Eternal Indigo Tarot

Eternal Indigo Tarot Astrology

Hi guys,ဒီနေ့ EI က "ခုကနေ 2လအတွင်းရမယ့် surprise gift" ဆိုတဲ့ topic ကို pile reading လုပ်ပေးပါမယ်ရှင်   ကဒ်1ခုသာ ရွေးပါန...
04/01/2026

Hi guys,

ဒီနေ့ EI က "ခုကနေ 2လအတွင်းရမယ့် surprise gift" ဆိုတဲ့ topic ကို pile reading လုပ်ပေးပါမယ်ရှင်
ကဒ်1ခုသာ ရွေးပါနော် 💙
အနည်းဆုံး 1ခုကနေ အများဆုံး 5ခုထိ လက်ခံရရှိပါစေ 💙💙💙

General reading ဖြစ်လို့ လူတိုင်းနဲ့တော့ energy မကိုက်နိုင်ပါဘူးရှင်။ Personal reading ဖတ်ချင်ရင် EI page ကို Hiတာနဲ့ ကျလာတဲ့ linkတွေထဲ ဝင်ဖတ်ပြီး အဆင်ပြေရာ package ကို booking ယူလို့ ရပါတယ်။
Booking ကို page messenger, Whatsapp, Viber, Telegram မှာ ယူလို့ရပါတယ် 💙

ညမှဟောပါတယ်။ ညမှ reply ပါတယ်။ 11pm အတွင်း အချက်လက်စုံရင် ဒီညအဖြေရပါတယ် 💙

Package ရွေးရန်
https://www.facebook.com/share/p/19vfzVqXmZ/

အဆောင်လက်ပတ်လေးတွေ မှာလို့ရပါတယ်
https://www.facebook.com/share/p/1JCGpypuqf/

Tarot class (one by one) ပါ
https://www.facebook.com/share/p/1d9pfb41V7/

ဒီနေ့ royal နဲ့ ပို့မယ့် အသုတ် 💙ခုလို အများကြီးမှာကြလို့ ကျေးဇူးတင်ပါတယ်ရှင် 🙏28.12.25က ဂျပ်ဖာ 2ဖာရောက်ထားတာ နှစ်မကုန်ခင...
04/01/2026

ဒီနေ့ royal နဲ့ ပို့မယ့် အသုတ် 💙
ခုလို အများကြီးမှာကြလို့ ကျေးဇူးတင်ပါတယ်ရှင် 🙏
28.12.25က ဂျပ်ဖာ 2ဖာရောက်ထားတာ
နှစ်မကုန်ခင်က 1ဖာကုန်သွားတယ်။ ခု ကျန်တဲ့1ဖာက 1/3ပုံဘဲ ရှိတော့တယ်
နောက်တစ်သုတ်က 10ရက်နေ့ ရောက်ပါမယ်ရှင် 💙

ဒီနေ့မှာသူတွေက သဘက်ခါပို့တဲ့ထဲ ပါပါမယ်ရှင် 💙

Eternal Indigo Tarot 💙

အဲ့ မပေါက်တဲ့1အိမ်ကို စိတ်ဝင်စားတာ 😁
03/01/2026

အဲ့ မပေါက်တဲ့1အိမ်ကို စိတ်ဝင်စားတာ 😁

El Gordo ထီဆိုတာ ကမ္ဘာပေါ်မှာ ဆုကြေးငွေ စုစုပေါင်း အများဆုံးပေးတဲ့ ထီတွေထဲက တစ်ခုဖြစ်ပါတယ် စပိန်မှာ နှစ်စဉ် ခရစ္စမတ်ကာလမှာ ကျင်းပလေ့ရှိပြီး ထီလက်မှတ်တစ်စောင်တည်းကို အစိတ်စိတ်အမြွှာမြွှာခွဲပြီး ရောင်းချတာမျိုး (Participations) ပြုလုပ်နိုင်ပါတယ် ဒါကြောင့် နံပါတ်တစ်ခုတည်းကို လူပေါင်းများစွာ စုပေါင်းဝယ်ယူပြီး ဆုကြေးကို ခွဲဝေယူလို့ ရတာဖြစ်ပါတယ်

ဒီလိုနဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှာ စပိန်နိုင်ငံ၊ ဝက်စကာ (Huesca) ပြည်နယ်ရှိ ဆိုဒီတို (Sodeto) လို့ခေါ်တဲ့ ရွာလေးရဲ့ ရပ်ရွာအခြေပြု အမျိုးသမီးအဖွဲ့အစည်းတစ်ခုဟာ ထီလက်မှတ် အုပ်စုလိုက်ကို ဝယ်ယူခဲ့ပါတယ် အဲ့ဒီနောက် သူတို့ဟာ ရွာထဲက အိမ်ခြေ ၇၀ စလုံးကို လိုက်လံရောင်းချခဲ့ပြီး ရွာသားတွေကလည်း ရန်ပုံငွေထည့်ဝင်တဲ့အနေနဲ့ တစ်အိမ်ကို အနည်းဆုံး တစ်စောင်၊ နှစ်စောင်စီ ဝယ်ယူခဲ့ကြပါတယ်

ဒီဇင်ဘာ ၂၂ ရက်နေ့မှာတော့ သူတို့ဝယ်ထားတဲ့ နံပါတ်ဟာ ပထမဆုကြီး (Jackpot) ပေါက်သွားခဲ့ပါတယ် စုစုပေါင်း ဆုကြေးငွေကတော့ အဲ့ဒီခေတ်ကာလပေါက်ဈေးနဲ့ ယူရို သန်း ၁၅၀ ခန့် (ဒေါ်လာ သန်း ၂၀၀ ဝန်းကျင်) ရှိခဲ့ပြီး ရွာသားတွေဟာ တစ်ဦးချင်းစီရဲ့ ထည့်ဝင်မှုအပေါ်မူတည်ပြီး အနည်းဆုံး ယူရို ၁ သိန်း ကနေ သန်းနဲ့ချီတဲ့အထိ ရရှိခဲ့ကြပါတယ်

ရွာသားတွေ ပျော်ပွဲရွှင်ပွဲလုပ်နေချိန်မှာ ဂရိလူမျိုး ရုပ်ရှင် ဒါရိုက်တာ Costis Mitsotakis ကတော့ မပျော်ခဲ့ရပါဘူး ဘယ်ကြောင့်လဲဆိုတော့ သူတစ်ယောက်တည်းကသာ ထီမပေါက်ခဲ့လို့ပါ သူဟာ ရွာသားဖြစ်ပေမဲ့ သူ့အိမ်က ရွာပြင်ဘက် ခပ်လှမ်းလှမ်းမှာ ရှိနေတာကြောင့် အမျိုးသမီးအဖွဲ့အစည်း က သူ့အိမ်ကို မေ့ပြီး မဝင်မိခဲ့တာပါ

ဒါနဲ့ ပတ်သက်ပြိး Costis Mitsotakis ကတော့ စိတ်မဆိုးခဲ့ပါဘူး "ဒါဟာ ကံတရားပဲ" လို့ မှတ်ချက်ပေးခဲ့ပါတယ် တကယ်တော့ သူဟာ အဲ့ဒီရွာကို အမျိုးသမီးတစ်ဦးနဲ့ ချစ်ကြိုက်ပြီး လိုက်လာခဲ့တာဖြစ်ပေမဲ့ သူတို့လမ်းခွဲပြီးချိန်မှာတောင် ရွာမှာပဲ ဆက်နေခဲ့သူပါ သူဟာ ထီမပေါက်ပေမဲ့ ရွာသားတွေက သူ့အပေါ် အရမ်းကောင်းကြပါတယ် သူ့အိမ်နီးချင်းတစ်ယောက်က သူ့မြေကွက်ကို ဈေးကောင်းပေးဝယ်တာမျိုးတွေ ရှိခဲ့သလို၊ သူကလည်း ဒီထူးခြားတဲ့ဖြစ်ရပ်ကို မှတ်တမ်းတင်ရုပ်ရှင် (Documentary) အဖြစ် ရိုက်ကူးခွင့် ရခဲ့ပါတယ်

ဒီလောက် ငွေအမြောက်အမြား ရခဲ့ပေမဲ့ ဆိုဒီတိုရွာသားတွေဟာ သူတို့ရဲ့ နေထိုင်မှုပုံစံကို မပြောင်းလဲခဲ့ကြဘဲ သာမန်အတိုင်းနေထိုင်ခဲ့ကြပါတယ် ရွာသားအများစုဟာ လယ်သမားတွေဖြစ်လို့ ရလာတဲ့ငွေနဲ့ လယ်ထွန်စက်အသစ်တွေဝယ်တာ၊ ရေသွင်းစနစ်တွေ အဆင့်မြှင့်တာနဲ့ ဘဏ်အကြွေးတွေ ဆပ်တာမျိုးပဲ လုပ်ခဲ့ကြပါတယ်

အဲ့ဒီအချိန်က စပိန်နိုင်ငံဟာ စီးပွားရေး အကျပ်အတည်းကြုံနေရချိန်ဖြစ်ပေမဲ့ ဆိုဒီတိုရွာလေးကတော့ ထီဆုကြောင့် အဆင်ပြေသွားခဲ့ပါတယ် ကားအကောင်းစားကြီးတွေ ဝယ်စီးတာမျိုး မရှိဘဲ ပုံမှန်အတိုင်းပဲ လယ်ယာလုပ်ငန်း ဆက်လုပ်နေကြတာက လူအများကြားမှာ အထင်ကြီးစရာ ဖြစ်ခဲ့ပါတယ် ဒီဖြစ်ရပ်ကတော့ ကံတရားက တစ်ရွာလုံးကို လက်ဆောင်ပေးခဲ့တဲ့ ဖြစ်ရပ်လေးပဲ ဖြစ်ပါတယ်

#ဗဟုသုတ

💙
03/01/2026

💙

ရွှေမန္တလေးရဲ့ ထူးခြားတဲ့အသုံးအနှုန်း (၁၀)ခု...(အခြားဒေသက လူတွေဆို သိပ်မသိကြဘူး)

မန္တလေးကို အလည်လာကြသူတွေ၊ မန္တလေးကို အသစ်လာရောက်အခြေချနေထိုင်သူတွေ နားမရှင်း၊ မျက်စိရှုပ်တတ်တဲ့ အသုံးအနှုန်း (၁၀) မျိုး ကို ရှင်းပြချင်လို့ပါ။ ဒီ post လေးကို အစအဆုံးဖတ်ပြီးရင် ဘာလို့ဒီလိုခေါ်တယ်ဆိုတဲ့အသုံးအနှုန်းလေးတွေကို သိသွားကြလိမ့်မယ်ထင်ပါတယ်နော်။
✳️ မုန့်တီ
မန္တလေးမှာ မုန့်တီစားရင် နန်းကြီးသုပ်စားမယ်လို့ တခါတည်းမမှာကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ရွေးချယ်စရာ မုန့်တီအမျိုးအစားအများကြီးရှိလို့ပါပဲ။ ကြက်သားနိုင်းချင်း၊ ငါးဖယ်လုံးတွေနဲ့ မန္တလေးမုန့်တီလား၊ ဂေါ်ဖီဖတ်၊ ဗယာကြော်တွေနဲ့ စေးနေအောင်သုပ်ထားတဲ့ ခိုတောင်မုန့်တီလားဆိုပြီး ရွေးချယ်နိုင်သလို မုန့်တီဖတ်အရွယ်အစားကိုလည်း ရွေးချယ်နိုင်ပါတယ်။
မန္တလေးမုန့်တီစားမယ်ဆိုရင်
နန်းသေး = 0.1 - 0.2 cm
နန်းလတ် =0.4 - 0.5 cm
နန်းကြီး = 0.7 - 0.8 cm ဆိုပြီး အရွယ်အစား (၃)မျိုးရွေးချယ်နိုင်ပြီး ခိုတောင်မုန့်တီမှာတော့
ခိုတောင်နန်းလို့ခေါ်တဲ့ 0.3-0.4 cm ဆိုဒ်ကိုအများဆုံးအသုံးပြုပါတယ်။ ခိုတောင်နန်းဟာ နန်းသေးနဲ့ နန်းလတ်ကြားက ဆိုဒ်ဖြစ်ပါတယ်။ ဒါကြောင့်မို့ မန္တလေးမှာ နန်းကြီးသုပ်စားမယ်လို့မပြောကြဘဲ မုန့်တီစားမယ်လို့သာ မှာကြပြီး ကိုယ်ကြိုက်နှစ်သက်ရာ မုန့်တီအမျိုးအစားနဲ့ နန်းအမျိုးအစားကို ရွေးချယ်သုံးဆောင်ကြတာ ဖြစ်ပါတယ်။
✳️ မုန့်ဟင်းခါးသောက်မယ်
မန္တလေးမှာ မုန့်ဟင်းခါးသုံးဆောင်တာကို "မုန့်ဟင်းခါး စားတယ်"လို့ မသုံးနှုန်းဘဲ "မုန့်ဟင်းခါး သောက်တယ်"လို့ သုံးကြပါတယ်။ မန္တလေးရဲ့မုန့်ဟင်းခါးတွေဟာ ရန်ကုန်မုန့်ဟင်းခါးလို အရည်မပျစ်၊ ငါးအဖတ်မများဘဲ ပဲအရည်ကျဲကျဲ၊ ငါးအဖတ်နည်းနည်းနဲ့ ချက်ကြတာမို့ "သောက်တယ်"လို့ သုံးကြတာဖြစ်ပါတယ်။
✳️ မန္တလေးထမင်းပေါင်း
မန္တလေးမှာ ထမင်းပေါင်းတစ်ပွဲပေးပါလို့မှာလိုက်ရင် နီနီရဲရဲ ဆော့စ်နဲ့နယ်ထားပြီး မြေပဲဆံဖြူးထားတဲ့၊ အသားကြော်၊ အသားကင်များများပါတဲ့ ထမင်းတပွဲရောက်လာပါလိမ့်မယ်။ ရန်ကုန်ထမင်းပေါင်းလို ကော်ရည်နဲ့ အသီးအရွက်ကြော်ထားတာမျိုး တွေ့ရမှာမဟုတ်ပါဘူး။ ဒါကြောင့်မန္တလေးမှာ ထမင်းပေါင်းမှာစားရင် မန္တလေးထမင်းပေါင်းလား၊ ရန်ကုန်ထမင်းပေါင်းလားလို့ သေချာခွဲခြားပြောပေးဖို့လိုပါလိမ့်မယ်နော်။
✳️ တိုရ/ပဲပင်ပေါက်
မန္တလေးမှာ မြီးရှည်စားမယ်ဆို တချို့ဆိုင်တွေက "တိုရထည့်မလား"လို့ ပြန်မေးတတ်ကြပါတယ်။ "တိုရ"ဆိုတာ တကယ်တော့ ပဲပင်ပေါက်ပါပဲ။ ရှေးခေတ်တုန်းက မန္တလေးမှာ မြီးရှည်ဟာ ပြည်ကြီးတရုတ်တွေနဲ့အတူပါလာခဲ့တဲ့ စားသောက်ဖွယ်ရာတစ်မျိုး(တမျိုး)ပါ။ မြီးရှည် ဆိုတဲ့ စကားလုံးကိုက တရုတ်လို: 米線(Mǐxiàn) "မီရှန့်"ကနေ ဆင်းသက်လာတာပါ။ ဒါကြောင့် မြီးရှည်ထဲထည့်တဲ့ ပဲပင်ပေါက်ကိုလည်း တရုတ်လို 豆芽(Dòuyá)"တို့ရာ"ကနေ ဆင်းသက်လာပြီး မြန်မာလို "တိုရ" ဖြစ်သွားပါတယ်။
✳️ ခါကျက်ဥ
ခါကျက်ဥဆိုတာ ကြက်/ငှက် တိရစ္ဆာန်တွေရတဲ့ဥ မဟုတ်ပါဘူး။ မန္တလေးမှာ မုန်လာဥနီ (carrot) ကို ခါကျက်ဥလို့ ခေါ်ကြပါတယ်။ Hindi ဘာသာစကား (Gaajar Root) ဂါဂျာရု ကနေ မြန်မာလို ခါကျက်ဥ ဖြစ်လာတာပါပဲ။ ခါကျက်ဥလိုပဲ ဈေးကွက်ထဲက တချို့သီးနှံတွေအမည်ကလည်း Hindi ဘာသာစကားကနေ မွေးစားထားတာဖြစ်ပါတယ်။
(Gaajar Root)= ခါကျက်ဥ
(Aloo)= အာလူး
(Gobhee)= ဂေါ်ဖီထုပ် စတဲ့စကားလုံးတွေပါ
✳️ ဒူးမလိုင်
မန္တလေးမှာ ဒူးမလိုင်လို့ မှာလိုက်ရင် ဒူးရင်းသီးတဖတ်မှမပါတဲ့ မလိုင်စစ်စစ်တခွက်ရောက်လာပါမယ်။ ဒါကိုမှ ဘာလို့ဒူးရင်းသီးမပါတာလဲမေးချင်ရင် ဒူးမလိုင်ဟာ ဒူးရင်းမလိုင် မဟုတ်လို့ပါလို့ ပြန်ဖြေရပါမယ်။ ဒူးမလိုင်ဆိုတာဟာ အိန္ဒိယအချိုပွဲ တစ်မျိုးဖြစ်ပြီး Doodh Malai ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာပါတယ်။ ဒါကြောင့် ဒူးမလိုင်ဟာ ဒူးရင်းမလိုင်ကို အလွယ်တကူခေါ်တဲ့စကားလုံးမဟုတ်တာကြောင့် ကိုယ်သောက်ချင်တာဟာ ဒူးမလိုင်လား၊ ဒူးရင်းမလိုင်လား သေချာသိပြီး မှာဖို့လိုပါတယ်နော်။
✳️ Co Co /ခေါခေါ
မန္တလေးမြို့အနှံ့မှာတွေ့ရတဲ့ Co Co ဆိုတဲ့ Convenient store ဆိုင်ငယ်လေးများကို မန္တလေးသူ မန္တလေးသားများက "ခေါခေါ"လို့သာ ခေါ်ကြပါတယ်။ တခြားမြို့ကလာသူများက ကိုကို/ စီအိုစီအို စသဖြင့် ခေါ်ကြပေမယ့် မန္တလေးမှာ ဘာကြောင့် ခေါခေါ လို့ခေါ်ရသလဲဆိုတာကလည်း သမိုင်းကြောင်းရှိပါတယ်။ Co Co ဟာ မူလက "ခေါခေါ"ဆိုတဲ့နာမည်နဲ့ လွန်ခဲ့တဲ့ နှစ်(၃၀)ဝန်းကျင်ကတည်းက မန္တလေး မန်းမြို့ဈေးအနီး 84လမ်း 38-39 ကြားမှာ စတင်ဖွင့်လှစ်ရောင်းချခဲ့ပါတယ်။ ဒါကြောင့်မို့ ဒီဆိုင်ကို ခေါခေါ လို့သာ လူသိများခဲ့တာမို့ နောက်ပိုင်းမှာ Co Co လို့နာမည်ပြောင်းပြီး ဆိုင်ခွဲတွေ တိုးချဲ့ဖွင့်လှစ်ပေမယ့် နှုတ်ကျိုးနေတဲ့အတိုင်း ခေါခေါလို့သာ ဆက်လက်ခေါ်ဆိုနေကြခြင်းဖြစ်ပါတယ်။
✳️ တပြ၊ နှစ်ပြ
နေရာတခုခုကို မသိလို့ မန္တလေးသူ၊ မန္တလေးသားတွေကို လမ်းညွှန်မေးရင် ဟောဟိုဘက် တပြ၊ နှစ်ပြ လို့ ရည်ညွှန်းတတ်ကြပါတယ်။ တခြားမြို့တွေလို တလမ်း/နှစ်လမ်း၊ တဘလောက်/နှစ်ဘလောက်လို့မသုံးဘဲ ဘာလို့ "ပြ"ဆိုတဲ့ အသုံးအနှုန်းကို သုံးကြတာလဲဆိုတော့ မန္တလေးရဲ့လမ်းတွေဟာ မင်းတုန်းမင်းလက်ထက်ကတည်းက မြနန်းစံကျော်ရွှေနန်းတော်ကို ဗဟိုပြုလို့ လမ်းတွေကို မြို့ရိုးရဲ့ ပြအိုးတခုစီတိုင်းနဲ့တည့်တည့် ဖောက်လုပ်ထားလို့ပါပဲ။ လေးထောင့်မြို့ရိုးတွေဟာ တဘက်ကို တာ(၆၀၀)ရှိပြီး (၁၂)ခုအတိအကျခွဲထားတာမို့ ပြအိုး တခုနဲ့တခုဟာ တာ(၅၀)ကွာဝေးပါတယ်။ အခုခေတ်အတိုင်းအတာနဲ့ဆို ပေပေါင်း (၅၅၀)ဝန်းကျင်ပါ။ ဒါကြောင့် ပြအိုးတခုခြားတိုင်း လမ်းတခုရှိတဲ့အတွက် တပြအိုး၊ နှစ်ပြအိုး ရေတွက်ခေါ်ဆိုရာကနေ တပြ၊ နှစ်ပြ ဖြစ်လာခဲ့ပါတယ်။ မန္တလေးနန်းတော်ကို အလယ်ဗဟိုထားလို့ အရှေ့ဘက်အရပ်ကို နန်းရှေ့၊ မြောက်ဘက်အရပ်ကို မြောက်ပြင်၊ အနောက်ဘက်ခြမ်းကိုအနောက်ပြင်၊ အမရပူရကို တောင်မြို့ ခေါ်ဆိုကြသလို အရပ်မျက်နှာ လမ်းညွှန်ရာမှာလည်း ဘယ်-ညာမသုံးဘဲ အရှေ့၊အနောက်၊တောင်၊မြောက်ကို ရည်ညွှန်းပြောတတ်ကြပါတယ်။
✳️ ဘူတာကြီး
မန္တလေးသူ၊ မန္တလေးသားတွေက သူတို့မြို့က ဘူတာကို "ကြီး"ထည့်ပြီး ဘာလို့ခေါ်ကြတာလဲရယ်လို့ တခြားမြို့သူမြို့သားတွေက တအံ့တဩဖြစ်တတ်ကြပါတယ်။ တကယ်တော့ မန္တလေးမှာ ပါတော်မူပြီးစကာလများက ဘူတာကြီးနဲ့ ဘူတာလေး ရယ်လို့ နှစ်မျိုးရှိခဲ့လို့ပါပဲ။ ပါတော်မူပြီးစက မန္တလေးမှာ အိန္ဒိယလူမျိုး Manetji "မနန့်ဂျီ"က ပြေးဆွဲတဲ့ ပုဂ္ဂလိကပိုင် ရထားငယ်တမျိုးရှိခဲ့ပါတယ်။ မနန့်ဂျီ ဓာတ်ရထားဟာ ပုံမှန်မြင်တွေ့နေကျ ရထားအရွယ်အစားထက်သေးသလို အသုံးပြုတဲ့သံလမ်းအမျိုးအစားကလည်းပိုသေးပါတယ်။ ဒါကြောင့် မနန့်ဂျီရထားကို မနှင်းဆီရထားလို့လည်းခေါ်ကြသလို မနှင်းဆီ ရထားဆိုက်ရာဘူတာကို ဘူတာလေးလို့ခေါ်ပါတယ်။ မနှင်းဆီရထားဟာ ဈေးချို-မတ္တရာပြေးဆွဲပြီး ကုန်စိမ်းတွေအဓိက သယ်ဆောင်ပါတယ်။ ဘူတာလေးဟာ ယခု မန်းသီရိဈေးနေရာမှာပါ။ မနန့်ဂျီရထားနဲ့ ဘူတာလေးဟာ ၁၉၂၀ ကျော်ခုနှစ်များကတည်းက ဖျက်သိမ်းလိုက်ပြီမို့မရှိတော့ပါဘူး။ လမ်း ၃၀ - ၇၈ လမ်းဆုံမှာတည်ရှိပြီး တမြို့ကနေတမြို့ ပြေးဆွဲတဲ့ ရေနွေးငွေ့စက်ခေါင်းသုံးမီးရထားကြီးများဆိုက်ကပ်ရာကိုတော့ ဘူတာကြီးလို့ ခေါ်ပါတယ်။ ဘူတာနှစ်မျိုးရှိခဲ့တာမို့ ဘူတာကြီးနဲ့ ဘူတာလေးလို့ ခွဲခြားခေါ်ဝေါ်ရာကနေ နောက်ပိုင်းမှာ မနှင်းဆီရထားနဲ့ ဘူတာလေးမရှိတော့ပေမယ့် ဘူတာကြီးကို "ဘူတာကြီး"လို့ပဲ ဆက်လက်ခေါ်ဝေါ်နေကြတာဖြစ်ပါတယ်။
✳️ ကျွန်တော်
မန္တလေးသူတွေက စကားပြောရာမှာ ကိုယ့်ကိုကိုယ် "ကျွန်တော်/ကျနော်"ဆိုတဲ့နာမ်စား သုံးလေ့ရှိကြပါတယ်။ သီချင်းတွေထဲမှာတောင် "ကျွန်တော် ကျွန်တော်နဲ့ ပြောတတ်တဲ့ မန္တလေးသူ"ဆိုပြီး ထည့်သွင်းဖွဲ့ဆိုခဲ့ပါတယ်။ နိုင်ငံကျော် သင်္ကြန်မိုးရုပ်ရှင်ဇာတ်လမ်းမှာ မင်းသမီးခင်သန်းနု (ထား) က မန္တလေးဆန်တဲ့ "ကျွန်တော်"ဆိုတဲ့ နာမ်စားထည့်သုံးပေမယ့် ဆင်ဆာအဖွဲ့က ပြန်လည်ဖြုတ်ချခဲ့ဖူးပါတယ်။ ကျွန်တော်ဆိုတဲ့နာမ်စားဟာ ယခုခေတ်မှာတော့ အမျိုးသားသုံး နာမ်စားအဖြစ်သာယူဆနေကြပေမယ့် တကယ်တော့ ရှေးအစဉ်အဆက်ကတည်းက မန္တလေးမှာတော့ အမျိုးသားရော၊ အမျိုးသမီးရော အသုံးပြုတဲ့နာမ်စားဖြစ်ပါတယ်။ မန္တလေးဟာ မြန်မာဘုရင်မင်းဆက်ရဲ့ နောက်ဆုံးစိုးစံခဲ့တဲ့မင်းနေပြည်တော်ဖြစ်တာနဲ့အညီ ရှေးက မန္တလေးသူ၊ မန္တလေးသားတွေဟာ ဘုရင်မင်းမြတ်ဆီ အခစားဝင်ရတဲ့အခါ ကျေးတော်မျိုး၊ ကျွန်တော်မျိုးအဖြစ် မိမိကိုယ်ကိုနှိမ့်ချသုံးနှုန်းတာပါ။ ခုချိန်မှာ မန္တလေးဟာ မင်းနေပြည်တော်အဖြစ်မရှိတော့ပေမယ့် မန်းသူ၊ မန်းသားများကတော့ ကျွန်တော်ဆိုတဲ့စကားကို ဒီနေ့ထိ အမျိုးသားရောအမျိုးသမီးပါ ဆက်လက်သုံးနှုန်းနေကြဆဲဖြစ်ပါတယ်။
စာလည်းရှည်သွားပြီဆိုတော့ အခုဆိုရင် မန္တလေးက တခြားမြို့နဲ့မတူတဲ့ အသုံးအနှုန်းတွေဟာ ဘယ်ကနေဘယ်လိုဆင်းသက်လာတယ်ဆိုတာ သိသွားကြလောက်ပြီထင်ပါတယ်။
(Mandalarian ယဉ်ယဉ်နှောင်း)
#အိမ်ရှင်မမှတ်စုမှကူးယူဖော်ပြပါတယ်။

Reviews 💙💙💙 ညမှဟောပါတယ်။ ညမှ reply ပါတယ်။ 11pm အတွင်း အချက်လက်စုံရင် ဒီညအဖြေရပါတယ် 💙Package ရွေးရန် https://www.facebook...
03/01/2026

Reviews 💙💙💙

ညမှဟောပါတယ်။ ညမှ reply ပါတယ်။ 11pm အတွင်း အချက်လက်စုံရင် ဒီညအဖြေရပါတယ် 💙

Package ရွေးရန်
https://www.facebook.com/share/p/19vfzVqXmZ/

အဆောင်လက်ပတ်လေးတွေ မှာလို့ရပါတယ်
https://www.facebook.com/share/p/1JCGpypuqf/

Tarot class (one by one) ပါ
https://www.facebook.com/share/p/1d9pfb41V7/

Eternal Indigo Tarot 💙

Hi guys,ဒီနေ့ EI က "2026 သင်တို့နှစ်ယောက်ရဲ့ အချစ်ရေး" ဆိုတဲ့ topic ကို pile reading လုပ်ပေးပါမယ်ရှင်   တစ်‌ဖက်လူကို အာရ...
03/01/2026

Hi guys,

ဒီနေ့ EI က "2026 သင်တို့နှစ်ယောက်ရဲ့ အချစ်ရေး" ဆိုတဲ့ topic ကို pile reading လုပ်ပေးပါမယ်ရှင်
တစ်‌ဖက်လူကို အာရုံပြုပြီး ကဒ်1ခုသာ ရွေးပါနော် 💙

General reading ဖြစ်လို့ လူတိုင်းနဲ့တော့ energy မကိုက်နိုင်ပါဘူးရှင်။ Personal reading ဖတ်ချင်ရင် EI page ကို Hiတာနဲ့ ကျလာတဲ့ linkတွေထဲ ဝင်ဖတ်ပြီး အဆင်ပြေရာ package ကို booking ယူလို့ ရပါတယ်။
Booking ကို page messenger, Whatsapp, Viber, Telegram မှာ ယူလို့ရပါတယ် 💙

ညမှဟောပါတယ်။ ညမှ reply ပါတယ်။ 11pm အတွင်း အချက်လက်စုံရင် ဒီညအဖြေရပါတယ် 💙

Package ရွေးရန်
https://www.facebook.com/share/p/19vfzVqXmZ/

အဆောင်လက်ပတ်လေးတွေ မှာလို့ရပါတယ်
https://www.facebook.com/share/p/1JCGpypuqf/

Tarot class (one by one) ပါ
https://www.facebook.com/share/p/1d9pfb41V7/

B1 နဲ့ E2က အရေတွက်နည်းသွားပါပြီ10ရက်နေ့မှ ပြန်ရောက်ပါတော့မယ်ရှင် ဒီနေ့မှာရင် နက်ဖြန်ပို့မယ့်ထဲ ပါပါမယ်နက်ဖြန် royal နဲ့ ...
03/01/2026

B1 နဲ့ E2က အရေတွက်နည်းသွားပါပြီ
10ရက်နေ့မှ ပြန်ရောက်ပါတော့မယ်ရှင်
ဒီနေ့မှာရင် နက်ဖြန်ပို့မယ့်ထဲ ပါပါမယ်
နက်ဖြန် royal နဲ့ ပို့ပါမယ်ရှင်

Dec 20က Near Future Tarot Package ယူပြီး ထိုင်းထီပေါက်မလား မေးတာ ပေါက်မယ်လို့ဟောခဲ့တာ ဒီနေ့ ဘတ်2000ပေါက်ပါတယ်တဲ့အဲ့နေ့က ...
02/01/2026

Dec 20က Near Future Tarot Package ယူပြီး ထိုင်းထီပေါက်မလား မေးတာ ပေါက်မယ်လို့ဟောခဲ့တာ ဒီနေ့ ဘတ်2000ပေါက်ပါတယ်တဲ့
အဲ့နေ့က အစ်မက B1, E1 လက်ပတ်လေးတွေ မှာတယ်
အဟောနဲ့ လက်ပတ်နဲ့ ပေါင်းစပ်လိုက်တဲ့အခါ တကယ်ဖြစ်လာတယ် 💙
ထပ်ပြီး ကျန် Type A,C,D 3ခုထပ်မှာသွားတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ရှင်
1 question package နဲ့ Love Journey Package for Single ထပ်ယူသွားတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ရှင်

အဟော energy ကိုက်ဖို့အတွက်ဆို ဂဏန်းသေချာရွေးပေးပါနော်
လက်ပတ်လေးတွေ ပိုပြီးထိရောက်ဖို့အတွက်ဆို ဘာသာရေးပိုလုပ်ပေးပါ

EIလည်း မနေ့က ထီနည်းနည်းပေါက်တယ်
EIက E2 ဝတ်ထားတာ 😊

Review လေး တစ်ပုံချင်းဖတ်ကြည့်ပါနော် 🙏💙

ညမှဟောပါတယ်။ ညမှ reply ပါတယ်။ 11pm အတွင်း အချက်လက်စုံရင် ဒီညအဖြေရပါတယ် 💙

Package ရွေးရန်
https://www.facebook.com/share/p/19vfzVqXmZ/

အဆောင်လက်ပတ်လေးတွေ မှာလို့ရပါတယ်
https://www.facebook.com/share/p/1JCGpypuqf/

Tarot class (one by one) ပါ
https://www.facebook.com/share/p/1d9pfb41V7/

Eternal Indigo Tarot 💙

EI အဆောင်လက်ပတ် E2လေး ပတ်ထားတာမနေ့က ထီနည်းနည်းပေါက်လို့ ပျော်ရပါတယ် နှစ်သစ်မှာ ကံကောင်းလာပြီ 😊လက်ပတ်လေးတွေရဲ့အသေးစိတ်ကို...
02/01/2026

EI အဆောင်လက်ပတ် E2လေး ပတ်ထားတာ
မနေ့က ထီနည်းနည်းပေါက်လို့ ပျော်ရပါတယ်
နှစ်သစ်မှာ ကံကောင်းလာပြီ 😊

လက်ပတ်လေးတွေရဲ့အသေးစိတ်ကို ထည့်ပေးထားပါတယ်။ မှာတဲ့အခါလိုတဲ့အချက်တွေလည်း ထည့်ပေးထားပါတယ်။ နှစ်သစ်ပြောင်းသွားတဲ့အတွက် prepaid card ကလည်း ပုံစံသစ်ပြောင်းထားပါတယ်။ prepaid card ရမှ order confirmed ပါရှင် 💙

ဒီနေ့ထိ လက်ပတ်2ခုနဲ့အထက်ယူတာနဲ့ deli free အစီစဉ်ရှိပါတယ်
ဒီနေ့မှာရင် နက်ဖြန် အာလူးပို့နဲ့ အပ်မယ့်ထဲ ပါပါမယိ
အပ်ပြီးတာနဲ့ စလစ်ကို တစ်ယောက်ချင်းပို့ပေးပါတယ်

Eternal Indigo Tarot 💙

01/01/2026

2026မှာ
1. Packages fees ပြောင်းဖို့ မရှိသေးပါဘူးရှင်။ 1 year package တစ်ခုဘဲ not available ဖြစ်ပါတယ်။
2. အဆောင်လက်ပတ်လေးတွေရဲ့ fees လည်း 2026 6လပိုင်းထိ ပြောင်းလဲဖို့ မရှိသေးပါဘူးရှင်။
3. Tarot Special Class - One by One fees လည်း 2026 4လပိုင်းထိ ပြောင်းလဲဖို့ မရှိသေးပါဘူးရှင်။ တစ်လကို member ဦးရေ 4ဦးဘဲ လက်ခံပါမယ်ရှင်။

နောက်ထပ်မပြောင်းလဲတာတွေက
1. Auto reply မှာ ပါတဲ့ အချက်တွေကို ပြန်လာမေးရင် reply မလုပ်ပါ။
2. Phone call လက်မခံပါ။ တန်း block ပါမည်။
3. အချက်လက်မစုံမချင်း မဟောပါ။
4. EIဆီမှာ ရနိုင်တဲ့ package တွေရော၊ အဆောင်လက်ပတ်တွေအကြောင်းရော၊ သင်တန်းအကြောင်းရော နောက်တစ်ခါ ထပ်မေးစရာမလိုအောင် details အတိကျ ရေးထားပြီးသားပါ။ အဲ့ဒါကို နားမလည်လို့ပါ၊ ရှင်းပြပေးပါလား ဆိုပြီး လာမေးရင် လုံးဝပြန်မဖြေပါ။ မြန်မာစကားကို မြန်မာလိုရေးထားတာဖြစ်တဲ့အတွက် မြန်မာစာ ဖတ်တတ်သူတိုင်း နားလည်ပါတယ်။
5. ပြီးတော့ ဈေးနှုန်းတွက်ခိုင်းတာ။ package သို့ အဆောင်လက်ပတ် 2မျိုး၊ 3မျိုး ယူချင်တယ်ပြောတယ်။ ဘယ်လောက်ကျမလဲ ပြောထားနော် တဲ့။ လက်တွက်မရဘူးဆိုရင် calculator က ဖုန်းတိုင်းမှာပါတယ်လို့ဘဲ ပြောချင်ပါတယ်။ ကိုယ့်ဘာကိုယ်တွက်ပါ။
6. ချက်ချင်းဟောပေးမလားဆိုတဲ့ မေးခွန်း။ ဒီနှစ်ကစ အဲ့လိုလာမေးရင် တန်း block ပါမည်။ ရှေ့က booking တွေကို အားနာလို့ပါ။
7. 11pm ကျော်တာနဲ့ အဟော၊ reply နားပါမည်။ နေ့တိုင်း ဟောပါတယ်။ ဒါကို ဒီနေ့မေးလို့ရလား၊ ရရင် ငွေလွှဲမလို့ ဆိုတဲ့မေးခွန်းကို reply မလုပ်ပါ။ တကယ်လို့ EI အကြောင်းတစုံတရာကြောင့် နားတဲ့နေ့ဆို ပို့စ်တင်ပါတယ်။ ဒီအချက်က EI reader လုပ်တဲ့ 4နှစ်ကျော်ကာလမှာ အမြဲလုပ်နေကျအချက်ပါ။ EIရဲ့ client တွေကို respect မရှိတဲ့အပြုမူ မလုပ်လို့ အခြေနေထူးခြားရင် ပို့စ်တင်ပါတယ်၊ လက်ပတ်တွေပို့တဲ့အခါမှာလည်း deli slip ကို တစ်ယောက်ချင်း ပို့ပေးပါတယ်။ ဒါ EI ပေးနိုင်တဲ့ customer care တစ်ခုပါ။ EI လည်း osတွေ အရမ်းမှာသူပါ။ စလစ်ပြန်ပို့တဲ့သူ မရှိသလောက်ရှားပါတယ်။ အဲ့တော့ ပို့လိုက်တာလားမသိ၊ မပို့သေးတာလားမသိ။ prepaid ဆိုရင် ပိုဆိုးသေး။ သွားပြောလည်း စလစ်က deli က မပို့ဘူးလို့ ပြောတာမျိုး။
8. အစီရင် လုံးဝမလုပ်ပါ။ ဘယ်လောက်ပေးပေး မလုပ်ပါ။
9. 1 question ဆို 1 question ကိုသာ ဖြေပါတယ်။ မေးခွန်း1ခုမှာ စကားဆက်ပေါင်းများစွာပါနေရင် ရှေ့ဆုံးတစ်ခုသာ ဖြေပါတယ်။

Eternal Indigo Tarot 💙

Address

Mandalay

Telephone

+959774870078

Website

Alerts

Be the first to know and let us send you an email when Eternal Indigo Tarot posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Eternal Indigo Tarot:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram