Zizawarsoe

Zizawarsoe Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zizawarsoe, Nutritionist, Mandalay.

I am a Cyclist, UCI Lvevl 2 Cycling Coach, PN 2 Nutrition Master Coach , ISSA CPT , Nutritionist , Corrective Exercise Specialist, Specialist in Strength and Conditioning

20/09/2025

အမျိုးသမီးထုကြီး စိတ်ရှုပ်နေတဲ့မေးခွန်းတခု။ အမျိုးသားများလည်းကြည့်ပြီးရင် ကိုယ့်မိသားစုဝင် ညီမ၊ အမ ၊ အမျိုးသမီးတွေကို sharing လုပ်နိုင်ပါတယ်😍



မနေ့က တညနေလုံးအလုပ်တွေများ Cb လည်းမကြည့်နိုင် ဒီမနက်စက်ဘီးစီးပြီးပြန်လာတော့ အကြောလျော့ရင်း cb ဖွင့်ကြည့်ချိန်မှာ FLM bat...
20/09/2025

မနေ့က တညနေလုံးအလုပ်တွေများ Cb လည်းမကြည့်နိုင် ဒီမနက်စက်ဘီးစီးပြီးပြန်လာတော့ အကြောလျော့ရင်း cb ဖွင့်ကြည့်ချိန်မှာ FLM batch 3 တည်းကသင်တန်းသူညီမလေး သတင်းကောင်းလေးလာပါးသွားတာတွေ့လို့ ကျနော့ရဲ့ တနေ့တာအားဖြည့်ပေးလိုက်တဲ့အားဆေး😍

ကျနော့ရဲ့ vd sharings တွေကြည့်ပြီး အောင်မြင်စွာအဆီချနိုင်ခဲ့တဲ့ သတင်းလေးတွေလည်းဖတ်ရလို့ …. You made my day dear all 💕 Love you all ❤️. Batch 6 ကိုတော့ နောက်လမှဖွင့်ပါမယ်ရှင်

ဇီဇဝါစိုး


ကိုယ့်ရည်ရွယ်ချက်ပေါ်မူတည်ပြီး…..✅အဆီကျပြီးကျစ်လစ်ချင်ရင် အစား + အိပ်ရေး + အလေးမတဲ့လေ့ကျင့်ခန်းဂရုစိုက်✅အဆီကျ၊ နှလုံးအဆု...
19/09/2025

ကိုယ့်ရည်ရွယ်ချက်ပေါ်မူတည်ပြီး…..

✅အဆီကျပြီးကျစ်လစ်ချင်ရင် အစား + အိပ်ရေး + အလေးမတဲ့လေ့ကျင့်ခန်းဂရုစိုက်
✅အဆီကျ၊ နှလုံးအဆုတ်အားကောင်းပြီး အမောခံနိုင်ဖို့ဆိုရင် အစား+အိပ်ရေး+ cardio ဂရုစိုက်
✅အဆီချချင်ပေမဲ့ခန္ဓာကိုယ်ကအမောမခံနိုင် ၊နဂိုကအားနည်းနေလို့ လေ့ကျင့်ခန်းပြင်းအားမတင်နိုင်တဲ့သူဆိုရင် အစား+အိပ်ရေး+ လမ်းများများလျှောက်တာဂရုစိုက်

အဆီချဖို့ နည်းလမ်းတွေအများကြီးရှိတယ်။ one way ပဲတွေးနေစရာမလိုဘူး။ All roads lead to Rome ပါ။
✅လူတိုင်းက ကြွက်သားကြီး၊ ကြွက်သားများတဲ့ခန္ဓာကိုယ်လိုချင်တာမဟုတ်ဘူး
✅လူတိုင်း အဆီပမာနည်းပြီး 6 pack လိုင်းတွေပေါ်တဲ့ခန္ဓာကိုယ်လိုချင်ကြတာမဟုတ်ဘူး
✅ကျန်းမာရေးကိုရှေးရှုပြီးလုပ်တာသည် သိပ္ပံနည်းကျပြီးထိရောက်တယ်ရှင်

ကျန်းမာပါစေရှင်
ဇီဇဝါစိုး




သားကြီးက နေ့ခင်းထမင်းစားပြီး ၃ နာရီလောက်မှာ ဗိုက်အရမ်းဆာတယ်ပြောလို့ အာလူး ၂ လုံးထည့်ပေးလိုက်တော့ မဆာတော့ဘူး ညနေ ၅:၃၀ bas...
18/09/2025

သားကြီးက နေ့ခင်းထမင်းစားပြီး ၃ နာရီလောက်မှာ ဗိုက်အရမ်းဆာတယ်ပြောလို့ အာလူး ၂ လုံးထည့်ပေးလိုက်တော့ မဆာတော့ဘူး ညနေ ၅:၃၀ basketball ကစားပြီးချိန်မှတခုခုစားချင်တော့တယ်။

အာလူး ၂ လုံးကုန်လို့လားမေးတော့ သားကတလုံးပဲစားတာ သူငယ်ချင်းတွေကိုတလုံးကျွေးတယ်တဲ့။ သူငယ်ချင်းတွေက အစပိုင်းအာလူးမြင်တော့ စားကောင်းမှာမဟုတ်ဘူးပြောတယ်။ စားလည်းကြည့်ရော နေ့တိုင်းလာတောင်းတယ်😅 အာလူးရဲ့အစွမ်း 😍 ၁၄-၁၅ နှစ်ကလေးတွေဆိုပေမဲ့ အားကစားလိုက်စားကြတော့ တအုပ်စုလုံး အစားအသောက်သိပ်ဂရုစိုက်ကြတာတွေ့ရတယ်။ weekdays ကျောင်းတက်ချိန်တွေမှာ junk foods တွေစားရင် performance ထိတယ်ဆိုပြီး အချင်းချင်းဒဏ်ရိုက်ကြတယ် 😃. ခုချိန်တည်းက အားကစားနဲ့အစားအသောက်ဂရုစိုက်တတ်တဲ့အသိလေးရှိရင် စိတ်သိပ်ပူစရာမလိုတော့ဘူးရှင်။ ဒါတော့တကယ်ဝမ်းသာစရာပါ..

ကျန်းမာပါစေရှင်


ကျနော်သောက်တဲ့ coffee ပြပါအုံးဆိုပြီး comment မှာ ခနခနတွေ့လို့… here it is 🤩မနက်စာ စားတဲ့အခါ ပုံထဲက 2 in 1 သောက်လေ့ရှိတယ...
18/09/2025

ကျနော်သောက်တဲ့ coffee ပြပါအုံးဆိုပြီး comment မှာ ခနခနတွေ့လို့… here it is 🤩

မနက်စာ စားတဲ့အခါ ပုံထဲက 2 in 1 သောက်လေ့ရှိတယ်
ရှင်။ အစာအိမ်ကောင်းနေရင် 10 နာရီလောက်မှာ freshly ground coffee တခွက်ကြိတ်သောက်တတ်ပါတယ် ။ Drip coffee တွေလည်းသောက်တယ်…

ကော်ဖီချစ်သူတယောက်မို့ coffee တွေ့ရင် notes လေးတွေဖတ်ပြီး low acidity ဖြစ်ရင် ပိုဝယ်ဖြစ်တယ်🤩 coffee seeds ဝယ်ရင်လည်း light to medium roast ပဲဝယ်ဖြစ်ပါတယ်။ dark roast ကကျနော့အတွက်ခါးလွန်းပြီးအစာအိမ်လည်းထိလို့ မသောက်နိုင်ဘူးရှင်


17/09/2025

အလုပ်များတဲ့နေ့ ချက်ဖို့အချိန်မပေးနိုင်တဲ့နေ့မှာ ၁၀-၁၅ မိနစ် တအိုးထွက်နေ့လည် or ညစာတပွဲ 🤩



အချိန်မရှိလို့လုပ်လိုက်တဲ့လူပျင်းနေ့လည်စာ ဆိုပေမဲ့ အဟာရတန်ဖိုးအထင်သေးမရဘူး 🤩Top quality Carbs အနေနဲ့  အာလူးVitamins and ...
16/09/2025

အချိန်မရှိလို့လုပ်လိုက်တဲ့လူပျင်းနေ့လည်စာ ဆိုပေမဲ့ အဟာရတန်ဖိုးအထင်သေးမရဘူး 🤩
Top quality Carbs အနေနဲ့ အာလူး
Vitamins and minerals အနေနဲ့ မုန့်ညှင်းဖြူ ၊ အပ်မှို၊ ခရမ်းချဉ်သီး
Protein အနေနဲ့ ပုဇွန် .. ( ပုဇွန်မခွါခင်ကအကြီးကြီးပါ .. ခွါပြီးလည်းသိပ်မသေးသေးဘူး ကျက်သွားတော့တော်တော်လေးသေးသွားတယ်ရှင် 😃)

လိုသွားတာက ဆီထည့်ဖို့သတိမရလိုက်တာ😅

Vd will be coming soon as usual 🤩

ဇီဇဝါစိုး


လေ့ကျင့်ခန်းမလုပ်တဲ့သူက လုပ်နေတဲ့သူတွေကိုဘာလို့ပင်ပင်ပန်းပန်းလုပ်နေကြလဲဆိုပြီးအံဩကြတယ်🤩လေ့ကျင့်ခန်းလုပ်တဲ့သူတွေက လေ့ကျင်...
16/09/2025

လေ့ကျင့်ခန်းမလုပ်တဲ့သူက လုပ်နေတဲ့သူတွေကိုဘာလို့ပင်ပင်ပန်းပန်းလုပ်နေကြလဲဆိုပြီးအံဩကြတယ်🤩

လေ့ကျင့်ခန်းလုပ်တဲ့သူတွေက လေ့ကျင်ခန်းမလုပ်တဲ့သူ နောက်ပိုင်းပိုပင်ပန်းမယ်ပြောတယ် 🤩

အသက်ကြီးလာတာနဲ့အမျှ လေ့ကျင့်ခန်းမလုပ်တဲ့သူကပိုပင်ပန်းတယ်ဆိုတာတဖြည်းဖြည်းနားလည်လာလိမ့်မယ်။

Why??? အသက်ကြီးလာချိန် …
✅လမ်းနည်းနည်းပိုလျှောက်လိုက်တာနဲ့မခံနိုင်ဘူး
✅ခနခနနေမကောင်းဖြစ်တယ်
✅ဆေးခန်းသွားတဲ့အကြိမ်ရေက shopping ထွက်တာထက်များလာမယ်
✅စားချင်တာစားမရ သွားချင်တဲ့နေရာသွားမရ ဖြစ်လာတဲ့အချိန်မှ တကယ်ပင်ပန်းတယ်ခေါ်တာ ….

အသက်ကြီးချိန်မပင်ပန်းဖို့ လေ့ကျင့်ခန်းပုံမှန်လုပ်ကြစို့ 💪

ကျန်းမာပါစေရှင်
ဇီဇဝါစိုး


အာလူး၊ ကန်စွန်းဥ ၊ ပြောင်းဖူး ၊ အုတ်ဂျုံ၊ ပိန်းဥ… စတဲ့ top quality carbs တွေကသိပ်ကောင်းတယ်ဆိုပေမဲ့ လူတိုင်းအများကြီး စား...
15/09/2025

အာလူး၊ ကန်စွန်းဥ ၊ ပြောင်းဖူး ၊ အုတ်ဂျုံ၊ ပိန်းဥ… စတဲ့ top quality carbs တွေကသိပ်ကောင်းတယ်ဆိုပေမဲ့ လူတိုင်းအများကြီး စားလို့အဆင်ပြေတာမဟုတ်ဘူး။

အကယ်လို့ အစာချေစနစ်နဂိုတည်းကမကောင်းသူ ဆိုရင် ဒီလို fibers များတဲ့အရာတွေစားလိုက်တဲ့အခါ ပိုဆိုးစေနိုင်ပါတယ်။ အစာအိမ်နာ ၊ အစာမကြေ၊ လေနာ ၊ ဝမ်းချုပ်၊အသားအရေဝါလာတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။

ကျနော်လည်းစာချေစနစ်မကောင်းသူဖြစ်လို့ သူ့ကြီးပဲစားလို့အဆင်မပြေဘူး။ တနေ့တာစားတဲ့ carbs ရဲ့ ၁/၃ ထည့်စားတာသည်ကျနော့အတွက်နေထိုင်လို့အကောင်းဆုံးသောပမာန။

✅ဒါကြောင့်အဆီချတာ လူတယောက်နဲ့တယောက်မတူတဲ့အတွက် အစားအစာမှာ အားလုံးတသားတည်းစားရတာမဟုတ်ဘူး။ ကျန်းမာရေးကောင်းနေတဲ့သူတယောက်အနေနဲ့ ဒီလို top quality carbs အချိုးပိုများတာကောင်းပေမဲ့ အစာချေစနစ်ပြဿနာရှိသူတွေအတွက် ထမင်း လို carbs ကိုပိုဦးစားရွေးချယ်ဖို့အကြံပြုပါတယ်ရှင်

ဒီအာလူး ၂ မျိုးလုံးက ရောင်းတဲ့သူတွေ အောင်ပန်းသီးလို့ပြောတယ် စားကောင်းတာတော့ လက်ထဲကအလုံးချောချောလေးကစားကောင်းတာ။ အရောင်ထွက်လည်းလှသလို ညနေထိထားစားလည်းအိအိလေး။ အဖုအပိန့်ပါတဲ့အလုံးတွေက ဖုတ်လိုက်ရင်ကို မာမာကြီး .. ညနေထိထားရင်ကျောက်ခဲလိုပဲ 😅 ၊ အရောင်ထွက်လည်းမလှသလို စားလို့လည်းသိပ်အဆင်မပြေဘူး 😃.. ( sharing my experience)

ကျန်းမာပါစေရှင်
ဇီဇဝါစိုး


FLM batch 5 က ညီမလေးလာပို့ပေးတဲ့သတင်းကောင်းလေး…အလုပ်များ၊ stress တွေများတဲ့ ကျနော်တို့သာမာန်လူတွေအတွက် Workout ပြင်းပြင်...
15/09/2025

FLM batch 5 က ညီမလေးလာပို့ပေးတဲ့သတင်းကောင်းလေး…

အလုပ်များ၊ stress တွေများတဲ့ ကျနော်တို့သာမာန်လူတွေအတွက် Workout ပြင်းပြင်းထန်ထန်လုပ်လေ အဆီချရခက်လေဆိုပြီး အရင်ကခနခနပြောဖူးပါတယ်။ ဒီညီမလေးကထပ်ပြီးသက်သေပြသွားတယ်။ လေ့ကျင့်ခန်းလျော့လုပ်တယ်။ အဟာရဂရုစိုက် ပေါ့ပေါ့ပါးပါးနဲ့ တန့်နေတဲ့ ဝိတ်ကဆက်ကျသွားတယ်ရှင်👏👏

အဆီချရတာမခက်ဘူး။ ခန္ဓာကိုယ်အကြောင်း နားလည်ဖို့ နည်းလမ်းသိဖို့ပဲလိုပါတယ်… ဒီအကြောင်းတွေကို FLM မှာအသေးစိတ်သင်ထားပါတယ်ရှင် 😍
Batch 6 ကိုတော့ Oct လကုန်ခါနီးမှ ပြန်ဖွင့်ပါမယ်။ ခနအနားယူချင်သေးလို့ပါ🤩

ဇီဇဝါစိုး



Fasting ဆိုတာလူတိုင်းနဲ့မသင့်တော်ဘူး။ စားချင်စိတ် stable မဖြစ်သူ  sleeping quality အမြဲမကောင်းသူ တွေ fasting ဝင်ရင် စားခ...
14/09/2025

Fasting ဆိုတာလူတိုင်းနဲ့မသင့်တော်ဘူး။ စားချင်စိတ် stable မဖြစ်သူ sleeping quality အမြဲမကောင်းသူ တွေ fasting ဝင်ရင် စားချင်စိတ်ကိုပိုစွပေးပြီး အစားမထိန်းနိုင်ဖြစ်သွားလိမ့်မယ်။ တရက် ၃ နပ်ပုံမှန်လေး လိုအပ်တဲ့ calories အတွင်းဝင်အောင်စားပြီးအဆီချတာ ဘယ်လောက်သက်တောင့်သက်သာရှိလဲ နော် … 😋

Fasting ကြိုက်လို့ ဝင်ချင်ရင်ဝင်ပါ။ it’s good 👍 .

✅အဆီချရုံသက်သက်နဲ့တော့ fasting ဝင်မှကျမယ်ဆိုတာမဟုတ်ဘူး မိတ်ဆွေ…

ကျန်းမာပါစေရှင်
ဇီဇဝါစိုး



မနက်ကမိုးရွာထဲစျေးသွား အာလူးရွေးနေတုန်း မမဇီဇဝါတဲ့ ဘေးဆိုင်ကအသီးရောင်းတဲ့ညီမလေးက vd တွေအမြဲကြည့်ဖြစ်တယ် ဆိုပြီးလှန်းနှုတ...
14/09/2025

မနက်ကမိုးရွာထဲစျေးသွား အာလူးရွေးနေတုန်း မမဇီဇဝါတဲ့ ဘေးဆိုင်ကအသီးရောင်းတဲ့ညီမလေးက vd တွေအမြဲကြည့်ဖြစ်တယ် ဆိုပြီးလှန်းနှုတ်ဆက်တယ်။ အာလူးဝယ်နေတုန်း ညီမလေးတယောက်ကလည်း TikTok အမြဲကြည့်ဖြစ်တယ်။ လိုက်မလုပ်ဖြစ်သေးတာ .. အရင်ကအာလူးမစားတာကနေ မဇီဇဝါရဲ့ posts တွေကြည့်ပြီးနောက်ပိုင်းအာလူးစားလာတယ်ဆိုပြီးပြောတယ် 😍 … ခုလိုရွေးစားတတ်လာတယ်ဆိုတာ စလုပ်ဖြစ်နေတာပဲ.. မိုးရွာနေပေမဲ့ ဒီလိုလေးလာပြောလိုက်လို့ ရင်ထဲ ( sunny )ရွှင်သွားတဲ့ Sunday 🌹

ဇီဇဝါစိုး

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Zizawarsoe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category