင်စုဇယားမိတ္တူ
✅ မှတ်ပုံတင်မိတ္တူ
✅ ပါတ်စပို့စ် ဓါတ်ပုံ ( ၆ လအတွင်းရိုက်ယူထားသောပုံဖြစ်ရမည် )
👉 ဝန်ထမ်းများအတွက် အဆောင်စီစဉ်ပေးပါသည်

👉CV ဖောင်တင်ရမည့်လိပ်စာ -
Viber - 09975096069 သို့လည်း CV Form တင်နိုင်ပါသည်

သုခမေတ္တာအ‌ေထွ‌ေထွ‌ေရာဂါကုဆေးရုံ (အမှတ်-၂)
🏠 လိပ်စာ - (၁၄၀)လမ်း၊ (၆၂)လမ်းနှင့် (၆၃)လမ်းကြား၊ စက်မှု (၂) ၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။
☎️ 09-975 096 060, 09-962 019 729

သုခမတ္တာစိတ်ရာဂါကုဆးရုံ (အမှတ်-၁)
✅လိပ်စာ - (၆၅)လမ်းနှင့် (၁၄၁)လမ်းထောင့်၊ စက်မှု (၂) ၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။
☎️ 09 964 737 355
09 764 737 355

သုခမေတ္တာအထွေထွေဆေးရုံကြီးမှ အောက်ဖော်ပြပါရာထူးများ လျှောက်ထားနိုင်ပါသည်။✅ Marketing - (2)post✅General worker - (2)postလ...
05/07/2025

သုခမေတ္တာအထွေထွေဆေးရုံကြီးမှ အောက်ဖော်ပြပါရာထူးများ လျှောက်ထားနိုင်ပါသည်။
✅ Marketing - (2)post
✅General worker - (2)post

လျှောက်ထားရန်လိုအပ်သော အချက်အလက်များ
✅ သက်ဆိုင်ရာ အောင်လက်မှတ်မိတ္တူ
✅ အိမ်ထောင်စုဇယားမိတ္တူ
✅ မှတ်ပုံတင်မိတ္တူ
✅ ပါတ်စပို့စ် ဓါတ်ပုံ ( ၆ လအတွင်းရိုက်ယူထားသောပုံဖြစ်ရမည် )
👉 ဝန်ထမ်းများအတွက် အဆောင်စီစဉ်ပေးပါသည်

👉CV ဖောင်တင်ရမည့်လိပ်စာ -
Viber - 09975096069 သို့လည်း CV Form တင်နိုင်ပါသည်

သုခမေတ္တာအ‌ေထွ‌ေထွ‌ေရာဂါကုဆေးရုံ (အမှတ်-၂)
🏠 လိပ်စာ - (၁၄၀)လမ်း၊ (၆၂)လမ်းနှင့် (၆၃)လမ်းကြား၊ စက်မှု (၂) ၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။
☎️ 09-975 096 060, 09-962 019 729

သုခမတ္တာစိတ်ရာဂါကုဆးရုံ (အမှတ်-၁)
✅လိပ်စာ - (၆၅)လမ်းနှင့် (၁၄၁)လမ်းထောင့်၊ စက်မှု (၂) ၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။
☎️ 09 964 737 355
09 764 737 355

“လူငယ်တွေကြားမှာ ခေတ်စားနေတဲ့ Happy Water  ဆိုတာ ဘာလဲ”ခေတ်ရှေ့ပြေးပါတယ်ဆိုတဲ့သူတွေကြား အပျော်အပါးရှာကြရာမှာ ထိပ်ဆုံးက Hi...
04/07/2025

“လူငယ်တွေကြားမှာ ခေတ်စားနေတဲ့ Happy Water ဆိုတာ ဘာလဲ”

ခေတ်ရှေ့ပြေးပါတယ်ဆိုတဲ့သူတွေကြား အပျော်အပါးရှာကြရာမှာ ထိပ်ဆုံးက Hi ခန်းတွေက မပါမဖြစ်ပဲ။ ကလပ် မှာလဲ Hi လို့ရသလို KTV မှာလဲ Hi လို့ရတယ်။
Hi ခန်းထဲရောက်ပီးဆိုတာနဲ့ ပထမဆုံးလုပ်တာက ဆော် ခေါ်တာနဲ့ Happy Water ဖျော်တာပဲ။ ၁၀ ယောက်ရှိရင် ၁၀ ယောက်စာ ဖျော်ရတယ်။
ဖျော်ပြီးတာနဲ့ တယောက်ခွက် စ သောက်ပြီ၊ တချို့က E တို့ K တို့ပါ ထည့်သောက်တာ ။
သောက်ပြီးပြီဆို စိတ်ထဲ ပေါ့ပါးပျော်ရွှင်သွားစေပါတယ်။ နောက်တဆင့်ရောက်အောင် ထပ်တင်ရတာက K လို့ခေါ်တဲ့ အမှုန့်လေးတွေ နှာခေါင်းနဲ့ရှူရပါတယ် ။
မီးမရှို့ပဲ အမှုန့်ကို အစိမ်းရှူရတာပါ။ အဲဒီအမှုန့်လေးနဲနဲရှူပြီး၅ မိနစ်လောက်ကြာတာနဲ့ စိတ်နဲ့လူ မကပ်တော့ပဲ ပြဲလန်သွားပြီ။
စိတ်​တွေ လွှင့်ချင်ရာလွင့်ပြီး သံစဉ်တွေနဲ့ စီးမျောပါသွားရင်း နတ်ပြည် ၊ငရဲပြည် ၊ အကုန်ရောက်နေတော့တာပါပဲ ၊
တချို့Kရှူတာများသွားပြီဆိုရင် ခြေဖျားလက်ဖျားတွေအေးစက်နေပြီး လူမှန်းသူမှန်းမသိတော့ပဲ သူဟာ
ဘုံဗိမာန်တခုခုကို ရောက်နေသလို သူ့ကိုယ်သူ
ခံစားနေရပြီး ဘေးနားကဝိုင်းကူတဲ့လူတွေကို
ထူးဆန်းအံ့ဩဖွယ်သတ္တဝါများသဖွယ်ကြောင်ကြည့်နေတတ်ပြန်ပါတယ် ။
အတွေ့အကြုံမရှိတဲ့လူတချို့ ဆေးလစ်ပြီး ရေချိုးမိလို့ အသက်ပါဆုံးရှုံးရတာတွေလည်း မကြာခဏ ကြားနေရတာပါပဲ ။
ဆေးလစ်နေတဲ့သူဟာ ခန္ဓာကိုယ်ကြီး ငြိမ်နေရင်တောင် သူစိတ်နောက်ကို သူခန္ဓာကိုယ်ကြီး လိုက်နေတယ်လို့ ထင်ကြသူများတယ်။
အဲဒီလိုလစ်မှပဲ Hi ခန်းသွားရတာ ပျော်တယ် ၊ တန်တယ် လို့ ဝါရင့် Hi သမ္ဘာကြီးတွေက သတ်မှတ်ကြပါတယ် ။
ဒီလိုလစ်တဲ့အချိန်မျိုးမှာ ခေါ်ထားတဲ့ကောင်မလေးက အဓိက အခန်းကဏ္ဍကိုရောက်လာပါပြီ ။
မူးယစ်ဆေးနှစ်မျိုးဖြစ်တဲ့ HW+K +E တွေသုံးပြီး
လစ်နေတဲ့ငနဲဟာ စိတ်ကသာ ရောက်ချင်ရာ ရောက်နေပေမဲ့ သူခန္တာကိုယ်ကို လုံးဝမထိန်းနိုင်တော့ပါဘူး ။
ဒါကြောင့် ခေါ်ထားတဲ့ ဆော်လေးက DJ သံစဉ် စည်းချက်နဲ့အညီ လှုပ်ရမ်း ကခုန်ပေးရပါတယ် ။
ဆေးလစ်နေတဲ့ဧည့်သည်က အမျောကြိုက်ရင်အမျော ၊ အသွက်ကြိုက်အသွက် အလိုက်တသိ တွဲက ပေးကြရပါတယ် ။
ဘဲရောဆော်ရော ဆေးလစ်နေကြတော့ နှစ်ယောက်သား ကျစ်နေအောင် ဖက်ထားရင်း Hi လိုက်ကြတာ ၂ နာရီ ၃နာရီ လောက်ကြာသွားတတ်ပါတယ် ။
ဒီဆေးတွေရဲ့သတ္တိက သုံးပြီးရင် စိတ်တွေကို ပိုပြီး နူးညံ့ သိမ်မွေ့သွားစေတာပါပဲ ။ဆေးလစ်ပြီး ကလိုက်မှပဲ တခါမှမတွေ့ဘူးတဲ့ ဆော်နဲ့ဘဲဟာ ငယ်ပေါင်းကြီးဖော် ရည်းစားဟောင်းများသဖွယ် ရင်းနီးသွားပါတော့တယ် ။
အပြောအဆိုအမူရာတွေ ပျော့ပြောင်းသွားပြီး
ဆက်ဆံရေးတွေ သိသိသာသာကောင်းမွန်လာပါတယ် ။
ဆေးလစ်နေရင် DJ ဆရာကောင်းမှ ဆေးပြေပါတယ် ။ တီးယုံပဲတီးတတ်ပြီး ဆေးသဘောသဘာဝ နားမလည်တဲ့ DJဆရာနဲ့တိုးရင်တော့ မူးသူမူး ၊လဲသူလဲ ၊ အန်သူကအန်နဲ့ တခန်းလုံးဒုက္ခရောက်တော့တာပါပဲ ။
ဒါကြောင့် ဧည့်သည်အများစုဟာ Hi ခန်းသွားရင် ခေါ်နေကြအကြောင်းသိ DJ ဆရာတွေကိုပဲ ခေါ်ကြတာများတယ် ။
သုံးထားတဲ့ Item ကကောင်း ၊ တွဲကပေးတဲ့ဆော်ကအလိုက်တသိ ကောင်းကောင်းကပေးတတ် ၊ DJ ဆရာကလည်း အရောက်ပို့ ၊ ရောင်စုံမီးပြိုးပြိုးပျက်ပျက်လင်းလက်နေတဲ့ အခန်းကျဉ်းလေးထဲမှာ ဆေးလစ်ရင်းဆော် လေးကိုဖက်ထားပြီး DJ သံဇဉ်များနဲ့ စီးမျောနေတဲ့ ဖီးလ်က ထပ်ခါထပ်ခါသွားချင်လာအောင် လူကို စွဲဆောင်ရင်းတစစနဲ့ မူးယစ်သားကောင် ဖြစ် မှန်းမသိ ဖြစ်သွားစေတော့တာပဲ။
ပြောချင်တာက မစမ်းသင့်တဲ့အရာကို စမ်းတော့မယ်ဆိုရင် ဒီစာဘေးကို သတိရလိုက်ပါ။
{ အမြင့်ဆုံး စည်းစိမ်ကို ခံစားချင်ရင်
အဆိုးဆုံး ဒုက္ခကိုခံစားရဖို့ မမေ့ပါနဲ့။ }
ဒါလေးကို အဖန်ဖန်သတိရပေးပါလို့ ပြောချင်ပါတယ်။

✅သုခမေတ္တာ အထွေထွေ နှင့် စိတ်ရောဂါ ကုဆေးရုံကြီး
-အရက်ဖြတ် ၊ ဆေးဖြတ် ၊ စိတ်ကြွ ၊ စိတ်ကျ ရောဂါများကို (၂၄)နာရီ အထူးကုဆရာဝန်ကြီးများနှင့် ကုသ စောင့်ရှောက် ပေးပါသည်။
-လူနာများ ၏ စားဝတ်နေရေး ကိစ္စ အဝဝ အတွက် အပြည့်အစုံ စီမံ ဆောင်ရွက်ထားပါသည်။(သို့ဖြစ်ပါ၍ လူနာရှင်များ လိုက်လံစောင့်ရှောက် ပေးရန် မလိုအပ်ပါ။)
-စိတ်ရောကိုယ် ပါကျန်းမာစေရန် အတွက် နေ့စဉ်လေ့ကျင့်ခန်းများ ဆောင်ရွက်ပေးခြင်း ၊ နှစ်သိမ့်ဆွေးနွေးအကြံပြုခြင်းများ စီစဉ်ဆောင်ရွက်ထားပါသည်။
-လူတိုင်း၏ Privacy နှင့် Confidentiality ကိုလုံခြုံစိတ်ချရစေရန် အထူးအလေးထားဆောင်ရွက်ထားပါသည်။

ဆက်သွယ်စုံစမ်းရန်
စိတ်ရောဂါကု ဆေးရုံကြီးဖုန်း-
09-764 737 355
09-964 737 355
လိပ်စာ - ၆၅လမ်း၊ (၁၄၁)လမ်းနှင့်(၁၄၂)လမ်းကြား၊ စက်မှု (၂)၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။

အထွေထွေရောဂါကုဆေးရုံကြီးဖုန်း -
09-8841 6666 3
09-8841 6666 5
(၁၄၀)လမ်း၊ (၆၂)လမ်းနှင့်(၆၃)လမ်းကြား၊ စက်မှု (၂)၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။

သုခမေတ္တာအထွေထွေဆေးရုံကြီးမှ အောက်ဖော်ပြပါရာထူးများလျှောက်ထားနိုင်ပါသည်။✅Collector. - (2)post✅ Marketing - (2)post✅Gener...
27/06/2025

သုခမေတ္တာအထွေထွေဆေးရုံကြီးမှ အောက်ဖော်ပြပါရာထူးများလျှောက်ထားနိုင်ပါသည်။
✅Collector. - (2)post
✅ Marketing - (2)post
✅General worker - (2)post

လျှောက်ထားရန်လိုအပ်သော အချက်အလက်များ
✅ ဘွဲ့လက်မှတ်မိတ္တူ
✅ သက်ဆိုင်ရာ အောင်လက်မှတ်မိတ္တူ
✅ အိမ်ထောင်စုဇယားမိတ္တူ
✅ မှတ်ပုံတင်မိတ္တူ
✅ ပါတ်စပို့စ် ဓါတ်ပုံ ( ၆ လအတွင်းရိုက်ယူထားသောပုံဖြစ်ရမည် )

👉CV ဖောင်တင်ရမည့်လိပ်စာ -

သုခမတ်ေတာအ‌ထှေ‌ထှေ‌ရောဂါကုဆေးရုံ
🏠 လိပ်စာ - (၁၄၀)လမ်း၊ (၆၂)လမ်းနှင့် (၆၃)လမ်းကြား၊ စက်မှု (၂) ၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။
☎️ 09-975 096 060, 09-962 019 729

သုခမတ္တာစိတ်ရာဂါကုဆးရုံ
✅လိပ်စာ - (၆၅)လမ်းနှင့် (၁၄၁)လမ်းထောင့်၊ စက်မှု (၂) ၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။
☎️ 09 964 737 355
09 764 737 355

24/06/2025

စိတ်ကျရောဂါဖြစ်စေတဲ့အရင်းခံအကြောင်းအရင်းများ

စိတ်ဓာတ်ကျခြင်းရောဂါဟာ ဝမ်းနည်းကြေကွဲခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း၊ ပန်းတိုင်ပျောက်ခြင်းတို့အပေါ် လူတစ်ဦးရဲ့ကြေကွဲဖွယ် ခံစားမှုရောဂါပဲဖြစ်တယ်။ အချို့လူတွေအတွက် ခဏတဖြုတ်ခံစားရတာမှ ဘဝတစ် လျှောက်စိတ်ဓာတ်ကျခြင်းခံစားရတဲ့အထိ ဖြစ်နိုင်ပါတယ်။ လူတစ်ဦးနဲ့တစ်ဦး ခံနိုင်ရည်ရှိပုံချင်းမတူကြပဲ အချို့ ကမေ့မေ့ပျောက်ပျောက်ထားနိုင်ပေမယ့် အချို့ကကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံတဲ့အထိ ဖြစ်စေနိုင်တယ်။
စိတ်ဓာတ်ကျခြင်းရဲ့ ထင်ရှားတဲ့အမှတ်အသားဖြစ်တဲ့ ရည်ရွယ်ချက်ပျောက်ဆုံးခြင်းက အတွေ့ရများ တယ်။ စိတ်ဝင်စားမှုမပါခြင်း၊ လိုက်လုပ်ချင်တဲ့ဆန္ဒကင်းမဲ့ခြင်း၊၊ စိတ်ဓာတ်ကျခြင်းမှာ နစ်မြှုပ်နေခြင်းတို့ကိုတွေ့မြင်နိုင်ပါတယ်။
စိတ်ဓာတ်ကျခြင်းနဲ့အတူ ဘဝနေထိုင်မှုပုံစံပျက်ယွင်းခြင်း၊ လူတစ်ဦးချင်းရဲ့ကူညီရယူမှု၊ ဘဝနေပျော်ဖို့ အရင်းခံအကြောင်းရင်းစတာတွေ ယှဉ်တွဲနေတတ် တယ်။ အပေါ့စားလေ့ကျင့်ခန်း (ဥပမာ-ဆယ်မိနစ်လမ်း လျှောက်ခြင်းက သွင်ပြင်လက္ခဏာပြောင်းလဲနိုင်တဲ့ ဓာတ်ပစ္စည်းတွေမြင့်မားလာနိုင်တယ်။
စိတ်ပညာဂျာနယ်မှာပုံနှိပ်ဖော်ပြထားတာက လူတစ်ယောက်ရဲ့လှုပ်ရှားမှုက စိတ်ဓာတ်ကျခြင်းအပေါ်ကု စားနိုင်တယ်ဆိုတယ်။ နေ့စဉ်လေ့ကျင့်ခန်းနာရီဝက် အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူးခြင်းကစိတ်ဓာတ် ကျခြင်းလျော့ကျစေပါတယ်။
ပြင်းထန်တဲ့လေ့ကျင့်ခန်းကနေပေါ့ပါးတဲ့ လေ့ကျင့်ခန်းအဆုံးနေ့တစ်နေ့ကုန်ဆုံးသွားသင့်တယ်။ စိတ် ဓာတ်ကျခြင်းအပေါ် ကူညီပေးနိုင်တယ်။ ပါတီတက် ခြင်း၊ ညစာစားပွဲတက်ခြင်း၊ ဈေးဝယ်ထွက်ခြင်း၊ အပျင်းပြေ ခရီးထွက်ခြင်း၊ ဘုရားစုံဖူးခြင်းတို့က စိတ်ဓာတ်ကျခြင်းကိုကုစားနိုင်တယ်။
စိတ်ဓာတ်ကျစေမယ့်အရာတွေ ဆွဲနှစ်ဆုပ်ကိုင်ခြင်းမလုပ်သင့်။ သူငယ်ချင်းတွေနဲ့ မခွဲခြားဘဲနေသင့် တယ်။ စိတ်ဓာတ်ကျခြင်းပိုမိုဆိုးဝါးစေမယ့် မူးယစ်ဆေးဝါးအရက်တွေ ရှောင်ကြဉ်ရပါမယ်။ အရက်ဖြတ်ရမယ်။ အိပ်မပျော်တာ၊ ဆရာဝန်ညွှန်ကြားချက်အတိုင်း အိပ်ဆေးသောက်သုံးသင့်ပါတယ်။ စိတ်ဖိစီးမှုတွေတတ်နိုင်သ လောက်လျှော့ချရမယ်။
အကောင်းဆုံးကမိသားစု ဆရာဝန်ထံပြသပြီး စိတ်ဓာတ်မကျစေတဲ့ဆေးဝါး အိပ်ဆေးများမှီဝဲသင့် တယ်။ အရေးပေါ်ကုသဖို့လိုတဲ့အချိန်က ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံတဲ့အချိန်ထိဖြစ်လာရင် ဆေးရုံတက် သင့်တယ်။
Vol-8 / No-8 Healthcare Journal

သုခမေတ္တာ အထွေထွေ နှင့် စိတ်ရောဂါ ကုဆေးရုံကြီး
-အရက်ဖြတ် ၊ ဆေးဖြတ် ၊ စိတ်ကြွ ၊ စိတ်ကျ ရောဂါများကို (၂၄)နာရီ အထူးကုဆရာဝန်ကြီးများနှင့် ကုသ စောင့်ရှောက် ပေးပါသည်။
-လူနာများ ၏ စားဝတ်နေရေး ကိစ္စ အဝဝ အတွက် အပြည့်အစုံ စီမံ ဆောင်ရွက်ထားပါသည်။(သို့ဖြစ်ပါ၍ လူနာရှင်များ လိုက်လံစောင့်ရှောက် ပေးရန် မလိုအပ်ပါ။)
-စိတ်ရောကိုယ် ပါကျန်းမာစေရန် အတွက် နေ့စဉ်လေ့ကျင့်ခန်းများ ဆောင်ရွက်ပေးခြင်း ၊ နှစ်သိမ့်ဆွေးနွေးအကြံပြုခြင်းများ စီစဉ်ဆောင်ရွက်ထားပါသည်။
-လူတိုင်း၏ Privacy နှင့် Confidentiality ကိုလုံခြုံစိတ်ချရစေရန် အထူးအလေးထားဆောင်ရွက်ထားပါသည်။

ဆက်သွယ်စုံစမ်းရန်
စိတ်ရောဂါကု ဆေးရုံကြီးဖုန်း-
09-764 737 355
09-964 737 355
လိပ်စာ - ၆၅လမ်း၊ (၁၄၁)လမ်းနှင့်(၁၄၂)လမ်းကြား၊ စက်မှု (၂)၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။

အထွေထွေရောဂါကုဆေးရုံကြီးဖုန်း -
09-8841 6666 3
09-8841 6666 5
(၁၄၀)လမ်း၊ (၆၂)လမ်းနှင့်(၆၃)လမ်းကြား၊ စက်မှု (၂)၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။

စိတ်နှလုံး ရွှင်လန်းစေဖို့ "သုခမေတ္တာ" မှာဆေးကုကြစို့

🔰စိတ်ဓာတ်ကျရောဂါလက္ခဏာများ၁. အမြဲတမ်းလိုလို စိတ်နှလုံး ညှိူးချုံး ဝမ်းနည်းနေခြင်း၊ အငိုလွယ်လာခြင်း၂. အမြဲတမ်းလိုလို မောပ...
07/06/2025

🔰စိတ်ဓာတ်ကျရောဂါလက္ခဏာများ
၁. အမြဲတမ်းလိုလို စိတ်နှလုံး ညှိူးချုံး ဝမ်းနည်းနေခြင်း၊ အငိုလွယ်လာခြင်း
၂. အမြဲတမ်းလိုလို မောပန်း နွမ်းနယ် နုံးချိ နေခြင်း
၃. ပုံမှန် စိတ်ဝင်စားနေကျ ကိစ္စများကို စိတ်မဝင်စား၊ မပျော်ရွှင်တော့ခြင်း
၄. အိပ်မပျော် သို့မဟုတ် အစောကြီး နိုးနေခြင်း
၅. စားမဝင်ခြင်း၊ ကိုယ်အလေးချိန် လျော့ကျ ပိန်ချုံးလာခြင်း
၆. မိမိကိုယ်မိမိယုံကြည်မှု နည်းပါး၊ အားငယ်လာခြင်း
၇. ရှေ့ရေး အနာဂတ် မျှော်လင့်ချက် ကင်းမဲ့သလိုခံစားမိခြင်း
၈. မိမိဘဝကို အဆုံးစီရင်လိုခြင်း
၉. အိမ်ထောင်သုခ လိင်မှုကိစ္စ ခံစားလိုမှု မရှိတော့ခြင်း
၁၀. ဂဏှာမငြိမ် ဖြစ်ခြင်း
စိတ်ကျန်းမာရေး ဗဟုသုတ ပိုမိုပြန့်ပွားလာစေရန် ရည်ရွယ်ပါသည်။
အထက်ပါအချက်အလက်များနှင့် ပတ်သက်ပြီး ပိုမိုသိရှိသေချာစေရန် စိတ်ကျန်းမာရေး အထူးကု သမားတော်များနှင့် တွေ့ဆုံ ဆွေးနွေး အကြံဉာဏ် ရယူသင့်ပါသည်။ မိမိကိုယ်တိုင်ရော၊ သူတစ်ပါးကိုပါ ရောဂါနာမည်တပ်ခြင်း၊ စနောက်ခြင်း၊ ကုသခြင်းများ လုံးဝမလုပ်ဆောင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။ From: Mind to Mind Myanmar

🏨ကျွန်တော်တို့ဆေးရုံမှ ပြုစု ကုသပေးနေသော ရောဂါများနှင့် ၀န်ဆောင်မှုများမှာ
- အရက်ဖြတ်
- ဆေးဖြတ်
- စိတ်ကြွ
- စိတ်ကျ
-စိတ်ကျန်းမာရေး ရောဂါများကို (၂၄)နာရီ အထူးကုဆရာဝန်ကြီးများနှင့် ကုသ စောင့်ရှောက် ပေးနေပါသည်။

☎️အသေးစိတ်ဆက်သွယ်စုံစမ်းလိုပါက -
ဆေးရုံဖုန်း-
09 964 737 355
09 764 737 355
09 441 818 233
လိပ်စာ - (၆၅) လမ်းနှင့် (၁၄၁-A) လမ်းထောင့်၊ စက်မှု (၂)၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။
စိတ်နှလုံးရွှင်လန်းစေဖို့ “သုခမေတ္တာဆေးရုံကြီး” မှတာဝန်ယူပါရစေ...

29/05/2025

🏨ကျွန်တော်တို့ဆေးရုံမှ ပြုစု ကုသပေးနေသော ရောဂါများနှင့် ၀န်ဆောင်မှုများမှာ
✅အရက်ဖြတ်
✅ဆေးဖြတ်
✅စိတ်ကြွ
✅စိတ်ကျ
✅စိတ်ကျန်းမာရေး ရောဂါများကို အထူးကုဆရာဝန်ကြီးများနှင့် ကုသ စောင့်ရှောက် ပေးနေပါသည်။

⭐ထို့အပြင်နာတာရှည်စိတ်ကျန်းမာရေးလူနာများနှင့် အရက်စွဲ၊ မူးယစ်ဆေးစွဲလူနာများ၏ပြန်လည်ထူထောင်ရေးအတွက်လည်း အထူးဝန်ဆောင်မှုများပေးလျက်ရှိပါသည်။

✅ဂေဟာ၏ဝန်ဆောင်မှုများ
👉လူနာစောင့်ထားရှိပေးရန်မလိုအပ်ခြင်း
👉စားစရိတ်ငြိမ်း ၀န်ဆောင်မှုပေးခြင်း
👉အမျိုးသားဆောင်၊ အမျိုးသမီးဆောင်များတွင် အဆောင်ကြီးကြပ်ရေးမှူးများဖြင့် စနစ်တကျ ပြန်လည်သန်စွမ်းရန်လေ့ကျင့်ပေးခြင်း
👉ပြန်လည်သန်စွမ်းခြင်းသင်ရိုးများအတိုင်း လေ့ကျင့်မှုများ ပြုလုပ်ပေးခြင်း

💡မှတ်ချက်။ ။ ဆေးကုသမှုခံယူပြီးသည့် လူနာများသာစိတ်ရောကိုယ်ပါကျန်းမာစေရန် အတွက် နေ့စဉ်လေ့ကျင့်ခန်းများ ဆောင်ရွက်ပေးခြင်း၊ နှစ်သိမ့်ဆွေးနွေးအကြံပြုခြင်းများကိုလည်း စီစဉ်ဆောင်ရွက်ပေးထားပါသည်။
လူနာများ ၏ စားဝတ်နေရေး ကိစ္စ အဝဝ အတွက် အပြည့်အစုံ စီမံ ဆောင်ရွက်ပေးထားပါသည်။ သို့ဖြစ်ပါ၍ လူနာရှင်များ လိုက်လံစောင့်ရှောက် ပေးရန် မလိုအပ်ပါ။

🚨အရေးအကြီးဆုံးအနေဖြင့် လူနာတိုင်း၏ Privacy နှင့် Confidentiality ကိုလုံခြုံစိတ်ချရစေရန် အထူးအလေးထားဆောင်ရွက်ပေးထားပါသည်။

☎️အသေးစိတ်ဆက်သွယ်စုံစမ်းလိုပါက -
ဆေးရုံဖုန်း-
09 964 737 355
09 764 737 355
09 441 818 233

✅လိပ်စာ - ၆၅လမ်းနှင့် ၁၄၁လမ်းထောင့် (တပင်ရွှေထီး နှင့် ရွှေလှံဘို လမ်းကြား ) စက်မှု (၂) ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။

👍စိတ်နှလုံးရွှင်လန်းစေဖို့ “သုခမေတ္တာဆေးရုံကြီး” မှတာဝန်ယူပါရစေ....


စိတ်နှလုံး ရွှင်လန်းစေဖို့ "သုခမေတ္တာ" မှာဆေးကုကြစို့

သုခမေတ္တာအထွေထွေဆေးရုံကြီးမှ အောက်ဖော်ပြပါရာထူးများလျှောက်ထားနိုင်ပါသည်။✅Reception (2)post✅Pharmacid (2)post✅HCA (2)post...
03/05/2025

သုခမေတ္တာအထွေထွေဆေးရုံကြီးမှ အောက်ဖော်ပြပါရာထူးများလျှောက်ထားနိုင်ပါသည်။
✅Reception (2)post
✅Pharmacid (2)post
✅HCA (2)post
✅General worker-male(2)post/
Female-(2)post
✅Ward nurse-(2)post

လျှောက်ထားရန်လိုအပ်သော အချက်အလက်များ
✅ ဘွဲ့လက်မှတ်မိတ္တူ
✅ သက်ဆိုင်ရာ အောင်လက်မှတ်မိတ္တူ
✅ အိမ်ထောင်စုဇယားမိတ္တူ
✅ မှတ်ပုံတင်မိတ္တူ
✅ ပါတ်စပို့စ် ဓါတ်ပုံ ( ၆ လအတွင်းရိုက်ယူထားသောပုံဖြစ်ရမည် )

👉CV ဖောင်တင်ရမည့်လိပ်စာ -
သုခမေတ္တာဆေးရုံ
🏠 - 140 Street, Between 62 and 63 Street, Mandalay.
☎️ - 09975096060, 09962019729
#သုခမေတ္တာဆေးရုံ

စိုးရိမ်ပူပန်ခြင်းဆိုတာ အန္တရာယ်ကြုံလာချိန်မှာ ကိုယ်ခန္ဓါကနေ သဘာဝအလျောက် တုံ့ပြန်ခြင်းပဲ ဖြစ်ပါတယ်။ ကြောက်ရွှံချိန်၊ ဖိအ...
28/04/2025

စိုးရိမ်ပူပန်ခြင်းဆိုတာ အန္တရာယ်ကြုံလာချိန်မှာ ကိုယ်ခန္ဓါကနေ သဘာဝအလျောက် တုံ့ပြန်ခြင်းပဲ ဖြစ်ပါတယ်။ ကြောက်ရွှံချိန်၊ ဖိအားများချိန်၊ စိတ်ဖိစိးမှုကြုံရချိန်တွေမှာ သတိပေးတဲ့ အချက်ပေးခေါင်းလောင်းပဲ ဖြစ်ပါတယ်။

စိတ်ပူပန်မှုအမျိုးအစားများ
– အထွေထွေပူပန်ခြင်း။ အမြဲတမ်းလိုလို ပူပန်နေတတ်ပါတယ်။ အကြောင်းအရာ ပေါင်းစုံအတွက် ပူပန်နေတတ်ပြီး ခြောက်လနဲ့ အထက် ကြာတတ်ပါတယ်။

– လူမှုနယ်ပယ်ကိုစိုးရွံ့ခြင်း။ မိမိကိုယ် သူတပါးက ဝေဖန်မှာ၊ အရှက်ကွဲစေမှာ စသဖြင့် ကြောက်ရွှံနေတတ်ပါတယ်။ နေ့စဉ်ကြုံနေကြ လူအများအလယ်မှာ စကားပြောရမှာ၊ အစားအသောက်စားရမှာ စတာတွေကိုပါ ကြောက်ရွှံ့နေတတ်ပါတယ်။

– သီးသန့်ကြောက်ရွှံ့မှု။ အရာဝတ္တုတခုခု၊ အခြေအနေတခုခုကို ကြောက်ရွှံ့ပြီး ရှောင်ရှား နေတတ်ပါတယ်။ ဥပမာ ဆေးထိုးခံရမှာ၊ လေယာဉ်စီးရမှာ ကြောက်ရွံ့နေတတ်ပါတယ်။ တခြား စိုးရိမ်ကြောက်ရွံ့အမျိုးအစားတွေ အများကြီး ရှိပါတယ်။

– စိတ်စွဲလွန်ခြင်းပြသနာ။ မလိုလားအပ်တဲ့ အတွေးတွေ၊ ကြောက်ရွံ့မှုတွေကို မထိန်းချုပ်နိုင်ဘဲ စိုးရိမ်ပူပန်မှုတွေ ဖြစ်လာတတ်ပါတယ်။ ဥပမာ ရောဂါပိုးကို ကြောက်တဲ့စိတ်ကြောင့် လိုတာထက်ပိုပြီး လက်ကိုဆေးနေတာ၊ အဝတ်လျှော်တာ စတာတွေ ဖြစ်လာနိုင်ပါတယ်။

– ထိခိုက်မှုကြုံပြီးနောက် စိတ်တွင် စွဲထင် ကျန်ခဲ့ခြင်း။ စိတ်ထိခိုက်စရာ ဖြစ်ရပ် (ဥပမာ စစ်ပွဲ၊ အတိုက်ခိုက်ခံရခြင်း၊ မတော်တဆဖြစ်ရပ်) စတာတွေ ကြုံပြီးချိန်မှာ ဖြစ်တတ်ပါတယ်။ လက္ခဏာတွေအနေနဲ့ အေးဆေးသက်သာစွာ မနေနိုင်ခြင်း၊ အိပ်မက်ဆိုးများမက်ခြင်း၊ ဖြစ်ရပ်ကို ပြန်သတိရနေခြင်း၊ ဖြစ်ရပ်နဲ့ ပတ်သက်တဲ့ ကိစ္စတိုင်းကို ရှောင်ရှားလိုနေခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

– ထိတ်လန့်ကြောက်ရွံ့ခြင်း။ ဆိုးရွားပြင်းထန်ပြီး မထိန်းချုပ်နိုင်တဲ့ ခံစားမှုဖြစ်ပေါ်ပြီး ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေနဲ့ပါ ဆက်စပ်နေတတ်ပါတယ်။

လက္ခဏာများ
ပုံစံအမျိုးမျိုးရှိပေမယ့် စိုးရိမ်ပူပန်တဲ့ ပြသနာတွေမှာ အဓိကတွေ့ရတဲ့ လက္ခဏာရှိပါတယ်။ အဲဒါကတော့ စိုးရိမ်ထိတ်လန့်ခြင်းကို လူအများစု မခံစားရတဲ့ အချိန်မှာ ကိုယ်ကခံစားနေရခြင်းပဲ ဖြစ်ပါတယ်။

စိုးရိမ်ပူပန်ခြင်း၏ စိတ်ပိုင်းဆိုင်ရာ လက္ခဏာများ
မယ်မယ်ရရ မရှိဘဲ ကြောက်ရွံ့နေတတတ်တာ အပြင် တခြားတွေ့ရနိုင်တဲ့ လက္ခဏာတွေကတော့

– အလွန်ထိတ်လန့်ကြောက်ရွံ့တတ်ခြင်း

– အာရုံစိုက်ရခက်ခြင်း

– သက်တောင့်သက်သာမရှိခြင်း

– အဆိုးဆုံးကိုသာ မျှော်မှန်းတတ်ခြင်း

– စိတ်ကသိကအောင့်ဖြစ်ခြင်း

– ဂနာမငြိမ်ဖြစ်ခြင်း

– အန္တရာယ်ရှိသော လက္ခဏာများကို စောင့်ကြည့်နေတတ်ခြင်း

– ခံစားချက်မဲ့နေတတ်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

စိတ်ပူပန်ခြင်း၏ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ
အောက်ပါလက္ခဏာတွေ တွေ့ရများတတ်ပါတယ်။

– နှလုံးခုန်မြန်ခြင်း

– ချွေးပြန်ခြင်း

– အစာအိမ်နာခြင်း၊ မူးဝေခြင်း

– မကြာခဏဆီးသွားခြင်း၊ ဝမ်းလျှောခြင်း

– အသက်ရှူခက်ခြင်း

– ခြေတုန်လက်တုန်ခြင်း၊ အကြောဆွဲသလို ဖြစ်ခြင်း

– ကြွက်သားများတောင့်တင်းခြင်း

– ခေါင်းကိုက်ခြင်း

– မောပန်းနွမ်းနယ်ခြင်း

– အိပ်မပျော်ခြင်း စတာတွေ တွေ့ရများပါတယ်။

အကြောင်းအရင်းများ
ဒီပြသနာကို ဖြစ်စေတဲ့ အကြောင်းအရာ တခုထက်မက ရှိတတ်ပါတယ်။

ဝန်းကျင်အကြောင်းခြင်းရာများကြောင့် ဖြစ်သော စိတ်ပူပန်မှု
အောက်ပါအခြေအနေတွေပါဝင်ပါတယ်။

– အနိုင်ကျင့်ခံရခြင်း၊ ဖြစ်ရပ်ဆိုး တခုခုတွင် သားကောင်ဖြစ်ရခြင်း၊ မိမိချစ်ခင်သူ သေဆုံးခြင်း

– တဦးနှင့်တဦး ဆက်ဆံရေး အဆင်မပြေခြင်း၊ အိမ်ထောင်ဖက်၊ မိတ်ဆွေ ုသို့ အိမ်ထောင် ကွာရှင်းမှုကြောင့် စိတ်ဖိစီးမှု ဖြစ်ခြင်း

– လုပ်ငန်းခွင်တွင် စိတ်ဖိစိးခြင်း

– ကျောင်းတွင်စိတ်ဖိစီးခြင်း

– ငွေရေးကြေးရေးပြသနာကြောင့် စိတ်ဖိစီးခြင်း

– သဘာဝဘေးအန္တရာယ်ကြောင့် စိတ်ဖိစီးခြင်း

– အမြင့်ပိုင်းများတွင် အောက်ဆီဂျင်ပြတ်လပ်ခြင်း စတာတွေ ဖြစ်ပါတယ်။

ကျန်းမာရေးအခြေအနေကြောင့် စိုးရိမ်ပူပန်ခြင်း
စိုးရိမ်ပူပန်ခြင်းဟာ သွေးအားနည်းခြင်း၊ ရင်ကျပ်ပန်းနာ၊ ရောဂါပိုးဝင်ခြင်း၊ နှလုံးရောဂါ စတာတွေနဲ့ ဆက်စပ်နေပါတယ်။ တချို့အကြောင်းအရာတွေကတော့

– ဆိုးဆိုးရွားရွား နေမကောင်းတာကြောင့် စိတ်ဖိစီးခြင်း

– အချို့ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများ

– ရောဂါများ၏ လက္ခဏာများ

– အဆုတ်အတွင်း ပြင်ပလေဝင်ခြင်း၊ အဆုတ်တွင်း သွေးခဲခြင်း စတာတွေကြောင့် အောက်ဆီဂျင်ပြတ်လပ်ခြင်း စတဲ့ပြသနာတွေ ဖြစ်ပါတယ်။

မူးယစ်ဆေးသုံးခြင်းကြောင့်ဖြစ်သော စိုးရိမ်ပူပန်ခြင်း
– ကိုကိန်း၊ အင်ဖက်တမင်းစသော တားမြစ်ဆေးဝါးများမှ အာနိသင် သက်ရောက်ခြင်း

– ဘိန်းဖြူနှင့် တားမြစ်ဆေးများ၊ Vicodin, benzodiazepines နှင့် barbiturates စသော ဆေးများကို သုံးစွဲမှုရပ်တန့်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

မျိုးရိုးဗီဇကြောင့် ဖြစ်တတ်သော စိုးရိမ်ပူပန်ခြင်း
မိသားစုရာဇဝင်ရှိခြင်းဟာ စိတ်ပူပန်ခြင်းကို ဖြစ်နိုင်စေများစေတယ်လို့ သုတေသီတွေက ဆိုပါတယ်။

ဦးနှောက်ဓါတ်ဖွဲ့စည်းပုံကြောင့် ဖြစ်တတ်သော စိုးရိမ်ပူပန်ခြင်း

ဦးနှောက်ဓါတုလျှပ်ကူးပစ္စည်းတွေ ပုံမှန်ပမာဏ မရှိသူများဟာ စိတ်ပူပန်မှု ပိုပြီး ဖြစ်နိုင်ခြေ များတယ်လို့ သုတေသီတွေက ဆိုပါတယ်။

Helloဆရာဝန်မှ ကူးယူဖော်ပြပါသည်။

🙏မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော မြန်မာနှစ်သစ်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းများတောင်းအပ်ပါသည်။🙏သုခမေတ္တာဆေးရုံ မိသားစု
17/04/2025

🙏မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော မြန်မာနှစ်သစ်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းများတောင်းအပ်ပါသည်။
🙏သုခမေတ္တာဆေးရုံ မိသားစု

Address

65 Street , Between 141 St (TaBinShweHtee Street) And 142 St (ShweHlanBo Street), Industrial Zone/2
Mandalay
05024

Telephone

+959975096060

Website

Alerts

Be the first to know and let us send you an email when သုခမေတ္တာအထွေထွေနှင့်စိတ်ရောဂါကုဆေးရုံကြီး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category