STI Myanmar College-Mandalay Campus

STI Myanmar College-Mandalay Campus The leading private University providing globally recognised undergraduate and postgraduate programs

The leading private University providing globally recognised undergraduate and postgraduate programs in Business, Engineering, Health Science and Education

16/04/2026

"နွေမ"




ခေတ်သစ်စီးပွားရေးလောကရဲ့ မရှိမဖြစ် AI နည်းပညာကို မိမိလုပ်ငန်းမှာ ထိရောက်စွာ အသုံးချနိုင်ဖို့ STI Myanmar က အမြဲအသင့်ရှိန...
14/04/2026

ခေတ်သစ်စီးပွားရေးလောကရဲ့ မရှိမဖြစ် AI နည်းပညာကို မိမိလုပ်ငန်းမှာ ထိရောက်စွာ အသုံးချနိုင်ဖို့ STI Myanmar က အမြဲအသင့်ရှိနေမှာပါ။

နေပြည်တော်မှာ ဖွင့်လှစ်ခဲ့တဲ့ AI for MSME အတန်းက သင်တန်းသူ Dr. Khin Swe Aye ရဲ့ သင်တန်းအပေါ် အမြင်နဲ့ AI ဟာ လုပ်ငန်းတွေအတွက် ဘယ်လောက်အထိ အင်အားဖြစ်စေသလဲဆိုတာကို အခုလိုပဲ ပြောပြထားပါတယ်။

"နေပြည်တော် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲရှိ ပြခန်းတွင် သွားရောက်လေ့လာရင်း သင်တန်းတက်ရန် စာရင်းပေးသွင်းခဲ့ခြင်းဖြစ်ပါတယ်။ အတန်းတက်ရောက်ပြီးနောက် AI နှင့်ပတ်သက်ပြီး အမျိုးမျိုးသော ဆောင်ရွက်၍ရသည်ကိုလည်းကောင်း၊ စီးပွားရေးလုပ်ငန်းတစ်ခုအတွက် AI အရေးပါပုံများကိုလည်းကောင်း များစွာသိရှိခဲ့ရပါတယ်။ မိမိ၏ အချိန်ပေးနိုင်မှု၊ လေ့ကျင့်နိုင်မှုများရှိပါက ပိုမိုထိရောက်မည်ဟု ထင်ပါသည်။ တီချယ်၏ သင်ကြားမှုမှာလည်း ကောင်းမွန်ပြည့်စုံပါသည်။"

Dr. Khin Swe Aye
Director – ရွှေဇီဝ မြေဩဇာစက်ရုံ၊ မော်လမြိုင်မြို့။
(AI for MSME - Nay Pyi Taw Class)

13/04/2026

"ရင်ထဲကမြို့မငြိမ်း"




သားသမီးတို့ရဲ့ အနာဂတ်အတွက် နိုင်ငံတကာအဆင့်မီ ပညာရေးကို ရှာဖွေနေတဲ့ မိဘများအတွက် နိုင်ငံတကာချိတ်ဆက်ပညာရေးဘွဲ့(Transnation...
11/04/2026

သားသမီးတို့ရဲ့ အနာဂတ်အတွက် နိုင်ငံတကာအဆင့်မီ ပညာရေးကို ရှာဖွေနေတဲ့ မိဘများအတွက် နိုင်ငံတကာချိတ်ဆက်ပညာရေးဘွဲ့(Transnational Education - TNE Degree)များရယူလိုက်ပါ

ကမ္ဘာကြီးက ပိုမိုကျယ်ပြန့်လာတာနဲ့အမျှ သားသမီးတွေရဲ့ ပညာရေးအတွက် အကောင်းဆုံးကို ရွေးချယ်ပေးချင်တာ မိဘတိုင်းရဲ့ ဆန္ဒပါ။ နိုင်ငံခြားကို တိုက်ရိုက်မလွှတ်ရသေးဘဲ မြန်မာနိုင်ငံမှာတင် နိုင်ငံတကာအဆင့်မီ ပညာရေးကို ရယူနိုင်မယ့် TNE (Transnational Education) လမ်းကြောင်းက ခေတ်သစ်မိဘများအတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်လာပါတယ်။

🌍 STI မှာ သင်ယူမယ့်
နိုင်ငံတကာချိတ်ဆက်ပညာရေး (TNE) ဆိုတာ ဘာလဲ?
TNE ဆိုတာ ယူကေ (UK) ကဲ့သို့သော နိုင်ငံတကာက နာမည်ကြီး တက္ကသိုလ်ကြီးတွေရဲ့ သင်ရိုးညွှန်းတမ်းအတိုင်း မြန်မာနိုင်ငံမှာပဲ အပြည့်အဝ သင်ယူနိုင်တဲ့ စနစ်ဖြစ်ပါတယ်။ ကျောင်းပြီးတဲ့အခါ မိမိတို့ချိတ်ဆက်သင်ယူခဲ့တဲ့ နိုင်ငံခြားမိခင်တက္ကသိုလ်ကနေ (ဉပမာ- အင်္ဂလန်) တိုက်ရိုက်ချီးမြှင့်တဲ့ ကမ္ဘာတစ်ဝှမ်း အသိအမှတ်ပြု ဘွဲ့လက်မှတ် (Global Degree) ကို ရရှိမှာ ဖြစ်ပါတယ်။

မိဘများအနေနဲ့ ဘာကြောင့် သားသမီးများအတွက် TNE ကို ရွေးချယ်သင့်ပါသလဲ?

🏆 နိုင်ငံခြားတက္ကသိုလ်တွေရဲ့ တင်းကျပ်တဲ့ အရည်အသွေး ထိန်းချုပ်မှု (Quality Assurance) နဲ့ စံသတ်မှတ်ချက်များအတိုင်း သင်ကြားရတာဖြစ်လို့ နိုင်ငံတကာကျောင်းသားတွေနဲ့ တန်းတူ အရည်အသွေး၊ တွေးခေါ်မှုစွမ်းရည်တို့ကို ရရှိစေပါတယ်။

💰 နိုင်ငံခြားကို တိုက်ရိုက်သွားရောက် သင်ယူတာထက် နေထိုင်စရိတ်နဲ့ ကျောင်းလခ ကုန်ကျစရိတ်တွေကို အဆပေါင်းများစွာ သက်သာစေပါတယ်။ ဒါဟာ မိဘတွေအတွက် အလွန်တန်ဖိုးရှိတဲ့ ပညာရေးရင်းနှီးမြှုပ်နှံမှုတစ်ခုပါ။

🛡️ မြန်မာနိုင်ငံမှာ မိသားစုနဲ့အတူ နွေးထွေးလုံခြုံစွာ နေထိုင်ရင်း သင်ယူနိုင်တဲ့အတွက် ငယ်ရွယ်သေးတဲ့ သားသမီးတွေကို မျက်စိအောက်က အပျောက်မခံဘဲ စိတ်ချလက်ချ ပညာသင်ကြားစေနိုင်ပါတယ်။

✈️ TNE ဘွဲ့ရရှိထားတဲ့ ကျောင်းသူ/သားတွေဟာ နိုင်ငံခြားမှာ Master ဆက်တက်ဖို့ဖြစ်စေ၊ နိုင်ငံတကာအဆင့်မီ လုပ်ငန်းခွင်တွေမှာ ဝင်ရောက်လုပ်ကိုင်ဖို့ဖြစ်စေ လွယ်ကူချောမွေ့စွာ တိုက်ရိုက် လျှောက်ထားနိုင်ပါတယ်။

သားသားမီးမီးတို့ရဲ့ အနာဂတ်ကို ခိုင်မာတဲ့ နိုင်ငံတကာပညာရေး အုတ်မြစ်နဲ့ တည်ဆောက်ပေးချင်တယ်ဆိုရင်တော့ TNE လမ်းကြောင်းက အသေချာဆုံးပါပဲ။

TNE program တွေကိုရွေးချယ်တဲ့အခါမှာ ခိုင်မာပြီး တင်းကြပ်တဲ့ အရည်အသွေးစံချိန်စံနှုန်းများကိုက်ညီမှုရှိတဲ့ ကျောင်းကို ရွေးချယ်နိုင်ဖို့ကတော့ အရေးကြီးဆုံးပါပဲ။

✨ STI Myanmar College က UK partner University ဖြစ်တဲ့ University of Bedfordshire နဲ့ ချိတ်ဆက်ထားတဲ့ ပညာရေးစနစ်ဖြစ်တဲ့အတွက်
🌟 International Degree ရယူနိုင်မယ်
🌟 Global Standard Education ကို မြန်မာနိုင်ငံထဲမှာပဲ သင်ယူနိုင်မယ်
🌟 Career Opportunities ကိုလည်းနိုင်ငံတကာအဆင့်အထိ တိုးချဲ့နိုင်မှာပဲဖြစ်ပါတယ်

STI နဲ့အတူ နိုင်ငံတကာချိတ်ဆက်ပညာရေးဘွဲ့များရယူလိုက်ပါ

မိမိတို့ သားသမီးများရဲ့ ပညာရေးခရီးစဉ်အတွက် အသေးစိတ် ဆွေးနွေးတိုင်ပင်လိုပါက အခုပဲ messenger ကို ဆက်သွယ်လိုက်နော်။

11/04/2026

အချိန်တွေဘယ်လောက်ပဲပြောင်းလဲသွားပါစေ STI ဆိုတဲ့ နာမည်လေး ကြားရရင် ငါတို့ရဲ့ ရင်ခုန်သံတွေ အတူတူဖြစ်နေကြတုန်းပါလား???



မြန်မာနှစ်သစ်ကူး ကျောင်းပိတ်ရက် ကြေငြာခြင်း 💦💦💦၁၁.၄.၂၀၂၆ (စနေနေ့) မှ ၁၉.၄.၂၀၂၆ (တနင်္ဂနွေနေ့) များသည် မြန်မာနှစ်သစ်ကူးရု...
10/04/2026

မြန်မာနှစ်သစ်ကူး ကျောင်းပိတ်ရက် ကြေငြာခြင်း 💦💦💦

၁၁.၄.၂၀၂၆ (စနေနေ့) မှ ၁၉.၄.၂၀၂၆ (တနင်္ဂနွေနေ့) များသည် မြန်မာနှစ်သစ်ကူးရုံးပိတ်ရက်များ ဖြစ်ပါသောကြောင့် 𝐒𝐓𝐈 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐨𝐥𝐥𝐞𝐠𝐞 ၏ ကျောင်း နှင့် ရုံးခွဲများ အားလုံးပိတ်ထားမည်ဖြစ်ပါကြောင်း လေးစားစွာဖြင့် အသိပေး ကြေညာအပ်ပါတယ်ရှင်...

#𝗦𝗧𝗜
#𝗦𝗧𝗜𝗦𝗰𝗵𝗼𝗼𝗹
#𝗦𝗧𝗜𝗛𝗲𝗮𝗹𝘁𝗵𝗦𝗰𝗶𝗲𝗻𝗰𝗲

အမှတ်တရတွေနဲ့ ပြည့်နှက်နေခဲ့တဲ့ Summer ညနေခင်းလေး ⛱️✨နွေရာသီရဲ့ အပူတွေကို မေ့သွားစေလောက်အောင် ပျော်စရာကောင်းခဲ့တဲ့ STI S...
10/04/2026

အမှတ်တရတွေနဲ့ ပြည့်နှက်နေခဲ့တဲ့ Summer ညနေခင်းလေး ⛱️✨

နွေရာသီရဲ့ အပူတွေကို မေ့သွားစေလောက်အောင် ပျော်စရာကောင်းခဲ့တဲ့ STI Summer Vibes... 🌊

ကိုယ့်ကျောင်းက သူငယ်ချင်းတွေ၊ ကျောင်းသားဟောင်းတွေနဲ့ တစ်ပျော်တစ်ပါး ပြန်လည်ဆုံစည်းရင်း အဆိုတော် ထက်ယံ ရဲ့ သီချင်းတွေကို အတူတူ လိုက်ဆိုခဲ့ကြတာဟာ တကယ့်ကို တန်ဖိုးရှိတဲ့ အချိန်တွေပါပဲ။ 🎤

စတုဒီသာတွေကိုလည်း သုံးဆောင်ခဲ့ကြသလို၊ DJ ရဲ့ သီချင်းသံစဉ်တွေနဲ့အတူ Pool Side မှာ ပျော်ရွှင်ခဲ့ကြတဲ့ ပုံရိပ်တွေကို ကြည့်ပြီး ပြန်လည်အလွမ်းပြေနိုင်ပါတယ်နော်။

ပွဲလာတက်ပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ပါတယ်ရှင်။ နောက်ပွဲတွေမှာလည်း အခုလိုပဲ အတူတူ ပျော်ကြမယ်နော်! ✨

အထူးအနေနဲ့ ကြွရောက်ချီးမြှင့်ပြီး နှစ်သစ်ဆုတောင်းစကားပြောကြားပေးပါသော မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ် ဉက္ကဌ ဆရာကြီး ဦးခင်မောင်ဌေး၊ မိတ်ဖက် အဖွဲ့အစည်းဖြစ်သော မြန်မာ စီးပွါးစီမံ အမှုဆောင်များအသင်း၏ ဉက္ကဌ ဆရာဉီးမင်းဉီး ၊ အထွေထွေအတွင်းရေးမှုး ဆရာ ဉီးသိန်းဉီး၊ STI ၏ Industrial Advisory Board (IAB) မှ ဆရာကြီး၊ ဆရာမကြီးများဖြစ်သော ဒေါ်ခင်ဇာနွယ်(Managing Director-Myay Kabar Co., Ltd)၊ ဦးအောင်ဖြိုးသူ (Admin and HR Team Leader- Pepsi Myanmar) နှင့် ဧည့်သည်တော်ဆရာကြီး၊ ဆရာမကြီးများအား အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင်။

မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်
ကို STI Summer Vibes ပွဲလေးနဲ့အတူကြိုဆိုလိုက်ပါတယ်ရှင်

ပုံလေးတွေကိုလည်း ဒီ Drive Link မှာယူလို့ရပါတယ်ရှင်
https://drive.google.com/drive/folders/1pEhweFd2kB_JFfOYk8Z5msFsykrzu9-J

10/04/2026

ရွှေမန်းသူလေး




09/04/2026

STI Myanmar College ရဲ့ ဂုဏ်ဆောင်ကျောင်းသူဟောင်း (Alumna) တစ်ဦးဖြစ်တဲ့ Ms Thet Htet Soe San - BA(Hons)Business Administration Graduate ကိုယ်တိုင် ပြန်လည်မျှဝေပေးခဲ့တဲ့ "Turning a Skill into a Business" Seminar လေးကတော့ မနေ့က အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားခဲ့ပါပြီ။ ✨

ဒီပွဲလေးမှာ "Burmese Sheek" ရဲ့ Founder ဖြစ်သူ Ms Thet Htet Soe San က စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်ဖို့အတွက် လိုအပ်တဲ့ လက်တွေ့ကျတဲ့ အတွေ့အကြုံတွေကို စိတ်အားထက်သန်စွာနဲ့ ဆွေးနွေးပေးခဲ့ပါတယ်။ 🎓

ကျောင်းသား၊ ကျောင်းသူတွေဘက်ကလည်း Business Ideas တွေကို တက်တက်ကြွကြွနဲ့ အတူတူ Brainstorm လုပ်ခဲ့ကြသလို၊ Q & A Section မှာလည်း စိတ်ဝင်တစား မေးမြန်းဆွေးနွေးခဲ့ကြတာကြောင့် တကယ်ကို အသက်ဝင်တဲ့ Seminar လေးတစ်ခု ဖြစ်ခဲ့ရပါတယ်။ 🚀

ကိုယ့်ကျောင်းကထွက်တဲ့ စီနီယာတစ်ယောက်အနေနဲ့ အဖိုးတန်တဲ့ အချိန်တွေကို ပေးဆပ်ပြီး မျိုးဆက်သစ် မောင်လေး၊ ညီမလေးတွေကို ကိုယ်တိုင်ကိုယ်ကျ လာရောက်မျှဝေပေးခဲ့တဲ့အတွက် STI Myanmar College မှ အထူးပင် ကျေးဇူးတင်ရှိပြီး အမှတ်တရ လက်ဆောင်လေးကိုလည်း ဂုဏ်ပြုပေးအပ်ခဲ့ပါတယ်။ 🎁

ဒီပွဲလေးကနေ ရရှိလိုက်တဲ့ အကြံဉာဏ်တွေက ကျောင်းသား၊ ကျောင်းသူတွေရဲ့ အနာဂတ် ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ရာမှာ အထောက်အကူပြုမယ်လို့ ယုံကြည်ပါတယ်! 🌟

08/04/2026

STIans တွေ ဒီနှစ်သင်္ကြန် ကျောင်းပိတ်ရက်တွေအတွင်း ဘာတွေလုပ်ဖို့စိတ်ကူးယဉ်ထားလဲ ….
တကယ်တမ်းရော ဘာတွေဖြစ်လာမလဲဆိုတာကို ဒီ video ထဲမှာ အတူတူကြည့်လိုက်ရအောင်နော်...😉



#မြန်မာ့ရိုးရာမဟာသင်္ကြန်
#သင်္ကြန်အတွေ့အကြုံ
#ကျောင်းသားဘဝ

အင်ဂျင်နီယာတစ်ယောက် ဖြစ်ဖို့ မွေးဖွားလာသူလား?"အင်ဂျင်နီယာ" ဆိုတဲ့ ဘွဲ့နာမည်တစ်ခုတည်းအတွက် မဟုတ်ဘဲ... အောက်ပါအချက်တွေ ရှိ...
08/04/2026

အင်ဂျင်နီယာတစ်ယောက် ဖြစ်ဖို့ မွေးဖွားလာသူလား?
"အင်ဂျင်နီယာ" ဆိုတဲ့ ဘွဲ့နာမည်တစ်ခုတည်းအတွက် မဟုတ်ဘဲ... အောက်ပါအချက်တွေ ရှိနေပြီဆိုရင်တော့ အမှန်တကယ် Engineering မေဂျာကို ရွေးချယ်သင့်သူပါပဲ။
✅ ရှုပ်ထွေးတဲ့ ပဟေဠိတွေကို အဖြေရှာရတာ ဝါသနာပါသူလား?
✅ အဆောက်အအုံတွေရဲ့ တည်ဆောက်ပုံနဲ့ အလှအပကို သိပ္ပံနည်းကျ ပေါင်းစပ်ချင်သူလား?
✅ ကိုယ်တိုင် ပုံဖော်တည်ဆောက်လိုက်တဲ့ လမ်း၊ တံတား၊ အဆောက်အအုံတွေနဲ့ ကမ္ဘာကြီးကို ပြောင်းလဲပစ်ချင်သူလား?

ဒီလို အရည်အချင်းရှိတဲ့ လူငယ်တွေအတွက် STI Myanmar College ကနေ UK ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ University of Bedfordshire (UK) ရဲ့ Engineering ဘွဲ့သင်တန်းတွေကို ပြည်တွင်းမှာတင် တက်ရောက်နိုင်ဖို့ ဖွင့်လှစ်ထားပါတယ်။

🌉 BEng (Hons) Civil Engineering
ဒီမေဂျာဟာ အထူးခြားဆုံးပါပဲ။ ဘာလို့လဲဆိုတော့ သူက JBM (Joint Board of Moderators), UK Accredited ဖြစ်လို့ UK Engineering Council အသိအမှတ်ပြု Incorporate Engineer registration လျှောက်ထားနိုင်တဲ့ မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော ဘွဲ့တစ်ခု ဖြစ်ပါတယ်။ ဒါဟာ သင်ဟာ UKစံချိန်စံညွှန်းမီ အင်ဂျင်နီယာတစ်ယောက်အဖြစ် တစ်ကမ္ဘာလုံးက အသိအမှတ်ပြုခံရမှာ ဖြစ်ပါတယ်။

🏢 BEng (Hons) Architectural Engineering
ဒီဇိုင်းအလှအပတင်မကဘဲ အဆောက်အအုံတွေရဲ့ ခိုင်ခံ့မှုနဲ့ နည်းပညာပိုင်းဆိုင်ရာ (Technical skills) တွေကိုပါ ကျွမ်းကျင်ပိုင်နိုင်စေမယ့် မေဂျာဖြစ်ပါတယ်။

BEng(Hons) Electronic Systems Engineering
ခေတ်သစ်နည်းပညာတွေရဲ့ "ဉာဏ်ရည်" ကို ကိုယ်တိုင်ဖန်တီးသူတစ်ယောက် ဖြစ်လာစေမှာပါ။ Circuit design, Microcontrollers, Embedded systems နဲ့ Robotics စတဲ့ ဘာသာရပ်တွေကို စာတွေ့လက်တွေ့ ကျွမ်းကျင်အောင် သင်ကြားပေးပါတယ်။ စမတ်ဖုန်းတွေကနေစလို့ အလိုအလျောက်မောင်းနှင်တဲ့စနစ်တွေအထိ နည်းပညာလောကရဲ့ ရှေ့တန်းကနေ ဦးဆောင်ပြီး အနာဂတ်ရဲ့ ဒီဂျစ်တယ်ဖြေရှင်းချက်တွေကို ကိုယ်တိုင်ပုံဖော်ချင်သူတွေအတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။

BSc(Hons)Construction Management
အဆောက်အအုံဒီဇိုင်းတွေကို လက်တွေ့အကောင်အထည်ဖော်မယ့် ခေါင်းဆောင်ကောင်းတွေအတွက် ရည်ရွယ်ပါတယ်။ ဒီဘာသာရပ်ဟာ ပုံဆွဲတာထက် ပိုမိုကျယ်ပြန့်ပြီး ကြီးမားတဲ့ ပရောဂျက်တွေကို ဘတ်ဂျက်အတွင်း အချိန်မီပြီးစီးအောင် စီမံခန့်ခွဲတာ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ဝန်ထမ်းတွေကို ဦးဆောင်နိုင်စွမ်းရှိတာ စတဲ့ မဟာဗျူဟာမြောက် စီမံခန့်ခွဲမှုတွေကို အဓိကထားပါတယ်။ ရှုပ်ထွေးတဲ့ မြို့ပြစီမံကိန်းတွေနဲ့ အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းတွေမှာ ကျွမ်းကျင်တဲ့ Project Manager တစ်ယောက်အဖြစ် ယုံကြည်မှုအပြည့်နဲ့ လျှောက်လှမ်းနိုင်အောင် ပြင်ဆင်ပေးမှာဖြစ်ပါတယ်။

🌟 ဘာကြောင့် STI ကို ရွေးချယ်သင့်တာလဲ?
STI ဟာ နှစ်ပေါင်းများစွာအတွင်း အောင်မြင်ကျော်ကြားတဲ့ အင်ဂျင်နီယာ အများအပြားကို မွေးထုတ်ပေးခဲ့ပြီးဖြစ်လို့ ခိုင်မာတဲ့ Alumni Network ရှိပါတယ်။ ဘွဲ့ရသွားတဲ့ စီနီယာတွေဟာလည်း ပြည်တွင်းပြည်ပ နာမည်ကြီး ကုမ္ပဏီတွေမှာ အောင်မြင်စွာ လုပ်ကိုင်နေကြတာက STI ရဲ့ အရည်အသွေးကို သက်သေပြနေပါတယ်။

လက်တွေ့ကျတဲ့ Hands on experience များ၊ State-of-the-art Lab facilities များ Internship program များဖြင့်သင်ကြားရမှာမို့ အခုပဲ မေးမြန်းစုံစမ်းလိုက်ပါ။

📩 သင်တန်းအသေးစိတ်ကို သိရှိလိုပါက
Comment မှာ "ENG" လို့ ရေးခဲ့ပါ သို့မဟုတ် Messenger ကနေ အခုပဲ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Address

No. 3-F, Block No (Ma-23), Between 65 × 66 St , Yadanarpon Street & Moe Thauk Pan Street, Chan Mya Tharzi Township, Mandalay. Contact No. 09-783800062, �09-783800063, �09
Mandalay

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

+959783800062

Alerts

Be the first to know and let us send you an email when STI Myanmar College-Mandalay Campus posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to STI Myanmar College-Mandalay Campus:

Share