Together with Aki

Together with Aki About personal development,
building personal brand and self-confidence

18/04/2024

လူငယ်ဆိုတာလေ လမ်းပျောက်တာက ရှောင်လို့ရတဲ့ကိစ္စမဟုတ်ဘူး။

အဲ့လိုပဲရှောင်လို့မရတဲ့ဟာတွေရှိတယ် အမှားလုပ်မိတာတွေ သံသယရက်ရှည်တွေ အသက်ရှင်ရတာအဓိပ္ပါယ်မဲ့လောက်တဲ့အထိတွေးမိတာတွေ

လူတွေကို အတွင်းနက်နက်ထိနားလည်သွားရင် တစ်
ကယ့်အမှန်တရားကိုသိသွားရင်ပိုဆိုးတယ်

ဒီလိုတွေမှာကျော်ဖြတ်ဖို့ဆိုရင် မျောမသွားဖို့နဲ့ သုံးသပ်နေဖို့ပဲလိုတယ်။ တစ်နေရာထဲမှာ အကြာကြီးမျောသွားတာက ကြောက်ဖို့ကောင်းတယ် နှမြောဖို့လည်းကောင်းတယ်။

လမ်းပျောက်တာကိုဖီးလ်တက်ပြီး လူငယ်ပဲဆိုပြီးမျောမနေနဲ့။

ဆက်ပြီးရှာနေ ဆက်ပြီးသွားနေ ဆက်ရှာပြီးထပ်ပျောက်သွားရင်ရော အဲ့ကျနောက်တစ်ခါဆက်ရှာဖွေ...

12/04/2024

တိုးတက်လာဖို့ဆိုရင် ဒီအဆင့်တွေလုပ်ဖို့လိုတယ်။

- လုပ်ကြည့်

- ပြန်သုံးသပ်

- ပြီးရင်ပြန်လုပ်

- ပြန်သုံးသပ်

ဒီအတိုင်းလုပ်မယ်ဆိုရင် တစ်ဖြေးဖြေးနဲ့ တိုးတက်လာ
လိမ့်မယ်။
သုံးသပ်ရုံပဲသုံးသပ်ပြီး ဘာအလုပ်မှမလုပ်နေရင်လည်းအဓိပ္ပါယ်မဲ့သလို
အလုပ်ပဲလုပ်ပြီး မသုံးသပ်တာကလည်း တိရစ္ဆာန်တွေလိုဖြစ်နေလိမ့်မယ်။

ဒီနှစ်ခုလုံးရှိမှ ဘဝတွေမှာပိုကောင်းလာမယ်။
ပိုတော်ပိုထက် ပိုတိုးတက်လာမယ်။



01/04/2024

လူတွေကလေ ဒါလေးများကွာဆိုတဲ့ စိတ်မှာ ပိတ်မိနေတတ်ကြတာများတယ်။

ပညာကိုမလေးစားတတ်ကြဘူး။
တစ်ခုခုဆိုတာနဲ့ ဒါလေးများကွာ ဒီလိုလေးပြောတာတော့ကွာ ဒါလေးလုပ်တာတော့ကွာဆိုပြီး အရမ်းသိ အရမ်းတတ် လုပ်ချင်တာများတယ်။

အဲ့ဘရိန်းလယ်ဗယ်ကနေတက်လာနိုင်ကြပါစေ


27/03/2024

ဘဝမှာ ဘယ်လိုမျိုးရှင်သန်ချင်လဲ

ဒီမေးခွန်းက အသက်ရွယ်တစ်ခုရောက်လာပြီဆိုရင် လူတိုင်းမေးတတ််ကြတဲ့ မေးခွန်းတစ်ခုပါ။

မေးလည်းမေးသင့်တဲ့ မေးခွန်းပါ။

လူ့ဘဝမှာ အထူးသဖြင့် လူငယ်တွေဘဝမှာ Trap တွေအများကြီးရှိတယ်။

မှိုင်းတွေ သတိကပ်ရမယ့် အခိုက်တန့်တွေအများကြီးရှိတယ်။
အဲ့လို Trap တွေကို လူတိုင်းကြုံကို ကြုံရတယ်။
ကြုံရမှာပေါ့ Trap တွေကလည်း အားစိုက်စရာမလို ကြိုးစားစရာမလို သက်တောင့်သက်သာနဲ့ Trap လှလှလေးတွေလေ။

ကိုယ့်ကိုယ်ကို အချိန်ပေးဖို့ မေးခွန်းတွေထုတ်ဖို့
ဘဝနဲ့ ချီတဲ့ အသက်သမျှအရေးပါတဲ့ မေးခွန်းတွေ မေးမိဖို့နဲ့ မေးတတ်ဖို့ တစ်ကယ်လိုတယ်။

-ဘဝမှာ ဘယ်လိုမျိုးရှင်သန်ချင်လဲ
-ဘယ်လောက်ထိ အရေးပါတာတွေ လုပ်သွားချင်လဲ
-ဘယ်လောက်ထိ သိမ်ငယ်နေဦးမှာလဲ
-ဘယ်အိမ်မက်တွေကများ ဘယ်လောက်ဝေးကွာနေလို့လဲ
-တစ်ကယ်ကြောက်စရာကောင်းလောက်အောင် မနေထိုင်ချင်တဲ့ဘဝမျိုးကရော ဘယ်လိုဘဝမျိုးလဲ
-ကိုယ့်ကိုယ်ကိုရော ဘယ်လောက်ထိညာနေဦးမှာလဲ
ဒီဘဝကရော ဘာအတွက်လဲ
-ဘယ်သူတွေက အရေးပါပြီး ဘယ်သူတွေမျက်နှာကိုကြည့်ရမှာလဲ
-ဘယ်နေရာမှာ အသုံးကျချင်လဲ

ဒီမေးခွန်းတွေကို ပြန်မေးပြန်သုံးသပ်ပြီး ဘဝတွေပိုကောင်းလာဖို့ ပိုကောင်းတဲ့ ဘဝတွေကို တည်ဆောက်ယူပါ။

အသက်အရွယ် အတွေ့အကြုံ အမြင်တွေ ခံယူချက်တွေနဲ့လိုက်ပြီး တောက်ပလာမယ့် လူငယ်တိုင်းမှာ အဖြေတွေ ကိုယ်စီရှိကြမှာပါ။

ကိုယ့်တန်ဖိုးနဲ့ ကိုယ်ပဲဆိုပေမယ့် လောကကြီးကိုမေ့ထားလို့မရတာကို သတိကပ်ပါ။

ကောင်းတာတွေကို ဦးညွှတ်တယ်။ အားစိုက်ထုတ်မှုတွေကို လောကကြီးက မျက်နှာသာပေးတယ်။




22/03/2024

အမှန်တရားက ခါးတယ်




Give and take ကိစ္စတိုင်းမှာ ပေးဆပ်မှုတွေရှိတယ်လဲလှယ်ယူရတာတွေရှိတယ်တန်ရာတန်ကြေးတွေနဲ့ Trade ရတာတွေရှိတယ်မပေးချင်ရင် မပေး...
17/03/2024

Give and take

ကိစ္စတိုင်းမှာ ပေးဆပ်မှုတွေရှိတယ်

လဲလှယ်ယူရတာတွေရှိတယ်

တန်ရာတန်ကြေးတွေနဲ့ Trade ရတာတွေရှိတယ်

မပေးချင်ရင် မပေးနိုင်ရင် ယူလည်းမယူချင်နဲ့



ကျွန်တော်တို့ ဘယ်လိုခံစားချက်မျိုးနဲ့ပဲ လုပ်လိုက်သည်ဖြစ်စေ ကျွန်တော်တို့လုပ်လိုက်တဲ့အရာတွေ ကြိုးစားမှုတွေ ကျွန်တော်တို့ရ...
11/03/2024

ကျွန်တော်တို့ ဘယ်လိုခံစားချက်မျိုးနဲ့ပဲ
လုပ်လိုက်သည်ဖြစ်စေ
ကျွန်တော်တို့လုပ်လိုက်တဲ့အရာတွေ
ကြိုးစားမှုတွေ ကျွန်တော်တို့ရဲ့လုပ်ရပ်တွေက
ကျွန်တော်တို့ကို

ဘယ်တော့မှသစ္စာမဖောက်ဘူး.......



07/03/2024

Day-7 (Final day)

စည်းကမ်းတည်ဆောက်ပါ။ အလုပ်နဲ့ပတ်သတ်ရင် စည်းကမ်းတစ်ခုတည်ဆောက်ပါ။

ဒီတစ်ခုမှတ်ထားပါ။ ဘဝက မာရသွန်ပြေးပွဲတစ်ခုလိုပဲ။ဒီ Game ထဲ ဒီကစားပွဲထဲက ထွက်မသွားသေးသ၍ ကျွန်တော်တို့ နိုင်ပါတယ်။ ကျွန်တော်တို့က လေးဘက်ထောက်ပြီးပဲသွားသွား၊ တွားသွားပြီးတော့ပဲ သွားသွား အဓိကက သွားနေဖို့ပဲလိုတာပါ။

ကစားပွဲထဲမှာ ကြာကြာရှိနေနိုင်တဲ့ကောင်ကပဲ အကောင်ဖြစ်တာပါ။ ကြာကြာရှိနေတာခြင်းတူရင်တောင် ထွက်လိုက်ဝင်လိုက်ဖြစ်နေတဲ့သူထက် အဆက်မပြတ်ရှိနေတဲ့သူက ပိုသာတာပါ။

တစ်ကယ်တမ်း စဉ်းစားကြည့် အောင်မြင်နေတဲ့သူတွေ ဘာလို့အောင်မြင်တာလဲဆိုရင် အောင်မြင်မှုနဲ့ထိုက်တန်သွားလို့ အောင်မြင်တာ။ ဒီလူတွေ ဒီလိုလုပ်လို့အောင်မြင်တာမဆန်းသလို ကျွန်တော်တို့လည်းဒီလောက်ကြိုးစားနိုင်ရင် ဒီလောက်အပူခံနိုင်ရင် ဒီလောက်ပျင်းစရာကောင်းတဲ့အရာတွေကို ဒီလောက်ကြာကြာလုပ်နိုင်ရင် အောင်မြင်ဖို့က မဆန်းပါဘူး။

အောင်မြင်ဖို့နည်းလမ်းတွေက ရှိပြီးသား။ အောင်မြင်နိုင်ခြေကလည်း ရှိပြီးသားကို ဘာလို့မအောင်မြင်လဲဆိုရင် အောင်မြင်ဖို့ကခက်လို့။ လူတိုင်းမလုပ်နိုင်လို့ရယ်။

လူတိုင်းက ပျော်ချင်ပါးချင်တယ်။ လူတိုင်းက ကောင်းတာတွေပဲလိုချင်တယ်။ လူတိုင်းက အပူမခံချင်ဘူး။ လူတိုင်းက ပေါ့ပေါ့ပါးပါးလေးပဲနေချင်တယ်။ အဲ့လိုနေတဲ့သူတွေက ဘဝမှာ အသက်အရွယ်တစ်ခုရောက်လာရင် စုတ်ပြတ်သတ်လာတော့တာပဲ။ နောင်တတွေရကြပြီ။ မိသားစုရဲ့ မေးခွန်းတွေ ပတ်ဝန်းကျင်ရဲ့မေးခွန်းတွေမေးတာခံရပြီ။ မိန်းမကငြိုငြင်တာ သားသမီးကငြိုငြင်တာတွေဖြစ်လာပြီ။

အဲ့ကျရင် Drama တွေစပြီးခင်းပါပြီ။

လူတွေကမကောင်းဘူး။ မိန်းမတွေက ငွေမက်တယ်။ မိန်းမယူတာမကောင်းဘူး။ သားသမီးဆိုလည်း ငါကျွေးမွေးလာတာမှမထောက် ဘာလို့ငါ့ကိုဒီလိုလုပ်တာလဲ။ ဘာသာရေးတွေပါ ဆွဲထည့်ပြီ။ ကျွန်တော်ဆက်မပြောလည်း အဲ့လို့အဖေတွေကို ပတ်ဝန်းကျင်မှာ ဒူးနဲ့ဒေးရှိတာမြင်ကြမှာပါ။

အဖြေကရှင်းရှင်းလေး ကိုယ့်ဘဝဒီလိုဖြစ်အောင်ကိုယ်ပဲလုပ်ခဲ့တာ။ ဘာလို့လုံလောက်အောင် ငွေမရှာခဲ့လဲ။ ဘာလို့အသုံးကျအောင်မလုပ်လဲ။ ဘာလို့မကြိုးစားခဲ့တာလဲ။
ဒီလိုကျရင်လည်း ကံတရားတွေ ဆွဲထည့်ပါဦးမယ်။ ကျွန်တော်ပြောပြမယ် ဆင်ခြေပေးတာက အလွယ်ဆုံးရယ်။ အဲ့လိုလူတွေမှာ ကြိုးစားမှုက 1ရာခိုင်နှုန်းဆိုရင် ဆင်ခြေက 99ရာခိုင်နှုန်းလောက်ရှိတယ်ရယ် မယုံရင်သွားမေးကြည့် ဒီဆင်ခြေတွေပဲကြားရမှာ။

အဲ့တော့ ကိုယ့်ဘဝရဲ့ အသက်ရွယ်တစ်ခုကို ရောက်လို့ အဲ့လိုအသုံးမကျတဲ့ အဖေမျိုးမဖြစ်ချင်ရင် ကြိုးစားဖို့တော့လိုတယ်။ အပူခံနိုင်ဖို့လိုတယ်။ ဆင်ခြေမများဖို့လိုတယ်။

ဘဝရဲ့ တစ်နေရာရာမှာ အကောင် ဆရာတစ်ဆူဖြစ်လာဖို့လိုတယ်။ အကောင်ဖြစ်လာဖို့ဆိုရင် Game ထဲကထွက်မသွားပဲ ဆက်တိုက်ကြုံးနေဖို့ လိုတယ်။ ပျင်းစရာတော့ ကောင်းတယ် အရာတစ်ခုကို နှစ်ရှည်လများလုပ်နေနိုင်ဖို့ဆိုတာ တော်ရုံဇွဲနဲ့တော့မရဘူး။ လူ့သဘောမှာကိုက ငြီးငွေ့တယ်ဆိုတာ ပါလာပြီးသား။ ဒါကလည်း လူတွေဘာလို့ သူတို့နယ်ပယ်ထဲမှာ အရမ်းတော်တဲ့သူတွေ သူများနဲ့မတူအောင် အရမ်းသိတဲ့ သူတွေဖြစ်မလာတာလဲရဲ့အဖြေပဲ။

ရှင်းရှင်းလေးပါ။ ဘောလုံးသမားကောင်းတစ်ယောက်ဖြစ်လာဖို့ဆိုရင် မိနစ်ပေါင်းသောင်းချီသိန်းချီပေးဆပ်ရတယ်။ စာရေးဆရာကောင်းတစ်ယောက်ဖြစ်လာချင်လည်း ဒီလိုပဲ။ ဓာတ်ပုံဆရာကောင်းတစ်ယောက် ဂီတပညာရှင်တစ်ယောက် အဆိုတော် ဆရာဝန် စီးပွားရေးသမားတစ်ယောက် အကုန်လုံးအတွက် အဖြေကတော့ ဂိမ်းထဲက ထွက်မသွားပဲ ဆက်ကြုံးနေဖို့ပဲ ဒီတစ်လမ်းပဲရှိတယ်။

လွယ်လွယ်လေးရချင်ရင်တော့ ထိုင်ဆုတောင်းနေလိုက် ပြီးရင်လောကကြီးကမတရားဘူးတွေ ဘယ်သူကဘာဖြစ်တယ်ဆိုတဲ့အတင်းတွေ ဆင်ခြေတွေပဲထိုင်ပေးနေလိုက်ပါ။

ကျွန်တော်အပေါ်မှာပြောပြတဲ့ သူမျိုးမဖြစ်ချင်ရင်တော့ ကျွန်တော်တို့ မလုပ်ချင်နေတဲ့အချိန်တွေ Motivate မဖြစ်နေတဲ့အချိန်တွေမှာပါ လုပ်ဖြစ်အောင်လုပ်တဲ့ စည်းကမ်းမျိုးတည်ဆောက်ပါ။ ဒီလမ်းကတစ်ကယ်ခက်ပါတယ်။ ဘယ်တော့မှ လွယ်လာဖို့လည်းမရှိပါဘူး။ ခေတ်တိုင်းခေတ်တိုင်းမှာလည်း ဒီလိုလူမျိုးတွေက များလာဖို့မရှိပါဘူး။




04/03/2024

Day 6 ( Communication )

တစ်ပတ်ပြည့်ပါတော့မယ်။ ဒီနေ့တော့ Networking ပိုင်းကိုသေချာလေးဂရုစိုက်ဖို့လိုကြောင်းကို ပြောပြချင်ပါတယ်။

ကျွန်တော်တို့ တိုးတက်တယ်။ ကျွန်တော်တို့ မတိုးတက်ဘူးဆိုတာ ကျွန်တော်တို့ဘေးကလူတွေနဲ့ အများကြီးပတ်သတ်နေပါတယ်။
ကျွန်တော်အရင်က မယုံခဲ့ဘူး။ တစ်ကယ်ပြောတာ ငါကောင်းနေဖို့ပဲလိုတာ ငါလိမ္မာနေဖို့ပဲလိုတာ ငါကြိုးစားဖို့ပဲလိုတာ ငါအောင်မြင်ချင်စိတ်ရှိဖို့ ငါကအဓိကပဲပေါ့။

တစ်ကယ်က ဘေးက bu****it ချီးအသိုင်းအဝိုင်းကြားထဲရောက်နေရင် တိုးတက်သင့်သလောက်မတိုးတက်ပါဘူး။
ကိုယ်နဲ့ အချိန်အများစု ထိတွေ့နေတဲ့သူတွေက ကိုယ့်ဘဝအတွက် တစ်ကယ်အရေးပါပါတယ်။

ကျွန်တော်တို့က အပျော်အရမ်းမက်တဲ့ သူငယ်ချင်းတွေကြားထဲမှာဆိုရင် ကျွန်တော်တို့ဟာလည်း အပျော်တဖြေးဖြေးမက်လာပါတယ်။ သိစိတ်က မဟုတ်​သေးဘူး မှားနေတယ် လွဲနေတယ်ဆိုပြီး သတိပေး alarm လုပ်နေရင်တောင် အဲ့ဘက်ကိုပါပါသွားပါတယ်။

ကျွန်တော်တို့ဟာ အစားတစ်လိုင်းတွေနဲ့ ပေါင်းရင် အားအားရှိ အစားကြောင်းပဲတွေးနေမိတတ်ပါတယ်။
အရက်သမားနဲ့ပေါင်းအရက်သမား ဆေးသမားနဲ့ပေါင်းဆေးသမား ဖွန်တစ်လိုင်းနဲ့ပေါင်းရင် ဖွန်သမားဖြစ်သွားတတ်ပါတယ်။

ဘေးကဝန်းရံထားတဲ့ သူငယ်ချင်းတွေ အသိတွေက ကျွန်တော်တို့ထက် သာနေဖို့လိုပါတယ်။ အစစအရာရာပေါ့ ဒါမှ ကျွန်တော်တို့ဟာ သူတို့ဆီက သင်ယူနိုင်မှာဖြစ်ပါတယ်။

ကျွန်တော်အရင်က Hygiene တစ်ကိုယ်ရည်သန့်ရှင်းမှုကို အရမ်းအလေးမထားတတ်ခဲ့ဘူး။ ဒါပေမယ့် ပိုကောင်းတဲ့အလွှာကိုတိုးဝင်မိတဲ့အခါ ပိုတော်တဲ့သူတွေနဲ့ထိတွေ့လာတဲ့အခါ အနည်းဆုံးမသန့်ရှင်းနေရင်တောင် ရှက်တတ်တဲ့စိတ်ကလေးဝင်မိတာမျိုးစဖြစ်တယ်။
( ဒါကျွန်တော်ပြောတဲ့ Selfawareness ပါ။ )

ရှက်တတ်တော့ ပြင်လာတာပါ။ အရင်ကဆိုရင် ဘယ်သူဘာပြောပြောဂရုမစိုက်တတ်တဲ့သူမျိုးပါ။ အဲ့လိုပိုတော်တဲ့သူတွေနဲ့ ပေါင်းသင်းဖို့ကြိုးစားတော့မှ ငါဒီနေရာမှာ အားနည်းပါလားဆိုပြီးသတိထားမိလာတာ။

ဒီလိုပဲ စာအရမ်းကျက်တဲ့ သူငယ်ချင်းနဲ့ အရမ်းပေါင်းတဲ့အခါ ကိုယ်မကြိုးစားတာကို ရှက်လာတတ်ပါတယ်။ စာကို တစ်ကယ် ကျားကုတ်ကျားခဲ လုပ်နေတဲ့သူနား Serious ထားပြီးကြိုးစားနေတဲ့သူအနားမှာ ရောက်သွားရင်လည်း စာမကျက်ဖြစ်ရင်တောင် ကိုယ်မကြိုးစားနေတာကို သတိထားမိနေတာမျိုးဖြစ်ပါတယ်။

အပေါင်းအသင်းကတစ်ကယ်အရေးကြီးပါတယ်။
ဒီအပိုင်းများပြောစရာတွေ အများကြီးရှိပေမယ့် အရိုးရှင်းဆုံးဖြစ်တဲ့ ကိုယ်ညဏ်မှီသလောက် အရာလေးတွေကနေ စကြိုးစားကြည့်ပါ။

မဟုတ်တာတူတူလုပ်ဖို့ လာအဖော်စပ်တဲ့သူငယ်ချင်းတွေကို အားမနာပဲ ဒီနေ့ကစပြီး ကိုယ့်ဘက်ကငြင်းလိုက်တာမျိုး။
ကိုယ်ပေါင်းနေတဲ့အထဲမှာ ကိုယ်ထက် ဘယ်သူတွေတော်လဲ ဘယ်နေရာတွေတော်ကြလဲ လိုက်ကြည့်တာမျိုး။
ကိုယ်လက်လှမ်းမှီသလောက် ကိုယ်သဘောကျတဲ့ အကိုကြီးတွေ အမကြီးတွေနဲ့ အချိန်ပိုသုံးတာမျိုး။

စပြီးသတိထားကြည့်ပါ။ ဒီအရာတွေကိုတစ်ချိန်ချိန်ကျရင်တော့ သတိထားမိလာပါလိမ့်မယ်။



01/03/2024

Day 5 ( Habit )

အလေ့အကျင့်တွေနဲ့ ပတ်သတ်ရင် လူတွေလွဲနေတာတွေရှိပါတယ်။

လူအများစုက စင်းလုံးချော သူတော်ကောင်း လူကောင်းသူကောင်းအရမ်းဖြစ်ချင်ကြတာများတယ်။

တစ်ကယ်က အဲ့တာအဖြေမဟုတ်ပါဘူး။
ကျွန်တော်လည်း ဒီ trape ထဲမှာပိတ်မိဖူးပါတယ်။

အရမ်းတိုးတက်ချင်တယ်။
အရမ်းကောင်းချင်တယ်။
bu****it တွေ မလုပ်မိချင်ဘူး။
လူတွေ မကောင်းဘူးဆိုတဲ့အရာမှန်သမျှရှောင်ချင်တယ်။
လိုင်းသုံးရင်လည်း အချိန်ဖြုန်းတဲ့အရာတွေ မလုပ်ချင်ဘူး။
အပြာကားတွေမကြည့်ဘူး မဂွိုက်ဘူး။
ကောင်မလေးနဲ့ စကားမပြောချင်ဘူး (အချိန်ကုန်တယ်လို့ခံစားရလို့)
cb မှာမလိုအပ်ပဲ တစ်ခွန်းမှ မပြောချင်ဘူး။
အာလာပသလာပတွေ မပြောချင်ဘူး။
တစ်ကယ်တော့ အဲ့တာကအဖြေမဟုတ်ပါဘူး။

ကျွန်တော်တို့ဟာ စင်းလုံးချောဖြစ်ဖို့ကြိုးစားရင်း
ဘာမှအဖတ်မတင်ဖြစ်သွားတတ်တယ်။

perfect မဖြစ်ချင်ပါနဲ့။ ဖြစ်ဖို့လည်းမကြိုးစားပါနဲ့။
perfect ဖြစ်ချင်တဲ့သူက ဘာမှမရတတ်ပါဘူး။

တစ်ကယ်တော့ ကောင်းတာတွေလုပ်ခြင်းက
မကောင်းတာတွေလုပ်ခြင်းထက် များနေရင် ပိုအလေးသာနေရင် ကျွန်တော်တို့ဘဝတွေဟာ
အချိန်တိုင်းတာတစ်ခု​​ရောက်တာနဲ့ ထောင်တက်လာပါတယ်။

မကောင်းတာတွေလုံးဝမလုပ်ဖို့မလိုပါဘူး။
ကောင်းတာတွေလုံလောက်အောင်လုပ်ဖို့ပဲလိုတာပါ။
အရက်မသောက်တိုင်းလည်း မအောင်မြင်ပါဘူး။
ဖွန်မကြောင်တိုင်းလည်း မချမ်းသာပါဘူး။
ပိုက်ဆံရှာနိုင်ခြင်း မရှာနိုင်ခြင်းဟာလည်း
အပြာကားကြည့်ခြင်းမကြည့်ခြင်းနဲ့ မဆိုင်ပါဘူး။

သပ်သပ်စီပါ။ ဒီအရာကိုမြင်အောင်ကြည့်ပါ။
အလေ့ကျင့်ဆိုးတွေ လူတွေမကောင်းဘူးလို့ပြောတဲ့အရာတွေ bad habit တွေကို အကုန်ဖြတ်လိုက်စရာမလိုပါဘူး။ ကောင်းတဲ့အလေ့ကျင့်တွေသာ ထပ်ထပ်ပေါင်း
ထည့်သွားပါ။



29/02/2024

Day 4 (Self awareness)

ကျွန်တော်တို့အားလုံးရဲ့ အစဟာ သတိပြုမိခြင်းကနေစပါတယ်။ သတိထားမိဖို့လိုပါတယ်။

ကိုယ့်အခြေနေကစုတ်ပြတ်နေလား။
ကိုယ်ကတိုင်ပတ်နေလား။
ကိုယ်ကအသုံးမကျဖြစ်နေလား။
မလေးစားစရာဖြစ်နေလား။
ကတိမတည်တဲ့လူဖြစ်နေလား။
ကိုယ်ကအပြောပဲရှိတဲ့သူလား။
ကိုယ့်ဝင်ငွေကအရမ်းနည်းနေလား။
ကိုယ်ကကျန်းမာရေးဂရုမစိုက်တဲ့သူလား။

သတိမထားမိရင် မပြင်ပါဘူး။
အရာရာတိုင်းရဲ့ အစဟာ သတိပြုမိခြင်း Self awareness ကနေ စပါတယ်။
ဆိုးတာက ဆိုးလို့ရပါတယ်။ မှားတာက မှားလို့ရပါတယ်။
ကိုယ်ဆိုးနေလား ကိုယ်မှားနေလား ကိုယ်မိုက်နေလားဆိုတာ သတိထားမိဖို့တော့လိုပါတယ်။
ကိုယ့်ကိုယ်ကိုသိဖို့လိုပါတယ်။
သိသွားရင်လည်း နောင်တရဖို့ ကိုယ့်ကိုယ်ကို ဘလိန်းစရာမလိုပါဘူး။

အမှားကိုသိရင် အမှန်ပြင်ပါ။

ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ပါ စစ်ဆေးပါ။
ပြီးရင် ပိုကောင်းလာဖို့ အားထုတ်ပါ။

ဘယ်နေရာတွေ သုံးသပ် သင့်ဆုံးလဲဆိုရင်
( 1 ) ကိုယ့်ရဲ့ဝင်ငွေ
( 2 ) ကိုယ်တစ်နေ့တစ်နေ့ ဘာတွေလုပ်နေမိလဲ
( 3 ) ကိုယ်ရဲ့အပေါင်းအသင်း မိတ်ဆွေ
( 4 ) ကိုယ်ဘယ်အရာတွေကို ယုံကြည်နေလဲ
( 5 ) ကိုယ့်ရဲ့ကျန်းမာရေး
ဒါတွေက သေချာသိနေဖို့လိုပါတယ်။
တစ်ခါတစ်လေ သိနေရင်တောင် မသိချင်ယောင်ဆောင်တတ်ကြတာမျိုးဆိုတော့ ဟူး.... လူအုပ်ကြီးထဲက လူမဖြစ်ချင်ကြပါနဲ့



28/02/2024

Day 3 (Consistency matters more than intensity)

ပြင်းအားထက် သက်လုံကပိုအရေးကြီးပါတယ်။ ဒါကလည်း အခြေခံကျလို့ ကျွန်တော်ထပ်ခါထပ်ခါ ပြောလေ့ရှိတဲ့ ကျွန်တော်အကြိုက်ဆုံး mindset တစ်ခုပါ။

ဒါက အကျိုးအကြောင်းလည်းဆီလျော်ပါတယ်။

ကျွန်တော်တို့တွေ ဆယ်တန်းကျောင်းသား ဆိုတဲ့ အပိုင်းအခြားတစ်ခုကို ဖြတ်ကျော်ခဲ့ဖူးမှာပါ။

နှစ်စမှာတော့ အားသစ်မာန်သစ်တွေနဲ့ စာတွေရှယ်ကျက်တယ်။
ဒီနှစ်ဂုဏ်ထူးဘယ်လောက်ပါရမယ် ဘလာဘလာပေါ့။
တစ်ကယ်တမ်း ဖိုင်နယ် exam နောက်ဆုံးစာမေးပွဲမှာတော့
နှစ်စက တက်ကြွမှုတွေကို ထည့်မတွက်ပါဘူး။
တစ်နေ့တစ်နေ့ ဘယ်လောက်စာကျက်နိုင်လဲ။
ဘယ်လောက်အပူခံနိုင်လဲ။
အိပ်ငိုက်နေတဲ့ကြားက ငြီးငွေ့နေတဲ့ကြားထဲက ဘယ်လောက်ထိအပင်ပန်းခံနိုင်ခဲ့လဲဆိုတာကိုပဲ တွက်ပါတယ်။

ဘဝမှာလည်းဒီလိုပါပဲ။ ကျွန်တော်တို့တွေဟာ နှစ်တစ်နှစ်အစတွေမှာ Goal ချတယ်။ စိတ်အားတက်ကြွစေတဲ့ Sexy ကျတဲ့ပန်းတိုင်တွေပေါ့။ ဒီနှစ်ဘာလုပ်မယ်။
ဘယ်လက​နေ ဘယ်လထိက ဘာလုပ်မယ်။ ဘလာဘလာပေါ့။

အခုပြန်တွေးကြည့်ပါ။ အခုမှ Feb ကုန်ခါနီး 2လပဲရှိပါသေးတယ်။
ပြင်းအားတွေမရှိတော့ပါဘူး။ လူအုပ်ကြီးနည်းတူ ကြောင်ပျောက်နေကြတာကများပါတယ်။

ဒါကိုကြည့်ရင် Consistency ရှိဖို့အရေးကြီးကြောင်းပိုမြင်လာမှာပါ။

အောင်မြင်သွားတဲ့သူတွေဟာ ပျင်းစရာကောင်းတဲ့ လူတိုင်းမလုပ်ချင်တဲ့ အလုပ်တွေကို ဆက်တိုက်လုပ်လာတဲ့သူတွေချည်းပါပဲ။

ကိုယ့်ကိုယ်ကိုပြန်သုံးသပ်ပါ။



Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Together with Aki posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram