KBZ Center Mandalay

KBZ Center Mandalay Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KBZ Center Mandalay, ၇၃ လမ်းနှင့် ၁၁၀ (မနော်ဟရီ) လမ်းထောင့်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့, Yangon.

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ (မန္တလေးတိုင်းဒေသကြီး ကော်မတီရုံး) နှင့် KBZ Bank၊  KBZ Center Mandalay တို့ ပူးပေါင်းဖ...
04/03/2026

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ (မန္တလေးတိုင်းဒေသကြီး ကော်မတီရုံး) နှင့် KBZ Bank၊ KBZ Center Mandalay တို့ ပူးပေါင်းဖွင့်လှစ်သည့် Emergency First Responder Training (Batch-3) ဖွင့်ပွဲကို ယနေ့ မတ်လ (၄) ရက် နံနက် (၁၀) နာရီက ၇၃ လမ်း၊ ၁၁၀ လမ်းထောင့်ရှိ KBZ Center Mandalay တွင် ကျင်းပခဲ့ပါသည်။

သင်တန်းဖွင့်ပွဲသို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး ကော်မတီရုံး) ဥက္ကဌ ဦးလှိုင်မင်းဦးနှင့် ကော်မတီအဖွဲ့ဝင်များ၊ KBZ Center Mandalay မှ တာဝန်ရှိသူများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။

ဖြစ်ပေါ်ခဲ့ပြီးသော သဘာဝဘေးအန္တရာယ် ကာလများတွင် ပရဟိတအသင်းများ၏ ကူညီမှု အခန်းကဏ္ဍများသည် လွန်စွာအရေးပါမှု ရှိခဲ့သဖြင့် ယင်းပရဟိတ အသင်းများအား သင်တန်းများ စနစ်တကျ ပို့ချပေးခြင်းဖြင့် နောက်နောင် မလွဲမသွေ ကြုံတွေ့လာနိုင်သည့် သဘာ၀ဘေးများတွင် ဘေးဒဏ်သင့်ပြည်သူများ၏ မဆုံးရှုးသင့်သော အသက်အိုးအိမ်စည်းစိမ်များ ယခုထက်ပိုမို စနစ်တကျ ထိရောက်စွာ ကူညီ/ကယ်ဆယ်ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးနေခြင်းဖြစ်ပြီး ယခုအကြိမ်သည် တတိယမြောက် အပတ်စဥ်သင်တန်း ဖြစ်ပါသည်။

သင်တန်းသို့ မန္တလေးမြို့ပေါ် (၇) မြို့နယ် အပါအဝင် မြင်းခြံ၊ မိတ္ထီလာ၊ ရွာငံ၊ အောင်ပန်း၊ မကွေး၊ မင်းဘူး၊ သာစည်၊ မလှိုင်နှင့် စစ်ကိုင်းစသည့် မြို့နယ်တို့မှ ပရဟိတအသင်းများမှ သင်တန်းသားဦးရေ (၄၀) ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ (၁၀) ရက်တာ ကြာမြင့်မည် ဖြစ်ပါသည်။


သင်တန်းတွင် ကယ်ဆယ်ရေးဆိုင်ရာ အခြေခံနည်းစနစ်များ (Basic Rescuer Methods)၊ အရေးပေါ် လူနာရွှေ့ပြောင်းနည်းများ (Patient Transportation Methods)၊ အရေးပေါ် လူနာပြုစုနည်းများ (Emergency First Aid & CPR)၊ ဆေးရုံမရောက်ခင် လူနာစောင့်ရှောက်ခြင်း (Pre Hospital Care)၊ ပစ္စည်းမဲ့ ကယ်ဆယ်ရေး သင်ခန်းစာများ (Rescue Course without equipment) နှင့် အဆင့်မြင့် ကယ်ဆယ်ရေး သင်ခန်းစာများ (အခြေခံ) Advanced Rescue Courses (Basic) တို့ကို ထည့်သွင်းပို့ချသွားမည် ဖြစ်ပါသည်။

၂၀၂၆ ခုနှစ်၊ မတ်လ (၂) ရက် (တနင်္လာနေ့) သည် တောင်သူလယ်သမားနေ့၊ အများပြည်သူ ရုံးပိတ်ရက် ဖြစ်ပါသဖြင့် KBZ Center Mandalay အ...
26/02/2026

၂၀၂၆ ခုနှစ်၊ မတ်လ (၂) ရက် (တနင်္လာနေ့) သည် တောင်သူလယ်သမားနေ့၊ အများပြည်သူ ရုံးပိတ်ရက် ဖြစ်ပါသဖြင့် KBZ Center Mandalay အား ပိတ်ထားမည် ဖြစ်ပါကြောင်း လေးစားစွာ ကြိုတင်အသိပေး ကြေညာအပ်ပါသည်။

KBZ Center Mandalay မှ ဖေဖော်ဝါရီလ တတိယအပတ်တွင်းက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့ ဆန်အိတ် (၁၈၃) အိတ်ကို သွားရောက်...
26/02/2026

KBZ Center Mandalay မှ ဖေဖော်ဝါရီလ တတိယအပတ်တွင်းက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့ ဆန်အိတ် (၁၈၃) အိတ်ကို သွားရောက်လှူဒါန်းခဲ့ပါသည်။

လှူဒါန်းမှုများမှာ ပြည်ကြီးတံခွန်မြို့နယ်ရှိ ရတနာအောင်မြင် မိဘမဲ့ကလေးများ ပြုစုစောင့်ရှောက်ရေး ကျောင်းသို့ ဆန် (၁၀၀) အိတ်၊ ချမ်းမြသာစည်မြို့နယ်ရှိ သစ္စာမဏ္ဍိုင် ကျောင်းတိုက်သို့ ဆန် (၃၃) အိတ်နှင့် ပုသိမ်ကြီးမြို့နယ်ရှိ ရေတံခွန်တောင် သစ္စဝေဒဂူကျောင်းသို့ ဆန် (၅၀) အိတ်တို့ ဖြစ်သည်။

KBZ Center Mandalay စတင်သည့် ဇွန်လ (၁၀) ရက်နေ့မှစ၍ ငလျင်ဒဏ်ကြောင့် မန္တလေးမြို့ရှိ ပြိုကျပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများ အပါအဝင် ဘာသာရေး အဆောက်အဦများအတွက် ဘိလပ်မြေအိတ် (၁၃၀၀၀) အိတ်နှင့် ဆန်အိတ် (၇၀၀၀) အိတ်တို့ကို လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ မဟာစည်နယ်လှည့် ဓမ္မကထိက၊ ကမ္မဌာနာစရိယ၊ ဓမ္မာစရိယ၊ ချမ်းမြအောင်စည် မဟာစည်ရိပ်သာ၊ ရွ...
25/02/2026

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ မဟာစည်နယ်လှည့် ဓမ္မကထိက၊ ကမ္မဌာနာစရိယ၊ ဓမ္မာစရိယ၊ ချမ်းမြအောင်စည် မဟာစည်ရိပ်သာ၊ ရွှေတံခါးဆရာတော် အရှင်တေဇနိယ‎ အမှူးပြုသော ဆရာတော်ကြီး ငါးပါးထံမှ အန္တရာယ်ကင်း ပရိတ်တရားတော် နာယူကြည်ညိုပွဲကို ယနေ့ (ဖေဖော်ဝါရီလ (၂၅) ရက်) နံနက် ၉ နာရီခွဲက ၇၃လမ်း၊ ၁၁၀ လမ်းထောင့်ရှိ KBZ Center Mandalay တွင် ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် ရွှေတံခါးဆရာတော် အရှင်တေဇနိယက အန္တရာယ်ကင်း ပရိတ်တရားတော်များ ဟောကြားချီးမြှင့် ခဲ့ပါသည်။

KBZ Center Mandalay မှ တာဝန်ရှိသူများက ရွှေတံခါးဆရာတော် အရှင်တေဇနိယထံသို့ သံဃိကဒါနအဖြစ် ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ စေတနာရှင် အလှူရှင် မိသားစုက ဆရာတော်များအား နေ့ဆွမ်းဆပ်ကပ် လှူဒါန်းခဲ့ပါသည်။

ထို့နောက် ရွှေတံခါးဆရာတော် အရှင်တေဇနိယက KBZ Center Mandalay တွင် အခမဲ့ ကျောက်ကပ်သွေးသန့််စင်ခြင်း ဆောင်ရွက်နေသည့် ကျောက်ကပ်ဝေဒနာရှင်များအား မေတ္တာသုတ် ရွတ်ဖတ်သရဇ္စျယ် ပေးခဲ့ပါသည်။

ကမ္ဘောဇဖောင်ဒေးရှင်း နာယကနှင့် ရှမ်းတောင်ပရဟိတ ညီနောင်များကွန်ရက်၏ ဦးဆောင်နာယက ဦးအောင်ကိုဝင်းသည် COVID-19 ကပ်ရောဂါကာလမှ ...
23/02/2026

ကမ္ဘောဇဖောင်ဒေးရှင်း နာယကနှင့် ရှမ်းတောင်ပရဟိတ ညီနောင်များကွန်ရက်၏ ဦးဆောင်နာယက ဦးအောင်ကိုဝင်းသည် COVID-19 ကပ်ရောဂါကာလမှ စတင်ကာ ရာဂီမုန်တိုင်းဘေး ကယ်ဆယ်ရေးကာလနှင့် မန္တလေးငလျင်ကြီး လှုပ်ခတ်မှုတွင် ရှမ်းတောင်ပရဟိတ ညီနောင်များကွန်ရက်အား ဦးဆောင်၍ သဘာဝဘေး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ပြုလုပ်ခဲ့ပါသည်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ (၂၀) ရက်က ကျင်းပခဲ့သည့် ရှမ်းတောင်ပရဟိတ ညီနောင်များကွန်ရက် (၉) နှစ်ပြည့် အခမ်းအနားတွင် ပြသခဲ့သည့် ကမ္ဘောဇဖောင်ဒေးရှင်း နာယကကြီးအား ဂုဏ်ပြုထားသည့် မှတ်တမ်း Video အား ပြန်လည် ဖော်ပြအပ်ပါသည်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှ (၁၇) ရက်နေ့သည် အများပြည်သူ ရုံးပိတ်ရက်များ ဖြစ်ပါသဖြင့် KBZ Center Mandalay အား ပ...
13/02/2026

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှ (၁၇) ရက်နေ့သည် အများပြည်သူ ရုံးပိတ်ရက်များ ဖြစ်ပါသဖြင့် KBZ Center Mandalay အား ပိတ်ထားမည် ဖြစ်ပါကြောင်း လေးစားစွာဖြင့် ကြိုတင်အသိပေးအပ်ပါသည်။

အဆိုပါ ပိတ်ရက်များအစား လာမည့် ဖေဖော်ဝါရီလ (၂၁) ရက် (စနေနေ့) တွင် စင်တာအား ပြန်လည်အစားထိုး ဖွင့်လှစ်ပေးသွားမည် ဖြစ်ပါသည်။

အရိုးအကြော အထူးကုဆရာဝန်ကြီး ဦးဝင်းကိုမှ ဖေဖော်ဝါရီလ (၁၃) ရက်နေ့အစား (၁၁) ရက်နေ့တွင် ကြည့်ရှုစစ်ဆေး ကုသပေးသွားမည် ဖြစ်ပါသည်။

KBZ Center Mandalay မှ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်းက မန္တလေးမြိုနှင့် အနီးပတ်ဝန်းကျင်ရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဘုန်းတေ...
10/02/2026

KBZ Center Mandalay မှ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်းက မန္တလေးမြိုနှင့် အနီးပတ်ဝန်းကျင်ရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ မိဘမဲ့ကျောင်းများသို့ ဆန်အိတ် (၁၅၀) နှင့် ဘိလပ်မြေအိတ် (၅၀၀) တို့ကို သွားရောက်လှူဒါန်းခဲ့ပါသည်။

လှူဒါန်းမှုများမှာ ဖေဖော်ဝါရီလ (၇) ရက်က ပုသိမ်ကြီးမြို့နယ်၊ ရုံးပင်ရွာ ဃောသိတာရုံကျောင်းတိုက်သို့ ဘိလပ်မြေအိတ် (၁၅၀) ကိုလည်းကောင်း၊ ဖေဖော်ဝါရီလ (၉) ရက်က မဟာအောင်မြေမြို့နယ် ဓမ္မိကာရာမကျောင်းတိုက်၊ ဒေါနခြံကျောင်းသို့ ဘိလပ်မြေအိတ် (၂၀၀) ကိုလည်းကောင်း၊ ချမ်းမြသာစည်မြို့နယ် မြဝတီသီလရှင် ပရိယတ္တိစာသင်တိုက်သို့ ဆန်အိတ် (၁၀၀) ကိုလည်းကောင်း ဖေဖော်ဝါရီလ (၁၀) ရက်က စဥ့်ကိုင်မြို့နယ်၊ ပလိပ်မြို့ရှိ ရတနာမြိုင်စာသင်တိုက်သို့ ဘိလပ်မြေအိတ် (၁၅၀) ကိုလည်းကောင်း၊ စဥ့်ကိုင်မြို့နယ် မြန်မာဧဝံဂေလိအသင်းတော်သို့ ဆန်အိတ် (၅၀) ကို လည်းကောင်း အသီးသီး ပေးအပ်လှူဒါန်းခဲ့ပါသည်။

KBZ Center Mandalay စတင်သည့် ဇွန်လ (၁၀) ရက်နေ့မှစ၍ ငလျင်ဒဏ်ကြောင့် မန္တလေးမြို့ရှိ ပြိုကျပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများ အပါအဝင် ဘာသာရေး အဆောက်အဦများအတွက် ဘိလပ်မြေအိတ် (၁၃၀၀၀) အိတ်နှင့် ဆန်အိတ် (၆၈၀၀) အိတ်တို့ကို လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။

10/02/2026

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်း၊ ၁၁၀ လမ်းထောင့်ရှိ KBZ Center Mandalay တွင် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး ကော်မတီရုံး) နှင့် KBZ Bank၊ KBZ Center Mandalay တို့ ပူးပေါင်းဖွင့်လှစ်သည့် Emergency First Responder Training (Batch-2) ၏ လက်တွေ့မြေပြင် လေ့ကျင့်ခန်း ပြုလုပ်ခြင်းကို ဖေဖော်ဝါရီလ ၈ ရက်နှင့် ၉ ရက်တို့တွင် ပြုလုပ်ခဲ့သည်။

Emergency First Responder Training သင်တန်းကို သဘာ၀ဘေးများတွင် ဘေးဒဏ်သင့်ပြည်သူများ၏ မဆုံးရှုံးသင့်သော အသက်အိုးအိမ် စည်းစိမ်များ ယခုထက်ပိုမို စနစ်တကျ ထိရောက်စွာ ကူညီ/ကယ်ဆယ် ပေးနိုင်ရန် ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

Address

၇၃ လမ်းနှင့် ၁၁၀ (မနော်ဟရီ) လမ်းထောင့်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့
Yangon

Website

Alerts

Be the first to know and let us send you an email when KBZ Center Mandalay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram