Thukha Myint Mo 24 Hours Specialist Center

Thukha Myint Mo 24 Hours Specialist Center "ကျန်းမာခြင်း အတွက်ဆို သုခမြင့်မိုရ်”

စစ်ရှောင်နဲ့ငလျှင်ဘေးသင့်မိသားစုများအတွက်ဆရာတော့်အလှူ ဆေးဝါးကုသိုလ်ယူ🙏🏻🙏🏻🙏🏻 #သုခမြင့်မိုရ်အထူးကုဆေးခန်းမိသားစုကျွဲဆည်ကန်...
06/09/2025

စစ်ရှောင်နဲ့ငလျှင်ဘေးသင့်မိသားစုများအတွက်ဆရာတော့်အလှူ ဆေးဝါးကုသိုလ်ယူ🙏🏻🙏🏻🙏🏻
#သုခမြင့်မိုရ်အထူးကုဆေးခန်းမိသားစု
ကျွဲဆည်ကန် ၁၁၅လမ်း |၇၄/၇၅ကြား
☎️၀၉၈၈၉၉၄၄၀၇၃၊၀၉၆၉၇၁၅၇၆၈၆

အူအတက်ရောင်ခြင်းကို ဘယ်လိုသိနိုင်မလဲ❓⚠️ အူအတက်ရောင်ခြင်း လက္ခဏာတွေဟာ ကွဲပြားနိုင်ပေမယ့် အဖြစ်များတဲ့ လက္ခဏာတွေကတော့..❗️ဝ...
30/06/2025

အူအတက်ရောင်ခြင်းကို ဘယ်လိုသိနိုင်မလဲ❓

⚠️ အူအတက်ရောင်ခြင်း လက္ခဏာတွေဟာ ကွဲပြားနိုင်ပေမယ့် အဖြစ်များတဲ့ လက္ခဏာတွေကတော့..

❗️ဝမ်းဗိုက်ညာဘက်အခြမ်းနာခြင်း သို့မဟုတ် ဝမ်းဗိုက် အောင့်ခြင်း ၊

❗️ဝမ်းဗိုက်နာကျင်ခြင်း သို့မဟုတ် ဝမ်းဗိုက်အောင့်ခြင်း က တဖြည်းဖြည်းဆိုးရွားနိုင်ပြီး အနည်းဆုံး ၆ နာရီ ခန့် ကြာမြင့်နိုင်ခြင်း ၊

❗️ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်း ၊

❗️လှုပ်ရှားပါက ပိုမိုနာကျင်ခြင်း

❗️မအီမသာဖြစ်ခြင်း

❗️အန်ခြင်း

❗️အစာစားချင်စိတ်မရှိခြင်း နှင့်

❗️အဖျားရှိခြင်း

စတာတို့ဖြစ်ပါတယ်။

❗️❗️အူအတက်ရောင်ရာက နေ အူအတက်ပေါက်တဲ့အထိ ဖြစ်နိုင်ပါတယ်။

ဒါ့ကြောင့် သင့်အနေနဲ့ အထက်ပါလက္ခဏာတွေ ခံစားရပါက အချိန်မဆွဲဘဲ နီးစပ်ရ။ ဆေးရုံသို့ အမြန်ဆုံးသွားက ကုသမှုခံယူသင့်ပါတယ်။

" ကျန်းမာခြင်း အတွက်ဆို သုခမြင့်မိုရ်"

ဆက်သွယ်ရန်..

☎️-09 695 167 686, 09 889 944 073

🏥-၁၁၅လမ်း၊ ၇၄x၇၅လမ်းကြား၊ အမှတ် (ခ) ပြည်ကြီးတံခွန် မြို့နယ်၊ မန္တလေးမြို့။



#သုခမြင့်မိုရ်

🔔သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံနိုင်ပါပြီ🔔အမျိုးသမီးတိုင်း သတိထားသင့်တဲ့ သာအိမ်ခေါင်းကင်ဆာအတွက် အကောင်းဆုံး ကာကွယ်...
28/06/2025

🔔သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံနိုင်ပါပြီ🔔

အမျိုးသမီးတိုင်း သတိထားသင့်တဲ့ သာအိမ်ခေါင်းကင်ဆာအတွက် အကောင်းဆုံး ကာကွယ်ခြင်း နည်းလမ်းမှာ ကာကွယ်ဆေး ထိုးခြင်းဖြစ်ပါတယ်။

ဘယ်သူတွေထိုးသင့်သလဲ ❓

အသက် ၉ နှစ်မှ ၄၅ နှစ်အထိအမျိုးသမီးများထိုးထားသင့်ပါတယ်။

ဘယ်လို လူတွေ မထိုးသင့်တာလဲ❓

❗️Yeast နှင့်မတည့်သောသူများမထိုးသင့်ပါ။
❗️ကိုယ်ဝန်ရှိနေလျှင်မထိုးသင့်ပါ။

📌📌 အိမ်ထောင်သည်များ Pap Smear စစ်ဆေး
ပြီးမှထိုးသင့်ပါသည်။

📌📌အမျိုးသမီးများအိမ်ထောင်မပြုခင်ထိုးထား
သင့်ပါသည်။

ဒါ့ကြောင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံရန် လိုအပ်လာပါက သုခမြင့်မိုရ် အထူးကု ဆေးခန်းတွင် ဆရာဝန်နှင့် တိုင်ပင်၍ ထိုးနှံနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပေးအပ်ပါတယ်ရှင်။

" ကျန်းမာခြင်း အတွက်ဆို သုခမြင့်မိုရ်"

ဆက်သွယ်ရန်..

☎️-09 695 167 686, 09 889 944 073

🏥-၁၁၅လမ်း၊ ၇၄x၇၅လမ်းကြား၊ အမှတ် (ခ) ပြည်ကြီးတံခွန် မြို့နယ်၊ မန္တလေးမြို့။



#သုခမြင့်မိုရ်
#သားအိမ်ခေါင်းကင်ဆာ

သုခမြင့်မိုရ်အထူးကု ဆေးခန်း၏ ယခင်ဖုန်းများအား ဆက်သွယ်၍ မရပါက…09 889 944 07309 695 168 7686ယခုနံပါတ်များကို ပြောင်းလဲဆက်သ...
24/06/2025

သုခမြင့်မိုရ်အထူးကု ဆေးခန်း၏ ယခင်ဖုန်းများအား ဆက်သွယ်၍ မရပါက…

09 889 944 073
09 695 168 7686

ယခုနံပါတ်များကို ပြောင်းလဲဆက်သွယ်ပေးပါရန် မေတ္တာရပ်ခံပါတယ်ရှင်။

" ကျန်းမာခြင်း အတွက်ဆို သုခမြင့်မိုရ်"

ဆက်သွယ်ရန်..

☎️- 09 889 944 073 , 09 695 168 7686

🏥-၁၁၅လမ်း၊ ၇၄x၇၅လမ်းကြား၊ အမှတ် (ခ) ပြည်ကြီးတံခွန် မြို့နယ်၊ မန္တလေးမြို့။



#သုခမြင့်မိုရ်

FYI Page အသစ်လေးကို Like & Followပေးကြပါဦးရှင်
21/06/2025

FYI Page အသစ်လေးကို Like & Followပေးကြပါဦးရှင်

သုခမြင့််မိုရ် အထူးကုဆေးခန်း၏ ပုံရိပ်ဖော်ရိုက်ကူးခြင်းများ…

သုခမြင့်မိုရ်၏ Imaging ဌာန တွင်….

👉 2D 3D Ultrasound ရိုက်ကူးနိုင်ခြင်း
👉 ဓာတ်မှန် ( X Ray) ရိုက်ကူးနိုင်ခြင်း
👉 ရင်သား Ultrasound ရိုက်ကူးနိုင်ခြင်း

စသည်တို့ကို …..

ခေတ်မှီသော ပြင်ဆင်မှုများ၊ စေတနာ မေတ္တာပြည့်ဝသော ဝန်ထမ်းများမှ မိဘပြည်သူများကို ဝန်ဆောင်မှု ပေးရန် အသင့်ဖြစ်နေပါပြီ ဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်ရှင်။

" ကျန်းမာခြင်း အတွက်ဆို သုခမြင့်မိုရ်"

ဆက်သွယ်ရန်..

☎️-09 661 076 114 ,09 684 561 817, 09 695 167 686, 09 889 944 073

🏥-၁၁၅လမ်း၊ ၇၄x၇၅လမ်းကြား၊ အမှတ် (ခ) ပြည်ကြီးတံခွန် မြို့နယ်၊ မန္တလေးမြို့။



#သုခမြင့်မိုရ်

FYI
21/05/2025

FYI

လိင်အင်္ဂါ မှာ ကြွက်နို့ပေါက်တတ်သလား❓

ဘယ်လိုဖြစ်လာတာလဲ❓

လိင်အင်္ဂါကြွက်နို့ ဟာ လိင်ဆက်ဆံမှုမှတဆင့် ကူးစက်မှုအများဆုံးဖြစ်တဲ့ Human Papillomavirus (HPV) ရောဂါပိုးကြောင့် ဖြစ်တာပါ။

ဘယ်နေရာတွေမှာ ဖြစ်တာလဲ❓

လိင်အင်္ဂါတဝိုက်မှာဖြစ်လာလေ့ရှိပါတယ်။
ဥပမာ – အမျိုးသမီးတွေမှာဆိုရင် ယောနိဝ၊ သားအိမ် လမ်းကြောင်းနံရံ၊ သားအိမ်ခေါင်း၊ စအိုနဲ့ အမျိုးသားတွေမှာ လိင်တံ၊ကပ်ပယ်အိတ် တို့မှာ ဖြစ်တတ်ကြပါတယ်။

လက္ခဏာတွေက ဘာတွေလဲ❓
လက္ခဏာတွေကတော့ ဖုလာ၊ ပြားလာပြီး ပန်းရောင် သို့မဟုတ် အသားရောင်ပြောင်းလာတဲ့ကြွက်နို့တွေဖြစ်ပါတယ်။

အများအားဖြင့်တော့ ကြွက်နို့တွေဟာ သာမန်မျက်စိနဲ့မမြင်နိုင်လောက်အောင် သေးငယ်နေ တတ်ပါတယ်။ လိင်အင်္ဂါကြွက်နို့တွေ သိသိသာသာ ပြူထွက်လာဖို့က လနဲ့ချီ၊ နှစ်နဲ့ချီပြီး ကြာမြင့်နိုင်ပါတယ်။

ဘာတွေဖြစ်လာနိုင်လဲ❓

ကူးစက်မှု အများစုမှာ ဒီရောဂါပိုးရောက်လာတာနဲ့ ကိုယ်ခံအားကအလိုအလျောက် တိုက်ထုတ်ပေးမှာ ဖြစ်ပါတယ်။ သို့သော် သင့်ရဲ့ ကိုယ်ခံအားစနစ်က အားမကောင်း တဲ့အခါ သင့်ရဲ့လိင်အင်္ဂါကြွက်နို့တွေကနေ
❗️သားအိမ်ခေါင်းကင်ဆာ
❗️ယောနိကင်ဆာ၊
❗️စအိုကင်ဆာ၊
❗️လိင်တံကင်ဆာ၊
❗️ခံတွင်းကင်ဆာ နှင့်
❗️လည်ချောင်းကင်ဆာ တို့လို ဆိုးရွားတဲ့နောက်ဆက်တွဲရောဂါတွေဖြစ်လာ နိုင်ပါတယ်။

ဘယ်လိုစမ်းသပ်စစ်ဆေးနိုင်လဲ❓

✅သားအိမ်ခေါင်းကင်ဆာ စမ်းသပ်ခြင်း(Pap test )၊
✅HPV စစ်ဆေးခြင်းတို့နဲ့ ရောဂါရှာဖွေ စစ်ဆေးနိုင်ပါတယ်။

ဘယ်လိုကုသနိုင်လဲ❓

ကုသဆေးမရှိပေမယ့် သူ့ကြောင့် ဖြစ်လာရတဲ့ ကျန်းမာရေးပြဿနာတွေကိုတော့ လိင်အင်္ဂါကြွက်နို့တွေကို လောင်ကျွမ်းသွားစေမယ့် လိမ်းဆေးတွေနဲ့ ကုသနိုင်ပါတယ်။

တကယ်လို့ လိင်အင်္ဂါကြွက်နို့တွေက ကြီးလွန်းနေတာ ဒါမှမဟုတ် ဆေးဝါးကုထုံးမှာ တုံ့ပြန်မှုမရှိတာဆိုရင် ၎င်းတို့ကို ခွဲစိတ်ဖယ်ရှားဖို့ လိုလာနိုင်ပါတယ်။

ဘယ်လိုကာကွယ်နိုင်လဲ❓

အရမ်းကိုကူးစက်လွယ်ပါ တယ်။ ကွန်ဒုံးတွေကတောင် HPV ကို ရာနှုန်းပြည့် ကာကွယ်မပေးနိုင်ပါဘူး။

သို့သော် လိင်အင်္ဂါကြွက်နို့နဲ့ ကင်ဆာကိုအများဆုံးဖြစ်စေနိုင်တဲ့ HPV မျိုးစိတ်တွေကို ကာကွယ်တားဆီးပေးနိုင်တဲ့ ကာကွယ်ဆေးရှိထားပါပြီ။

❗️❗️(HPV ကာကွယ်ဆေးက လိင်ကိစ္စမဖြစ်သေးတဲ့ ကလေးတွေမှာပဲ ထိရောက်မှုအကောင်းဆုံး ဖြစ်ပါတယ်။)

ကာကွယ်ဆေးထိုးခြင်းဟာ ရောဂါပိုးမျိုးစိတ်အားလုံးအတွက် အပြည့်အဝ ကုသမှုလည်း မဟုတ်၊ အပြည့်အဝကာကွယ်မှုလည်း မဟုတ်တာကြောင့် လိင်ဆက်ဆံတဲ့သူအရေအတွက် ကို ကန့်သတ်သင့်သလို နောက်ကြောင်းရာဇဝင်ကိုယ် ကောင်းကောင်းသိတဲ့ လူတွေနဲ့ပဲ ပတ်သက်ကြဖို့ အကြံပြုအပ်ပါတယ်ရှင်။

ယခုအခါ လိင်အင်္ဂါမှာ ကြွက်နို့များအတွက် ပြသရန်လိုအပ်လာပါက သုခမြင့်မိုရ် အထူးကုဆေးခန်းတွင် ပြသနိုင်ပြီ ဖြစ်ပါတယ်ရှင်။

" ကျန်းမာခြင်း အတွက်ဆို သုခမြင့်မိုရ်"

ဆက်သွယ်ရန်..

☎️- 09 695 167 686, 09 661 076 114 ,09 684 561 817

🏥-၁၁၅လမ်း၊ ၇၄x၇၅လမ်းကြား၊ အမှတ် (ခ) ပြည်ကြီးတံခွန် မြို့နယ်၊ မန္တလေးမြို့။



#သုခမြင့်မိုရ်

28/04/2025

သင့်စိတ်ကလေး ကျန်းမာဖို့အတွက်…

ယခုလိုကာလမှာ လူတိုင်းလူတိုင်း စိုးရိမ်ပူပန်မှု၊ ကြောက်ရွံ့မှုတွေ ခံစားနေရမှာ အမှန်ပဲနော်😔

ဒါ့ကြောင့် သင့်အနေနဲ့..

✅ စိုးရိမ်ပူပန်မှု လွန်ကဲခြင်း၊ စိတ်ဓာတ်ကျခြင်း အစရှိတဲ့ စိတ်ကျန်းမာရေးပြဿနာများ။
✅ စိတ်ဒဏ်ရာများ။
✅ ဆုံးရှုံးခြင်းနှင့် ဝမ်းနည်းပူဆွေးသောကရောက်ခြင်းများ။
✅ အရက်၊ ဆေးလိပ်၊ ဂိမ်း၊ လောင်းကစားနှင့် မူးယစ်ဆေးစွဲခြင်း ပြဿနာများ။
✅ ပညာရေး နှင့် အလုပ်အကိုင်ပိုင်းဆိုင်ရာ အခက်အခဲပြဿနာများ။
✅ လူမှုပေါင်းသင်း ဆက်ဆံရေးဆိုင်ရာ ပြဿနာများ။
✅ အိမ်ထောင်သည်များ၊ စုံတွဲများကြာ အဆင်မပြေမှု ပြဿနာများ။
✅ မိသားစုများကြား အိမ်တွင်းရေး အဆင်မပြေမှု ပြဿနာများ။
✅ လုပ်ငန်းခွင်အတွင်းမှရရှိသော စိတ်ပိုင်းဆိုင်ရာ ပြဿနာများ။

စတာတွေကို တိုင်ပင်ဆွေးနွေးဖို့ လိုအပ်နေပြီလား❓

ယခုအခါ သုခမြင့်မိုရ်အထူးကုဆေးခန်းတွင် စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီးမှ သင့်စိတ်ကလေးပိုမို ကျန်းမာစေရန်နှင့် စိတ်အခြေအနေ ပြဿနာများကို စနစ်တကျ တိုင်ပင်ဆွေးနွေး ကုသပေးနေပါပြီရှင်။

ဒါ့ကြောင့် သင့်စိတ်ကလေး ကျန်းမာဖို့အတွက် ပြသရန် လိုအပ်လာပါက သုခမြင့်မိုရ်အထူးကုဆေးခန်းကို သတိရပေးပါရှင်။

" ကျန်းမာခြင်း အတွက်ဆို သုခမြင့်မိုရ်"

ဆက်သွယ်ရန်..

☎️-09 889 944 073, 09 889 944 014, 09 262 226 168

🏥-၁၁၅လမ်း၊ ၇၄x၇၅လမ်းကြား၊ အမှတ် (ခ) ပြည်ကြီးတံခွန် မြို့နယ်၊ မန္တလေးမြို့။



#သုခမြင့်မိုရ်

🙏
18/04/2025

🙏

🔔🔔
12/04/2025

🔔🔔

ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် လိုအပ်သော မိဘပြည်သူများအနေဖြင့်..

သင်္ကြန်ကာလအတွင်း သုခမြင့်မိုရ် အထူးကုဆေးခန်းအား (၂၄)နာရီ ပိတ်ရက်မရှိ ကျန်းမာရေး ဝန်ဆောင်မှု ပေးနေပြီ ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ရရှိနိုင်သော ဝန်ဆောင်မှုများ..

✅ပြင်ပလူနာကြည့်ရှုကုသခြင်း (Outpatient Service)
✅အရေးပေါ်ထိခိုက်ဒဏ်ရာများ ကုသမှုပေးခြင်း(Minor Cases) ၊
✅ပြင်ပလူနာဌာနတွင် အထူးကုဆရာဝန်ကြီးနဲ့
ဆွေးနွေးတိုင်ပင်ကုသမှုပေးခြင်း၊
✅ယခင်ပြသနေသောလူနာများ ရက်ချိန်းအတိုင်းပြသနိုင်ခြင်း
✅ ကိုယ်ဝန်ဆောင်မိခင်များ အရေးပေါ်မီးဖွားနိုင်ခြင်းနှင့်
✅ အခြားသောကျန်းမာရေးဝန်ဆောင်မှုများကို

၂၄နာရီ ပိတ်ရက်မရှိ ဆက်လက် ဆောင်ရွက်ပေးနေပါတယ်ရှင်။

ဒါ့ကြောင့် အရေးပေါ်အခြေအနေများကြုံတွေ့လာရပါက သုခမြင့်မိုရ် အထူးကုဆေးခန်းသို့ လာရောက်ပြသနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင်။

" ကျန်းမာခြင်း အတွက်ဆို သုခမြင့်မိုရ်"

ဆက်သွယ်ရန်..

☎️- 09 695 167 686

🏥-၁၁၅လမ်း၊ ၇၄x၇၅လမ်းကြား၊ အမှတ် (ခ) ပြည်ကြီးတံခွန် မြို့နယ်၊ မန္တလေးမြို့။



#သုခမြင့်မိုရ်

🔔🔔
07/04/2025

🔔🔔

ကာကွယ်ဆေးထိုးဖို့ လိုအပ်ပါသလား❓

"ကျန်းမာခြင်းဟာ လာဘ်တစ်ပါး" ဆိုတဲ့အတိုင်း လူတိုင်းအတွက် ပထမဆုံး အရေးကြီးတာဟာကျန်းမာရေးပဲ ဖြစ်ပါတယ်ရှင်😍

ကျန်းမာရေး ပုံမှန်ဂရုစိုက်ကြ သူတွေဟာ ပုံမှန်..

✅Medical Checkup ပြုလုပ်ခြင်းများ၊

✅ကာကွယ်ဆေးထိုးနှံခြင်းများကို ပြုလုပ်လေ့ရှိပါတယ်။

ကာကွယ်ဆေးများကို ပုံမှန်ထိုးနှံခြင်းအားဖြင့် ဘာတွေရမလဲ❓

✅ကိုယ်ခံအားစနစ်ကို ထိန်းသိမ်းထားပေးခြင်း

✅ အပြင်းအထန်ဖျားနာခြင်းကို ကာကွယ်ပေးခြင်း

✅ကူးစက်မှုမရှိစေရန် ကောင်းမွန်စွာ
အကာအကွယ်ရှိနေခြင်း

✅ရောဂါပြန့်ပွါးမှုလျော့ကျစေခြင်း

✅ပေါ်ပေါက်လာသော အခြေအနေများကို
တိုက်ဖျက်ပေးနိုင်ခြင်း

စတဲ့ အကျိုးကျေးဇူးများရနိုင်ပါတယ်။

“ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုမို
ထိရောက်ပါတယ်ရှင်"
ဒါ့ကြောင့် သင့်အနေနဲ့..

1. သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး
2. ရာသီတုတ်ကွေး ကာကွယ်ဆေး
3. B ပိုး ကာကွယ်ဆေး
4. ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး

အစရှိတဲ့ ကာကွယ်ဆေးများ ထိုးနှံရန်လိုအပ်လာပါက သုခမြင့်မိုရ် အထူးကုဆေးခန်းကို သတိရပေးပါရှင်။

" ကျန်းမာခြင်း အတွက်ဆို သုခမြင့်မိုရ်"

ဆက်သွယ်ရန်..

☎️-09 695 167 686

🏥-၁၁၅လမ်း၊ ၇၄x၇၅လမ်းကြား၊ အမှတ် (ခ) ပြည်ကြီးတံခွန် မြို့နယ်၊ မန္တလေးမြို့။



#သုခမြင့်မိုရ်

"သင့်နှင့်သင့်ကလေးအတွက်ဆို သုခမြင့်မိုရ်"❤️
04/04/2025

"သင့်နှင့်သင့်ကလေးအတွက်ဆို သုခမြင့်မိုရ်"❤️

အရေးကြီးသော❤️
02/04/2025

အရေးကြီးသော❤️

ထိခိုက်ဆုံးရှုံးထားသူတွေကို ဘယ်လိုအားပေးကြမလဲ❓

အခုချိန်မှာ သဘာဝဘေးအန္တရာယ် ငလျင်ဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးသွားတဲ့ သူငယ်ချင်း၊ မိသားစုတွေဆီ စကားပြောရင်….

အခုက အချင်းချင်းပိုပြီး ကူညီပေးကြရမှာမို့လို့ အတူတူအားပေးရင်း ကျော်ဖြတ်ကြမယ်။ လို့ပြောရမယ်နော်😥

အခြေအနေတွေ၊ ဖြစ်စဉ်တွေကိုလည်း အတင်းသွားမမေးရဘူးနော်😔😔

ငလျင်လိုမျိုး သဘာဝဘေးအန္တရာယ်တစ်ခု ဖြစ်ပြီး နောက်ပိုင်းမှာ လူတွေအနေနဲ့
✅စိတ်ဒဏ်ရာ (Trauma)၊
✅စိုးရိမ်ပူပန်မှု (Anxiety)၊
✅အိပ်မပျော်ခြင်း (Insomnia)၊
✅စိတ်ကျခြင်း (Depression)

စတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို ကြုံတွေ့ရမှာ အသေအချာပါပဲ🥺

ဒါကြောင့် ဒီနည်းလေးတွေသုံးပြီး စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုပေးဖို့ ပြောပါရစေရှင်❤️

1. နှစ်သိမ့်ဆွေးနွေးရာမှာ အခြေခံအချက်များ

✅အရင်ဆုံး နားထောင်ပေးပါ။
✅သူတို့ရဲ့ ခံစားချက်များကို လက်ခံပါ။
✅ဝေဖန်ခြင်း၊ အပြစ်တင်ခြင်း ရှောင်ပါ။
✅လုံခြုံမှုကို ပြန်လည်ရရှိအောင် ကူညီ
✅အနာဂတ်အတွက် အစီအစဉ်များ ပြုလုပ်ရန် အားပေးပါ။
✅ရုပ်ပိုင်းဆိုင်ရာ အနားယူခွင့်ပေးပါ။

2. ဘယ်လိုစကားမျိုး ပြောသင့်သလဲ?
✅ "မင်းခံစားရတာကို နားလည်ပါတယ်"
✅ "မင်းအခုလို ပြောပြတာက တကယ်ကောင်းတဲ့အရာပါ"
✅ "မင်းတစ်ယောက်တည်း မဟုတ်ဘူး၊ ငါတို့ အတူရှိနေတယ်"
✅ "အခုချိန်မှာ ဘာလုပ်ချင်လဲ? (ဥပမာ - ရေသောက်မလား? အနားယူမလား?)"

ရှောင်ရမည့်စကားများ‼️‼️

❌"အရမ်းစိတ်မပူနဲ့" (ခံစားချက်ကို လျှော့ပေါ့သလို ဖြစ်စေသည်)
❌"ဘာမှမဖြစ်ပါဘူး" (သူတို့၏ ကြောက်ရွံ့မှုကို လျစ်လျူရှုသလို ဖြစ်စေသည်)
❌"ငါတို့တွေ ဒီထက်ဆိုးတဲ့အခြေအနေတွေကြုံဖူးတယ်" (သူတို့၏ ခံစားချက်ကို နှိမ့်ချသလို ဖြစ်စေသည်)

3. ကလေးငယ်များအား စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးနည်း

-ကလေးများကို အားစိုက်ထုတ်ပြီး နားထောင်ပါ။
(သူတို့၏ ကြောက်ရွံ့မှုများကို ပုံဆောင်ခြင်း၊ ဂိမ်းကစားခြင်းဖြင့် ဖော်ပြစေပါ)။
-အာရုံပြောင်းစေမည့် အလုပ်များ ပေးပါ။
(ဥပမာ - ပုံဆွဲခိုင်းခြင်း)
-အချိန်ပေးပါ၊ စိတ်ရှည်ပါ။
(ကလေးများသည် စိတ်ဒဏ်ရာကို တဖြည်းဖြည်းသာ ကျော်လွှားနိုင်သည်)။

4. လိုအပ်ပါက ကျွမ်းကျင်သူနှင့် ဆက်သွယ်ပါ။
အကယ်၍ စိတ်ဒဏ်ရာ (PTSD) လက္ခဏာများ (အိပ်မက်ဆိုးများမက်ခြင်း၊ အမြဲတမ်းတုန်လှုပ်နေခြင်း) ရှိပါက စိတ်ကျန်းမာရေးပညာရှင်နှင့် ဆွေးနွေးသင့်ပါတယ်။

ငလျင်ကြောင့် ထိခိုက်သူများအား စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုပေးခြင်းသည် အရေးကြီးသော ပထမဆုံးအကူအညီဖြစ်ပါတယ်။

သင့်အနေဖြင့် ..
✅နားထောင်ပေးခြင်း
✅ လုံခြုံမှုကို ပြန်လည်ဖော်ဆောင်ပေးခြင်း၊
✅အနာဂတ်အတွက် မျှော်လင့်ချက်ပေးခြင်း
တို့ဖြင့် သူတို့ရဲ့ စိတ်ဒဏ်ရာကို သက်သာစေနိုင်ပါတယ်ရှင်။

သင်ရော သင့်ပတ်ဝန်းကျင်ရဲ့ စိတ်ကလေး အနာတရမဖြစ်အောင် အချင်းချင်းကူညီစောင့်ရှောက်ကြရအောင်နော်❤️❤️

၂၀၂၅ ခုနှစ် မတ်လ ၂၈ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ပျက်စီး ဆုံးရှုံးသွားသောမိသားစုများအတွက် သုခမြင့်မိုရ် အထူးကုဆေးခန်း မိသားစု မှ ထပ်တူဝမ်းနည်းမိပါတယ်ရှင်။

" ကျန်းမာခြင်း အတွက်ဆို သုခမြင့်မိုရ်"

ဆက်သွယ်ရန်..

☎️- 09 695 167 686

🏥-၁၁၅လမ်း၊ ၇၄x၇၅လမ်းကြား၊ အမှတ် (ခ) ပြည်ကြီးတံခွန် မြို့နယ်၊ မန္တလေးမြို့။



#သုခမြင့်မိုရ်

Address

115st 74x75 Street
Mandalay

Website

Alerts

Be the first to know and let us send you an email when Thukha Myint Mo 24 Hours Specialist Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category