Myat Myizzu Vaccination Center

Myat Myizzu Vaccination Center Vaccines and Healthcare Knowledge

🦟🦟သွေးလွန်တုပ်ကွေးရောဂါ၏သတိပြုစရာ လက္ခဏာများ🦟🦟သွေးလွန်တုပ်ကွေးရောဂါဟာ သာမန်တုပ်ကွေးလက္ခဏာမှသည် ပြင်းထန်လက္ခဏာများအထိ တွေ...
09/08/2025

🦟🦟သွေးလွန်တုပ်ကွေးရောဂါ၏သတိပြုစရာ လက္ခဏာများ🦟🦟
သွေးလွန်တုပ်ကွေးရောဂါဟာ သာမန်တုပ်ကွေးလက္ခဏာမှသည် ပြင်းထန်လက္ခဏာများအထိ တွေ့ရတတ်တာကြောင့် မိဘများအနေနဲ့ မပေါ့ဆသင့်ပါဘူး။ မိမိကလေးငယ်မှာ ဒီလက္ခဏာတွေ ခံစားနေရလားဆိုတာ သတိရှိဖို့လိုပါတယ်။
👉အဖျားကြီးခြင်း
👉ခေါင်းကိုက်ခြင်း၊ မျက်လုံးအိမ် ကိုက်ခြင်းတို့အပြင်
အရိုးများအဆစ်အမြစ်များအလွန်အမင်းကိုက်ခဲခြင်း
👉ကိုယ်ခန္ဓာပေါ်တွင် အနီအစက်အပြောက်များလည်းတွေ့ရခြင်း
🚨အထူးသတိပြုရမဲ့အချက်တွေကတော့
✅ပြင်းထန်စွာ ဗိုက်နာလာခြင်း၊
✅တောက်လျောက်အန်ခြင်း နဲ့
✅သွေးယိုစိမ့်ခြင်းများ (နှာခေါင်းသွေးယိုခြင်း၊ သွားဖုံးသွေးယိုခြင်း၊ ဝမ်းမဲမဲသွားခြင်း ၊ဆီးသွားလျှင်သွေးပါခြင်း)
✅ရုတ်တရက် အဖျားကြီးလာခြင်းသည် အထူးသတိပြုစရာလက္ခဏာပဲဖြစ်ပါတယ်။

💁Shockလို့ ခေါ် တဲ့သွေးလန့်လက္ခဏာများ ကတော့သွေးလွန်တုပ်ကွေးရောဂါရဲ့ထောင်ချောက်တခုလို့ ‌ပြောရမှာဖြစ်ပါတယ်။
🌡️အများအားဖြင့်တော့ အဖျားကျသွားတဲ့အခါမှာ shock ရတတ်ပါတယ်။ ဒါကြောင့် အဖျားကျသွားပြီးနောက် မှာ 🚨လူနာဟာ ခြေဖျားလက်ဖျား အေးစက်လာမယ်
🚨သွေးပေါင်ကျလာမယ်၊ မှိန်းလာမယ် ၊ အန်လာမယ် စတဲ့ အချက်တွေ့ရပြီဆိုရင်တော့ shock ရတော့မှာဖြစ်ပါတယ်။သေချာစောင့်ကြည့်ပြီး အရေးပေါ်ကုသရမယ့်အခြေအနေဖြစ်ပါတယ်။

💁ဒါ့ကြောင့် ကလေးတယောက်ဖျားပြီဆိုရင် သွေးလွန်တုပ်ကွေးလက္ခဏာရှိမရှိ သတိပြုဖို့လိုပါတယ်။ ဆရာဝန်နဲ့သေချာပြသဖို့လိုအပ်ပါတယ်။ရိုးရိုးဖျားခြင်းနဲ့ အချိန်မီ ခွဲခြားသိနိုင်ရန် မျှဝေလိုက်ပါတယ်။

!

07/08/2025

သွေးလွန်တုပ်ကွေးကာကွယ်မှုအကြောင်း
Where Prevention Meets Care!



💁အခုကာလမှာ ရာသီတုပ်ကွေးကာကွယ်ဆေးတွေထိုးနှံနေကြတဲ့ကာလဖြစ်ပါတယ်။ မိမိထိုးနှံတဲ့ကာကွယ်ဆေး တွေရဲ့ Product knowledge ကို Vacc...
12/06/2025

💁အခုကာလမှာ ရာသီတုပ်ကွေးကာကွယ်ဆေးတွေထိုးနှံနေကြတဲ့ကာလဖြစ်ပါတယ်။ မိမိထိုးနှံတဲ့ကာကွယ်ဆေး တွေရဲ့ Product knowledge ကို Vaccine ထုတ်လုပ်တဲ့နည်းပညာပေါ် မူတည်ပြီး ဆေးဝါးပညာရှင်တစ်ဦးရဲ့ ရှုထောင့်ကနေပြီး ပြန်လည်မျှဝေပေးချင်ပါတယ်။
ကာကွယ်ဆေးတွေဟာလည်း တခြားဆေးတွေလိုပါပဲ ထုတ်လုပ်တဲ့ company နဲ့ နည်းပညာပေါ်မူတည်ပြီး ကွာခြားချက်တွေရှိပါတယ်။ အများစု ရင်းနှီးတဲ့ Brands တွေကို ရွေးချယ်ထားပါတယ်။

၁။ Vaxigrip Tetra
Sanofi pasteur company က ပြင်သစ်company ဖြစ်ပြီး Split virion egg based နည်းပညာနဲ့ ထုတ်လုပ်ထားပါတယ်။ Virus တစ်ကောင်လုံးကို ကြက်ဥပေါ်မှာ မွေးပြီး Vaccine ထုတ်ထားတာဖြစ်တဲ့အတွက် လိုချင်တဲ့ Antigen (Immune လှုံ့ဆော်မှုပေးနိုင်သော ပစ္စည်း) အပြင် virus ရဲ့ မလိုအပ်တဲ့ တခြားအစိတ်အပိုင်းတွေပါ ပါဝင်နိုင်ပါတယ်။ ဒါ့ကြောင့် side effects ပိုများနိုင်ပါတယ်။

၂။ Influvac tetra
Abbott Biological BW ကထုတ်လုပ်ပြီး Netherlands company ဖြစ်ပါတယ်။ Traditional နည်းလမ်းဖြစ်တဲ့ Egg based နည်းပညာနဲ့ထုပ်လုပ်ထားပေမယ့် ထူးခြားတာက Surface antigen (subunit) ကိုပဲယူထားတာဖြစ်ပါတယ်။ Results အနေနဲ့ သန့်စင်မှုအားပိုသာပြီး side effects ပိုနည်းပါတယ်။ ဒါ့ကြောင့် Influvac tetra ကိုထိုးရင် injection site မှာ နာကျင်မှုသိပ်မဖြစ်ပါဘူး။ အဖျားဝင်တာတို့၊ ကြွက်သားနာကျင်တာမျိုးတွေလည်း နည်းပါတယ်။

၃။ Skycellflu
SK bioscience ကနေထုတ်လုပ်ပြီး တောင်ကိုးရီးယား company ဖြစ်ပါတယ်။ ရိုးရာနည်းလမ်းမဟုတ်တော့ပဲ အဆင့်မြင့် နည်းပညာဖြစ်တဲ့ cell-culture-based technology နဲ့ထုတ်လုပ်တာဖြစ်ပါတယ်။ Surface antigen (subunit)ကို human cells နဲ့ နီးစပ်တဲ့ mammalian cells ပေါ်မှာprepareလုပ်ပြီးထုတ်လုပ်တာဖြစ်ပါတယ်။ ဒါ့ကြောင့် Antigenic Match ပိုဖြစ်ပါတယ်။ ဆိုလိုတာကတော့ ထွက်ရှိလာတဲ့ Antibodies တွေဟာflu virusကို ပိုတိတိကျကျပစ်မှတ်ထားတိုက်ခိုက်နိုင်လို့ vaccine ရဲ့ အာနိသင်ပိုမိုထိရောက်မှုရှိပါတယ်။

💉💉Dosing Schedule အနေနဲ့ flu vaccine ကို
၆လ- ၉နှစ်အောက် ကလေးငယ်တွေမှာ ကာကွယ်ဆေးမထိုးဖူးရင် 0-1ဆိုပြီး ၁လခြားပြီး၂ကြိမ်ထိုးရမှာပါ။
၉နှစ်နဲ့ အထက်ကလေးများနဲ့ လူကြီး များအတွက်တော့ ၁နှစ် ၁ကြိမ်ထိုးပေးရမှာပါ။





03/06/2025

COVID ကာကွယ်ဆေးတွေနဲ့ပတ်သတ်ပြီး မျှဝေပေးထားပါတယ်။ ကျန်းမာရေးဗဟုသုတကြွယ်ပြီး ပျော်ရွှင်သောနေ့ရက်များပိုင်ဆိုင်နိုင်ကြပါစေ။
💝Where Prevention Meets Care!
💉မြတ်မဉ္ဇူကာကွယ်ဆေးထိုးစင်တာ





17/05/2025

Myat Myizzu Vaccination Center ရဲ့ knowledge sharing အစီအစဉ်မှကြိုဆိုပါတယ်။📚📝
ဆေးတွေကို ဘာ့ကြောင့် Suspension Dosage Form ထုတ်ရသလဲဆိုတာ Pharmacist တစ်ဦးအနေနဲ့ ဆေးcompanyမှာ လုပ်ငန်းခွင်ဝင်နေသူများအတွက် မျှဝေပေးလိုက်ပါတယ်။💁💁

!

12/05/2025
ကလေးများနှင့် BCG ကာကွယ်ဆေး💁ကလေးငယ်လေးတွေမှာထိုးနှံရမယ့် BCG ကာကွယ်ဆေးအကြောင်းကို မိဘများအနေနဲ့ သိရှိထားဖို့လိုအပ်ပါတယ်။...
08/05/2025

ကလေးများနှင့် BCG ကာကွယ်ဆေး💁

ကလေးငယ်လေးတွေမှာထိုးနှံရမယ့် BCG ကာကွယ်ဆေးအကြောင်းကို မိဘများအနေနဲ့ သိရှိထားဖို့လိုအပ်ပါတယ်။ ကာကွယ်ဆေးတွေနဲ့ပတ်သတ်တဲ့ ကျန်းမာရေးဗဟုသုတတွေ‌သိရှိနေခြင်းဟာ မိဘတွေအနေနဲ့ ကိုယ့်ရဲ့ရင်သွေးလေးတွေကို ကျန်းမာပြည့်စုံတဲ့ဘဝတွေ ဖန်တီးပေးနေတာပဲဖြစ်ပါတယ်။🥰🥰

ဒီမေးခွန်းလေးတွေဖြေကြည့်ပြီး BCG ကာကွယ်ဆေးနဲ့ ပတ်သတ်တဲ့ကျန်းမာရေးဗဟုသုတကို စစ်ဆေးကြည့်ရအောင်။👋
၁။ BCG ကာကွယ်ဆေးကိုဘယ်အချိန်မှာထိုးနှံပေးရတာလဲ?
၂။ BCG ကာကွယ်ဆေးက ဘယ်ရောဂါကိုကာကွယ်ပေးတာလဲ?
၃။ ဘယ်နှစ်ကြိမ်ထိုးနှံဖို့လိုအပ်လဲ?
၄။ ဘေးထွက်ဆိုးကျိုးဘာတွေရှိနိုင်လဲ၊ ဘယ်လို ကာကွယ်ရမလဲ?
၅။ BCG ကာကွယ်ဆေးကိုဘယ်သူတွေမထိုးနှံသင့်ဘူးလဲ? 🤔🤔.........

အဖြေလေးတွေနဲ့တိုက်ဆိုင်ကြည့်ကြစို့နော်🤗
၁။ BCGကာကွယ်ဆေးကို မွေးပြီးပြီးချင်း သို့မဟုတ် မွေးပြီး ၂လအတွင်းထိုးရမှာဖြစ်ပါတယ်။

၂။ BCG ကာကွယ်ဆေးဟာ ဦးနှောက်အမြှေးရောင်တီဘီကဲ့သို့ ပြင်းထန်သော တီဘီရောဂါများကို ၇၀%ကျော်ကာကွယ်ပေးပါတယ်။

၃။ BCGကာကွယ်ဆေးကို ဘယ်ဘက်လက်မောင်းမှာ တကြိမ်သာထိုးနှံဖို့လိုအပ်ပါတယ်။

၄။ BCG ကာကွယ်ဆေးထိုးထားတဲ့ လက်မောင်းမှာ ပြည်လေးတွေတည်ပြီးအနာလေးဖြစ်နိုင်ပါတယ်၊တချို့တွေမှာ ဖျားတာမျိုးလည်းကြုံရနိုင်ပါတယ်။ မစိုးရိမ်ရပါ။
BCG ကာကွယ်ဆေးဟာ live attenuated vaccine အမျိုးအစားဖြစ်လို့ ခန္ဓာကိုယ်ထဲရောက်မှ attenuated လုပ်ထားတဲ့အကောင်လေးတွေဟာပွားလာပြီး ခုခံအားစနစ်ကိုရရှိစေတာဖြစ်လို့ ပြည်တည်နာလေးတွေဖြစ်တာပါ။ Paracetamol ဆေးရည်တိုက်ပေးရင် ဖျားတာနာတာအတွက် သက်သာပါတယ်။

၅။ live attenuated vaccine အမျိုးအစားဖြစ်တဲ့အတွက် ကိုယ်ခံအားနည်းတဲ့အခြေအနေမျိုး ဥပမာ မွေးကင်းစကလေးငယ်ဟာ နေမကောင်းခြင်း ၊ ကိုယ်အလေးချိန် 2.5kg အောက်လျော့နည်းနေခြင်း၊ HIV ပိုးရှိသူမိခင်မှမွေးဖွားပြီး HIV ပိုးရှိ/မရှိမသိရသေးသော ကလေးငယ်တွေမှာ ထိုးနှံဖို့ ရွှေ့ဆိုင်းသင့်ပါတယ်။..........

✅ကလေးများအတွက်ကာကွယ်ဆေးများနှင့်ပတ်သတ်ပြီး ဆွေးနွေးမေးမြန်းလိုပါက Myat Myizzu Vaccination Center ရဲ့ messenger မှာ မေးမြန်းနိုင်ပါတယ်။ ကျွမ်းကျင်ဆရာဝန်များနှင့် ဆေးဝါးပညာရှင်များမှ ‌ဖြေကြားပေးမှာဖြစ်ပါတယ်။

💉ကြိုတင်ကာကွယ်ခြင်းနည်းလမ်းဖြင့် ကိုယ်နဲ့ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ဖို့ Myat Myizzu Vaccination Center ရဲ့ "Where Prevention Meets Care! "ဆောင်ပုဒ်လေးအတိုင်း အကြံပြုတိုက်တွန်းပါတယ်ရှင်။

🎗️ Where Prevention Meets Care!🎗️

References:

https://www.cdc.gov/tb/hcp/vaccines/index.html

https://www.who.int/teams/health-product-policy-and-standards/standards-and-specifications/norms-and-standards/vaccines-quality/bcg

ကာကွယ်ဆေးအကြောင်းသိကောင်းစရာဆို ဒီမှာဖတ်ပါ 💁🏻‍♀️💁ကျန်းမာရေးဆိုတာ လူကြီး၊လူငယ်မရွေး အလှမ်းမဝေး သိထားသင့်တဲ့ ကဏ္ဍတစ်ခုပါ။ ...
04/05/2025

ကာကွယ်ဆေးအကြောင်းသိကောင်းစရာဆို ဒီမှာဖတ်ပါ 💁🏻‍♀️💁

ကျန်းမာရေးဆိုတာ လူကြီး၊လူငယ်မရွေး အလှမ်းမဝေး သိထားသင့်တဲ့ ကဏ္ဍတစ်ခုပါ။ ✅

ကြိုတင်ကာကွယ်မှုနဲ့ ကာကွယ်ဆေးတွေရဲ့ အရေးပါမှုကလည်း အံ့မခန်းအကျိုးဖြစ်စေပြန်ပါတယ်။ 🥰

ဒါကြောင့် ကာကွယ်ဆေးတွေနဲ့ပတ်သက်ပြီး အသိပညာဆောင်းပါးတွေ၊ ထိုးသင့်တဲ့ ကာကွယ်ဆေးတွေအကြောင်းဆို Myat Myintzzu Vaccination Center ကို သတိရပါ။🤗🤗

💉 ကာကွယ်ဆေး‌ထိုးနှံဖို့ ကာကွယ်ဆေးတွေရဲ့ အကျိုးပြုပုံ၊ ထိုးနှံမှုလမ်းညွှန်များ၊ ထိုးနှံလိုတဲ့ကာကွယ်ဆေး အမျိုးအစားများအကြောင်း ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ 𝐌𝐲𝐚𝐭 𝐌𝐲𝐢𝐳𝐳𝐮 ရဲ့ ကျွမ်းကျင်ဆရာဝန်တွေနဲ့ ဆွေးနွေးပြီး ထိုးနှံဖို့ဖိတ်ခေါ်အပ်ပါတယ်ရှင်။

🎗️𝐖𝐡𝐞𝐫𝐞 𝐏𝐫𝐞𝐯𝐞𝐧𝐭𝐢𝐨𝐧 𝐌𝐞𝐞𝐭𝐬 𝐂𝐚𝐫𝐞 !🎗️

အသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းလိုပါက -
☎️ 𝟎𝟗-𝟐𝟓𝟗𝟎𝟒𝟗𝟎𝟓𝟕
📧 𝐄𝐦𝐚𝐢𝐥 - myatmyizzuclinic@gmail.com


ကိုယ်ထိုးနှံမယ့် ရာသီတုပ်ကွေးကာကွယ်ဆေးအကြောင်းသိပြီးပြီလား?💁ရာသီတုပ်ကွေးနဲ့ အအေးမိတုပ်ကွေးမှာ ဖြစ်စေတဲ့ virus ပိုးအမျိုး...
28/03/2025

ကိုယ်ထိုးနှံမယ့် ရာသီတုပ်ကွေးကာကွယ်ဆေးအကြောင်းသိပြီးပြီလား?

💁ရာသီတုပ်ကွေးနဲ့ အအေးမိတုပ်ကွေးမှာ ဖြစ်စေတဲ့ virus ပိုးအမျိုးအစားကွာခြားပါတယ်။ အအေးမိ တုပ်ကွေးကတော့ Rhinovirus ကြောင့်အဓိကဖြစ်တတ်ပြီး သာမန် အအေးမိတုပ်ကွေးလက္ခဏာတွေဖြစ်တဲ့ နှာစေး၊ချောင်းဆိုး၊ လည်ချောင်းနာတာတွေဖြစ်တတ်ပါတယ်။ ဒီvirusပိုးတွေဟာ မပြင်းထန်တတ်လို့ ကိုယ်ခံအားစနစ်ကနေအလွယ်တကူတိုက်ထုတ်နိုင်ပါတယ်။ ဒါ့ကြောင့် အချိန်တိုအတွင်း သက်သာပျောက်ကင်းနိုင်ပါတယ်။

💉အခုပြောမယ့် ရာသီတုပ်ကွေးကာကွယ်ဆေးဟာ Influenza virus ကြောင့်ဖြစ်တဲ့ True Influenza တကယ့်တုပ်ကွေးကို ကာကွယ်ပေးပါတယ်။ Influenza ကြောင့်ဖြစ်တဲ့ တုပ်ကွေးဟာ သာမန်အအေးမိတုပ်ကွေးနဲ့ဆင်တူ ပေမယ့် ပိုမိုပြင်းထန်တတ်ပါတယ်။ သေချာမကုသနိုင်ရင် နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်နိုင်ပါတယ်။အထူးသဖြင့် ကလေးငယ်တွေ၊ကိုယ်ဝန်ဆောင်မိခင်တွေ၊အသက်အရွယ်ကြီးတဲ့သူတွေနဲ့ ရောဂါအခံရှိသူတွေမှာ ကိုယ်ခံအားကသာမန်လူတွေထက်အားနည်းလို့ ကူးစက်နိုင်ခြေပိုမြင့်ပြီး ကူးစက်ခဲ့ရင်လည်း ဝေဒနာပိုပြင်းထန်နိုင်ပါတယ်။

Influenza virus မှာ A, B, C ,D ဆိုပြီးအမျိုးအစားတွေရှိပါတယ်၊ ဒါပေမယ့် လူတွေကိုအဓိကတိုက်ခိုက်တဲ့ အမျိုးအစားကတော့ Aနဲ့ B ဖြစ်ပါတယ်။ အဲ့ထဲကမှ Influenza Aဟာ ကပ်ရောဂါအဆင့်ထိဖြစ်စေတတ်တဲ့ အမျိုးအစားပါ။ ကြက်ဌက်တုပ်ကွေး(Avian Flu)၊ ဝက်တုပ်ကွေး(Swine Flu)စတာတွေက Influenza Aဖြစ်ပါတယ်။ Influenza A ဟာ တနှစ်နဲ့တနှစ် ဗီဇမျိုးကွဲတွေ ထွက်ပေါ်လာနေကြဖြစ်ပါတယ်။

ဒါ့ကြောင့် WHO နဲ့ CDCလိုအဖွဲ့အစည်းကြီးတွေက ရာသီတုပ်ကွေးပိုးတွေရဲ့ဗီဇ၊လက္ခဏာတွေကိုသုတေသနလုပ်ပြီး အဖြစ်များတဲ့မျိုးကွဲတွေကို နှစ်စဉ်ထုတ်ပြန်ပေးလေ့ရှိပါတယ်။ ဒီထုတ်ပြန်ချက်ပေါ်အခြေခံပြီး ရာသီတုပ်ကွေးကာကွယ်ဆေးမှာ strainsတွေမတူညီပါဘူး။ ဒါ့ကြောင့် တခြားကာကွယ်ဆေးတွေနဲ့မတူပဲ ရာသီတုပ်ကွေးကာကွယ်ဆေးကိုနှစ်စဉ်ထိုးနှံပေးသင့်တာပဲဖြစ်ပါတယ်။

ရာသီတုပ်ကွေးမဖြစ်မနေထိုးသင့်သူများ
➡️အသက်၆လနှင့်အထက်ကလေးငယ်များ
➡️အသက် ၆၅နှစ်အထက်လူကြီးများ
➡️ကိုယ်ဝန်ဆောင်မိခင်များ
➡️နာတာရှည်ရောဂါအခံရှိသူများ
➡️ကင်ဆာဆေးသွင်းကုသမှုခံယူရသူများ ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်များ ကာကွယ်ဆေးထိုးထားရင် ဗိုက်ထဲကသားသားမီးမီးလေးတွေအတွက် အသက်၆လအထိခုခံအားတည်ဆောက်ပေးပြီးသားဖြစ်ပါတယ်။

✅ရာသီတုပ်ကွေးဟာ အခုကာလမှာပိုပြီးအရေးကြီးလာပါတယ်။ စနစ်တကျကုသမှုမခံယူရင် နောက်ဆက်တွဲအနေနဲ့ အဆုတ်ရောင်ခြင်း၊ ထပ်ဆင့် bacterial infection ဝင်ခြင်းတို့ကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ အန္တရာယ်ဖြစ်ပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

🌦️မကြာခင်ရောက်လာမယ့် May, June ,July လတွေဟာ တုပ်ကွေးအဖြစ်များဆုံးလတွေဖြစ်ပါတယ်။ တုပ်ကွေးရဲ့ ပြင်းထန်တဲ့ဝေဒနာနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေမဖြစ်စေဖို့ ကာကွယ်ထားဖို့လိုပါတယ်။ ကာကွယ်ရမယ့်နည်းလမ်းတွေကတော့
🔈လက်ကို စနစ်တကျဆေးကြောပေးပါ။
🔈လူထူထပ်တဲ့နေရာတွေတတ်နိုင်သမျှရှောင်ရှားပါ။
🔈ပြင်သွားတိုင်း နှာခေါင်းစည်း Mask တပ်ပါ။
🔈Flu vaccine ထိုးပါ။ကာကွယ်ဆေးအာနိသင် အပြည့်အဝရဖို့ ကြိုတင်ထိုးနှံထားဖို့‌လိုပါတယ်။

💉 ကာကွယ်ဆေး‌ထိုးနှံဖို့ ကာကွယ်ဆေးတွေရဲ့ အကျိုးပြုပုံ၊ ထိုးနှံမှုလမ်းညွှန်များ၊ ထိုးနှံလိုတဲ့ကာကွယ်ဆေး အမျိုးအစားများအကြောင်း ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ 𝐌𝐲𝐚𝐭 𝐌𝐲𝐢𝐳𝐳𝐮 ရဲ့ ကျွမ်းကျင်ဆရာဝန်တွေနဲ့ ဆွေးနွေးပြီး ထိုးနှံဖို့ဖိတ်ခေါ်အပ်ပါတယ်ရှင်။

🎗️𝐖𝐡𝐞𝐫𝐞 𝐏𝐫𝐞𝐯𝐞𝐧𝐭𝐢𝐨𝐧 𝐌𝐞𝐞𝐭𝐬 𝐂𝐚𝐫𝐞 !🎗️

အသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းလိုပါက -
☎️ 𝟎𝟗-𝟐𝟓𝟗𝟎𝟒𝟗𝟎𝟓𝟕
📧 𝐄𝐦𝐚𝐢𝐥 - myatmyizzuclinic@gmail.com


𝐌𝐌𝐑 𝐕𝐚𝐜𝐜𝐢𝐧𝐞 ဆိုတာ ဘာလဲ❓ဘာကြောင့် ကလေးငယ်တိုင်း ထိုးသင့်တာလဲ❓🤔💉 𝐌𝐌𝐑 ကာကွယ်ဆေးဆိုတာ •••ဝက်သက် (MEASLES,M) ၊ ပါးချိတ်ရောင်န...
24/03/2025

𝐌𝐌𝐑 𝐕𝐚𝐜𝐜𝐢𝐧𝐞 ဆိုတာ ဘာလဲ❓
ဘာကြောင့် ကလေးငယ်တိုင်း ထိုးသင့်တာလဲ❓🤔

💉 𝐌𝐌𝐑 ကာကွယ်ဆေးဆိုတာ •••
ဝက်သက် (MEASLES,M) ၊ ပါးချိတ်ရောင်နာ (MUMPS,M) ၊ ဂျိုက်သိုး (RUBELLA,R) တို့ မဖြစ်အောင် ကာကွယ်ပေးတဲ့ ကာကွယ်ဆေးတစ်မျိုးဖြစ်ပါတယ်။
ဒီဆေးကို ကလေးကတည်းက (၂) ကြိမ် ထိုးထားမယ်ဆိုရင် တစ်သက်တာလုံးကာကွယ်ပေးမှာ ဖြစ်ပါတယ်။
တချို့ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံတွေမှာဆိုရင် လူတိုင်းမွေးကတည်းက မဖြစ်မနေထိုးထားကြတဲ့အတွက် ဒီရောဂါတွေကူးစက်မှု လုံးဝမရှိတော့ပါဘူးနော် 💁‍♀️

ဝက်သက်၊ ပါးချိတ်ရောင်နာ၊ ဂျိုက်သိုး ရောဂါတွေဆိုတာ Virus ကနေကူးစက်တာဖြစ်ပြီး ကူးစက်မှုနှုန်းအရမ်းမြန်တဲ့ ရောဂါတွေပါပဲ။
အခန့်မသင့်ရင် ရှားရှားပါးပါးအသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်ပါတယ်ရှင် 🦠

𝐌𝐌𝐑 ကာကွယ်ဆေး ထိုးသင့်တဲ့ အသက်အရွယ်တွေကတော့ •••

➡️ ပထမအကြိမ် - အသက် ၉ လမှာ တစ်ကြိမ်
➡️ တိယအကြိမ် - ၁ နှစ် ၃ လမှ ၁ နှစ်ခွဲအတွင်း တစ်ကြိမ်
➡️ တတိယအကြိမ် - အသက် ၄ နှစ်မှ ၆ နှစ်အတွင်း တစ်ကြိမ်

➡️ အကယ်၍ (၂) ကြိမ်ထိုးပြီးနောက်မှာ ပါးချိတ်ရောင်ရောဂါ ရုတ်တရက်ဖြစ်ပေါ်လာတယ်ဆိုရင်တော့ တတိယအကြိမ်မြောက်ဆေးကို ထိုးပေးဖို့လိုအပ်ပါတယ်ရှင်။

ပြည်ပကိုခရီးသွားမယ့် အသက် ၆ လမှ ၁၁ လအတွင်း ကလေးငယ်တွေအနေနဲ့ ခရီးမသွားခင် 𝐌𝐌𝐑 ကာကွယ်ဆေးကို ထိုးထားရမှာဖြစ်ပြီး 𝐌𝐌𝐑 ထိုးရမယ့် သတ်မှတ်အသက်အရွယ်ရောက်တဲ့အခါမှာလည်း နောက်ထပ် (၂) ကြိမ် ထပ်မံထိုးပေးရမှာ ဖြစ်ပါတယ်ရှင် ✅

🚫 𝐌𝐌𝐑 ကာကွယ်ဆေးထိုးပြီး ဓာတ်မတည့် တုန့်ပြန်မှုလက္ခဏာများ ဥပမာ - အနီပြင်များထခြင်း၊ မျက်နှာနဲ့လည်ပင်းများဖောင်းလာခြင်း၊ အသက်ရှူကြပ်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ခေါင်းမူးခြင်း၊ အားအင်နှုန်းချိခြင်း စတာတွေ ဖြစ်လာတယ်ဆိုရင်တော့ နီးစပ်ရာ ဆေးရုံဆေးခန်းကို သွားရောက်အမြန်ဆုံးပြသဖို့ လိုအပ်ပါတယ်နော်။

✅ ကလေးငယ်တွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကာကွယ်ဆေးများအကြောင်း ဆွေးနွေးလိုတယ်ဆိုရင် အသေးစိတ်ကို အောက်ပါဖုန်းနံပါတ်မှတဆင့် မေးမြန်းနိုင်ပါတယ်ရှင်။

🎗️𝐖𝐡𝐞𝐫𝐞 𝐏𝐫𝐞𝐯𝐞𝐧𝐭𝐢𝐨𝐧 𝐌𝐞𝐞𝐭𝐬 𝐂𝐚𝐫𝐞 !🎗️

အသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းလိုပါက -
☎️ 𝟎𝟗-𝟐𝟓𝟗𝟎𝟒𝟗𝟎𝟓𝟕
📧 𝐄𝐦𝐚𝐢𝐥 - myatmyizzuclinic@gmail.com

20/03/2025

ရာသီတုပ်ကွေးကာကွယ်ဆေးအကြောင်းနဲ့ အခုလတ်တလောစိုးရိမ်နေတဲ့ Influenza A နဲ့သက်ဆိုင်ရာအ‌‌ကြောင်း တွေကို ပြောပြထားပါတယ်။

Disclaimer: No Copyright infringement.
The terms of Health are for Knowledge sharing and Public Awareness purposes only.
We do not own the trademark & break the community rule on Facebook Platform.
All rights and credits go to the rightful owner.





ကူးစက်မှုအမြန်ဆုံး အသည်းရောင်အသားဝါ Hepatitis B ပိုးကာကွယ်ဆေးကို ဘာကြောင့် လူတိုင်းထိုးသင့်တာလဲ❓🦠 ကမ္ဘာပေါ်မှာ တစ်နှစ်လျ...
17/03/2025

ကူးစက်မှုအမြန်ဆုံး အသည်းရောင်အသားဝါ Hepatitis B ပိုးကာကွယ်ဆေးကို
ဘာကြောင့် လူတိုင်းထိုးသင့်တာလဲ❓

🦠 ကမ္ဘာပေါ်မှာ တစ်နှစ်လျှင် အသည်းရောင်အသားဝါ ဘီပိုးကြောင့် ပျှမ်းမျှလူဦးရေ ၆ သန်းခန့်
သေဆုံးလျက်ရှိပါတယ်။
အသည်းရောင်အသားဝါရောဂါတွေထဲမှာ ဘီပိုးဟာ HIV ပိုးထက် ကူးစက်မှုအမြန်ဆုံး Virus ဖြစ်ပြီး
ဘီပိုးခန္ဓာကိုယ်ထဲရောက်လာပြီဆိုတာနဲ့ အရှင်းပျောက်ကင်းသွားတဲ့အထိ ကုသနိုင်မှာမဟုတ်ဘဲ
Virus မပွားအောင် ဆေးနဲ့ပဲ ထိန်းထားလို့ရမှာဖြစ်တာကြောင့် ဘီပိုးကာကွယ်ဆေးကို
လူတိုင်းမဖြစ်မနေထိုးထားသင့်ပါတယ်နော်။

🦠 အသည်းရောင်အသားဝါ ဘီပိုးကူးစက်ခံရပြီးနောက်စနစ်တကျကုသမှုမရှိဘူးဆိုရင်
အသည်းကို အဓိက ထိခိုက်ပြီး အသည်းခြောက်ခြင်း၊ အသည်းအမာရွတ်ဖြစ်ခြင်း၊
အသည်းကင်ဆာဖြစ်ခြင်း စတဲ့ ရောဂါတွေနဲ့ အသက်ဆုံးရှုံးရနိုင်ပါတယ်။

🦠 ဘီပိုးဟာ အသက်အရွယ်မရွေး ကူးစက်နိုင်ပါတယ်။
ဘီပိုးရှိတဲ့သူနဲ့ လိင်အတူဆက်ဆံခြင်း၊ သွားပွတ်တံအတူသုံးခြင်း၊ လက်သည်းညှပ်၊ ဘရိတ်ဓား၊
သွေးအစားထိုးသွင်းခြင်း၊ ဆေးထိုးအပ်များအတူသုံးခြင်း၊ ချွေး၊
တံတွေးများနဲ့ ထိတွေ့ခြင်းမှတဆင့် ကူးစက်နိုင်ပါတယ်။

🦠 အကယ်၍ ဘီပိုးရှိသူနဲ့ ထိတွေ့ခဲ့တာ သိပြီးနောက် ဥပမာအားဖြင့် ဘီပိုးရှိသူနဲ့ အကာအကွယ်မဲ့
လိင်ဆက်ဆံခြင်း၊ ဘီပိုးရှိတဲ့ သွေး ၊ ခန္ဓာရေများ မှတဆင့် ကိုယ့်ခန္ဓာကိုယ်မှာ ထိခိုက်ပွန်းပဲ့ထားတဲ့
အနာများနဲ့ ထိတွေ့မိထားရင် ကူးစက်ခံရဖွယ်ရှိနိုင်တာကြောင့် Immunoglobulin နဲ့
ဘီပိုးကာကွယ်ဆေးကို ချက်ချင်းထိုးပြီး ကာကွယ်နိုင်ပါတယ်။

❤️ ဘီပိုး ကာကွယ်ဆေးအကြောင်း
ဘီပိုး ကာကွယ်ဆေးမထိုးခင် ကိုယ့်ခန္ဓာကိုယ်ထဲမှာ ဘီပိုး ရှိ/ မရှိ အရင်ဆုံးစစ်ဆေးရမှာဖြစ်ပြီး
ရှိတယ်ဆိုရင်တော့ ကာကွယ်ဆေးထိုးလို့မရပါဘူးရှင်။ မရှိဘူးဆိုရင်တော့
ဘီပိုး ကာကွယ်ဆေးကို နီးစပ်ရာ ကျန်းမာရေး ဌာနနဲ့ ဆေးရုံ၊ ဆေးခန်း တွေမှာ
၃ ကြိမ် ၃ ခါ ဆေးထိုးရမှာ ဖြစ်ပါတယ်။

🔸ပထမ တစ်ကြိမ်
🔸ထိုးပြီးနောက် ၁လအချိန်တွင် ဒုတိယတစ်ကြိမ်
🔸ဒုတိယအကြိမ် ထိုးပြီးနောက် ၅ လအချိန်တွင် တတိယတစ်ကြိမ်ထိုးရပါမယ်ရှင်။

တတိယအကြိမ် ထိုးပြီး ၁လအကြာမှာ သွေးပြန်စစ်ရမှာဖြစ်ပြီး ကာကွယ်ဆေး
အလုပ် လုပ်/ မလုပ်ကို စောင့်ကြည့်ရပါမယ်။ ဘီပိုးကာကွယ်‌ဆေးက ၉၅% အထိ ကာကွယ်ပေးပါတယ်။

💉 ဘီပိုး ကာကွယ်ဆေးဟာ မတည့်တဲ့သူ မရှိသလောက်ရှားပါးတာကြောင့် လူတိုင်းထိုးနှံနိုင်ပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေးထိုးမယ့်ရက်မှာ ဖျားနာနေတဲ့သူတွေအနေနဲ့ ရက်ရွှေ့ပြီး ထိုးသင့်ပါတယ်။

💉 ကာကွယ်ခြင်းဟာ ကုသခြင်းထက်ပိုကောင်းတဲ့ နည်းလမ်းဖြစ်တာကြောင့် ရောဂါရှိမရှိကို မကြောက်လန့်ဘဲ အရင်ဆုံးစစ်ဆေးပြီး ရှိတယ်ဆိုလည်း စောစောသိ စောစောကုတော့
အသက်အန္တရာယ်ဘေးကင်းနိုင်ပါတယ်နော်။ ဘီပိုး မရှိတဲ့လူတွေအနေနဲ့လည်း
ကြိုတင်ကာကွယ်ခြင်းနည်းလမ်းနဲ့ ကိုယ်နဲ့ ကိုယ့်မိသားစု၊ ပတ်ဝန်းကျင်ကို အထောက်အကူပြုပေးဖို့ ကျွန်မတို့ 𝐌𝐲𝐚𝐭 𝐌𝐲𝐢𝐳𝐳𝐮 မှ အကြံပြုအပ်ပါတယ်ရှင်။

အရည်အသွေးပြည့်ဝပြီး ထောက်ခံချက်ရရှိထားတဲ့ အသည်းရောင်အသားဝါ Hepatitis B ပိုးကာကွယ်ဆေးအကြောင်း ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ 𝐌𝐲𝐚𝐭 𝐌𝐲𝐢𝐳𝐳𝐮 ရဲ့ ကျွမ်းကျင်ဆရာဝန်တွေနဲ့ ဆွေးနွေးပြီး ထိုးနှံဖို့ဖိတ်ခေါ်အပ်ပါတယ်ရှင်။

🎗️𝐖𝐡𝐞𝐫𝐞 𝐏𝐫𝐞𝐯𝐞𝐧𝐭𝐢𝐨𝐧 𝐌𝐞𝐞𝐭𝐬 𝐂𝐚𝐫𝐞 !🎗️

အသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းလိုပါက -
☎️ 𝟎𝟗-𝟐𝟓𝟗𝟎𝟒𝟗𝟎𝟓𝟕
📧 𝐄𝐦𝐚𝐢𝐥 - myatmyizzuclinic@gmail.com

Reference link -
https://www.immunize.org/wp-content/uploads/vis/burmese_mmrv.pdf
https://www.michigan.gov/mdhhs/-/media/Project/Websites/mdhhs/Adult-and-Childrens-Services/Children-and-Families/Immunization-Information/Languages-A-B/Burmese/burmese_MMR.pdf?rev=25ca9843c7a741dbb9c152c9989a975d&hash=F4B1B979E75756E8A3DD46A8F3F0B3D7


Address

Mandalay
05041

Alerts

Be the first to know and let us send you an email when Myat Myizzu Vaccination Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Myat Myizzu Vaccination Center:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram