06/01/2026
KBZ Center Mandalay တွင် အခမဲ့ ကျောက်ကပ်သွေးသန့်စင် ကုသမှုများ မကြာမီ စတင်တော့မည် ဖြစ်ပါသဖြင့် ကုသမှုခံယူလိုသော လူနာများ အနေဖြင့် အောက်ပါအတိုင်း လျှောက်ထားနိုင်ပါသည်။
📝 လျှောက်လွှာပုံစံ ထုတ်ယူခြင်း
🏥 နေရာ - KBZ Center Mandalay၊ ၇၃ လမ်းနှင့် ၁၁၀ လမ်း (မနော်ဟရီလမ်းထောင့်)၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၈၊ ၉၊ ၁၀ ရက် အတွင်း နံနက် ၉:၀၀ နာရီ မှစတင်ပြီး စင်တာတွင် လျှောက်လွှာပုံစံများ လာရောက် ထုတ်ယူရပါမည်။
လျှောက်လွှာ လာရောက်ထုတ်ယူသည့်အခါ လူနာ မှတ်ပုံတင်မူရင်းကိုပါ တစ်ပါတည်း ယူဆောင်လာရန်လိုအပ်ပါသည်။
နေ့စဉ် သတ်မှတ်ထားသော လျှောက်လွှာအရေအတွက် အကန့်အသတ်ရှိပါသည်။
သတ်မှတ် လျှောက်လွှာ အရေအတွက် ပြည့်သွားပါက ဆက်လက်ရယူနိုင်မည်မဟုတ်ပါ။
📝 ဖြည့်စွက်ပြီး လျှောက်လွှာများတင်သွင်းခြင်း
📆 ရက်စွဲ - ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၅ နှင့် ၁၆ ရက် (၂ ရက်သာ)
⏰အချိန် - နံနက် ၉:၀၀ နာရီမှ ညနေ ၄:၀၀ နာရီအတွင်း
လိုအပ်ချက် - ဖြည့်စွက်ပြီးသော လျှောက်လွှာများနှင့်အတူ လူနာ၏ နောက်ဆုံးကုသမှုဆိုင်ရာ ဆေးမှတ်တမ်း အထောက်အထားများ၊ ဆရာဝန်ထောက်ခံချက်များကို တစ်ပါတည်း တင်ပြရန် လိုအပ်ပါသည်။
📝 အတည်ပြု အကြောင်းကြားခြင်း
လက်ခံရရှိသော လျှောက်လွှာများကို တာဝန်ရှိ ဆရာဝန်ကြီးများက စနစ်တကျ စိစစ်သွားမည် ဖြစ်ပါသည်။
ကုသမှု ရယူနိုင်သော လူနာများကို ဇန်နဝါရီလ နောက်ဆုံးအပတ်အတွင်း တိုက်ရိုက်ဆက်သွယ်၍ အကြောင်းကြားပေးသွားမည် ဖြစ်ပါသည်။